Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးပင္အ⁠ေ⁠ၾကာင္းသိ⁠ေကာင္းစရာ

$
0
0

စပါးပင္တည္ေဆာက္ပံု ႏွင့္ ႀကီးထြားမႈအဆင့္မ်ား

ဖ်က္ပိုးကာကြယ္ႏွိမ္နင္းေရး အစီအစဥ္တစ္ခုတြင္ စပါးပင္၏ အစိတ္အပိုင္းအျဖာျဖာတို႔ႏွင့္ ႀကီးထြားဆင့္မ်ားကိုေကာင္းစြာ အကၽြမ္းတ၀င္ရွိရန္ အေရးႀကီးပါသည္။

အင္းဆက္ပိုးေကာင္မ်ား ေရာဂါမ်ားႏွင့္ ၄င္းတို႔ေၾကာင့္ ျဖစ္ေပၚေသာ ပ်က္စီးမႈသည္ အပင္၏ အစိတ္အပိုင္း အခ်ိဳ ႔တြင္သာ ေတြ႔ရွိရသည္။

အင္းဆက္ဖ်က္ပိုးမ်ား၏ ဘ၀စက္၀န္းသည္ စပါးပင္၏ ဖြံ႔ၿဖိဳးမႈ ႏွင့္ ဆက္စပ္ေနသည္။

သီးႏွံ စိုက္ပ်ိဳးေရးဆိုင္ရာ စီမံေဆာင္ရြက္ရန္ အမ်ားအျပားကို စပါးပင္၏ ႀကီးထြားဆင့္အခ်ိဳ ႔တြင္သာ အသံုးျပဳရမည္ ျဖစ္သည္။

စပါးပင္ တည္ေဆာက္ပံု

ပင္ပြား

ပင္ပြားဆိုသည္မွာ အျမစ္မ်ား၊ ပင္စည္ ႏွင့္ အရြက္မ်ားပါ ရွိေသာအတက္ ျဖစ္သည္။ ၄င္းမွ အႏွံထြက္ခ်င္မွ ထြက္ေပမည္။

ပင္စည္ေပၚတြင္ အရြက္မ်ားတည္ေနပံု

အႏွံေအာက္၌ ကပ္လ်က္ပါရွိေသာ အေပၚဆံုးအရြက္ကို “အလံရြက္” (သို႔) ေခါင္ရြက္ ဟုေခၚသည္။

အရြက္မ်ားသည္ ပင္စည္ေပၚတြင္ ရြက္လႊဲ အစီအစဥ္ျဖင့္ တည္ရွိသည္။

စပါးပင္စည္

စပါးပင္၏ ပင္စည္သည္ အဆစ္မ်ား၊ ဆစ္ၾကားမ်ား ႏွင့္ တသီတသန္း တည္ေဆာက္ထားသည္။ အဆစ္သည္ ပင္စည္၏ ေခါင္းပိတ္အပိုင္း ျဖစ္သည္။ ဆစ္ၾကားမွ အဆစ္မ်ားအၾကားရွိ ပင္စည္ ပိုင္းျဖစ္သည္။

စပါးႏွံ

အႏွံ၏ အေသးဆံုးယူနစ္မွာ – “ႏွံေစ့” (spikelet)ျဖစ္သည္။ ပန္းပြင့္ခ်ိန္၌ ပြင့္ပိုင္းမ်ားကို “လယ္မာ” (Lemma) ႏွင့္ “ေပလီယာ”(Palea) တို႔ၾကားတြင္ ေတြ႔ျမင္ႏိုင္သည္။ ရင့္မွည့္သည့္ ႏွံေစ့မွာ စပါးခြံ (လယ္မာ ႏွင့္ ေပလီယာ) ျဖင့္ ဖံုးလ်က္ရွိသည္။

ႀကီးထြားဆင့္မ်ား

ႀကီးထြားမႈစက္၀န္းတင္ ႀကီးထြားဆင့္မ်ား ဟုေခၚသည့္ ဖြံ႔ၿဖိဳးမႈ အဆင့္မ်ား ပါရွိသည္။ အဆင့္တစ္ခုစီကို နံပါတ္ ႏွင့္ အမည္ေပးထားသည္။

အဆင့္ ၁ ။        ။ အေစ့ေပါက္ျခင္းမွာ အပင္ထြက္ေပၚသည္ အေစ့ေပါက္သည္မွ ပထမ အရြက္ထြက္ေပၚသည္ အထိ ကာလတစ္ခုလံုး ပါ၀င္သည္။

အဆင့္ ၂။         ။ ပ်ိဳးပင္အဆင့္ဆင့္ ပ်ိဳးပင္အဆင့္သည္ ပထမဆံုး ပင္ပြားမထြက္ေပၚမီ အခ်ိန္ထိ ျဖစ္သည္။

အဆင့္ ၃။         ။ ပင္ပြားထြက္သည့္ အဆင့္၊ ပင္ပြားထြက္သည့္ အဆင့္သည္ ပထမပင္ပြား ေပၚထြက္လာသည္ကစ၍ ပင္ပြားအမ်ားဆံုးထြက္သည္အထိ ျဖစ္သည္။

အဆင့္ ၄။         ။ ပင္စည္ရွည္ထြက္ျခင္း၊ ပင္စည္ ရွည္ထြက္ျခင္းသည္ ပင္ပြားထြက္သည့္ အဆင့္ေႏွာင္ပိုင္းမွ စတင္၍ အႏွံစတင္ျဖစ္ေပၚမႈ မတိုင္မီမွပင္ အဆံုးသတ္သည္။

အဆင့္ ၅။         ။ အႏွံစတင္ျဖစ္ေပၚမႈ၊ အႏွံစတင္ျဖစ္ေပၚမႈ အဆင့္တြင္  အႏံွသည္ အျဖဴေရာင္ရွိ ငွက္ေမႊးကဲ့သို႔ “မႈိကပ္ျခင္းသည္ ကန္ေတာ့ပံု” cone ျဖစ္လာျခင္းေၾကာင္ ့ ပင္ပြား၏ ေအာက္ပိုင္းအနီးရွိ ရြက္ဖံုးအေျခသည္ ေဖာင္းကားလာသည္။

အဆင့္ ၆။         ။ အႏွံဖြံ႔ၿဖိဳးမႈ၊ အႏွံသည္ ႀကီးထြားကာ အလံရြက္ (သို႔) ေခါင္ရြက္ ၏ ရြက္ဖံုးအတြင္း၌ ဆန္႔ထြက္၍ အေစ့မ်ား ဖြံ႔ၿဖိဳးလာသည္။ ဤအဆင့္၏ အဆံုးတြင္ အႏွံသည္ အလံရြက္ (သို႔) ေခါင္ရြက္၏ ရြက္ဖံုးကို ေဖါင္းႀကြလာေစသည္။ (ဖံုးတုန္းလံုးတုန္း)

အဆင့္ ၇။         ။ ပန္းပြင့္ျခင္း၊ ပန္းပြင့္ျခင္းအဆင့္သည္ အႏွံမ်ား ရြက္ဖံုးအတြင္းမွ ထြက္ေပၚလာေသာ အခ်ိန္ျဖစ္သည္။ (အႏွံထြက္ျခင္း) ၄င္းအဆင့္သည္ ၀တ္မႈန္ကူးျခင္း ႏွင့္ သေႏၶတည္ျခင္းတို႔ျဖင့္ အဆံုးသတ္သည္။

အဆင့္ ၈။          ။ႏို႔ရည္တည္အဆင့္၊ ႏို႔ရည္တည္ခ်ိန္တြင္ ႏွံေစ့၌ လက္ျဖင့္ ညွစ္ထုတ္ပါက ႏို႔ရည္ကဲ့သို႔ အျဖဴေရာင္အရည္ပါ ရွိသည္။ အႏွံမ်ားသည္ အစိမ္းေရာင္ျဖစ္သည္။ အလံရြက္မွလည္း အစိမ္းေရာင္ရွိၿပီး ေထာင္မတ္ေနသည္။

အဆင့္ ၉ ။      ။ ႏို႔ရည္ခဲအဆင့္၊ ႏွံေစ့၏ ႏို႔ရည္ပိုင္းသည္ ႏူးညံ့ေပ်ာ့ေျပာင္းလာၿပီး ေနာက္ပိုင္းတြင္ မာေက်ာသည့္ အခဲသို႔ ေျပာင္းလဲသြားေလသည္။ ႏွံေစ့သည္ အ၀ါေရာင္သို႔ ေျပာင္းလဲသြားေလသည္။ ႏွံေစ့သည္ အ၀ါေရာင္သို႔ ေျပာင္းလဲၿပီး ေနာက္တစ္ခင္းလံုး အ၀ါေရာင္သမ္းသြားသည္။

အဆင့္ ၁၀။     ။ ႏွံေစ့ရင့္မွည့္ အဆင့္၊ ႏွံေစ့သည္ အဆံျပည့္ၿပီး မာေက်ာကာ အ၀ါေရာင္ ျဖစ္သည္။ အေပၚရြက္မ်ားသည္ ေျခာက္ေသြ႔ၿပီး အႏွံမ်ားသည္ ေအာက္ဘက္သို႔ ကိုင္းညြတ္ေနသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

စပါးပင်အကြောင်းသိကောင်းစရာ

========================
စပါးပင်တည်ဆောက်ပုံ နှင့် ကြီးထွားမှုအဆင့်များ

=====================================
ဖျက်ပိုးကာကွယ်နှိမ်နင်းရေး အစီအစဉ်တစ်ခုတွင် စပါးပင်၏ အစိတ်အပိုင်းအဖြာဖြာတို့နှင့် ကြီးထွားဆင့်များကိုကောင်းစွာ အကျွမ်းတဝင်ရှိရန် အရေးကြီးပါသည်။
အင်းဆက်ပိုးကောင်များ ရောဂါများနှင့် ၎င်းတို့ကြောင့် ဖြစ်ပေါ်သော ပျက်စီးမှုသည် အပင်၏ အစိတ်အပိုင်း အချို့တွင်သာ တွေ့ရှိရသည်။
အင်းဆက်ဖျက်ပိုးများ၏ ဘဝစက်ဝန်းသည် စပါးပင်၏ ဖွံ့ဖြိုးမှု နှင့် ဆက်စပ်နေသည်။
သီးနှံ စိုက်ပျိုးရေးဆိုင်ရာ စီမံဆောင်ရွက်ရန် အများအပြားကို စပါးပင်၏ ကြီးထွားဆင့်အချို့တွင်သာ အသုံးပြုရမည် ဖြစ်သည်။
စပါးပင် တည်ဆောက်ပုံ
ပင်ပွား
ပင်ပွားဆိုသည်မှာ အမြစ်များ၊ ပင်စည် နှင့် အရွက်များပါ ရှိသောအတက် ဖြစ်သည်။ ၎င်းမှ အနှံထွက်ချင်မှ ထွက်ပေမည်။
ပင်စည်ပေါ်တွင် အရွက်များတည်နေပုံ
အနှံအောက်၌ ကပ်လျက်ပါရှိသော အပေါ်ဆုံးအရွက်ကို “အလံရွက်” (သို့) ခေါင်ရွက် ဟုခေါ်သည်။
အရွက်များသည် ပင်စည်ပေါ်တွင် ရွက်လွှဲ အစီအစဉ်ဖြင့် တည်ရှိသည်။
စပါးပင်စည်
စပါးပင်၏ ပင်စည်သည် အဆစ်များ၊ ဆစ်ကြားများ နှင့် တသီတသန်း တည်ဆောက်ထားသည်။ အဆစ်သည် ပင်စည်၏ ခေါင်းပိတ်အပိုင်း ဖြစ်သည်။ ဆစ်ကြားမှ အဆစ်များအကြားရှိ ပင်စည် ပိုင်းဖြစ်သည်။
စပါးနှံ
အနှံ၏ အသေးဆုံးယူနစ်မှာ – “နှံစေ့” (spikelet)ဖြစ်သည်။ ပန်းပွင့်ချိန်၌ ပွင့်ပိုင်းများကို “လယ်မာ” (Lemma) နှင့် “ပေလီယာ”(Palea) တို့ကြားတွင် တွေ့မြင်နိုင်သည်။ ရင့်မှည့်သည့် နှံစေ့မှာ စပါးခွံ (လယ်မာ နှင့် ပေလီယာ) ဖြင့် ဖုံးလျက်ရှိသည်။
ကြီးထွားဆင့်များ
ကြီးထွားမှုစက်ဝန်းတင် ကြီးထွားဆင့်များ ဟုခေါ်သည့် ဖွံ့ဖြိုးမှု အဆင့်များ ပါရှိသည်။ အဆင့်တစ်ခုစီကို နံပါတ် နှင့် အမည်ပေးထားသည်။
အဆင့် ၁ ။ ။ အစေ့ပေါက်ခြင်းမှာ အပင်ထွက်ပေါ်သည် အစေ့ပေါက်သည်မှ ပထမ အရွက်ထွက်ပေါ်သည် အထိ ကာလတစ်ခုလုံး ပါဝင်သည်။
အဆင့် ၂။ ။ ပျိုးပင်အဆင့်ဆင့် ပျိုးပင်အဆင့်သည် ပထမဆုံး ပင်ပွားမထွက်ပေါ်မီ အချိန်ထိ ဖြစ်သည်။
အဆင့် ၃။ ။ ပင်ပွားထွက်သည့် အဆင့်၊ ပင်ပွားထွက်သည့် အဆင့်သည် ပထမပင်ပွား ပေါ်ထွက်လာသည်ကစ၍ ပင်ပွားအများဆုံးထွက်သည်အထိ ဖြစ်သည်။
အဆင့် ၄။ ။ ပင်စည်ရှည်ထွက်ခြင်း၊ ပင်စည် ရှည်ထွက်ခြင်းသည် ပင်ပွားထွက်သည့် အဆင့်နှောင်ပိုင်းမှ စတင်၍ အနှံစတင်ဖြစ်ပေါ်မှု မတိုင်မီမှပင် အဆုံးသတ်သည်။
အဆင့် ၅။ ။ အနှံစတင်ဖြစ်ပေါ်မှု၊ အနှံစတင်ဖြစ်ပေါ်မှု အဆင့်တွင် အနံှသည် အဖြူရောင်ရှိ ငှက်မွှေးကဲ့သို့ “မှိုကပ်ခြင်းသည် ကန်တော့ပုံ” cone ဖြစ်လာခြင်းကြောင့် ပင်ပွား၏ အောက်ပိုင်းအနီးရှိ ရွက်ဖုံးအခြေသည် ဖောင်းကားလာသည်။
အဆင့် ၆။ ။ အနှံဖွံ့ဖြိုးမှု၊ အနှံသည် ကြီးထွားကာ အလံရွက် (သို့) ခေါင်ရွက် ၏ ရွက်ဖုံးအတွင်း၌ ဆန့်ထွက်၍ အစေ့များ ဖွံ့ဖြိုးလာသည်။ ဤအဆင့်၏ အဆုံးတွင် အနှံသည် အလံရွက် (သို့) ခေါင်ရွက်၏ ရွက်ဖုံးကို ဖေါင်းကြွလာစေသည်။ (ဖုံးတုန်းလုံးတုန်း)
အဆင့် ၇။ ။ ပန်းပွင့်ခြင်း၊ ပန်းပွင့်ခြင်းအဆင့်သည် အနှံများ ရွက်ဖုံးအတွင်းမှ ထွက်ပေါ်လာသော အချိန်ဖြစ်သည်။ (အနှံထွက်ခြင်း) ၎င်းအဆင့်သည် ဝတ်မှုန်ကူးခြင်း နှင့် သန္ဓေတည်ခြင်းတို့ဖြင့် အဆုံးသတ်သည်။
အဆင့် ၈။ ။နို့ရည်တည်အဆင့်၊ နို့ရည်တည်ချိန်တွင် နှံစေ့၌ လက်ဖြင့် ညှစ်ထုတ်ပါက နို့ရည်ကဲ့သို့ အဖြူရောင်အရည်ပါ ရှိသည်။ အနှံများသည် အစိမ်းရောင်ဖြစ်သည်။ အလံရွက်မှလည်း အစိမ်းရောင်ရှိပြီး ထောင်မတ်နေသည်။
အဆင့် ၉ ။ ။ နို့ရည်ခဲအဆင့်၊ နှံစေ့၏ နို့ရည်ပိုင်းသည် နူးညံ့ပျော့ပြောင်းလာပြီး နောက်ပိုင်းတွင် မာကျောသည့် အခဲသို့ ပြောင်းလဲသွားလေသည်။ နှံစေ့သည် အဝါရောင်သို့ ပြောင်းလဲသွားလေသည်။ နှံစေ့သည် အဝါရောင်သို့ ပြောင်းလဲပြီး နောက်တစ်ခင်းလုံး အဝါရောင်သမ်းသွားသည်။
အဆင့် ၁၀။ ။ နှံစေ့ရင့်မှည့် အဆင့်၊ နှံစေ့သည် အဆံပြည့်ပြီး မာကျောကာ အဝါရောင် ဖြစ်သည်။ အပေါ်ရွက်များသည် ခြောက်သွေ့ပြီး အနှံများသည် အောက်ဘက်သို့ ကိုင်းညွတ်နေသည်။

The post စပါးပင္အ⁠ေ⁠ၾကာင္းသိ⁠ေကာင္းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္၌ ဘိန္းျဖဴ ၃၅ဂရမ္ ဖမ္းဆည္းရမိ


သီတဂူဆရာေတာ္ၾကီး၏ ေမြးေန႔ ပုိ႔စ္ ဖိတ္ေခၚ


ဇြဲမေလ်ာ့ေသာ မြန္မင္း သမိန္ေထာရာမ


အသက္ႏွစ္ဆယ္ျပည့္ေတာ့မယ့္ ဝါဆိုမိုးဦး ကေတာ့ မဂႍလာေဆာင္တာကို အားၾကမိတယ္ ဆိုပဲ


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


လင္္တ႐ူးမမ်ား၏ ေရာဂါ လကၡဏာ (၁၃) ခ်က္..


သူ ့ကိုမခ်စ္ဘူး......


ဗိုက္ေပါက္ရဲ.အနာကုိ ဘယ္သူေဆးကုေပးမွာလဲ ( ေဇာ္သက္ေထြး )


ျမန္မာနွစ္သစ္-အေျပာင္း- သကၠရာဇ္အေျကာင္းသိေကာင္းစရာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>