Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ၾကက္ေမာက္မ်ိဳးသန္႔ အဖူးကိုင္းျပင္ဆင္ပံု

$
0
0

၁။ မိမိႀကိဳက္ႏွစ္သက္သည့္ ၾကက္ေမာက္မ်ိဳးသန္႔ (သံုးလက္မခ်ိဳး၊ ခြံစိမ္းမ်ိဳး၊ နတ္စိမ္းမ်ိဳး၊ ေကာ့ေသာင္းမ်ိဳး) ပင္၏ တစ္ႏွစ္သားသက္တမ္းရွိ အဖူး ကိုင္းကို ျဖတ္ယူပါ။

၂။အဖူးကိုင္းရွိ အဖူးကိုခြဲ၍ ကန္႔လန္႔ျဖတ္ဓါးခ်က္ ေပးၿပီးဆြဲေပးပါ။

၃။ အဖူးစနားတြင္ လက္မကို ေထာက္၍ ေဘးသို႔ဖ်စ္၍ တြန္းလိုက္လွ်င္ အေခါက္ကြာသြားမည္။ ေဘးသို႔ ဖ်စ္၍ တြန္းခြါးျခင္းျဖင့္ အဖူးစေအာက္ရွိ အသားစထြက္သြားေစပါသည္။

၄။ မ်ိဳးသန္႔ ၾကက္ေမာက္အဖူးမ်ားကို ခြါယူရာတြင္ ေအာက္ခံပင္အား အဖူးထည့္ရန္ ေနရာျပင္ၿပီးမွသာ ေဆာင္ရြက္ပါ။

၅။ ေအာက္ခံပင္ အေခါက္ခြါခ်ိန္ ႏွင့္ အဖူးခြါယူခ်ိန္ ၾကာျမင့္ပါက ေအာင္ျမင္မႈ ရာခိုင္ႏႈန္း နည္းပါးသြားမည္။

၆။ အခ်ိန္တိုေတာင္းစြာ ျဖင့္ လွ်င္ ျမန္စြာ အေခါက္ခြာ အဖူးသြင္းႏိုင္လွ်င္ ေအာင္ျမင္မႈ ရာခိုင္ႏႈန္း (၈၀)% အထက္ ရရွိႏိုင္ပါသည္။

၇။ မ်ိဳးသန္႔ အဖူးသြင္းလုပ္ငန္း ေဆာင္ရြက္ရာတြင္ ကၽြမ္းက်င္လုပ္သား တစ္ဦးတည္းထက္  (၂) ဦး ေပါင္း၍ တစ္ဦးက ေအာက္ခံပင္ အေခါက္ကို ခြြါကာ က်န္ တစ္ဦးက အဖူးကို ခြါ တစ္ၿပိဳင္တည္းၿပီးက အဖူးကပ္ေပးႏိုင္ျခင္းျဖင့္ ေအာင္ျမင္မႈ% အျမင့္ဆံုး ရရွိေစပါသည္။

၈။ ေအာက္ခံပင္တြင္ မ်ိဳးသန္႔ အဖူးသြင္းေပးၿပီးပါက ပလတ္စတစ္အၾကည္စျဖင့္ ရစ္ပတ္ဖံုးအုပ္ေပးပါ။

၉။ အဖူးသြင္းၿပီး ေအာက္ခံပင္မ်ားကို ေရ၀ေအာင္ ေလာင္းေပးပါ။

(အပင္ေျခ ပ်ိဳးအိတ္ကိုသာ ေရေလာင္းပါ)

၁၀။ အဖူးသြင္းၿပီး၍ သံုးပတ္ (၂၁) ရက္အၾကာတြင္ အဖူးေအာင္ မေအာင္ စစ္ေဆးပါ။

၁၁။ အဖူးေအာင္မေအာင္စစ္ေဆးပံုမွာ မိမိသြင္းထားသည့္မ်ိဳးသန္႔ အဖူးေနရာတြင္ ပတ္ထားသည္ ပလတ္စတစ္စမ်ား ခြါထုတ္ၿပီး အဖူးသြင္း ဓါးထိပ္ျဖင့္ အဖူးစနားေနရာတြင္ ျခစ္ထည့္၍ စိမ္းေနပါက အဖူးေအာင္ၿပီး ျဖစ္သည္။

၁၂။မ်ိဳးသန္႔ အဖူးေအာင္ျမင္ေနေၾကာင္းေတြ႔ရွိရပါက အဖူးအေပၚမွ (၂) လက္မခန္႔ခ်န္၍ အပင္ေပၚပိုင္းကို ျဖတ္ျပစ္ပါ။

၁၃။ မ်ိဳးသန္႔ အဖူးေအာင္ျမင္ၿပီး၍ အပင္ျဖတ္ထားသည့္ ပ်ိဳးအိတ္မ်ားကို ေရ၀ေအာင္ေလာင္းေပးၿပီးေအးျမသည့္ အရိပ္ေအာက္ေနရာတြင္ ထားပါ။

၁၄။မ်ိဳးသန္႔ ၾကက္ေမာက္အဖူးသြင္းေအာင္ပင္မွ (၂) ပတ္ခန္႔အၾကာတြင္ အဖူးစတင္ ထြက္လာပါသည္။

၁၅။ မ်ိဳးသန္႔ၾကက္ေမာက္ ေအာင္ျမင္သည့္ အဖူးသည္ (၁) လခန္႔အၾကာတြင္ သိသာထင္ရွားစြာ ရွည္ထြက္လာပါသည္။

၁၆။ မ်ိဳးသန္႔ ၾကက္ေမာက္ ေအာင္ျမင္သည့္ အဖူးသည္ (၂) လသားအရြယ္တြင္ အရြက္မ်ားေ၀ဆာစြာထြက္လာပါသည္။

၁၇။ မ်ိဳးသန္႔ ၾကက္ေမာက္ေအာင္ျမင္သည့္ အဖူး (၃) လသား အရြယ္တြင္ အရြက္နုမ်ားအျပင္ ကိုင္းႏုမ်ားလည္း ေ၀ဆာစြာထြက္ရွိလာပါသည္။

၁၈။ ၄င္း (၃) လသားအရြယ္ရွိ အဖူးသြင္းပ်ိဳးပင္မ်ား ပိုးမႊားကိုက္ျဖတ္မႈ မရွိေစရန္ ျမန္မာဆိုက္ပါပိုးသတ္ေဆးကို ေရတစ္ဂါလံ တစ္ဇြန္းႏႈန္း ေဖ်ာ္စပ္၍ ဖ်န္းေပးပါ။

၁၉။ မ်ိဳးသန္႔ ၾကက္ေမာက္ အဖူးသြင္းေအာင္ပင္ (၃) လသားအရြယ္မွ စတင္၍ ပလတ္စတစ္အိတ္မဲ (အိတ္ႀကီး) သို႔ ေျပာင္းေ၇ႊ႕စိုက္ပ်ိဳးပါ။

၂၀။ ၁၈ လက္မအရြယ္ပလတ္စတစ္အိတ္မဲႀကီးထဲတြင္ ၾကက္ေခ်း (၂) ဆ၊ စက္ဖြဲျပာ (၁)ဆ ၊ ေျမေဆြး၊ (သို႔) ေျမက်က္ (၁)ဆ ေရာစပ္ေျမစာထည့္ၿပီး ေျပာင္းေရႊ႔စိုက္ပ်ိဳးပါ။

၂၁။ မ်ိဳးသန္႔ၾကက္ေမာက္အဖူးသြင္းပ်ိဳးပင္သက္တမ္း(၁) ႏွစ္သားသည္ စိုက္ခင္းေရႊ႔ေျပာင္းစိုက္ပ်ိဳးရန္ အရြယ္ေရာက္ၿပီး ျဖစ္ပါသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

ကြက်မောက်မျိုးသန့် အဖူးကိုင်းပြင်ဆင်ပုံ

=============================

၁။ မိမိကြိုက်နှစ်သက်သည့် ကြက်မောက်မျိုးသန့် (သုံးလက်မချိုး၊ ခွံစိမ်းမျိုး၊ နတ်စိမ်းမျိုး၊ ကော့သောင်းမျိုး) ပင်၏ တစ်နှစ်သားသက်တမ်းရှိ အဖူး ကိုင်းကို ဖြတ်ယူပါ။

၂။အဖူးကိုင်းရှိ အဖူးကိုခွဲ၍ ကန့်လန့်ဖြတ်ဓါးချက် ပေးပြီးဆွဲပေးပါ။

၃။ အဖူးစနားတွင် လက်မကို ထောက်၍ ဘေးသို့ဖျစ်၍ တွန်းလိုက်လျှင် အခေါက်ကွာသွားမည်။ ဘေးသို့ ဖျစ်၍ တွန်းခွါးခြင်းဖြင့် အဖူးစအောက်ရှိ အသားစထွက်သွားစေပါသည်။

၄။ မျိုးသန့် ကြက်မောက်အဖူးများကို ခွါယူရာတွင် အောက်ခံပင်အား အဖူးထည့်ရန် နေရာပြင်ပြီးမှသာ ဆောင်ရွက်ပါ။

၅။ အောက်ခံပင် အခေါက်ခွါချိန် နှင့် အဖူးခွါယူချိန် ကြာမြင့်ပါက အောင်မြင်မှု ရာခိုင်နှုန်း နည်းပါးသွားမည်။

၆။ အချိန်တိုတောင်းစွာ ဖြင့် လျှင် မြန်စွာ အခေါက်ခွာ အဖူးသွင်းနိုင်လျှင် အောင်မြင်မှု ရာခိုင်နှုန်း (၈၀)% အထက် ရရှိနိုင်ပါသည်။

၇။ မျိုးသန့် အဖူးသွင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သား တစ်ဦးတည်းထက် (၂) ဦး ပေါင်း၍ တစ်ဦးက အောက်ခံပင် အခေါက်ကို ခွါကာ ကျန် တစ်ဦးက အဖူးကို ခွါ တစ်ပြိုင်တည်းပြီးက အဖူးကပ်ပေးနိုင်ခြင်းဖြင့် အောင်မြင်မှု% အမြင့်ဆုံး ရရှိစေပါသည်။

၈။ အောက်ခံပင်တွင် မျိုးသန့် အဖူးသွင်းပေးပြီးပါက ပလတ်စတစ်အကြည်စဖြင့် ရစ်ပတ်ဖုံးအုပ်ပေးပါ။

၉။ အဖူးသွင်းပြီး အောက်ခံပင်များကို ရေဝအောင် လောင်းပေးပါ။

(အပင်ခြေ ပျိုးအိတ်ကိုသာ ရေလောင်းပါ)

၁၀။ အဖူးသွင်းပြီး၍ သုံးပတ် (၂၁) ရက်အကြာတွင် အဖူးအောင် မအောင် စစ်ဆေးပါ။

၁၁။ အဖူးအောင်မအောင်စစ်ဆေးပုံမှာ မိမိသွင်းထားသည့်မျိုးသန့် အဖူးနေရာတွင် ပတ်ထားသည် ပလတ်စတစ်စများ ခွါထုတ်ပြီး အဖူးသွင်း ဓါးထိပ်ဖြင့် အဖူးစနားနေရာတွင် ခြစ်ထည့်၍ စိမ်းနေပါက အဖူးအောင်ပြီး ဖြစ်သည်။

၁၂။မျိုးသန့် အဖူးအောင်မြင်နေကြောင်းတွေ့ရှိရပါက အဖူးအပေါ်မှ (၂) လက်မခန့်ချန်၍ အပင်ပေါ်ပိုင်းကို ဖြတ်ပြစ်ပါ။

၁၃။ မျိုးသန့် အဖူးအောင်မြင်ပြီး၍ အပင်ဖြတ်ထားသည့် ပျိုးအိတ်များကို ရေဝအောင်လောင်းပေးပြီးအေးမြသည့် အရိပ်အောက်နေရာတွင် ထားပါ။

၁၄။မျိုးသန့် ကြက်မောက်အဖူးသွင်းအောင်ပင်မှ (၂) ပတ်ခန့်အကြာတွင် အဖူးစတင် ထွက်လာပါသည်။

၁၅။ မျိုးသန့်ကြက်မောက် အောင်မြင်သည့် အဖူးသည် (၁) လခန့်အကြာတွင် သိသာထင်ရှားစွာ ရှည်ထွက်လာပါသည်။

၁၆။ မျိုးသန့် ကြက်မောက် အောင်မြင်သည့် အဖူးသည် (၂) လသားအရွယ်တွင် အရွက်များဝေဆာစွာထွက်လာပါသည်။

၁၇။ မျိုးသန့် ကြက်မောက်အောင်မြင်သည့် အဖူး (၃) လသား အရွယ်တွင် အရွက်နုများအပြင် ကိုင်းနုများလည်း ဝေဆာစွာထွက်ရှိလာပါသည်။

၁၈။ ၎င်း (၃) လသားအရွယ်ရှိ အဖူးသွင်းပျိုးပင်များ ပိုးမွှားကိုက်ဖြတ်မှု မရှိစေရန် မြန်မာဆိုက်ပါပိုးသတ်ဆေးကို ရေတစ်ဂါလံ တစ်ဇွန်းနှုန်း ဖျော်စပ်၍ ဖျန်းပေးပါ။

၁၉။ မျိုးသန့် ကြက်မောက် အဖူးသွင်းအောင်ပင် (၃) လသားအရွယ်မှ စတင်၍ ပလတ်စတစ်အိတ်မဲ (အိတ်ကြီး) သို့ ပြောင်းရွှေ့စိုက်ပျိုးပါ။

၂၀။ ၁၈ လက်မအရွယ်ပလတ်စတစ်အိတ်မဲကြီးထဲတွင် ကြက်ချေး (၂) ဆ၊ စက်ဖွဲပြာ (၁)ဆ ၊ မြေဆွေး၊ (သို့) မြေကျက် (၁)ဆ ရောစပ်မြေစာထည့်ပြီး ပြောင်းရွှေ့စိုက်ပျိုးပါ။

၂၁။ မျိုးသန့်ကြက်မောက်အဖူးသွင်းပျိုးပင်သက်တမ်း(၁) နှစ်သားသည် စိုက်ခင်းရွှေ့ပြောင်းစိုက်ပျိုးရန် အရွယ်ရောက်ပြီး ဖြစ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

The post ၾကက္ေမာက္မ်ိဳးသန္႔ အဖူးကိုင္းျပင္ဆင္ပံု appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>