Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

သနပ္ခါးတံုး ⁠ေကာင္း⁠ေကာင္း⁠ေရြးခ်ယ္နည္း

$
0
0

(က) ေရစၾကိဳျမိဳ႕နယ္က ရွင္မေတာင္သနပ္ခါးဟာ ေဒသရွိေရေျမသဘာ၀က ေပးထားေသာ
ထူးျခားခ်က္မ်ားေၾကာင့္ အျခားနယ္ ထြက္ သနပ္ခါးမ်ားထက္ ေျပာစမွတ္ျပဳရေလာက္ေအာင္ အေပြးညိဳ၍ အေမႊးပိုေလ့ရွိပါတယ္။

(ခ) အပင္တုတ္မတုတ္ထက္၊ အေပြးအေရာင္ အေသြးႏွင့္ သူ၏အထူကိုၾကည္႕လိုက္ပါ။
အေပြးအေခါက္ပါျပီး အညိဳေရာင္အ ေခါက္ၾကီးမ်ား အေခ်ာင္းေခ်ာင္းကပ္ေနမည္။ ယင္းတုိ႕အၾကား (အေျမာင္းၾကား)တြင္ အေခါက္သားမွာ အက္ကြဲရာကေလးမ်ားက ျဖဴေနျပီး သူ႕ေဘးက အေခါက္သားတြင္ ပုဇြန္ဆီေသြးေရာင္ကေလး ထင္ေနမည္ဆိုပါကသင့္ သနပ္ ခါးတံုးသည္ ေမႊးမည္ဟု ဆိုႏိုင္ပါျပီ။

(ဂ) လက္သည္းျဖင့္ အေပြးကို အသာ ဖိဆိတ္ၾကည္႕ပါ။ နစ္၀င္သြားပါက အေခါက္သားႏုတာမို ့ မ၀ယ္ပါႏွင့္။

(ဃ) လက္ျဖင့္ ကိုင္ဆၾကည္႕ပါက ေပါ့လြန္းေနလွ်င္ ျပန္ခ်ထားလိုက္ပါ။ ယင္းအတံုးဟာ အသားက်စ္ မႈနည္းျခင္း၊ ခုတ္ျဖတ္ထားသည့္ ကာလ ၾကာေနျခင္းတို႕ေၾကာင့္ အတြင္းမွေရဓာတ္ ခန္းသြားျပီမို႕ အေလးခ်ိန္ေပါ့ေနျခင္းျဖစ္ပါတယ္။ သက္တမ္းရင့္ရင့္ အပင္ဟာ အသားက်စ္ သိပ္မႈေၾကာင့္ ေရေငြ႕ပ်ံႏွုန္းေႏွးကာ အျခားအပင္မ်ားထက္ပိုမိုေလးတစ္ေနပါတယ္။

(င) ျဖတ္ထားကာစ သနပ္ခါးတံုး၏ အတြင္းသား ကေလးမွာ စြဲမက္စရာ ခ်ိဳသင္းေသာအနံ႕ ကေလးျဖစ္ပါတယ္၊ သုိ႕မဟုတ္ဘဲ ခ်ဥ္စူးစူးအနံ႕ ရေနလွ်င္ မွႈိစြဲေနျပီဟုမွတ္ပါ။ သနပ္ခါးတံုး ၏ထိပ္၀ရွိ အေခါက္နွင့္အတံုးသားအၾကားမွာ ျပာမႈိင္းမိႈင္း အေရာင္၀င္ေန ျပီဆိုပါက မႈိတက္ေနပါျပီ။ အလယ္ကအသားေနရာမွာပါ ျပာေနျပီဆိုပါက ယင္းသည္ ေသေနေသာ သနပ္ခါးပင္ေျခာက္ကို ခုတ္လာခဲ့ျခင္းမို႕ ကိုင္ၾကည္႕လိုက္ရံုျဖင့္ ေပါ့ရႊြတ္ေနပါလိမ့္မယ္။
ထိုအပင္မ်ိဳး၊ အတံုးမ်ိဳးကို မည္မွ်ပင္ ေစ်းခ်ိဳခ်ိဳႏွင့္ေပးေသာ္လည္း မ၀ယ္ပါႏွင့္။ ေသြးလွ်င္လည္း ေမႊးမည္မဟုတ္ပါ။

Credit

သနပ်ခါးတုံး ကောင်းကောင်းရွေးချယ်နည်း
==============================
(က) ရေစကြိုမြို့နယ်က ရှင်မတောင်သနပ်ခါးဟာ ဒေသရှိရေမြေသဘာဝက ပေးထားသော
ထူးခြားချက်များကြောင့် အခြားနယ် ထွက် သနပ်ခါးများထက် ပြောစမှတ်ပြုရလောက်အောင် အပွေးညို၍ အမွှေးပိုလေ့ရှိပါတယ်။
(ခ) အပင်တုတ်မတုတ်ထက်၊ အပွေးအရောင် အသွေးနှင့် သူ၏အထူကိုကြည့်လိုက်ပါ။
အပွေးအခေါက်ပါပြီး အညိုရောင်အ ခေါက်ကြီးများ အချောင်းချောင်းကပ်နေမည်။ ယင်းတို့အကြား (အမြောင်းကြား)တွင် အခေါက်သားမှာ အက်ကွဲရာကလေးများက ဖြူနေပြီး သူ့ဘေးက အခေါက်သားတွင် ပုဇွန်ဆီသွေးရောင်ကလေး ထင်နေမည်ဆိုပါကသင့်သနပ်ခါးတုံးသည် မွှေးမည်ဟု ဆိုနိုင်ပါပြီ။
(ဂ) လက်သည်းဖြင့် အပွေးကို အသာ ဖိဆိတ်ကြည့်ပါ။ နစ်ဝင်သွားပါက အခေါက်သားနုတာမို့ မဝယ်ပါနှင့်။
(ဃ) လက်ဖြင့် ကိုင်ဆကြည့်ပါက ပေါ့လွန်းနေလျှင် ပြန်ချထားလိုက်ပါ။ ယင်းအတုံးဟာ အသားကျစ် မှုနည်းခြင်း၊ ခုတ်ဖြတ်ထားသည့် ကာလ ကြာနေခြင်းတို့ကြောင့် အတွင်းမှရေဓာတ် ခန်းသွားပြီမို့ အလေးချိန်ပေါ့နေခြင်းဖြစ်ပါတယ်။ သက်တမ်းရင့်ရင့် အပင်ဟာ အသားကျစ်သိပ်မှုကြောင့် ရေငွေ့ပျံနှုန်းနှေးကာ အခြားအပင်များ
ထက်ပိုမိုလေးတစ်နေပါတယ်။
(င) ဖြတ်ထားကာစ သနပ်ခါးတုံး၏ အတွင်းသား ကလေးမှာ စွဲမက်စရာ ချိုသင်းသောအနံ့ ကလေးဖြစ်ပါတယ်၊ သို့မဟုတ်ဘဲ ချဉ်စူးစူးအနံ့ ရနေလျှင် မှှိုစွဲနေပြီဟုမှတ်ပါ။ သနပ်ခါးတုံး၏ထိပ်ဝရှိ အခေါက်နှင့်အတုံးသားအကြားမှာ ပြာမှိုင်းမှိုင်း အရောင်ဝင်နေ ပြီဆိုပါက မှိုတက်နေပါပြီ။ အလယ်က
အသားနေရာမှာပါ ပြာနေပြီဆိုပါက ယင်းသည် သေနေသော သနပ်ခါးပင်ခြောက်ကို ခုတ်
လာခဲ့ခြင်းမို့ ကိုင်ကြည့်လိုက်ရုံဖြင့် ပေါ့ရွှွတ်နေပါလိမ့်မယ်။
ထိုအပင်မျိုး၊ အတုံးမျိုးကို မည်မျှပင် ဈေးချိုချိုနှင့်ပေးသော်လည်း မ
ဝယ်ပါနှင့်။ သွေးလျှင်လည်း မွှေးမည်မဟုတ်ပါ။

The post သနပ္ခါးတံုး ⁠ေကာင္း⁠ေကာင္း⁠ေရြးခ်ယ္နည္း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>