Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

သီး⁠ႏွံအ⁠ႏၲရာယ္ကင္းရွင္း⁠ေရး

$
0
0

အဆိပ္ေငြ႕မႈိင္းတိုက္ရာမွာ လုံၿခဳံစိတ္ခ်ေရးအတြက္ သိထားသင့္တဲ့ အခ်က္ေတြ….
၁။ အဆိပ္ေငြ႕မႈိင္းတိုက္ေဆးရဲ႕ အၫႊန္းစာကို ေသခ်ာစြာဖတ္ၿပီး ၫႊန္ၾကားခ်က္အတိုင္း တိက်စြာလိုက္နာပါ။
၂။ အဆိပ္ေငြ႕မႈိင္းတိုက္ျခင္းလုပ္ငန္းကို တစ္ဦးတည္းေဆာင္႐ြက္ျခင္း မျပဳရပါ။
၃။ တရားဝင္လုပ္ကိုင္ခြင့္ ရရွိၿပီးသူေတြသာ လုပ္ေဆာင္ရပါမယ္။
၄။ အကယ္၍ ေဖာ့စဖင္း (phosphine) ေဆးျပားျဖင့္ ေဆာင္႐ြက္စဥ္မွာ ေဆးျပားအား ေရနဲ႔လုံးဝ မထိေတြ႕ရ။
၅။ လုပ္ငန္းေဆာင္႐ြက္ထားစဥ္ အခ်ိန္အတြင္း “အႏၲရာယ္ရွိသည္” ဆိုင္းဘုတ္ မျဖစ္မေနကပ္ထားပါ။
၆။ အေရးေပၚအႏၲရာယ္အတြက္ လုပ္ငန္းေဆာင္႐ြက္သူ ဝန္ထမ္းအားလုံးဟာ အဆိပ္ေငြ႕မႈိင္းတိုက္ေဆးေတြရဲ႕ အေသးစိတ္ အေၾကာင္းအခ်က္အလက္မ်ားကို သိရွိနားလည္ေနရပါမယ္။ (ဥပမာ – ေဖာ့စဖင္းေဆးကို ေလမဲ့အ ဆိပ္ေငြ႕ မႈိင္းတိုက္ရန္အတြက္ မသုံးရ)
၇။ အဆိပ္ေငြ႕မႈိင္းတိုက္ထားေသာ ကုန္ပစၥည္းေတြကို စားသုံးသူထံမပို႔မီ အနည္းဆုံး (၄၈) နာရီၾကာ ေလသလပ္ ထားရပါမယ္။ ေလသလပ္ခံျခင္းမဆုံးမီ တစ္ေနရာမွ တစ္ေနရာသို႔ သယ္ေဆာင္ျခင္းလုံးဝ မျပဳလုပ္ရပါ။
၈။ ေလလုံေသာ အေျခအေနရွိမွသာ အဆိပ္ေငြ႕မႈိင္းတိုက္ျခင္းလုပ္ငန္း ေအာင္ျမင္ႏိုင္မွာျဖစ္ပါတယ္။ (ဥပမာ – ေလလုံေသာ အိတ္မ်ားအတြင္း ေဆးျပားမ်ားထည့္ျခင္းဟာ လုပ္ငန္းေအာင္ျမင္မႈ မရရွိ႐ုံသာမက လူနဲ႔ပတ္ဝန္း က်င္ကိုပါ အႏၲရာယ္ ျဖစ္ေစႏိုင္ပါတယ္)
၉။ အဆိပ္ေငြ႕မႈိင္းတိုက္ျခင္း လုပ္ငန္းသုံးေလစစ္ေတြဟာ အဆိပ္ေငြ႕မႈိင္းတိုက္ေဆးရဲ႕ အမ်ိဳးအစားကိုလိုက္ၿပီး ေျပာင္းလဲ အသုံးျပဳႏိုင္တာကို သိရွိထားရပါမယ္။ (ဥပမာ – ေဖာ့စဖင္းဓာတ္ေငြ႕ ကာကြယ္ရန္အတြက္ အသုံးျပဳ ေသာေလစစ္ဟာ မီသိုင္းဘ႐ိုမိုဒ္ဓာတ္ေငြ႕အား လုံးဝကာကြယ္ႏိုင္မွာ မဟုတ္ပါ)

သက္ဆိုင္ရာဌာနမ်ားက သတ္မွတ္ခ်က္ထားေသာ ပိုးသတ္ေဆး (သို႔) အဆိပ္ေငြ႕အသုံးျပဳျခင္း ပမာဏမ်ား အတိုင္း ေဆာင္႐ြက္ရန္ ပ်က္ကြက္ျခင္း (သို႔) အလြန္အကြၽံအသုံးျပဳမိပါက က်န္းမာေရးအရ ဆိုး႐ြားစြာ ထိခိုက္ႏိုင္ပါတယ္။

စိုက္ပ်ိဳးသီးႏွံေတြ က်န္းမာသန္စြမ္းဖို႔၊ ေဘးအႏၲရာယ္ကင္းရွင္းဖို႔ဆိုတာ သီးႏွံျပင္ဆင္တဲ့အခ်ိန္နဲ႔ သီးႏွံသိုေလွာင္ တဲ့ အခ်ိန္ေတြကလည္း အဓိကက်ပါတယ္။

သက္ဆိုင္ရာဌာနေတြရဲ႕ ၫႊန္ၾကားခ်က္ေတြကို လိုက္နာပါ။ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး၊ အဆိပ္ေငြ႕မ်ားကို သတ္မွတ္ ပမာဏထက္ ေက်ာ္လြန္မသုံးမိပါေစနဲ႔။ ထိုသို႔ သုံးစြဲမိပါက ဖ်ားနာျခင္း၊ မူးေဝေအာ့အန္ျခင္း၊ ဓာတ္မ တည့္ေရာဂါျဖစ္ျခင္းမွ စတင္ကာ ကင္ဆာေရာဂါအထိ ျဖစ္ပြားႏိုင္ေခ်ရွိပါတယ္။

ေဆးျဖင့္လူးနယ္ျခင္း
ေဆးျဖင့္လူးနယ္ရာမွာ စိုက္ပ်ိဳးရန္မ်ိဳးအျဖစ္ သတ္မွတ္ထားတဲ့ အေစ့အဆန္ေတြမွာ သုံးစြဲရာမွာ အေရးမႀကီးေပ မယ့္လည္း ေရာင္းဝယ္ေဖာက္ကားစားသုံးမယ့္ အေစ့အဆန္ေတြကိုမူ အထူးဂ႐ုျပဳသုံးစြဲဖို႔ လိုအပ္ပါတယ္။ ေအာက္တြင္ ေဖာ္ျပထားေသာ ပိုးသတ္ေဆးနဲ႔ သိုေလွာင္သီးႏွံေတြကို လူးနယ္၍ရေၾကာင္း ပိုးသတ္ေဆးရဲ႕ အၫႊန္းေဖာ္ျပထားေသာ ေဆးမ်ားမွအပ အျခားေဆးေတြနဲ႔ လူးနယ္ျခင္းလုံးဝမျပဳလုပ္သင့္ပါ။

ေဆးျဖင့္လူးနယ္ျခင္းနည္းလမ္းအတြက္ ေထာက္ခံထားေသာေဆးမ်ားမွာ ……
၁။ အက္တဲလစ္ (Actellic 2% dust)
၂။ ေက-အိုဘိအို (K-Obi 2D.P)
၃။ ဆူမီသိုင္ယြန္ (Sumithion 2% dust)

အာဟာရဓာတ္ႂကြယ္ၿပီး က်န္းမာသန္စြမ္းဖို႔ဆိုတာ စိုက္ပ်ိဳးသီးႏွံ က်န္းမာသန္စြမ္းေရးအတြက္ သန္႔ရွင္းလတ္ ဆတ္တဲ့ သီးႏွံေတြျဖစ္ဖို႔ကလည္း အေရးႀကီးတဲ့အခန္းက႑မွာရွိေနပါတယ္။

မီးခိုးမႈိင္းတိုက္ျခင္း
မီးခိုးမႈိင္းတိုက္ျခင္းဟာ သိုေလွာင္႐ုံအတြင္း ပ်ံသန္းေနတဲ့ပိုးမႊားေတြ ေဆးရည္ပက္ဖ်န္း၍မေရာက္ႏိုင္ေသာ အႀကိဳအၾကားမ်ား အခင္းမ်ားမွာခိုေအာင္ေနတဲ့ ပိုးမႊားေတြကိုသုတ္သင္ဖို႔ ျဖစ္ပါတယ္။ တစ္ခါတစ္ရံ သီးႏွံအိတ္ အပုံမ်ားၾကား မႈတ္သြင္းေပးျခင္းျဖင့္လည္း အိတ္အႀကိဳအၾကားေတြမွာ ခိုေအာင္းေနတဲ့ပိုးေတြကို ေသေစႏိုင္ပါ တယ္။

သို႔ေသာ္လည္း သီးႏွံအိတ္အတြင္း အေစ့အဆန္ေတြၾကာထဲမွာ ခိုေအာင္းေနတဲ့ ပိုးမႊားေလာက္ေကာင္နဲ႔ ဥတို႔ကို လုံးဝ ေသေစႏိုင္ျခင္းမရွိပါ။

မီးခိုးမႈိင္းတိုက္ျခင္းကို အဆိပ္ေငြ႕မႈိင္းမတိုက္မီ တစ္ရက္အႀကိဳတင္ကာ ညေနခင္းမွာ ျပဳလုပ္သင့္ပါတယ္။ သိုေလွာင္႐ုံအတြင္းမွာ လွ်ပ္စစ္မီးရရွိပါက ေမွာင္စပ်ိဳးခ်ိန္မီးဖြင့္ၿပီး တစ္နာရီခန္႔အၾကာမွာ မီးခိုးမႈိင္းတိုက္သင့္ပါ တယ္။

မီးခိုးမႈိင္းတိုက္ဖို႔အတြက္ မီးခိုးမႈိင္းတိုက္စက္ လိုအပ္ပါတယ္။ အသုံးျပဳရမယ့္ေဆးမွာ ထိေတြ႕အာနိသင္ေကာင္း ေသာ အီးစီးေဆးရည္ (ဥပမာ – ဆူမီဆီဒင္၊ ထရီဘြန္း၊ ဒီစစ္ တစ္မ်ိဳးမ်ိဳးေသာ္လည္းေကာင္း Fogging formulation ေဆးတစ္မ်ိဳး မ်ိဳးေသာ္လည္းေကာင္း အသုံးျပဳႏိုင္ပါတယ္။ အသုံးျပဳပုံမွာ ေဆးျပင္းအား ၅ % ရရွိဖို႔ ဒီဆယ္ဆီျဖင့္ ေရာစပ္အသုံးျပဳရပါတယ္)

ကိုးကား – စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

သီး⁠နှံအ⁠န္တရာယ်ကင်းရှင်း⁠ရေး

အဆိပ်ငွေ့မှိုင်းတိုက်ရာမှာ လုံခြုံစိတ်ချရေးအတွက် သိထားသင့်တဲ့ အချက်တွေ….
၁။ အဆိပ်ငွေ့မှိုင်းတိုက်ဆေးရဲ့ အညွှန်းစာကို သေချာစွာဖတ်ပြီး ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာပါ။
၂။ အဆိပ်ငွေ့မှိုင်းတိုက်ခြင်းလုပ်ငန်းကို တစ်ဦးတည်းဆောင်ရွက်ခြင်း မပြုရပါ။
၃။ တရားဝင်လုပ်ကိုင်ခွင့် ရရှိပြီးသူတွေသာ လုပ်ဆောင်ရပါမယ်။
၄။ အကယ်၍ ဖော့စဖင်း (phosphine) ဆေးပြားဖြင့် ဆောင်ရွက်စဉ်မှာ ဆေးပြားအား ရေနဲ့လုံးဝ မထိတွေ့ရ။
၅။ လုပ်ငန်းဆောင်ရွက်ထားစဉ် အချိန်အတွင်း “အန္တရာယ်ရှိသည်” ဆိုင်းဘုတ် မဖြစ်မနေကပ်ထားပါ။
၆။ အရေးပေါ်အန္တရာယ်အတွက် လုပ်ငန်းဆောင်ရွက်သူ ဝန်ထမ်းအားလုံးဟာ အဆိပ်ငွေ့မှိုင်းတိုက်ဆေးတွေရဲ့ အသေးစိတ် အကြောင်းအချက်အလက်များကို သိရှိနားလည်နေရပါမယ်။ (ဥပမာ – ဖော့စဖင်းဆေးကို လေမဲ့အ ဆိပ်ငွေ့ မှိုင်းတိုက်ရန်အတွက် မသုံးရ)
၇။ အဆိပ်ငွေ့မှိုင်းတိုက်ထားသော ကုန်ပစ္စည်းတွေကို စားသုံးသူထံမပို့မီ အနည်းဆုံး (၄၈) နာရီကြာ လေသလပ် ထားရပါမယ်။ လေသလပ်ခံခြင်းမဆုံးမီ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ခြင်းလုံးဝ မပြုလုပ်ရပါ။
၈။ လေလုံသော အခြေအနေရှိမှသာ အဆိပ်ငွေ့မှိုင်းတိုက်ခြင်းလုပ်ငန်း အောင်မြင်နိုင်မှာဖြစ်ပါတယ်။ (ဥပမာ – လေလုံသော အိတ်များအတွင်း ဆေးပြားများထည့်ခြင်းဟာ လုပ်ငန်းအောင်မြင်မှု မရရှိရုံသာမက လူနဲ့ပတ်ဝန်း ကျင်ကိုပါ အန္တရာယ် ဖြစ်စေနိုင်ပါတယ်)
၉။ အဆိပ်ငွေ့မှိုင်းတိုက်ခြင်း လုပ်ငန်းသုံးလေစစ်တွေဟာ အဆိပ်ငွေ့မှိုင်းတိုက်ဆေးရဲ့ အမျိုးအစားကိုလိုက်ပြီး ပြောင်းလဲ အသုံးပြုနိုင်တာကို သိရှိထားရပါမယ်။ (ဥပမာ – ဖော့စဖင်းဓာတ်ငွေ့ ကာကွယ်ရန်အတွက် အသုံးပြု သောလေစစ်ဟာ မီသိုင်းဘရိုမိုဒ်ဓာတ်ငွေ့အား လုံးဝကာကွယ်နိုင်မှာ မဟုတ်ပါ)

သက်ဆိုင်ရာဌာနများက သတ်မှတ်ချက်ထားသော ပိုးသတ်ဆေး (သို့) အဆိပ်ငွေ့အသုံးပြုခြင်း ပမာဏများ အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ခြင်း (သို့) အလွန်အကျွံအသုံးပြုမိပါက ကျန်းမာရေးအရ ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။

စိုက်ပျိုးသီးနှံတွေ ကျန်းမာသန်စွမ်းဖို့၊ ဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုတာ သီးနှံပြင်ဆင်တဲ့အချိန်နဲ့ သီးနှံသိုလှောင် တဲ့ အချိန်တွေကလည်း အဓိကကျပါတယ်။

သက်ဆိုင်ရာဌာနတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အဆိပ်ငွေ့များကို သတ်မှတ် ပမာဏထက် ကျော်လွန်မသုံးမိပါစေနဲ့။ ထိုသို့ သုံးစွဲမိပါက ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဓာတ်မ တည့်ရောဂါဖြစ်ခြင်းမှ စတင်ကာ ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်ချေရှိပါတယ်။

ဆေးဖြင့်လူးနယ်ခြင်း
ဆေးဖြင့်လူးနယ်ရာမှာ စိုက်ပျိုးရန်မျိုးအဖြစ် သတ်မှတ်ထားတဲ့ အစေ့အဆန်တွေမှာ သုံးစွဲရာမှာ အရေးမကြီးပေ မယ့်လည်း ရောင်းဝယ်ဖောက်ကားစားသုံးမယ့် အစေ့အဆန်တွေကိုမူ အထူးဂရုပြုသုံးစွဲဖို့ လိုအပ်ပါတယ်။ အောက်တွင် ဖော်ပြထားသော ပိုးသတ်ဆေးနဲ့ သိုလှောင်သီးနှံတွေကို လူးနယ်၍ရကြောင်း ပိုးသတ်ဆေးရဲ့ အညွှန်းဖော်ပြထားသော ဆေးများမှအပ အခြားဆေးတွေနဲ့ လူးနယ်ခြင်းလုံးဝမပြုလုပ်သင့်ပါ။

ဆေးဖြင့်လူးနယ်ခြင်းနည်းလမ်းအတွက် ထောက်ခံထားသောဆေးများမှာ ……
၁။ အက်တဲလစ် (Actellic 2% dust)
၂။ ကေ-အိုဘိအို (K-Obi 2D.P)
၃။ ဆူမီသိုင်ယွန် (Sumithion 2% dust)

အာဟာရဓာတ်ကြွယ်ပြီး ကျန်းမာသန်စွမ်းဖို့ဆိုတာ စိုက်ပျိုးသီးနှံ ကျန်းမာသန်စွမ်းရေးအတွက် သန့်ရှင်းလတ် ဆတ်တဲ့ သီးနှံတွေဖြစ်ဖို့ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်။

မီးခိုးမှိုင်းတိုက်ခြင်း
မီးခိုးမှိုင်းတိုက်ခြင်းဟာ သိုလှောင်ရုံအတွင်း ပျံသန်းနေတဲ့ပိုးမွှားတွေ ဆေးရည်ပက်ဖျန်း၍မရောက်နိုင်သော အကြိုအကြားများ အခင်းများမှာခိုအောင်နေတဲ့ ပိုးမွှားတွေကိုသုတ်သင်ဖို့ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သီးနှံအိတ် အပုံများကြား မှုတ်သွင်းပေးခြင်းဖြင့်လည်း အိတ်အကြိုအကြားတွေမှာ ခိုအောင်းနေတဲ့ပိုးတွေကို သေစေနိုင်ပါ တယ်။

သို့သော်လည်း သီးနှံအိတ်အတွင်း အစေ့အဆန်တွေကြာထဲမှာ ခိုအောင်းနေတဲ့ ပိုးမွှားလောက်ကောင်နဲ့ ဥတို့ကို လုံးဝ သေစေနိုင်ခြင်းမရှိပါ။

မီးခိုးမှိုင်းတိုက်ခြင်းကို အဆိပ်ငွေ့မှိုင်းမတိုက်မီ တစ်ရက်အကြိုတင်ကာ ညနေခင်းမှာ ပြုလုပ်သင့်ပါတယ်။ သိုလှောင်ရုံအတွင်းမှာ လျှပ်စစ်မီးရရှိပါက မှောင်စပျိုးချိန်မီးဖွင့်ပြီး တစ်နာရီခန့်အကြာမှာ မီးခိုးမှိုင်းတိုက်သင့်ပါ တယ်။

မီးခိုးမှိုင်းတိုက်ဖို့အတွက် မီးခိုးမှိုင်းတိုက်စက် လိုအပ်ပါတယ်။ အသုံးပြုရမယ့်ဆေးမှာ ထိတွေ့အာနိသင်ကောင်း သော အီးစီးဆေးရည် (ဥပမာ – ဆူမီဆီဒင်၊ ထရီဘွန်း၊ ဒီစစ် တစ်မျိုးမျိုးသော်လည်းကောင်း Fogging formulation ဆေးတစ်မျိုး မျိုးသော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံမှာ ဆေးပြင်းအား ၅ % ရရှိဖို့ ဒီဆယ်ဆီဖြင့် ရောစပ်အသုံးပြုရပါတယ်)

ကိုးကား – စိုက်ပျိုးရေးဦးစီးဌာန

The post သီး⁠ႏွံအ⁠ႏၲရာယ္ကင္းရွင္း⁠ေရး appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


လုလုေအာင္ HD အသစ္


စေနမင္း ႏွင့္ တနဂၤေႏြမင္း


“သိုင္းက်မ္းက်င့္စဥ္မ်ား” (၁၅)အုပ္ စုစည္းမႈ


"ၿမန္မာ့သမိုင္းတေကြ့မွ ပထမဆံုးေလေၾကာင္းတိုက္ပြဲ အပိုင္း(၂)"


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


အင္တာနက္ မင္းသမီး မျဖစ္ေစဖုိ႔ (မိန္းကေလးမ်ား ဖတ္ေပးပါရန္)


မေနာမယအိမ္ၿခံေျမေရာင္းနည္း


ပဒူေကာင္ …အႏၱရာယ္ႏွင့္… အတုပ္ခံရပါက.. ေဆာင္ရန္၊ ေရွာင္ရန္ ..အခ်က္မ်ား


ေက်ာ္သူ ေမာင္မင္းႀကီးသားေမာင္ျမေဖ ေက်ာ္သူ၊ လြင္မိုး၊ ေမသန္းႏု


ခဲအိုကခယ္မျဖစ္သူကုိ သားမယားအျဖစ္ ျပဳက်င့္မႈျဖစ္ပြား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>