ၾကယ္ပဲ မူရင္းေဒသမွာ အီေကြတာ ရာသီဥတုရွိေသာ ပီရႈးနိုင္ငံ ေတာင္ပိုင္းေဒသတြင္ ျဖစ္ေသာေၾကာင့္ ၾကယ္ပဲပင္ကို ၾကယ္ပဲပင္ကို ေရမ၀ပ္ေသာ ေျမနွင့္ တစ္နွစ္တာလံုး ေရရရွိနိုုင္ေသာ ေဒသမ်ိဳးလို ဖန္တီးျပီး စိုက္ပ်ိဳးမွသာ စိုက္ပ်ိဳးေအာင္ျမင္နိုင္မည္ ျဖစ္သည္။
အေစ့ ပ်ိဳးေထာင္နည္း
ၾကယ္ပဲ မ်ိဳးေစ့သည္ အခြံမာျပီး အပင္ေပါက္ရန္ ၾကာသျဖင့္ ျမန္ျမန္အပင္ေပါက္ေအာင္ ေရတြင္ ၁၂ နာရီခန္႔ၾကာ စိမ္ပါ။ ေရတြင္ စိမ္ျပီး ေျခာက္္နာရီခန္႔ ၾကာလွ်င္ ေရအသစ္လဲျပီး ေရအ သစ္တြင္ ဟိုမိုင္းမႈိသတ္ေဆးမႈန္႔ ေရတစ္လီတာတြင္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းထည့္ျပီး အေစ့မ်ားကို စိမ္ပါ။ အခ်ိန္ေစ့ပါက ေရေပၚ ေပါေသာ အေစ့ကို ဖယ္ပစ္ျပီး ေရေအာက္ျမဳပ္ေသာ အေစ့မ်ားကို ဆယ္၍ေလသလပ္ခံျပီး အေျခာက္ခံပါ။ ေဆးစိမ္ျပီးမ်ိဳးေစ့မ်ားကို အစိုဓာတ္ရွိေသာ သဲက်င္းထဲတြင္ အေစ့တစ္လႊာခန္႔နွင့္အတူ ျဖန္႔ျပီး သဲအစိုနွင့္ ပါးပါးဖံုးဖံုးေပးပါ။ သဲက်င္းကို လည္း အစိုဓာတ္ရန္ ဖံုးေပးပါ။ ၄-၅ ရက္ ၾကာလွ်င္ ၾကယ္ပဲ အေစ့မ်ား အျမစ္ေလာင္းထြက္ လာေသာ အခါ ပ်ိဳးအိတ္ထဲသို႔ ေရြ႔ေျပာင္းစိုက္ေပးရပါမည္။
ပ်ိဳးအိတ္ ျပင္ဆင္ျခင္း
ၾကယ္ပဲပင္မ်ားကို ပ်ိဳးအိ္တ္တြင္ ၄-၅ ရက္သာ အလြန္ဆံုး ထားရပါမည္ ျဖစ္၍ ၃x၇ လက္မ အရြယ္ အေပါက္ပါ ပ်ိဳးအိတ္မ်ားကို အသံုးျပဳပါ။ ပ်ိဳးအိတ္တြင္ ထည့္ရန္ ေျမကို အေပၚယံ ေျမ ၂ ဆ၊ ႏြားေခ်းေဆြး ၁ ဆ နွင့္ ဖြဲျပာ/သဲ ၁ ဆကို ေရာစပ္ျပီး ေသခ်ာစြာ အိတ္တြင္ ျဖည့္ပါ။ အေညွာက္ေပါက္ေနေသာ မ်ိဳးေစ့မ်ားကို ပ်ိဳးအိတ္ထဲတြင္ ေဒါင္လိုက္ အေစ့ကို ၃/၄ အနက္ခန္႔ ျမဳပ္ျပီး စိုက္ပါ။ တစ္ပတ္ခန္႔ ၾကာလွ်င္အညႊန္႔ေလာင္းေျမေပၚ ေပၚလာလွ်င္ လိုအပ္ပါက အေစ့ခြံကို ဖယ္ရွားေပးပါ။ အေစ့ကို နက္နက္ျမဳပ္ျပီး စိုက္ပါက အေစ့ရြက္ေျမမွ တိုးထြက္ရာတြင္ ခါးက်ိဳးသြားနိုင္သည္။ ပ်ိဳးပင္မ်ား ၄၅ ရက္သားရွိလွ်င္ ေရြ႕ေျပာင္းစိုက္ပါ။ ၾကာၾကာထားလွ်င္ တစ္ပင္နွင့္ တစ္ပင္ ရစ္ပတ္ျပီး ေရြ႕ေျပာင္းရန္ အခက္အခဲ ရွိနိုင္သည္။
စိုက္ခင္းေျမျပဳျပင္ျခင္း
ၾကယ္ပဲပင္သည္ နွစ္ရွည္ပင္ျဖစ္ေသာေၾကာင့္ စိုက္ခင္းေျမကို ေသခ်ာစြာ ျပဳျပင္ရန္ လို အပ္သည္။ ေျမမွ သစ္ငုတ္မ်ား ဖယ္ရွားျပီး ေသခ်ာစြာ ညိွပါ။ ေရမ၀တ္ရန္နွင့္ ေရသြင္းေရ ထုတ္ျပဳလုပ္နိုင္ရန္ ၁၀ ေပျခား ၃ ေပ အက်ယ္ ၈ လက္မျမင့္ ေဘာင္မ်ား ျပဳလုပ္ပါ။ ေဘာင္ က်င္းျပဳလုပ္ျခင္းျဖင့္ ေဘာင္ၾကားတြင္ ေရသြင္းေရထုတ္ ျပဳလုပ္ရန္ ေျမာင္းျဖစ္ေပၚလာမည္။ ေဘာင္အလယ္တြင္ ၁၈ လက္မ ပတ္လည္ စိုက္က်င္းမ်ားကို ၇ ေပ ျခားတူးပါ။ စိုက္က်င္းမ်ား ထဲတြင္ သဘာ၀ေျမေဆြးနွင့္ အေပၚယံေျမကို ထရိုင္ကိုဒါးမားနွင့္ ေရာျပီးျဖည့္ပါ။ အကယ္၍ ျခရွိေသာေျမတြင္ ျဖဴရာဒန္ လက္ဖက္ဇြန္းတစ္ဇြန္းနွင့္ ေရာနယ္ျပီး ေျမျပင္ပါ။ မိုးနည္းေသာေ ဒသတြင္ ေမ၊ ဇြန္နွင့္ မိုးမ်ားေသာေဒသတြင္ စက္တင္ဘာလတြင္ ေျမခ်စိုက္ပါ။
တုိင္ေထာင္ေပးျခင္း
ၾကယ္ပဲပင္မ်ားကို တစ္ပင္ျခင္း တိုင္ေထာင္ေပးပါ။ တိုင္ကို ၀ါး၊ သစ္မာ၊ အဂၤေတတိုင္မ်ား အသံုးျ ပဳနို္င္ပါသည္။ ၀ါးသံုးပါက တိုင္မ်ားကို ၀ါယာၾကိဳးျဖင့္ သြယ္တန္းထားေပးျပီး ၀ါး ၁၀ လံုးျခားတြင္ ၇ ေပ အျမင့္ ၄ လက္မ ပတ္လည္ အဂၤေတ တိုင္မ်ား ထားျပီး ၀ါယာၾကိဳးတန္းမ်ား ဆြဲထားေပးပါ။ ၾကယ္ပဲ အညႊန္႔မ်ား ၀ါယာၾကိဳးေပၚသို႔ ေရာက္လွ်င္ ေခါင္အညႊန္႔နွိမ္ျပီး ထြက္လာေသာေဘး ကိုင္းမ်ားကို ၾကိဳးတန္းေပၚ တင္ေပးပါ။ ၾကိဳးတန္နွင့္ေ၀းေသာ အကိုင္းမ်ားကို ေနာက္ပိုင္းတြင္ ျဖတ္ေပးပါ။ သြပ္ၾကိဳးတန္းမ်ားကို တာရွည္ခံေအာင္ ပလပ္စတစ္ ဖံုးထားေသာ ၀ါယာၾကိဳးမ်ားကို အသံုးျပဳပါ။ အစြန္ဆံုးတိုင္မ်ားမွ ၾကိဳးတန္းမ်ားကို အိက်မသြားေအာင္ ေျမထဲတြင္ ဆိုင္းၾကိဳးမ်ားျ ဖင့္ ၎အစြန္ဆံုး တိုင္မ်ားကို ေဒါက္မ်ားျဖင့္ ၾကားကန္ထားေပးရန္ လိုအပ္မည္ျဖစ္ပါသည္။
ၾကယ္ပဲပင္မ်ားကို ျပဳစုျခင္း
ၾကယ္ပဲပင္မ်ားသည္ ေျမခ်စိုက္ျပီး တစ္လခန္႔အၾကာတြင္ အေပၚဆံုးတန္းအထိ ျမင့္တက္လာျပီး ေခါင္ညႊန္နွိမ္ေပးလိုက္လွ်င္ ထြက္လာေသာ ေဘးတက္မ်ားကို ၾကိဳးတန္းေပၚသို႔ပတ္ေပးပါ။ ၾကိဳးတန္းကို တိုင္ေပၚတြင္ နွစ္တန္းမွ သံုးတန္းအထိ တစ္ေပျခား အထက္ေအာက္တန္းထားျပီး ေဘးတက္မ်ားကို ၾကိဳးတန္းေပၚ တင္ေပးပါ။
ၾကယ္ပဲပင္ကို ေျမခ်စိုက္ျပီး ၄ လ အၾကာတြင္ ပန္းပြင့္ျပီး အသီးမ်ားကို ၆ လ အၾကာတြင္ ပထမဆံုး ရင့္မည့္ျပီး ဆြတ္ခူးနိုင္ပါသည္။ ၾကယ္ပဲ ပန္းခိုင္သည္ အမပြင့္ အဖိုပြင့္မ်ား ပါရွိသည္။ ပန္းခိုင္တြင္ေအာက္တြင္ အမပြင့္ တစ္ပြင့္သာ ပါတတ္ျပီး က်န္အပြင့္မ်ားမွာ အဖိုပြင့္မ်ား ျဖစ္သည္။ NTC မွ သုေတသနမ်ားအရ Maddoc Solution ေခၚေဟာ္မုန္းေဆးကို ပန္းပြင္႔မ်ား ကို ျဖန္းေပးျခင္းျဖင့္ အမပြင့္သို႔ေျပာင္းသြားနိုင္သည္ဟု စမ္းသပ္ေတြ႔ရွိထားသည္။ ယခုအခါ ၎ေဟာ္မုန္းေဆးကို စီးပြားျဖစ္ေရာင္းခ်ေပးလွ်င္ ၾကယ္ပဲတစ္ပင္မွ အထြက္နႈန္းမ်ားစြာ ပိုလာ နိုင္သည္။ လက္ရွိ ေမွာ္ဘီ ျမိဳ႕နယ္နွင့္ ပုလဲျမိဳ႕သစ္ျမိဳ႕နယ္တြင္ စိုက္ထားေသာ ေရလံုေလာက္စြာ ရရွိေသာ ၾကယ္ပဲ အပင္မ်ားသည္ ၄ လ တစ္ၾကိမ္ အသီးမ်ား ခူးဆြတ္နိုင္သည္။ ေရမေပးနိုင္လွ်င္ ပန္းပြင့္မ်ားပြင့္ေသာ္လည္းအသီးမတင္ပါ။
ၾကယ္ပဲပင္မ်ားကို အသီးမ်ားမ်ားသီးေအာင္ အသီးသီးျပီးတိုင္း ကိုင္းအိုမ်ားကို ျဖတ္ေပးျခင္းနွင့္ အသီးမသီးေသာ အကိုင္းမ်ားကို အၾကာခဏ ျဖတ္ေပးရန္ လုိအပ္သည္။ ေျခာက္ေသြ႔ေသာ ရာသီတြင္ ေျမကို အစိုဓာတ္ရေအာင္ ေန႔စဥ္မနက္ေစာေစာေရေလာင္းေပးပါ။ သဘာ ၀ေျမေဆြးကို ၁၅ ရက္တစ္ၾကိမ္ အပင္ေျခမွ တစ္ေပ တစ္ေပခြဲရွိေျမကိုု ဖယ္ရွားျပီး သဘာ၀ေျမေဆြးမ်ားကို ၁၅ ရက္ တစ္ၾကိမ္ေကြ်းေပးပါ။ ၾကယ္ပဲသီးမ်ားသည္ အစိမ္းေရာင္ရွိျပီး ရင့္မွည့္ခ်ိန္တြင္ အညိဳေရာင္ ေျပာင္းသြားခ်ိန္တြင္ ဆြတ္ခူးပါ။ အထူးသျဖင့္ မိုးတြင္းကာလတြင္ အသီးခြံ အေျပာ႔သည္ လ်င္ျမန္စြာ မိႈတက္ျပီး ပုတ္တတ္ေသာေၾကာင့္ အသီးမ်ားခူးျပီး အေျခာက္ခံပါ။ အျပင္ဆံုးအသီးခြံတြင္ အာဟာရမ်ားစြာပါ၀င္ေသာေၾကာင့္ လ်င္ျမန္စြာ မိႈတက္သည္။ အသီးမ်ားေျခာက္သြားလွ်င္ အသီးခြံအမာျဖင့္ထား၍ ၎အေစ့မ်ားကို ထြင္ျပီး အစိုဓာတ္ ၁၀ % ထိ ရေအာင္ ေနလွမ္း အေျခာက္ခံပါ။ ေသခ်ာမေျခာက္ပါက လွ်င္ျမန္စြာ မိႈတက္ျပီး ပ်က္စီးသြားနိုင္သည္။
အသီးမ်ားဆြတ္ခူးျပီးေနာက္ ၾကယ္ပဲပင္သည္ နွစ္လခန္႔ အနားယူတတ္သည္။ အသီးမ်ား ခူးဆြတ္ျပီးျပီးျခင္း မလိုအပ္ေသာ အကိုင္းမ်ားကို ျဖတ္ေပးျခင္းျဖင့္ ေနာက္ထပ္အသီးမ်ားစြာ သီးမည္ ျဖစ္သည္။
ၾကယ္ပဲပင္မ်ားကို ေသခ်ာျပဳစုပါက တစ္ပင္မွ ၂ ကီလိုခန္႔ အသီးရနိုင္ျပီး ေနာက္ပိုင္းတြင္ ၂ ကီလိုခန္႔ နွစ္စဥ္ ၁၀ နွစ္အထိ တိုးတတ္လာနိုင္သည္။
မွတ္သားရန္ မ်ားမွာ
အပင္သက္တမ္းသည္ ၁၅-၅၀ နွစ္၊ ပထမနွစ္တြင္ နွစ္ၾကိမ္ ဆြတ္ခူးနိုင္သည္။ ဒုတိယနွစ္မွ စ၍ ၃-၄ ၾကိမ္ ဆြတ္ခူးနိုင္မည္။ အေစ့အရြယ္အစားနွင့္ အေလးခ်ိန္မွာ ျပဳစုမႈေပၚမူတည္တက္သည္။ အပင္သက္တမ္းသည္လည္း ျပဳစုမႈေပၚ မႈတည္တတ္သည္။ ေရေပးျခင္း၊ ေျမၾသဇာေကြ်းျခင္း၊ အားေဆးနွင့္ အကိုင္းျဖတ္ေပးျခင္းသည္ သိပ္အေရးၾကီးသည္။
ၾကယ္ပဲတြင္ အဓိက က်ေရာက္ေသာေရာဂါမ်ားနွင့္ ပိုးမႊားမ်ား
ေရာဂါမ်ား
အဓိကေရာဂါမွာ ပင္ေျခပုပ္ေရာဂါျဖစ္ျပီး အပင္သက္တမ္းတစ္ေလ်ာက္ က်ေရာက္နိုင္သည္။ ကုသရန္မွာ ေရမ၀ပ္ေစရန္ ေရနုတ္ေျမာင္းေကာင္းစြာ ျပဳလုပ္ေပးပါ။ ထရိုင္ကိုဒါးမားမိႈကို မိုးတြင္းမွာ ၁၅ ရက္တစ္ၾကိမ္ အပင္ေျခကို ဖ်န္းေပးပါ။
ပိုးမႊားမ်ား
အဓိက ပင္စည္ထိုးပိုး က်ေရာက္တတ္ျပီး အူလိႈက္စားသျဖင့္ အပင္မ်ား ညိႈးျပီး ေသသြားသည္။ ပင္စည္ထိုးပိုးက်လွ်င္ သိသိျခင္း ပိုး၀င္ေသာ အေပါက္ အထက္နွင့္ ေအာက္တည့္တည့္ကို အပ္နွင့္ ထိုးျပီး ပိုးကို သတ္ပါ။
ခူေမႊးစုပ္ပိုး
ခူေမႊးစုတ္ပိုးမ်ားက်ေရာက္ပါက သဘာ၀ပိုးသတ္ေဆးျဖစ္ေသာ တမာသီး၊ တမာပိုးသတ္ေဆး၊ ေရနံဆီ၊ ငရုတ္ဆီ၊ ၾကက္သြန္ျဖဴ၊ ဂ်င္း ေဆးျဖင့္ ဖ်န္းျပီး ကာကြယ္ပါ။
သဘာ၀ စိုက္ပ်ိဳးနည္း
ၾကယ္ပဲသည္ ေဆးဖတ္၀င္ စားသံုးေသာ အစားအစာျဖစ္၍ သဘာ၀ပစၥည္းမ်ားကို အသံုးျပဳျပီး စို္က္ပ်ိဳးရန္ျဖစ္သည္။ ၎သဘာ၀နည္းျဖင့္ စိုက္ပ်ိဳးရာတြင္ အသံုးျပဳနိုင္ေသာ သဘာ၀တြင္း ထြက္ ပစၥည္းမ်ားျဖစ္သည့္ ထံုး၊ ဒုတၱာ၊ ကန္႔တို႔ကို ပုိးသတ္ေဆးနွင့္ ေရာဂါကာကြယ္ရန္ အသံုးျ ပဳနိုင္ျပီး ေျမၾသဇာအျဖစ္ တိရစာၧန္စြန္႔ပစ္ ပစၥည္းမ်ား အျပင္ ၎တို႔နွင့္ ျပဳလုပ္ထားေသာ စူပါ ဘိုကာရွီ၊ ငါးအမိုင္နိုအက္စစ္ အခ်ဥ္ေဖာက္ထားေသာ အသီးအရြက္မ်ားနွင့္ အက်ိဳးျပဳအနု ဇီ၀မ်ားျဖစ္ေသာ EM နွင့္ ထရိုင္ကိုဒါးမားတို႔ျဖစ္သည္။
ၾကယ္ပဲကို အသံုးျပဳနည္းမ်ား
ၾကယ္ပဲအရြက္ကို လက္ဖက္ေျခာက္အျဖစ္ ေသာက္သံုးျခင္းျဖင့္ ကိုယ္ခႏၶာက်န္းမာျခင္း အက်ိဳးမ်ားကို ရရွိေစနိုင္သည္။
အေစ့ကိုၾကိတ္ျပီး အဆီကို ငါးၾကီးဆီအစား စားသံုးျခင္းျဖင့္ ခႏၶာကိုယ္တြင္းမေကာင္းေသာ ကိုလက္စထေရာမ်ားကို ဖယ္ရွားေပးသည္။ ၾကယ္ပဲတြင္ အဆီ ၄၀-၅၀ ရာခိုင္နႈန္း ပါ၀င္သည္။
ၾကယ္ပဲဆီကို ခ်က္ျပဳတ္ရာတြင္ အသံုးျပဳနိုင္သည္။
အေစ႔မ်ားကို အခြံနွင့္ေလွာ္ သို႔မဟုတ္ အခြံခြ်တ္ျပီး ေၾကာ္စားလွ်င္ အလြန္ၾကြတ္ရြျပီး အရသာရွိေသာ အာဟာရျဖစ္ေစသည့္ သေရစာျဖစ္သည္။
ၾကယ္ပဲေစ့တြင္ ခႏၶာကိုယ္တြင္း အဆိပ္အေတာက္ျဖစ္ေစေသာ အရာမ်ား လံုး၀မေတြ႔ရေၾကာင္း သိပၸံ ပညာရွင္မ်ား စမ္းသပ္ခ်က္မ်ားမွ ေတြ႕ရသည္။
ၾကယ္ပဲဆီျဖင့္ခရင္အမ်ိဳးမ်ိဳးျပဳလုပ္ျပီး အေရျပားေပၚျဖစ္တတ္ေသာ ၀က္ျခံနွင့္မွဲ႔ေျခာက္မ်ား ေပ်ာက္ကင္းေစသည္။
လူသံုးကုန္မ်ား ျဖစ္ေသာ ဆပ္ျပာနွင့္ ေခါင္းေလ်ာ္ရည္မ်ားျပဳလုပ္နိုင္သည္။
ၾကယ္ပဲတြင္ပါ၀င္ေသာ အင္ဇိုင္းနွင့္ ဗီတာမင္မ်ား မပ်က္စီးရန္ အေစ့မ်ားကို မီးေအးေအး (၁၁၅ ဒီဂရီ ဆဲလ္စီးယပ္) ထက္ အေက်ာ္ဘဲ က်က္ရံု ေက်ာ္ေက်ာ္ ေလွာ္ရန္ လိုအပ္ပါသည္။
စိုက္ပ်ိဳးေရးဦးစီးဌာန
Unicode ျဖင့္ဖတ္ရန္
ကြယ်ပဲ စိုက်ပျိုးနည်း
================
ကြယ်ပဲ မူရင်းဒေသမှာ အီကွေတာ ရာသီဥတုရှိသော ပီရှုးနိုင်ငံ တောင်ပိုင်းဒေသတွင် ဖြစ်သောကြောင့် ကြယ်ပဲပင်ကို ကြယ်ပဲပင်ကို ရေမဝပ်သော မြေနှင့် တစ်နှစ်တာလုံး ရေရရှိနိုင်သော ဒေသမျိုးလို ဖန်တီးပြီး စိုက်ပျိုးမှသာ စိုက်ပျိုးအောင်မြင်နိုင်မည် ဖြစ်သည်။
အစေ့ ပျိုးထောင်နည်း
ကြယ်ပဲ မျိုးစေ့သည် အခွံမာပြီး အပင်ပေါက်ရန် ကြာသဖြင့် မြန်မြန်အပင်ပေါက်အောင် ရေတွင် ၁၂ နာရီခန့်ကြာ စိမ်ပါ။ ရေတွင် စိမ်ပြီး ခြောက်နာရီခန့် ကြာလျှင် ရေအသစ်လဲပြီး ရေအ သစ်တွင် ဟိုမိုင်းမှိုသတ်ဆေးမှုန့် ရေတစ်လီတာတွင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး အစေ့များကို စိမ်ပါ။ အချိန်စေ့ပါက ရေပေါ် ပေါသော အစေ့ကို ဖယ်ပစ်ပြီး ရေအောက်မြုပ်သော အစေ့များကို ဆယ်၍လေသလပ်ခံပြီး အခြောက်ခံပါ။ ဆေးစိမ်ပြီးမျိုးစေ့များကို အစိုဓာတ်ရှိသော သဲကျင်းထဲတွင် အစေ့တစ်လွှာခန့်နှင့်အတူ ဖြန့်ပြီး သဲအစိုနှင့် ပါးပါးဖုံးဖုံးပေးပါ။ သဲကျင်းကို လည်း အစိုဓာတ်ရန် ဖုံးပေးပါ။ ၄-၅ ရက် ကြာလျှင် ကြယ်ပဲ အစေ့များ အမြစ်လောင်းထွက် လာသော အခါ ပျိုးအိတ်ထဲသို့ ရွေ့ပြောင်းစိုက်ပေးရပါမည်။
ပျိုးအိတ် ပြင်ဆင်ခြင်း
ကြယ်ပဲပင်များကို ပျိုးအိတ်တွင် ၄-၅ ရက်သာ အလွန်ဆုံး ထားရပါမည် ဖြစ်၍ ၃x၇ လက်မ အရွယ် အပေါက်ပါ ပျိုးအိတ်များကို အသုံးပြုပါ။ ပျိုးအိတ်တွင် ထည့်ရန် မြေကို အပေါ်ယံ မြေ ၂ ဆ၊ နွားချေးဆွေး ၁ ဆ နှင့် ဖွဲပြာ/သဲ ၁ ဆကို ရောစပ်ပြီး သေချာစွာ အိတ်တွင် ဖြည့်ပါ။ အညှောက်ပေါက်နေသော မျိုးစေ့များကို ပျိုးအိတ်ထဲတွင် ဒေါင်လိုက် အစေ့ကို ၃/၄ အနက်ခန့် မြုပ်ပြီး စိုက်ပါ။ တစ်ပတ်ခန့် ကြာလျှင်အညွှန့်လောင်းမြေပေါ် ပေါ်လာလျှင် လိုအပ်ပါက အစေ့ခွံကို ဖယ်ရှားပေးပါ။ အစေ့ကို နက်နက်မြုပ်ပြီး စိုက်ပါက အစေ့ရွက်မြေမှ တိုးထွက်ရာတွင် ခါးကျိုးသွားနိုင်သည်။ ပျိုးပင်များ ၄၅ ရက်သားရှိလျှင် ရွေ့ပြောင်းစိုက်ပါ။ ကြာကြာထားလျှင် တစ်ပင်နှင့် တစ်ပင် ရစ်ပတ်ပြီး ရွေ့ပြောင်းရန် အခက်အခဲ ရှိနိုင်သည်။
စိုက်ခင်းမြေပြုပြင်ခြင်း
ကြယ်ပဲပင်သည် နှစ်ရှည်ပင်ဖြစ်သောကြောင့် စိုက်ခင်းမြေကို သေချာစွာ ပြုပြင်ရန် လို အပ်သည်။ မြေမှ သစ်ငုတ်များ ဖယ်ရှားပြီး သေချာစွာ ညှိပါ။ ရေမဝတ်ရန်နှင့် ရေသွင်းရေ ထုတ်ပြုလုပ်နိုင်ရန် ၁၀ ပေခြား ၃ ပေ အကျယ် ၈ လက်မမြင့် ဘောင်များ ပြုလုပ်ပါ။ ဘောင် ကျင်းပြုလုပ်ခြင်းဖြင့် ဘောင်ကြားတွင် ရေသွင်းရေထုတ် ပြုလုပ်ရန် မြောင်းဖြစ်ပေါ်လာမည်။ ဘောင်အလယ်တွင် ၁၈ လက်မ ပတ်လည် စိုက်ကျင်းများကို ၇ ပေ ခြားတူးပါ။ စိုက်ကျင်းများ ထဲတွင် သဘာဝမြေဆွေးနှင့် အပေါ်ယံမြေကို ထရိုင်ကိုဒါးမားနှင့် ရောပြီးဖြည့်ပါ။ အကယ်၍ ခြရှိသောမြေတွင် ဖြူရာဒန် လက်ဖက်ဇွန်းတစ်ဇွန်းနှင့် ရောနယ်ပြီး မြေပြင်ပါ။ မိုးနည်းသောေ ဒသတွင် မေ၊ ဇွန်နှင့် မိုးများသောဒေသတွင် စက်တင်ဘာလတွင် မြေချစိုက်ပါ။
တိုင်ထောင်ပေးခြင်း
ကြယ်ပဲပင်များကို တစ်ပင်ခြင်း တိုင်ထောင်ပေးပါ။ တိုင်ကို ဝါး၊ သစ်မာ၊ အင်္ဂတေတိုင်များ အသုံးြ ပုနိုင်ပါသည်။ ဝါးသုံးပါက တိုင်များကို ဝါယာကြိုးဖြင့် သွယ်တန်းထားပေးပြီး ဝါး ၁၀ လုံးခြားတွင် ၇ ပေ အမြင့် ၄ လက်မ ပတ်လည် အင်္ဂတေ တိုင်များ ထားပြီး ဝါယာကြိုးတန်းများ ဆွဲထားပေးပါ။ ကြယ်ပဲ အညွှန့်များ ဝါယာကြိုးပေါ်သို့ ရောက်လျှင် ခေါင်အညွှန့်နှိမ်ပြီး ထွက်လာသောဘေး ကိုင်းများကို ကြိုးတန်းပေါ် တင်ပေးပါ။ ကြိုးတန်နှင့်ဝေးသော အကိုင်းများကို နောက်ပိုင်းတွင် ဖြတ်ပေးပါ။ သွပ်ကြိုးတန်းများကို တာရှည်ခံအောင် ပလပ်စတစ် ဖုံးထားသော ဝါယာကြိုးများကို အသုံးပြုပါ။ အစွန်ဆုံးတိုင်များမှ ကြိုးတန်းများကို အိကျမသွားအောင် မြေထဲတွင် ဆိုင်းကြိုးများြ ဖင့် ၎င်းအစွန်ဆုံး တိုင်များကို ဒေါက်များဖြင့် ကြားကန်ထားပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ကြယ်ပဲပင်များကို ပြုစုခြင်း
ကြယ်ပဲပင်များသည် မြေချစိုက်ပြီး တစ်လခန့်အကြာတွင် အပေါ်ဆုံးတန်းအထိ မြင့်တက်လာပြီး ခေါင်ညွှန်နှိမ်ပေးလိုက်လျှင် ထွက်လာသော ဘေးတက်များကို ကြိုးတန်းပေါ်သို့ပတ်ပေးပါ။ ကြိုးတန်းကို တိုင်ပေါ်တွင် နှစ်တန်းမှ သုံးတန်းအထိ တစ်ပေခြား အထက်အောက်တန်းထားပြီး ဘေးတက်များကို ကြိုးတန်းပေါ် တင်ပေးပါ။
ကြယ်ပဲပင်ကို မြေချစိုက်ပြီး ၄ လ အကြာတွင် ပန်းပွင့်ပြီး အသီးများကို ၆ လ အကြာတွင် ပထမဆုံး ရင့်မည့်ပြီး ဆွတ်ခူးနိုင်ပါသည်။ ကြယ်ပဲ ပန်းခိုင်သည် အမပွင့် အဖိုပွင့်များ ပါရှိသည်။ ပန်းခိုင်တွင်အောက်တွင် အမပွင့် တစ်ပွင့်သာ ပါတတ်ပြီး ကျန်အပွင့်များမှာ အဖိုပွင့်များ ဖြစ်သည်။ NTC မှ သုတေသနများအရ Maddoc Solution ခေါ်ဟော်မုန်းဆေးကို ပန်းပွင့်များ ကို ဖြန်းပေးခြင်းဖြင့် အမပွင့်သို့ပြောင်းသွားနိုင်သည်ဟု စမ်းသပ်တွေ့ရှိထားသည်။ ယခုအခါ ၎င်းဟော်မုန်းဆေးကို စီးပွားဖြစ်ရောင်းချပေးလျှင် ကြယ်ပဲတစ်ပင်မှ အထွက်နှုန်းများစွာ ပိုလာ နိုင်သည်။ လက်ရှိ မှော်ဘီ မြို့နယ်နှင့် ပုလဲမြို့သစ်မြို့နယ်တွင် စိုက်ထားသော ရေလုံလောက်စွာ ရရှိသော ကြယ်ပဲ အပင်များသည် ၄ လ တစ်ကြိမ် အသီးများ ခူးဆွတ်နိုင်သည်။ ရေမပေးနိုင်လျှင် ပန်းပွင့်များပွင့်သော်လည်းအသီးမတင်ပါ။
ကြယ်ပဲပင်များကို အသီးများများသီးအောင် အသီးသီးပြီးတိုင်း ကိုင်းအိုများကို ဖြတ်ပေးခြင်းနှင့် အသီးမသီးသော အကိုင်းများကို အကြာခဏ ဖြတ်ပေးရန် လိုအပ်သည်။ ခြောက်သွေ့သော ရာသီတွင် မြေကို အစိုဓာတ်ရအောင် နေ့စဉ်မနက်စောစောရေလောင်းပေးပါ။ သဘာ ဝမြေဆွေးကို ၁၅ ရက်တစ်ကြိမ် အပင်ခြေမှ တစ်ပေ တစ်ပေခွဲရှိမြေကို ဖယ်ရှားပြီး သဘာဝမြေဆွေးများကို ၁၅ ရက် တစ်ကြိမ်ကျွေးပေးပါ။ ကြယ်ပဲသီးများသည် အစိမ်းရောင်ရှိပြီး ရင့်မှည့်ချိန်တွင် အညိုရောင် ပြောင်းသွားချိန်တွင် ဆွတ်ခူးပါ။ အထူးသဖြင့် မိုးတွင်းကာလတွင် အသီးခွံ အပြော့သည် လျင်မြန်စွာ မှိုတက်ပြီး ပုတ်တတ်သောကြောင့် အသီးများခူးပြီး အခြောက်ခံပါ။ အပြင်ဆုံးအသီးခွံတွင် အာဟာရများစွာပါဝင်သောကြောင့် လျင်မြန်စွာ မှိုတက်သည်။ အသီးများခြောက်သွားလျှင် အသီးခွံအမာဖြင့်ထား၍ ၎င်းအစေ့များကို ထွင်ပြီး အစိုဓာတ် ၁၀ % ထိ ရအောင် နေလှမ်း အခြောက်ခံပါ။ သေချာမခြောက်ပါက လျှင်မြန်စွာ မှိုတက်ပြီး ပျက်စီးသွားနိုင်သည်။
အသီးများဆွတ်ခူးပြီးနောက် ကြယ်ပဲပင်သည် နှစ်လခန့် အနားယူတတ်သည်။ အသီးများ ခူးဆွတ်ပြီးပြီးခြင်း မလိုအပ်သော အကိုင်းများကို ဖြတ်ပေးခြင်းဖြင့် နောက်ထပ်အသီးများစွာ သီးမည် ဖြစ်သည်။
ကြယ်ပဲပင်များကို သေချာပြုစုပါက တစ်ပင်မှ ၂ ကီလိုခန့် အသီးရနိုင်ပြီး နောက်ပိုင်းတွင် ၂ ကီလိုခန့် နှစ်စဉ် ၁၀ နှစ်အထိ တိုးတတ်လာနိုင်သည်။
မှတ်သားရန် များမှာ
အပင်သက်တမ်းသည် ၁၅-၅၀ နှစ်၊ ပထမနှစ်တွင် နှစ်ကြိမ် ဆွတ်ခူးနိုင်သည်။ ဒုတိယနှစ်မှ စ၍ ၃-၄ ကြိမ် ဆွတ်ခူးနိုင်မည်။ အစေ့အရွယ်အစားနှင့် အလေးချိန်မှာ ပြုစုမှုပေါ်မူတည်တက်သည်။ အပင်သက်တမ်းသည်လည်း ပြုစုမှုပေါ် မှုတည်တတ်သည်။ ရေပေးခြင်း၊ မြေသြဇာကျွေးခြင်း၊ အားဆေးနှင့် အကိုင်းဖြတ်ပေးခြင်းသည် သိပ်အရေးကြီးသည်။
ကြယ်ပဲတွင် အဓိက ကျရောက်သောရောဂါများနှင့် ပိုးမွှားများ
ရောဂါများ
အဓိကရောဂါမှာ ပင်ခြေပုပ်ရောဂါဖြစ်ပြီး အပင်သက်တမ်းတစ်လျောက် ကျရောက်နိုင်သည်။ ကုသရန်မှာ ရေမဝပ်စေရန် ရေနုတ်မြောင်းကောင်းစွာ ပြုလုပ်ပေးပါ။ ထရိုင်ကိုဒါးမားမှိုကို မိုးတွင်းမှာ ၁၅ ရက်တစ်ကြိမ် အပင်ခြေကို ဖျန်းပေးပါ။
ပိုးမွှားများ
အဓိက ပင်စည်ထိုးပိုး ကျရောက်တတ်ပြီး အူလှိုက်စားသဖြင့် အပင်များ ညှိုးပြီး သေသွားသည်။ ပင်စည်ထိုးပိုးကျလျှင် သိသိခြင်း ပိုးဝင်သော အပေါက် အထက်နှင့် အောက်တည့်တည့်ကို အပ်နှင့် ထိုးပြီး ပိုးကို သတ်ပါ။
ခူမွှေးစုပ်ပိုး
ခူမွှေးစုတ်ပိုးများကျရောက်ပါက သဘာဝပိုးသတ်ဆေးဖြစ်သော တမာသီး၊ တမာပိုးသတ်ဆေး၊ ရေနံဆီ၊ ငရုတ်ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း ဆေးဖြင့် ဖျန်းပြီး ကာကွယ်ပါ။
သဘာ၀ စိုက်ပျိုးနည်း
ကြယ်ပဲသည် ဆေးဖတ်ဝင် စားသုံးသော အစားအစာဖြစ်၍ သဘာဝပစ္စည်းများကို အသုံးပြုပြီး စိုက်ပျိုးရန်ဖြစ်သည်။ ၎င်းသဘာဝနည်းဖြင့် စိုက်ပျိုးရာတွင် အသုံးပြုနိုင်သော သဘာဝတွင်း ထွက် ပစ္စည်းများဖြစ်သည့် ထုံး၊ ဒုတ္တာ၊ ကန့်တို့ကို ပိုးသတ်ဆေးနှင့် ရောဂါကာကွယ်ရန် အသုံးြ ပုနိုင်ပြီး မြေသြဇာအဖြစ် တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများ အပြင် ၎င်းတို့နှင့် ပြုလုပ်ထားသော စူပါ ဘိုကာရှီ၊ ငါးအမိုင်နိုအက်စစ် အချဉ်ဖောက်ထားသော အသီးအရွက်များနှင့် အကျိုးပြုအနု ဇီဝများဖြစ်သော EM နှင့် ထရိုင်ကိုဒါးမားတို့ဖြစ်သည်။
ကြယ်ပဲကို အသုံးပြုနည်းများ
ကြယ်ပဲအရွက်ကို လက်ဖက်ခြောက်အဖြစ် သောက်သုံးခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာခြင်း အကျိုးများကို ရရှိစေနိုင်သည်။
အစေ့ကိုကြိတ်ပြီး အဆီကို ငါးကြီးဆီအစား စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းမကောင်းသော ကိုလက်စထရောများကို ဖယ်ရှားပေးသည်။ ကြယ်ပဲတွင် အဆီ ၄၀-၅၀ ရာခိုင်နှုန်း ပါဝင်သည်။
ကြယ်ပဲဆီကို ချက်ပြုတ်ရာတွင် အသုံးပြုနိုင်သည်။
အစေ့များကို အခွံနှင့်လှော် သို့မဟုတ် အခွံချွတ်ပြီး ကြော်စားလျှင် အလွန်ကြွတ်ရွပြီး အရသာရှိသော အာဟာရဖြစ်စေသည့် သရေစာဖြစ်သည်။
ကြယ်ပဲစေ့တွင် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ဖြစ်စေသော အရာများ လုံးဝမတွေ့ရကြောင်း သိပ္ပံ ပညာရှင်များ စမ်းသပ်ချက်များမှ တွေ့ရသည်။
ကြယ်ပဲဆီဖြင့်ခရင်အမျိုးမျိုးပြုလုပ်ပြီး အရေပြားပေါ်ဖြစ်တတ်သော ဝက်ခြံနှင့်မှဲ့ခြောက်များ ပျောက်ကင်းစေသည်။
လူသုံးကုန်များ ဖြစ်သော ဆပ်ပြာနှင့် ခေါင်းလျော်ရည်များပြုလုပ်နိုင်သည်။
ကြယ်ပဲတွင်ပါဝင်သော အင်ဇိုင်းနှင့် ဗီတာမင်များ မပျက်စီးရန် အစေ့များကို မီးအေးအေး (၁၁၅ ဒီဂရီ ဆဲလ်စီးယပ်) ထက် အကျော်ဘဲ ကျက်ရုံ ကျော်ကျော် လှော်ရန် လိုအပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ၾကယ္ပဲ စိုက္ပ်ိဳးနည္း appeared first on Myanmar Farmers' Portal.