အပင္ျပဳစုေစာင့္ေရွာက္ျခင္း
အရည္အေသြးေကာင္းအေစ့ထုတ္ေျပာင္း စိုက္ပ်ိဳးရန္ ေအာက္ေဖာ္ျပပါ နည္းလမ္းမ်ားကို လိုက္နာေဆာင္ရြက္သင့္သည္။
- ေျမျပဳျပင္ရာတြင္ ထယ္ေရးနက္၍ ထြန္ေရးညက္ရန္ လိုအပ္သည္။
- အေစ့ထုတ္ေျပာင္းသီးႏွံကို မိုးရာသီ၌ (ေမလဆန္းမွ ဇြန္လကုန္)ထိ၊ ေဆာင္းရာသီတြင္ (စက္တင္ဘာ၊ ေအာက္တိုဘာ) အတြင္း စိုက္ပ်ိဳးသင့္သည္။
- မ်ိဳးေစ့ႏႈန္းထားအေနျဖင့္ တစ္ဧက(၄)ျပည္ ႏႈန္းလိုအပ္ၿပီး၊ စပ္မ်ိဳးျဖစ္ပါက တစ္ဧက (၅ ကီလို) (သို႔မဟုတ္) (၂.၅) ၿပီ သံုးစြဲသင့္သည္။
- ေျမေဆာင္ေရာဂါမ်ား ကာကြယ္ရန္ မႈိသတ္ေဆးတစ္မ်ိဳးမ်ိဳး လူးနယ္စိုက္ပ်ိဳးသင့္သည္။
- အစိုဓာတ္ထိန္းေပးရန္ ၾကမ္းတံုးျဖင့္ ရိုက္ၿပီးမွ စိုက္ေၾကာင္းဆြဲသင့္သည္။
- တစ္ဧက အပင္ဦးေရ အနည္းဆံုး (၂၀၀၀၀၀ မွ ၂၅၀၀၀၀) ရရွိရန္ အေစ့ထုတ္ေျပာင္းကို တန္းၾကား ၂.၅’၊ ပင္ၾကား ၉” စိုက္ပ်ိဳးသင့္သည္။
- စိုက္ေၾကာင္းတြင္ မ်ိဳးေစ့ (၂)ေစ့ ခန္႔ကို (၂” – ၂.၅”) အနက္ထက္မပိုပဲ မ်ိဳးေစ့ခ်သင့္သည္။ ေျပာင္းဖူးတြင္ အလင္းေရာင္တုန္႔ျပန္မႈ မရွိ၍ အစိုဓာတ္ရပါက မည္သည့္လတြင္ မဆို စိုက္ပ်ိဳးႏိုင္သည္။
- ေျမခံအျဖစ္ ယူရီးယား (၁/၂) အိတ္၊ တီစူပါ (၁)အိတ္ ႏွင့္ ပိုတက္ရွ္ (၁/၂)အိတ္ သဘာ၀ေျမၾသဇာ (ႏြားေခ်း) သစ္ရြက္ေဆြးေျမၾသဇာ ထည့္ေပးသင့္သည္။
- စိုက္ၿပီး (၇) ရက္ အၾကာ ပင္မေပါက္သည့္က်င္းမ်ားတြင္ မ်ိဳးေစ့ထပ္ခ်ရမည္။
- အပင္ေပါက္စံုၿပီး (၁၄)ရက္ သားတြင္ တစ္က်င္း (၁) ပင္ခ်န္မျဖစ္မေန သားခြဲၿပီး အပင္ေျခေျမဆြျခင္းေဆာင္ရြက္ပါ။ က်င္းေပ်ာက္ရွိပါက ကပ္လ်က္က်င္းတြင္ (၂)ပင္ခ်န္၍ သားခြဲသင့္သည္။
- (၂၀ -၂၁) ရက္သားတြင္ ၾကားထြန္လိုက္စဥ္ တစ္ဧက ယူရီးယား (၁/၂) အိတ္ ပိုတက္ရွ္ (၁/၄) အိတ္ ထည့္သင့္သည္။
- ေျမၾသဇာမေကၽြးခင္ အပင္ေျခရွိေပါင္းျမက္မ်ားကို ရွင္းလင္းရန္ လိုအပ္ၿပီး အပင္ေပါက္စံုၿပီး (၃၅ – ၄၀) ရက္သားတြင္ ေဘာင္တင္၍ ေပါင္းျမက္မ်ားကင္းစင္ေအာင္ လုပ္သင့္သည္။
- အပင္ေပါက္သည္မွ (၁) လသားအတြင္း ေပါင္းျမက္ ကင္စင္ရန္ ႏွင့္ ေရမ၀ပ္ေစရန္ လိုအပ္ပါသည္။
- ေဘာင္တင္ခ်ိန္တြင္ ယူရီးယား (၁/၂) အိတ္၊ ပိုတက္ရွ္ (၁/၄) အိတ္ထည့္၍ ေဘာင္တင္ရမည္။ ပန္းၿဖိဳင္ၿဖိဳင္ပြင့္ခ်ိန္ႏွင့္ ႏို႕ရည္တစ္ခ်ိန္ အစိုဓာတ္ မလံုေလာက္ပါက ေရသြင္းသင့္သည္။
- စိုက္ပ်ိဳးခ်ိန္ ၊ ႏိုု႔ရည္တည္ခ်ိန္၌ ၾကြက္၀မ္းျဖဴမ်ား ဖ်က္ဆီးတတ္သျဖင့္ စိုက္ခင္းပတ္၀န္းက်င္အားရွင္းလင္းေပးရန္ ႏွင့္ စိုက္ခင္းပတ္လည္ ၾကြက္ေဆးခ်ေပးသင့္သည္။
- ဘက္ေပါင္းစံုကာကြယ္ႏွိမ္နင္းေရးနည္းစနစ္မ်ား လုပ္ေဆာင္သင့္သည္။
- အေစ့ထုတ္ေျပာင္း ဆက္တုိက္စိုက္ပ်ိဳးျခင္းကို ေရွာင္ရွားၿပီး ပဲမ်ိဳးစံုကဲ့သုိ႔ သီးႏွံမ်ားႏွင့္ သီးလွည့္စိုက္ပ်ိဳးသင့္သည္။
စိုက္ပ်ိဳးေရး ႏွင့္ အျခားဆက္စပ္ပစၥည္းကိရိယာမ်ား
- လယ္ယာသံုးကိရိယာမ်ား၊ အေစ့ေျခြေလွ႔သန္႔စင္စက္၊ အဆင့္အတန္းခြဲစက္ကိရိယာမ်ား၊ ထုတ္ပိုးပစၥည္းမ်ား ႏွင့္ ထြက္ကုန္မ်ားထုတ္ပိုးျခင္း၊ ကိုင္တြယ္ျပဳျပင္ျခင္း၊ သိုေလွာင္ျခင္း ျပဳလုပ္သည့္ေနရာမ်ားကို သန္႔ရွင္းစြာ ထားရမည္။
- သန္႔ရွင္းေရးျပဳလုပ္ရန္ ဓါတုေဆးမ်ားကို ေရြးခ်ယ္ရာတြင္ ထြက္ကုန္မ်ားကို ထိခိုက္မႈအႏၱရာယ္ အနည္းဆံုးျဖစ္ေစေရးအတြက္ အသင့္ေလ်ာ္ဆံုး ဓာတုေဆးမ်ားကိုသာ ေရြးခ်ယ္ရမည္။
စိုက္ပ်ိဳးေရးဦးစီးဌာန
Unicode ျဖင့္ဖတ္ရန္
အစေ့ထုတ်ပြောင်း စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ (အပိုင်း – ၂)
==================================================
အပင်ပြုစုစောင့်ရှောက်ခြင်း
အရည်အသွေးကောင်းအစေ့ထုတ်ပြောင်း စိုက်ပျိုးရန် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်သည်။
မြေပြုပြင်ရာတွင် ထယ်ရေးနက်၍ ထွန်ရေးညက်ရန် လိုအပ်သည်။
အစေ့ထုတ်ပြောင်းသီးနှံကို မိုးရာသီ၌ (မေလဆန်းမှ ဇွန်လကုန်)ထိ၊ ဆောင်းရာသီတွင် (စက်တင်ဘာ၊ အောက်တိုဘာ) အတွင်း စိုက်ပျိုးသင့်သည်။
မျိုးစေ့နှုန်းထားအနေဖြင့် တစ်ဧက(၄)ပြည် နှုန်းလိုအပ်ပြီး၊ စပ်မျိုးဖြစ်ပါက တစ်ဧက (၅ ကီလို) (သို့မဟုတ်) (၂.၅) ပြီ သုံးစွဲသင့်သည်။
မြေဆောင်ရောဂါများ ကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုး လူးနယ်စိုက်ပျိုးသင့်သည်။
အစိုဓာတ်ထိန်းပေးရန် ကြမ်းတုံးဖြင့် ရိုက်ပြီးမှ စိုက်ကြောင်းဆွဲသင့်သည်။
တစ်ဧက အပင်ဦးရေ အနည်းဆုံး (၂၀၀၀၀၀ မှ ၂၅၀၀၀၀) ရရှိရန် အစေ့ထုတ်ပြောင်းကို တန်းကြား ၂.၅’၊ ပင်ကြား ၉” စိုက်ပျိုးသင့်သည်။
စိုက်ကြောင်းတွင် မျိုးစေ့ (၂)စေ့ ခန့်ကို (၂” – ၂.၅”) အနက်ထက်မပိုပဲ မျိုးစေ့ချသင့်သည်။ ပြောင်းဖူးတွင် အလင်းရောင်တုန့်ပြန်မှု မရှိ၍ အစိုဓာတ်ရပါက မည်သည့်လတွင် မဆို စိုက်ပျိုးနိုင်သည်။
မြေခံအဖြစ် ယူရီးယား (၁/၂) အိတ်၊ တီစူပါ (၁)အိတ် နှင့် ပိုတက်ရှ် (၁/၂)အိတ် သဘာဝမြေသြဇာ (နွားချေး) သစ်ရွက်ဆွေးမြေသြဇာ ထည့်ပေးသင့်သည်။
စိုက်ပြီး (၇) ရက် အကြာ ပင်မပေါက်သည့်ကျင်းများတွင် မျိုးစေ့ထပ်ချရမည်။
အပင်ပေါက်စုံပြီး (၁၄)ရက် သားတွင် တစ်ကျင်း (၁) ပင်ချန်မဖြစ်မနေ သားခွဲပြီး အပင်ခြေမြေဆွခြင်းဆောင်ရွက်ပါ။ ကျင်းပျောက်ရှိပါက ကပ်လျက်ကျင်းတွင် (၂)ပင်ချန်၍ သားခွဲသင့်သည်။
(၂၀ -၂၁) ရက်သားတွင် ကြားထွန်လိုက်စဉ် တစ်ဧက ယူရီးယား (၁/၂) အိတ် ပိုတက်ရှ် (၁/၄) အိတ် ထည့်သင့်သည်။
မြေသြဇာမကျွေးခင် အပင်ခြေရှိပေါင်းမြက်များကို ရှင်းလင်းရန် လိုအပ်ပြီး အပင်ပေါက်စုံပြီး (၃၅ – ၄၀) ရက်သားတွင် ဘောင်တင်၍ ပေါင်းမြက်များကင်းစင်အောင် လုပ်သင့်သည်။
အပင်ပေါက်သည်မှ (၁) လသားအတွင်း ပေါင်းမြက် ကင်စင်ရန် နှင့် ရေမဝပ်စေရန် လိုအပ်ပါသည်။
ဘောင်တင်ချိန်တွင် ယူရီးယား (၁/၂) အိတ်၊ ပိုတက်ရှ် (၁/၄) အိတ်ထည့်၍ ဘောင်တင်ရမည်။ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် နို့ရည်တစ်ချိန် အစိုဓာတ် မလုံလောက်ပါက ရေသွင်းသင့်သည်။
စိုက်ပျိုးချိန် ၊ နို့ရည်တည်ချိန်၌ ကြွက်ဝမ်းဖြူများ ဖျက်ဆီးတတ်သဖြင့် စိုက်ခင်းပတ်ဝန်းကျင်အားရှင်းလင်းပေးရန် နှင့် စိုက်ခင်းပတ်လည် ကြွက်ဆေးချပေးသင့်သည်။
ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းရေးနည်းစနစ်များ လုပ်ဆောင်သင့်သည်။
အစေ့ထုတ်ပြောင်း ဆက်တိုက်စိုက်ပျိုးခြင်းကို ရှောင်ရှားပြီး ပဲမျိုးစုံကဲ့သို့ သီးနှံများနှင့် သီးလှည့်စိုက်ပျိုးသင့်သည်။
စိုက်ပျိုးရေး နှင့် အခြားဆက်စပ်ပစ္စည်းကိရိယာများ
လယ်ယာသုံးကိရိယာများ၊ အစေ့ခြွေလှေ့သန့်စင်စက်၊ အဆင့်အတန်းခွဲစက်ကိရိယာများ၊ ထုတ်ပိုးပစ္စည်းများ နှင့် ထွက်ကုန်များထုတ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်း၊ သိုလှောင်ခြင်း ပြုလုပ်သည့်နေရာများကို သန့်ရှင်းစွာ ထားရမည်။
သန့်ရှင်းရေးပြုလုပ်ရန် ဓါတုဆေးများကို ရွေးချယ်ရာတွင် ထွက်ကုန်များကို ထိခိုက်မှုအန္တရာယ် အနည်းဆုံးဖြစ်စေရေးအတွက် အသင့်လျော်ဆုံး ဓာတုဆေးများကိုသာ ရွေးချယ်ရမည်။
စိုက်ပျိုးရေးဦးစီးဌာန
The post အေစ့ထုတ္ေျပာင္း စိုက္ပ်ိဳးနည္းဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား (အပိုင္း – ၂) appeared first on Myanmar Farmers' Portal.