ရိတ္သိမ္းျခင္း ႏွင့္ ထြက္ကုန္ျပဳျပင္ျခင္း
- ေျပာင္းဖူးဖက္မ်ား အ၀ါေရာင္သမ္းစျပဳၿပီး ေျပာင္းဖူးအညွာကို လက္သည္းျဖင့္ ျခစ္ၾကည့္ပါက အမည္းေရာင္အမွတ္ (Black Layer) ေတြ႔ရွိခ်ိန္ (သို႔မဟုတ္) ေျပာင္းရြက္မ်ား (၈၀ – ၉၀)% ေျခာက္ေသြ႔ခ်ိန္ ရိတ္သိမ္းသင့္သည္။
- မရင့္မွည့္ခင္ ရိတ္သိမ္းျခင္း၊ ေနာက္က်၍ ရိတ္သိမ္းျခင္း ေရွာင္ရမည္။
- ရိတ္သိမ္းၿပီး ခ်က္ခ်င္းဖက္ခြာ၍ (၅-၇) ရက္ခန္႔ ေနလွန္းၿပီး အစိုဓာတ္(၁၅)% ရွိခ်ိန္တြင္ စနစ္တက်ေျခြေပးရမည္။ အေစ့မ်ားကို ေျမႀကီးႏွင့္ တိုက္ရိုက္္မထိေစရန္ ဖ်ာ၊ မိုးကာ၊ ကြန္ကရစ္တလင္းေပၚတြင္ ခပ္ပါးပါးျဖန္႔၍ ေနလွန္းအေျခာက္ခံရမည္။
- ေျပာင္းေစ့အရြယ္အစား၊ အရည္အေသြးႏွင့္ လံုးပိန္လံုးညွက္၊ ဖုန္ခဲသဲမ်ား သန္႔စင္ျခင္း လုပ္ငန္းကို စက္အားျဖင့္ လည္းေကာင္း၊ လူအားျဖင့္လည္းေကာင္း လုပ္ေဆာင္သင့္သည္။ အေစ့မ်ားအစိုဓာတ္ (၁၂%) ရွိခ်ိန္ သန္႔စင္ၿပီး ေလလံုအိတ္မ်ား၊ သံပံုမ်ားျဖင့္ စနစ္တက် သိုေလွာင္ရမည္။
သိုေလွာင္ျခင္းႏွင့္ သယ္ယူပို႔ေဆာင္ျခင္း
ဓါတုေဆးမ်ားႏွင့္ အျခားအႏၱရာယ္ျဖစ္ေစသည့္အရာမ်ား ထည့္သြင္းအသံုးျပဳထားသည့္ ထုပ္ပိုးခြံမ်ားျဖင့္ ထြက္ကုန္သီးႏွံမ်ား ထည့္သြင္းသိုေလွာင္ျခင္းမျပဳရ။
သန္႔စင္ၿပီး အေစ့မ်ားကို အၿမဲတမ္းသိုေလွာင္ရံုမရွိပါက အထူးသိုေလွာင္အိတ္ (Super Bag) ေလလံုအိတ္မ်ား၊ သံပံုးမ်ားျဖင့္ စနစ္တက် သိုေလွာင္ရမည္။
အဆင့္အတန္းခြဲျခား၍ ထုပ္ပိုးထားသည့္ သီးႏွံမ်ားကို စနစ္တက် အဆင့္လိုက္ သိုေလွာင္ရမည္။
အေစ့ထုတ္ေျပာင္းအိတ္မ်ားကို နံရံ၊ ၾကမ္းျပင္ ႏွင့္ တိုက္ရိုက္ထိေတြ႕မႈမရွိေစရန္ ၀ါးကပ္ (သို႔) သစ္သားအခင္းမ်ား ခင္းေပးသင့္သည္။
ေျခာက္ေသြ႔ရာသီတြင္ အစိုဓာတ္ (၆၀%) ႏွင့္ အပူခ်ိန္ (၂၅ – ၃၀ံC) ဒီဂရီစင္တီဂရိတ္ ရွိေသာအေျခအေန၌ သိုေလွာင္သင့္သည္။
သိုေလွာင္ပိုးမ်ားကာကြယ္ရန္အတြက္ သိုေလွာင္ကာလအတြင္း သတ္မွတ္ေဆး အမ်ိဳးအစားအား သတ္မွတ္ႏႈန္းထားအတိုင္း သံုးရမည္။
သိုေလွာင္ရာ၌ အေစ့ထိုးပိုးသည္ ဆိုးရြာစြာ က်ေရာက္ဖ်က္ဆီးတတ္၍ ေျပာင္းေစ့တစ္တင္းလွ်င္ မေဖာက္ထံုးမႈန္႔ ႏို႔ဆီဗူး (၄) ဗူးျဖင့္ သမေအာင္ ေမႊၿပီး စနစ္တက် သိုေလွာင္ရမည္။
ျပည္ပသို႔ တင္ပို႔ရန္အတြက္ ေျပာင္းအိတ္မ်ားကို (၂) လတစ္ႀကိမ္ အဆိပ္ေငြ႔ေဆးျဖင့္ မႈိင္းတိုက္ျခင္း (သို႔ ) CO2gas ကို စက္ျဖင့္ မႈတ္သြင္းျခင္းျဖင့္ ပိုးမက်ရန္ ေဆာင္ရြက္ရမည္။
ေလာင္စာဆီ၊ ပိုးသတ္ေေဆး ႏွင့္ ဓာတ္ေျမၾသဇာမ်ားကို ထြက္ကုန္မ်ား ႏွင့္ ေရာေႏွာသိုေလွာင္ျခင္း မျပဳရ။
ႏိုင္ငံျခားသို႔ တင္ပို႔မည္ဆိုပါက တင္ပို႔မည့္ႏိုင္ငံအလိုက္ သတ္မွတ္ထားသည့္ စံခ်ိန္စံညႊန္းမ်ားႏွင့္ ကိုက္ညီရန္ သိုေလွာင္ကာလအတြင္း သိုေလွာင္ပိုးကာကြယ္ေဆးမ်ား အသံုးျပဳရာ၌ ညႊန္ၾကားခ်က္မ်ားကို လိုက္နာရမည္။
သယ္ယူပို႔ေဆာင္မည့္ ယာဥ္မ်ားကို အသံုးမျပဳမီ သန္႔ရွင္းမႈ ၊ ဓာတုေဆး ဖိတ္စင္မႈ အျခားပစၥည္းမ်ား ႏွင့္ ပိုးမႊားက်ေရာက္မႈ ရွိ/ မရွိ္ကို စစ္ေဆးရမည္။
ထြက္ကုန္မ်ားကို ဓါတု၊ ဇီ၀ေဗဒ ႏွင့္ ရုပ္၀တၳဳဆိုင္ရာ ညစ္ညမ္းမႈ အႏၱရာယ္ျဖစ္ေစရန္ အလားအလာရွိေသာ ကုန္ပစၥည္းမ်ား ႏွင့္ သီးျခားခြဲ၍ သယ္ေဆာင္ရမည္။
Aflatoxin က်ေရာက္မႈ မရွိေစရန္ ေျပာင္းေစ့၏ အစိုဓာတ္ ၁၁- ၁၂% အတြင္း ရွိရမည္ျဖစ္ၿပီး ေအး၍ ေျခာက္ေသြ႕သန္႔ရွင္းေသာ ေနရာတြင္ သိုေလွာင္ရမည္။
အေဆာက္အဦးမ်ား ေဆာက္လုပ္ျခင္း
အေဆာက္အဦးမ်ားကို တိရစာၦန္မ်ားထားေသာ ေနရာ၊ ေျမေဆြးထားေသာေနရာ တိရစာၦန္အစာမ်ား ထားေသာေနရာႏွင့္ ေ၀းသည့္ေနရာမ်ားတြင္ တည္ေဆာက္ရမည္။
အေဆာင္အဦးကို အသံုးမျပဳမီ သန္႔ရွင္းမႈ၊ ဓါတုေဆးမ်ားဖိတ္စင္မႈ၊ အျခားပစၥည္းမ်ား ႏွင့္ ပိုးမႊားက်ေရာက္မႈစသည္တို႔ ရွိ/ မရွိကို စစ္ေဆးၿပီး သန္႔စင္ေအာင္ ျပဳလုပ္ရမည္။
အေစ့ထုတ္ေျပာင္းသိုေလွာင္ရန္ အေဆာက္အဦးသည္ ေလ၀င္ေလထြက္ေကာင္းၿပီး ငွက္မ်ား၊ ၾကြက္မ်ား ႏွင့္ အျခားဖ်က္ပိုးမ်ား မ၀င္ေရာက္ေစရန္ ျပဳျပင္ ထားရမည္။
တိရိစာၦန္ ႏွင့္ ျဖတ္ပိုးမ်ားထိန္းခ်ဳပ္ျခင္း
ထြက္ကုန္မ်ား ကိုင္တြယ္ျပဳျပင္၊ ထုတ္ပိုးသိုေလွာင္သည့္ေနရာႏွင့္ အနီးတစ္၀ိုက္တြင္ အင္းဆက္ဖ်က္ပိုးမ်ား မရွိေစရန္ အတြက္ ႀကိဳတင္စီမံကာကြယ္ထားရမည္။
ထြက္ကုန္မ်ား ႏွင့္ ထုပ္ပိုးခြံမ်ားကို ညစ္ညမ္းမႈ အႏၱရာယ္ အနည္းဆံုးျဖစ္ေစရန္အတြက္ မွ်ားစာမ်ား၊ ေထာင္ေျခာက္မ်ားကို သတ္မွတ္ေနရာတြင္ ထားရွိၿပီး မွတ္သားထားရမည္။
အေထာက္အထား ႏွင့္ မွတ္တမ္းမ်ား
ထုတ္လုပ္သူသည္ စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား ႏွင့္ ပါတ္သက္သည့္ မွတ္တမ္းမ်ားကို လုပ္ငန္းစတင္ေဆာင္ရြက္ခ်ိန္မွ ရိတ္သိမ္း ေခၽြေလွ႔၊ သိုေလွာင္သည္အထိအနည္းဆံုး (၂) ႏွစ္ သိမ္းဆည္းထားရမည္။
လက္ရွိေဆာင္ရြက္ေန႔သည္ လုပ္ငန္းအတြက္ သတ္မွတ္ထားသည့္ မွတ္တမ္းပံုစံတြင္ မွတ္တမ္း ေရးသြင္းထားရမည္။
ေနာက္ေၾကာင္းျပန္စစ္ေဆးျခင္းႏွင့္ ျပန္လည္သိမ္းဆည္းျခင္း
သီးႏွံစိုက္ပ်ိဳးထုတ္လုပ္သည့္ေနရာအား ေနာက္ေၾကာင္းျပန္စစ္ေဆးႏိုင္ရန္ အတြက္ ထုပ္ပိုးပစၥည္းမ်ားအေပၚတြင္ သိသာထင္ရွားသည့္ အမွတ္အသားႏွင့္ မွတ္ပံုတင္အမွတ္အသား ျပဳလုပ္ထားရွိရမည္။
သီးႏွံထြက္ကုန္ပစၥည္း တင္ပို႔သည့္ေနရာ၊ ပမာဏ ႏွင့္ေပးပို႔သည့္ရက္စြဲကို မွတ္တမ္းထားရွိရမည္။
သင္တန္း
ဘက္စံုသီးႏွံကာကြယ္ႏွိမ္နင္းေရးအေျခခံေသာ သင္တန္းမ်ားကိုလည္း တက္ေရာက္ထားသင့္သည္။
ေတာင္သူ၊ စားသံုးသူမ်ား၊ ကုန္သည္မ်ား၊ ပြဲစားမ်ား၊ ႏိုင္ငံျခားတင္ပို႔သူမ်ားအား ေကာင္းမြန္သည့္ စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ားကိုသိရွိေဆာင္ရြက္ႏိုင္ရန္ မိမိတို႔တာ၀န္ယူရသည့္ လုပ္ငန္းနယ္ပယ္အလိုက္ အသိပညာႏွင့္ ကၽြမ္းက်င္မႈရွိရမည္။ သို႔မဟုတ္ပါက လုပ္ငန္းဆိုင္ရာသင္တန္းမ်ားအား က်င္းပေပးရမည္။ တက္ေရာက္ခဲ့သည့္ သင္တန္းမ်ားကို မွတ္တမ္းထားရမည္။
ေဆာင္ရြက္က်င့္သံုးမႈမ်ားကို ျပန္လည္သံုးသပ္ျခင္း
ထုတ္လုပ္သူမ်ားအေနျဖင့္ က်င့္သံုးသည့္နည္းလမ္းမ်ား မွန္မႈ ရွိ/ မရွိ သိရန္ ေဆာင္ရြက္ရန္ အားလံုးကို သက္ဆိုင္ရာ ကၽြမ္းက်င္ပညာရွင္မ်ား ပါ၀င္ေသာ အဖြဲ႔မွ အနည္းဆံုး တစ္ရာသီ တစ္ႀကိမ္ ျပန္လည္သံုးသပ္ျခင္း ႏွင့္ ေဆာင္ရြက္မႈမ်ားကို မွတ္တမ္းသိမ္းဆည္းထားရမည္။
လုပ္ငန္းစတင္ေဆာင္ရြက္သည္မွ ေနာက္ဆံုးထုတ္လုပ္ျဖန္႔ျဖဴးသည္အထိ နည္းပညာရယူလိုပါက သက္ဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ မ်ားပါ၀င္ေသာ အဖြဲ႔ထံမွ အႀကံဥာဏ္မ်ား ရယူႏိုင္သည္။
တိုင္ၾကားခ်က္မ်ားရွိပါက မိမိကိုယ္တိုင္ ေျဖရွင္းေဆာင္ရြက္ရမည္ျဖစ္ၿပီး ဤေဆာင္ရြက္မႈမ်ားအတြက္ မွတ္တမ္းမ်ား ထိန္းသိမ္းထားရွိရမည္။
တစ္ကိုယ္ေရသန္႔ရွင္းျခင္းႏွင့္ လုပ္သားမ်ားဘ၀သာယာ၀ေျပာေရး
လုပ္သားမ်ားအႏၱရာယ္ကင္းေစရန္ ဓာတုေဆးမ်ားအသံုးျပဳရာတြင္ လိုက္နာက်င့္သံုးရမည့္ စည္းကမ္းခ်က္မ်ားကို ေရးသားခ်ိတ္ဆြဲၿပီး လက္ေတြ႕က်င့္သံုးႏိုင္ေရးကို ေဆာ္ၾသေပးရမည္။
လုပ္ငန္းခြင္ရွိ သိသာထင္ရွားေသာေနရာမ်ားတြင္ တစ္ကိုယ္ရည္သန္႔ရွင္းေရး ႏွင့္ ပတ္သက္သည့္ ညႊန္ၾကားခ်က္မ်ားကို ေရးသားျပသထားရမည္။ (သို႔မဟုတ္) လုပ္သားမ်ားသိရွိေအာင္ ျဖန္႔ေ၀ေပးထားရမည္။
မိလႅာေရ ႏွင့္ စြန္႔ပစ္အညစ္အေၾကးေရမ်ားကို အႏၱရာယ္မရွိေအာင္ ဂရုတစိုက္ စြန႔္ပစ္ရမည္။
လုပ္သားမ်ားက်န္းမာေရးႏွင့္ လူမႈဘ၀သာယာ၀ေျပာေရး အေလးထား ေဆာင္ရြက္ေပးသင့္သည္။
Unicode ျဖင့္ဖတ္ရန္
အစေ့ထုတ်ပြောင်း စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ (အပိုင်း – ၃)
==========================================
ရိတ်သိမ်းခြင်း နှင့် ထွက်ကုန်ပြုပြင်ခြင်း
– ပြောင်းဖူးဖက်များ အဝါရောင်သမ်းစပြုပြီး ပြောင်းဖူးအညှာကို လက်သည်းဖြင့် ခြစ်ကြည့်ပါက အမည်းရောင်အမှတ် (Black Layer) တွေ့ရှိချိန် (သို့မဟုတ်) ပြောင်းရွက်များ (၈၀ – ၉၀)% ခြောက်သွေ့ချိန် ရိတ်သိမ်းသင့်သည်။
– မရင့်မှည့်ခင် ရိတ်သိမ်းခြင်း၊ နောက်ကျ၍ ရိတ်သိမ်းခြင်း ရှောင်ရမည်။
– ရိတ်သိမ်းပြီး ချက်ချင်းဖက်ခွာ၍ (၅-၇) ရက်ခန့် နေလှန်းပြီး အစိုဓာတ်(၁၅)% ရှိချိန်တွင် စနစ်တကျခြွေပေးရမည်။ အစေ့များကို မြေကြီးနှင့် တိုက်ရိုက်မထိစေရန် ဖျာ၊ မိုးကာ၊ ကွန်ကရစ်တလင်းပေါ်တွင် ခပ်ပါးပါးဖြန့်၍ နေလှန်းအခြောက်ခံရမည်။
– ပြောင်းစေ့အရွယ်အစား၊ အရည်အသွေးနှင့် လုံးပိန်လုံးညှက်၊ ဖုန်ခဲသဲများ သန့်စင်ခြင်း လုပ်ငန်းကို စက်အားဖြင့် လည်းကောင်း၊ လူအားဖြင့်လည်းကောင်း လုပ်ဆောင်သင့်သည်။ အစေ့များအစိုဓာတ် (၁၂%) ရှိချိန် သန့်စင်ပြီး လေလုံအိတ်များ၊ သံပုံများဖြင့် စနစ်တကျ သိုလှောင်ရမည်။
သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း
ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့်အရာများ ထည့်သွင်းအသုံးပြုထားသည့် ထုပ်ပိုးခွံများဖြင့် ထွက်ကုန်သီးနှံများ ထည့်သွင်းသိုလှောင်ခြင်းမပြုရ။
သန့်စင်ပြီး အစေ့များကို အမြဲတမ်းသိုလှောင်ရုံမရှိပါက အထူးသိုလှောင်အိတ် (Super Bag) လေလုံအိတ်များ၊ သံပုံးများဖြင့် စနစ်တကျ သိုလှောင်ရမည်။
အဆင့်အတန်းခွဲခြား၍ ထုပ်ပိုးထားသည့် သီးနှံများကို စနစ်တကျ အဆင့်လိုက် သိုလှောင်ရမည်။
အစေ့ထုတ်ပြောင်းအိတ်များကို နံရံ၊ ကြမ်းပြင် နှင့် တိုက်ရိုက်ထိတွေ့မှုမရှိစေရန် ဝါးကပ် (သို့) သစ်သားအခင်းများ ခင်းပေးသင့်သည်။
ခြောက်သွေ့ရာသီတွင် အစိုဓာတ် (၆၀%) နှင့် အပူချိန် (၂၅ – ၃ဝံC) ဒီဂရီစင်တီဂရိတ် ရှိသောအခြေအနေ၌ သိုလှောင်သင့်သည်။
သိုလှောင်ပိုးများကာကွယ်ရန်အတွက် သိုလှောင်ကာလအတွင်း သတ်မှတ်ဆေး အမျိုးအစားအား သတ်မှတ်နှုန်းထားအတိုင်း သုံးရမည်။
သိုလှောင်ရာ၌ အစေ့ထိုးပိုးသည် ဆိုးရွာစွာ ကျရောက်ဖျက်ဆီးတတ်၍ ပြောင်းစေ့တစ်တင်းလျှင် မဖောက်ထုံးမှုန့် နို့ဆီဗူး (၄) ဗူးဖြင့် သမအောင် မွှေပြီး စနစ်တကျ သိုလှောင်ရမည်။
ပြည်ပသို့ တင်ပို့ရန်အတွက် ပြောင်းအိတ်များကို (၂) လတစ်ကြိမ် အဆိပ်ငွေ့ဆေးဖြင့် မှိုင်းတိုက်ခြင်း (သို့ ) CO2gas ကို စက်ဖြင့် မှုတ်သွင်းခြင်းဖြင့် ပိုးမကျရန် ဆောင်ရွက်ရမည်။
လောင်စာဆီ၊ ပိုးသတ်ေဆေး နှင့် ဓာတ်မြေသြဇာများကို ထွက်ကုန်များ နှင့် ရောနှောသိုလှောင်ခြင်း မပြုရ။
နိုင်ငံခြားသို့ တင်ပို့မည်ဆိုပါက တင်ပို့မည့်နိုင်ငံအလိုက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီရန် သိုလှောင်ကာလအတွင်း သိုလှောင်ပိုးကာကွယ်ဆေးများ အသုံးပြုရာ၌ ညွှန်ကြားချက်များကို လိုက်နာရမည်။
သယ်ယူပို့ဆောင်မည့် ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု ၊ ဓာတုဆေး ဖိတ်စင်မှု အခြားပစ္စည်းများ နှင့် ပိုးမွှားကျရောက်မှု ရှိ/ မရှိကို စစ်ဆေးရမည်။
ထွက်ကုန်များကို ဓါတု၊ ဇီဝဗေဒ နှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှု အန္တရာယ်ဖြစ်စေရန် အလားအလာရှိသော ကုန်ပစ္စည်းများ နှင့် သီးခြားခွဲ၍ သယ်ဆောင်ရမည်။
Aflatoxin ကျရောက်မှု မရှိစေရန် ပြောင်းစေ့၏ အစိုဓာတ် ၁၁- ၁၂% အတွင်း ရှိရမည်ဖြစ်ပြီး အေး၍ ခြောက်သွေ့သန့်ရှင်းသော နေရာတွင် သိုလှောင်ရမည်။
အဆောက်အဦးများ ဆောက်လုပ်ခြင်း
အဆောက်အဦးများကို တိရစ္ဆာန်များထားသော နေရာ၊ မြေဆွေးထားသောနေရာ တိရစ္ဆာန်အစာများ ထားသောနေရာနှင့် ဝေးသည့်နေရာများတွင် တည်ဆောက်ရမည်။
အဆောင်အဦးကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးများဖိတ်စင်မှု၊ အခြားပစ္စည်းများ နှင့် ပိုးမွှားကျရောက်မှုစသည်တို့ ရှိ/ မရှိကို စစ်ဆေးပြီး သန့်စင်အောင် ပြုလုပ်ရမည်။
အစေ့ထုတ်ပြောင်းသိုလှောင်ရန် အဆောက်အဦးသည် လေဝင်လေထွက်ကောင်းပြီး ငှက်များ၊ ကြွက်များ နှင့် အခြားဖျက်ပိုးများ မဝင်ရောက်စေရန် ပြုပြင် ထားရမည်။
တိရိစ္ဆာန် နှင့် ဖြတ်ပိုးများထိန်းချုပ်ခြင်း
ထွက်ကုန်များ ကိုင်တွယ်ပြုပြင်၊ ထုတ်ပိုးသိုလှောင်သည့်နေရာနှင့် အနီးတစ်ဝိုက်တွင် အင်းဆက်ဖျက်ပိုးများ မရှိစေရန် အတွက် ကြိုတင်စီမံကာကွယ်ထားရမည်။
ထွက်ကုန်များ နှင့် ထုပ်ပိုးခွံများကို ညစ်ညမ်းမှု အန္တရာယ် အနည်းဆုံးဖြစ်စေရန်အတွက် မျှားစာများ၊ ထောင်ခြောက်များကို သတ်မှတ်နေရာတွင် ထားရှိပြီး မှတ်သားထားရမည်။
အထောက်အထား နှင့် မှတ်တမ်းများ
ထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နှင့် ပါတ်သက်သည့် မှတ်တမ်းများကို လုပ်ငန်းစတင်ဆောင်ရွက်ချိန်မှ ရိတ်သိမ်း ချွေလှေ့၊ သိုလှောင်သည်အထိအနည်းဆုံး (၂) နှစ် သိမ်းဆည်းထားရမည်။
လက်ရှိဆောင်ရွက်နေ့သည် လုပ်ငန်းအတွက် သတ်မှတ်ထားသည့် မှတ်တမ်းပုံစံတွင် မှတ်တမ်း ရေးသွင်းထားရမည်။
နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်း
သီးနှံစိုက်ပျိုးထုတ်လုပ်သည့်နေရာအား နောက်ကြောင်းပြန်စစ်ဆေးနိုင်ရန် အတွက် ထုပ်ပိုးပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင်အမှတ်အသား ပြုလုပ်ထားရှိရမည်။
သီးနှံထွက်ကုန်ပစ္စည်း တင်ပို့သည့်နေရာ၊ ပမာဏ နှင့်ပေးပို့သည့်ရက်စွဲကို မှတ်တမ်းထားရှိရမည်။
သင်တန်း
ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးအခြေခံသော သင်တန်းများကိုလည်း တက်ရောက်ထားသင့်သည်။
တောင်သူ၊ စားသုံးသူများ၊ ကုန်သည်များ၊ ပွဲစားများ၊ နိုင်ငံခြားတင်ပို့သူများအား ကောင်းမွန်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကိုသိရှိဆောင်ရွက်နိုင်ရန် မိမိတို့တာဝန်ယူရသည့် လုပ်ငန်းနယ်ပယ်အလိုက် အသိပညာနှင့် ကျွမ်းကျင်မှုရှိရမည်။ သို့မဟုတ်ပါက လုပ်ငန်းဆိုင်ရာသင်တန်းများအား ကျင်းပပေးရမည်။ တက်ရောက်ခဲ့သည့် သင်တန်းများကို မှတ်တမ်းထားရမည်။
ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း
ထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးသည့်နည်းလမ်းများ မှန်မှု ရှိ/ မရှိ သိရန် ဆောင်ရွက်ရန် အားလုံးကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော အဖွဲ့မှ အနည်းဆုံး တစ်ရာသီ တစ်ကြိမ် ပြန်လည်သုံးသပ်ခြင်း နှင့် ဆောင်ရွက်မှုများကို မှတ်တမ်းသိမ်းဆည်းထားရမည်။
လုပ်ငန်းစတင်ဆောင်ရွက်သည်မှ နောက်ဆုံးထုတ်လုပ်ဖြန့်ဖြူးသည်အထိ နည်းပညာရယူလိုပါက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များပါဝင်သော အဖွဲ့ထံမှ အကြံဉာဏ်များ ရယူနိုင်သည်။
တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဤဆောင်ရွက်မှုများအတွက် မှတ်တမ်းများ ထိန်းသိမ်းထားရှိရမည်။
တစ်ကိုယ်ရေသန့်ရှင်းခြင်းနှင့် လုပ်သားများဘဝသာယာဝပြောရေး
လုပ်သားများအန္တရာယ်ကင်းစေရန် ဓာတုဆေးများအသုံးပြုရာတွင် လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များကို ရေးသားချိတ်ဆွဲပြီး လက်တွေ့ကျင့်သုံးနိုင်ရေးကို ဆော်သြပေးရမည်။
လုပ်ငန်းခွင်ရှိ သိသာထင်ရှားသောနေရာများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေး နှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရေးသားပြသထားရမည်။ (သို့မဟုတ်) လုပ်သားများသိရှိအောင် ဖြန့်ဝေပေးထားရမည်။
မိလ္လာရေ နှင့် စွန့်ပစ်အညစ်အကြေးရေများကို အန္တရာယ်မရှိအောင် ဂရုတစိုက် စွန့်ပစ်ရမည်။
လုပ်သားများကျန်းမာရေးနှင့် လူမှုဘဝသာယာဝပြောရေး အလေးထား ဆောင်ရွက်ပေးသင့်သည်။
The post အေစ့ထုတ္ေျပာင္း စိုက္ပ်ိဳးနည္းဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား (အပိုင္း – ၃) appeared first on Myanmar Farmers' Portal.