Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠ကော်ဖီပင်စိုက်ပျိုး⁠ပြုစုနည်း (အပိုင်း-၃)

$
0
0

၁၁။ အရိပ်ပင် စိုက်ပျိုးခြင်း

ကော်ဖီကြီးထွားမှုအတွက်လည်းကောင်း၊ အပွင့်အသီးများပွင့်သီးရန်အတွက်လည်းကောင်း၊အကိုင်းအားလုံးသည့်နေရာကိုထိတွေ့ ရန်နှင့်   လေ၀င်လေထွက်ကောင်းမွန်ရန်လိုအပ်သည်။ သို့ရာတွင် နွေရာသီတွင်မြင့်မားသောအပူချိန်ဓာတ်မှ ကာကွယ်ပေနိုင်ရန်အတွက် အရိပ်ပင် စိုက်ပျိုးပေးရသည်။ အရိပ်ပင်သည်နွေရာသီတွင်ရွက်အုပ်ကောင်းတက်အောင် ပုံသွင်းပြုပြင်ယူနိုင်သည့် အရိပ်ပင်မျိုးဖြစ်ရန် လိုအပ်သဖြင့် ဘောစကိုင်းသည် ကော်ဖီအရိပ်ပင်အဖြစ် အသင့်တော်ဆုံးဖြစ်ပါသည်။

အရိပ်ပင်ကို ကော်ဖီပင် မစိုက်မီတစ်နှစ်ခန့်ကြို၍ စိုက်ပျိုးရသည်။ စိုက်ပျိုးရာတွင် ကော်ဖီပင်(၂)တန်းခြားတွင်အရိပ်ပင်တစ် တန်းစိုက်ပျိုး ရသည်။

ကော်ဖီစိုက်ခင်းတွင်လေ၀င် လေထွက်ကောင်းမွန်ရန် လိုအပ်သည့်အတွက် အရိပ်ပင်များတွင် အကျိုးမသက်ရောက်နိုင်သည့် အကိုင်း များကို အမြဲဖြတ်တောက်ရှင်းလင်းပေးရသည်။ မိုးဦးကျမေလတွင် တစ်ကြိမ်၊ မိုးကုန်ညပီး စက်တင်ဘာလတွင် တစ်ကြိမ် ၊ အရပ် အပင် တိုင်းကို အလယ်ကိုင်းတစ်ကိုင်းစီသာ ချန်လှပ်၍ အခြားကိုင်းများအားလုံးကို ခုတ်ပေးရသည်။

၁၂။ စိုက်ခင်းပေါင်းရှင်းခြင်း

အနည်းဆုံး မိုးကုန်သောလတွင် တစ်ကြိမ် ပေါင်းရှင်းပေးရသည်။ လက်ဖြင့်ဖြစ်စေ၊ နွားထွန်ဖြင့်ဖြစ်သေ၊ တန်းကြားပေါင်းလိုက်ပေး ရသည်။ ရှင်းလင်းရရှိသောပေါင်းမြတ်များကို အစိုဓာတ် ထိန်းသိမ်းရန်အတွက် စိုက်ခင်းတွင် ချန်ထားခဲ့နိုင်သည်။

ပင်ခြေပေါင်းရှင်းခြင်းနှင့် တန်းကြားပေါင်းရှင်းခြင်းတို့ကို တစ်နှစ် (၃)ကြိမ်၊ (၄)လ တစ်ကြိမ်ပြုလုပ်ပေးရပါသည်။

၁၃။ ဓာတ်မြေသြဇာကျွေးခြင်း

အကြမ်းအားဖြင့် အသီးအသီးမတင်သေးမီ အပင်ငယ်စဉ်တွင် နိုက်တြိုဂျင်ဖော့စဖရိပ်နှင့် ပိုတက်စီယံဓာတ်များကို ဆတူထည့်ပေးရန် လိုအပ်ပြီးစတင်သီးပွင့်သည့်နှစ်မှစ၍ ပိုတက်စီယံပိုမိုထည့်ပေးရသည်။ သတ်မှတ်ဓာတ်မြေသြဇာနှုန်းကို မိုးဦးကျခါစ မေလတွင် (၁)ကြိမ်၊ သြဂုတ်/စက်တင်ဘာလတွင် (၁)ကြိမ်ဖြင့် (၂)ကြိမ်ခွဲ၍ ထည့်သွင်းရသည်။ အပင်သက်တမ်းအလိုက် တစ်ပင်အတွက်ထည့်သွင်းရမည့် ဓာတ်မြေသြဇာနှုန်းထားမှာ အောက်ပါအတိုင်းဖြစ်သည်။

အပင်သက်တမ်း          တစ်ပင်အတွက်           နှုန်းထား         (နို့ဆီဗူး)

ယူရီးယား               တီစူပါ            ပိုတက်

ပထမနှစ်နှင့်ဒုတိယနှစ်          ၁/၄                         ၁/၄               ၁/၈

တတိယနှစ်နှင့်အထက်           ၁                             ၁                  ၁ ၁/၂

ဓာတ်မြေသြဇာ ထည့်သွင်းရာတွင် (၁)နှစ်နှင့် (၂)နှစ်သား အပင်ငယ်များအတွက် ပင်ခြေမှ (၁၀)လက်မ အကွာပတ်ပတ်လည်တွင် (၂)လက်မခန့် အနက်မြောင်းတူးလျက် အထက်ပါနှုန်းအတိုင်းရောထားသည့် ဓာတ်မြေသြဇာကို ညီမျှအောင်ဖြန့်ထည့်ပြီး မြေပြန် ဖုံးပေးရသည်။ အပင်ကြီးများအတွက်အပင်ခြေမှ (၁၈)လက်မ အကွာပတ်ပတ်လည်တွင် အထက်ပါအတိုင်းထည့်သွင်းပေးရမည်။

၁၄။ ပိုးမွှားရောဂါ ကာကွယ်ခြင်း

ကော်ဖီစိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု နည်းပါးပါသည်။ သို့ရာတွင် ပရစ်၊ နှံကောင်များ ကျရောက်တတ်ပြီး၊ အရွက်များတွင် Scale Insects များ Gray Mealy Bugs များနှင့် အသီးများတွင် အသီးထိုးပိုးများ ကျရောက်တတ်ပါသည်။ ကျရောက်သောပိုးကောင်များနှင့် အပင်အစိတ်အပိုင်းကို ကောက်ယူစုပုံ မီးရှို့ပစ်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ရောဂါအနေဖြင့် ကော်ဖီ သံချေးရောဂါ (Coffee Rust) နှင့် အကိုင်းခြောက်သေရောဂါ (Die back) တို့ ကျရောက်တတ်ပါသည်။ ကော်ဖီသံချေးရောဂါမှာ လေထုအစိုဓာတ် များပြားချိန်တွင်  ဖြစ်ပေါ် တတ်ပါသည်။ ကျရောက်စတွင် အရွက်အပေါ်ဘက် မျက်နှာတွင် အ၀ါရောင်သန်းသော အပြောက်ငယ်စတင်ဖြစ်ပေါ်ပြီး တဖြည်းဖြည်း ကြီး၍ လိမ္မော်ရောင်ပြောင်းလာသည်။ ယင်းရောဂါပွားများလာပါက ၊အရွက်၏ အောက်မျက်နှာသို့ပြန့်နှံ့လာတတ်သည်။

ကော့ပါးနော်ဒေါ့ဆေး သို့မဟုတ် ဘော်ဒိုဆေးရည် ၅း၅း၅၀ နှုန်းဖြင့်  ၃ပတ်ခြားတစ်ကြိမ်ပက်ဖျန်း ကာကွယ်နိုင်သည်။

ကိုင်းခြောက်သေရောဂါ(Die back) မှာအကိုင်းများ ကိုင်းတက်များ အဖျားများတဖြည်းဖြည်းခြောက်ပြီးတစ်ကိုင်း လုံးခြောက်သေရောဂါ    ဖြစ်ပါသည်။ တစ်ပင်တည်းမှာ အသီးသီးလွန်ကဲသောကြောင့်လည်းကောင်း၊ နိုင်တြိုဂျင်ဓာတ်ချို့တဲ့၍လည်းကောင်း  ဖြစ်တတ်သည်။   အောက်ပါနည်းများဖြင့် ကာကွယ်နိုင်သည်။

(က) နှစ်စဉ် တစ်ပင်ချင်းမှ အသီးကိုပုံမှန်ခံယူခြင်း

(ခ) နိုက်ထရိုဂျင်ဓာတ် မြေသြဇာပိုမိုထည့်ကျွေးခြင်း

(ဂ) ကော့ပါးနိုဒေါ့ဆေးပက်ဖြန်းခြင်း

ကော်ဖီပင်တွင်ကျရောက်တက်သည့် အခြားရောဂါများဖြစ်သည့် ခါးရိရောဂါ၊ ကော်ဖီသီးရှုံ့ရောဂါ၊ အမြစ်နီမတုပ်ရောဂါများကို အောက်ပါ  ဇယားများတွင် ပါသောကာကွယ်နှိမ်နင်းနည်းကို အသုံးပြု၍ နှိမ်နင်းနိုင်ပါသည်။

ကော်ဖီပင်တွင် ကျရောက်သော

စဉ်

ရောဂါအမည်

ကျရောက်ပုံ

၁။

– ပျိုးခင်းအဆင့် ပျိုးပင်များခါးရိပုပ်၍၀ါပြီး ညှိုးလာသည်။
    ခါးရိရောဂါ  
  – စိုက်ခင်းအဆင့် အရွက်အောက်မျက်နှာပြင် လိမ္မော်ရောင်
    ကော်ဖီသံချေးရောဂါ အပြောက်များပေါ်လာကာ အညိုရောင်သို့ပြောင်းလဲသွားသည်။
     

၂။

– ကိုင်းခြောက်သေရောဂါ ကိုင်းဖျားမှ စတင် ခြောက်၍သေသွားသည်။

၃။

– ကော်ဖီသီးရှုံ့ရောဂါ ကော်ဖီသီးများညိုမည်း၍ ပုံပျက်ပြီး
    ရှုံ့တွလာသည်။

၎။

– အမြစ်နီမတုပ် ရောဂါ အမြစ်တွင် ကျပါက အပင်များဝါ၍
    ပုကျစ်နေသည်။

 

ရောဂါများနှင့် ကာကွယ်နှိမ်နင်းရန်။

ဆေးအမည်

တစ်ဧက ဆေးနှုန်းထား

ဘော်ဒိုဆေးရည် ၅း၅း၅၀ အား ရေ ၁၀၀-ဂါလံနှင့် ရောစပ်
  ပတ်ဖျန်းပါ။
ဘော်ဒိုဆေးရည် ၅း၅း၅၀ အား ရေ ၁၀၀-ဂါလံနှင့်   ရောစပ်၍
  မိုးကြို မိုးနှောင်း တစ်ကြိမ်စီဖျန်းပါ။
ဘော်ဒိုဆေးရည် ၅း၅း၅၀ အား ရောဂါလံ ၁၀၀-နှင့်   ရောစပ်ပတ်ဖျန်းပါ။
   
မီသိုင်းဗရိုဗိုဒ် ဆေး ၄၀-မီလီလီတာ အားမြေတွင် အငွေ့မှိုင်းတိုက်ပေးပါ။
   

 

ကော်ဖီပင်တွင် ကျရောက်သော

 

ပိုးမွှားအမည်

ကျရောက်ပုံ

၁။ – ပျိုးခင်းအဆင့်  
    ပင်ဖြတ်ပိုး အပင်ငယ် ပင်စည် ကိုက်ဖြတ်သည်။
၂။   ပရစ် အမြစ်ကို ကိုက်ဖြတ်သည်။
     
  – စိုက်ခင်းအဆင့်  
၁။ ဦးမင်တိုနှံကောင် အရွက်ကို ကိုက်ဖြတ်စားသည်။
၂။ ရွက်စားခူကောင် အရွက်ကို ကိုက်ဖြတ်စားသည်။
၃။ ပင်စည်ဖောက်ပိုး(၃)မျိုး  
  အကိုင်းဖောက်ပိုး ကိုင်းနုများတွင် ဖောက်ထွင်းဖျက်ဆီးသည်။
  ပင်စည်ဖောက်ပိုး အဖြူ ပင်မကိုင်းနှင့်ပင်စည်ကို ဖောက်ထွင်း
  ပင်စည်ဖောက်ပိုး အနီ ဖျက်ဆီးသည်။
၎။ ဖိုးလမင်းကျိုင်း အမြစ်ကို စားသည်။
၅။ ကော်ဖီသီးဖောက်ပိုး ကော်ဖီသီးငယ်များတွင် ဖောက်ထွင်း
    စားသောက်သည်။

မှတ်ချက်။        ။ ဆေးရည်တစ်အောင်စ =

ရေ ၄-ဂါလံ                =

ရေ ၁-ဂါလံ                =

ဆေးအမည်

တစ်ဧက ဆေးနှုန်းထား

ဒိုင်ယာဇီနွန် ၄၀% ဆေးရည် ၂၁-အောင်စကို ရေဂါလံ၆၀ မှ
  ၇၀ထိ ဖော်စပ်ပြီး ဖျန်းပါ။
အော်ဒရင်း ၂.၅% ပျိုးစေ့တတင်း၊ဆေးနို့ဆီဗူး (၆-၈)ဗူးနှင့်
  လူးနယ်စိုက်ပါ။
အင်ဒရင်း ၁၉% တစ်ဧကဆေးရည်တစ်ပုလင်းကိုရေ(၈၀)
  ဂါလံရောဖျန်းပါ။
ဒိုင်ယာဇီနွန် ၄၀% ဆေးရည် ၃၀-အောင်စအား ရေ ၁၀၀ဂါလံ
  နှင့်ရောပတ်ဖျန်းပါ။
အယ်ဆန် ၅၀% ဆေး (၁၁-၁၆) အောင်စရေ ၅၅-ဂါလံနှင့်
  ရော မြေကြီးပါဖျန်းပေးပါ။
မာလာသီယွန် ၉၀% ရေ (၈၀) ဂါလံနှင့် ဆေးရည်တစ်ပုလင်း
  ရောစပ်၍ ပန်းမပွင့်မီ တစ်ကြိမ်နှင့် အပွင့်
  ကြွေပြီး ၂ပတ်အကြာတွင် တစ်ကြိမ်
  ဖျန်းပါ။

စားပွဲစားဇွန်း (၂)ဇွန်း

ရေနံဆီပုံးကြီး(၁)ပုံး

ရေနံဆီပုလင်းကြီး (၆)ပုလင်း

 

 

 

 

 

 

 

The post ⁠ကော်ဖီပင်စိုက်ပျိုး⁠ပြုစုနည်း (အပိုင်း-၃) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ