Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

အမဲတံစို႔ အေၾကာင္းသိေကာင္းစရာ

$
0
0

မန္မာအမည္ – အမဲတံစို႔ ပင္

အဂၤလိပ္အမည္          – LION’S EAR; LION’S TAIL

ရုကၡေဗဒအမည္         – LEONOTIS NEPETIFOLIA

မ်ိဳးရင္း                    – LABIATAE

ပံုသ႑ာန္

တႏွစ္ခံ အပင္ငယ္မ်ိဳး ျဖစ္သည္။ ပင္စည္ေလးေထာင့္ပံုရွိၿပီး အေမႊးႏုကေလးမ်ားရွိ၏။ ပင္စည္ရိုးတံတြင္  အရြက္ႀကီး (၂) ရြက္၊ အရြက္ေသး (၄) ရြက္ မ်က္ႏွာခ်င္းဆိုင္ အလွည့္က် ထြက္၏။ အရြက္မ်ား ရြက္ရင္းပိုင္း က်ယ္ၿပီး ရြက္ဖ်ားပိုင္းသို႔ သြယ္သြား၏။ အရြက္မ်ား ရြက္ရင္းပိုင္းက်ယ္ၿပီး၊ ရြက္ဖ်ားပိုင္းသို႔ သြယ္သြား၏။ သနပ္ပစၥည္းရြက္ႏွင့္ ဆင္ဆင္တူ၏။ ရြက္ျပားတြင္ အေမြးႏုေလးမ်ား ရွိၿပီး ရြက္နားတြင္ ေခြးသြားစိတ္ ကေလးမ်ား ပါရွိ၏။ ရြက္ညွာရွည္၏။ ေႏြရာသီေရာက္ေသာ အခါ အရြက္မ်ား ေၾကြက်သြား၏။ အပင္၏ ရိုးတံရွိ အဆစ္တို႔တြင္ ဆူးမ်ားပါသည့္ ပြင့္ခိုင္မ်ား အဆင့္ဆင့္ ပြင့္၏။ အပြင့္ခိုင္တြင္ လိေမၼာ္ေရာင္ ပန္းပြင့္ေလးမ်ားပြင့္၏။ ေႏြရာသီတြင္ အရြက္မ်ားေၾကြက်ၿပီး အမဲတံစို႔ ထိုးထားသကဲ့သို႔ရိုးတံတြင္ ပြင့္ခိုင္ အေျခာက္မ်ား ခိုင္ၿမဲစြာက်န္ရွိ၏။

စိုက္ပ်ိဳးသည့္ေဒသ

ျမန္မာျပည္ အပူပိုင္းေဒသ ေျမျပန္႔လြင္ျပင္၊ ေနရာ အႏွံ႔အျပား တြင္ ေပါက္ေရာက္သည္။

ေရေျမရာသီဥတု

စိုက္ပ်ိဳးႏိုင္သည့္ ေျမ အားလံုး ေျမမေရြး စိုက္ပ်ိဳးေပါက္ေရာက္ႏိုင္သည္။ အပူပိုင္းေဒသ၊ အထူးသျဖင့္ မိုးေရခ်ိန္ (၄၀) လက္မမွ (၈၀) လက္မအတြင္း ရြာသြန္းေသာေဒသတြင္ ပိုမို ျဖစ္ထြန္းသည္။

ေျမျပဳျပင္နည္း

ထယ္ (၁)စပ္၊ ထြန္ (၄)စပ္ ျဖင့္ လံုေလာက္သည္။

ပ်ိဳးေထာင္နည္း

ပ်ိဳးေသတၱာ အတြင္း၊ အေစ့ကို ပ်ိဳးေထာင္ၿပီး အပင္ေပါက္၍ တစ္လက္မခြဲခန္႔ ရွိေသာ အခ်ိန္တြင္ ပလတ္စတစ္အိတ္၊ ၀ါး ဆစ္ဘူးမ်ားအတြင္း ေျပာင္းေရႊ႔စိုက္ပ်ိဳး၍ တလခြဲခန္႔ရွိေသာအခ်ိန္တြင္ ေျမခ်စိုက္ပ်ိဳးသင့္သည္။

စိုက္ပ်ိဳးနည္း

က်ယ္က်ယ္ျပန္႔ျပန္႔စိုက္ပ်ိဳးပါက တပင္ႏွင့္တပင္ (၁)ေပပတ္လည္ထား၍ စိုက္ပ်ိဳးသင့္သည္။ (၁) ေပျခားစိုက္ ေဘာင္ေလးမ်ားေပၚတြင္ ေဘာင္ထိပ္တြင္ စိုက္ၿပီး ေရေပးသြင္းရသည္။

ေျမၾသဇာေကၽြးနည္း

စိုက္ခင္းေျမညံ့က သဘာ၀ေျမၾသဇာ ႏွင့္ သစ္ရြက္ေဆြးေျမၾသဇာ မစိုက္မီ ထည့္ေပးသင့္သည္။

မ်ိဳးပြားနည္း

အေစ့မွ တိုက္ရိုက္စိုက္ပ်ိဳး မ်ိဳးပြားႏိုင္သည္။

တဧကမ်ိဳးေစ့ ႏွင့္အပင္ႏႈန္း

တဧကလွ်င္ အပင္ေပါက္း (၄၃၅၆၀) အပင္ခန္႔ စိုက္ပ်ိဳးႏိုင္သည္။

ေရသြင္းနည္း

စိုက္ခင္းတြင္ အပင္စိုက္ၿပီး ပင္တန္းစိုက္ေဘာင္ၾကားတြင္ စိုက္ေရေပးသြင္းရသည္။ ပန္းပြင့္စံုခ်ိန္တြင္ တႀကိမ္ ထပ္မံေရေပးသြင္းပါက ပို၍ ေကာင္းမြန္သည္။

အပင္ျပဳစုနည္း

ေရသြင္းၿပီး ေျမ အေလာေတာ္ ခ်ိန္တြင္ၾကားလိုက္ေပးရန္ လိုသည္။ ပင္သက္ (၁) ႏွစ္အတြင္း အခါ အားေလွ်ာ္စြာ ေပါင္းသင္ေပးရန္ လိုသည္။

က်ေရာက္တတ္ေသာ ပိုးမႊားမ်ား ႏွင့္ ကာကြယ္နည္း

ထိခိုက္ပ်က္စီးေအာင္ က်ေရာက္ဖ်က္ဆီးမႈ မရွိေသးပါ။

ႏုတ္သိမ္းျခင္း

အမဲတံစို႔ ပင္မ်ားအား ပဥၨငါးပါး (တပင္လံုး) ပါေအာင္ႏုတ္ယူ၍ အသံုးျပဳသည္။

အထြက္ႏႈန္း

တစ္ဧကလွ်င္ အမဲတစို႔ ပဥၨငါးပါးေျခာက္အၾကမ္းအားျဖင့္ ပိႆာ (၈၀ – ၁၀၀) အထိရရွိႏိုင္သည္။

မ်ိဳးခံယူနည္း

အပင္ေျခာက္မွ အေစ့ကို ထုတ္ယူၿပီး မ်ိဳးအျဖစ္ သံုးႏိုင္သည္။

သိုေလွာင္နည္း

ႏုတ္သိမ္းၿပီး ပဥၨငါးပါးကို အရိပ္ေအာက္တြင္ ေျခာက္ေစပါက အာနိသင္ ပိုမိုထက္ျမက္သည္ဟု ဆိုသည္။

အသံုးျပဳနည္း

အမဲတံစို႔ကို သူငယ္နာ ေပါင္းခ်ဳပ္ေဆး၊ ေလေဆး၊ ေသြးေဆးမ်ားေဖာ္စပ္ရာတြင္ ထည့္သြင္းအသံုးျပဳသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

အမဲတံစို့ အကြောင်းသိကောင်းစရာ

မြန်မာအမည် – အမဲတံစို့
အင်္ဂလိပ်အမည် – LION’S EAR; LION’S TAIL
ရုက္ခဗေဒအမည် – LEONOTIS NEPETIFOLIA
မျိုးရင်း – LABIATAE
ပုံသဏ္ဍာန်
တနှစ်ခံ အပင်ငယ်မျိုး ဖြစ်သည်။ ပင်စည်လေးထောင့်ပုံရှိပြီး အမွှေးနုကလေးများရှိ၏။ ပင်စည်ရိုးတံတွင် အရွက်ကြီး (၂) ရွက်၊ အရွက်သေး (၄) ရွက် မျက်နှာချင်းဆိုင် အလှည့်ကျ ထွက်၏။ အရွက်များ ရွက်ရင်းပိုင်း ကျယ်ပြီး ရွက်ဖျားပိုင်းသို့ သွယ်သွား၏။ အရွက်များ ရွက်ရင်းပိုင်းကျယ်ပြီး၊ ရွက်ဖျားပိုင်းသို့ သွယ်သွား၏။ သနပ်ပစ္စည်းရွက်နှင့် ဆင်ဆင်တူ၏။ ရွက်ပြားတွင် အမွေးနုလေးများ ရှိပြီး ရွက်နားတွင် ခွေးသွားစိတ် ကလေးများ ပါရှိ၏။ ရွက်ညှာရှည်၏။ နွေရာသီရောက်သော အခါ အရွက်များ ကြွေကျသွား၏။ အပင်၏ ရိုးတံရှိ အဆစ်တို့တွင် ဆူးများပါသည့် ပွင့်ခိုင်များ အဆင့်ဆင့် ပွင့်၏။ အပွင့်ခိုင်တွင် လိမ္မော်ရောင် ပန်းပွင့်လေးများပွင့်၏။ နွေရာသီတွင် အရွက်များကြွေကျပြီး အမဲတံစို့ ထိုးထားသကဲ့သို့ရိုးတံတွင် ပွင့်ခိုင် အခြောက်များ ခိုင်မြဲစွာကျန်ရှိ၏။
စိုက်ပျိုးသည့်ဒေသ
မြန်မာပြည် အပူပိုင်းဒေသ မြေပြန့်လွင်ပြင်၊ နေရာ အနှံ့အပြား တွင် ပေါက်ရောက်သည်။
ရေမြေရာသီဥတု
စိုက်ပျိုးနိုင်သည့် မြေ အားလုံး မြေမရွေး စိုက်ပျိုးပေါက်ရောက်နိုင်သည်။ အပူပိုင်းဒေသ၊ အထူးသဖြင့် မိုးရေချိန် (၄၀) လက်မမှ (၈၀) လက်မအတွင်း ရွာသွန်းသောဒေသတွင် ပိုမို ဖြစ်ထွန်းသည်။
မြေပြုပြင်နည်း
ထယ် (၁)စပ်၊ ထွန် (၄)စပ် ဖြင့် လုံလောက်သည်။
ပျိုးထောင်နည်း
ပျိုးသေတ္တာ အတွင်း၊ အစေ့ကို ပျိုးထောင်ပြီး အပင်ပေါက်၍ တစ်လက်မခွဲခန့် ရှိသော အချိန်တွင် ပလတ်စတစ်အိတ်၊ ဝါး ဆစ်ဘူးများအတွင်း ပြောင်းရွှေ့စိုက်ပျိုး၍ တလခွဲခန့်ရှိသောအချိန်တွင် မြေချစိုက်ပျိုးသင့်သည်။
စိုက်ပျိုးနည်း
ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးပါက တပင်နှင့်တပင် (၁)ပေပတ်လည်ထား၍ စိုက်ပျိုးသင့်သည်။ (၁) ပေခြားစိုက် ဘောင်လေးများပေါ်တွင် ဘောင်ထိပ်တွင် စိုက်ပြီး ရေပေးသွင်းရသည်။
မြေသြဇာကျွေးနည်း
စိုက်ခင်းမြေညံ့က သဘာဝမြေသြဇာ နှင့် သစ်ရွက်ဆွေးမြေသြဇာ မစိုက်မီ ထည့်ပေးသင့်သည်။
မျိုးပွားနည်း
အစေ့မှ တိုက်ရိုက်စိုက်ပျိုး မျိုးပွားနိုင်သည်။
တဧကမျိုးစေ့ နှင့်အပင်နှုန်း
တဧကလျှင် အပင်ပေါက်း (၄၃၅၆၀) အပင်ခန့် စိုက်ပျိုးနိုင်သည်။
ရေသွင်းနည်း
စိုက်ခင်းတွင် အပင်စိုက်ပြီး ပင်တန်းစိုက်ဘောင်ကြားတွင် စိုက်ရေပေးသွင်းရသည်။ ပန်းပွင့်စုံချိန်တွင် တကြိမ် ထပ်မံရေပေးသွင်းပါက ပို၍ ကောင်းမွန်သည်။
အပင်ပြုစုနည်း
ရေသွင်းပြီး မြေ အလောတော် ချိန်တွင်ကြားလိုက်ပေးရန် လိုသည်။ ပင်သက် (၁) နှစ်အတွင်း အခါ အားလျှော်စွာ ပေါင်းသင်ပေးရန် လိုသည်။
ကျရောက်တတ်သော ပိုးမွှားများ နှင့် ကာကွယ်နည်း
ထိခိုက်ပျက်စီးအောင် ကျရောက်ဖျက်ဆီးမှု မရှိသေးပါ။
နုတ်သိမ်းခြင်း
အမဲတံစို့ ပင်များအား ပဉ္ဇငါးပါး (တပင်လုံး) ပါအောင်နုတ်ယူ၍ အသုံးပြုသည်။
အထွက်နှုန်း
တစ်ဧကလျှင် အမဲတစို့ ပဉ္ဇငါးပါးခြောက်အကြမ်းအားဖြင့် ပိဿာ (၈၀ – ၁၀၀) အထိရရှိနိုင်သည်။
မျိုးခံယူနည်း
အပင်ခြောက်မှ အစေ့ကို ထုတ်ယူပြီး မျိုးအဖြစ် သုံးနိုင်သည်။
သိုလှောင်နည်း
နုတ်သိမ်းပြီး ပဉ္ဇငါးပါးကို အရိပ်အောက်တွင် ခြောက်စေပါက အာနိသင် ပိုမိုထက်မြက်သည်ဟု ဆိုသည်။
အသုံးပြုနည်း
အမဲတံစို့ကို သူငယ်နာ ပေါင်းချုပ်ဆေး၊ လေဆေး၊ သွေးဆေးများဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။

The post အမဲတံစို႔ အေၾကာင္းသိေကာင္းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>