Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

မ⁠ေရွာ့ပင္အ⁠ေ⁠ၾကာင္းသိ⁠ေကာင္းစရာ

$
0
0

ျမန္မာအမည္            – မေရွာ့ပင္

အဂၤလိပ္အမည္          – –

ရုကၡေဗဒအမည္         – EUONYMUS KACHINENSISPRAIN

မ်ိဳးရင္း                    – CELASTRACEAE

ပံုသ႑ာန္

အပင္ငယ္မ်ိဳး ျဖစ္သည္။ အျမင့္ (၆)ေပမွ (၈)ေပခန္႔အထိျမင့္သည္။ အကိုင္းျဖာသည္။ ပင္စည္ ခပ္မြဲမြဲ ညိဳေျခာက္အေရာင္ ရွိသည္။ အရြက္မွာ ရြက္လႊဲထြက္္သည္။ အရြက္မွာ ဘဲဥပံုမွ လွံ စြပ္ပံုအထိရွိသည္။ ထိပ္ဘက္ရွိ အရြက္မ်ားသည္ အရင္းဘက္ရွိ အရြက္မ်ားထက္ ပိုႀကီးသည္။ ရြက္ထိပ္ခၽြန္ၿပီး ရြက္ရင္းသြယ္သည္။ ရြက္ညွာတိုသည္။ ရြက္နားညီ၍ ရြက္ျပားေခ်ာသည္။ အပြင့္သည္ ရြက္ညွာရင္းမွတစ္ပြင့္ခ်င္းထြက္သည္။ ျပား၍ ေသးငယ္ေသာ အ၀ါေရာင္ ပန္းပြင့္ေလးမ်ား ျဖစ္သည္။ အပြင့္ႏုစဥ္တြင္ ပြင့္ဖက္မ်ား တစ္ခုႏွင့္တစ္ခု ဆက္ေနၿပီး အသားထူသည္။ အသီးမွာ လံုး၀ိုင္းသည္။ ဆီးသီးခန္႔ ရွိသည္။

စိုက္ပ်ိဳးသည့္ေဒသ

ကခ်င္ျပည္နယ္တြင္ ေပါက္ေရာက္ေသာ္လည္း ျပည္မတြင္ စိုက္ပ်ိဳးျဖစ္ထြန္းသည္ကို ေတြ႕ရွိရသည္။

ေရေျမရာသီဥတု

ကခ်င္ျပည္နယ္ကဲ့သို႔ ေအး၍မိုးမ်ားေသာ ရာသီဥတုကို ႀကိဳက္ႏွစ္သက္သည္။

ေျမျပဳျပင္နည္း

ေျမကို က်င္းစနစ္အရ ျပဳျပင္ေပးရန္ (၈)ေပ၊ (၁၀) ေပပတ္လည္ စိုက္ပ်ိဳးသင့္သည္။

ပ်ိဳးေထာင္နည္း

အေစ့မ်ားကို ပ်ိဳးေသတၱာႏွင့္ အပင္ျမင့္လာက ပလတ္စတစ္အိတ္ေသာ္၄င္း၊ ၀ါဆစ္ေသာ္၄င္း၊ အသံုးျပဳ၍ ေရႊ႔ေျပာင္းစိုက္ပ်ိဳးသင့္သည္။ ပ်ိဳးပင္အျဖစ္ သက္တန္း (၁) ႏွစ္ခန္႔ ထားသင့္သည္။

စိုက္ပ်ိဳးနည္း

အက်ယ္ (၂) ေပပတ္လည္ အနက္ (၂)ေပ ရွိေသာ စိုက္က်င္းမ်ားတူး၍ သဘာ၀ေျမၾသဇာႏွင့္ ေျမေဆြးတို႔ကို ႏံုးေျမႏွင့္ သင့္ေတာ္ေအာင္ ေရာစပ္ျဖည့္ေပးရမည္။ ေနာက္ ေရေလာင္း၍ ေျမအေအးခံထားရမည္။ (၃) ရက္ခန္႔ေရဆက္ေလာင္းၿပီး ေနာက္ (၁) ႏွစ္သားပ်ိဳးပင္မ်ားကို ခ်၍ စိုက္ပ်ိဳးရမည္။

ေျမၾသဇာေကၽြးနည္း

ႏွစ္စဥ္အရြက္ကိုခူးယူပါက မိုးမက်မီ သဘာ၀ေျမၾသဇာေကၽြးရ၏။ လိုအပ္ပါက ဓာတ္ေျမၾသဇာတို႔ကို ေကၽြးသင့္သည္။

မ်ိဳးပြားနည္း

အေစ့မွ မ်ိဳးပြားႏိုင္သည္။

တဧကမ်ိဳးေစ့ / အပင္ႏႈန္း

တဧကလွ်င္ အပင္ (၆၀၀) မွ (၇၀၀) အထိ စိုက္ပ်ိဳးႏိုင္သည္။

ေရသြင္းနည္း

သဘာ၀ ေပါက္ပင္မ်ားကဲ့သို႔ မိုးေရျဖင့္ ျဖစ္ထြန္းေအာင္ျမင္ႏိုင္သည္။ ေႏြရာသီကဲ့သို႔ အလြန္ေျခာက္ေသြ႔ေသာအခ်ိန္တြင္ေရေလာင္းေပးရန္ လိုသည္။

အပင္ျပဳစုနည္း

အပင္ငယ္စဥ္ေပါင္းရွင္းေပးျခင္း၊ ေျမဆြေပးျခင္း စသည္မ်ားကို လိုအပ္သလို ေဆာင္ရြက္ေပးရသည္။

က်ေရာက္တတ္ေသာ ပိုးမႊား ႏွင့္ ကာကြယ္နည္း

ထိခိုက္သည္အထိ က်ေရာက္ဖ်က္ဆီးမႈမရွိပါ။

က်ေရာက္တတ္ေသာ ေရာဂါ ႏွင့္ ကာကြယ္နည္း

ထိခိုက္သည္အထိ က်ေရာက္ဖ်က္ဆီးမႈ မရွိပါ။

ဆြတ္ခူးျခင္း

အရြက္ကိုသာ ခူးယူ၍ ေဆး၀ါးအျဖင့္ အသံုးျပဳႏိုင္သည္။

မ်ိဳးခံယူျခင္း

အေစ့ကိုသာ မ်ိဳးအျဖစ္ အသံုးျပဳသည္။

သိုေလွာင္နည္း

တရြက္ အစိုအတိုင္း ေဆး၀ါးအျဖစ္သံုးစြဲသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

မရှော့ပင်အကြောင်းသိကောင်းစရာ

============================
မြန်မာအမည် – မရှော့ပင်
အင်္ဂလိပ်အမည် – –
ရုက္ခဗေဒအမည် – EUONYMUS KACHINENSISPRAIN
မျိုးရင်း – CELASTRACEAE
ပုံသဏ္ဍာန်
အပင်ငယ်မျိုး ဖြစ်သည်။ အမြင့် (၆)ပေမှ (၈)ပေခန့်အထိမြင့်သည်။ အကိုင်းဖြာသည်။ ပင်စည် ခပ်မွဲမွဲ ညိုခြောက်အရောင် ရှိသည်။ အရွက်မှာ ရွက်လွှဲထွက်သည်။ အရွက်မှာ ဘဲဥပုံမှ လှံစွပ်ပုံအထိရှိသည်။ ထိပ်ဘက်ရှိ အရွက်များသည် အရင်းဘက်ရှိ အရွက်များထက် ပိုကြီးသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ ရွက်ညှာတိုသည်။ ရွက်နားညီ၍ ရွက်ပြားချောသည်။ အပွင့်သည် ရွက်ညှာရင်းမှတစ်ပွင့်ချင်းထွက်သည်။ ပြား၍ သေးငယ်သော အဝါရောင်ပန်းပွင့်လေးများ ဖြစ်သည်။ အပွင့်နုစဉ်တွင် ပွင့်ဖက်များ တစ်ခုနှင့်တစ်ခု ဆက်နေပြီး အသားထူသည်။ အသီးမှာ လုံးဝိုင်းသည်။ ဆီးသီးခန့် ရှိသည်။
စိုက်ပျိုးသည့်ဒေသ
ကချင်ပြည်နယ်တွင် ပေါက်ရောက်သော်လည်း ပြည်မတွင် စိုက်ပျိုးဖြစ်ထွန်းသည်ကို တွေ့ရှိရသည်။
ရေမြေရာသီဥတု
ကချင်ပြည်နယ်ကဲ့သို့ အေး၍မိုးများသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။
မြေပြုပြင်နည်း
မြေကို ကျင်းစနစ်အရ ပြုပြင်ပေးရန် (၈)ပေ၊ (၁၀) ပေပတ်လည် စိုက်ပျိုးသင့်သည်။
ပျိုးထောင်နည်း
အစေ့များကို ပျိုးသေတ္တာနှင့် အပင်မြင့်လာက ပလတ်စတစ်အိတ်သော်၎င်း၊ ဝါဆစ်သော်၎င်း၊ အသုံးပြု၍ ရွှေ့ပြောင်းစိုက်ပျိုးသင့်သည်။ ပျိုးပင်အဖြစ် သက်တန်း (၁) နှစ်ခန့် ထားသင့်သည်။
စိုက်ပျိုးနည်း
အကျယ် (၂) ပေပတ်လည် အနက် (၂)ပေ ရှိသော စိုက်ကျင်းများတူး၍ သဘာဝမြေသြဇာနှင့် မြေဆွေးတို့ကို နုံးမြေနှင့် သင့်တော်အောင် ရောစပ်ဖြည့်ပေးရမည်။ နောက် ရေလောင်း၍ မြေအအေးခံထားရမည်။ (၃) ရက်ခန့်ရေဆက်လောင်းပြီး နောက် (၁) နှစ်သားပျိုးပင်များကို ချ၍ စိုက်ပျိုးရမည်။
မြေသြဇာကျွေးနည်း
နှစ်စဉ်အရွက်ကိုခူးယူပါက မိုးမကျမီ သဘာဝမြေသြဇာကျွေးရ၏။ လိုအပ်ပါက ဓာတ်မြေသြဇာတို့ကို ကျွေးသင့်သည်။
မျိုးပွားနည်း
အစေ့မှ မျိုးပွားနိုင်သည်။
တဧကမျိုးစေ့ / အပင်နှုန်း
တဧကလျှင် အပင် (၆၀၀) မှ (၇၀၀) အထိ စိုက်ပျိုးနိုင်သည်။
ရေသွင်းနည်း
သဘာ၀ ပေါက်ပင်များကဲ့သို့ မိုးရေဖြင့် ဖြစ်ထွန်းအောင်မြင်နိုင်သည်။ နွေရာသီကဲ့သို့ အလွန်ခြောက်သွေ့သောအချိန်တွင်ရေလောင်းပေးရန် လိုသည်။
အပင်ပြုစုနည်း
အပင်ငယ်စဉ်ပေါင်းရှင်းပေးခြင်း၊ မြေဆွပေးခြင်း စသည်များကို လိုအပ်သလို ဆောင်ရွက်ပေးရသည်။
ကျရောက်တတ်သော ပိုးမွှား နှင့် ကာကွယ်နည်း
ထိခိုက်သည်အထိ ကျရောက်ဖျက်ဆီးမှုမရှိပါ။
ကျရောက်တတ်သော ရောဂါ နှင့် ကာကွယ်နည်း
ထိခိုက်သည်အထိ ကျရောက်ဖျက်ဆီးမှု မရှိပါ။
ဆွတ်ခူးခြင်း
အရွက်ကိုသာ ခူးယူ၍ ဆေးဝါးအဖြင့် အသုံးပြုနိုင်သည်။
မျိုးခံယူခြင်း
အစေ့ကိုသာ မျိုးအဖြစ် အသုံးပြုသည်။
သိုလှောင်နည်း
တရွက် အစိုအတိုင်း ဆေးဝါးအဖြစ်သုံးစွဲသည်။

The post မ⁠ေရွာ့ပင္အ⁠ေ⁠ၾကာင္းသိ⁠ေကာင္းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>