Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ကံုကုမံ အ⁠ေ⁠ၾကာင္း သိ⁠ေကာင္းစရာ

$
0
0

ကံုကုမံသည္ ေဆးဖက္၀င္အပင္တစ္မ်ိဳးျဖစ္ၿပီး ကိတ္မုန္႔၊ ခ်ိဳခ်ဥ္သၾကားလံုးတို႔ ျပဳလုပ္တဲ့ အခါမွာလည္း အသံုးျပဳၾကပါတယ္။

ကုံကုမံအေၾကာင္းသိေကာင္းစရာမ်ားကို Pissaya Info ပရိသတ္ႀကီးအတြက္ စုစည္းတင္ဆက္ေပးလိုက္ပါတယ္။

ျမန္မာအမည္    – ကံုကုမံ

အဂၤလိပ္အမည္          –  –

ရုကၡေဗဒအမည္         – PODILANTHUS TITHAVARIEGATUS

မ်ိဳးရင္း                              – –

ပံုသ႑ာန္

ပင္စည္ အရည္ရႊမ္းေသာ ပင္ေပ်ာ့ပင္ငယ္မ်ိဳး ျဖစ္သည္။ အျမင့္ (၁ ၁/၂) ေပမွ (၂)ေပ အထိျမင့္သည္။ ပင္စည္ ေျပာင္ေခ်ာ၏။ အရြက္အသားထူၿပီး အရည္ရႊမ္း၏။ အနည္းငယ္၀ိုင္း၏။ ရြပ္လိပ္ခ်ိန္၏။ အေရာင္မွာ အစိမ္းရင့္ေရာင္ရွိသည္။ လႈိင္းတြန္႔ျဖစ္သည္။

စိုက္ပ်ိဳးသည့္ေဒသ

ျမန္မာျပည္ – ေျမျပန္႔လြင္ျပင္ အႏွံ႔အျပားတြင္စိုက္ပ်ိဳးေပါက္ေရာက္ႏုိင္သည္။

ေရေျမရာသီဥတု

စိုက္ပ်ိဳးႏိုင္ေသာ ေျမအားလံုးတြင္ ေျမမေရြး စိုက္ပ်ိဳးႏိုင္သည္။ မိုးေခါင္ေရရွား ရပ္၀န္း အပါအ၀င္ မိုးအသင့္အတင့္မွ မိုးမ်ားေသယ အပူပိုင္းေဒသအထိ ေပါက္ေရာက္ျဖစ္ထြန္းႏိုင္သည္။

ျမန္မာျပည္တြင္ ၿခံစည္းရိုးပင္ အျဖင့္လည္းေကာင္း၊ အလွပန္းပင္အျဖစ္လည္းေကာင္း ကံုကုမံ မ်ိဳးကြဲမ်ားကို စိုက္ပ်ိဳးလ်က္ရွိသည္။

ေျမျပဳျပင္နည္း

က်ယ္က်ယ္ျပန္႔ျပန္႔ စိုက္ပ်ိဳးလိုပါက ထယ္ (၁) စပ္၊ ထြန္ (၄) စပ္ ထြန္ယက္လွ်င္ လံုေလာက္ပါသည္။

ပ်ိဳးေထာင္နည္း

အကိုင္းကိုျဖတ္၍ တိုက္ရိုက္စိုက္ပ်ိဳးႏိုင္ေသာ္လည္း ပလပ္စတစ္အိတ္၊ ၀ါးဆစ္ဘူးမ်ားအတြင္း အကိုင္းျပန္ ထိုး၍ ပ်ိဳးေထာင္ၿပီး အျမစ္ထြက္ရွင္သန္မွ ေျပာင္းေရႊ႔စိုက္ပ်ိဳးပါက ပို၍ ေအာင္ျမင္သည္။

စိုက္ပ်ိဳးနည္း

အစိုဓာတ္ အလံုအေလာက္ရွိေသာ ေျမတြင္ အတန္းၾကား (၂) ေပ၊ အပင္ၾကား (၁) ေပ၊ တက်င္းလွ်င္ (၂) ပင္ႏႈန္း စိုက္ပ်ိဳးသင့္သည္။

မ်ိဳးပြားနည္း

အကိုင္းျဖတ္ထိုး၍ မ်ိဳးပြားႏိုင္သည္။

တဧကမ်ိဳးေစ့/ အပင္ႏႈန္း

တစ္ဧကလွ်င္ စိုက္က်င္း ေပါင္ (၂၂၀၀၀) ခန္႔ စိုက္ပ်ိဳးႏိုင္သည္။

ေရသြင္းနည္း

မိုးေခါင္ျခင္းဒဏ္ကိုခံႏိုင္ေသာ အပင္မ်ိဳးျဖစ္သည္။ အခ်ိန္အကန္႔အသက္ျဖင့္ ေအာင္ျမင္စြာ ႀကီးထြားလိုပါက ေရေပးသြင္းစိုက္ပ်ိဳးနိုင္သည္။

အပင္ျပဳစုနည္း

ေပါင္းသင္ျခင္း၊ ေျမဆြျခင္း လုပ္ငန္းမ်ားေဆာင္ရြက္ေပးျခင္းျဖင့္ ႀကီးထြား ေအာင္ျမင္ရန္ လုံေလာက္သည္။

က်ေရာက္တက္ေသာ ေရာဂါႏွင့္ ကာကြယ္နည္း

ပ်က္စီးသည္အထိ ဖ်က္ဆီးမႈ မရွိပါ။

အသီးဆြတ္ခူးျခင္း

အရြက္ကို ခူး၍ အရြက္အစိုကို အသံုးျပဳၾကသည္။

အထြက္ႏႈန္း

(၂) ႏွစ္သားရွိေသာ အပင္မွ အရြက္ကို အစုအၿပံဳလိုက္ ဆြတ္ခူးပါက အရြက္အစို အၾကမ္းအားျဖင့္ ပိႆာ (၁၀၀) ခန္႔ ထြက္မည္ဟု ခန္႔မွန္းပါသည္။

မ်ိဳးခံယူျခင္း

အကိုင္းျဖတ္၍ ေျမျမဳပ္မ်ိဳးပြားႏိုင္သည္။

Unicode ျဖင့္ဖတ္ရန္

ကုံကုမံ အကြောင်း သိကောင်းစရာ
=========================
မြန်မာအမည် – ကုံကုမံ
အင်္ဂလိပ်အမည် – –
ရုက္ခဗေဒအမည် – PODILANTHUS TITHAVARIEGATUS
မျိုးရင်း – –
ပုံသဏ္ဍာန်
ပင်စည် အရည်ရွှမ်းသော ပင်ပျော့ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် (၁ ၁/၂) ပေမှ (၂)ပေ အထိမြင့်သည်။ ပင်စည် ပြောင်ချော၏။ အရွက်အသားထူပြီး အရည်ရွှမ်း၏။ အနည်းငယ်ဝိုင်း၏။ ရွပ်လိပ်ချိန်၏။ အရောင်မှာ အစိမ်းရင့်ရောင်ရှိသည်။ လှိုင်းတွန့်ဖြစ်သည်။
စိုက်ပျိုးသည့်ဒေသ
မြန်မာပြည် – မြေပြန့်လွင်ပြင် အနှံ့အပြားတွင်စိုက်ပျိုးပေါက်ရောက်နိုင်သည်။
ရေမြေရာသီဥတု
စိုက်ပျိုးနိုင်သော မြေအားလုံးတွင် မြေမရွေး စိုက်ပျိုးနိုင်သည်။ မိုးခေါင်ရေရှား ရပ်ဝန်း အပါအဝင် မိုးအသင့်အတင့်မှ မိုးများသေယ အပူပိုင်းဒေသအထိ ပေါက်ရောက်ဖြစ်ထွန်းနိုင်သည်။
မြန်မာပြည်တွင် ခြံစည်းရိုးပင် အဖြင့်လည်းကောင်း၊ အလှပန်းပင်အဖြစ်လည်းကောင်း ကုံကုမံ မျိုးကွဲများကို စိုက်ပျိုးလျက်ရှိသည်။
မြေပြုပြင်နည်း
ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလိုပါက ထယ် (၁) စပ်၊ ထွန် (၄) စပ် ထွန်ယက်လျှင် လုံလောက်ပါသည်။
ပျိုးထောင်နည်း
အကိုင်းကိုဖြတ်၍ တိုက်ရိုက်စိုက်ပျိုးနိုင်သော်လည်း ပလပ်စတစ်အိတ်၊ ဝါးဆစ်ဘူးများအတွင်း အကိုင်းပြန် ထိုး၍ ပျိုးထောင်ပြီး အမြစ်ထွက်ရှင်သန်မှ ပြောင်းရွှေ့စိုက်ပျိုးပါက ပို၍ အောင်မြင်သည်။
စိုက်ပျိုးနည်း
အစိုဓာတ် အလုံအလောက်ရှိသော မြေတွင် အတန်းကြား (၂) ပေ၊ အပင်ကြား (၁) ပေ၊ တကျင်းလျှင် (၂) ပင်နှုန်း စိုက်ပျိုးသင့်သည်။
မျိုးပွားနည်း
အကိုင်းဖြတ်ထိုး၍ မျိုးပွားနိုင်သည်။
တဧကမျိုးစေ့/ အပင်နှုန်း
တစ်ဧကလျှင် စိုက်ကျင်း ပေါင် (၂၂၀၀၀) ခန့် စိုက်ပျိုးနိုင်သည်။
ရေသွင်းနည်း
မိုးခေါင်ခြင်းဒဏ်ကိုခံနိုင်သော အပင်မျိုးဖြစ်သည်။ အချိန်အကန့်အသက်ဖြင့် အောင်မြင်စွာ ကြီးထွားလိုပါက ရေပေးသွင်းစိုက်ပျိုးနိုင်သည်။
အပင်ပြုစုနည်း
ပေါင်းသင်ခြင်း၊ မြေဆွခြင်း လုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် ကြီးထွား အောင်မြင်ရန် လုံလောက်သည်။
ကျရောက်တက်သော ရောဂါနှင့် ကာကွယ်နည်း
ပျက်စီးသည်အထိ ဖျက်ဆီးမှု မရှိပါ။
အသီးဆွတ်ခူးခြင်း
အရွက်ကို ခူး၍ အရွက်အစိုကို အသုံးပြုကြသည်။
အထွက်နှုန်း
(၂) နှစ်သားရှိသော အပင်မှ အရွက်ကို အစုအပြုံလိုက် ဆွတ်ခူးပါက အရွက်အစို အကြမ်းအားဖြင့် ပိဿာ (၁၀၀) ခန့် ထွက်မည်ဟု ခန့်မှန်းပါသည်။
မျိုးခံယူခြင်း
အကိုင်းဖြတ်၍ မြေမြုပ်မျိုးပွားနိုင်သည်။

The post ကံုကုမံ အ⁠ေ⁠ၾကာင္း သိ⁠ေကာင္းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>