Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပရ⁠ႏၷ၀ါ အ⁠ေ⁠ၾကာင္းသိ⁠ေကာင္းစရာ

$
0
0

ျမန္မာအမည္            – ပရႏၷ၀ါ

အဂၤလိပ္အမည္          – HOG WEEDS

ရုကၡေဗဒအမည္         – BOERHAAVIA DIFUSA LINN

မ်ိဳးရင္း                    – NYCTAGINACEAE

ပံုသ႑ာန္

ေျမတြင္ ျဖန္႔ေပါက္ေသာ ႏြယ္ပင္မ်ိဳးျဖစ္သည္။ အျဖဴ၊ အနီ၊ အညိဳ ဟူ၍ သံုးမ်ိဳးရွိသည္။ အဆစ္မွ အရြက္မ်ား မ်က္ႏွာခ်င္းဆိုင္ထြက္ေသာ္လည္း တဘက္တြင္ တရြက္ထြက္၍ အျခားတဘက္တြင္ (၂) ရြက္ ထြက္သည္။ ရြက္ရင္းက်ယ္ေသာ ဘဲဥပံုရွိ၍ ရြက္ထိပ္အခ်ိဳ႔ ခၽြန္ၿပီး အခ်ိဳ႕ ၀ိုင္း၏။ အရြက္ အေပၚမ်က္ႏွာျပင္ ေခ်ာေမြ႕သည္။ ပန္းခိုင္ထိပ္တြင္ ေသးငယ္ေသာ အပြင့္ကေလးမ်ား စု၍ ပြင့္သည္။ အမ်ိဳးလိုက္၍ အပြင့္အျဖဴ၊ အနီ၊ အညိဳေရာင္ (၃) မ်ိဳး ကြဲ၏။ အသီးေသးငယ္သည္။ အခန္း (၅) ခန္း ပါရွိသည္။ အညိဳမ်ိဳးကို အသက္ရွည္ေဆးအျဖစ္ သံုးရန္ ပိုမို သင့္ေလ်ာ္၏။

စိုက္ပ်ိဳးသည့္ေဒသ

ျမန္မာႏိုင္ငံအႏွံ႕အျပားတြင္ စိုက္ပ်ိဳး ျဖစ္ထြန္းႏိုင္သည္။

ေရေျမရာသီဥတု

ေရရရန္ လြယ္ကူေသာ ႏံုးေျမကို ႀကိဳက္ႏွစ္သက္သည္။ မိုးေရခ်ိန္ (၄၀) လက္မမွ (၈၀) လက္မႏွင့္ (၈၀) လက္မအထက္ ရြာသြန္းေသာေဒသမ်ားတြင္ အမ်ားအားျဖင့္ ေပါက္ေရာက္ ျဖစ္ထြန္းသည္။

ေျမျပဳျပင္နည္း

ႏြားေခ်း၊ ေျမေဆြး၊ သစ္ေဆြး ေျမကိုသဘာ၀ေျမႀကီးတြင္ (၂၅%) အထိ ေရာစပ္ စိုက္ပ်ိဳးလွ်င္ ပို၍ ေအာင္ျမင္ျဖစ္ထြန္းႏိုင္သည္။ ေျမသားအနက္ (၆) လက္မမွ (၈) လက္မ အထိ နက္ေအာင္ ျပဳျပင္သင့္သည္။ ထို႔ေနာက္ ေရလံုေလာက္ေအာင္ သြင္းေပးျခင္း (သို႔မဟုတ္)  ေလာင္းေပးျခင္း ျဖင့္ ျပဳျပင္ထားသင့္သည္။

ပ်ိဳးေထာင္နည္း

အပင္ပြားကို ခြဲယူ စိုက္ပ်ိဳးႏိုင္သည္။

စိုက္ပ်ိဳးနည္း

ေအာက္ေျခ အနံ (၄) ေပ၊ မ်က္ႏွာျပင္ အနံ (၃) ေပ ႏွင့္ အျမင့္ (၆) လက္မရွိ၍ အလ်ားအရွည္ကို လိုအပ္သည္အထိ ထားရွိလ်က္ ေဘာင္မ်ား ျပဳလုပ္စိုက္ပ်ိဳးသင့္သည္။ ေဘာင္တေဘာင္ ႏွင့္ တေဘာင္ (၁) ေပခန္႔ ခြာ၍ ျပဳလုပ္ၿပီး ေဘာင္ေပၚတြင္ ပရႏၷ၀ါပင္မ်ားကို တပင္ ႏွင့္ တပင္ (၂) ေပျခားစီ ခြာစိုက္သင့္သည္။ စိုက္ပ်ိဳးၿပီးက ေရလံုေလာက္စြာ သြင္းေပးရသည္။ ေျမတြင္ ျဖန္႔ေပါက္ေသာ အပင္မ်ိဳး ျဖစ္သျဖင့္ အခ်ိန္အနည္းငယ္အတြင္း ေဘာင္တခုလံုးအျပည့္ ျဖန္႔ ေပါက္လာမည္ ျဖစ္သည္။

ေျမၾသဇာေကၽြးျခင္း

ႏြားေခ်းေဆြး ႏွင့္ သစ္ေဆြး ေျမၾသဇာ (၂၅%) အထိ ေရာစပ္ စိုက္ပ်ိဳးလွ်င္ ပိုမို ျဖစ္ထြန္းေအာင္ျမင္ႏိုင္သည္။

မ်ိဳးပြားနည္း

အပင္ပြားမ်ားကို ခြဲယူ မ်ိဳးပြားႏိုင္သည္။

တဧကမ်ိဳးေစ့ / အပင္ႏႈန္း

တဧက အထြက္အပင္ႏႈန္းမွာ (၁၁၀၀၀) ခန္႔ စိုက္ပ်ိဳးႏိုင္သည္။

ေရသြင္းနည္း

ေရႀကိဳက္သျဖင့္ ေျမတြင္း အစိုဓာတ္ အဆက္မျပတ္ လံုေလာက္ေစရန္ ေရေပးသြင္းရမည္။

အပင္ျပဳစုနည္း

စတင္စိုက္ပ်ိဳးသည္မွ (၂) လအတြင္း ေပါင္းသင္ျခင္း၊ ေျမဆြျခင္း လုပ္ငန္းမ်ားကို ေဆာင္ရြက္သင့္သည္။ ၄င္းေနာက္ ေရလံုေလာက္ေစရန္ ျပဳျပင္ေဆာင္ရြက္ျခင္းျဖင့္ ေအာင္ျမင္ ျဖစ္ထြန္းႏိုင္သည္။

က်ေရာက္တတ္ေသာ ပိုးမႊားႏွင့္ကာကြယ္နည္း

စတင္စိုက္ပ်ိဳးစဥ္အပင္ငယ္မ်ား၏ အျမစ္မ်ားကို ေျမေအာက္ပိုးမ်ား ကိုက္ျဖတ္ဖ်တ္ဆီးမႈ မရွိေစရန္ ေျမေအာင္းပိုးသတ္ေဆး သံုးစြဲသင့္သည္။

က်ေရာက္တတ္ေသာ ေရာဂါ ႏွင့္ ကာကြယ္နည္း

အပင္ျဖစ္ထြန္းမႈ ထိခိုက္သည္အထိ က်ေရာက္ဖ်က္ဆီးမႈ မရွိပါ။

ႏႈတ္သိမ္းျခင္း

အပင္အလိုက္အျမစ္ပါေအာင္ ႏႈတ္သိမ္းႏိုင္သည္။

အထြက္ႏႈန္း

တႏွစ္သားအပင္ကိုႏႈတ္ယူစုေဆာင္းပါက ရႊံ႕ေျမကင္းစင္ေသာ ပရႏၷ၀ါ ပဥၨငါးပါး (အစို) ပိႆာ (၁၀၀) မွ (၃၀၀) ခန္႔ အထိ ထြက္ရွိႏိုင္သည္။

မ်ိဳးခံယူျခင္း

အပင္ပြားကို ဖဲ့ယူစိုက္ပ်ိဳးသည္။

သိုေလွာင္နည္း

အရိပ္တြင္ ထားရွိၿပီး ေျခာက္ေစပါက အာနိသင္ ပိုမို ထက္ျမက္သည္ဟု ဆိုသည္။

အသံုးျပဳနည္း

ပဥၨငါးပါး

ေရွးသမားေတာ္ႀကီးမ်ား အေနႏွင့္ ပရႏၷ၀ါကို အဘိုးတန္အားေဆးအျဖစ္သတ္မွတ္ခဲ့ၾက၏။ ပရႏၷ၀ါ ပဥၨငါးပါးကို ပါးပါးလွီး၍ ထန္းလ်က္ သို႔မဟုတ္ သၾကားႏွင့္ သံုးခြက္တခြက္တင္ ႀကိဳေသာက္လွ်င္ အားအင္ျပည့္ၿဖိဳးေစ၍ ဆီးကိုလည္းရႊင္ေစသည္။

ပရႏၷ၀ါကို ႀကိတ္မွန္ရြက္ရည္ႏွင့္ ေရာေသာက္ေသာ္ မီးယပ္ေရာဂါ ေပ်ာက္၏။

ဒန္႔ကၽြဲရြက္ရည္ကို ႏို႔ ႏွင့္ ေရာေသာက္က ဆီးေအာင့္ ေ၇ာဂါ၊ ဆီးပူေညာင္းက်ေရာဂါ၊ ပန္းေသေရာဂါ ႏွင့္ အဖ်ားေရာဂါတို႔ကို ေပ်ာက္ကင္းေစရံုမွ်မက အသက္ကို ရွည္ေစ၍ လူကို ႏုပ်ိဳ အားတိုးေစ၏။

မီးဖြားၿပီးစ အမ်ိဳးသမီးမ်ား ႏို႔မထြက္လွ်င္ ပရႏၷ၀ါရြက္ကို ဟင္းခ်ိဳခ်က္ေသာက္ျခင္းျဖင့္ ႏို႔လွ်င္ ျမန္စြာ ထြက္ၿပီး ႏို႔နာ၊ ႏို႔ကို္က္ ႏွင့္ သက်ည္းကိုက္ ေရာဂါ မ်ားလည္း ေပ်ာက္၏။

ခႏၶာကိုယ္ျပင္ပတြင္ ေရာင္ရမ္း ျခင္းမ်ားအတြက္ အရြက္ကို ထုေထာင္း၍ ၾကပ္စည္းေပးရ၏။

အျမစ္

အျမစ္မႈန္႔ကို သၾကား ႏွင့္ စားေသာ္ ေခ်ာင္းေျခာက္ဆိုးျခင္း ႏွင့္ ၾကက္ညွာေခ်ာင္းဆိုးျခင္းမ်ားေပ်ာက္၏။ ပ်ားရည္ ႏွင့္လ်က္ေပးေသာ္ ပန္းနာေရာဂါ ေပ်ာက္၏။

မွတ္ခ်က္။                 ။ ေဆးညႊန္းမ်ားကို သက္ဆိုင္ရာ သမားေတာ္ႀကီးမ်ား၏ ခြင့္ျပဳခ်က္ကို ရၿပီးမွ အသံုးျပဳသင့္ပါသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

(Zawgyi)

ပရန္နဝါ အကြောင်းသိကောင်းစရာ
မြန်မာအမည် – ပရန္နဝါ
အင်္ဂလိပ်အမည် – HOG WEEDS
ရုက္ခဗေဒအမည် – BOERHAAVIA DIFUSA LINN
မျိုးရင်း – NYCTAGINACEAE
ပုံသဏ္ဍာန်
မြေတွင် ဖြန့်ပေါက်သော နွယ်ပင်မျိုးဖြစ်သည်။ အဖြူ၊ အနီ၊ အညို ဟူ၍ သုံးမျိုးရှိသည်။ အဆစ်မှ အရွက်များ မျက်နှာချင်းဆိုင်ထွက်သော်လည်း တဘက်တွင် တရွက်ထွက်၍ အခြားတဘက်တွင် (၂) ရွက် ထွက်သည်။ ရွက်ရင်းကျယ်သော ဘဲဥပုံရှိ၍ ရွက်ထိပ်အချို့ ချွန်ပြီး အချို့ ဝိုင်း၏။ အရွက် အပေါ်မျက်နှာပြင် ချောမွေ့သည်။ ပန်းခိုင်ထိပ်တွင် သေးငယ်သော အပွင့်ကလေးများ စု၍ ပွင့်သည်။ အမျိုးလိုက်၍ အပွင့်အဖြူ၊ အနီ၊ အညိုရောင် (၃) မျိုး ကွဲ၏။ အသီးသေးငယ်သည်။ အခန်း (၅) ခန်း ပါရှိသည်။ အညိုမျိုးကို အသက်ရှည်ဆေးအဖြစ် သုံးရန် ပိုမို သင့်လျော်၏။
စိုက်ပျိုးသည့်ဒေသ
မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။
ရေမြေရာသီဥတု
ရေရရန် လွယ်ကူသော နုံးမြေကို ကြိုက်နှစ်သက်သည်။ မိုးရေချိန် (၄၀) လက်မမှ (၈၀) လက်မနှင့် (၈၀) လက်မအထက် ရွာသွန်းသောဒေသများတွင် အများအားဖြင့် ပေါက်ရောက် ဖြစ်ထွန်းသည်။
မြေပြုပြင်နည်း
နွားချေး၊ မြေဆွေး၊ သစ်ဆွေး မြေကိုသဘာဝမြေကြီးတွင် (၂၅%) အထိ ရောစပ် စိုက်ပျိုးလျှင် ပို၍ အောင်မြင်ဖြစ်ထွန်းနိုင်သည်။ မြေသားအနက် (၆) လက်မမှ (၈) လက်မ အထိ နက်အောင် ပြုပြင်သင့်သည်။ ထို့နောက် ရေလုံလောက်အောင် သွင်းပေးခြင်း (သို့မဟုတ်) လောင်းပေးခြင်း ဖြင့် ပြုပြင်ထားသင့်သည်။
ပျိုးထောင်နည်း
အပင်ပွားကို ခွဲယူ စိုက်ပျိုးနိုင်သည်။
စိုက်ပျိုးနည်း
အောက်ခြေ အနံ (၄) ပေ၊ မျက်နှာပြင် အနံ (၃) ပေ နှင့် အမြင့် (၆) လက်မရှိ၍ အလျားအရှည်ကို လိုအပ်သည်အထိ ထားရှိလျက် ဘောင်များ ပြုလုပ်စိုက်ပျိုးသင့်သည်။ ဘောင်တဘောင် နှင့် တဘောင် (၁) ပေခန့် ခွာ၍ ပြုလုပ်ပြီး ဘောင်ပေါ်တွင် ပရန္နဝါပင်များကို တပင် နှင့် တပင် (၂) ပေခြားစီ ခွာစိုက်သင့်သည်။ စိုက်ပျိုးပြီးက ရေလုံလောက်စွာ သွင်းပေးရသည်။ မြေတွင် ဖြန့်ပေါက်သော အပင်မျိုး ဖြစ်သဖြင့် အချိန်အနည်းငယ်အတွင်း ဘောင်တခုလုံးအပြည့် ဖြန့် ပေါက်လာမည် ဖြစ်သည်။
မြေသြဇာကျွေးခြင်း
နွားချေးဆွေး နှင့် သစ်ဆွေး မြေသြဇာ (၂၅%) အထိ ရောစပ် စိုက်ပျိုးလျှင် ပိုမို ဖြစ်ထွန်းအောင်မြင်နိုင်သည်။
မျိုးပွားနည်း
အပင်ပွားများကို ခွဲယူ မျိုးပွားနိုင်သည်။
တဧကမျိုးစေ့ / အပင်နှုန်း
တဧက အထွက်အပင်နှုန်းမှာ (၁၁၀၀၀) ခန့် စိုက်ပျိုးနိုင်သည်။
ရေသွင်းနည်း
ရေကြိုက်သဖြင့် မြေတွင်း အစိုဓာတ် အဆက်မပြတ် လုံလောက်စေရန် ရေပေးသွင်းရမည်။
အပင်ပြုစုနည်း
စတင်စိုက်ပျိုးသည်မှ (၂) လအတွင်း ပေါင်းသင်ခြင်း၊ မြေဆွခြင်း လုပ်ငန်းများကို ဆောင်ရွက်သင့်သည်။ ၎င်းနောက် ရေလုံလောက်စေရန် ပြုပြင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင် ဖြစ်ထွန်းနိုင်သည်။
ကျရောက်တတ်သော ပိုးမွှားနှင့်ကာကွယ်နည်း
စတင်စိုက်ပျိုးစဉ်အပင်ငယ်များ၏ အမြစ်များကို မြေအောက်ပိုးများ ကိုက်ဖြတ်ဖျတ်ဆီးမှု မရှိစေရန် မြေအောင်းပိုးသတ်ဆေး သုံးစွဲသင့်သည်။
ကျရောက်တတ်သော ရောဂါ နှင့် ကာကွယ်နည်း
အပင်ဖြစ်ထွန်းမှု ထိခိုက်သည်အထိ ကျရောက်ဖျက်ဆီးမှု မရှိပါ။
နှုတ်သိမ်းခြင်း
အပင်အလိုက်အမြစ်ပါအောင် နှုတ်သိမ်းနိုင်သည်။
အထွက်နှုန်း
တနှစ်သားအပင်ကိုနှုတ်ယူစုဆောင်းပါက ရွှံ့မြေကင်းစင်သော ပရန္နဝါ ပဉ္ဇငါးပါး (အစို) ပိဿာ (၁၀၀) မှ (၃၀၀) ခန့် အထိ ထွက်ရှိနိုင်သည်။
မျိုးခံယူခြင်း
အပင်ပွားကို ဖဲ့ယူစိုက်ပျိုးသည်။
သိုလှောင်နည်း
အရိပ်တွင် ထားရှိပြီး ခြောက်စေပါက အာနိသင် ပိုမို ထက်မြက်သည်ဟု ဆိုသည်။
အသုံးပြုနည်း
ပဉ္ဇငါးပါး
ရှေးသမားတော်ကြီးများ အနေနှင့် ပရန္နဝါကို အဘိုးတန်အားဆေးအဖြစ်သတ်မှတ်ခဲ့ကြ၏။ ပရန္နဝါ ပဉ္ဇငါးပါးကို ပါးပါးလှီး၍ ထန်းလျက် သို့မဟုတ် သကြားနှင့် သုံးခွက်တခွက်တင် ကြိုသောက်လျှင် အားအင်ပြည့်ဖြိုးစေ၍ ဆီးကိုလည်းရွှင်စေသည်။
ပရန္နဝါကို ကြိတ်မှန်ရွက်ရည်နှင့် ရောသောက်သော် မီးယပ်ရောဂါ ပျောက်၏။
ဒန့်ကျွဲရွက်ရည်ကို နို့ နှင့် ရောသောက်က ဆီးအောင့် ရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ ပန်းသေရောဂါ နှင့် အဖျားရောဂါတို့ကို ပျောက်ကင်းစေရုံမျှမက အသက်ကို ရှည်စေ၍ လူကို နုပျို အားတိုးစေ၏။
မီးဖွားပြီးစ အမျိုးသမီးများ နို့မထွက်လျှင် ပရန္နဝါရွက်ကို ဟင်းချိုချက်သောက်ခြင်းဖြင့် နို့လျှင် မြန်စွာ ထွက်ပြီး နို့နာ၊ နို့ကိုက် နှင့် သကျည်းကိုက် ရောဂါ များလည်း ပျောက်၏။
ခန္ဓာကိုယ်ပြင်ပတွင် ရောင်ရမ်း ခြင်းများအတွက် အရွက်ကို ထုထောင်း၍ ကြပ်စည်းပေးရ၏။
အမြစ်
အမြစ်မှုန့်ကို သကြား နှင့် စားသော် ချောင်းခြောက်ဆိုးခြင်း နှင့် ကြက်ညှာချောင်းဆိုးခြင်းများပျောက်၏။ ပျားရည် နှင့်လျက်ပေးသော် ပန်းနာရောဂါ ပျောက်၏။
မှတ်ချက်။ ။ ဆေးညွှန်းများကို သက်ဆိုင်ရာ သမားတော်ကြီးများ၏ ခွင့်ပြုချက်ကို ရပြီးမှ အသုံးပြုသင့်ပါသည်။

The post ပရ⁠ႏၷ၀ါ အ⁠ေ⁠ၾကာင္းသိ⁠ေကာင္းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>