(၁) ရေစီးရေလာကောင်းသော မြေကို ရွေးချယ်စိုက်ပျိုးပါ။
(၂) တန်းခြားပင်ခြား (၁၇ x ၁၇) ပေမှ (၂၅ x ၂၅) ပေအတွင်း တစ်ဧကအပင်ရေ (၁၅၀)မှ (၇၀) ပင်ခန့် စိုက်ပျိုးပါ။
(၃) စိုက်ကျင်းကို အကျယ်အနက် (၁) ပေခွဲမှ (၃)ပေ ပတ်လည်တူး၍ သဘာဝမြေဆွေးများ ကျင်းဝက်ခန့် နှင့်ပေါ်ယံ မြေသားများ ရောမွှေပြီး မိုးမကျမီ ကျင်းစာဖြည့်ထားပါ။ စိုက်ကျင်းတွင် တီစူပါ(၂) ကျပ်ခွဲသားခန့်နှင့် လကြေးမှုန့် နို့ဆီဘူးဝက် ခန့်ရောမွှေထည့်ပေးပါ။
(၄) အစေးထွက်များပြီး အခေါက်ထူပွသော အပင်မှ မျိုးစေ့ကို ရွေးချယ်ပျိုးထောင်ပါ။
(၅) စနစ်တကျ ပျိုးထောင်ပြီး ပျိုးသက် (၆၀) ရက်မှ (၉၀) ရက်သားရှိ ကြံ့ခိုင်သန်စွမ်းသော ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးပါ။
(၆) စိုက်ကျင်းအောက်ခံအစိုဓာတ်ကောင်းစွာရရှိချိန် မိုးကာလတွင် အစောဆုံးစိုက်ပျိုးပါ။
(၇) အပင်ငယ်စဉ် (၂) နှစ်သားအရွယ်အထိ ပင်ခြေမြေဖွ၊ ပေါင်းရှင်းပေးပါ။ မိုးနှောင်းပိုင်းမှစတင်ပြီး အပင်ခြေပတ်လည် (အချင်း ၄ – ပေခန့်) ကောက်ရိုးမြက်ခြောက်များ ထူထူဖုံးအုပ်ပေးပါ။
(၈) ကြားထယ်ကြားထွန်ဝင်ခြင်းကို တစ်ရာသီ ၃ – ၄ ကြိမ်ခန့် ပြုလုပ်ပေးပါ။ တောင်စောင်းစိုက်ခင်းများတွင် ကွက်ပြည့်ပေါင်းရှင်းခြင်းကို တစ်ရာသီ ၃-၄ ကြိမ်ခန့် ဆောင်ရွက်ပါ။
(၉) အပင်ငယ်များကို ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းပါ။
(၁၀) အပင်ငယ်စဉ်မှ အစေးထုတ်အပင်ကြီးအရွယ်အထိ မလိုအပ်သောကိုင်းပိုး၊ ကိုင်းညှပ်များကို စောစီးစွာ ရှင်းလင်းပေးပါ။ ကိုင်းခွဆုံတစ်ခုလျှင် ၂ – ၄ ကိုင်းသာ ထားရှိမွေးမြူပါ။
(၁၁) သဘာဝမြေသြဇာများကို စိုက်ခင်း ၂- ၃ နှစ်သားမှ စတင်ပြီး အစေးထုတ်အရွယ်အပင်ကြီးများအထိ တစ်ဧကလျှင် လှည်းစီးအနည်းဆုံး (၁၀) စီး မှ (၂၀) စီး နှစ်စဉ် ထည့်သွင်းပေးပါ။ လိုအပ်လျှင် ကွန်ပေါင်းမြေသြဇာများ ဖြည့်စွက်ကျွေးမွေးပေးပါ။ သဘာဝမြေသြဇာများ နှင့် အတူ လကြေးမှုန့်/ဒိုလိုမိုက်ထုံးမှုန့် (၅၀ – ၁၅၀) ပိဿာခန့် နှစ်စဉ် ထည့်သွင်းပေးပါ။
(၁၂) အပင်သက်တမ်းအနည်းဆုံး (၄) နှစ်သား၊ ရင်စို့အမြင့် ပင်စည်လုံးပတ် ၃ ထွာ ခန့်ပြည့်မှ စတင်အစေးထုတ်ပါ။
(၁၃) မှန်ကန်သည်အစေးထုတ်နည်းစနစ်ကျင့်သုံးလုပ်ကိုင်ပါ။ အသီးကြီးထွားရင့်မှည့်ချိန် ခြောက်သွေ့ရာသီတွင် အနည်းဆုံး (၄) လ ခန့် အပင်အနားပေးပါ။
(၁၄) အပင်မှ အစေးကောက်ယူချိန်တိုင်းပင်စည်ထိုးပိုးကျရောက်မှုရှိ/ မရှိ နေ့စဉ် စစ်ဆေးပါ။ လက္ခဏာ တွေ့ရှိခြင်း အခေါက်လှန်ထိုးခွာ နှိမ်နင်းပါ။
(၁၅) အစေးများကို အရိပ်တွင် အခြောက်ခံသန့်စင်ပြီး အတန်းအစားခွဲခြား သိုလှောင်/ ရောင်းချပါ။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post်ဖြူပင်စိုက်ပျိုးလုပ်ကိုင်နည်းလမ်းညွှန် appeared first on Myanmar Farmers' Portal.