မြန်မာအမည် – ဂေါ်ဖီထုပ်
အင်္ဂလိပ်အမည် – Cabbage
သိပ္ပံအမည် – Brassica oleracea, Var; Capitata
မျိုးရင်း – Cruciferae
ဂေါ်ဖီထုပ်၏ မူရင်းဒေသမှာ ဥရောပတိုက် တောင်ပိုင်းနှင့် အာရှတိုက် အနောက်ပိုင်း မြေထဲပင်လယ်အနီးပတ်ဝန်း ကျင်ဒေသ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်ကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေး တိုင်းနှင့် နေပြ ည်တော် တိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှု မြင့်မား၍ ၊ ပြည်ပပို့ကုန် အလားအလာ ရှိသော သီးနှံ ဖြစ်သည်။ ဂေါ်ဖီထုပ်များကို အလုံးပုံ၊ အပြားပုံ၊ ထိပ်ချွန်ပုံနှင့် ရံဖန်ရံခါ ဘဲဥပုံများ တွေ့ရှိရတတ်သည်။ အချို့မျိုးများအား အနီရောင်၊ ခရမ်းရောင် စသည့် အရောင်ဖြင့် ခွဲခြားနိုင်ပြီး ၊ အရွက်ချောမျိုး၊ ရွက်တွန့်မျိုး စသဖြင့်လည်း ခွဲခြားနိုင်ပါသည်။ သက်တမ်းအလိုက် ဂေါ်ဖီထုပ် အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပြီး၊ သင်လျင် မျိုး (၉၀ – ၁၁၀) ရက်၊ သက်လတ်မျိုး (၁၁၀ – ၁၃၀) ရက် ၊ သက်ကြီး (၁၃၀ – ၁၅၀) ရက် စသည်တို့ဖြစ်ကြသည်။
ဂေါ်ဖီထုပ်သည် မြေသြဇာလိုအပ်မှု မြင့်မားပြီး ရောဂါပိုးမွှားကျရောက်မှု များပြားသော သီးနှံ ဖြစ်တာကြောင့် သီးနှံ စိုက်ပျိုးသူများသည် ဓါတ်မြေသြဇာနှင့် ပိုး၊ မှိုသတ်ဆေးများကို အလွန်အကျွံ သုံးစွဲနေကြပါသည်။ အရည်အသွေးပြည့်မီပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းစေမည့် ဂေါ်ဖီထုပ်များ ထုတ်လုပ်နိုင်ရန် အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့် ကောင်းများအား လိုက်နာကျင့်သုံးရန် လိုအပ်နေပါသည်။
ဂေါ်ဖီထုပ်ကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။
စိုက်ပျိုးမည့် မြေနေရာရွေးချယ်ခြင်း
– စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်မြေသည် ဓါတုနှင့်ဇီဝဆိုင်ရာ အန္တရာယ်ရှိသည့် မြေနေရာ မဖြစ်စေရ မြေရွေးချယ်မှု မှားယွန်းပါက စီးပွားရေး၊ သီးနှံအရည်အသွေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်။
– ဂေါ်ဖီထုပ် မစိုက်ပျိုးမည် မြေဆီလွှာ စစ်ဆေးမှု ပြုလုပ်သင့်သည်။ Heavy metals ပါဝင်မှု၊ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိများကို သိရှိနိုင်ရန်နှင့် ဂေါ်ဖီထုပ်စိုက်ရန် သင့်လျော်သည့် မြေဆီလွှာကောင်း တစ်ခု အဖြစ် ပြုပြင်နိုင်ရန် ရည်ရွယ်ပါသည်။
– သက်မှတ်ထားသည့် နှုန်းထားထက် စိုက်ပျိုးမြေတွင် Heavy metals များပါဝင်နေပါက ဂေါ်ဖီထုပ် ကဲ့သို့ မြေနှင့်တိုက်ရိုက် ထိတွေ့သည့် သီးနှံများအား အဆိုပါမြေတွင် လုံးဝမစိုက်သင့်ပါ။
– စစ်ဆေးဆောင်ရွက်ရ လွယ်စေရန် စိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိရမည်။
– ဂေါ်ဖီထုပ်သည် မြေအမျိုးအစားမရွေး ဖြစ်ထွန်းပါသည်။ မြေသြဇာအလွန်စားသုံးသည့် အပင်မျိုး ဖြစ်သဖြင့် သဲနုန်းမြေတွင် အများဆုံး ဖြစ်ထွန်းသည်။ မြေချဉ်/ ငံဓါတ် (၅.၅ မှ ၆.၅) အတွင်းရှိ၍ ရေစီးရေလာကောင်းသည်။ မြေချဉ်/ ငံဓါတ် (၅.၅ မှ ၆.၅) အတွင်းရှိ၍ ရေစီးရေလာကောင်းပြီး ရေသွင်းရေထုတ် လွယ်သည့်မြေကို ပိုမို နှစ်သက်သည်။
ရေ
– စိုက်ပျိုးရာတွင် အသုံးပြုမည့် ရေအရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရမည်။ မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ် သန်းလာသောရေ၊ မြူနီစပယ်စွန့်ပစ်ရေနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ရေများကို အသုံးအပြုရ။ (ရေဆိုး၊ ရေညစ်များကို ပြန်လည်စီရင်၍ အသုံးပြုလျှင် WHO Guideline အရ လိုက်နာ အသုံးပြုရန်)။
– အပင်ငယ်စဉ်တွင် မိုးရွာသွန်းမှုများပြားပါက အပင်ထိခိုက်နိုင်သကဲ့သို့ ရေမငတ်စေရန် အထူးဂရုပြုရမည်။
မျိုးစေ့
– ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်သည့် အရည်အသွေးကောင်းမျိုးများကို ရွေးချယ် စိုက်ပျိုးသင့်သည်။
– စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင်များ ရရှိသည့်နေရာ၊ ရရှိသည့်အရေအတွက် နှင့် ရရှိသည့်နေ့စွဲတို့ကို မှတ်တမ်းတင် ထားရှိသင့်ပါသည်။
– ဂေါ်ဖီထုပ်ကို ပျိုးထောင်၍ စိုက်ပျိုးကြပါသည်။ မျိုးစေ့လိုအပ်ချက်မှာ တစ်ဧကလျှင် (၂၀၀) ဂရမ် ဖြစ်ပါသည်။
– ၀ယ်ယူစိုက်ပျိုးသည့် မျိုးစေ့များအား မျိုးအမည်၊ ထုတ်လုပ်သည့် ကုမ္ပဏီ အမည်၊ Log No. တို့ကို သေချာစွာ မှတ်တမ်းတင်ထားသင့်သည်။
– ပျိုးပင်ငယ်ဘ၀တွင် အသုံးပြုခဲ့သော ပိုးသတ်ဆေး၊ မှိုသတ်ဆေး ပက်ဖျန်းမှုများအား သေချာစွာ မှတ်တမ်းတင်ထား သင့်ပါသည်။
မြေသြဇာနှင့် မြေဆီလွှာဖြည့်စွက်ပစ္စည်း
– စိုက်ပျိုးသည့် သီးနှံတစ်ခုချင်းအတွက် အသုံးပြုသည့် မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများတွင် အန္တ၇ာယ်ဖြစ်စေသော ဓါတု နှင့် ဇီဝ ဆိုင်၇ာပစ္စည်းများ ပါဝင်ခြင်း မရှိစေရပါ။
– သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက်ပြီးမှ အသုံးပြုသင့်ပါသည်။
– မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ရောနှောခြင်းနှင့် သိုလှောင်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများဆွေးမြေ့စေရန် ဆောင်ရွက်ခြင်းတို့ကို မြေနှင့်ေ၇အရင်းအမြစ် သန့်ရှင်းမှု ထိခိုက်စေသော နေရာများတွင် မပြုလုပ်ရပါ။
– မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ၀ယ်ယူသုံးစွဲရာတွင် တရားဝင်မှတ်ပုံတင်ထားသော ပစ္စည်းများ ဖြစ်ရမည့်အပြင် မှတ်တမ်းများထားရှိရမည်။
– မြေဆီလွှာ စစ်ဆေးမှုရလဒ်ပေါ်မူတည်၍ မြေချဉ်ငံဓာတ်နှင့် အာဟာရချို့ တဲ့မှုများကို ပြင်ဆင်ပေးသင့်ပါသည်။
– စိုက်ပျိုးသည့်မြေနေရာတွင် ရေ၀ပ်ခြင်းနှင့် ရေနှစ်မြှုပ်ခြင်း မရှိသင့်ပါ။
– ဂေါ်ဖီထုပ်သည် အမြစ်တိမ်ပြီး သက်တမ်းတိုသည့် သီးနှံ ဖြစ်သောကြောင့် မြေသြဇာ ကျွေးခြင်းကို စနစ်တကျ အချိန်မှီဆောင်ရွက်သင့်ပါသည်။
– မြေဆီလွှာ သုံးစွဲခြင်းနှင့် ဆက်စပ်သည့် သီးနှံစိုက်ပျိုးရေး မှတ်တမ်းများထားရှိသင့်ပါသည်။
– လိုအ၃ပ်ပါက ရွက်ဖျန်းမြေသြေဇာများလည်း အသုံးပြုနိုင်ပါသည်။ အနည်းလို အာဟာရချို့ တဲ့မှုများ ရှိတတ်သဖြင့် ဘိုရွန်၊ ကယ်လ်ဆီယမ်ကဲ့သို့သော အနည်းလို အာဟာရများကို ပက်ဖျန်းပေးပါ။
– မြေချဉ်လွန်းပါက အမြစ်ပုပ်ရောဂါ ဖြစ်တတ်ပြီး အပင်မသန်မစွမ်း ဖြစ်တတ်သောကြောင့် မြေပြင်ချိန်တွင် မှန်ကန်သော ထုံးပမာဏကို ထည့်ပေးသင့်ပါသည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ဂေါ်ဖီထုပ် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ appeared first on Myanmar Farmers' Portal.