ပဲတောင့်ထိုးအပြာရောင်လိပ်ပြာ
Blue Butterfly
Lampides boeticus (L.)
Catochrysops cnejus (Fabricius)
Lepidoptera: Lycaenidae
လက်ခံပင်သီးနှံများ
ပဲမျိုးစုံနှင့် တောပဲရိုင်းပင်များ။
ဖျက်ဆီးပုံ လက္ခဏာ
ပိုးလောက်ကောင်များသည် အညွန့်၊ အရွက်၊ အဖူး၊ အပွင့်၊ အသီးထောင့် တို့ကို ကိုင်းဖြတ် စားသောက်ဖျက်ဆီးသဖြင့် ယင်းအစိတ် အပိုင်းများ ပဲ့နေပေါက်နေသည်။
ဘ၀စက်ဝန်း
အပြာရောင်လိပ်ပြာများ စိုက်ခင်းအတွင်း၌ နေ့အချိန် ပျံသန်းနေကြသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ လိပ်ပြာအမသည် အညွန့်၊ အဖူး၊ အပွင့်၊ အသီးထောင့်များပေါ်တွင် အဖြူရောင်ဥကို တစ်လုံးချင်းအုသည်။ ပေါက်ခါနီးဥသည် အပြာမှိုင်းရောင်ရှိသည်။
ဥမှပေါက်လာသော ပိုးလောက်ကောင်များသည် အစိမ်းဖျော့ရောင်ရှိ၍ ပတ်ကျိကဲ့သို့ပြားသော ကိုယ်ခန္ဓာရှိသည်။ ပိုးလောက်ကောက်၏ ခန္ဓာကိုယ်အလျားမှာ (၁၂ မီလီမီတာ)ခန့် ရှိသည်။ အစာဝသော ပိုးလောက်ကောင်သည် အစိမ်းရင့်ရောင်ရှိ၍ ရုပ်ဖုံဘ၀ကို အပင်ပေါ်ရှိ အသီးတောင့်အခွံပေါ်၌သော်လည်းကောင်း၊ အပင်ခြေရှိ သစ်ရွက်ခြောက် အမှိုက်သရိုက်များ၌လည်းကောင်း ပြုလုပ်သည်။ ဥဘ၀မှ လိပ်ပြာသက်တမ်းကုန်ဆုံးသည်အထိ ရက်သတ္တ (၃)ပတ် ခန့်ကြာသည်။ ဥဘ၀တွင် (၃)ရက်၊ ပိုးလောက်ကောင်ဘ၀တွင် (၁၂)ရက်၊ ရုပ်ဖုံးဘ၀တွင် (၇)ရက်၊ အကောင်ကြီးဘ၀တွင်(၃)ရက်ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
(၁) ဥနှင့် ပိုးလောက်ကောင်များကို ရှာဖွေဖျက်ဆီးပါ။
(၂) ထိသေ၊ စားသေ ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နင်းပါ။ (ဥပမာ- Cypermethrin,Chlorpyrifos, Diazinon)
(၃) စားသုံးချိန်နီးပါက ဓာတုပိုးသတ်ဆေးမသုံးရ။ တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးနှင့် ဆပ်ပြာဖျော်ရည်ဖြင့် ပက်ဖျန်းပါ။
စိုက်ပျိုးရေးဦးစီးဌာန
The post ပဲမျိုးစုံနှင့် တောပဲရိုင်းပင်များကို ဖျက်ဆီးတတ်တဲ့ ပဲတောင့်ထိုးအပြာရောင်လိပ်ပြာ appeared first on Myanmar Farmers' Portal.