(၁) နိုက်ထရိုဂျင် အာဟာရစီမံခန့်ခွဲမှု (Nitrogen (N) Management)
– မူလမြေဆီလွှာတွင် နိုက်ထရိုဂျင် (N) ပါဝင်မှု နည်းပါးခြင်း။
– ထည့်သွင်းသော နိုက်ထရိုဂျင် (N) မြေသြဇာမှာလေလွင့်ဆုံးရှုံးမှုများခြင်း တို့ကြောင့် သီးနှံပင်သည် နိုက်ထရိုဂျင် (N) ချို့တဲ့သွား တတ်ပါသည်။ သီးနှံပင်များ၏ အာဟာရချို့တဲ့မှု လက္ခဏာများအနက် နိုက်ထရိုဂျင် (N) ချို့တဲ့မှုသည် အသိသာဆုံးဖြစ်ပါသည်။ Organic Matter ပါဝင်မှုနည်းခြင်း နှင့် မြေချဉ်များတွင် နိုက်ထရိုဂျင် (N) ချို့တဲ့မှုလက္ခဏာကို ပိုမိုတွေ့ရတတ်ပါသည်။
– နိုက်ထရိုဂျင်သည် Protein တည်ဆောက်မှု၏ အခြေခံဖြစ်၍ အပင်၏ အစိမ်းရောင်ခြယ် chlorophyll တွင် အဓိက ပါဝင်ပါသည်။ အပင်မှ NO3 ပုံစံနှင့် NH4 ပုံစံတို့ဖြင့် စုပ်ယူလေ့ရှိပါသည်။ သို့သော် မြေထဲမှ NO3 ဟူသမျှအားလုံရရှိနိုင်သည် မဟုတ်ပါ။ မြေတွင် စိမ့်ဝင်ပြီး ဓါတ်ပြောင်းကာ N2O, NO-gas များအဖြစ် ပျောက်ဆုံးသွားနိုင်ပါသည်။
မိမိစိုက်ခင်းမြေတွင် ထည့်သွင်းရမည့် နိုက်ထရိုဂျင် (N) မြေသြဇာပမာဏမှာ သီးနှံအမျိုးအစား မျှော်မှန်းအထွက်နှုန်း၊ O.M ပါဝင်မှု၊ ယခင်စိုက်ပျိုးသော သီးနှံနှင့် ထည့်သွင်းမည့် သဘာဝမြေသြဇာ Manure တို့ အပေါ်မူတည်ပါသည်။
နိုက်ထရိုဂျင် ချို့တဲ့မှုလက္ခဏာ
-စပါးပင်သည် နိုက်ထရိုဂျင် (N) ချို့တဲ့ပါက အောက်ရွက်များမှ စကာ ၀ါလာပြီး အပင်ခြောက် သွားခြင်း၊ ကြီးထွားမှု ရပ်တန့်ခြင်း၊ အရွက် သေးငယ်ခြင်း၊ ပင်ပွားနည်းခြင်း၊ အနှံပါပင်ပွားနည်းခြင်း၊ တစ်နှံပါအောင်စေ့နည်းခြင်း၊ အထွက်သိသာစွာ ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေ ပါသည်။
– စပါးပင် N လိုအပ်မှုမှာ တစ်ကွက်နှင့် တစ်ကွက်၊ တစ်ကွင်း နှင့် တစ်ကွင်း တူညီမည် မဟုတ်ဘဲ ကွဲပြာခြားနားသော အရောင်ဖြင့် ပြသ ရမည်ဖြစ်ပါသည်။ ထိုအခါ စီမံခန့်ခွဲသူသည် စပါးပင် နိုက်ထရိုဂျင် (N) လိုအပ်မှုကို တိကျစွာ သိရှိရန် (လိုအပ်သောအချိန်၊ လိုအပ် သော ပမာဏကို) လိုအပ်ပါသည်။ လိုအပ်ချိန်တွင် ဖြည့်တင်းမပေးမည့်ပါက အထွက်ကို ထိခိုက်နိုင်သကဲ့သို့ လိုအပ်သည်ထက် ပိုမို ကျွေးမိပါ က မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ (ဥပမာ – ပိုးမွှားရောဂါ ကျရောက်မှု) ကို ကြုံတွေ့နိုင်ပါသည်။ထို့ကြောင့် သီးနှံပင် နိုက်ထရို ဂျင် (N) လိုအပ်မှုကို တိကျစွာ တိုင်းတာနိုင်ရန် Chlorophyll meter (SPAD) ကို အသုံးပြုလာကြပါသည်။
SPAD reading နှင့် L.C.C reading ချိတ်ဆက်ပုံ
- လက်တွေ့တွင် chlorophyll meter အစား leaf color chart (LCC) ကို ကျယ်ပြန့်စွာ အသုံးပြုလာပြီဖြစ်ပါသည်။ LCC မှ စပါး အရွက်၏ အစိမ်းရောင် အနုအရင့် Tone color အလိုက် နံပါတ် ၁ မှ ၆ ထိ ပေးထားပြီး ၄င်းနှင့် ညီမျှသော SPAD meter နံပါတ် များမှာ ဖော်ပြပါအတိုင်း ဖြစ်ပါသည်။ Chlorophyll meter နှင့် LCC တို့၏ အခြေခံသဘောတရားမှာ စပါးအရွက်ရှိ Chlorophyll စိမ်းရောင်ခြယ် အနု၊ ရင့်ပေါ်မူတည်ကာ N လိုအပ်မှုကို ခွဲခြားထားခြင်းဖြစ်ပြီး LCC နံပါတ် (၄)၊ SPAD နံပါတ် ၃၆.၂ သည် စပါး ရွက် တစ်စတုရန်းမီတာတွင် N (၁.၄ မှ ၁.၅gm ) ပါဝင်သည်ဟု ရည်ညွှန်းပါသည်။
LCC ကဒ်အသုံးပြုပုံ
၁။ LCC ကဒ်ဖြင့် အရောင်တိုင်းခြင်းကို စပါးပင်ရွှေ့ပြောင်းစိုက်ပြီး (၁၄) ရက်သားမှ (၂၁) ရက်သားတွင် စတင်ပြီး ပန်းစပွင့်သည့်အချိန် အထိ ဆောင်ရွက်ရသည်။
၂။ စပါးခင်းရှိ ရောဂါပိုးမွှားပျက်စီးမှုမရှိသော အပင်ပေါက်ညီညာသော အခင်းမှ အနည်းဆုံး အရွက် (၁၀)ရွက်ကို ကျပန်းစနစ်ဖြင့် တိုင်း တာရသည်။
၃။ ကောက်မြုံတစ်မြုံရှိ ကောင်းစွာ ကြီးထွားပြန့်ကားပြီးသော အပေါ်ဆုံးအရွက်ကို တိုင်းတာရမည်။
၎။ အရွက်အလယ်ပိုင်းအရောင်နှင့် LCC ကဒ်အရောင်ကို နှိုင်းယှဉ်တိုင်းတာရမည်။
၅။ LCC တိုင်းတာခြင်းကို စပါးခင်းတွင်ပင် ဆောင်ရွက်ရန်ဖြစ်ပြီး အရွက်ကို ဖြတ်ယူတိုင်းတာခြင်း မပြုလုပ်ရပါ။
၆။ LCC ကဒ်ပေါ် နေရောင်တိုက်ရိုက်မကျရောက်ရန် မိမိကိုယ်ဖြင့် ကွယ်၍ တိုင်းတာရမည်။
၇။ ဖြစ်နိုင်လျှင် LCC တိုင်းတာခြင်းကို အချိန်မှန်မှန်နှင့် တစ်ဦးတည်းက ဆောင်ရွက်ရမည်။
၈။ တစ်ပတ်ခြား (သို့) ၁၀ရက်ခြား တစ်ခါတိုင်းတာပြီး
၉။ အရွက်(၁၀)ရွက် အနက် (၅)ရွက် ကျော်မှ Critical Value ကို ပြသပါက Fertilizer ကျွေးပေးရန် ဖြစ်ပါသည်။ (၃၀ ပေါင်/ဧက နှုန်း)
စပါးပင်မှ နိုက်ထရိုဂျင်(N) အာဟာရလိုအပ်ကြောင်း ပြသသည့် Critical Value ကို အောက်ပါအတိုင်း မျိုးအလိုက် တွေ့ရှိနိုင်ပါသည်။
မျိုး/ စိုက်စနစ် Critical Value
Semidwarf indica မျိုး- တိုက်ရိုက်အစေ့ချစိုက် ၃
Scented/aromatic မျိုး- ပျိုးထောင်စိုက် ၃
Semidwarf indica မျိုး- ပျိုးထောင်စိုက် ၎
Hybrid variety မျိုး- ပျိုးထောင်စိုက် ၎
စိုက်ပျိုးရေးဦးစီးဌာန
The post ယူရီးယားဓါတ်မြေသြဇာထဲမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်၏ အရေးပါပုံ appeared first on Myanmar Farmers' Portal.