Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠ရှောက်မျိုး⁠နွယ်ဝင်အပင်များထဲမှ ဂရိတ်ဖရုစိုက်ပျိုးနည်း အပိုင်း – (၂)

$
0
0

၉။ ပိုးမွှားများ

(က) Citrus psylla

အညွန့်သစ်ထွက်ချိန်တွင် Monocrotophos ၀.၁၃၅% သို့မဟုတ် Phosphomidon ၀.၀၃% ဖျန်းပေးပါ။

(ခ) ပျပိုး (Aphids)

Monocrotophos ၀.၀၂၅%၊ Phosphomidon ၀.၀၃% သို့မဟုတ် parathion ၀.၀၃%။

(ဂ) အကြေးပိုး (Scale insect)

Dimethoate ၁၅၀ စီစီ + ရေနံဆီ ၂၅၀ စီစီကို ရေလီတာ ၁၀၀ တွင် ဖျော်၍ ပက်ဖျန်းပါ။ တမာဆီကို ဆပ်ပြာရည် နှင့် ဖျော်၍လည်း သုတ်လိမ်း ကာကွယ်နိုင်ပါသည်။

(ဃ) ပင်စည်ဖော်ပိုး (Stem borer)

ပိုးပေါက်အတွင်းသို့ ဓါတ်ဆီ သို့မဟုတ် Carbodisulphide ၀.၀၁% ကို ထိုးသွင်းပြီး ပိုးပေါက်ကို ရွှံ့ဖြင့် ပိတ်ပါ။ Cypermethrin ၀.၀၀၁%။

(င) ရွက်ထွင်းပိုး (Leaf minor)

Monocrotophos ၀.၀၅% သို့မဟုတ် Fenvelerate ၀.၀၁% သို့မဟုတ် Pagan  100 သို့မဟုတ် Cypermethrin ၀.၀၀၁% ထည့်ဖျန်းပါ။ ရှောက်မျိုးနွယ်ဝင် အပင်များတွင် ဤပိုးမှာ ဆိုးရွားစွာ ကျရောက်လေ့ ရှိပါသည်။ ဆေးဖျန်းရမည့်အချိန်မှာ ရွက်ဖူးထွက်နေစဉ် ကာလတွင် အချိန်မီ ဖျန်းရပါမည်။ အချိန်မီ သင့်တော် သော ဆေးကို နှုန်းထားမှန်ကန်စွာ ပက်ဖျန်းရန် အထူးလိုအပ်ပါသည်။

၁၀။ ရှောက်မျိုးနွယ်ဝင်အပင်ရောဂါများ

ဗိုင်းရပ်စ်ရောဂါများ

ရှောက်မျိုးနွယ်ဝင်အပင်များသည် ဗိုင်းရပ်စ်၊ မိုင်ကိုပလပ်စ်စမာနှင့် ဗိုင်းရပ်စ်နှင့်တူသော သက်ရှိ (Virus like organism) များကို ခံနိုင်ရည်မရှိကြပါ။ ၎င်းတို့ကြောင့်ဖြစ်သော ရောဂါများမှာ Tristeza, Greening, Xyloporosis, Exocortis,Psorosis စသည့်ရောဂါများ ပါဝင်ပါသည်။ ရောပါများ ကာကွယ်နှိမ်နင်းရန် ဗိုင်းရပ်စ် ကင်းသောပျိုးပင်များ စိုက်ပျိုးခြင်း၊ ရောဂါသယ်ဆောင်ပိုးများ ကာကွယ်နှိမ်နင်ခြင်း၊ ရောဂါကျရောက်မှု ပြင်းထန်သော အပင်များအား ဖျက်ဆီးခြင်းများ ပါဝင်ပါသည်။

မှိုရောဂါများ

(က) Phytophthora rot, Foot rot, Collar rot, Crown rot, Brown rot, Gummosis (အစေးထွက်) စသည့်ရောဂါများ

အရွက်ကြွေခြင်းမှ ကာကွယ်ရန် မိုးဦးကာလတွင် ၁% ဘော်ဒိုးဆေးရည်နှင့် ၅% ဇင့်ဆာလဖိတ် ရောဖျန်းပါ။ Stump rot (သစ်ငုတ်ပြတ်ပုပ်ရောဂါ) အစေးထွက်ရောဂါအတွက် ပင်စည်၊ အကိုင်းပြတ်နေရာကို ၁၀% ဘော်ဒိုးဆေးရည်အဖြစ်ဖြင့် သုတ်လိမ်းပါ။ ဒီဒိုမေး ၂၅% ဆေးရည်၊ ၀.၂% Foltaf,Alliete ကို ရေဖျော်၍ မြေကြီးတွင် လောင်းထည့်ပေးခြင်း သို့မဟုတ် Phytophthora ရောဂါခံနိုင်ရည်ရှိသော အောက်ခံပင်ကို အသုံးပြု စိုက်ပျိုးပါ။

(ခ) Powdery mildew (ဖားဥမှိုရောဂါ)

ရေဖျော်ကန့်မှုန့် (ကန့်တစ်ကီလိုကို ရေလီတာ ၂၀၀ တွင် ဖျော်ရန်) သို့မဟုတ် Calixin သို့မဟုတ် Bavistin ပက်ဖျန်းပါ

  • Pink disease – ရောဂါရအပိုင်းများကို ဖြတ်တောက်ပါ။ ၁% ဘော်ဒိုးဆေးရည် သို့မဟုတ် Biltx ၀.၂% ကဲ့သို့သော ကြေးနီမှိုသတ်ဆေးဖြင့် ဖျန်းပါ။

ဘက်တီးရီးယားရောပါများ

(က) Cirtus canker (ကင်ကာ) – သံပရာတွင် ဆိုးရွားစွာ ကျရောက်သည်။ ထွက်လာသော အညွန့်သစ်များကို ၁% ဘော်ဒိုးဆေးရည်ဖြင့် ဖျန်းပါ။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post ⁠ရှောက်မျိုး⁠နွယ်ဝင်အပင်များထဲမှ ဂရိတ်ဖရုစိုက်ပျိုးနည်း အပိုင်း – (၂) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles