Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ပင်စည်ထိုးယင် ကာကွယ်နည်းအကြောင်း

$
0
0

Bean stem fly

သိပ္ပံအမည်      –  Ophiomyia phaseoli Tryon

မျိုးစဉ်            –  Diptera:

မျိုးစဉ်            – Agromyzidae

လက္ခံပင်များ (Hosts)

ပဲမျိုးစုံ

ဖျတ်ဆီးမှုလက္ခဏာ (Symptoms)

အရွက်များမပြန့်သေးမီ အရွယ်တွင် စတင်ကျရောက်ဖျတ်ဆီးတတ်သည်။ အပင်ငယ်စဉ် ကျရောက်ဖျက်ဆီးပါက အပင်ငယ်များ ညှိုးနွမ်းနေပြီး သေသွားတတ်သည်။ အပင်ကြီးများတွင် ကြီးထွားမှုရပ်တန့်သွားသည်။ ပိုးတုံးလုံးများမှာ အရွက်များတွင် လှိုင်ထွင်းပြီးအထဲ တွင်နေထိုင် စားသောက်တတ်သဖြင့်အရွက်များနောက်ဆုံးတွင် ခြောက်သွေ့သွား တတ်သည်။ အရွက်မှ တစ်ဆင့်မြေကြီးနှင့် ကပ်လျက် ရှိသော ပင်စည်များကို ထွင်းဖေါက်ကာ ပင်စည်တွင်း၌ နေထိုင်စား သောက်ဖျက်ဆီးသည်။ပင်စည်အခြေတွင် တခါတရံဖေါင်းကာ အက်ကွဲနေတတ်သည်။

ရုပ်သွင် လက္ခဏာ (Morphology)

ဥများ (Eggs)

အဖြူရောင်ဘဲဥပုံဖြစ်သည်။ အလွန်သေးငယ်သည်။

ပိုးတုံးလုံးများ

အဖြူရောင်ဖြစ်ကြပြီး အနက်ရောင်မေးရိုးပါရှိသည်။ ခန္ဓာကိုယ်ဆလင်ဒါပုံဖြစ်သည်။

ပိုးရုပ်ဖုံး

အညိုဖျော့ရောင်ဖြစ်သည်။ ဦးခေါင်းဝါညိုရောင် ဖြစ်သည်။

အကောင်ကြီးများ

တောက်ပြောင်သော အနက်ရောင်ရှိသည်။ အရွယ်အစားသေးငယ်ကြသည်။

ကာကွယ်နှိမ်နင်းခြင်း

ပဲသီးနှံတစ်မျိုးထဲ နှစ်စဉ်ဆက်တိုက်မစိုက်ပျိုးရပါ။ ရိပ်သိမ်းပြီး အပင်အကြွင်းအကျန်များကို ရှင်းလင်းပေးရမည်။ ညှိုးသေနေသော အပင်ငယ်များကို နှုတ်ပြီး မီးရှို့ဖျက်ဆီးပစ်ရမည်။

အယ်ဒီကပ်၊ ကာဘိုဖျူရမ်၊ ပိုရိတ်၊ စသည်တို့ဖြင့် မျိုးစေ့ကို လူးနယ်ပြီးစိုက်ပျိုးပါ။ ကာဘိုဆာလ်ဖန်၊ အဆီဖိတ်၊ အဆီ တာမီပရမ်၊ စသော အင်းဆက်ပိုးသတ်ဆေးများအသုံးပြုကာကွယ်နှိမ်နင်းနိုင်သည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

 

The post ပင်စည်ထိုးယင် ကာကွယ်နည်းအကြောင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>