Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

သစ္စာပန်း စိုက်ပျိုးနည်း

$
0
0

ရာသီဥတု

အကောင်းဆုံးရာသီဥတုအခြေအနေ (အေးမြသော ရာသီလိုအပ်မှု) ကို ပြုလုပ်ပေးခြင်းဖြင့် တစ်နှစ်ပတ်လုံး ပန်းရရှိစေနိုင်ပါသည်။ စိုက်ပြီးရက် ၉၀ – ၁၀၀ တွင် ပန်းပွင့်ပါသည်။

အေးမြသော ရာသီတွင် သစ္စာပန်းဥများကို အပူချိန် ၂၇ံC – ၃၂ံC စင်တီဂရိတ်၌ ထားရှိပေးရပါမည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အချို့သော သစ္စာပန်းဥများကို ပန်းပွင့်ချိန်စောစေပါသည်။ ပူနွေးသော ရာသီဥတုတွင် မစိုက်ပျိုးမီဥများကို ပြင်းအား ၁၀ – ၁၅ ppm ရှိသော GA3 ဖျော်ရည်ထဲတွင် စိမ်ပေးခြင်းဖြင့် ပန်းပွင့်မှု မြန်စေသည်။

မှတ်ချက်။          ။ GA3 ကို သုံးစွဲရာမှာ အချိုးညီမျှစွာ ချိန်ဆသုံးစွဲရန် လိုအပ်ပါသည်။

စိုက်ပျိုးနည်း

သစ္စာပန်းသည် ဥကို စိုက်ရသော ပန်းမျိုးဖြစ်သည်။ သစ္စာပန်း အပင်ကောင်း၍ အပွင့်ကောင်းအောင် စိုက်နည်းမှာ မြေကို ညက် အောင်ဆွ၍ မြေပေါင်ကလေးများ ချပေးပြီး မြေနှင့် သမပါ။ ထို့နောက် အပေါ်မှ သဲခင်းပေးပါ။ ထိုသဲတွင် သစ္စာပန်းဥကို မြှုပ်စိုက်ပါ။ သစ္စာပန်းဥကို နွားချေး၊ မြေဆွေးမြေသြဇာများနှင့်  မထိရပါ။ ထိလျှင် ဥပျက်စီးသွားတတ်သည်။ ထိုဥမှ ပေါက်လာသည့် အမြစ်များနှင့်သာ  မြေသြဇာများနှင့် တွေ့ထိရန် လိုအပ်သည်။

သစ္စာပန်း စိုက်ရာတွင် ဂရုစိုက်ရန် အချက်တစ်ချက်မှာ သစ္စာပန်းများကို စိုက်ပြီးနောက် မည်သည့်မြေသြဇာမျှ မကျွေးရန်ပင်ဖြစ်သည်။ စောစောကြို၍ ကျွေးထားပါ။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post သစ္စာပန်း စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>