Woon Looktan Ka-Noon Cheum
ပိန္နဲသီး ကျောက်ကျောက ပြုလုပ်ရတာ လွယ်သလို အရသာလည်း ရှိလှပါတယ်။ သူကအရှေ့တိုင်းရဲ့ ထူးကဲတဲ့ အနံ့ အရသာကို ပြနိုင်တဲ့ အချိုပွဲပါ။ စမ်းသပ်ပြီး မြည်းစမ်းကြည့်သင့်တဲ့ စားစရာဖြစ်ပါတယ်။
တစ်ပွဲစာ ပိန္နဲသီးကျောက်ကျော ပြုလုပ်ဖို့ ပါဝင်တဲ့ ပစ္စည်းများ
(၁) ကျောက်ကျောမှုန့် ၅ ဂရမ်၊
မာတာကြိုက်ရင် ပိုထည့်နိုင်ပါတယ်။
(၂) ရေသန့် ၅၀၀ ဂရမ် (၂ခွက်)
(၃) သကြား ၂၀၀ ဂရမ် (၁ ခွက်)
(၄) ဆားနည်းနည်းလေး (အရသာလေးပါရုံ)
(၅) ပိန္နဲသီးမှည့်ပြုတ်ထားတဲ့ အရည် ၁၀၀ ဂရမ် (ခွက်တစ်ဝက်)
(၆) ပိန္နဲသီး အသားလှီးထားတာလေးတွေ ၁၀၀ ဂရမ် ( ခွက်တစ်ဝက်)
ပြုလုပ်ပုံအဆင့်ဆင့်
(၁) ရေ နဲ့ ကျောက်ကျောမှုန့်ရောပါ။ ကျောက်ကျောမှုန့်များ ပျော်ဝင်သည်အထိမွှေပြီး ကျိုချက်ပါ။
(၂) ဆူလာသောအခါ ပိန္နဲသီးမှည့်ပြုတ်ထားတဲ့ အရည်နဲ့ ဆား၊ သကြား ထည့်မွှေပါ။ ပျော်ဝင်သွားရင် မီးဖိုပေါ်က ချပါ။
(၃) ပိန္နဲသီး အသားလှီးထားတာလေးတွေထည့်ဖို့ အသင့်ပြင်ထားတဲ့ ပုံစံခွက် (သို့) ဗန်းထဲထည့်ပါ။ သူ့အပေါ်က ကျောက်ကျောအရည်ကျိုထားတာကို ဖြည်းဖြည်းလောင်းထည့်ပါ။
(၄) အေးခဲသွားအောင် ခဏစောင့်ပါ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။
(၅) သုံးဆောင်တည်ခင်းချိန်ရောက်မှ ထုတ်ပြီး ပန်ကန်ပြားပေါ် မှောက်ချပါ။ ဗန်းနဲ့ လုပ်ထားတယ်ဆိုလည်း အဲဒီအချိန်မှာ ကြိုက်နှစ်သက်တဲ့ အရွယ်အစားနဲ့ ပုံစံကို လှီးဖြတ်တည်ခင်းနိုင်ပါတယ်။
Pissaya_Inf0
The post ပိန္နဲသီး ကျောက်ကျော appeared first on Myanmar Farmers' Portal.