Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

အုန်းနို့ကော်ဖီကျောက်ကျော

$
0
0

၈ယောက်စာအတွက် ပါဝင်ပစ္စည်း

ကော်ဖီအလွှာ

ရယ်ဒီမိတ် ကော်ဖီထုပ်မှ အမှုန့် ၁ ဇွန်း

ရေနွေး ၂ ဇွန်း

ကျောက်ကျော ၂ ဇွန်း

ရေ ၇၅၀ မီလီ (၃) ခွက်

သကြား ၂၀၀ ဂရမ်

အုန်းနို့အလွှာ

ကျောက်ကျောမှုန့် ၁ ဇွန်း

ရေ ၂၅၀ မီလီ (၁ ခွက်)

အုန်းနို့ ၃၇၅ မီလီ (၁ ၁/၂ ခွက်)

သကြား ၅၀ ဂရမ်

ဆားနည်းနည်း

 

ပြုလုပ်ပုံ

ပြင်ဆင်ချိန်       – ၃၀ မိနစ်

ချက်ပြုတ်ချိန်    – ၁၅ မိနစ်

အဆင်သင့်ဖြစ်ချိန်        -၄၅ မိနစ်

(၁) ရေ ၂ ဇွန်းနဲ့ ကော်ဖီမှုန့်ပျော်အောင်ဖျော်ပါ။

(၂) အိုးငယ်တစ်လုံးထဲ ရေ၊ ကျောက်ကျောမှုန့်၊ သကြား၊ အားလုံး ထည့်ကျိုပါ။

(၃) မီးမျှင်းမျှင်းနဲ့ပဲ ကျိုပါ။ သကြားပျော်တာနဲ့ ကော်ဖီရည်ထည့်ပြီး မွှေပေးပါ။

(၄) မီးဖိုပေါ်က ချပြီးရေနွေးထည့်ထားတဲ့ ဇလုံထဲအိုးကို ထည့်စိမ်ထားပါ။

(၅) အုန်းနို့အလွှာကို နောက်တစ်အိုးနဲ့ ကျိုပါ။

(၆) ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး မွှေပေးနေပါ။

(၇) နည်းနည်းပျစ်လာရင် မီးဖိုပေါ်ကချပြီး စောစောက အိုလိုပဲ ရေနွေး ဇလုံတစ်ခုထဲ စိမ်ထားလိုက်ပါ။

(၈) ထည့်မဲ့ ပုံစံခွက်လေးတွေ အသင့်ပြင်ပါ။

(၉) တစ်လွှာခြင်းထည့်လိုက်၊ အအေးခံလိုက် နောက်တစ်လွှာဖြည့်လိုက် လုပ်ပါ။

(၁၀) မုန့်ဖုတ်တဲ့ ခဲစက္ကူခွက်လေးတွေ သုံးလို့ရပါတယ်။

(၁၁) မိမိစိတ်ကြိုက်တစ်ခုခုနဲ့ လုပ်လို့လဲရပါတယ်။

(၁၂) ပထမအလွှာခဲပြီး လက်နဲ့ ဖြည်းဖြည်းတို့ကြည့်လို့ လက်မှာကပ်ပါမလာဘူးဆို နောက်တစ်ထပ်လုပ်လို့ ရပါပြီ။

(၁၃) ရေနွေးစိမ်ဇလုံထဲ ရေနွေးအေးသွားရင် အပူနဲ့ လဲပေးပါ။

(၁၄) ရေခဲသေတ္တာထဲ အအေးခံထားပြီး တည်ခင်းချိန်ကျမှ ထုတ်ယူပါ။

Pissaya Info

 

 

The post အုန်းနို့ကော်ဖီကျောက်ကျော appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>