ပါဝင်ပစ္စည်းများ
၁။ ပန်းဂေါ်ဖီပွင့် ၅၀၀ ဂရမ် (၃၀ ကျပ်သား)
၂။ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၅ ဇွန်း
၃။ သကြား စားပွဲဇွန်း ၂ ဇွန်း
၎။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ဆီ ၂၅၀ ဂရမ် (၅၀ ကျပ်သား)
၆။ ဂျင်း ၂၅ ဂရမ် (၁.၅ ကျပ်သား)
၇။ ကြက်သွန်ဖြူ ၈၅ ဂရမ် (၅ ကျပ်သား)
၈။ ငြုပ်သီးမှုန့် ၂၅ ဂရမ် (၁.၅ ကျပ်သား)
၉။ သနပ်မဆလာ ၄၀ ဂရမ် (၂.၅ ကျပ်သား)
၁၀။ မုန့်ညင်းစေ့ ၄၀ ဂရမ် (၂.၅ ကျပ်သား)
၁၁။ ဇီယာ စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်ပုံအဆင့်အဆင့်
၁။ ပန်းဂေါ်ဖီပွင့်များကို အခက်သေးများလှီးကာ ရေဆေးပြီး တစ်နေလှမ်းပါ။
၂။ နွမ်းလာလျှင် ရှာလကာရည် (၃) ဇွန်း၊ သကြား၊ ဆား တို့ဖြင့် ရောနယ်၍ နှပ်ထားပါ။
၃။ နောက်နေ့တွင် နေ့ဝက်ခန့်နေလှမ်းပါ။
၎။ ဂျင်းအချောင်းများလှီးကားဆီသပ်၍ ကျန်ရှာလကာရည်၊ ငြုပ်သီးမှုန့်၊ မဆလာထည့်မွှေပါ။
၅။ ဆူလာလျှင် ပန်ဂေါ်ဖီထည့်မွှေပါ။
၆။ မုန့်ညင်းစေ့၊ ဇီယာ ရောထည့်၍ သမအောင် မွှေပြီးဖိုမှချပါ။
၇။ အေးစပြုလာလျှင် ကြက်သွန်ဖြူထည့်မွှေကာ သန့်ရှင်းခြောက်သွေ့သည့် ပုလင်းထဲတွင် ဆီမြှုပ်အောင် ထည့်ထားပါ။
Pissaya Info
The post ပန်းဂေါ်ဖီသနပ် ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.