Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးအထွက်နှုန်းတိုးတက်မြင့်မားရေးကို အဆုံးအဖြတ်ပြုသော မိတ်ဖက်များ

$
0
0

စပါးစိုက်ပျိုးထုတ်လုပ်ရေး၏ အဓိကရည်မှန်းချက်ပန်းတိုင်သည် စပါးအထွက်နှုန်းတိုးတက်မြင့်မားရေးပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ စပါး အထွက်နှုန်းမြင့်မားရေးကို အဆုံးအဖြတ်ပေးသော အကြောင်းရင်းများကို လေ့လာစမ်းစစ်ရန် အထူးလိုအပ်ပါသည်။ စပါးအထွက်နှုန်း တိုးတက်မြင့်မားစေသည့် အဓိကမိတ်ဖက် (Yield Componeny) (၄) ရပ်ရှိပါသည်။

(က) တစ်မီတာပတ်လည်အတွင်းရှိ အနှံအရေအတွက် (Number of Panicles per m2)

(ခ) အနှံတစ်နှံခြင်းရှိ အစေ့အရေအတွက် (Number of  Grains per Panicle)

(ဂ) အောင်စေ့ရာခိုင်နှုန်း (Percentage of Ripened Grains) နှင့်

(ဃ) အစေ့(၁၀၀၀) အလေးချိန် (1000 Grain Weight) တို့ ဖြစ်ပါသည်။

အနှံအရည်အတွက်များစေရန် ဆောင်ရွက်ရမည့်  နည်းလမ်းများ

အနှံသည် ကြီးမားပြီးသန်စွမ်းရမည်။ အဘယ်ကြောင့်ဆိုသော် သေးငယ်ပြီး လှီသော အနှံများသည် အောင်စေ့ရာခိုင်နှုန်း (Percentage of Ripened Grains) ကျဆင်းစေသည့်အပြင် စပါးပင်၏ ဇီဝကမ္မလုပ်ငန်းပိုင်းကို ကျဆင်းနိုင်သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့်   သေးလှီသော ပင်ပွားများထွက်ရှိ မလာအောင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။ တုတ်ခိုင်သန်စွမ်းသော ပင်ပွားများ ပွားစည်းလာအောင်   ဆောင်ရွက်ရမည့် နည်းလမ်း(၇) သွယ်ရှိပါသည်။

၁။ ကျမ်းမာသန်စွမ်းသော ပျိုးပင် (Healthy Seedlings) များ ရရှိအောင် ပျိုးထောင်ခြင်း။

၂။ လုံလောက်သော မြေခံ မြေသြဇာ(Basal Fertilizer) ထည့်သွင်းခြင်း။

၃။ ကောက်စိုက်ရာတွင် (၁-၁.၅) လက်မ အနက်စိုက်ပျိုးခြင်း (Shal-low Transplanting)။

၎။ ကောက်စိုက်ပြီးနောက် ကောက်ပင်၏ အမြစ်များထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ခြင်း။

၅။ ဂရုတစိုက်ပြုစုစောင့်ရှောက်ခြင်း (Careful Management)။

၆။ ကောက်ကွက်စိတ်စိတ် စိုက်ပျိုးခြင်း (Narrow Spacing)။

၇။ အနှံမထွက်နိုင်သော ပင်ပွား (Non-bearing Tillers) များပွားများခြင်း နည်းပါးအောင် ဆောင်ရွက်ခြင်း။

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

 

 

The post စပါးအထွက်နှုန်းတိုးတက်မြင့်မားရေးကို အဆုံးအဖြတ်ပြုသော မိတ်ဖက်များ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>