စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ပိုးသတ်ဆေး အချို့၏ အရည်အချင်းလက္ခဏာ appeared first on Myanmar Farmers' Portal.
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ပိုးသတ်ဆေး အချို့၏ အရည်အချင်းလက္ခဏာ appeared first on Myanmar Farmers' Portal.
ပါဝင်ပစ္စည်းများ
၁။ မှည့်ကာစငှက်ပျောသီး ၂ ဖီး
၂။ ဆန်မှုန့် ၀.၅ ကီလို
၃။ ဆား ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
၎။ အုန်းသီးဆံမျှင် ၀.၅ ခွက်
၅။ နှမ်း အနည်းငယ်
၆။ သကြား(ထန်းလျှက်မှုန့်) ၃ ဇွန်း(ထမင်းစားဇွန်း)
၇။ အုန်းနို့ ၂ ခွက်
၈။ ထုံးရေကြည် ၀.၅ ခွက်
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဆန်မှုန့်၊ သကြား(ထန်းလျှက်မှုန့်)၊ အုန်းသီးဆန်မျှင်၊ အုန်းနို့နှင့် ထုံးရေကြည်တို့ကို သမစွာ ရောမွှေပါ။
(အရသာချိုမည်၊ အနည်းငယ်ငန်မည်၊ အုန်းသီးဆန် နှင့် အုန်းနို့မှာ ဆီအနည်းငယ်ဝေ့မည်။)
၂။ အရသာထူးကဲလိုပါက ဆွမ်းမွှေးရွက်အရည်ကို ထပ်မံရောပါ။
၃။ နှမ်းအနည်းငယ် ဖြူးပါ။
၎။ ငှက်ပျော်သီးကို အရှည်လိုက် ၄-၅ ပိုင်းခန့်လွှာ၍ အထက်ပါအရည်တွင် စိမ်ပါ။
၅။ အ၀ါရောင်သန်းလာသည်အထိ ဆီတွင်နှစ်၍ ကြော်ပါ။
၆။ ၎င်းငှက်ပျောကြော်သည် အရသာရှိပြီး နှမ်းပါသောောကာင့် အနံ့မွှေးကြိုင်မည်။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post အုန်းနို့ငှက်ပျောကြော် ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.
၁။ ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့်မျိုးကို ရွေးချယ် စိုက်ပျိုးပါ။ (ကီလိုမာလကာ၊ ပန်းသီးမာလကာ)
၂။ အရည်အသွေးနှင့် အထွက်ကောင်းမွန်သည့်အပင်မှ မြေထုပ်စည်းပျိုးအင်များကို အသုံးပြုပါ။
၃။ ပင်ကြား၊ တန်းကြား (၁၅’×၁၅’) စိုက်စနစ်ဖြင့် တစ်ဧကပင်ရေ (၁၉၀) ၀င်ဆန့်အောင် စိုက်ပါ။
၎။ စိုက်ကျင်းအရွယ် (၃’×၃’) တွင် အပေါ်ယံမြေသားနှင့် မြေဆွေးဆတူရောစပ်၍ ကျင်းစာကျွေးပါ။
၅။ စိုက်ခင်းတွင် မြေပြင်မှ (၃) အမြင့်ထိ ပင်စည်တစ်ခုတည်းထားသော စနစ်ကို ကျင့်သုံးပြီး ကိုင်းမ (၃-၅) ကိုင်းစနစ်ဖြင့် ပြုပြင်မွေးမြူပါ။
၆။ အပင်ကြီးများတွင် အပင်အတွင်းဘက် အလင်းရောင်ကောင်းစွာရရှိပြီး၊ ရောဂါကျရောက်မှု သက်သာစေရန် အလယ်ဖွင့် ပုံသွင်းနည်း စနစ် (Open Center) ဖြင့် မွေးမြူ ပုံသွင်းပါ။
၇။ အသီးခူးပြီးတိုင်း ရေတက်များ၊ ကိုင်းသေ၊ ကိုင်းညှပ်များ ရောဂါရကျုင်းများ၊ အတွင်းဘက်လှည့်ထွက်သော ကိုင်းများ၊ မြေကြီးနှင့် ထိနေ သောကိုင်းများကို ရှင်းလင်းဖြတ်တောက်ဖယ်ရှားပါ။
၈။ ပင်ခြေပတ်လည်ပေါင်းရှင်းခြင်းကို တစ်နှစ်ပတ်လုံး အမြဲမပြတ်ဆောင်ရွက်ပါ။
၉။ ပန်းမပွင့်မီအချိန်မှ အသီးရင့်မှည့်ချိန်ထိ အစိုဓါတ်မပြတ်စေရန် အမြဲမပြတ်ဆောင်ရွက်ပါ။
၁၀။ ဓါတ်မြေသြဇာများကို အပွင့်ပွင့်စတွင် တစ်ကြိမ်၊ မိုးဦးတွင် တစ်ကြိမ်၊ မိုးနှောင်းတွင် တစ်ကြိမ် (၃) ကြိမ်ခွဲ ၍ကျွေးပါ။ တစ်ပင်လျှင် တစ်နှစ် (၃) ပေါင်မှ (၁၀) ပေါင်အထိ ကျွေးပါ။
၁၁။ ဓါတ်မြေသြဇာကျွေးတိုင်း သဘာဝမြေသြဇာကို တစ်ပင်လျှင် (၂-၅) တောင်းခန့် ကျွေးပါ။
၁၂။ သီးကင်းဝင်စအချိန်မှစ၍ Thrip ပိုးစေးနဲ နှင့် ပျပြား ကာကွယ်ရန် သင့်တော်သည့် ပိုးသတ်ဆေးများကို ပက်ဖျန်းကာကွယ်ပါ။
၁၃။ သီးထိုးယင်ပေါက်ပွားမှုနှုန်းနည်းစေရန် မီသိုင်းယူဂျီနောဆေးဖြင့် သီးထိုးယင်ထောင်ခြောက်ကို အသုံးပြု၍ သီးထိုးယင်ကျရောက်မှု ပမာဏကို ခန့်မှန်းပြီး၊ အသီးများကို အိတ်စွပ်ပေးပါ။
၁၄။ ငှက်မျက်စေ့ကွက်ပျောက်ရောဂါ၊ ကြပ်ခိုးဆွဲရောဂါများကို (၅း၅း၅၀) ဘော်ဒိုဆေးရည်ဖြင့် ပက်ဖျန်းကာကွယ် နှိမ်နင်းပါ။
၁၅။ အပင်သက်တမ်းအလိုက် သင့်တော်သည့် အသီးအရေအတွက်ကို ထားပြီး သီးညှပ်များကို ချွေပစ်ပါ။
စိုက်ပျိုးရေးနည်းပညာ
The post မာလကာသီး အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်မြင့်မားစေသည့် အချက်များ appeared first on Myanmar Farmers' Portal.
မြန်မာအမည် – လောက်သေပင်
အင်္ဂလိပ်အမည် – –
ရုက္ခဗေဒအမည် – DESMODIUM TRIQUETRUM DC
မျိုးရင်း – PAPILIONACEAE
ပုံသဏ္ဍာန်။ ။ လောက်သေပင်သည် ပင်ပျော့ပင်ငယ် သက်ပြင်းမျိုးဖြစ်သည်။ အမြင့် (၅)ပေ မှ (၆)ပေ ခန့်ထိ မြင့်သည်။ ပင်စည် မွဲခြောက်ခြောက်ရောင် ရှိသည်။ အကိုင်းအခက်များ အညိုရောင်ရှိသည်။ အရွက်သည် ရွက်လွှဲထွက်သည်။ လှံသွားပုံရှိသည်။ အလျား (၆)လက်မ၊ အနံ (၂) လက်မခန့် ရှိသည်။ ရွက်ထိပ်ချွန်၏ အပေါ်မျက်နှာပြင်တွင် သေးငယ်သောဆူးကလေးများ ရှိသည်။ ရွက်ညှာပါ ရှိသည်။ ရွက်ညှာရင်းတွင် ရွက်စွယ် အဖတ်လေးများ ရှိသည်။ အပွင့်မှာ အလွန်သေးငယ်၏။ ခရမ်းရောင်ရှိ၏။ အခိုင်လိုက် ပွင့်၏။ အသီး မှာ အသီးထောင့် ဖြစ်သည်။ (၁) လက်မ (၂)လက်မခန့် ရှည်၍ပြား၏။ အဆစ် (၆)ဆစ်မှ (၈) ဆစ်ထိ ရှိပြီး ပြောင်ချော၏။ သို့မဟုတ် အမွေးနုများ ရှိသည်။
ပေါက်ရောက်သည့် ဒေသ။ ။ မြန်မာပြည် အနှံ့ အပြား။
ရေမြေရာသီဥတု။ ။ မြန်မာပြည် အနှံ့အပြားတွင် ပေါက်ရောက်သော်လည်း အောက်မြန်မာပြည်ကဲ့သို့ ပူနွေး၍ မိုးများစွာ စွတ်စိုသော ရာသီဥတုကို ပိုမိုနှစ်သက်သည်။ ၄င်းသည် လယ်ယာချောင်းရိုးများ၊ တောင်ကုန်းမြေများတွင် ပေါက်ရောက်တတ်သည်။
မြေပြုပြင်နည်း။ ။ ထယ်တစပ် ထွန် (၄)စပ် ထိုး၍ မြေပြုပြင်ရသည်။
ပျိုးထောင်နည်း။ ။ပဲစဉ်းငုံကဲ့သို့ အစေ့မှ တိုက်ရိုက်မျိုးစေ့ချပြီး စိုက်ပျိုးနိုင်သည်။ တနည်းအားဖြင့် အစေ့ကို ပျိုးသေတ္တာဖြင့် ပျိုး၍ ပလစ်စတစ် ပျိုးအိတ်တွင် ခွဲ၍ စိုက်ပျိုးပြုစုပြီးနောက် မြေချ စိုက်ပျိုးနိုင်သည်။
စိုက်ပျိုးနည်း။ ။ မိုးရာသီတွင် စိုက်ပျိုးသင့်သည်။ မိုးရာသီတွင် စိုက်ပါက မြေအသင့်ပြင်ထားပြီးနောက် ၊ မိုးကြီးကြီးရွာသွန်းလျှင် တန်းဆွဲ စိုက်ပျိုးရသည်။ မြေညံ့ပါက (၂)ပေပတ်လည် လေးကွက်ကြား၊ မြေကောင်းပါက (၃)ပေပတ်လည် လေးကွက်ကြား၊ အစေ့ တိုက်ရိုက်ချမြေဖုံး စိုက်ပျိုးနိုင်သည်။ မျိုးစေ့ မြေဖုံးမများစေ ဂရုစိုက်ရသည်။
အလွန်ဖြစ်ထွန်း လွယ်သော အပင်မျိုး ဖြစ်သဖြင့် စိုက်ပြီး မကြာမီ အုံလိုက်ဖြစ်လာတတ်၏
မြေသြဇာကျွေးနည်း။ ။မျိုးစေ့ မြေမချမီ ထယ်ရေးပြင်ချိန်တွင် သဘာဝ မြေသြဇာ နှင့် သစ်ဆွေး မြေသြဇာ တို့ကို သုံးစွဲ စိုက်ပျိုး သင့်သည်။
မျိုးပွားနည်း။ ။ အစေ့မှ မျိုးပွား စိုက်ပျိုးသည်။
တဧက မျိုးစေ့/ အပင်နှုန်း။ ။ တဧကအတွက် မျိုးစေ့ (၂-၃)ပြီခန့် လိုသည်။ တစ်ဧက အတွက် စိုက်ပျိုးနိုင်သည့် အပင်နှုန်းမှာ (၅၀၀၀)မှ (၁၂၀၀၀) အထိ စိုက်ပျိုးနိုင်သည်။
ရေသွင်းနည်း။ ။ မိုးနှင့် ဆီးနှင်းဖြင့်ပင် အောင်မြင်ဖြစ်ထွန်းနိုင်သည်။ သို့ရာတွင် ရေသွင်း ပြုပြင်က ပိုမိုကောင်းမွန်သည်။
အပင်ပြုစုနည်း။ ။ အပင် (၂)လသားအထိ ပေါင်းသင်မြေဆွ ပေးရသည်။ ၄င်းနောက်ပွင့်သီးသည့်အချိန်ထိ ခါးဆွ မြေထောင် မြှောက် ပေးနိုင်သည်။
ကျရောက်တတ်သော ပိုးမွှားနှင့် ကာကွယ်နှိမ်နင်းနည်းများ။ ။ အပင်ငယ်စဉ်၊ အမြစ်ကိုက် မြေအောင်းပိုးကို ကာကွယ်ပြီး ပါက၊ ပိုးမွှားကျရောက် ဖျက်ဆီးမှု အထူး နဲပါးပါသည်။
ကျရောက်တတ်သော ရောဂါနှင့် ကာကွယ်နည်းများ။ ။ ထိခိုက်သည် ကျရောက် ဖျက်ဆီးမှု မရှိပါ။
ဆွတ်ခူးခြင်း။ ။ စိုက်ပြီး (၁၀)လခန့် အကြာတွင် အရွက်များကို ခူးယူ စုဆောင်းနိုင်သည်။
အထွက်နှုန်း။ ။ တဧကလျှင် အရွက်စို ပိဿာ (၈၀)မှ (၁၆၀) ပိသာ အထိ ဆွတ်ခူး ရရှိနိုင်သည်။ တဧက လျှင် အစေ့ (၃-၅)တင်း ထိ ရရှိနိုင်သည်။
မျိုးခံယူနည်း။ ။အစေ့မှ တိုက်ရိုက်စိုက်ပျိုးနိုင်သည်။
သိုလှောင်နည်း။ ။ အရွက်စိုများကို အရိပ်တွင် ထား၍ ခြောက်စေခြင်းဖြင့် ဆေးအာနိသင်ပိုမိုထက်မြက်သည်ဟု ဆိုသည်။ အရွက်များ ခြောက်ပါက အိတ်များဖြင့် ထည့်သွင်းသိုလှောင်နိုင်သည်။
အသုံးပြုနည်း။ ။
ပဉ္စငါးပါး – ဆေးပင်ပဉ္စငါးပါးကို ကျအောင်ကြို၍ သကြား နှင့် ရောစပ် သောက်သော် အဆုတ် ရောဂါ၊ အရေပြားရောဂါများ ပျောက်ကင်း စေသည်။
အရွက် – (၁) လောက်သေရွက် မနုမရင့်ကို ပြုတ်၍သုတ်စားခြင်း၊ တို့စားခြင်းဖြင့် ၀မ်းကိုက်ရောဂါ၊ ၀မ်းဖော ၀မ်းရောင်ရောဂါ၊ ကလေး များ သန်ဝမ်းကိုက်ခြင်း၊ ရင်ပြည့် ရင်ကယ် ဖြစ်ခြင်း ပျောက်၏။
(၂) အရွက်ကို လက်ဖက်ခြောက် ကဲ့သို့ သောက်သုံးသော် ဆီးပူဆီးအောင့်ရောဂါ ပျောက်၏။
(၃) လောက်သေရွက်နှင့် ထားဝယ်မှိုင်းရွက် ကို ရေနွေးဖြော၍ သုပ်စားသော် ဆီးပူ၊ ဆီးအောင့်၊ ၀မ်းကိုက်၊ သွေးဝမ်းသွား၊ သွေးမြင်း သရိုက်၊ မီးယပ်သွေးလွန်း တို့ကို ရပ်တန့်စေသည်။
(၄) လောက်သေရွက်ခြောက်၊ ဖလန်တောင်ဝှေးရွက်ခြောက်တို့ကို ဆတူ အမှုန့် ပြု၍ အုန်းဆီနှင့် ဖျော်ပြီး နေပူပူတွင် လှန်း၍အပေါ်ဆီအကြည်ကို နားတွင်းသို့ အစက်ချခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို၊ နားကိုက်ရောဂါများ ပျောက်၍ နားတွင်းရှိ ပိုးများကို သေစေသည်။ လိမ်းဆေး အဖြစ်သုံးပါက ၀ဲနာ၊ အနာစက်နာ၊ အနာမီးလျှံနာ၊ ဒက်နာများ ပျောက်၏။
(၅) ကလေးများ အနာစက်၊ ၀ဲစို့ အိုင်းနာကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ်စစ်နှင့် လူးလျှင် ပျောက်၏။
(၆) ကျွဲနွားများ အနာပေါက်၍ လောက်ကောင်များကျခြင်း၊ ငပိအိုးတွင် လောက်ကောက်များ ကျခြင်းအတွက် လောက်သေရွက်ကို ထောင်း၍ အမှုန့်ဖြူးပေးသော် လောက်များသေကြေ ပျက်စီးပြီး အနာများကိုလည်းအသားနု တက်၍ ကျက်စေ၏။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ဆေးစွမ်းထက်တဲ့ လောက်သေပင် appeared first on Myanmar Farmers' Portal.
ပါဝင်ပစ္စည်းများ
၁။ အာလူး ၁၆၆၆ ဂရမ်
၂။ ဂျုံ ၄၁၇ ဂရမ်
၃။ သကြား ၁၀၀၀ ဂရမ်
၎။ ထောပတ် ၈၃ ဂရမ်
၅။ ဆီ ၄၁၇ ဂရမ်
၆။ ဘိန်းစေ့ အနည်းငယ်
၇။ ဆား အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
၁။ အာလူးကို ပြုတ်၍ အခွံနွှာပြီး ကျေအောင်ချေထားပါ။
၂။ ဆီပူထဲသို့ ပါဝင်ပစ္စည်းများ အားလုံးထည့်မွှေပြီး ကြိုပါ။ လိုအပ်လျှင် ရေနွေးအနည်းငယ် ထည့်ပါ။
၃။ ကျပ်စပြုလာလျှင် ဘိန်းစေ့များ အပေါ်ယံမှ ဖြူးပြီး အပေါ်မီးဖြင့် နှပ်ထားပါ။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post အာလူးဆနွင်းမကင်း ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.
၁။ မက်မန်းကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၃၅၀၀) ထက်မြင့်သော ဒေသနှင့် ဆားငံသီးကို ပင်လယ်ရေ မျက်နှာပြင်အထက်ပေ (၂၄၀၀) ထက်မြင့်သော ဒေသများတွင် စိုက်ပျိုးပါ။
၂။ မက်မန်းကို ပန်းပွင့်ချိန်တွင် လေကွယ်ရေရသော မြောက်ဘက်ရေလဲတောင်စောင်းနှင့် လျှိုမြောင်းများတွင် ရွေးချယ် စိုက်ပျိုးပါ။
၃။ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
(မက်မန်းကို Table Type (အသီးကို အစိမ်းစားသည့်မျိုး) ဖြစ်က ဥရောပမျိုး၊ တရုတ်မျိုးနှင့် ဂျပန်မျိုးကို စိုက်ပါ။ Y- Type (တာရှည်ခံ အောင် ပြုပြင်ပြီးစားရသည့်မျိုး) ဖြစ်က အကြမ်းခံသည့် ဒေသမျိုးကို ရွေးချယ်စိုက်ပါ။) (ဆားငံသီးကို အရည်အသွေးကောင်းမွန်သော ဒေသမျိုးကို ရွေးချယ်စိုက်ပါ။)
၎။ အပင်သက်တမ်း (၁-၂) နှစ်သားရှိ၊ အဖူးမြှုပ်၊ ကိုင်းဆက်ပျိုးပင်များကို စိုက်ပျိုးပါ။
၅။ မျိုးအလိုက် ပင်ကြား၊ တန်းကြား (၁၂’×၁၂’) မှ (၂၄’×၂၄’) စိုက်ပျိုးပါ။
၆။ စိုက်ကျင်းအရွယ် (၃’×၃’×၃’) တွင် အပေါ်ယံမြေလွှာနှင့် မြေဆွေးဆတူရော၍ ကျင်းစားကျွေးပါ။
၇။ စိုက်ခင်းတွင် မြေပြင်မှ အမြင့် (၃.၅) ပေ အထိ ပင်စည်တစ်ခုတည်း ရှိနေစေရန်နှင် ကိုင်းမကြီး (၃-၅) ကိုင်း မွေးမြူ ပုံသွင်းပါ။
၈။ အပင်အတွင်းဘက်အလင်းရောင်ကောင်းစွာ ရရှိပြီး၊ ရောဂါကျရောက်မှု သက်သာစေရန် အလယ်ဖွင့်ပုံသွင်း နည်းစနစ် (Open Center) ဖြင့် မွေးမြူ ပုံသွင်းပါ။
၉။ ရေသွင်းခြင်းကို အသီးကင်းဝင်စတွင် (၁) ကြိမ်၊ အသီးကြီးထွားနေဆဲအချိန်တွင် (၁) ကြိမ် မဖြစ်မနေ(၂) ကြိမ် ဆောင်ရွက်ပေးပါ။
၁၀။ ဓါတ်မြေသြဇာကျွေးခြင်းကို (၁း၂း၂) အချိုးအတိုင်း မိုးဦးကျဇန်လတွင် (၁) ကြိမ်၊ အသီးခူးပြီး သြဂုတ် စက်တင်ဘာတွင် (၁) ကြိမ်၊ (၂) ကြိမ် ခွဲ၍ ကျွေးပါ။
၁၁။ အပင်သက်တမ်းကြာရှည်စွာ အသီးသီးနိုင်ရန်နှင့် အသီးအရွယ်အစားကောင်းမွန်စေရန် သီးညှပ်ချွေပေး ခြင်းကို ဆောင်ရွက်ပါ။
၁၂။ အသီးစတင်သီးသည့် အပင်သက်တမ်းမှ (၃-၅) နှစ်အတွင်း ကပ်ပါးမှိုရောဂါကာကွယ်နိုင်ရန် ဘော်ဒိုဆေးရည်နှင့် ပင်စည်ဖောက်ပိုး ကျရောက်မှုမှ ကာကွယ်ရန် ပင်လုံးပြန့်ပိုးသတ်ဆေးကို မဖြစ်မနေ ပက်ဖျန်းကာကွယ်ပေးပါ။
၁၃။ မက်မန်းသီးကို Table Type ဖြစ်က ရင့်မှည့်ချိန်တွင်လည်းကောင်း၊ Y-type ဖြစ်က မရင့်မှည့်မီ (၁) ပတ်အလိုတွင် လည်းကောင်း ဆွတ်ခူးပါ။ ဆားငံသီးကို မရင့်မှည့်မီ(၁) ပတ်အလိုတွင် ဆွတ်ခူးပါ။
စိုက်ပျိုးရေးနည်းပညာ
The post မက်မန်းသီး၊ ဆားငံသီး အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်မြင့်မားစေသည့် အချက်များ။ appeared first on Myanmar Farmers' Portal.
မြန်မာအမည် – ကြယ်ပဲ
အင်္ဂလိပ်အမည် – Sacha Inchi, Sacha Peanut, Mountain-Peanut
ရုက္ခဗေဒ အမည် – Plukenetia volubilis L
မျိုးရင်းအမည် – Evphorbiaceae
မူရင်းဒေသ – ပီရူးနိုင်ငံတောင်အမေရိက
ကြယ်ပဲတွင်ပါဝင်သော အဟာရဓာတ်များ
၁။ Omega 3 54.0%
၂။ Omega 6 33.4%
၃။ Omega 9 7.2%
၎။ Other 5.4%
၅။ Vitamin A,E တို့ကြွယ်ဝစွာ ပါဝင်ပါသည်။
ကြယ်ပဲ အသုံးဝင်ပုံနှင့် အကျိုးကျေးဇူးများ
ကြယ်ပဲတွင် အပေါ်လွင်ဆုံး ဂုဏ်သတ္တိမှာ သက်စောင့်ဓာတ်များဖြစ်သော Omega – 3 ပါရှိခြင်း ဖြစ်ပါသည်။ ကြယ်ပဲမှ စားသောက်ကုန် ပစ္စည်း၊ သဘာဝ အားတိုးဆေး၊ အလှကုန် ပစ္စည်းများ အဖြစ် ထုတ်လုပ်နိုင်သည်။
ကြယ်ပဲမှ ထုတ်လုပ်သော ကြယ်ပဲဆီ (Inca Oil) မှာ ၂၀၁၇ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပသော စားသောက်ကုန်စည် ပြပွဲတွင် အကောင်းဆုံးဟင်းသီးဟင်းရွက်ဆီ အဖြစ် ပထမဆု ရရှိထားသည်။
ကြယ်ပဲပင်မှ ထွက်ကုန်များကို စားသုံးပေးခြင်းဖြင့် မှတ်ဥာဏ်ကောင်းခြင်း၊ ကိုလက်စထရောကျခြင်း၊ မျက်စိအားကောင်းခြင်း စသည့် ကျန်းမာရေးကို သိသာစွာ ကောင်းမွန်စေသော စားသောက်ကုန် တစ်မျိုးဖြစ်ပါသည်။
အမေရိကန်ဆေးဝါးနှင့် စားသောက်ကုန်ဌာန (FDA)မှ လက်ခံထားသော Linolenic Acid ၏ ကာကွယ်ခုခံနိုင်ခြင်း
အကျိုးပြုပုံ (၁၃) ချက်
၁။ သွေးထဲမှ အဆီများ လျော့ကျနိုင်ခြင်းနှင့် သွေးတိုးကျခြင်း
၂။ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း
၃။ ဆီးချိုရောဂါကို တားဆီးနိုင်ခြင်း
၎။ ကင်ဆာရောဂါဖြစ်ပွားစေနိုင်မှုကို ကာကွယ်နိုင်ခြင်း
၅။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ခြင်း
၆။ ဦးနှောက်သွေးကြောပြတ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းခြင်းတို့ကို ကာကွယ်နိုင်ခြင်း
၇။ သွေးထဲမှ ကိုလက်စထရောဓာတ်ကို ဆေးကြောပေးပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
၈။ သွေးဆုံးခါနီး ဖြစ်တတ်သော ရောဂါများကို တားဆီးနိုင်ခြင်း
၉။ ဦးနှောက်အာရုံကြော အားတိုးစေပြီး မှတ်ဥာဏ်နှင့် သမာဓိအားကောင်းလာခြင်း
၁၀။ နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးနိုင်ခြင်း
၁၁။ အဆစ်အမြစ်နှင့် ပတ်သတ်သောရောဂါများကို ကုသနိုင်ခြင်း
၁၂။ အရေပြားရောဂါများကို သက်သာစေနိုင်ခြင်း
၁၃။ ၀မ်းချုပ်၊ ၀မ်းပျက်၊ အူမကြီး၊ အူသိမ် နှင့် ပက်သက်သော ရောဂါများကို ကုသနိုင်ခြင်း
ကိုးကားချက်။ ။ မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ခွဲ မြန်မာကြယ်ပဲ စိုက်ပျိုးသူများအဖွဲ့မှ စီစဉ်ထုတ်ဝေသော စီးပွားဖြစ် ကြယ်ပဲ (Sacha Inchi) စိုက်ပျိုးရေးလမ်းညွှန် (ပထမတွဲ) စာအုပ်။
The post ကြယ်ပဲမှာ ပါဝင်တဲ့ အာဟာရဓာတ်များ appeared first on Myanmar Farmers' Portal.
ပါဝင်ပစ္စည်းများ
(၁) ဆန်မှုန့် (မွှေး) နို့ဆီဗူး (၂) ဗူး
(၂) သကြား ၁ ပိဿာ
(၃) အုန်းသီး ၁ လုံး
(၄) နွားနို့ ၂၅ ကျပ်သား
(၅) ထောပတ် ၆ ကျပ်သား
(၆) ဆီ ၁၂ ကျပ်ခွဲသား
(၇) ဘိန်းစေ့ ၁၀ ကျပ်သား
(၈) ကြက်ဥ ၁ လုံး
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဆန်မှုန့် နို့ဆီဗူး(၂) ဗူးအား ရေနို့ဆီဗူး (၂) ဗူးဖြင့် ရော၍နယ်ပါ။
၂။ သကြားအား ဆူပွက်အောင်ကျိုပြီး ကြက်ဥအကာအား ဖောက်ထည့်ပါ။
၃။ အမြှုပ်များတက်လာပါက ကုန်အောင်ဖယ်ပြီး သကြားရည်အားပြန်စစ်ပါ။
၎။ စစ်ပြီးသား သကြားရည်အား ပျစ်အောင်ကျိုပြီး ဆန်နှစ်ထဲရောထည့်ပြီး အိုးမကပ်စေရန် မွှေပေးပါ။
၅။ ထို့နောက် အုန်းနို့နှင့် နွားနို့အား ရောထည့်၍ ရေခန်းအောင် ကျိုပါ။
၆။ ဆီနှင့် ထောပတ်တို့အား ထည်းကျိုပြီးနောက် ဘိန်းစေ့ထည့်ပါ။
၇။ ထို့နောက် ဆီသုတ်ထားသော ဗန်းထဲသို့ ဖြန့်ခင်းပြီး လိုရာပုံလှီးပါ။
မှတ်ချက် – ဆန်မှုန့်အား ကောက်ညှင်းမှုန့် အနည်းငယ်ရောပါက မုန့်သားပျော့ပျောင်းစေပါသည်။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post ဆန်ဟာလ၀ါ ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.
၁။ ရေမြေ၊ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
၂။ (၂-၃) နှစ်သားရှိသော ကိုင်းဆက်ပျိုးပင်များကို စိုက်ပျိုးပါ။
၃။ စိုက်စနစ် (၃၀’×၃၀’) ဖြင့် တစ်ဧကလျှင် (၄၈) ပင်ဝင်ဆန့်အောင် စိုက်ပျိုးပါ။
၎။ စိုက်ကျင်းအရွယ် (၂’×၂’×၂’) တူးပြီး အပေါ်ယံမြေလွှာနှင့် သဘာဝမြေသြဇာဆတူရောစပ်၍ ကျင်းစာကျွေးပါ။
၅။ အပင်ငယ်စဉ် အရိပ်ပြုလုပ်ခြင်း (သို့) ငှက်ပျော၊ သင်္ဘောပင်တို့ကို အရိပ်ပင်အဖြစ် စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ပါ။
၆။ မြေအနေအထားအရ ခြောက်သွေ့သော နွေရာသီတွင် အနည်းဆုံး(၁) ပတ်ခြား(၁) ကြိမ်ရေသွင်းပေးပါ။
၇။ အပင်ခြေတ၀ိုက်အမြဲပေါင်းမြက်ကင်းရှင်းစေရန်နှင့် အစိုဓါတ်ထိန်းရန်အတွက် အပင်ခြေတွင် အရွက်ခြောက်များဖြင့် မြေဖုံးပေးခြင်းကို ဆောင်ရွက်ပါ။
၈။ အပင်အမြင့် ၂၅’-၃၀’ ထက်မမြင့်စေရန် ပင်စည်ကို နှစ်စဉ်ကိုင်းဖြတ်ကိုင်းရှင်းပေးပါ။
၉။ သဘာဝမြေသြဇာကို အသီးခူးပြီးချိန်တွင် တစ်ပင်လျှင် (၂၅) ကီလိုနှုန်းမဖြစ်မနေ ကျွေးပေးပါ။
၁၀။ ဓါတ်မြေသြဇာကို ပန်းမပွင့်မီအချိန်အတွင်း(၂) ပတ်ခြား(၁) ကြိမ်နှင့် အသီးတင်ပြီးချိန် (၁) ကြိမ်၊ အသီးခူးပြီးချိန် (၁) ကြိမ်အလီလီခွဲ၍ ကျွေးပါ။
၁၁။ အနည်းလိုအာဟာရဓါတ်များပါဝင်သော ရွက်ဖြန်းမြေသြဇာကို မဖြစ်မနေပက်ဖျန်းပေးပါ။
၁၂။ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းကို မျက်ခြေမပြတ်ဆောင်ရွက်ပါ။
၁၃။ အသီးရင့်မှည့်ချိန်၊ အသီးအရောင်စိမ်းဝါဖျော့ရောင်တွင် ခရမ်းနီရောင်သွေးစက်ပေါ်လာမှသာ ဆွတ်ခူးပါ။
စိုက်ပျိုးရေးနည်းပညာ
The post မင်းကွတ်သီးအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်မြင့်မားစေသည့်အချက်များ appeared first on Myanmar Farmers' Portal.
Source by – JICA
The post စီးပွားဖြစ် မျိုးသန့် မျိုးစေ့ ပွားများမှုများအား သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ အပိုင်း-(၁) appeared first on Myanmar Farmers' Portal.
Source by – JICA
The post စီးပွားဖြစ် မျိုးသန့် မျိုးစေ့ ပွားများမှုများအား သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ အပိုင်း-(၂) appeared first on Myanmar Farmers' Portal.
၁။ ရေမြေဒေသရာသီဥတုနှင့် ကိုက်ညီပြီး အကြမ်းခံသည့် မျိုးကို ရွေးချယ်စိုက်ပျိုးပါ။ (နတ်စိမ်းမျိုး၊ ဘိုတဲမျိုး၊ ယိုးဒယားအနီမျိုး၊ အ၀ါမျိုး)
၂။ အသီးအရွယ်အစားကြီးပြီး အချိုလေးခြင်း၊ အသားထူခြင်း၊ အသီးအရောင်လှပခြင်းနှင့် အထွက်နှုန်း ကောင်းမွန်သော အပင်မျိုးကို ရွေးချယ်၍ ကိုင်းဆက်၊ အဖူးမြှုပ်သည့် ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးပါ။
၃။ ပင်ကြား၊ တန်းကြား (၁၈’×၂၄’) အကွာအဝေးဖြင့် တစ်ဧကလျှင် အပင် (၁၀၀) ၀င်ဆန့်အောင် စိုက်ပျိုးပါ။
၎။ စိုက်ကျင်းအရွယ် (၃’×၃’×၃’) တူးပြီး အပေါ်ယံမြေလွှာနှင့် မြေဆွေးရောစပ်၍ ကျင်းစာကျွေးပါ။
၅။ အပင်ငယ်စဉ်တွင် အရိပ်ပြုလုပ်ခြင်းကို မဖြစ်မနေဆောင်ရွက်ပေးပါ။
၆။ အပင်ခြေတွင် ပေါင်းမြက်များ၊ အမြဲကင်းရှင်းနေစေရန်နှင့် ပင်ခြေတ၀ိုက်အစိုဓါတ်ထိန်းနိုင်ရန် အရွက်ခြောက် များဖြင့် မြေဖုံးပေးပါ။
၇။မြေပြင်မှ အမြင့် (၃.၅) ပေအထိ ပင်စည်တစ်ခုတည်းရှိနေစေရန်နှင့် ကိုင်းမကြီး (၃-၅) ကိုင်း ထားသည့် စနစ်ဖြင့် ပြုပြင်ပုံသွင်း မွေးမြူပါ။
၈။ အပင်အတွင်းဘက်အလင်းရောင်ကောင်းစွာရရှိပြီး၊ ရောဂါကျရောက်မှု သက်စာစေရန် အလယ်ဖွင့်ပုံသွင်း နည်းစနစ် (Open Center) ဖြင့် မွေးမြူပုံသွင်းပါ။
၉။ မိုးပြတ်သောအချိန်မှစ၍ ပင်ခြေတ၀ိုက်ရေ၀ပ်ကျင်းများ ပြုလုပ်၍ (၁) ပတ် (၁) ကြိမ် ရေသွင်းပေးပါ။
၁၀။ နွေရာသီရေလုံလောက်စွာ မရနိုင်သော ဒေသမျိုးတွင် ရေ၀ပ်ကျင်းအတွင်း မြက်ခြောက်များ ၆ လက်မအထူခန့် ဖုံးအုပ်ပေးပါ။
၁၁။ ပန်းမပွင့်မီ (၁) လအလိုတွင် လည်းကောင်း၊ အသီးခူးပြီးချိန် (၃) လကြာအောင် ရေဖြတ်ခြင်းကိုလည်း ကောင်း ဆောင်ရွက်ပါ။
၁၂။ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာကို ကျွေးခြင်းကို သတ်မှတ်နှုန်းထားအတိုင်း အပင်သက်တမ်းအလိုက် တိုးမြှင့်ကျွေးပါ။
၁၃။ ပင်စည်ထိုးပိုး၊ သီးလုံးဖောက်ပိုးများ ကာကွယ်ရန် လိုအပ်သလို ဆေးဖျန်းပေးပါ။
၁၄။ အသီးလုံးချောရစေရန် အဖူးဖြတ်ခြင်း၊ သီးကင်းချွေခြင်းကို ဆောင်ရွက်ပါ။
၁၅။ အသီးရင့်မှည့်ချိန် အသီးခွံရောင်လှပချိန်တွင် ဆွတ်ခူးပါ။
စိုက်ပျိုးရေးနည်းပညာ
The post ကြက်မောက်သီး အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်မြင့်မားစေသည့်အချက်များ appeared first on Myanmar Farmers' Portal.
မျိုးမြေပဲ သိုလှောင်ရာတွင် အထူးဂရုစိုက်ရမည့် အချက်များ
မျိုးမြေပဲ သိုလှောင်သုံးစွဲရသော အကျိုးကျေးဇူးများ
စိုက်ပျိုးရေးဦးစီးဌာန
The post မျိုးမြေပဲသိုလှောင်ရာတွင် အထူးဂရုစိုက်ရမည့်အချက်များနှင့် အကျိုးကျေးဇူးများ appeared first on Myanmar Farmers' Portal.
အသက်ရက် – ၈၀ – ၉၅
အပင်ပုံစံ – ကိုင်းဖြာ
အပင်အမြင့်(စင်တီမီတာ) – ၈၅ – ၁၁၅
ပန်းစတင်ပွင့်ရက် – ၅၃
(၅၀) ရာခိုင်နှုန်းပန်းပွင့်ရက် – ၆၃
အရွက်ထွက်ပုံ – ရွက်ဆိုင်
အသီးပုံသဏ္ဍန် – သီးပြား
အသီးရှည် (စင်တီမီတာ) – ၂.၅
တစ်သီးပါအစေ့ – ၇၅
အစေ့အရောင် – နီညို
ပျှမ်းမျှအထွက်နှုန်း(တင်း) – ၆-၈
ဆီထွက် ရာခိုင်နှုန်း – ၄၁ – ၄၅
အစေ့ငုပ်ချိန် – မရှိ
အလင်းရောင် တုံ့ပြန်မှု – မရှိ
မျိုးရောမှု ရာခိုင်နှုန်း – ၃၀
pH – ၅.၅ မှ ၈.၀၀
အပင်ဝင်ဆံ့ဦးရေ (Plant Population) – ၁၅” × ၄” (အပင်ဦးရေတသိန်းကျော်ခန့်)
ပရိုတင်းပါဝင်မှု ရာခိုင်နှုန်း – ၂၅ – ၃၀
မြေသြဇာနှုန်း – ယူရီးယား ၁၁၂ ပေါင်
တီစူပါ ၅၆ ပေါင်
ပိုတက်ရှ် ၂၈ ပေါင်
အသီးထွက်မှုပုံစံ – စုံတက်
စိုက်စနစ် – တန်ကြား ၁၅” ၊ ပင်ကြား ၄”
သင့်တော်သောမြေ – ရေအစိုဓါတ်ထိန်းသော၊ မြေသြဇာထက်သန်သော နုန်းတင်မြေနု ၊ သဲနုန်းမြေများတွင် အဖြစ်များပါ သည်။
သင့်တော်သောဒေသ – မကွေး၊ မန္တလေးတိုင်း
ရာသီ – မိုးနှင့် မိုးကြိုရာသီတွင် စိုက်ပျိုးသည်။
အထွက်တိုးစေသည့် အားသာချက်
အပင်ပေါက်ရာနှုန်းကောင်း၏။ မြေပေါ်မူတည်၍ အထွက်ကောင်းသည်။ ရေငတ်ဒဏ်ခံနိုင်သည်။ မိုးကြိုရာသီ တွင် ရေသွင်းပေဿး ဓာတ်မြေသြဇာထည့်ပေးလျှင်အထွက်နှုန်း အသင့်အတင့်ကောင်း၏။ အကြမ်းခံနိုင်သည်။ ရင်မှည်မှု့ညီညာ၍ နှမ်းဖိုရောဂါ ဒဏ်ခံနိုင် သည်။
အထွက်လျော့နည်းစေသည့် အားနည်းချက်
နှမ်းစေ့သည် အဖြူရောင်မဟုတ်သဖြင့် လူကြိုက်နည်းသည်။ ရေ၀ပ်သောဒဏ် မခံနိုင်ပေ။ ရွက်ပြားသေး၍ စုပ်ပိုးဒဏ်မခံနိုင်။ သီးလုံး အရွယ်နှင့် အစေ့အရွယ်မစားသေး၏။ တောင်သူအကြိုက်နည်းသဖြင့် မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း တို့တွင် စိုက်ပျိုးမှု နည်းပါ၏။
ရှေ့အလားအလာ
မိုးရွာသွန်းမှုနည်းသော မကွေးတိုင်းတွင် အစိုက်များ၏။
စိုက်ပျိုးရေးနည်းပညာ
The post A – 1 နှမ်း၏ အရည်အချင်း လက္ခဏာများ appeared first on Myanmar Farmers' Portal.
A – 1 နှမ်းကို မိုးရာသီတွင် စိုက်ပျိုးရန် သင့်တော်ပါသည်။ မြေတွင်း အစိုဓါတ် ထိန်းသိမ်းမှုကောင်းသော အခြေအနေကို ကြိုက်နှစ်သက် သည်။ A – 1 နှမ်းအထွက်တိုးရန် အောက်ပါအတိုင်း ဆောင်ရွက်ရပါသည်။
(၁) မိုးဦးကျလျှင်ကျချင်း မြေတွင်းအစိုဓာတ် ထိန်းသိမ်းနိုင်ရန် ဆောင်းထယ်ရေး (သို့မဟုတ်) နွေထယ်ရေး ပြုပြင်ထားရန်။
(၂) နွေထယ်ရေးခံ၍ ကဆုန်လအတွင်း အချိန်မီ စိုက်ပါ။
(၃) မြေပြုပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ဖြစ်ရန်အတွက် ဆောင်ရွက်ပါ။
(၄) ထွန်ရေးရပြီး မြေမျက်နှာပြင်ညီညာရန် ကြမ်းတုံးရိုက်ပါ။ စိုက်တန်းစနစ်ဖြင့် တစ်တန်းနှင့်တစ်တန်း (၁၅) လက်မကွာ စိုက်ကြောင်း ဆွဲမျိုးစေ့ချရန်။ စိုက်ကြောင်းဆွဲရာတွင် (၂) လက်မထက် ပိုမနက်စေရပါ။
(၅) စိုက်ပြီး (၁၅-၂၀) ရက်အတွင်း တစ်ပင်နှင့် တစ်ပင် (၄-၅) လက်မခွာ၍ တစ်ကျင်းနှင့်တစ်ကျင်း တစ်ပင်နှုန်းသာ ချန်၍ အပင်မှုန်းပေး ပါ။
(၆) နှမ်းပင်သက်တမ်း (၄၅) ရက်အတွင်း ကြားပေါင်းလိုက်ရှင်းရေးလုပ်ငန်းကို အနည်းဆုံး (၂) ကြိမ် ပြုလုပ်ပေးရန် (၁၅) ရက်သား တစ်ကြိမ် (၃၅) ရက်သားတွင် တစ်ကြိမ် ဆောင်ရွက်ပေးရန်။
(၇) ပိုးမွှားရောဂါများကို စနစ်တကျ ကာကွယ်နှိမ်နင်းရန်။
စိုက်ပျိုးရေးနည်းပညာ
The post A – 1 နှမ်း အထွက်တိုးရန် ဆောင်ရွက်ရမည့်အချက်များ appeared first on Myanmar Farmers' Portal.
အိတ်စွပ်ခြင်း၏ ရည်ရွယ်ချက်
၁။ ပိုးမွှားရောဂါ ကျရောက်မှုမှ ကာကွယ်ရန်
၂။ အပွန်းအပဲ့ဒဏ်ရာ ကင်းစေရန်
၃။ အရောင်အသွေးကောင်းမွန်တောက်ပသည့် သရက်သီးများ ရရန်
၎။ မိုးဒဏ်၊ လေဒဏ်နှင့် နေလောင်မှုကို ကာကွယ်ရန်
၅။ အလေအလွင့်နည်းပြီး အရောင်အဆင်း တောက်ပခြင်း၊ ပိုးမွှားရောဂါ မပါဝင်ခြင်း၊ အနာအဆာကင်းခြင်းတို့ကြောင့် ဈေးကွက်တွင် ယခင်ကထက် ဈေးကောင်းရသဖြင့် သရက်ခြံရှင်များ ၀င်ငွေတိုးတက်ရရှိစေရန်
အိတ်အမျိုးအစားများ
သရက်သီးအိတ်စွပ်ခြင်းဆောင်ရွက်မှု၏ မူလရည်ရွယ်ချက်မှာ ပိုးမွှားရောဂါ ကာကွယ်ရန် ဖြစ်သည့်အတွက် အိတ်အမျိုးမျိုး ပြုလုပ် အသုံး ပြုခဲ့ကြပါသည်။ သို့ပါသော်လည်း နည်းပညာတိုးတက်လာသည်နှင့် အမျှ အိတ်စွပ်မှုကြောင့် သရက်သီး၏ အရောင် အသွေးကိုပါ ပြောင်း လဲစေသောအိတ်များ ထုတ်လုပ်ခဲ့ကြသည်။
အိတ်အရွယ်အစားမှာ အလျား (၃၀)စင်တီမီတာ၊ အနံ (၂၀) စင်တီမီတာ ဖြစ်ပါသည်။ အိတ်၏ အောက်ခြေတွင် ရေထွက်စေရန်နှင့် လေ ၀င်လေထွက်ဖြစ်စေရန် အပေါက် (၁)ပေါက် ပါဝင်ပါသည်။ အိတ်၏ အထက်ဘက်၌ သရက်သီးအညှာတွင် အလွယ်တကူ ချိတ်ဆွဲ ချည်နှောင် ရန် နန်းကြိုးပါရှိသည်။ အိတ်မှာ (၂)ထပ် ဖြစ်သည်။ အပေါ်တစ်ထပ်မှာ အညိုရောင်စက္ကူဖြင့် ပြုလုပ်၍ မိုးရေလျှောသွားစေရန် ဖယောင်းလွှာပါဝင်ပါသည်။ အတွင်းအထပ်မှာ ဆီစိမ်စက္ကူနှင့် တူသော အနက်ရောင် စက္ကူဖြင့် ပြုလုပ်ထားပါသည်။ အသုံးပြုသည့် အိတ် များ မှာ နေရောင်စိမ့်ဝင်မှု (၁၃-၁၇)% ဖြစ်ကြောင်း သိရှိရပါသည်။ စမ်းသပ်မှုများအရ အိတ်စွပ်ပေးခြင်းဖြင့်
အိတ်စွပ်သင့်သည့် အချိန်
အိတ်စွပ်ခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ
သရက်သီးခူးဆွတ်ခြင်း
သရက်သီးအိတ်မစွတ်မီ အိတ်ပေါ်တွင် အမှတ်စဉ်နှင့် ရက်စွဲ ထိုးထားခြင်း (သို့မဟုတ်) အမှတ်စဉ်နှင့် အိတ်စွပ်သည့် ရက်အလိုက် သင်္ကေတတစ်ခု မှတ်သားထားပြီး ရွယ်တူ သရက်သီးများအား စွပ်ထားခြင်းဖြင့် ဆွတ်ခူးရမည့်ရက်နှင့် အရေအတွက်ကို သိရှိနိုင်ပါသည်။
သရက်သီးသည် အမျိုးအစားပေါ် မူတည်၍ လည်းကောင်း၊ ဒေသပေါ်မူတည်၍ လည်းကောင်း ရင့်မှည့်ချိန် အနည်းငယ် ကွာခြားမှုရှိ သည်။ မျိုးအပေါ်မူတည်၍ ပန်းပွင့်ပြီး (၉၅)ရက်တွင် ခူးဆွတ်နိုင်သည်။ ခူးဆွတ်ချိန်တွင် အသီးရင့်မှည့်မှုသေချာစေရန် အသီးကို ရေတွင် ချကြည့်ပါက နစ်မြှုပ်သွားလျှင် ခူးသင့်သောအဆင့် ဖြစ်ပါသည်။
Source by – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
The post အိတ်စွပ်ခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ appeared first on Myanmar Farmers' Portal.
(က) သရင်ပင် အားပုံသွင်းပြုပြင်ပေးခြင်း
လက်ရှိ သရက်ပင်ကြီးများကို သရက်သီး အိတ်စွပ်ခြင်း၊ ဆေးဖျန်းခြင်း၊ ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းခြင်း ဆောင်ရွက်မှုလွယ်ကူစေရန် အမြင့် (၂၅) ပေ ခန့် ရောက်သည်အထိ ကိုင်းဖြတ်ပြုပြင်ပေးရန် လိုအပ်ပါသည်။ အပင်အသက်ငယ်သေးသည့် အပင်များ၊ အသစ် စိုက်ပျိုးသည့် အခင်းများအား အပင်အမြင့် (၁၂)ပေမှ (၁၅) ပေအတွင်းရှိနေစေရန် အပင်အရွယ် ငယ်စဉ်မှ စ၍ ကိုင်းဖြတ်ပုံသွင်း ပြုပြင်ရပါ သည်။
(ခ) နှစ်စဉ်ပုံမှန် ပွင့်သီးစေရန် မြေဆီလွှာ ထိန်းသိမ်း ပြုပြင်ခြင်း၊ အာဟာရကျွေးခြင်း
သရင်ပင်သည် ပြုပြင်ပေးမှုမရှိပါက နှစ်ခြင်းသီးခြင်း၊ အသီးနည်းခြင်းများ ဖြစ်တတ်ပါသည်။ ထိုသို့ မဖြစ်စေရန် စိုက်ခင်းတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊ မြေဆီလွှာ ရေတိုက်စားမှု၊ လေတိုက်စားမှုမှ ကာကွယ်ရန် မြေဆီလွှာ ဖုံးအုပ်သည့် ပဲမျိုးနွယ်ဝင်များ စိုက်ပျိုးထားခြင်း၊ ၄င်းအပင်များ များလာပါက ဖြတ်တောက်ပေးခြင်း၊ သရက်ပင်အား သဘာဝမြေသြဇာ၊ ဓါတ်မြေသြဇာများကျွေးခြင်း၊ လိုအပ်ပါက ရေးပေးသွင်းခြင်း များ ဆောင်ရွက်ရပါမည်။ ထို့ပြင် သရက် ပန်းပွင့်မှုကို အားပေးသော ပိုတက်ဆီယမ်နိုက်ထရိတ် (ယမ်းစိမ်း) ၊ အသီးတင် စေသော ဟိုမုန်းများ ပက်ဖျန်းခြင်း၊ အနည်းလို အာဟာရများ ပက်ဖျန်းခြင်းများကိုလည်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
( ဂ ) သီးထွက်ကာလ ရှည်ကြာစေရန် ဆောင်ရွက်ခြင်း
သရက်သီးထွက်ရာသီ ရှည်စေရန် အတွက် အချိန်စော၍ ပွင့်သီးခြင်း၊ အချိန်နောက်ကျ၍ ပွင့်သီးခြင်းဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်း များကို တိတိကျကျသိရှိလာစေရန် ဒေသအလိုက် အောင်မြင်သည်အထိ စမ်းသပ်ဆောင်ရွက်သွားရမည်ဖြစ်သည်။ သရက်သီးပေါ် ချိန်စောစေခြင်း၊ နောက်ကျစေခြင်းများ စမ်းသပ်ခြင်းအား ဒေသအလိုက်၊ မျိုးအလိုက် ဆောင်၇ွက်လျက်ရှိပါသည်။
( ဃ ) ရိတ်သိမ်းချိန်နောက်ပိုင်း သတိပြု ဆောင်ရွက်သင့်သည်များမှာ
နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် လည်းကောင်း၊ သရက်ခြံတောင်သူများဝင်ငွေ ပိုရရှိစေရန်လည်းကောင်း၊ အရည်အသွေး ကောင်း သရက်သီးများ အားခူးဆွတ်ပြီး ချိန်မှစ၍ နောက်ပိုင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သော သရက်သီး ရေဆေးခြင်း၊ ရေနွေးစိမ်ခြင်း၊ ရေနွေးငွေ့ဖြင့် ပိုးသန့်ခြင်းစသည်တို့ကိုလည်း ဆောင်ရွက်ရဦးမည် ဖြစ်ပါသည်။ ထို့ပြင် ထုတ်ပိုးစနစ်၊ သယ်ယူပို့ ဆောင် ခြင်းစနစ်များကိုလည်း သတိပြုဆောင်ရွက်ရန်လိုပါမည်။ အမျိုးအစားကောင်းသော်လည်း ခူးဆွတ်စဉ် ဒဏ်ရာ ရသွားသော အသီးများ၊ အမှည့်လွန်သွားသော အသီးများ၊ အနက်စက်ပါသော အသီးများနှင့် အမှည့်စားအဖြစ် ရောင်းချပါက တန်ဘိုးနည်းသော အသီးများကို တန်ဘိုးမြင့် ကုန်ချောအဖြစ် ပြုပြင် ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
The post အိတ်စွပ်မည့် သရက်ပင်များကို ကြိုတင်ပြုပြင်ထိမ်းသိမ်းဆောင်ရွက်ရန်များ appeared first on Myanmar Farmers' Portal.
ပါဝင်ပစ္စည်းများ
၁။ ကန်စွန်းဥ ၁၆၀၀ ဂရမ် (၁ ပိဿာ)
၂။ ဂျုံ ၄၁၀ ဂရမ် (၂၅ ကျပ်သား)
၃။ သကြား ၁၀၀၀ ဂရမ် (၆၀ ကျပ်သား)
၎။ ထောပတ် ၈၀ ဂရမ် (၅ ကျပ်သား)
၅။ ဆီ ၄၁၀ ဂရမ် (၂၅ ကျပ်သား)
၆။ ဘိန်းစေ့ အနည်းငယ်
၇။ ဆား အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ကန်စွန်းဥများကို ပြုတ်၍ အခွံနွှာပြီး ကျေအောင် ချေထားပါ။
၂။ ဆီပူထဲသို့ ပါဝင်ပစ္စည်းများအားလုံး ရောမွှေပြီး ကျိုပါ။ လိုအပ်လျှင် ရေအနည်းငယ်ထည့်ပါ။
၃။ ကျက်စပြုလာလျှင် ဘိန်းစေ့များအပေါ်ယံမှ ဖြူးပြီး အပေါ်မီးဖြင့် နှပ်ထားပါ။
စိုက်ပျိုးသုတပစ္စယ (Pissaya Info)
The post ကန်စွန်းဥ ဆနွင်းမကင်းပြုလုပ်နည်း appeared first on Myanmar Farmers' Portal.
မြန်မာအမည် – ရှောက်မျိုးနွယ်ဝင်အပင်များ
အင်္ဂလိပ်အမည် – CITRUS
ရုက္ခဗေဒအမည် – Citrus spp
မျိုးရင်းအမည် – RUTACEAE
၁။ အရေးကြီးသောမျိုးစိတ်များ
၁။ Mandarin ခွံပွလိမ္မော် (Citrus reticulata)
၂။ Sweet Orange ကမ္ဗလာခွံကျစ်လိမ္မော်၊ ထုံကျင် (C. sinensis)
၃။ Pumelo ကျွဲကော (C.grandis)
၎။ Grape fruit ဂရိတ်ဖရု (C.paradisi)
၅။ Lemon သံပယို (C. limon)
၆။ Citron ရှောက်သခွား (C.medica)
၇။ Unshu ဂျပန်လိမ္မော် (C.unshiu)
၈။ Bitter Orange ရှောက်ခါး/ရှောက်ချဉ် (C.aurantiun)
၉။ Sour Lime သံပရာ (C.aurantifolia)
၁၀။ Sweet lime သံပရာချို (C.limettoides)
၁၁။ Karna khatta (C.kharna)
၁၂။ Rough Lemon ရှောက်နုရှောက်ထွက် (C.jambhiri)
၂။ ဆက်စပ်လျက်ရှိသော မျိုးစုများ
၁။ Poncirus (Trifoliate orange) အရွက်သုံးမွှာပါ လိမ္မော်
၂။ Fortunella (Kumquat) ကမ်းကွက်လိမ္မော် (အောက်ခံပင်အတွက်သုံး)
(အသီးအရွယ်သေး၊ အခွံပါစားနိုင်သောလိမ္မော်)
၃။ စပ်မျိုးများ
၁။ Citrange (အရွက်သုံးမွှာလိမ္မော်×ကမ္ဗလာ)
၂။ Citrumello (အရွက်သုံးမွှာလိမ္မော် × ဂရိတ်ဖရု)
၃။ Tangor (လိမ္မော်× ကမ္ဗလာ)
ဥပမာ – Temple, Clementine, Manreal စသည်ဖြင့်
၎။ Tangelo (လိမ္မော် × ဂရိတ်ဖရု)
ဥပမာ – Olando, Mineola, Seminole, Sampsonet စသည်ဖြင့်
၅။ Lemonine (ရှောက်×သံပရာ)
(၁ နှင့် ၂ ကို အောက်ခံပင်အတွက် အသုံးပြုကြပါသည်။)
၎။ မြေအမျိုးအစား
အသင့်တော်ဆုံး pH မှာ ၅.၅- ၇.၅ ဖြစ်သည်။ မြေသားထုနက်ပြီး ပွသောလေ၀င်ထွက်မှု ကောင်းသည့် မြေ အမျိုးအစားတွင် ကောင်း စွာဖြစ်ထွန်းပြီး ထုံးကျောက် CaCO3 ဖြင့် ဖွဲ့စည်းထားသော မြေအောက်ကျပ်တီးပြင် အလွှာ ကင်းရှင်းရပါမည်။ ရေစီးစိမ့်မှုကောင်းရန် အလွန်အရေးကြီးပါသည်။
၅။ ရာသီဥတု
အပူလျော့ပိုင်း ဆီးနှင်းကင်းသောဒေသနှင့် အပူပိုင်းမကျတကျ ရာသီဥတုရှိသော semitropical ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်း သည်။ အမြဲစိမ်း အပင်ဖြစ်သည်နှင့်အညီ ဆောင်းတွင်း အအေးဓါတ်လိုအပ်ချက် သီးခြားမရှိ သော်လည်း ဆောင်းရာသီတွင် အပင်ကြီး ထွားခြင်း ရပ်နားမှုသည် ပန်းပွင့်ဖူး ဖြစ်ပေါ်မှုကို ဖြစ်စေပြီး နွေဦးကာလ ပန်းပွင့်ခြင်းကို ဖြစ်စေပါသည်။ နိမ့်သောအပူချိန် ၂၀ံ-၄၀ံ ဖာရင် ဟိုက်သည် အပင်ငယ်များကို ပျက်စီးစေပါသည်။ အပူချိန် ၁၂ံ-၁၆ံ ဖာရင်ဟိုက်တွင် အပင်ကြီးများ သေဆုံးသွားမည်ဖြစ်ပါ သည်။
ဂရိတ်ဖရုသည် မြင့်သောအပူချိန်ကို ခံနိုင်ရည်ရှိပြီး အပူချိန် ၁၂၀ံ ဖာရင်ဟိုက် ၄၈.၈၃ံ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိပါသည်။ ပန်းပွင့်ချိန်နှင့် သီးကင်းဝင်ချိန်တွင် လေပူနှင့် အပူချိန်လွန်ကဲမှု ဖြစ်ပေါ်လာပါက ပန်းပွင့်ကို ပျက်စီးစေခြင်း၊ အသီးကြွေခြင်း တို့ကို ဖြစ်စေပါသည်။ အရိပ်အောက်ကျသော အပင်များမှာ သီးထွက်ညံ့တတ်ပါသည်။
၆။ မျိုးပွားခြင်း
ကမ္ဗလာ၊ လိမ္မော်နှင့် ဂရိတ်ဖရုတို့ကို မျိုးပွားရာတွင် အဖူးမြှုပ်မျိုးပွားနည်းမှာ အသုံးများသော မျိုးပွားနည်းဖြစ်ပါ သည်။ ရှောက်နှင့် သံပ ရာမျိုးကို မြေထုပ်စည်း သို့မဟုတ် ပင်ပိုင်းဖြတ်နည်းဖြင့် မျိုးပွားကြပါသည်။ သံပရာကို အစေ့မှ မျိုးပွားများပါသည်။ သံပရာမျိုးစေ့မှာ အစေ့ တစ်စေ့တွင် အပင်လောင်းအများအပြားပါသော Polyembryony အစေ့ဖြစ်သဖြင့် ညီညာသောပျိုးပင်ကို ရရှိပါသည်။ မူမှန် သန္ဓေ လောင်းဖြစ်ပေါ်မှုမရှိဘဲ Nucellus တစ်သျှူးဆဲလ်တစ်ခုခုမှ အပင်လောင်းအဖြစ် ပြောင်းလဲလာခြင်းဖြစ်သည်။ ထို့ကြောင့် အစေ့တစ်ခု ထဲတွင် အပင်လောင်းတစ်ခုထက်မက များပြားနိုင်သည်။ Nucellus cell မှ အပင်ဖြစ်၍ မိခင်အပင်နှင့်တူညီသော အပင်ကိုရရှိပါသည်။ Virus ရောဂါအတော်များများ အထူးသဖြင့် ရှောက်မျိုးနွယ်ဝင်အပင်များတွင် အရေးကြီးသော Tristeza ရောပါဖြစ်စေသည့် Virus မှာ အစေ့တွင်း မ၀င်နိုင်ပေ။
လေးထောင့်ကွက် အဖူးဆက်နည်း Patch နှင့် T ပုံသဏ္ဍန်အဖူးမြှုပ်နည်းများဖြင့် အဖူးမြှုပ်ကြပါသည်။ အဖူးမြှုပ်ရန် သင့်တော်သော အချိန်မှာ ပင်ရည်တက်မှုကောင်းပြီး Cambium အသားနုများ နိုးကြားချိန် ဖြစ်ပါသည်။ အဖူးကိုင်းအဖြစ် တစ်နှစ်သားရှိပြီး စောင်းမရှိသော အကိုင်းမှ အညွန့်မထွက်သေးသည့် ကောင်းစွာ စူထွက်နေသော အဖူးများ ပါရှိပါက ပိုကောင်းပါသည်။ အောက်ခံပင်တွင် မြေကြီးမှ ၂၀-၂၅ စင်တီမီတာ အမြင့်တွင် အဖူးမြှုပ်ရန်ဖြစ်ပြီး အဖူးမြှုပ်ပြီး ခြောက်လ ကိုးလတွင် စိုက်ခင်းတွင် စိုက်ပျိုးရန် အသင့်ဖြစ်ပါသည်။
အောက်ခံပင်များ ပျိုးထောင်ရန် စိတ်ကြိုက် ရွေးချယ်ထားသောအပင်မှ ပြည့်ဖြိုးအောင်မြင်သော မျိုးစေ့ကို ရွေးယူပြီး မြေဆွေး လုံလောက် စွာဖြင့် ကောင်းစွာပြင်ဆင်ထားသော မူလပျိုးခင်းတွင် ပျိုးပါ။ ပျိုးခင်းမှာ ရေစီးစိမ့်မှု ကောင်းပြီး မြေသြဇာထက်သန်ရမည်။ မြေဆောင်ရောဂါများနှင့် နီမတုတ်များ ကင်းရှင်းရပါမည်။ မူလပျိုးဘောင်များ၏ အပေါ်ပိုင်းကို သဲ သုံးစင်တီမီတာ ငါးစင်တီမီတာလွှာဖြင့် ဖုံးအုပ်ပေးပါ။ မျိုးစေ့များကို မှိုသတ်ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။ မျိုးစေ့မှ အပင်ပေါက်ရန် သုံးလေးပတ်ကြာပြီး ပျိုးပင်များ အရွက်လေးရွက် ခြောက်ရွက် ထွက်ချိန်တွင် ဒုတိယပျိုးခင်းသို့ ရွေ့စိုက်ရန် အဆင်သင့်ဖြစ်ပြီး ဖြစ်သည်။ ဒုတိယပျိုးခင်းတွင် ပင်ခြား၊ တန်ခြား ၂၀ံ-၃၀ံ စင်တီမီတာခြား စိုက်ပျိုးထားရှိရမည်။ ညီညာပြီး ထောင်မတ် သန်စွမ်းသောအပင်ကို အောက်ခံပင်အဖြစ် ရွေးချယ်အဖူးမြှုပ်ပါ။
၇။ ရေသွင်းခြင်း
သဲကြမ်းမြေ သို့မဟုတ် သဲနုန်းမြေ၊ ရေထိန်းအားနည်းသောမြေတွင် မကြာခဏ ရေသွင်းရန် လိုအပ်ပါသည်။ ကြီးထွားမှုမြန်သည့် အချိန်နှင့် ပန်းပွင့်ချိန်၊ အသီးကင်းဝင်ချိန်များတွင် ရှောက်မျိုးနွယ်ဝင်အပင်များသည် ရေငတ်ခြင်းကို မခံနိုင်ပါ။ အသီးများအပင်ပေါ်ရှိချိန်တွင် အပင်များ မကြာခဏ ရေငတ်ပါက အသီးတင်မှု လျော့နည်းသွားပါသည်။ ရှောက်မျိုးနွယ်ဝင်အပင်များသည် ရေများခြင်း၊ ရေ၀ပ်ခြင်းကို ခံနိုင်ရည်မရှိကြပါ။ သွင်းရေတွင် ဆားဓါတ်ပါဝင်မှုကို ခံနိုင်ရည်မရှိခြင်းကြောင့် သွင်းရေတွင် စုစုပေါင်းပျော်ဝင်ဆား (Total soluble solid) ပမာဏ ၁၀၀၀ သန်းပုံ ppm ထက် မပိုသင့်ပေ။ သွင်းရေမှာ ပင်စည်ကို တိုက်ရိုက်ထိတွေ့မှု မရှိသင့်ပါ။ ပုံမှန်အားဖြင့် မတ်လမှ ဇွန်လအတွင်း အပတ်စဉ်ရေသွင်းပြီး နိုဝင်ဘာမှ ဖေဖော်ဝါရီအတွင်း နှစ်ပတ်ခြား တစ်ကြိမ် ရေသွင်းပေးပါ။
၈။ ဓာတ်မြေသြဇာကျွေးခြင်း
ကမ္ဗလာနှင့် လိမ္မော်ပင်များအတွက် တစ်ဟက်တာလျှင် N ၆၀၀-၈၀၀ ကီလိုဂရမ် P၃၀၀-၄၀၀ ကီလိုနှင့် K ၃၀၀-၄၀၀ ကီလိုနှုန်း ကျွေးပေးခြင်းသည် အပင်ကြီးထွားမှု၊ အထွက်နှုန်းနှင့် အရည်အသွေးအတွက် သင့်တော်သော နှုန်းထားဖြစ်ကြောင်း တွေ့ရပါသည်။ အနည်းလို အာဟာရချို့တဲ့မှုများ ဖြစ်လေ့ရှိရာ ဇင့်ဆာလဖိတ် (ZnSO4) ၀.၄ – ၀.၆%၊ ကြေးနီဆာလဖိတ် ၀.၄-၀.၅%၊ ဘိုရက် (လက်ချား) ၀.၁%၊ Iron chelates (သံဓာတ်ပါသော အော်ဂဲနစ် ဒြပ်ပေါင်းများစွာ) (ဥပမာ Iron E.D.T.A) နှင့် မဂ္ဂနီဆီယမ်ဆာလဖိတ် (ဆားခါး) ၂% ပက်ဖျန်းပေးခြင်းဖြင့် ကုစားနိုင်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya_Info)
The post ရှောက်မျိုးနွယ်ဝင်အပင်များထဲမှ ဂရိတ်ဖရုစိုက်ပျိုးနည်း အပိုင်း-(၁) appeared first on Myanmar Farmers' Portal.
၉။ ပိုးမွှားများ
(က) Citrus psylla
အညွန့်သစ်ထွက်ချိန်တွင် Monocrotophos ၀.၁၃၅% သို့မဟုတ် Phosphomidon ၀.၀၃% ဖျန်းပေးပါ။
(ခ) ပျပိုး (Aphids)
Monocrotophos ၀.၀၂၅%၊ Phosphomidon ၀.၀၃% သို့မဟုတ် parathion ၀.၀၃%။
(ဂ) အကြေးပိုး (Scale insect)
Dimethoate ၁၅၀ စီစီ + ရေနံဆီ ၂၅၀ စီစီကို ရေလီတာ ၁၀၀ တွင် ဖျော်၍ ပက်ဖျန်းပါ။ တမာဆီကို ဆပ်ပြာရည် နှင့် ဖျော်၍လည်း သုတ်လိမ်း ကာကွယ်နိုင်ပါသည်။
(ဃ) ပင်စည်ဖော်ပိုး (Stem borer)
ပိုးပေါက်အတွင်းသို့ ဓါတ်ဆီ သို့မဟုတ် Carbodisulphide ၀.၀၁% ကို ထိုးသွင်းပြီး ပိုးပေါက်ကို ရွှံ့ဖြင့် ပိတ်ပါ။ Cypermethrin ၀.၀၀၁%။
(င) ရွက်ထွင်းပိုး (Leaf minor)
Monocrotophos ၀.၀၅% သို့မဟုတ် Fenvelerate ၀.၀၁% သို့မဟုတ် Pagan 100 သို့မဟုတ် Cypermethrin ၀.၀၀၁% ထည့်ဖျန်းပါ။ ရှောက်မျိုးနွယ်ဝင် အပင်များတွင် ဤပိုးမှာ ဆိုးရွားစွာ ကျရောက်လေ့ ရှိပါသည်။ ဆေးဖျန်းရမည့်အချိန်မှာ ရွက်ဖူးထွက်နေစဉ် ကာလတွင် အချိန်မီ ဖျန်းရပါမည်။ အချိန်မီ သင့်တော် သော ဆေးကို နှုန်းထားမှန်ကန်စွာ ပက်ဖျန်းရန် အထူးလိုအပ်ပါသည်။
၁၀။ ရှောက်မျိုးနွယ်ဝင်အပင်ရောဂါများ
ဗိုင်းရပ်စ်ရောဂါများ
ရှောက်မျိုးနွယ်ဝင်အပင်များသည် ဗိုင်းရပ်စ်၊ မိုင်ကိုပလပ်စ်စမာနှင့် ဗိုင်းရပ်စ်နှင့်တူသော သက်ရှိ (Virus like organism) များကို ခံနိုင်ရည်မရှိကြပါ။ ၎င်းတို့ကြောင့်ဖြစ်သော ရောဂါများမှာ Tristeza, Greening, Xyloporosis, Exocortis,Psorosis စသည့်ရောဂါများ ပါဝင်ပါသည်။ ရောပါများ ကာကွယ်နှိမ်နင်းရန် ဗိုင်းရပ်စ် ကင်းသောပျိုးပင်များ စိုက်ပျိုးခြင်း၊ ရောဂါသယ်ဆောင်ပိုးများ ကာကွယ်နှိမ်နင်ခြင်း၊ ရောဂါကျရောက်မှု ပြင်းထန်သော အပင်များအား ဖျက်ဆီးခြင်းများ ပါဝင်ပါသည်။
မှိုရောဂါများ
(က) Phytophthora rot, Foot rot, Collar rot, Crown rot, Brown rot, Gummosis (အစေးထွက်) စသည့်ရောဂါများ
အရွက်ကြွေခြင်းမှ ကာကွယ်ရန် မိုးဦးကာလတွင် ၁% ဘော်ဒိုးဆေးရည်နှင့် ၅% ဇင့်ဆာလဖိတ် ရောဖျန်းပါ။ Stump rot (သစ်ငုတ်ပြတ်ပုပ်ရောဂါ) အစေးထွက်ရောဂါအတွက် ပင်စည်၊ အကိုင်းပြတ်နေရာကို ၁၀% ဘော်ဒိုးဆေးရည်အဖြစ်ဖြင့် သုတ်လိမ်းပါ။ ဒီဒိုမေး ၂၅% ဆေးရည်၊ ၀.၂% Foltaf,Alliete ကို ရေဖျော်၍ မြေကြီးတွင် လောင်းထည့်ပေးခြင်း သို့မဟုတ် Phytophthora ရောဂါခံနိုင်ရည်ရှိသော အောက်ခံပင်ကို အသုံးပြု စိုက်ပျိုးပါ။
(ခ) Powdery mildew (ဖားဥမှိုရောဂါ)
ရေဖျော်ကန့်မှုန့် (ကန့်တစ်ကီလိုကို ရေလီတာ ၂၀၀ တွင် ဖျော်ရန်) သို့မဟုတ် Calixin သို့မဟုတ် Bavistin ပက်ဖျန်းပါ
ဘက်တီးရီးယားရောပါများ
(က) Cirtus canker (ကင်ကာ) – သံပရာတွင် ဆိုးရွားစွာ ကျရောက်သည်။ ထွက်လာသော အညွန့်သစ်များကို ၁% ဘော်ဒိုးဆေးရည်ဖြင့် ဖျန်းပါ။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ရှောက်မျိုးနွယ်ဝင်အပင်များထဲမှ ဂရိတ်ဖရုစိုက်ပျိုးနည်း အပိုင်း – (၂) appeared first on Myanmar Farmers' Portal.