Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live

သီဟိုဠ်သရက် အထွက်⁠နှုန်း⁠ကောင်းရန် ⁠ဆောင်ရွက်ရမည့်လုပ်ငန်းများ

$
0
0

(၁) မျိုးများစနစ်တကျ ရွေးချယ်စိုက်ပျိုးရန်

စိုက်ပျိုးသူများအနေဖြင့် အထွက်ကောင်းမျိုးများအား ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။  နှစ်ရှည်ပင်ဖြစ်၍ စိုက်ပျိုးသည့်မျိုးမှာ အရေး ကြီးသည်။ မျိုးရွေးချယ်စိုက်ပျိုးသူများအနေနှင့် အလေးချိန်စီးသော ရေမြပ်စေ့များကို ရွေးချယ်ကြသော်လည်း အထွက်ကောင်း သော အပင်မှ မျိုးစေ့များဖြစ်ရန်လိုပါသည်။

(၂) စိုက်ပျိုးသော အပင်အကွာအဝေး မှန်ကန်ရန်

ယခင်က သီဟိုဠ်သရက်ခြံများအား ၂၅ပေ တရိဂံပုံစံ၊ ယင်းနောက် ၄၀ ပေ × ၇ ပေ တန်းကြဲစနစ် စိုက်ပျိုးခဲ့ကြသည်။ ဤသို့ စိုက်ပျိုးခဲ့ သော သီဟိုဠ်သရက်ခြံများ အနေနှင့် ၅ နှစ် နောက်ပိုင်းတွင် အပင်များ တစ်ပင်နှင့်တစ်ပင် အကိုင်းချင်းရွက်အုပ်ချင်း ထိယှက်ဖုံးအုပ် သွားပါသည်။ ရွက်အုပ်များ နေရောင် လုံလောက်စွာ မရသည့် အတွက် အပွင့်အသီးများနည်းကာ အထွက်နှုန်းများလျော့နည်းပါသည်။ ဤသို့ အပင်ရွက်အုပ်များ တစ်ပင်နှင့်တစ်ပင် ထိစပ်အုပ်မိုး သွားသော်လည်း အပင်ကြပ်များအား ပြန်လည်ဖယ်ထုတ်ရန် လိုအပ်ပါ သည်။

(၃) မြေဆီလွှာ ထိန်းသိမ်းမှုကောင်းမွန်အောင် ဆောင်ရွက်ရန်

သီဟိုဠ်သရက်ပင်မှာ အကြမ်းခံ မြေမရွေးစိုက်ပျိုးနိုင်သည်ဟု ယူဆကာ မြေညံ့များ၊ တောင်စောင်းများတွင် စိုက်ပျိုးခဲ့ကြသည်။ ဤသို့ စိုက်ပျိုးကြပြီးနောက် မြေဆီသြဇာများ ရေတိုက်စားဆုံးရှုံးမှု ကာကွယ်ထိန်းသိမ်းသည့် လုပ်ငန်းများ၊ မြေဆီသြဇာ တိုးတက်ကောင်းမွန် လာစေမည့် လုပ်ငန်းများအား စနစ်တကျဆောင်ရွက်မှု ရှိရန် လိုအပ်သည်။ နှစ်ရှည်ပင်ဖြစ်သည်နှင့် အညီ နှစ်ကာလ ကြာမြင့်လာသည် နှင့် အမျှ မြေဆီသြဇာအဆင့်အတန်းများကျဆင်းကာ အပင်ကြီးထွားမှုနှင့် အသီးထွက်များတဖြည်းဖြည်း ထိခိုက်လာပါသည်။

(၄) ကိုင်းဖြတ်ခြင်းနှင့် အပင်ပုံသွင်းခြင်းများဆောင်ရွက်ရန်

သီဟိုဠ်သရက်မှာ အလင်းရောင်ကြိုက်သော အပင်ဖြစ်ပြီး ရွက်အုပ်များ နေရောင်အများဆုံးရစေရန်အတွက်လည်းကောင်း၊ လေ၀င်လေ ထွက် ကောင်းကာ ပိုးမွှားရောဂါကျရောက်မှု နည်းပါးစေရန်အတွက် လည်းကောင်း၊အပင်ကိုင်းနှင့် ရွက်အုပ်များ မျှတစွာပေါက်ရောက်ပြီး လေတိုက်ပါက ယိုင်လဲခြင်း မရှိစေရန်အတွက်လည်းကောင်း၊ အပင်အားငယ်စဉ်ကပင်ကိုင်းများဖြတ်ခြင်း၊ အပင်ပုံသွင်းခြင်း လုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။ သီဟိုဠ်သရက်ခြံများတွင် ဤလုပ်ငန်းအား စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။

(၅) စိုက်ခင်းထိန်းသိမ်းပြုစုမှုလုပ်ငန်း စနစ်တကျ ဆောင်ရွက်ရန်

သီဟိုဠ်သရက်မှာအကြမ်းခံအပင်ဟုယူဆကာ စိုက်ပျိုးပြီးနောက် အပင်ပြုစုမှု ထိန်းသိမ်းမှုများမပြုလုပ်ကြဘဲ ပစ်ထားကြလေ့ရှိပါသည်။ သီဟိုဠ်သရက်ပင်မှာ စိုက်ပျိုးသော အခြားဥယျာဉ်ခြံ၊ သစ်သီးဝလံပင်များ ကဲ့သို့ပင် စနစ်တကျ ထိန်းသိမ်းပြုစုမှုလုပ်ငန်းများ ဆောင်ရွက် ပေးရန် လိုပါသည်။ ပေါင်းရှင်းခြင်း၊ မြေသြဇာကျွေးခြင်း၊ အစိုဓာတ်ထိန်းသိမ်းခြင်း၊ စသည့် စိုက်ခင်းထိန်းသိမ်းမှု လုပ်ငန်းများကို ရာသီ အလိုက် စနစ်တကျ ဆောင်ရွက်ရပါသည်။

စိုက်ပျိုးသုတ ပစ္စယ

 

 

 

The post သီဟိုဠ်သရက် အထွက်⁠နှုန်း⁠ကောင်းရန် ⁠ဆောင်ရွက်ရမည့်လုပ်ငန်းများ appeared first on Myanmar Farmers' Portal.


သဘာဝေ⁠မြ⁠သြဇာများ ⁠ပြုလုပ်သုံးစွဲနည်းမှ သီး⁠နှံ⁠ဘေးထွက်ပစ္စည်းအေ⁠ကြာင်း

$
0
0

သီးနှံဘေးထွက်ပစ္စည်း ။      ။ သီးနှံဘေးထွက်ပစ္စည်းများဖြစ်သော ကြက်ဆူစေ့အခွံ၊ ကြက်ဆူကြိတ်ဖတ်၊ ကောက်ရိုး၊ နှမ်းရိုး၊ ပဲရိုး၊နေကြာရိုး၊ ပဲစင်းငုံ ရိုးဖြတ်စများကို မြေတွင်ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာတွင် ရုပ်ဂုဏ်သတ္တိ တိုးတက်စေသည့်အတွက် သီးနှံအထွက်နှုန်းတိုးရေးကို အထောက်အကူပြုစေမည်ဖြစ်ပါသည်။

Source by – လယ်/ဆည်

The post သဘာဝေ⁠မြ⁠သြဇာများ ⁠ပြုလုပ်သုံးစွဲနည်းမှ သီး⁠နှံ⁠ဘေးထွက်ပစ္စည်းအေ⁠ကြာင်း appeared first on Myanmar Farmers' Portal.

သဘာ၀⁠ေ⁠ျမ⁠ၾသဇာမ်ား ⁠ျပဳလုပ္သံုးစြဲနည္းမွ တီက်စ္စာ⁠ေ⁠ျမ⁠ေဆြးအ⁠ေ⁠ကြာင်း

$
0
0

တီကျစ်စာမြေဆွေး။    ။ တီကောင်များမွေးမြူပြီး သစ်ရွက်၊ အမှိုက်များကျွေး၍ သဘာဝမြေဆွေး ထုတ်လုပ်နိုင်သည်။ တီကောင်များ၏ စားသုံးမှုကြောင့် ဆွေးမြေ့ကြေပျက်မှုမြန်ခြင်း၊ အစာခြေလမ်းကြောင်းမှ စွန့်ပစ်သော တီကျစ်စာများတွင် ကယ်လစီယမ် နှင့် မဂ္ဂနီစီယမ် ကြွယ်ဝခြင်းတို့ကြောင့် မြေဆီလွှာ၏ မြေသြဇာထက်သန်လာခြင်း၊ ရုပ်ဂုဏ်သတ္တိတိုးတက်လာခြင်းတို့ ဖြစ်ပေါ်စေကာ သီးနှံအထွက်နှုန်းကိုတိုးတက်စေပါသည်။

Source by – လယ်/ဆည်

The post သဘာ၀⁠ေ⁠ျမ⁠ၾသဇာမ်ား ⁠ျပဳလုပ္သံုးစြဲနည္းမွ တီက်စ္စာ⁠ေ⁠ျမ⁠ေဆြးအ⁠ေ⁠ကြာင်း appeared first on Myanmar Farmers' Portal.

သီဟိုဠ်သရက် စိုက်ပျိုးရန်အတွက် ရာသီဥတု၊ေ⁠မြအမျိုးအစား ⁠နှင့် မျိုး⁠ရွေးချယ်⁠ခြင်း

$
0
0

ရာသီဥတု

————

သီဟိုဠ် သရက်ပင်သည် အီကွေတာ၏မြောက်ဖက် ၂၇ ဒီဂရီနှင့် တောင်ဖက် ၂၈ ဒီဂရီအတွင်ပေါက်ရောက်သော်လည်း မြောက်ဖက်နှင့် တောင်ဖက် ၁၅ ဒီဂရီအတွင်းသာ အကောင်းဆုံးဖြစ်ထွန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၅၀၀ -၂၃၀၀၀ ပေါက်ရောက် စိုက်ပျိုးနိုင်သော်လည်း အမြင့်ပေ ၅၀၀ အောက်တွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်ပါသည်။ တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန်လက်မ ၆၀ – ၁၀၀ ခန့် လိုအပ်ပါသည်။ ပျမ်းမျှအနိမ့်ဆုံးအပူချိန်  ၁၅ – ၁၈ ဒီဂရီစင်တီဂရိတ်နှင့် အမြင့်ဆုံး အပူချိန် ၃၂ – ၃၇ ဒီဂရီ စင်တီဂရိတ် ရရှိပါက အပင်ကောင်းစွာဖြစ်ထွန်းပါသည်။ အပွင့်ပွင့်ချိန်တွင် ၁၈ ဒီဂရီစင်တီဂရိတ် အောက်တွင် ရက်ကြာရှည်ကျသွားပါက က အပွင့်များ ပျက်စီး ဆုံးရှုံးတတ်ပါသည်။ အလားတူ သီးကင်းဝင်ချိန်တွင် အပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်ထက် ကျော်ပါက သီးကင်းများ ကြွေကျဆုံးရှုံးတတ် ပါသည်။

မြေအမျိုးအစား

—————-

သီဟိုဠ်သရက်ပင်သည် မြေသားထူပြီး နှုန်းမြေနှင့် သဲဆန်သော နှုန်းမြေများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ မြေသားထုအထူ အနည်းဆုံး ၃ ၁/၂ ပေ – ၅ ပေခန့် ရှိသင့်ပါသည်။ ရေစိမ့် စီးဆင်းမှုကောင်းသည့် ရေမ၀ပ်သောမြေ၊ လေ၀င်လေထွက်ကောင်းသောမြေ၊ အစိုဓာတ် ထိန်းနိုင်သောမြေများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ မြေချဉ်ငံဓာတ်အနေနှင့်  အချဉ်ဓာတ် အလွန်ကဲသော မြေများ၊ အငံ ဓာတ် လွန်ကဲသော မြေများမှာ သင့်တော်မှု မရှိပါ။ ပီအိတ်ခ်ျ ၅ မှ ၆.၅ အတွင်းရှိမြေများမှာ စိုက်ပျိုးရန် သင့်တော်ပါသည်။

တောင်စောင်းများတွင် သီဟိုဠ်သရက်ကိုစိုက်ပျိုးပါက မြေဆီသြဇာများ တိုက်စားဆုံးရှုံးမှုရှိနိုင်သဖြင့် ထိန်းသိမ်း ကာကွယ်မှုများ ပြုလုပ် ပေးရန် လိုအပ်ပါသည်။ ထို့ကြောင့်  မြေဆီထိန်းသိမ်းကာကွယ်မှု လုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲသော အစောင်း ၁၅ % ထက် စောက်သော တောင်ကုန်းများတွင် မစိုက်ပျိုးသင့်ပါ။ အစောင်း ၅% နှင့် ယင်းထက်အစောင်းပြေပြစ်သော တောင်ကုန်းများတွင်သာ ရွေးချယ်စိုက်ပျိုးသင့်ပါသည်။

မျိုးရွေးချယ်ခြင်း

—————–

မြန်မာနိုင်ငံတွင် သီဟိုဠ်သရက်ခြံများ အထွက်နှုန်းများ ထွက်သင့်သလောက် မထွက်ရခြင်း၏ အကြောင်းအရင်းများတွင် အထွက်ကောင်း မျိုးများအားစနစ်တကျ ရွေးချယ်စိုက်ပျိုးမှု မရှိကြသေးခြင်းမှာ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ အချို့ မျိုးရွေးချယ်စိုက်ပျိုးသူများ အနေနှင့် အလေးချိန်စီးသည့် ရေမြပ်စေ့များကို ရွေးချယ် စိုက်ပျိုးကြသော်လည်း ယင်းအစေ့များမှာ အထွက်နှုန်းကောင်းသော အပင်မှ မျိုးစေ့များအားလုံးမဟုတ်ကြပါ။သီဟိုဠ်သရက်ပင်မှာ အခြေခံအားဖြင့် ပင်ခြားဝတ်မှုန်ကူးသည့် အပင်မျိုးဖြစ်သဖြင့် အထွက်ကောင်း အပင်မှ မျိုးစေ့သည်ပင်လျှင် အထွက်နှုန်းတွင် သောင်းပြောင်းမျိုးစေ့ ထက်သာသော်လည်း ကွဲပြားမှု အမျိုးမျိုးရှိနေပါသေးသည်။ အထွက်ကောင်းပင်အား လိင်မဲ့နည်းဖြင့် မျိုးပွားစိုက်ပျိုးထားသော အပင်သည်သာလျှင် မိခင်ပင်အတိုင်းသေချာ ပေါက်ထွက်နိုင်မည်ဖြစ် သည်။ ထို့ကြောင့် အထွက်နှုန်းကောင်းသော မိခင်ပင်အားရွေးချယ်ကာ လိင်မဲ့နည်းဖြင့် မျိုးပွား စိုက်ပျိုးနည်းမှာ အကောင်းဆုံး ဖြစ်ပါသည်။

မျိုးအဖြစ် အသုံးပြုမည့် အထွက်ကောင်း သီဟိုဠ်သရက်ပင်များရွေးချယ်ရာတွင် အောက်ဖော်ပြပါ အရည်အသွေးနှင့် ကိုက်ညီသည့် အပင်များကို ရွေးချယ်သင့်ပါသည်။

(၁) အပင်သက် (၇) နှစ်နှင့် အထက်ရှိသော အပင်များ။

(၂) အပင်အရွက်အုပ် ကျစ်လစ်သိပ်သည်းကာ ကိုင်းများများ ထွက်သောအပင်။ ဆိုလိုသည်မှာ အပင်ဧရိယာနေရာယူမှု ကျဉ်းကျဉ်းဖြင့် အသီးကိုင်းများသော အပင်ကိုရွေးချယ်ရန် ဖြစ်သည်။

(၃) တစ်ယူနစ် ဧရိယာတွင် အပွင့်ပွင့်နှုန်းများသောအပင်။ တနည်းအားဖြင့် အပွင့်လှိုင်လှိုင်ပွင့်သော အပင် ကိုဆိုလိုပါသည်။

(၄) လိင်စုံပွင့် အချိုးများသော အပင်။ သီဟိုဠ်သရက်ပင်တွင် အဖိုပွင့်နှင့် လိင်စုံဟူပြီး အပွင့်နှစ်မျိုးရှိပြီး လိင်စုံပွင့်ပါဝင်မှုမှာ ၆% မှ ၁၀ % သာ ပါရှိ တတ်ပါသည်။ ယင်းအချိုးထက်များသော အပင်များသော အပင်များကို ရွေးချယ်ရန်ဖြစ်ပါသည်။

(၅) တစ်ခိုင်ချင်း အသီးများများသီးသောအပင်။ အသီးခိုင် တစ်ခိုင်လျှင် အနည်းဆုံး အသီး ၅ လုံးထက် မနည်းသီးသောအပင်။

(၆) တစ်ပင်လျှင်အသီး ၅၀၀ လုံးထက် မနည်းသီးသောအပင်နှင့် အစေ့ပျမ်းမျှအလေးချိန် ၇ဂရမ်ခန့် ရှိသောအပင်။ သို့မှသာ ယင်းအပင်၏ တစ်နှစ်အသီးထွက်နှုန်းမှာ ပျမ်းမျှ ၃.၅ ကီလိုဂရမ် (၂.၂ ပိဿာ) အနည်းဆုံးရှိနိုင်မည်ဖြစ်သည်။

သီဟိုဠ်သရက်မျိုးများသည် ရေမြေ ရာသီဥတုကွဲပြားမှုအလိုက် ဒေသတစ်ခုတွင် ကောင်းသော်လည်း အခြားဒေသတွင်ကောင်းချင်မှ ကောင်းတတ်ပါသည်။ နိုင်ငံခြားမှ အထွက်ကောင်းမျိုးများအားတင်သွင်းစိုက်ပျိုးခြင်းမှာလည်း မြန်မာနိုင်ငံတွင် အထွက်ကောင်းမည်ဟု သေချာပေါက် မပြောနိုင်ပါ။ မြန်မာနိုင်ငံမှ တင်သွင်းစိုက်ပျိုးခဲ့သော ကင်ညာနိုင်ငံမှ သီဟိုဠ်သရက်မျိုးများမှာ မြန်မာပြည်၊ ကျိုက်ထိုဒေသ တွင် ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းများကောင်းမွန်မှု မရှိကြောင်း လေ့လာတွေ့ရှိထားပါသည်။ ဒေသတစ်ခုမှ ရွေးချယ်သော အထွက်ကောင်း မျိုးများအား ရေ ၊ မြေ ၊ ရာသီဥတုကွဲပြားသည့် အခြားဒေသများတွင် စိုက်ပျိုးမည်ဆိုပါက ရှေ့ပြေးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးလေ့ လာကာ သေချာမှသာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရန် ထောက်ခံနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ဒေသတစ်ခုတွင် စိုက်ပျိုးရန်အတွက် ယင်း ဒေသမှ အထွက်ကောင်းမျိုးများကို ဒေသအလိုက် ရွေးချယ်ကာ ယင်းမျိုးကို မျိုးအဖြစ် မျိုးပွားအသုံးပြုသွားသင့်ပါသည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post သီဟိုဠ်သရက် စိုက်ပျိုးရန်အတွက် ရာသီဥတု၊ေ⁠မြအမျိုးအစား ⁠နှင့် မျိုး⁠ရွေးချယ်⁠ခြင်း appeared first on Myanmar Farmers' Portal.

သီဟိုဠ်သရက်ကို မျိုး⁠စေ့များအား ပျိုး⁠ထောင်ကာ စိုက်ပျိုးနည်း

$
0
0

အထွက်ကောင်းမိခင်ပင်မှ မျိုးစေ့များအားပျိုးခင်းတွင် ပလပ်စတစ်အိတ်ဖြင့် ပျိုးထောင်ကာ အပင်သက် ၂လ ခန့်တွင် စိုက်ခင်းတွင် စိုက် ပျိုးခြင်း၊ ဖြစ်ပါသည်။ စိုက်ပျိုးရန် ပျိုးခင်းအား အောက်ပါအတိုင်း ပျိုးထောင်ရပါသည်။

(၁) သီဟိုဠ်သရက်စေ့ လှိုင်လှိုင်ထွက်သည့် ရာသီတွင် ရွေးချယ်ထားသော အထွက်ကောင်း မိခင်ပင်မှ မျိုးစေ့များကို ကောက်ယူ စုဆောင်းပါ။

(၂) မျိုးစေ့များအား ၂ – ၃ နေ့ခန့်အခြောက်လှမ်းပါ။

(၃) ပုံစံ မမှန်သော မျိုးစေ့များ၊ ရွေးချယ်ထားသော မိခင်ပင်၏ ပုံမှန်မျိုးစေ့  အရွယ်အစားထက် ကြီးလွန်းသေးလွန်းသော မျိုးစေ့များကို ဖယ်ပစ်ပါ။ ရေဖြင့် စိမ်ကြည့်၍ ရေမြုပ်သော မျိုးစေ့များကိုသာ မျိုးအဖြစ် အသုံးပြုပါ။

(၃) မျိုးစေ့များ ပျိုးထောင်ရန် ဂိတ် ၃၀၀ အထူနှင့် ၆ လက်မ ×၈ လက်မ အရွယ်ရှိသော ပလတ်စတစ် အိတ်အား အောက်ပိုင်း တ၀တ် ခန့်တွင် အပေါက်ငယ် ၂၀ ခန့် ဖေါက်ပါ။ ပလပ်စတစ်အိတ်တွင် မြေကြီး၊ သဲ နှင့် မြေဆွေး သို့မဟုတ် နွားချေး သုံးမျိုးအားဆတူ ရောစပ် ထားသော စပ်မြေဖြင့် ဖြည့်ပါ

(၅) ပလတ်စတစ်အိတ်တွင် သီဟိုဠ်သရက်စေ့အား အညှာတံကို အပေါ်ဖက်ထောင်လျက် အနေအထားဖြင့် အနက် (၃/၄) လက်မ – ၁ လက်မ မြှုပ်၍ ပျိုးထောင်ပါ။

(၆) မျိုးစေ့များ ပျိုးထောင်ပြီး ရေ၀အောင် လောင်းပါ။ ယင်းနောက် နေ့စဉ် နံနက်တိုင်း  ရေလုံလောက်စွာ လောင်းပေးပါ။ ရေများမသွားရန် ဂရုစိုက်ပါ။

(၇) ရာသီဥတု ပူပြင်းမှုဒဏ်မှ ကာကွယ်ရန် ယာယီ အရိပ်ကြဲစင် ပြုလုပ်ပေးပါ။

(၈) ယေဘုယအားဖြင့် သီဟိုဠ်သရက်စေ့မှာ ၁၀ – ၁၅ ရက်ခန့်တွင် အစို့ပေါက်ပြီး အပင်သက် ၂ လ ခန့်တွင် စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပါသည်။

(၉) စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရန်အတွက် သန်စွမ်းသော ပျိုးပင်များအား ရွေးချယ်စိုက်ပျိုးပါ။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post သီဟိုဠ်သရက်ကို မျိုး⁠စေ့များအား ပျိုး⁠ထောင်ကာ စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

သီဟိုသရက်ကို မျိုး⁠စေ့အား တိုက်ရိုက်စိုက်ခင်းတွင် စိုက်ပျိုးနည်း

$
0
0

ရွေးချယ်ထားသော အထွက်ကောင်း မိခင်ပင်မှ မျိုးစေ့များအား ပျိုးထောင်ခြင်းမပြုဘဲ စိုက်ကျင်းတွင် တိုက်ရိုက် အစေ့မြှပ်ကာ စိုက်ပျိုးခြင်း ဖြစ်ပါသည်။ ဤနည်းမှာ အလွယ်ကူဆုံးနှင့် စရိတ်အသက်သာဆုံးနည်းဖြစ်ပါသည်။ သို့ရာတွင် ပျိုးခင်းတွင် ပျိုးထောင်စိုက်ပျိုးသော နည်း ထက် စိတ်ကြိုက်သန်စွမ်းသော ပျိုးပင်များ ရွေးချယ်ရန် အခွင့်အလမ်းနည်းပါသည်။

စုဆောင်းရွေးချယ်သော မျိုးစေ့များအား တစ်ည ရေစိမ်ပြီးနောက် စိုက်ကျင်းတစ်ကျင်းလျှင် ၃ စေ့နှုန်းဖြင့် ဖိုခနှောက် ၃ ပွင့်ဆိုင် ၄ လက် မခန့်စီ ခြား၍ စိုက်ပျိုးရပါသည်။ မျိုးစေ့အညှောင့်တံအား အပေါ်ဖက်သို့ထောင်၍ မြေအနက် ၁ လက်မ ခန့်စီခြား၍ စိုက်ပျိုးရပါသည်။ မျိုးစေ့ အညှာတံအား အပေါ်ဖက်သို့ထောင်၍ မြေအနက် ၁ လက်မခန့် မြှပ်စိုက်ရသည်။ မျိုးစေ့များမှာ ၂ – ၃ ပတ်ခန့်တွင် ပေါက်လာပြီး  ၁ လ မှ ၂ လ ခန့် အကြာတွင် အသန်စွမ်းဆုံး အပင်တစ်ပင်အား ချန်လှပ်ခါ ကျန်အပင်များအား ဖယ်ရှား နှုတ်ပစ်လိုက်ရသည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

 

The post သီဟိုသရက်ကို မျိုး⁠စေ့အား တိုက်ရိုက်စိုက်ခင်းတွင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

သီဟိုဠ်သရက်ကို ကိုင်းဆက်ပင်များ⁠ဖြင့် စိုက်ပျိုးနည်း

$
0
0

ကိုင်းဆက်ပင်များ စိုက်ပျိုးနည်း

ရွေးချယ်ထားသော အထွက်ကောင်းမျိုးအား လိင်မဲ့ မျိုးပွားနည်းဖြင့် စိုက်ပျိုးထားသော သီဟိုဠ်သရက်ပင်များမှာ အထွက်နှုန်းနှင့် အပင် အရည်အချင်းများ မိခင်ပင်အတိုင်း ဖြစ်လာမည်ဖြစ်သဖြင့် ရေရှည်တွင် လိုက်နာဆောင် ရွက်သင့်သော အကောင်းဆုံးသော စိုက်ပျိုးနည်း စနစ်ဖြစ်ပါသည်။

သီဟိုဠ်သရက်ပင်မှာ မြေထုပ်စည်းခြင်း၊အဖူးကူးခြင်း ၊ကိုင်းဆက်ခြင်း အစရှိသော လိင်မဲ့နည်းအမျိုးမျိုးကို အသုံးပြုကာ မျိုးပွားနိုင် ကြောင်း သုတေသနပြု လေ့လာထားပြီးဖြစ်ပါသည်။ ယင်းလိင်မဲ့မျိုးပွားနည်း အမျိုးမျိုးအနက် ကိုင်းဆက်နည်း တစ်နည်းဖြစ်သော သစ်နု ကိုင်းဆက်နည်း (Soft –wood grafting)မှာအောင်မြင်မှုနှုန်းကောင်း ပြီး စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်သောမျိုးပွား နည်းဖြစ်ပါသည်။

သစ်နုကိုင်းဆက်နည်းစနစ်(Soft –wood grafting)

သစ်နု ကိုင်းဆက်နည်းမှာ ၁ ၁/၂ လ – ၂လအရွယ် လက်ခံပင်တွင် မျိုးကိုင်းအား သပ်ပုံသဏ္ဍာန် ပြုလုပ်၍ ကိုင်း ဆက်ခြင်း ဖြစ်ပါသည်။ သစ်နုကိုင်းဆက်နည်းကို အောက်ဖော်ပြပါအတိုင်း ပြုလုပ်ဆောင်ရွက် သွားနိုင်ပါသည်။

 (က) လက်ခံပင်ပျိုးထောင်ခြင်း

(၁) လက်ခံပင်ပျိုးထောင်ရန်အတွက် မျိုးစေ့များကို သီဟိုဠ်စေ့ လှိုင်လှိုင်ထွက်ချိန်တွင် စုဆောင်းကောက်ယူပါ။

(၂) မျိုးစေ့များအား ၂-၃ နေ အခြောက်လှန်းပါ။

(၃) မျိုးစေ့များအား ရေတွင်စိမ်ကြည့်ပြီး ရေမြုပ်စေ့များကို ရွေးချယ်ပါ။

(၄) အရွယ် အလတ်စားရှိသော မျိုးစေ့များ (၁ ပိဿာ တွင်  ပျှမ်းမျှအလုံးရေ ၂၂၀ – ၂၅၀ ရှိသော မျိုးစေ့များ) ကိုရွေးချယ်ပါ။

(၅)မျိုးစေ့များအား တစ်ညရေစိမ်ပါ။

(၆) ၆ လက်မ× ၁၀လက်မ အရွယ်အစားနှင့် ဂိတ် ၃၀၀ အထူရှိသော ပလပ်စတစ်အိတ်များအား အောက်ခြေတွင် အပေါက်ငယ် ၂၀-၃၀ ခန့်ဖောက်ပါ။ ပလပ်စတစ်အိတ်တွင် မြေကြီး၊သဲနှင့် မြေဆွေး သို့မဟုတ် နွားချေးသုံးမျိုးအား ဆတူရောစပ်ကာ ဖြည့်ပါ။ယင်းအိတ်သွတ် ရန်ရောစပ်ထားသော မြေ ၁ ပြည်တွင် ရော့ဖောစဖိတ်မြေသြဇာ ၁/၅ အောင်စ နှုန်းကိုလည်း ထည့်သွင်းရောစပ်ပါ။

(၇) ပလပ်စတစ်အိတ်တွင် သီဟိုဠ်သရက်စေ့အား အညှာတံကို အပေါ်ဖက်ထောင်လျက် အနေအထားဖြင့် အနက် ၃/၄ လက်မ – ၁ လက်မမြုပ်၍ ပျိုးထောင်ပါ။

(၈) မျိုးစေ့များကို ရေလုံလောက်စွာ နေ့စဉ်မှန်မှန် လောင်းပေးပါ။ရေ မများသွားစေရန် ဂရုစိုက်ပါ။

(၉) ကိုင်းဆက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် မျိုးစေ့များကို အပတ်စဉ်ခွဲ၍ ပျိုးထောင်ပါ။

(၁၀) နွေရာသီ ပူပြင်းချိန်တွင် ယာယီအရိပ်ကြဲစင် ပြုလုပ်ပေးပါ။

(၁၁) မိုးရာသီတွင် ပျိုးပင်ငယ်များ ခါးရိရောဂါ (damping off disease)မှကာကွယ်ရန်အတွက် ဘော်ဒိုဆေး ရည် ၁% ဖြန့်ပေးပါ။

(၁၂) ကိုင်းဆက်ရန်အတွက် လက်ခံပျိုးပင် အသက်ရက် ၄၀-၅၀ ခန့်တွင် ကိုင်းဆက်နိုင်ပါသည်။ လက်ခံပင် အသုံးပြုရန်အတွက်ဘေး ကိုင်းများ မရှိသော ဖြောင့်တန်းသော ပင်မကိုင်း တစ်ကိုင်းသာရှိသည့် သန်စွမ်း သော ပျိုးပင်ကို ရွေးချယ်ရပါမည်။အနည်းဆုံး အရွက်၃ စုံ ရှိရပါမည်။

(ခ)မျိုးတိုင်းရွေးချယ်ခြင်း

(၁) ရွေးချယ်ထားသော အထွက်ကောင်း မိခင်ပင်မှ နှစ်အတွင်းထွက်သော အပွင့်ကိုင်း မဟုတ်သည့် ဘေးကိုင်းအား ရွေးချယ်ပါ။

(၂) ရွေးချယ်ရမည့် မျိုးကိုင်းမှာ အရှည် ၄ လက်မ -၅ လက်မနှင့် ခဲတန်လုံး အရွယ်အစား ရှိကာ ၊အလုံးညီညာ ဖြောင့်တန်းနေသောအညို  ရောင်ကိုင်း ဖြစ်ရပါမည်။ကိုင်းထိပ်အဖူးမှာ အညွှန့်မထွက်သေးဘဲ ထွက်ရန် ပြုနေ သည့် အနေအထားမျိုး ဖြစ်သင့်ပါသည်။

(၃) မိခင်ပင်တွင် ရွေးချယ်ထားသော မျိုးကိုင်းပေါ်ရှိ အရွက်များအား ရိုးတံချန်လှပ်၍ ဖြတ်ချလိုက်ပါ။

(၄)မျိုးကိုင်းများမှာ ၇-၁၀ ရက်ခန့်တွင် အသင့်ကိုင်းဆက်နိုင်မည်ဖြစ်ပါသည်။ဤအချိန်တွင် မျိုးကိုင်းပေါ်တွင် ကျန်နေသောအရွက်ရိုးတံ များမှာ ကြွေကျပြီး ဖြစ်ပါသည်။

(၅) ကိုင်းဆက်ရန် မျိုးကိုင်းအား မျိုးကိုင်းထိပ်ဖူးမှ အညွှန့် မထွက်မီ အဆင့်တွင် ဖြတ်ယူပါ။

(၆) မျိုးကိုင်းများအား နံနက်စောစောတွင် ဖြတ်ပြီး၊ကိုင်းဆက်ရန် အသုံးမပြုမီ ခြောက်မသွားစေရန်အတွက်ရေ စွတ်ထားသော အဝတ်စ ဖြင့်ထုပ်ထားရပါမည်။

(ဂ)  ကိုင်းဆက်ခြင်း

(၁)လက်ခံပျိုးပင်အား အောက်ခြေအရွက် ၂ စုံမှ အပကျန်အရွက်များဖြတ်ပစ်ပါ။

(၂)လက်ခံပင်အား မြေကြီးမှအမြင့် ၆ လက်မခန့် နေရာ သစ်သားနုရှိသော အပိုင်းတွင် ကန့်လန့်ဖြတ်လိုက်ပါ။

(၃)လက်ခံပင် ကန့်လန့်ဖြတ်ထားသော နေရာတွင် မျိုးကိုင်း သစ်လာရောက်ထည့်သွင်း ကိုင်းဆက်နိုင်ရန်အ တွက် `V’ ပုံသဏ္ဍာန်ရ အောင်၁ ၁/၂ လက်မ -၂ လက်မ အနက်ခန့်ခွဲ၍ လှီးလိုက်ပါ။အပေါ်ပိုင်း အခေါက်တွင်း ရှိ သစ်သားအနည်းငယ်ကိုလည်း လှီး၍ ဖယ်ရှား လိုက်ပါ။

(၄) အရှည် ၄ လက်မခန့်ရှိပြီး ကိုင်းဆက်ရန် လက်ခံပင်နှင့် အရွယ်အစားကိုက်ညီသော မျိုးကိုင်းကို ရွေးချယ်ပါ။

(၅)ဖြတ်ထားသောမျိုးကိုင်းအား အောက်ခြေတွင် ၁ ၁/၂ လက်မ – ၂လက်မ  အရှည်ရှိသော သပ်ပုံသဏ္ဍာန် ရရှိအောင် ဘေးနှစ်ဖက်မှ အခေါက်နှင့် သစ်သားများကိုလှီးပါ။

(၆) လက်ခံပျိုးပင်ထိပ်ခွတွင် မျိုးကိုင်းအောက်ခြေသပ်အား အံကျဖြစ်အောင် ထည့်သွင်းပါ။ လက်ခံပင်နှင့် မျိုးကိုင်းများမှ အခေါက်အတွင်း ပိုင်းရှိ အသားတိုးလွှာ (cambium)နှစ်ခုမှာ တစ်ခုနှင့်တစ်ခု အံဝင်ဂွင်ကျ ပူးထိ နေရပါမည်။

(၇) ကိုင်းဆက်နေရာအား ဗျက် ၁/၂ လက်မနှင့် အရှည် ၁၂ လက်မခန့်ရှိသော အထူဂိတ် ၁၀၀ ရှိ ပလပ်စတစ် တိပ်ကြိုးဖြင့်လုံနေအောင် မြဲမြံစွာ စည်းချည်ပါ။

(၈) ကိုင်းဆက်ပြီးနောက် မျိုးကိုင်းအဖူး ခြောက်မသွားစေရန်အတွက် မျိုးကိုင်းအပိုင်းအား ကိုင်းထိပ်ရှိ အဖူးအား မထိစေဘဲ ပလပ်စတစ် အိတ်ကို စွပ်ကာ ကြိုးဖြင့် ချည်နှောင်ထားပါ။

(၉) ကိုင်းဆက်ပြီး အပင်များအား ၁၀ ရက်ခန့် အရိပ်အောက်တွင်ထားပါ။မျိုးကိုင်း ထိပ်အဖူးမှ အညွှန့်များ ထွက် လာသည့်အခါတွင် စွပ် အုပ်ထားသော ပလပ်စတစ်အိတ်အား ဖယ်ရှားကာအပင်အား အရိပ်အောက်မှ အပြင်သို့ ရွှေ့ထားပါ။

(ဃ) ကိုင်းဆက်ပင်များအား ပျိုးခင်းတွင် ထိန်းသိမ်းပြုစုခြင်း

(၁) ကိုင်းဆက်ပင်များအား နေ့စဉ် ရေပန်းခရားဖြင့် ရေမှန်မှန်လောင်းပေးပါ။

(၂) ၃ လခန့်အကြာတွင် ကိုင်းဆက်နေရာ၌ စည်းချည်ထားသော ပလပ်စတစ် တိပ်ကြိုးအားဖြေ၍ ဖယ်လိုက်ပါ။

(၃) ၆ လခန့်အကြာတွင် လက်ခံပင်အောက်ခြေတွင်ရှိသော အရွက်များအား ဖြတ်ပစ်ပါ။

(၄)လက်ခံပင်အပိုင်းမှ ထွက်လာသော ကိုင်းများ၊ကိုင်းဆက် မျိုးကိုင်း အပိုင်းမှ ထွက်လာသော အပွင့်ခိုင်များ အား အချိန်မှန်မှန် ဖြတ်၍ ဖယ်ရှားပေးပါ။

(၅)နွေရာသီ ပူပြင်းသောကာလတွင် ယာယီ  အရိပ်ကြဲစင်ပြုလုပ်ပေးပါ။

(၆) ကိုင်းဆက်အောင်ပင်များအား ကိုင်းဆက်ပြီး ၃-၄ လ အကြာတွင် စိုက်ခင်းသို့ စတင်ပြောင်းရွှေ့စိုက်ပျိုးနိုင် ပါသည်။စိုက်ခင်းစိုက်ပျိုး ရာတွင် ၅ လမှ ၁၁ လသားအရွယ်ရှိ ကိုင်းဆက်ပင်များမှာ ရှင်သန်ဖြစ်ထွန်းမှုအကောင်းဆုံးဖြစ်ပါသည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya  Info)

 

 

The post သီဟိုဠ်သရက်ကို ကိုင်းဆက်ပင်များ⁠ဖြင့် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

⁠မြစ်ဝကျွန်း⁠ပေါ်⁠နှင့် ကမ်းရိုးတန်း⁠ဒေသများရှိ ဆားငံ⁠ရေဝင်လယ်များအတွက် သင့်⁠လျော်⁠သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ အပိုင်း – (၁)

$
0
0

၁။ သင့်လျော်သောစပါးမျိုးရွေးချယ်ခြင်း

  • စားသုံမှုအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ဆားငံခံစပါးမျိုးသန်းများကိုစိုက်ပျိုးပါ။

၂။ပျိုးဘောင်ပြင်ဆင်ခြင်း

  • ပျိုးခင်းနေရာအတွက် ဆားငံရေ မဝင်သောနေရာကို ရွေးပါ။သွင်းရေအတွက် ရေချိုအရင်းအမြစ်နှင့် နီးသော ၊လမ်းမီးရောင်နှင့်ဝေး သော ၊ရောဂါနှင့် ပေါင်းမြက်တို့ ကင်းစင်သော၊မြေဆီသြဇာ ထက်သန်သော၊မြေနေရာကို ရွေးချယ်ပါ။
  • အရည်အသွေးကောင်းမျိုးသန့်မျိုးစေ့ကို ပြာတီးသန့်စင်၍ ဆားရည်စိမ် ရွေးချယ်ပြီးမှ အသုံးပြုပါ။
  • မျိုးစေ့အား ၁ရက်ရေစိမ်ပြီးမှ ၁ရက်(သို့) ၂ရက်၊စာပါးစပ်ပြုချိန်အထိ မျိုးအုပ်ပါ.
  • မျိုးစေ့မချမီ ၂-၃ ရက်အလိုတွင် ပျိုးဘောင်ပြင်ဆင်ပါ။
  • တစ်ဧကစိုက်ခင်းအတွက် မျိုးစေ့ ၁တင်းခွဲနှင့် ပျိုးဘောင်ဧရိယာ ၀.၁၅ ဧကအတွက် ၁၅ ပတ်လည်(N 15:P2O5 15: K2O 15) ကွန်ပေါင်းမြေသြဇာ ၂ ပြည်နို့ဆီဗူး ၅ ဘူးညီညာစွာထည့်ပါ။
  • အညှောင့်ဖောက်ထားသောမျိုးစေ့များအား ပျိုးဘောင်ပေါ်သို့ ညီညာစွာ (၃ ပေပတ်လည် ပျိုးဘောင်ပေါ်တွင် မျိုးစေ့ နို့ဆီဘူး ၊၁ဘူးခွဲနှုန်း)ကြဲပက်ပြီး မြေဆွေး/နွားချေးဆွေး/စပါးခွံဖွဲပြာခပ်ပါးပါးဖုံးအုပ်ပါ။
  • ပျိုးဘောင်ကိုအမြဲံစိုအောင် ရေထိန်းထားပါ။ပျိုးကြဲပြီး ၂-၃ ရက်မှစ၍ ပျိုးပင်သက်တမ်းတစ် လျှောက် အပင်အမြင့်ပေါ်မူတည်၍ ရေခပ်ပါးပါးထား၍ ရေသွင်းရေထုတ် ပြုလုပ်ပါ။ဆားငံရေ မဟုတ်သော ရေချိုသွင်းပေးရန် ဖြစ်ပါသည်။
  • လိုအပ်ပါက ပိုးမွှား၊ရောဂါကို စနစ်တကျ ကာကွယ်နှိမ်နှင်းပါ။
  • ပျိုးမနုတ်မီ ၇-၁၀ ရက်ခန့်အလိုတွင် ပျိုးဘောင်ဧရိယာ ၀.၁၅ ဧကအတွက် ယူရီးယားဓာတ် မြေသြဇာ ၂ ပြည်နို့ဆီဘူး ၂ ဘူးနှင့် ဇီဖာ ၁.၅ ကီလိုဂရမ် ရေဖျော်လောင်း (သို့)ကြဲပတ်ကျွေးပါ။
  • ရွှေ့ပြောင်းမစိုက်မီ ပျိုးဘောင်ကို ပေါင်းကင်းစင်အောင်ဆောင်ရွက်ပါ။
  • ပျိုးနုတ်ခါနီးအချိန်တွင် ရေသွင်းပေးခြင်းဖြင့် ပျိုးနုတ်ရလွယ်ကူစေပြီး ပျိုးပင်များ ဒဏ်ရာရမှု သက်သာစေပါသည်။
  • ပျိုးနုတ်ရာတွင် အမြစ်များမပြတ်ရန် သတိထားရမည်။ ဒဏ်ရာရသော အမြစ်များမှတစ်ဆင့် စပါးပင်အတွင်းသို့ ဆားရည် အလွယ်တကူ စုပ်ယူဝင်ရောက်စေနိုင်သောကြောင့် ဖြစ်ပါသည်။

၃။စိုက်ခင်းမြေပြင်ခြင်း။

  • စပါးပြောင်းရွှေ့မစိုက်မီ ၁ လခန့် ကြိုတင်၍ မြေပြင်ပါ။
  • အစိုဓာတ်အလုံအလောက်ရရှိချိန်တွင် စိုက်ပျိုးထားရှိသော တစ်လ(သို့)တစ်လခွဲ ရက်သားရှိ သစ်စိမ်း မြေသြဇာပင်များကို ထယ် အနက် (၆”-၈”)ထိုး၍ မြေမြုပ်ပစ်ပါ။
  • ထယ်ထိုးပြီး တစ်ပတ်အကြာတွင် ထွန် ၂ စပ်မွှေပါ။
  • ပထမအကြိမ် ထွန်မွှေပြီး တစ်ပတ်အကြာတွင် ဒုတိယအကြိမ် ထွန် ၂စပ်မွှေပါ။
  • ဒုတိယအကြိမ်ထွန်မွှေပြီး တစ်ပတ်ခန့်အကြာတွင် တတိယအကြိမ် ထွန် ၂စပ်မွှေပါ။
  • ထွန်မွှေပြီး မိုးရွာချိန်ကိုစောင့်၍ ဆားငံရေအား ထုတ်ပစ်ပါ။
  • စိုက်ခင်းရှိ သမန်းမြေအား သမန်းငြိမ်အောင် ပြုလုပ်ပြီးမှ ရေချိုသွင်း၍ ဆားငံဓာတ်လျှော့ချပါ။
  • သမန်းမျက်နှာပြင်ညီအောင်ကြမ်းတုံးရိုက်ပါ။

Source by – လယ်/ဆည်

 

The post ⁠မြစ်ဝကျွန်း⁠ပေါ်⁠နှင့် ကမ်းရိုးတန်း⁠ဒေသများရှိ ဆားငံ⁠ရေဝင်လယ်များအတွက် သင့်⁠လျော်⁠သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ အပိုင်း – (၁) appeared first on Myanmar Farmers' Portal.


⁠မြစ်ဝကျွန်း⁠ပေါ်⁠နှင့် ကမ်းရိုးတန်း⁠ဒေသများရှိ ဆားငံ⁠ရေဝင်လယ်များအတွက် သင့်⁠လျော်⁠သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ

$
0
0

၎။စိုက်စနစ်

(က)ရွှေ့ပြောင်းစိုက်ပျိုးခြင်း

  •  ရေငံဒဏ်ခံနိုင်ရန် ၃၀-၄၀ ရက်သားပျိုးပင်များကို အသုံးပြုပါ။
  •  ပျိုးနုတ်ပြီး တစ်ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးပါ။
  •  ကောက်ကွက် ၁ ကွက်လျှင် ပျိုးပင်လက်ဆ ၂-၃ ပင် သုံး၍ သမန်းအတွင်းသို့ ၁-၁.၅လက်မထက် ပိုမနက်စေပဲ စိုက်ပျိုးပါ။
  •  ပင်ပွားအထွက်နည်းခြင်းမှကာမိစေရန် တန်းကြားပင်ကြားကို ၆ လက်မ× ၆လက်မ (သို့) ၈လက်မ×၆ လက်မ ထား၍ အတန်းလိုက် စိုက်ပါ။စိုက်ပြီးတစ်ပတ်အတွင်း ကောက်ပင်ဖာပါ။

(ခ)အစိုသမန်းပြင်တွင် တိုက်ရိုက်အစေ့ချခြင်း

  •  ကောင်းမွန်သော မျိုးသန့်မျိုးစေ့ကို အသုံးပြုရန် မျိုးစေ့နှုန်းထား ဒေသမျိုးများအတွက် တစ်ဧကလျှင်၁တင်းနှုန်းနှင့် အထွက်ကောင်း မျိုးများအတွက် ၂ တင်းနှုန်းအသုံးပြုပါ။
  •   ကြဲပက်စိုက်ပျိုးရာတွင် မျိုးစေ့အား ၂၄ နာရီ ရေစိမ်၍ မျိုးညှောင့် ထွက်အောင် ၄၈ မှ ၇၂နာရီ မျိုးအုပ်ပါ။
  •   သမန်းကောင်းအောင်ပြုပြင်ပြီး ရေထုတ်ပြီးစ (သို့)ရေစပ်စပ် အခြေအနေတွင် ကြဲပက်ပါ။
  •  ဒေသအလိုက် စပါးပန်းပွင့်ချိန်၊အနှံတည်ချိန်နှင့် ဆားငံတက်ချိန်လွတ်အောင် ချိန်ကိုက် စိုက်ပျိုးပါ။
  •  မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးရာတွင် သမန်းပြင် ညီညာအောင်ပြုလုပ်ပါ။စာပါးစပ်ပြူ မျိုးစေ့များကိုအသုံးပြု၍တစ်ဧကလျှင် မျိုးစေ့တစ်တင်းနှုန်းအသုံးပြု၍မျိုးစေ့ချကိရိယာကိုချိန်ညှိစိုက်ပျိုးပါ။

၅။မြေသြဇာကျွေးခြင်း

  • သီးနှံအကြွင်းအကျန်များ၊ ကောက်ရိုး ၊ ပဲရိုး ၊စပါးခွံများနှင့် နွားချေးကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် အသုံးပြုပါ။
  • သွပ်ဓာတ် (ဇင့်)ချို့တဲ့ပါက ဇီဖာကို တစ်ဧကလျှင် ၄-၆ ကီလိုဂရမ်အသုံးပြုပါ။

၆။ရေသွင်းရေထုတ် ပြုလုပ်ခြင်း

  • တာရိုး၊တမံနှင့် ရေသွင်းရေထုတ် ရေတံခါးများကို လယ်တစ်ကွင်း တစ်စပ်အတွင်းရှိ တောင်သူများ အားလုံး ပူးပေါင်းပြုလုပ်ပါ။
  • ရေသွင်းရေထုတ် တံခါးများသည် ဆားရေဝင်ရောက်မှုမှ ကာကွယ်ရန် ဆားငံသည့်အချိန် ဒီရေ တက်လျှင်ပိတ်ပါ။
  • ဆားငံရေမဝင်နိုင်ရန် ရေတားဘောင်များပြုလုပ်ပါ။
  • ရေသွင်းရေထုတ်လွယ်ကူစေရန် လယ်ကြားမြောင်းများပြုလုပ်ပါ။
  • စိုက်ကွင်းရှိ ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင် ကိုညီအောင်ညှိပါ။
  • ကန်သင်းများကို ခိုင်ခန့်အောင်ပြုလုပ်ပြီး ကြွက်တွင်းများ မရှိစေရန်နှင့် ကန်သင်းရေလုံအောင်ဂရု စိုက်ပါ။
  • ကန်သင်းတိုင်းတွင် ရေသွင်း၊ရေထုတ်ပေါက်နှင့် ရေလျှံပေါက် ပြုလုပ်ထားပါ။ရေလျှံပေါက်သည် ထားလိုသောရေအနက် အလိုက် လုပ်ရမည်။
  • မိုးရေကို စိုက်ကွင်းအတွင်း သိုလှောင်ထားပြီးနောက် မိုးရွာပါက ပြန်ထုတ်ပေးခြင်းဖြင့် လယ်ကွင်း အတွင်းမှ ဆားများကိုဆေးချပါ။
  • မရိတ်မီ ၂ ပတ်အလိုတွင်ရေဖောက်ထုတ်ပါ။

၇။ ပေါင်းမြက်ကာကွယ်နှိမ်နှင်းခြင်း

  • မြေကိုပေါင်း ကင်းစင်အောင် ထယ်ထိုးထွန်ယက်ပါ၊ ပထမအကြိမ် နှင့် ဒုတိယအကြိမ် မြေပြင်ချိန်အတွင်း ပေါင်းမြက်များ စုံလင်အောင် ပေါက်ပါစေ။ မြေကို ၇ – ၁၀ ရက် ခြား၍ ထယ်ထိုးထွန်မွှေပါ။
  • ရွှေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။
  • စပါးပင်သက်တမ်းအစောပိုင်းတွင် စိုက်ကွင်းအတွင်း ရေထားရှိခြင်းနှင့် ကောက်ကွက်စိပ်စိပ်စိုက် ခြင်းသည် ပေါင်းပင်ကျရောက်မှုကို သက်သာစေပါသည်။
  • အတန်းလိုက်စိုက်ပါက ရေထုတ်ပြီး သမန်းနိုး ကိရိယာဖြင့်ကြားပေါင်းလိုက်ပါ။
  • ပေါင်းနှိမ်နှင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀-၄၅ ရက်မတိုင်မီ အပြီးဆောင်ရွက်ပါ။
  • တိုက်ရိုက်အစေ့ချစနစ်ကို အသုံးပြုပြီး ပေါင်းမြင်ဆိုးရွားစွာ ကျရောက်လေ့ရှိပါက ကျရောက်သော ပေါင်းအမျိုး အစားပေါ်မူတည် ၍မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းတွင် ပါဝင်သော ညွှန်ကြားချက်များနှင့် ထောက်ခံနှုန်းထားအတိုင်း စနစ်တကျအသုံးပြုပါ။
  • ဥပမာ၊         အဓိကကျရောက်သော ပေါင်းအမျိုးအစားသည် မြက်နှင့် မြက်မုံညင်းမျိုးရင်းများဖြစ်ပါက အောက်ဖော်ပြပါ ပေါင်းသတ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။

 ၈။ပိုးမွှားရောဂါနှိမ်နှင်းခြင်း

  • ပိုးမွှားရောဂါ ကျရောက်ဖျုက်စီးမှု ရှိ၊မရှိကို အမြဲမပြတ် ကွင်းဆင်း၊ကင်းထောက်၊စစ်ဆေးပြီး ပိုး သတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။
  • စပါးပင်ဖြစ်ထွန်းမှုအစောပိုင်းကာလ (၃၀-၄၀)ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ပျက်စီးမှုဖြစ်ပေါ်ပါကစပါးပင်မှ အစားထိုး ပြန်လည်ရှင်သန်နိုင်ပါသည်။
  • ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင်များနှင့် ပင်ကြွင်း၊ပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။
  • ကြွက်ကြောင့် သီးနှံလေလွင့် ဆုံးရှုံးမှုလျော့နည်းစေရန်

(က) ပတ်ဝန်းကျင် သီးနှံခင်းများနှင့် စိုက်ချိန်/ရိတ်ချိန်ညီအောင်ဆောင်ရွက်ပါ။

(ခ)စိုက်ခင်းနှင့် ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်ကင်းစင်အောင်ရှင်းလင်းပါ။

(ဂ) ကြွက်ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို သားမပေါက်ခင်အချိန်တွင် လက်ဦးမှုရယူ နှိမ်နင်းနိုင် ရန်အတွက် စစိုက်ချိန်တွင် တစ်ကြိမ် သီးနှံမပေါ်ခင်တွင် တစ်ကြိမ် မဖြစ်မနေ ဆောင်ရွက်သင့်ပါသည်။

(ဃ) ကြွက်ထောင်ချောက်ထောင်ခြင်း၊ကြွက်ကျင်းများ တူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအား လူအင်အားဖြင့် ခြောက်လှန့် ဖမ်းဆီး ခြင်း၊ကြွက်ကာပစ္စည်းများအသုံးပြုခြင်း၊ထောင်ချောက်သီးနှံဖြင့် ကြွက်ကာကွယ်နှိမ်နင်းခြင်း(TrapBarrier System)၊ကြွက်တို့၏ သားရဲ ကောင်များ မွေးမြူခြင်း၊ကြွက်မု ဆိုးများ၏အကူအညီရယူ၍ မွေးမြူခြင်း၊ကြွက်မုဆိုးများ၏ အကူအညီရယူ၍ ကြွက်ဖမ်းခြင်း၊ကြွက်ဆေး ချခြင်းလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်းဆောင်ရွက်သင့်ပါသည်။

၉။ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန်နည်းစနစ်များ

  • မောင်းညိုချိန် (စပါးအနှံ၏ ၈၀-၈၅ % ရင့်မည့်ချိန်)တွင် ရိတ်သိမ်းပြီး ချက်ခြင်းခြွေလှေ့ပါ။
  • ၂-၃ ရက်ကအနေဖြင့် အခြောက်လှန်းပါ။လိုအပ်ပါက အခြောက်ခံကိရိယာ အသုံးပြုပြီး အပူချိန်ကို ၄၃ ဒီဂရီ စင်တီဂရိတ်ခန့် ထား၍ အခြောက်ခံပါ။
  • ကွန်ကရစ်တလင်း(သို့) မိုးကာခင်းတွင် နေလှန်းပါက အထူ ၂ လက်မထက်မပိုပဲ ခပ်ပါးပါးလှန်းပါ။ ခြောက်သွေ့မှုညီညာစေရန် နာရီဝက်ခြား တစ်ကြိမ်အထက်အောက်လှန်ပေးပါ။
  • မြင့်မားသော အပူချိန် (၅၄.၄ ဒီဂရီစင်တီဂရိတ်နှင့် အထက်)တွင် အခြောက်မခံသင့်ပါ။
  • စပါးစေ့အစိုဓာတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိတ်ခွဲစားသုံးမည့်စပါးအတွက် ၁၄% ထားရှိ ရန်လိုအပ်ပါသည်။
  • မျိုးစေ့များကို သန့်စင်ပြီး လေလုံစွာ ပိတ်ထားနိုင်သော ပုံး၊ပေပါ ၊အိတ် စသည့်ပစ္စည်းများ (ဥပမာ ဟာမက်တစ် အိတ်)ထဲသို့ ထည့်သွင်းပါ။
  • ထို့နောက် လေဝင်လေထွက်ကောင်းပြီး ပိုးမွှား၊ကြွက်၊ဌက်တို့မှ ကာကွယ်ထားသော သိုလှောင်ရုံ အတွင်း စနစ်တကျ သိုလှောင်ပါ။
  • စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သောစပါးစေ့များကို ချက်ချင်းသန့်စင် ဖယ်ရှားပါ။
  • သိုလှောင်ရုံကိုခြောက်သွေ့သန့်ရှင်းအောင်ထားပါ။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post ⁠မြစ်ဝကျွန်း⁠ပေါ်⁠နှင့် ကမ်းရိုးတန်း⁠ဒေသများရှိ ဆားငံ⁠ရေဝင်လယ်များအတွက် သင့်⁠လျော်⁠သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ appeared first on Myanmar Farmers' Portal.

ပဲ⁠တောင့်ထိုးပိုးကာကွယ်နည်းအေ⁠ကြာင်း

$
0
0

Pod Borer

Maruca testulalis (Geyer)

Lepidoptera: Pyralidae

လက်ခံပင်သီးနှံများ

ကုလားပဲမှ လွဲ၍ ပဲမျိုးစုံတွင် ကျရောက်ဖျက်ဆီးသည်။

ဖျက်ဆီးပုံလက္ခဏာ

အရွက်၊ အဖူး၊ အပွင့် တို့ကို လောက်ကောင်၏ ပါးစပ်မှထုတ်သော ချည်မျှင်ဖြင့် လုံးထွေးလျက် စားသောက်ဖျက်ဆီးသည်။ ပိုးပေါက်ဖြစ် နေသောချည်မျှင်ဖြင့် ချည်မျှင်ဖြင့် လုံးထွေးလျက် စားသောက်ဖျက်ဆီးသည်။ ပိုးပေါက်ဖြစ်နေသောအသီးထောင့်ကို ခွဲကြည့်ပါက ပဲစေ့ကို စားသောက်နေသော ပိုးလောက်ကောင်ကို တွေ့ရှိရပါသည်။ ယင်းအပေါက်၏ ဘေးပတ်လည်တွင် ပိုးလောက်ကောင် စွန့်ပစ်ထားသော ပိုးချေးများကို တွေ့နိုင်ပါသည်။

ဘ၀စက်ဝန်း

ဖလံ၏ ရှေ့အတောင်သည် အညိုရောင်ရှိ၍ အဖြူကွက်များရှိသည်။ နောက်အတောင်မှာ မီးခိုးဖျော့ရောင်ရှိ၍ အနားစွန်းတွင် အညိုကွက် များရှိသည်။ ဖလံမသည် ဥများကို အစုလိုက် အညွန့်၊ အဖူး၊ အပွင့်၊ အသီးတောင့် များပေါ်၌ အုချသည်။ ဖလံမသည် ဥပေါင်း (၂၀၀) မှ (၁၀၀၀) ခန့်အထိ အုနိုင်သည်။ ဥများသည် လုံးရှည်ပုံ အ၀ါရောင်ရှိ၍ ပေါက်ခါနီး၌ အညိုရောင်သို့ပြောင်းသွားသည်။

ပိုးလောက်ကောင်သည် အစိမ်းဖျော့ရောင်ရှိ၍ ကိုယ်ခန္တာကျောဘက်ပေါ်၌ အနက်စက်များပါရှိသည်။ ပိုးလောက်ကောင် ဘ၀တွင် အဆင့် (၅) ဆင့် ရှိသည်။ ရုပ်ဖုံးဘ၀ကို ချည်မျှင်များနှင့် လုံးထွေးနေသော အညွန့်၊ အဖူး၊ အပွင့်များထဲ၌ဖြစ်စေ၊ အသီးထောင့်အတွင်း၌ ဖြစ်စေ ပြုလုပ်သည်။ တစ်ခါတစ်ရံမြေကြီး နှင့်ကပ်လျက်ရှိသော အပင်ခြေအစိတ်အပိုင်းများ၌လည်း ရုပ်ဖုံးပြုလုပ်သည်။ ဖလံများသည် နေ့အချိန် ၌ စိုက်ခင်းအတွင်း ပျံသန်းနေသည်ကို တွေ့နိုင်သည်။ ဥဘ၀မှ ဖလံသက်တမ်းကုန်ဆုံးသည်အထိ (၄-၅) ပတ်ခန့် ကြာသည်။ ဥဘ၀တွင် (၃)ရက်၊ ပိုးလောက်ကောင် ဘ၀တွင် (၂) ပတ် ရုပ်ဖုံးဘ၀တွင် (၁) ပတ် ၊အကောင်ကြီး ဖလံဘ၀တွင် (၁) ပတ် ကြာသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ပိုးချည်နှင့် လုံးထွေးနေသော အပင်အစိတ်အပိုင်းများနှင့် အပေါက်တွေ့ရှိရသော အသီးတောင့်များကို ခူးယူဖျက်ဆီးပါ။

(၂) အညွန့်၊ အဖူးဝင်ချိန်ကတည်းက ထိသေ၊ စားသေ (သို့) ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းပါ။

(၃) အသီးတောင့်များ စားသုံးချိန်နီးအရွယ်တွင်ဓာတုပိုးသတ်ဆေး မပက်ဖျန်းရ။ တမာပိုးသတ်ဆေးသုံးစွဲပါ။

စိုက်ပျိုးရေးဦးစီးဌာန

The post ပဲ⁠တောင့်ထိုးပိုးကာကွယ်နည်းအေ⁠ကြာင်း appeared first on Myanmar Farmers' Portal.

အ⁠စေ့ထုတ်ေ⁠ပြာင်း အထွက်တိုး⁠ရေး⁠နှင့် အရည်အ⁠သွေး⁠ကောင်းမွန်⁠ရေး အတွက် ⁠ဆောင်ရွက်သင့်သည့်အချက်များ

$
0
0

– ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းစပ်မျိုး ပြောင်းမျိုးများ ရွေးချယ်စိုက်ပျိုးပါ။မစိုက်ပျိုးမီ အပင် ပေါက်ရာခိုင်နှုန်း စစ်ဆေးပါ။

– မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ထွန်ရေးညက်ညက် ရရှိအောင်ဆောင်ရွက်ပါ။

– တစ်ဧက အပင်ဦးရေ ၂၃၀၀၀ မှ ၂၅၀၀၀ ထိရရှိ အောင် တန်းကြား ၃၀ လက်မ ၊ပင်ကြား ၉ လက်မဖြင့် တစ်ကျင်းတွင် ၂ စေ့ – ၃စေ့ စိုက်ပါ၊အပင်ပေါက်ညီညာစေရန် မျိုးစေ့ကို (၂)လက်မ ၊(၂)လက်မခွဲ အ နက်တွင် တညီတည်းစိုက်၍ကြမ်းဖြင့်ဖုံးပေးပါ။

– အပင်ပေါက်စုံပြီးနောက် (၁၄)ရက်သား အတွင်းတစ်ကျင်းလျှင် တစ်ပင် ချန်၍ အပင်ခွဲပါ။

– စိုက်ကွင်းအတွင်း ရေမဝပ်စေရန် စီစဉ်ဆောင်ရွက်ပါ။အထူးသဖြင့် စိုက်ပျိုးပြီးသည်မှ တစ်လအတွင်း ရေမဝပ်စေရန်နှင့် ပေါင်းမြက်များ ကင်းစင်အောင်ဆောင်ရွက်ပါ။

– မြေပြင်ချိန်တွင် သဘာဝမြေသြဇာကို ရနိုင်သမျှ ထည့်သွင်းပါ။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန

The post အ⁠စေ့ထုတ်ေ⁠ပြာင်း အထွက်တိုး⁠ရေး⁠နှင့် အရည်အ⁠သွေး⁠ကောင်းမွန်⁠ရေး အတွက် ⁠ဆောင်ရွက်သင့်သည့်အချက်များ appeared first on Myanmar Farmers' Portal.

ကုလားပဲသီး⁠နှံတွင် ကျ⁠ရောက်တတ်⁠သော ပင်ညှိုး⁠ရောဂါ၊ ⁠မြစ်ေ⁠ခြာက်⁠ဆွေး ⁠ရောဂါ၊ ပင်ေ⁠ခြပုပ်⁠ရောဂါ ⁠နှင့် ပင်ပု⁠ရောဂါ

$
0
0

ကုလားပဲသီးနှံရောဂါများ

ပင်ညှိုးရောဂါ

ရောဂါအမည် – Wilt

ရောဂါဖြစ်စေသက်ရှိ – Fusarium oxysporum f.sp.ciceri

ရောဂါလက္ခဏာ

ရောဂါခံနိုင်ရည်နည်းသော မျိုးများတွင် စိုက်ပြီး (၂၅) ရက်အကြာ၌ ရောဂါစတွေ့နိုင်သည်။အပင်ငယ်စဉ်တွင် ပင်ညှိုးပင်သေတို့အား အခြားမြစ်ပုပ်၊ မြစ်ဆွေးရောဂါများနှင့် ရောနိုင်၍သေချာစွာစစ်ဆေးကြည့်ရန် လိုအပ်ပါသည်။ အပင်ငယ်စဉ်တွင်ရောဂါရ အပင်သည် အရွက်များအောက်သို့ငိုက်ကျခြင်း၊ အစိမ်းရောင်ဖျော့ခြင်း မြေကြီးပေါ်သို့ လဲကျနေခြင်းများတွေ့ရှိနိုင်သည်။ လဲကျနေသောအပင်၏ ပင်စည်သည် သိမ်ပြီးရှုံ့နေသည်။ အမြစ်ပိုင်း၏ ပြင်ပလက္ခဏာသည် ထူးခြားပြောင်းလဲမှုမရှိပါ။ အမြစ်၏အတွင်းသား ခွဲကြည့်လျှင် အညိုရောင် ပြောင်းနေသည်ကို တွေ့ရပါသည်။အပင်ကြီးအဆင့်တွင် အသီးသီးချိန်အထိ ပင်ညှိုးခြင်းကိုတွေ့နိုင်သည်။ပထမ အညွှန့် အရွက်များ ငိုက်ကျလာပြီး (၂-၃)ရက်အတွင်း တစ်ပင်လုံးညိုးလာသည်ကို တွေ့နိုင်ပါသည်။ဤအပင် များသည် တဖြည်းဖြည်း အစိမ်း ရောင်ဖျော့လာပြီးနောက် ကောက်ရိုးရောင်သို့ပြောင်းလာသည်။ပင်စည်ကို ခွဲကြည့်လျှင် အူတိုင်သည် အနက်ရောင်သို့ ပြောင်းနေသည်ကို တွေ့နိုင်ပါသည်။တစ်ခါတစ်ရံ တစ်ပင်လုံး ညိုးခြင်းမရှိဘဲ ပင်ကိုင်းတစ်ခု သို့မဟုတ် အချို့သာ ညိုးသည်ကို တွေ့နိုင်သည်။

 ရောဂါသံသရာ

ဤပင်ညိုးရောဂါသည် အေးသောရာသီဥတု (၂၀ – ၂၅) ဒီဂရီစင်တီဂရိတ်ကို ကြိုက်နှစ်သက်ပါသည်။ရောဂါ ဖြစ်စေ သောမှိုသည် ရောဂါရ ပင်ကြွင်းပင်ကျန်များ မျိုးစေ့များတွင် ခိုအောင်း နေနိုင်ပါသည်။ ယင်းရောဂါရ အပင်အစိတ်အပိုင်းများ မျိုးစေ့များသည် အခြား ရောဂါကင်းသောမြေတွင် ကျရောက်သွားပါက ထိုမြေတွင် နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်ပါသည်။

ဤရောဂါဖြစ်စေသောမှိုသည် မြေစေးမြေများတွင် ကြာရှည်စွာ တည်ရှိနေနိုင်ပါသည်။ဤနည်းဖြင့် တစ်နေရာမှ တစ်နေရာသို့ ရောဂါကူးစက်မှု အဓိကဖြစ်စေပါသည်။ ထို့အပြင် ပဲရာဇာ၊ပဲစင်းငုံနှင့် အခြားပဲမျိုးအချို့တို့သည် ရောဂါဖြစ်မှိုကို လက္ခဏာမဲ့ သယ် ဆောင်နိုင်စွမ်းရှိကြသည်။

ကာကွယ်နှိမ်နင်းနည်းများ

(၁) အမျိုးအစားကောင်းသော ရောဂါကင်းမျိုးစေ့ကို သုံးပါ။မျိုးစေ့ဆောင်ရောဂါအတွက် Benomyl (၂)ကျပ် သားကို မျိုးစေ့ (၁)တင်းနှုန်း ဖြင့် လူးနယ်စိုက်နိုင်ပါသည်။

(၂)ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပါ။

(၃) သီးလှည့်စနစ်ဖြင့် အနည်းဆုံး (၆) နှစ်ခြား၍စိုက်ပါ။

(၄) Tebuconazole,Hexaconazole,Iprodione,Carbendazim,Validamycin စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင် ပါသည်။

ကုလားပဲ မြစ်ခြောက်ဆွေး ရောဂါ

Category: နည်းပညာ

Subcategory: ပိုးမွှားရောဂါ

မြစ်ခြောက်ဆွေးရောဂါ (Dry Root Rot)

၁။ ရောဂါလက္ခဏာ

ရောဂါဖြစ်စေသက်ရှိမှာ Rhizoctonia bataticola ကြောင့် ဖြစ်ပါသည်။ ကုလားပဲ စိုက်ခင်းများတွင် အပင်သေများသည် နေရာအနှံ့တွင် ပြန့်ကျဲ၍ တွေ့ရှိနိုင်သည်။ ရောဂါဖြစ်သော အပင်သည် ထိပ်ဖျားညှိုးကျသည် မှအပ အခြားအရွက်များ ညှိုးကျခြင်းမရှိပါ။ အရွက်များနှင့် ပင်စည်များသည် တစ်ဖြည်းဖြည်း ကောက်ရိုးရောင်သို့ ပြောင်းသွားသည်။ တစ်ခါတစ်ရံ အောက်ပိုင်းရွက် များသည် အညိုရောင်ရှိတတ် သည်။

အပင်ကို နှုတ်ကြည့်ပါက မြစ်မွှာများ ပြတ်ကျန်ခဲ့ပြီး ရေသောက်မြစ် တစ်ခုတည်းလောက်သာ တွေ့ရတက်သည်။ အမြစ်မှာခြောက်နေပြီး အမြစ်ပေါ်တွင် မီးခိုးရောင်မှိုမျှင်ကို တွေ့နိုင်သည်။ သေနေသောအမြစ်၏ အဖျားပိုင်းကို ချိုးကြည့်ပါက ကျွတ်ဆက်သည်ကိုတွေ့ရသည်။ အခေါက်၏ အတွင်းဘက်တွင် လည်းကောင်း၊ အသားထဲတွင်လည်းကောင်း၊ သေးငယ်သော အနက်လုံးငယ် (စကလိုရှား) ကလေးများ မှန်ဘီလူးအကူအညီဖြင့် တွေ့နိုင်ပါသည်။

၂။ ရောဂါသံသရာ

ဤရောဂါသည် အပူချိန် ၂၀ ဒီဂရီမှ ၃၀ ဒီဂရီစင်တီဂရိတ်ကျော်အတွင်း အဖြစ်များပြီး ဤအပူချိန်အတွင်း ရောဂါရုတ်တရက် ဆိုးရွားလာနိုင် ပါသည်။ ဤရောဂါသည် သဲနုံးမြေတွင် မြေစေးထက် ပိုမိုဖြစ်ပွားနိုင်ပါသည်။

၃။ ကာကွယ်နိုမ်နင်းနည်းများ

(၁) ရောဂါခံနိုင်သော မျိုးကိုသုံးပါ။

(၂) ပူသောရာသီလွတ်ရန် စိုက်ချိန်စောစိုက်ပါ။

(၃) Iprodione, Azoxystrobin, Benomyl, Carbendazim, Mancozeb စသော မှိုသတ်ဆေးတစ်မျိုးဖြင့် ပတ်ဖျန်းနိုင်ပါသည်။

ပင်ခြေပုပ်ရောဂါ

ရောဂါအမည် – Collar Rot

ရောဂါဖြစ်စေသက်ရှိ – Sclerotium rolfsii

ရောဂါလက္ခဏာ

ဤရောဂါကို အပင်ငယ်စဉ်တွင် (စိုက်ပြီး ၆ ပတ်အထိ) အစိုဓာတ်များသော မြေတွင် တွေ့ရှိရသည်။ ရောဂါဖြစ်သော အပင်မှာ အ၀ါ ရောင်ရှိပြီး အပင်ငယ်ပါက မြေပေါ်သို့ လဲကျပြီး အပင်ကြီးပါက အပင်ထောင်လျက် ခြောက်နေသည်ကို တွေ့ရသည်။ အပင်ငယ်၌ ပင်ခြေမှစ၍ အမြစ်အောက်ဘက်သို့ ဆက်၍ ပုပ်သည်။ ပုပ်သော အပိုင်းတွင် အဖြူရောင်မှိုမျှင်များဖြင့် ဖုံးအုပ်နေသည်ကို တွေ့ရတတ် သည်။ ထိုကဲ့သို့ အဖြူရောင်မှိုမျှင်များသည် အပင်ခြောက်ပြီး နောက်ပိုင်းအထိရှိနေသည်။ အစိုဓါတ်များသောမြေတွင် ရောဂါရအပင်ကို နှုတ်ကြည့်ပါက အပင်ခြေတွင် မှိုမျှင်ဖြူများနှင့်အတူ မုန်ညင်းစေ့ကဲ့သို့သော (စကလိုရှား) အလုံးငယ်များ ကို တွေ့နိုင်သည်။ ထိုနည်းတူ မြေကြီးထဲတွင်လည်း တွေ့နိုင်ပါသည်။ စိုက်ခင်းထဲတွင် အပင်သေများသည် အကွက်ငယ်များ အဖြစ် ပြန့်ကြဲအခြေအနေမျိုး တွေ့နိုင် ပါသည်။

ရောဂါ သံသရာ

မြေတွင်းအစိုဓါတ်များခြင်း၊ မဆွေးမြေ့သေးသော အပင်ကြွင်းကျန်များရှိနေခြင်း၊ မြေချဉ်ငန်ဓါတ်နိမ့်ခြင်း၊ အပူချိန် (၂၈ – ၃၀) ဒီဂရီစင်တီ ဂရိတ်ရှိခြင်းတို့သည် ဤရောဂါဖြစ်ပွားရန် အကောင်းဆုံးအခြေအနေဖြစ်ပါသည်။ အပူချိန်မြင့်သော ဒေသတွင် ရေသွင်းစိုက်ပျိုးရသော ကုလားပဲခင်း၌ အပင်အရွယ်မရွေး ဤရောဂါဖြစ်ပေါ်နိုင်ပါသည်။ စပါးအပြီး ကုလားပဲသီးထပ်စိုက်ပျိုးသောဒေသတွင် ဤရောဂါပိုမိုတွေ့ရှိနိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ရောဂါရ ပင်ကြွင်း ပင်ကျန်များအား ဖျက်ဆီးပစ်ပါ။

(၂) မြေအစိုဓါတ်များမှု မဖြစ်စေရန် ထိန်းသိမ်းပါ။

(၃) Azoxystrobin, Tebuconazole, Benomyl Carbendazim, Validamycin စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင်ပါသည်။

ပင်ပုရောဂါ

ရောဂါအမည်  – Stunt

ရောဂါဖြစ်စေသက်ရှိ    – Pea Leaf Roll Virus

ရောဂါလက္ခဏာ

စိုက်ခင်းတွင် အပင်ပုပြီး အ၀ါရောင်၊ အညိုရောင်အရွက်များရှိသော အပင်များကို လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။ ပင်စည်သည် ဆစ် ကြားတို၍ ပုပြီး အရွက်များသည် သေးငယ်ကြသည်။ ရောဂါရ အပင်၏အရွက်သည် အစေ့ညိုသော မျိုး (ဒေစီ) ၌ အညိုရောင်ရှိပြီး အစေ့ဖြူမျိုး (ကာဘော်လီ) များတွင် အ၀ါရောင်ရှိကြသည်။ ပင်စည်သည် မာတောင့်ပြီး အရွက်များထူကြသည်။ ပင်စည်ကို ကန့်လန့်ဖြတ်ကြည့်ပါက အစာကြောစည်း ညိုနေသည့် အ၀ိုင်းရစ်ကို တွေ့ရသည်။ ရောဂါရအပင်သည် အပင်ခြောက်မြန်သည်။ စောစောရောဂါရသော အပင်သည် ရောဂါလက္ခဏာ ထင်ရှားစွာ တွေ့ရသော်လည်း နောက်ကျ၍ ရောဂါရသော အပင်သည် သိသိသာသာ အပင်ပုခြင်းမရှိပါ။ သို့သော် အစာကြောစည်းညိုသည်ကိုမူ ထင်ရှားစွာ တွေ့နိုင်သည်။

ရောဂါသံသရာ

ဤရောဂါသယ်ဆောင်သော ပိုးမှ ပျပိုး (Aphis-craccivora) ဖြစ်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

(၁) ရောဂါသယ်ဆောင်ပိုးအား အပင်ငယ်စဉ်အတွင်း နှိမ်နင်းပါ။

(၂) ရောဂါ ခံနိုင်ရည်ရှိသော မျိုးကို စိုက်ပါ။

စိုက်ပျိုးရေးဦးစီးဌာန

The post ကုလားပဲသီး⁠နှံတွင် ကျ⁠ရောက်တတ်⁠သော ပင်ညှိုး⁠ရောဂါ၊ ⁠မြစ်ေ⁠ခြာက်⁠ဆွေး ⁠ရောဂါ၊ ပင်ေ⁠ခြပုပ်⁠ရောဂါ ⁠နှင့် ပင်ပု⁠ရောဂါ appeared first on Myanmar Farmers' Portal.

အ⁠စေ့ထုတ်ေ⁠ပြာင်း စိုက်ပျိုးရာတွင် ဓာတ်ေ⁠မြ⁠သြဇာထည့်သွင်းရမည့်⁠နှုန်ထားများ

$
0
0
  • မြေပြင်ချိန်တွင် တစ်ဧကလျှင် ယူရီးယားတစ်အိတ် (၅၆)ပေါင်၊တီစူပါတစ်အိတ် (၁၁၂)ပေါင် ၊ပိုတက်ရှ် အိတ်ဝက် (၅၆) ပေါင်နှုန်း တို့ကို ညီညာစွာ ကြဲပက်ထည့်သွင်းပါ။
  • ၂၀ – ၂၁ ရက်သားတွင် တစ်ဧကလျှင် ယူရီးယားအိတ်ဝက် (၅၆)ပေါင်၊ပိုတက်ရှ် (၁/၄)အိတ် (၂၈) ပေါင် နှုန်းထည့်၍ ငါးသွား သံထွန် (သို့)ထွန်တိုဖြင့်ကြားလိုက်ပါ။ *
  • ၃၅ – ၄၀ ရက်သားတွင် တစ်ဧကလျှင် ယူရီးယားအိတ်ဝက် (၅၆)ပေါင် ၊ပိုတက်ရှ် (၁/၄)အိတ် (၂၈) ပေါင်နှုန်းထည့်၍ ဘောင် တင်ပေးပါ။
  • ဓာတ်မြေသြဇာထည့်သွင်းသည့် အကြိမ်တိုင်းတွင် ဓာတ်မြေသြဇာကို နွားချေးသို့မဟုတ် သဘာဝမြေ သြဇာဖြင့် (၁း၃) ရောစပ် ၍ထည့်သွင်းပေးပါ။
  • ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ နို့ရည် တည်ချိန်တို့တွင် အစိုဓာတ်လုံလောက်ရန် လိုအပ်ပါသည်။လိုအပ်လျှင် စိုက်ခင်း အတွင်း ရေမဝပ်စေဘဲ ရေသွင်းပေးရမည်။ စိုက်ပျိုးချိန်တွင်လည်းကောင်း၊ အဖူးနို့ရည်တည်ချိန် တွင်လည်းကောင်း၊ကြွက်ဝမ်းပူများ ဖျက်စီးတတ်သော ကြောင့် စိုက်ခင်းပတ်ဝန်းကျင် ကြွက်အောင်းနိုင် သော နေရာများအားရှင်းလင်းပေးရန်နှင့် စိုက်ခင်းပတ်လည် ကြွက်ဆေးချပေးပါ။
  • ပြောင်းဖူးများ အခွံဖတ်အဝါရောင် သန်းစပြုပြီးပြောင်းဖူးစေ့အညှာကို လက်သည်းဖြင့် ခြစ်ကြည့်ပါက အမဲရောင်အမှတ် (Black Layer) တွေ့ရှိချိန်တွင် ရင့်မှည့်ပြီဖြစ်၍ စနစ်တကျ ဖက်ခွာ၍ ပြောင်းဖူးများကို အခြောက်လှန်းပါ။ရိတ်သိမ်းချိန်တွင် မိုးရွာသွန်း၍ စိုစွတ်နေပါက အပေါ်ယံဖက်များကို စုစည်းချည် နှောင် သိမ်းစည်းထားပြီး အခြောက်ခံပါ။
  • ပြောင်းဖူးများခြောက်သွေ့ချိန် အစေ့တွင်းအစိုဓာတ် ၁၅% ခန့်ရှိချိန်တွင် ချွေပေးရပါမည်။ချွေပြီးအစေ့ များကို မြေကြီးနှင့်တိုက်ရိုက်မထိစေဘဲဖျာ၊မိုးကာတို့ပေါ်တွင် ခပ်ပါးပါးဖြန့်၍ နေပူပူတွင် အခြောက်ခံပါ။ အခြောက်ခံပြီး အစေ့များအား ပြာတီးသန့်စင်ပြီး အစေ့တွင်းအစိုဓာတ် ၁၂% တွင်လေလုံအိတ် သို့မဟုတ် လေလုံပုံများတွင် ထည့်၍ သိုလှောင်ရပါမည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန

The post အ⁠စေ့ထုတ်ေ⁠ပြာင်း စိုက်ပျိုးရာတွင် ဓာတ်ေ⁠မြ⁠သြဇာထည့်သွင်းရမည့်⁠နှုန်ထားများ appeared first on Myanmar Farmers' Portal.

စပါးလင်ဆီ⁠မွှေးစိုက်ပျိုး⁠ပြုစုနည်း

$
0
0

စပါးလင်ဆီမွှေး

(CITRONELLA)

မြန်မာအမည်           – စပါးလင်ဆီမွှေးပင်

တရုတ်အမည်           – ရှမ်းမောင်

အင်္ဂလိပ်အမည်          – CITRONELLA

ရုက္ခဗေဒအမည်         -1. Cymbopogon nar  dus rendle

                                    2.C.waterianus jowidd

မျိုးရင်း                      – Gramineae

အပင်ပုံသဏ္ဍာန်နှင့်သဘာဝ

သက်ကယ်ပင်နှင့်သဏ္ဍာန်တူသည်။ရန်ကုန်တိုင်းအတွင်း အလေ့ကျ ပေါက်သည့် ဂျပန်မြက် (မြက်ယား) မျိုးနှင့် ပိုမိုတူသည်။ သို့သော် စပါးလင်ကဲ့သို့ မွှေးသည့် ရနံ့မရှိ၊စပါးလင်ဆီမွှေးရုံတစ်ရုံသည် (၄-၆)ပေအထိ မြင့်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် မြေပြန့်မှ အမြင့်ပေ (၂၀၀၀)အထိ ဖြစ်ထွန်းနိုင်သည်။

မျိုးကွဲများ

စပါးလင်(ဟင်းစား) (Cymbopogon citratus)နှင့်စပါးလင် ဆီမွှေးဟု ကွဲပြားသည်။စပါးလင်ဆီမွှေးတွင်လည်း ဆီပါဝင်မှုနှုန်းအရ အမျိုး အစားခွဲခြားကြသည်။

မြေအမျိုးအစား

ဆပ်ပြာပေါက်သော မြေမှတပါး ရေလွယ်ကူသော မည်သည့် မြေမျိုး၌မဆို ဖြစ်ထွန်းနိုင်သည်။မိုးများသည့် ဒေသရှိ ဂဝံမြေနှင့် ဂဝံအောက် ခံမြေမျိုးများ၌ ကောင်းစွာဖြစ်ထွန်းနိုင်သည်။

ရာသီဥတု

ပူနွေးသောရာသီရှိ၍ ရေလွယ်ကူသော မိုးများသည့် ဒေသများတွင် စိုက်ပျိုးကြသည်။မိုးရာသီ၌ စိုက်ပျိုးလေ့ရှိ ကြသည်။

မျိုးပွားနည်း

အပင်ကြီး အမြစ်အုံမှ အဆစ်ပါသည့် ပင်တက်ကိုဖဲ့၍ တိုက်ရိုက်စိုက်ပျိုးကြသည်။

စိုက်ပျိုးချိန်

မိုးဦးကျ ကဆုန်၊နယုန်(မေ၊ဇွန်)လ မြေအစိုဓါတ် လုံလောက်အောင် မိုးရွာပြီးပါက စတင်စိုက်ပျိုးကြသည်။ ရေသွင်းနိုင်ပါက တစ်နှစ်ပတ် လုံးစိုက်ပျိုးနိုင်သည်။

ပေါင်းသတ်ဆေးသုံးစွဲနည်း

Round –up (Glyphosade)ပေါင်းသတ်ဆေးကို မစိုက်မီ (၁၅)ရက် ကြိုတင်၍ ရေတစ်ဂါလံ၌ (၅၀ -၇၅) စီစီ/ဗစ်ပရုတ်ဆီဗူး (၁ ၁/၂- ၂ ၁/၂ )ဘူး နှုန်းဖျော်စပ်ပြီး ၊တစ်ဧကလျှင်ဆေး (၂)လီတာ /ပလပ်စတစ်ရေသန့်ဘူး (၂)ဘူးခန့်ကို စိုက်ပျိုးမည့်မြေပေါ်ရှိ ပေါင်းမြက်များအား ပက်ဖျန်းထားပါ။ ဆေးဖျန်းပြီးနောက် အနည်းဆုံးနေသာချိန် (၄)နာရီခန့်ရှိရပါမည်။

မြေပြုပြင်နည်း

ပေါင်းသတ်ဆေးသုံးထားသည့် ဧရိယာအတွင်း၌ ရေသွင်း(သို့) မိုးရွာပြီး အစိုဓါတ်လုံလောက်ပါက မြေကိုစတင် ပြုပြင်နိုင်သည်။ အနည်း ဆုံး ထယ် (၁)စပ်၊ ထွန် (၂)စပ်၊ ထွန်ယက်ပြီးပါက လက်ဖြင့် (သို့)  မြက်ကောက်ထွန် ထယ်ကိရိယာဖြင့်  မြက်ခေါင်းများ ကုန်စင်အောင် ကောက်ရမည်။ မြေပြင်ချိန် မြက်ခေါင်းများ ကုန်စင်ပါက ပြုစု စရိတ်သက်သာစေသည်။ မြေပြုပြင်စဉ် ထည့်သွင်းမည့် မြေခံမြေသြဇာအချိုး ကို တစ်ချိန်တည်း  အသုံးပြုရမည်။ မြက်ခေါင်းကုန်စင်လျှင် (၃)ပေ အကျယ် မြွေရိုးဘောင်များကို ဘောင်ဖော်ကိရိယာဖြင့် (သို့) ပေါက်ပြား ဖြင့် စိုက်ဘောင်များဖော်ပြရမည်။ စိုက်ဘောင်အမြင့်မှာ ကုန်းကျပါက (၆)လက်မ နှင့် မြေနိမ့်ပါက (၁)ပေ အမြင့်ရှိရမည်။

စိုက်ပျိုးခြင်းနှင့်တစ်ဧကပင်ရေ

မြေအစိုဓါတ် လုံလောက်ချိန်တွင် လတ်ဆတ်သောစပါးလင်ဆီမွှေး သားတက်များကို စိုက်ဘောင်ထိပ်၌  စပါးလင်ဆီမွှေး တစ်ပင်နှင့် တစ်ပင် (၁)ပေခွာ၍ အောက်ခြေအဆစ်များ မြုပ်သည်အထိ စိုက်ရမည်။ ပင်ခြေ၌ ကြပ်သိပ်အောင် ဖိနှိပ်ပါ။အရွက်ဖုံးအောက် (၁) လက်မ ခန့်ထိ မြေမြုပ်လျှင် မိုးများချိန်၌ မြေအောက် အဆစ်များ ပုပ်ရိနိုင်သည်။

ပင်ကြား၊တန်းကြား (၃-၁)ပေဖြင့် တစ်ဧကပင်ရေ (၁၄၅၂၀)ပင်လိုအပ်သည်။

စိုက်ခင်းပြုစုနည်း

သားတက်များစိုက်ပျိုးပြီး ၊နောက်တစ်လအတွင်း ပင်ခြေပေါင်းများကို နိုင်နှင်းအောင် နှိမ်နှင်းခြင်း၊ယိုင်လဲသော ပျိုးပင်များအား တည့်မတ် ပေးခြင်း၊ မြေဆွပေါင်းသင်ခြင်း၊ ရွက်ဖျန်းမြေသြဇာဖျန်းခြင်းနှင့် ပေါင်းကင်းစင်ပါက ဘိုင်အိုကွန်ဘိုဇာကဲ့သို့ စက်ရုံထုတ်မြေသြဇာများကို (၄၅)ရက်သားလျှင် တစ်ကြိမ်ကျွေးမွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်။

မြေသြဇာကျွေးနည်း

မြေပြုပြင်ချိန်၌ ထည့်သွင်းရမည့် အချိုးဖြစ်သော ထုံး၊ဘိုင်အိုကွန်ပိုဇာ နှင့်အားဖြည့်မြေသြဇာများကို တစ်ပြိုင် တည်းကျွေးပါ။ စိုက်ခင်း ပေါင်းနုတ်ပြီး ၊မြေမဆွမီ ဘိုင်အိုကွန်ပိုဇာနှင့် အားဖြည့်မြေသြဇာများကို အနည်းငယ်စီ အကြိမ်များများကျွေးပေးပြီးမှ မြေဆွပြီးရေသွင်း ပါ။ဇီဝစူပါနှင့် အသင့်သုံး အီးအမ်များကို အပင်ကြီးထွားမှုလျင် မြန်စေရန် တစ်လတစ်ကြိမ် ပက်ဖျန်းပေးရမည်။

  • တစ်ဧကအတွက် မြေသြဇာနှုန်းထားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) ထုံး (၁၀ ပိဿာ ဝင်အိတ်)                          – ၁၅ အိတ်

(ခ) ယူရီးယား (၁၁၂ ပေါင် ဝင်အိတ်)                    -၁.၅ အိတ်

(ဂ)တီစူပါ (၁၁၂ ပေါင်ဝင်အိတ်)                          – ၁အိတ်

(ဃ)ပိုတက် (၁၁၂ ပေါင်ဝင်အိတ်)                        – ၁.၅ အိတ်

(င) ဘိုင်အိုကွန်ပိုဇာ (၁၅ ပိဿာဝင်အိတ်)              -၂ အိတ်

(စ) အားဖြည့်မြေသြဇာ (၁၅ ပိဿာဝင်အိတ်)           – ၂ အိတ်

(ဆ) ဇီဝစူပါ ရွက်ဖျန်းမြေသြဇာ (၀.၅) လီတာပုလင်း   – ၅ ပုလင်း

(ဇ) အသင့်သုံးအီးအမ် (၁) လီတာပုလင်း                 – ၁၀ ပုလင်း

ရေပေးသွင်းနည်း

ရက်ရှည်ကြာ ရေဝပ်ခြင်းကို မကြိုက်ပါ။သို့သော် ပင်ခြေမြေကြီး အမြဲတန်းစိုစွတ်သည်ကို နှစ်သက်သည်။ ရေပေးသွင်းနိုင်ပါက စိုက်ခင်း မြေ၌ အစိုဓါတ်မပြတ်ရှိစေရပါမည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းနည်း

ပိုးမွှားနှင့်ရောဂါကျရောက်မှု နည်းပါးပါသည်။

ရိတ်သိမ်းနည်း

တစ်နှစ်လျှင် (၄) လတစ်ကြိမ် (၃) ကြိမ်  ရိတ်သိမ်းနိုင်ပါသည်။အရွက်စိုများကို မြေပြင်နှင့်ကပ်၍ တံစဉ်ဖြင့် ရိတ်သိမ်းပြီး ၊စပါးကဲ့သို့  စည်းနှောင်တင်ပို့နိုင်ပါသည်။

စက်ရုံသို့ပို့ရမည့်ကာလ

ရိတ်သိမ်းပြီး စပါးလင်ရွက်စိုများကို စက်ရုံသို့ နေ့ချင်းပို့ပါက ဆီထွက်နှုန်းကို ပိုကောင်းစေပါသည်။

တစ်ဧကအထွက်နှုန်း

တစ်ဧကလျှင် တစ်နှစ်စပါးလင်ဆီမွှေးရွက်စို (၁၀)တန်၊

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

 

The post စပါးလင်ဆီ⁠မွှေးစိုက်ပျိုး⁠ပြုစုနည်း appeared first on Myanmar Farmers' Portal.

သီးနှံမျိုးစေ့ သန့်စင်ခြင်း

$
0
0

လယ်ယာထွက်ကုန်သီးနှံများ အရည်အသွေး အဆင့်အတန်းမြင့်မားလာစေရေးအတွက် သန့်စင်ခြင်း

ရည်ရွယ်ချက်

သီးနှံမျိုးစေ့များအား သန့်စင်ရခြင်း၏ ရည်ရွယ်ချက်မှာ –

လယ်ယာထွက်ကုန် သီးနှံများ၏ အရည်အသွေးအဆင့်အတန်း ပိုမိုတိုးတက် ကောင်းမွန်လာစေရန်။

စိုက်ပျိုးထွက်ရှိသော သီးနှံများ၏ ဈေးနှုန်းမြင့်မားစွာ ရရှိစေရန်။

သန့်စင်ပြီး မျိုးကောင်းမျိုးသန့်များကို သုံးစွဲခြင်းဖြင့် တစ်ဧက အထွက်နှုန်း တိုးတက်လာစေရန်။

မျိုစေ့သန့်စင်ခြင်း ဆောင်ရွက်ပုံ အဆင့်ဆင့်

(၁) အကြိုသန့်စင်ခြင်း

(၂) ဆန်ခါဖြင့်အကြီးအသေးခွဲခြားခြင်း

(၃) အကျိုးအကျေနှင့် ပေါင်းမက်စေ့များ ဖယ်ရှားခြင်း

(၄) အောင်မြင်သော အစေ့နှင့် မအောင်မြင်သော အစေ့ ခွဲခြားပေးခြင်း

(၅) ဆေးဖြင့် လူးနယ်ပေးခြင်း

(၆) ချိန်ချုပ်ခြင်း

(၇) မျိုစေ့ထောက်ခံချက်ပေးခြင်း

သန့်စင်ပေးနိုင်သောသီးနှံမျိုးစေ့များ

(၁) စပါးသီးနှံ                                                                    (၄)ဂျုံ

(၂)ပဲမျိုးစုံ                                                                           (၅)နှမ်း

(၃)အစေ့ထုတ်ပြောင်းနှင့် နှံစားပြောင်း                             (၆)မြေပဲ

သီးနှံမျိုးစေ့များ မသန့်စင်မီနှင့် သန့်စင်ပြီးအခြေအနေ

သီးနှံမျိုးစေ့များကို သန့်စင်ခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူး များကို ရရှိမည်ဖြစ်ပါသည်။

စဉ်                       အကြောင်းအရာ                         မသန့်စင်မီ                    သန့်စင်ပြီး

၁                        သန့်စင်မှုရာခိုင်နှုန်း                      ၉၂.၆၄                          ၉၉.၆၀

၂                        အပင်ပေါက်ရာခိုင်နှုန်း                   ၈၄.၀၀                          ၉၂.၀၀

၃                        အဖျင်း၊အမှော်၊ဖုန်၊                       ၇.၃၆                               ၀.၄၀

                          သဲ၊ခဲ ပါဝင်မှုရာခိုင်နှုန်း

Source by – လယ်/ဆည်

 

The post သီးနှံမျိုးစေ့ သန့်စင်ခြင်း appeared first on Myanmar Farmers' Portal.


ေ⁠မြပဲစိုက်ပျိုးချိန် ⁠နှင့် ရာသီဥတု

$
0
0

ရာသီဥတု

မြေပဲသည် အပူလျော့ပိုင်း (Subtropical) သီးနှံဖြစ်၍ နေရောင်ခြည်နှင့် အပူချိန်အလုံအလောက်ရှိပါက   ကောင်းစွာဖြစ်ထွန်းသည်။ မြေပဲ အဓိကဖြစ်ထွန်းနိုင်သော ဒေသမှာ တောင်လတ္တီတွဒ် (၃၅) ဒီဂရီနှင့် မြောက်လတ္တီတွဒ် (၄၀ံ) ကြားဖြစ်သော်လည်း ပူပျင်းသောနွေ ရာသီရှိသည့် အာရှတိုက်အလယ်ပိုင်းနှင့် မြောက်အမေရှိကတိုက်တို့တွင် မြောက်လတ္တီတွဒ်(၄၅ံ) အထိ စိုက်ပျိုးနိုင်သည်။ အခြားသော ဆီထွက် သီးနှံများနည်းတူ ရာသီဥတု အခြေအနေ အမျိုးမျိုးနှင့် သဟဇာတ ဖြစ်နိုင်သည်။

မြေပဲသည် အခြေခံအားဖြင့် လေးတာတုန့်ပြန်မှု မရှိသည့်တိုင်အောင် နေ့တာတိုခြင်း၏ အကျိုးသက်ရောက်မှု အနည်းငယ်ရှိသည်။ အပင် ၏ အစပိုင်းကြီးထွားချိန်နှင့် ပန်းပွင့်ချိန်များတွင် အလင်းအားနည်းက ထိခိုက်စေသည်။ပန်းပွင့်ချိန်တွင် မိုးအုံ့ပါက အသီးတင်မှုကို လျော့နည်းစေသည်။ မြေပဲသည် အမြင့်ပေ (၁၂၅၀) မီတာအောက်တွင် ကောင်းစွာဖြစ်ထွန်းသည်။ ၄င်းထက်မြင့်သော ကုန်းမြင့် ဒေသများ တွင် ဖြစ်ထွန်းသော မြေပဲမျိုးများကိုလည်း တွေ့ရသည်။ ယေဘုယျအားဖြင့် ပင်ထောင်မျိုးများသည် ရာသီဥတု ပြောင်းလဲမှု ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်မှုရှိနိုင်သော်လည်း ပင်ပြန့်မျိုးများတွင် ထိခိုက်မှု နည်းပါးသည်။

မြေပဲသီးနှံသည် အပင်ပေါက်ချိန်မှ ရိတ်သိမ်းချိန်အထိ အနည်းဆုံး (၁၂၀)ရက် လိုအပ်သည်။ မြေပဲသည် အပင်ဖြစ်ပြီဆိုလျင် ရေငတ်ဒဏ် ကို အတော်အသင့် ခံနိုင်ရည်ရှိသည်။ ၀ါသီးနှံထက် ရေငတ်ခံနိုင်သော်လည်း နှံစားပြောင်းလောက်တော့  မခံနိုင်ချေ။ ရေမြန်မြန် ထွက် သွားနိုင်ပြီဆိုလျင် တစ်ပတ်ကြာလောက်  ရေ၀ပ်ခြင်းကိုလည်း ခံနိုင်သည်။ စီးပွားဖြစ် မြေပဲစိုက်ပျိုးရန် မိုးရေချိန် (၅၀၀) မှ (၁၀၀၀) မီလီမီတာ လိုအပ်သည်။ သို့ရာတွင် မိုးရေချိန် (၃၀၀) မှ (၄၀၀) မီလီမီတာအထိ နည်းသော်လည်း စိုက်ပျိုး၍ ရနိုင်သည်။ မိုးများလျင် အပင် ပိုင်းကြီးထွားမှု လွန်ကဲပြီး အစေ့ထွက်များမည်မဟုတ်ပေ။ (၁၂၀) ရက်သားတွင် ရင့်မှည့်သော မြေပဲသာ မြေပဲအတွက် စိုက်ပျိုးပြီး (၆၀) မှ (၈၀) ရက်အတွင်း ရက် (၂၀) ကာလသည် အရေးကြီးဆုံးဖြစ်သည်။ အသင့်တော်ဆုံး အပူချိန်မှာ (၂၅ံ မှ ၃၀ံ) စင်တီဂရိတ် ဖြစ်သည်။ (၂၀ံ) စင်တီဂရိတ်အောက်တွင် ကြီးထွားမှုရပ်တန့်ပြီး (၃၅ံ) စင်တီဂရိတ်ထက်ပိုလျင် ပန်းပွင့်ခြင်းကို ထိခိုက်သည်။

မြေအမျိုးအစား

မြေပဲအတွက် အကောင်းဆုံးမြေမှာ ရေစီးရေလာကောင်းသော အရောင်နုသော၊ မြေသားဖွယ်၍ ပွရွသော၊   ကယ်လ်စီယမ် အလုံ အလောက်နှင့် အော်ဂဲနစ်ပစ္စည်း အသင့်အတင့်ပါသော သဲနုန်းမြေ ဖြစ်သည်။ သဲမြေနှင့် နှုန်းမြေများသည် မြေစေးထက်အမြစ်နှင့် အစွယ် များ ပိုမိုထိုးဖောက်နိုင်ပြီး ရေစိမ့်ဝင်နိုင်မှု ကောင်းသည်။ မြန်မာနိုင်ငံတွင် မြေပဲကို လူလုပ်အားနှင့် အဓိကစိုက်သဖြင့် ရွံစေးဆန် သော မြေ သည် မြေပဲနုတ်ရာတွင် လေလွင့်ဆုံးရှုံးမှုများစေသောကြောင့် မသေပေ။မြေပဲသည် အနည်းငယ်အချဉ်ဓာတ် (မြေချဉ်ငံဓာတ် ၆.၀ မှ ၆.၅) ရှိသော မြေများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ မြေချဉ်ငံဓာတ် ၅.၅  မှ ၇.၀ သည်လည်းလက်ခံနိုင်ဖွယ်ဖြစ်သည်။

ပင်ပြန့်ဒေသမျိုးများသည် စိုက်ရာဒေသရှိမြေချဉ်ငံဓာတ်နှင့် ပိုမိုကိုက်ညီမှုရှိသည်။  မြေပဲသည် အနည်းငယ် အချဉ်ဓာတ် (မြေချဉ်ငံဓာတ် ၆.၀ မှ ၆.၅) ရှိသော မြေများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ (မြေချဉ်ငံဓာတ် ၅.၅ မှ ၇.၀)သည်လည်း လက်ခံနိုင်ဖွယ် ဖြစ်သည်။ ပင်ပြန့်ဒေသများသည် စိုက်ရာဒေသရှိ မြေချဉ်ငံဓာတ် နှင့် ပိုမိုကိုက်ညီမှုရှိသည်။ မြေချဉ်ငံဓာတ် (၅.၀)အထိလည်း ခံနိုင်ရည်ရှိသည်။ မြေပဲသည် ဆားငံဓာတ်ခံနိုင်ရည်နည်းသောကြောင့် ဆားငံမြေများနှင့် မသင့်လျော်ပါ။

စိုက်ပျိုးချိန်

မြေပဲသည် အခြားဆီထွက်သီးနှံများထက် အစေ့ပိုကြီးမားသောကြောင့် အပင်ပေါက်ရန် အစိုဓါတ် ပိုမိုလိုအပ်သည်။သာမန်အားဖြင့် မြေပဲစိုက်ရာသီ (၂) ခု ရှိသည်။

မိုးမြေပဲ

မိုးမြေပဲသည် မြေပဲစုစုပေါင်း စိုက်ဧရိယာ၏ (၄၃) ရာခိုင်နှုန်းရှိပြီး မေ၊ ဇွန်လများတွင် စိုက်ပျိုး၍ သြဂုတ်နှင့် စက်တင်ဘာလများတွင် ရိတ်သိမ်းသည်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် ရှမ်းပြည်နယ်တို့သည် မိုးမြေပဲ အဓိက စိုက်ပျိုးသော နေရာများဖြစ်သည်။

ဆောင်းမြေပဲ

ဆောင်းမြေပဲကို မြန်မာနိုင်ငံအထက်ပိုင်း၌ စက်တင်ဘာလတွင် နှမ်းအပြီး နောက်သီးနှံအဖြစ် စိုက်ပျိုးသည်။ နုန်းတင်မြေနုများတွင် အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပါက အကောင်းဆုံးဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းတွင် မြေပဲကို စပါးအပြီး စိုက်ပျိုးသည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The postေ⁠မြပဲစိုက်ပျိုးချိန် ⁠နှင့် ရာသီဥတု appeared first on Myanmar Farmers' Portal.

စပါးသီး⁠နှံစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်အလိုက် ⁠ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

$
0
0

ပျိုးသက်နုစိုက်ပျိုးနည်းစနစ်

  • တစ်ဧက မျိုးစပါး နို့ဆီဗူး (၁၀) ဗူးသာအသုံးပြုပါ။
  • ပင်ကြားတန်းကြား(၁၀” ­x ၁၀”) ပတ်လည်စိုက်ပျိုးပါ။
  • ၈ – ၁၂ ရက်သားပျိုးပင်ကို တစ်ပင်ချင်း စိုက်ပျိုးပါ။
  • သဘာဝမြေသြဇာ (နွားချေးဆွေး)ကို လှည်း (၁၀- ၁၅) စီးထည့်ပါ။
  • ရေသွင်း ရေစမ်းစနစ်ကို အသုံးပြုပါ။
  • သမန်းနိုးကိရိယာဖြင့် (၁၀) ရက်ခြားတစ်ကြိမ် ၊(၃)ကြိမ်ပြုလုပ်ပါ။
  • သဘာဝနည်းဖြင့်ဖော်စပ်သော ပိုးသတ်ဆေးများကို အသုံးပြုပါ။
  • မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက်အသုံးပြု၍ ရိတ်သိမ်းပါ။

ဘောင်ပျိုးစိုက်ပျိုးနည်းစနစ်

  • တစ်ဧက မျိုးစပါး (၆-၈ )ပြည်အသုံးပြုပါ။
  • ပင်ကြားတန်းကြား (၈” x ၆” ) စိုက်ပျိုးပါ။
  • ၂၀ ရက်သားပျိုးဖြင့် ကောက်ချက်တစ်ချက်တွင် (၁ – ၂)မြုံ စိုက်ပျိုးပါ။
  • နွားချေး ဆွေးလှည်း (၅-၁၀)စီးနှင့် ပုလဲ(၁.၅)အိတ်၊တီစူပါအိတ်ဝက်၊ပိုတက် ၁/၄ အိတ် ၊ကွန်ပေါင်း ၁ အိတ်ကို တစ်ဧကစာ အသုံးပြုပါ။
  • ရေသွင်းရေစမ်းစနစ်ကျင့်သုံးပါ။
  • သမန်းနိုးကိရိယာဖြင့် (၁၀)ရက်ခြားတစ်ကြိမ် ၊(၃)ကြိမ်ပြုလုပ်ပါ။
  • ဘက်စုံပိုးမွှားရောဂါကာကွယ်နည်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
  • မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက် အသုံးပြုရိတ်သိမ်းပါ။

တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းစနစ်

  • တစ်ဧက မျိုးစပါး(၁.၅)တင်းနှုန်း အသုံးပြုပါ။
  • စပါးမျိုးစေ့ စာပါးစပ်ပြုသည်ထိသာ မျိုးညှောင့်ဖောက်ပါ။
  • ၈” အတန်းလိုက် မျိုးစေ့ချကိရိယာဖြင့် ဆွဲ၍စိုက်ပျိုးပါ။
  • တစ်ဧက အပင်ဦးရေ (၁၁)သိန်းခန့် ဝင်ဆန့်အောင်စိုက်ပျိုးပါ။
  • နွားချေးဆွေးလှည်း (၅)စီးနှင့် ပုလဲ(၁.၅)အိတ် ၊တီစူပါအိတ်ဝက်၊ပိုတက်(၁/၄)အိတ် ၊ကွန်ပေါင်း (၁)အိတ်ကို တစ်ဧကစာ အသုံးပြု ပါ။
  • ရေသွင်းရေစမ်းစနစ်ကျင့်သုံးပါ။
  • သမန်းနိုးကိရိယာဖြင့် (၁၀)ရက်ခြားတစ်ကြိမ် (၃)ကြိမ်ပြုလုပ်ပါ။
  • ဘက်စုံပိုးမွှားရောဂါကာကွယ်နည်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
  • မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက် အသုံးပြုရိတ်သိမ်းပါ။

ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးနည်းစနစ်

  • တစ်ဧကမျိုးစပါး(၁.၅ တင်း မှ ၂တင်း)အသုံးပြုပါ။
  • စပါးမျိုးစေ့ စာပါးစပ်ပြုသည်ထိသာ မျိုးညှောင့်ဖောက်ပါ။
  • သမန်းညီညာစွာပြုလုပ်၍ အသုံးပြုမည့် မျိုးစပါးအား ညီညာစွာကြဲပါ။
  • တစ်ဧက အပင်ဦးရေ (၁၁ သိန်းမှ ၁၅ သိန်း)ဝင်ဆန့်အောင်ကြဲပါ။
  • နွားချေးဆွေး (၅)စီးနှင့် ပုလဲတစ်အိတ်၊တီစူပါအိတ်ဝက်၊ ပိုတက် ၁/၄ အိတ်ကို တစ်ဧကစာအသုံးပြုပါ။
  • လက်ပေါင်းလိုက်ခြင်း သို့မဟုတ် ပေါင်းသတ်ဆေး အသုံးပြုပါ။
  • ဘက်စုံပိုးမွှားရောဂါကာကွယ်နည်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
  • မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက် အသုံးပြုရိတ်သိမ်းပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန

 

The post စပါးသီး⁠နှံစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်အလိုက် ⁠ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ appeared first on Myanmar Farmers' Portal.

တောင်စောင်းစိုက်ပျိုးနည်းစနစ်

$
0
0

တောင်စောင်းစိုက်ပျိုးနည်းစနစ်သည် မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်ပေးနိုင်သည့်အပြင် ၀င်ငွေတိုးစေနိုင်သော နည်းစနစ်ဖြစ်ပါသည်။

အဆင့် (၁) “အေ” ပုံဘောင်ပြုလုပ်ပါ။

  • (၉) ပေ အရှည်သစ်သားနှစ်ချောင်းကို (၀.၅) ပေ ချန်၍ အပေါက်ဖောက်ကာ မူလီတိုင်နှင့် ဆွဲပါ။
  • သစ်သားနှစ်ချောင်း၏ အခြေကို (၇.၅) ပေ ခွာထားပြီး (၂) ပေ အကွာမှ (၈)ပေ အရှည် သစ်သားချောင်းနှင့် ကန့်လန့်ဖြတ် မူလီ ဆွဲထားပါ။
  • အပေါ်ဆုံးထိပ်မူလီ၌ သံတစ်ချောင်းရိုက်၍ ချိန်သီးကိုချည်ပါ။

အဆင့် (၂) ကွန်တိုလိုင်းများ နေရာချထားပါ။

  • “အေ” ဘောင်ကို တစ်ဦးမှ ရွှေ့ပြီး ကျန်တစ်ဦးမှ ငုတ်တိုင်စိုက်၍ မှတ်သားကာ ကွန်တိုလိုင်းများကို ရှာရမည်။
  • “အေ” ဘောင်ကို မြေကြီးပေါ်ချပြီး နောက်ခြေထောက်ကို အသေထားကာ ရှေ့ခြေထောက်ကို ရွှေ့ရင်း လက်သမားရေချိန်ညီသည့် နေရာတွင် ငုတ်တိုင်စိုက်ပါ။

အဆင့် (၃) ကွန်တိုအလိုက် ထွန်ယက်စိုက်ပျိုးပါ။

  • ကွန်တိုလိုင်းအလိုက် (၃)ပေခန့် ရှိစိုက်ဘောင်ရရှိရန် ထယ်ထိုး ပြင်ဆင်ပါ။
  • ဘောင်ပေါ်တွင် (၁.၅)ပေ အကွာအဝေး ထား၍ စိုက်မြောင်း (၂) မြောင်း ဖေါ်ပါ။

အဆင့် (၄) ပဲမျိုးရင်းဝင် အပင်များကို စိုက်ပျိုးပါ။

  • အဆင့် (၃) တွင် ပြင်ထားခဲ့သော စိုက်ဘောင်ပေါ်တွင် ပဲမျိုးရင်းဝင် အပင်များဖြစ်သော (ပဲစဉ်းငုံ၊ ဘောစကိုင်း) စသည့် အပင်များ၏ မျိုးစေ့ကို ထူထူချပါ။
  • ထို့နောက် မြေဖြင့်ပါးပါးဖုံးပေးပါ။

အဆင့် (၅) သီးနှံများ တစ်လှည့်စီ စိုက်ပျိုးပါ။

  • မြေဆီလွှာ ပြုန်းတီးခြင်းကို ကာကွယ်ရန် ခြံစည်းရိုးအပင်များ မကြီးထွားခင် သီးနှံစိုက်ပျိုးလျှင် ကွန်တို လိုင်း တစ်လိုင်းကျော် ဘောင် (၄၊ ၆၊ ၈) သာ စိုက်ပျိုးသင့်သည်။
  • နိုက်ထရိုဖမ်းယူနိုင်သော အပင်များ ကောင်းစွာကြီးထွားလာလျှင် ဘောင်တိုင်းတွင် သီးနှံစိုက်ပျိုးခြင်းကို လုပ်ဆောင်နိုင်သည်။

အဆင့် (၆) နှစ်ရှည်ပင်များကို စိုက်ပါ။

  • နှစ်ရှည်ပင်များကို (၃) ဘောင်မြောက်လျှင် တစ်ဘောင်ကျ နိုက်ထရိုဂျင်ဖမ်းယူနိုင်သော အပင်များနှင့် တစ်ချိန်တည်း စိုက်နိုင်သည်။
  • တောင်ခြေတွင် အပင်မြင့်မျိုးကို စိုက်၍ တောင်ထိပ်တွင် အပင်ပုမျိုးကို စိုက်ပါ။

အဆင့် (၇) သက်တမ်းတို/လတ် အပင်များကို ဘောင်တိုင်းတွင် သီးသန့်/ ရော၍ စိုက်ပျိုးပါ။

  • သစ်တော်
  • စပါး
  • ငှက်ပျော

အဆင့် (၈) ခြံစည်းရိုးပင်များကို ပုံမှန်ဖြတ်ပါ။

  • အမြင့် (၁.၅) ပေ မှ (၃) ပေ ခန့်ချန်၍ ကိုင်းဖြတ်ပါ။
  • ဖြတ်စများကို သီးနှံပင်ခြေများ၌ စုပုံ၍ ဆွေးမြေ့စေရမည်။

အဆင့် (၉) ရာသီသီးနှံစိုက်ဘောင်များတွင် ပဲမျိုးရင်းဝင် သီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။

  • နှံစား/ အခြားသီးနှံ
  • ပဲမျိုးရင်းဝင်သီးနှံ

အဆင့် (၁၀) အစိမ်းရောင်လှေခါးထစ်များပြုလုပ်ပါ။

  • ကွန်တိုမျဉ်းအလိုက် နှစ်ထပ်ထူထပ်စွာ စိုက်ပျိုးထားသော ခြံစည်းရိုးပင် (နိုက်ထရိုဂျင်) ဖမ်းယူပေးသော အပင်ကြီးအတန်းများကြား တွင် အခြားဘောင်မှ ကောက်ရိုး၊ မြက်ခြောက်များ၊ ကျောက်တုံး နှင့် ကျောက်ခဲများကို စုပုံပေးပါ။

Source by – စိုက်ပျိုးရေးဦးစီးဌာန

The post တောင်စောင်းစိုက်ပျိုးနည်းစနစ် appeared first on Myanmar Farmers' Portal.

ခရမ်းချဉ် စိုက်ပျိုးနည်း

$
0
0

မူရင်းဒေသ

အောင်အမေရိကတိုက်၊ ပီရူးနိုင်ငံ

အမျိုးအစား

ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖိုချောင်သုံး Table type , Cherry type နှင့် processing type ဟူ၍ ခွဲခြားစိုက်ပျိုးလေ့ရှိပါသည်။ အရိုင်းမျိုးမှာ အချဉ်ဓာတ်ပါဝင်မှု မြင့်မားပြီး အသီးအရွယ်အစားသေးခြင်း၊ အခွံပါးခြင်းနှင့် အစေ့ပါဝင်မှုများပြားခြင်း ရာသီဥတုဒဏ်( အပူချိန်မြင့်မားမှု) ကို ပိုမိုခံနိုင်ရည်ရှိခြင်း ရောဂါဒဏ်ခံနိုင်မှုရှိခြင်းကြောင့် မျိုးစပ်ခြင်းလုပ်ငန်းတွင် များစွာအသုံးဝင်ပါသည်။

မီဖိုးချောင်သုံးနှင့် Table Type ခရမ်းချဉ်သီးများမှာ အလုံးအရွယ်အစားအသင့်အတင့်မှ ကြီးမားပြီး အစေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ်အေးသော ဒေသများတွင် ပို၍ စိုက်ပျိုးဖြစ်ထွန်းမှု အားကောင်းပါသည်။

Cherry tomato ခရမ်းချဉ်သီးတွင် အချိုဓါတ်ပါဝင်မှု မြင့်မားပါသည်။ စက်ရုံးသုံးခရမ်းချဉ်သီးမျိုးမှာ အခွံထူ အနှစ်များပြီး အသီးရင့်မှည့်ချိန် ညီညာမှုရှီသည့်အတွက် စက်ဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ပါသည်။

အပင်ပုံသဏ္ဍန်

(က) တိုင်ထောင်မျိုး(Indeterminate)

အပင်ကြီးထွားပုံမှာ အဖျားတွင် အညွန့်နှင့် အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ်(၂) ဆစ်မှ အထက်ရှိသည်။   ပြုစုစောင့်ရှောက်မှုကောင်းပါက တစ်နှစ်ခံပြင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်၊ တန်းပစ်၊ ကြိုးချည်၊ အတက်ဖဲ့ခြင်း လုပ်ငန်းများ မှန်မှန်ဆောင်ရွက်ရန် လိုအပ်ပါသည်။

(ခ) တိုင်လွတ်မျိုး( Determinate)

အပင်ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်နှင့် အမြဲတမ်း အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့်တစ်ခုကြားတွင် အဆစ်(၃) ဆစ်သာ ရှိသည်။ စက်ရုံသုံးခရမ်းချဉ်သီးအားလုံး ဤအုပ်စုအောက်တွင်ပါဝင်ပြီး မိုးလွတ်ကင်းသော ဆောင်းနှင့် နွေဥတုတွင် စိုက်ပျိုးသည်။

စိုက်ပျိုးသည့်ဒေသ

အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာနိုင်ငံအနေဖြင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမနွေးပိုင်းရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။

မြေနှင့် ရာသီဥတု

နွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ နံနက်ပိုင်းအပူချိန် (၁၅) ဒီဂရီစင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အကောင်းဆုံးဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်သွေ့ပူပြင်းပြီး အပူချိန် (၁၃) ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျလျှင်လည်းကောင်း၊ (၃၂) ဒီဂရီစင်တီဂရိတ်ထက်   မြင့်လျှင်လည်းကောင်း၊ ခရမ်းချဉ်အပွင့်များ မျိုးမအောင်အသီးမတင်ဖြစ်ရမည်။ ပူလွန်းခြင်း၊ အေးလွန်းခြင်းစသည့် လွန်ကဲသော ရာသီဥတုအခြေအနေမျိုးတွင် အပင်ကို သေစေနိုင်သည်။ ပျှမ်းမျှအပူချိန် (၁၈-၁၅) ဒီဂရီစင်တီဂရိတ်ရရှိလျှင် အပင်ဖြစ်ထွန်းမှု အကောင်းဆုံး ဖြစ်ပါသည်။

ခရမ်းချဉ်ကို မြေအမျိုးအစားများစွာတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အသင့်တော်ဆုံးမှာ နုန်းမြေ နှင့် နုန်းစနယ်မြေ  ဖြစ်ပါသည်။  ရေ၀ပ်   သောမြေကို လုံးဝရှောင်ကျဉ်ရမည်။ မြေအချဉ်အငံဓါတ် (၅.၅-၇.၀) တွင် အကောင်းဆုံးဖြစ်သည်။ မြေအချဉ်ငံဓါတ်(၅.၅) ထက် နိမ့်ကျ ပါက ထုံးထည့်၍ စိုက်ပျိုးရန် လိုအပ်ပါသည်။

အသီးပုံသဏ္ဍန်

Deep globe, Oblate, Rectangular နှင့် Plum ဟူ၍ ခွဲခြားနိုင်ပါသည်။ အသီးညှာတွင် အစိမ်းရစ်ပါသောမျိုး (Green Shoulder) နှင့် မပါသောမျိုးဟူ၍ ပေါ်လွင်စွာ ခွဲခြားလေ့ရှိပါသည်။ အသီးထိပ်တွင် (Pointed, Semi-pointed, Smooth နှင့် Sink) ဟူ၍ (၄) မျိုး ခွဲခြားထားပါသည်။ အသီးရောင်အနေဖြင့် အနီ၊ ပန်းရောင် နှင့် အ၀ါ ဟူ၍ အုပ်စု(၃) ခု ခွဲဖြားထားပါသည်။

ပျိုးထောင်ခြင်း

စနစ်တကျပြုပြင်ထားသော ပျိုးဘောင်တွင် တစ်တန်းနှင့် တစ်တန်း (၂) လက်မခြား စိုက်တန်းများ ဖြောင့်တန်းစွာစွဲ၍ တစ်စေ့နှင့်တစ်စေ့ လက်မ၀က်ခြားစီ မျိုးစေ့တန်းချကာ မြေဆွေးမှုန့်ဖြင့် ခပ်ပါးပါးဖုံးအုပ်ပေးရန် လိုသည်။ ပြီးလျှင် ရေ၀အောင်လောင်းပေး၍  ကောက်ရိုး၊   မြက်ခြောက်၊ သက်ကယ်(သို့မဟုတ်) စပါးခွံဖြင့် ခပ်ပါးပါးဖုံးအုပ်ပေးရန် လိုသည်။ ခရမ်းချဉ်ပျိုးဘောင်တွင် ရောစပ်ရမည့် မြေအချိုးနှုန်း မှာ လယ်မြေနှစ်ဆ မြေဆွေးတစ်ဆနှုန်း ဖြစ်ပါသည်။ ရေလောင်းခြင်းကို နံနက်ပိုင်းတွင်သာ ဆောင်ရွက်၍ ပိုးမွှားရောဂါအခြေအနေကို စဉ်ဆက်မပြတ် ကြည့်ရှုစစ်ဆေးပေးရန် လိုသည်။

ရာသီလွန်အခါမဲ့ (Off-season) စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်မျိုးစေ့များကို( ၂.၅’×၁×၅’) အရွယ် ပျိုးသေတ္တာများတွင် အသင့်ရောစပ်ပြီး   မြေဆွေးများထည့်၍ အထက်ဖော်ပြပါ အကွာအဝေးအတိုင်း အတန်းလိုက်တစ်စေ့ခြင်း စီချကာ ပျိုးထောင်ရန် လိုအပ်ပါသည်။

အပင်ပေါက်ပြီး (၁၀-၁၅) ရက်သား ရွက်မှန် (True Leaf) (၂) ရွက်ထွက်ချိန်တွင် (၄) လက်မ ထိပ်ဝအချင်းရှိသော ပလတ်စတစ်အိတ် သို့မဟုတ် ပျိုးခွက်များတွင် ရွေ့ပြောင်းစိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါ ပျိုးခွက်အတွင်းရက် (၂၀-၂၅) ရက်ထားရှိကာ ထာဝရစိုက်ခင်း သို့ ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါက ပျိုးလောင်ပေါ်တွင် (၄×၂) ပေ အကွာထား၍ ပျိုးထောင်ပြီး ပျိုးသက် (၃၀-၃၅) ရက်သားတွင် အစိုဓါတ် လုံလောက်သော စိုက်ခင်းအတွင်းသို့ မွန်းလွဲညနေပိုင်းညနေခင်းများတွင် ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

မျိုးစေ့နှုန်း

တစ်ဧကမျိုးစေ့ (၁၀၀) ဂရမ်နှုန်း၊ အပင် (၈၀၀၀ မှ ၁၀၀၀၀) အထိဝင်ဆန့်အောင် စိုက်ပျိုးရမည်။

မြေသြဇာနှုန်းထား

နွားချေး၊ မြေဆွေး         – ၈-၁၀ တန်

ယူရီးယား (၅၀) ကီလို     –   ၂ အိတ်

တီစူပါ (၅၀) ကီလို         – ၂ အိတ်

ပိုတက်ရှိ (၅၀) ကီလို      –  ၃ အိတ်

နွားချေး၊ တီစူပါနှင့် ပိုတက်ရှိတစ်ဝက်တို့ကို မြေပြုပြင်ချိန်တွင် ထည့်သွင်း၍ ကျန်မြေသြဇာများကို အပင်လှန်ချိန်၊ ပန်းစတင်ပွင့်ချိန်၊ ပထမပန်းခိုင်အသီးတင်ချိန်၊ ပထမအကြိမ် အသီးခူးဆွတ်ချိန်နှင့် ဒုတိယအကြိမ် အသီးဆွတ်ချိန်တွင် ထပ်မံထည့်သွင်းရန် လိုအပ်ပါ သည်။

မြေပြုပြင်နည်း

မြေအခြေအနေပေါ်မူတည်၍ ထယ် (၂) စပ်မှ (၄) စပ်ထိုပြီး ထွန်ရေးညက်သည်အထိ (၁၆)သွား ထွန်ဝင်ပေးရန်လိုအပ်ပါသည်။ ခရမ်းချဉ်အမြစ်သည် တည့်မတ်စွာ မြေအနက် (၃) ပေခန့်အထိ ဆင်းနိုင်သည့်အတွက် ထယ်ရေးနက်ရန်လိုအပ်သည်။ မိုးများဒေသတွင်   ရေမ၀ပ်စေရန် ရေနှုတ်မြောင်းလုပ်ပေးရသည်။ ထွန်ရေးညက်လျှင် ကြမ်းတုံးရိုက်၍ တစ်တန်းနှင့်တစ်တန်း (၃) ပေ တစ်ပင်နှင့်တစ်ပေ (၂) ပေခြား စိုက်ပျိုးရပါမည်။

စိုက်ပျိုးနည်း

ပျိုးသက် (၃၀ မှ ၃၅) ရက်သား (သို့မဟုတ်) ပျိုးပင်ရွက်မှန်အဆင့် (၆-၈) ရွက်တွင် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးသည်။ မွန်းလွဲပိုင်း   နေပူရှိန်စတင်ကျဆင်းချိန်တွင် ကြိုတင်ရေလောင်းထားသော ပျိုးခင်းမှ ပျိုးပင်ကလေးများကို လက်ထိုးတူရွှင်းဖြင့် အမြစ်မထိခိုက်စေရန် တူးယူပြီး အမြစ်ကို ပြောင်စင်အောင် ရေဆေးရမည်။ မစိုက်ပျိုးသေးသော ပျိုးပင်ငယ်များကို အရိပ်အောက်တွင် အမြစ်ရေနှစ်ကာ ထားရှိ ရန်လိုပါသည်။

အပင်ပြုစုနည်း

ရွေ့ပြောင်းစိုက်ပျိုးပြီး (၁၅) ရက်ခန့်အကြာ အပင်လှန်ချိန်တွင် ပထမအကြိမ် ခါးဆွမြေတောင်မြောက်ပေး၍ မြေသြဇာကျွေးရန် လိုအပ်ပါ သည်။ ယင်းအချိန်တွင် မိမိစိုက်ပျိုးသော မျိုးအပေါ်မူတည်၍ တိုင်ထောင်မျိုးဆိုပါက လိုအပ်သော အတက်ဖဲ့ပေးခြင်း၊ တိုင်တောင်တန်းပစ်၊ ကြိုးချည်ပေးခြင်းပြုလုပ်ရမည်။

ခရမ်းချဉ်အတက်ဖဲ့နည်းမှာ ပထမဆုံးထွက်ရှိလာသော ပန်းခိုင်အောက်ရှိ အရွက်ကြားမှ ပြူထွက်လာသော ဘေးတက်အား သီးကိုင်း အဖြစ် မွေးမြူချန်လှပ်ကာ ကျန်အောက်ဖက်ရှိ ဘေးတက်အားလုံးကို ဖဲ့ချွေပေးရန် လိုအပ်ပါသည်။

စိုက်ပျိုးထားရှိသော ခရမ်းချဉ်ပင်အား၊ ခရမ်းချဉ်သီး ဈေးကွက်အခြေအနေအရလည်းကောင်း၊ မျိုးစေ့ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရ လည်းကောင်း၊ အပင်ပုံသွင်းပြုစုနည်းကို ( ၃) မျိုး ခွဲခြားဆောင်ရွက်နိုင်သည်။

(က) ပင်စည်(၃) ကိုင်းထားရှိခြင်း

တစ်ပင်နှင့်တစ်ပင် (၂) ပေခြား စိုက်ပျိုးလျှင် သင့်တော်ပါသည်။ အပင်လှန်ပြီး (၁၅) ရက်သားတွင် မူလပင်စည်မှ ထွက်သော ပန်းခိုင်   အောက်မှကပ်လျက်ဘေးတက်အား ဒုတိယပင်စည်(သီးကိုင်း)အဖြစ် မွေးမြူရပါမည်။ ၎င်းအောက်ရှိ ဘေးတက်များအားလုံး ဖဲ့ချွေပစ် ရပါမည်။ ပထမပင်စည်မှ ဖူးပွင့်လာသော ဒုတိယပန်းခိုင်အောက်ရှိ အရွက်ကြားမှ ထွက်လာသော ဘေးတက်မှ ဒုတိယပင်စည် (သီးကိုင်း) မှ ထွက်သော ပထမပန်းခိုင်အောက်မှ ကပ်လျက်တည်ရှိသည့် အရွက်ကြားမှ ထွက်လာသောဘေးတက်(၂) ခုအား သန်စွမ်း ကြီးထွားမှု နှိုင်းယှဉ်လေ့လာကာ ပိုမိုသန်စွမ်းသည့် ဘေးတက်ကို တတိယပင်စည်( သီးကိုင်း) အဖြစ် ဆက်လက် မွေးမြူချန်လှပ်ထား ရှိရပါမည်။

ပင်စည်(၃) ကိုင်းပေါ်တွင် ထွက်ရှိလာသော ဘေးတက်မှန်သမျှ အားလုံးချွေပစ်ခြင်းကို ပုံမန်ဆောင်ရွက်ပေးရန် လိုပါသည်။ ပင်စည်         ( သီးကိုင်း) တစ်ခုစီပေါ်တွင် ပန်းခိုင်(၄-၅) ခိုင်စီ ထွက်ရှိပြီးပါက အဆိုပါ သီကိုင်း (၃) ခု စလုံးအား ခေါင်ညွန့်နှိမ်ပေးရမည်။

(ခ) ပင်စည် (၂) ကိုင်း ထားရှိခြင်း

အထက်ဖော်ပြပါ ပင်စည်(၃) ကိုင်းထားရှိသည့် အပင်ပုံသွင်းပြုစုနည်းစနစ်အတိုင်း ဆောင်ရွက်၍ ဒုတိယပင်စည် (သီးကိုင်း)ရရှိပြီးချိန် တွင် ပင်စည်( ၂) ကိုင်းလုံးပေါ်ရှိ ထွက်ပြူလာသမျှသော ဘေးတက်များအားလုံးကို ဖဲ့ချွေပစ်ရန် လိုအပ်ပါသည်။ ကိုင်းဖြတ်ပုံသွင်းနည်း စနစ်သည် သီးနှံဈေးနှုန်း အေးချိန် ကျချိန်များတွင် သီးထွက်နောက်ကျထွက်စေရန် အချိန်ဆွဲ စိုက်ပျိုးနည်းစနစ်ဖြစ်ပါသည်။

(ဂ) ပင်စည်ထီးထီးထားရှိခြင်း

ခရမ်းချဉ်ပျိုးပင်များအား စိုက်ကွက်ထဲ့သို့ ရွေ့ပြောင်းစိုက်ပျိးပြီး အပင်လှန်ချိန်တွင် စတင်၍ မူလပင်စည်(Main Stem) မှ ထွက်ပြူလာ   သော ဘေးတကများအားလုံး ဖဲ့ချွှေပစ်၍ ပင်စည်သီးကိုင်းတစ်ခုတည်းထားရှိ စိုက်ပျိုးသောစနစ်ဖြစ်ပါသည်။ ဤနည်းဖြင့် ခရမ်းချဉ် ပင်တန်း အကွာအဝေးကို (၂-၃) ပေအထိ စိုက်ပျိုနိုင်သည့်အတွက် တစ်ဧကတွင် မူလပင်စည်မှ ထွက်လာသော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်သီး အရွယ်အစားကြီးမားခြင်း၊ အရောင်အသွေး ပိုမိုစိုပြေတောက်ပခြင်း စသည့် အကျိုးများစွာ ရရှိနိုင်ပါသည်။

ရေသွင်းနည်း

စိုက်ဘောင်ဖြင့် စိုက်ပျိုးပါက ရေလောင်းစနစ်၊ ရေဖြန်းစနစ်(Sprinkler) ၊ အစက်ချစနစ်(Drip irrigation) တို့ကို ဆောင်ရွက်ခြင်းဖြင့် အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ပါသည်။

မြောင်းဖြင့် ရေပေးသွင်း စိုက်ပျိုးမည်ဆိုပါက  ခရမ်းချဉ်ပင်များ ရွေ့ပြောင်းစိုက်ပျိုးခြင်းမပြုမီ ရေသွင်း မြောင်းမ နှင့် မြောင်းလက်တံများ လိုအပ်သလို ကြိုတင်ပြုပြင်ထားရပါမည်။

မိုးရာသီ စိုက်ပျိုးပါက ဘောင်ဖော်စိုက်ပျိုးရန်နှင့် ရေထုတ်မြောင်းများ ကောင်စြွာ့ပုလုပ်ထားပြီး၊ အခြေအနေပေးပါက ပလပ်စတစ်စဖြင့် ဖုံးအုပ်စိုက်ပျိုးရန် လိုအပ်ပါသည်။

ပိုးမွှာရောဂါကာကွယ်ခြင်း

ခရမ်းချဉ်ပျိုးခင်းတွင် အပင်ပေါက်ပြီး (၁၅) ရက်သားတစ်ကြိမ် မရွေ့ပြောင်းမီ (၂) ရက်ခန့်အလိုတွင် တစ်ကြိမ် ပင်လုံးပြန့် သတ္တိရှိသည့် (Systemic Action) ပိုးသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်ဆေးများဖြစ်သည့်   Deconil, Topsim (၂၀၀ ဂရမ်/ရေ (၄) လီတာ) နှုန်းကို ပိုးသတ်ဆေးနှင့် အတူရောစပ်ပက်ဖျန်းနိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိရောဂါ (Damping Off) ကျ ရောက်တတ်သဖြင့် အထက်ပါမှိုသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။

စိုက်ခင်းတွင် အဓိကကျရောက်သောပိုးများမှာ (Thrip) လှေပိုး White fly နှင့် သီးလုံးဖောက်ပိုးများ ကျရောက်တတ်ပါသည်။ ဒီစစ်ပိုးသတ်ဆေးဖြင့် ကာကွယ်နိုင်ပါသည်။ အဓိက ကျရောက်သည့် ရောဂါမှာ လောင်မည်းရောဂါ (Late Blight) နှင့် (Early) တို့ဖြစ်ပြီး Ridomil, Mangozeb တို့ဖြင့် ကာကွယ်နှိမ်နှင်းနိုင်ပါသည်။

ရိတ်သိမ်းခြင်း

ခရမ်းချဉ်သီးအတွက် အသီးတင်ချိန်မှ ရင်မှည့်ချိန်အထိ သင့်တော်မည့်အဆင့်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီးအစိမ်းရောင် မှ အစိမ်းဖျော့ ထိုမှတဆင့် အဖြူရောင်များလာချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး ၊ လမ်းခရီးတွင် အပျက်အစီး အဆုံးအရှုံး သက်သာမည် ဖြစ်ပါသည်။ ဒေသ၀န်းကျင်ဈေးတွင် စာပို့ဆောင်ရောင်းချမည်ဆိုပါက ၀မ်းပြင်အဆင့် အ၀ါရောင်ပြောင်းစ အသီးများကို ဆွတ်ခူးရောင်းချနိုင်ပါသည်။ မျိုးစေ့ထုတ်ရန်အတွက်မူ အပင်ပေါ်တွင် ကောင်းစွာရင့်မှည့်သည်အထိ ထားရန် လိုအပ်ပါ သည်။ စနစ်တကျစိုက်ပျိုးပါက ကုန်းမြေတွင် အထွက်နှုန်း (၅၀၀၀-၈၀၀၀) ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေဒေသတွင် တစ်ဧက လျှင် ပိဿာချိန်(၁၀၀၀၀) ထွက်ရှိနိုင်ပါသည်။

Credit – ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း

The post ခရမ်းချဉ် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

⁠နှမ်း၏ အ⁠ရေး⁠ကြီး⁠သော ⁠ပြင်ပသွင်⁠ပြင်လက္ခဏာများ

$
0
0

မူရင်းဒေသ

နှမ်း ၊ တေး ၊ ဂျင်းဂျဲလီ ၊ စင်စင် ၊ ဂျာရယ်လင် စသည်ဖြင့် အမည်အမျိုးမျိုးရှိသော Sesamum indicum L သည် အိန္ဒိယ ၊ မြန်မာ ၊ အင်ဒိုနီး ရှား ၊ တရုတ် နှင့် အာဖရိကအပူပိုင်းဒေသတို့တွင် ရှေးယခင်ကတည်းကပင် ဆီထွက် သီးနှံအဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးခဲ့သော အရေးကြီး သည့် သီးနှံတစ်မျိုးဖြစ်သည်။ အပူပိုင်းအာဖရိက ၊မက်ဒါ ဂက်စ်ကာ ၊ အာရေးဗီးယား ၊ သီရိလင်္ကာနှင့် သြစတြေးလျ အပူပိုင်းဒေသတို့တွင် နှမ်းသည် သဘာဝအ လျောက် ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်လျက်ရှိသည်။ ယခုအခါ အမေရိကန်၊ မက္ကဆီကိုနှင့် လက်တင် အမေရိ ကနိုင်ငံတို့တွင် နှမ်းကို အလေးထားစိုက်ပျိုးလာကြသည်။

အာဖရိကတွင် နှမ်းရိုင်းမျိုးစိတ်ပေါင်း မြောက်များစွာ တွေ့ရှိရသောကြောင့် အာဖရိကတိုက်သည် နှမ်းမျိုးစိတ် များ၏ မူရင်းဒေသဟု ဆိုနိုင်သည်။ အာဖရိကတိုက် အပူပိုင်းဒေသတွင် နှမ်းမျိုးစိတ်ပေါင်း (၁၇) မျိုးခန့်အား မူရင်းဒေသအဖြစ် မှတ်တမ်းတင် ထားသည်။ ပါကစ္စတန်နိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်ပေါင်း (၅၀၀၀) ခန့်ကတည်းက နှမ်းများပေါက်ရောက်မှုရှိကြောင်း တွေ့ရှိရသည်။ အိန္ဒိယ တိုက်ငယ်သည် နှမ်းမျိုးစိတ်များ၏ မူရင်းဒေသအချက်အချာဖြစ်ကြောင်း ပိုမိုသေချာလာခဲ့သည်။ နှမ်းနှင့် ဝတ်မှုန်ကူး သန္ဓေ အောင်နိုင် သော Sesamum malabaricum မျိုးစိတ်အား အိန္ဒိယအတွင်းရှိဒေသများတွင် တွေ့ရှိရသောကြောင့် အိန္ဒိယနိုင်ငံသည် နှမ်းပေါက် ရောက်ရာ မူရင်းဒေသဖြစ်ကြောင်း ပိုမိုသေချာစေခဲ့သည်။

ပေါက်ရောက်ပုံအလေ့အထ

အပင်အမျိုးအစားများမှာ တစ်ပင်တိုင်နှင့်ကိုင်းဖြာဟူ၍ နှစ်မျိုးရှိသည်။သက်တမ်းရှည် (နေ့တာတို) နှမ်းမျိုးများ မှာ ပင်စည်လုံး ပိုကြီးပြီး ဘေးကိုင်းလည်းများသည်။ နှမ်းသည် အဆုံးမရှိ ပန်းခိုင် အမျိုးအစားဖြစ်ပြီး အရင်းမှ ပန်းစပွင့်သော အမျိုးအစားဖြစ်သည်။ နှမ်းပင်များ သည် ဆက်လက်ကြီးထွားပြီး ပန်းပွင့်နှင့်သီးတောင့်များလည်း အခြေအနေပေးသည်နှင့်အမျှ ဆက်လက်ဖြစ်ထွန်းကြီးထွားလေ့ရှိသည်။ ထို့ကြောင့် ကြီးထွားချိန်နောက်ပိုင်း မည်သည့် အချိန်တွင်မဆို ကောင်းစွာရင်မှည့်သော အသီးတောင့်များ ၊မမည့်သေးသော အသီးတောင့် များ၊ ပန်းပွင့်များနှင့် အဖူးများအား နှမ်းပင်တွင် တစ်ပြိုင်တည်းတွေ့ရသည်။

အမြစ်များ

နှမ်းတွင် ကိုင်းဖြားတွင် မြစ်စဉ်ပုံသဏ္ဍာန်ရှိသည်။ သက်တမ်းတို (နေ့တာရှည်) အပင်မျိုးများတွင် ရေသောက် မြစ်သည် (၃) ပေခန့်အထိ ဆင်းနိုင်ပြီး အမြစ်ငယ်များမှာ အနည်းငယ်သာ ထိုးဖောက်နိုင်သည်။ သက်တမ်းရှည် အပင်မျိုးများတွင် မြစ်ငယ်နှင့် မြစ်မွှာများ များစွာရှိပြီး အမြစ်ကြီးထွားမှုနှေးသည်။

ပန်းပွင့်များ

ပန်းပွင့်မှာ အဖြူရောင်ဖြစ်ပြီး တစ်ခါတစ်ရံ အရောင်ရှိတတ်သည်။ မျိုးအပေါ် မူတည်၍ ပင်စည်နှင့် ကိုင်းကြား တွင် ပန်းပွင့်တစ်ပွင့် (သို့မဟုတ် ) သုံးပွင့်ပါဝင်သည်။ ပန်းပွင့်များမှာ ပင်တည်းဝတ်မှုန်ကူးသော အမျိုးအစားဖြစ် ပြီး အင်းဆက်တို့၏ လုပ်ငန်းလုပ်ဆောင် မှုအပေါ် မူတည်၍ (၅)ရာခိုင်နှုန်း (သို့မဟုတ်) (၅) ရာခိုင်နှုန်းအထက် ပင်ခြားဝတ်မှုန်ကူးသော အမျိုးအစားဖြစ်သည်။

သီးတောင့်များ

သီးညှာတစ်ခုစီတွင် သီးတောင့်တစ်တောင့် (သို့မဟုတ်) သုံးတောင့် ပါရှိပြီး သီးလုံးတွင် အစေ့အိမ် အခန်း (၂) ခုပါသော နှမ်းရိုးရိုးနှင့် အစေ့အိမ် (၄)ခန်းပါသော နှမ်းပတ်လည် ဟူ၍ (၂) မျိုးရှိသည်။ အပင်တစ်ပင်တွင် ပါဝင် သော သီးတောင့်အရေအတွက်မှာ နှမ်းမျိုးနှင့် ပေါက်ရောက်ရသော အခြေအနေတို့ပေါ် မူတည်၍ အနည်းငယ် မှ ရာဂဏန်း(၃၀၀-၄၀၀) အထိပါနိုင်သည်။

အစေ့များ

နှမ်းစေ့၏အရွယ်အစား ၊အရောင်နှင့် မျက်နှာပြင်အနုအကြမ်းမှာ ကွာခြားသည်။ မျိုးကွဲပြားမှုကြောင့် ဆီထွက်ရာ ခိုင်နှုန်း လည်းကွဲပြား သည်။ ပတ်ဝန်းကျင်၊ရေ၊မြေ၊သဘာဝအခြေအနေများသည် ဆီထွက်ရာခိုင်နှုန်းအပေါ်များ စွာ အကျိုးသက်ရောက်မှုရှိသည်။

ရာသီဥတုအခြေအနေ

နှမ်းသည် အပူပိုင်းဒေသနှင့် အပူသမပိုင်းဒေသရှိ လွင်ပြင်များနှင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၄၀၀၀) ခန့်ရှိသော ဒေသ များအထိ ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသည်။ နှမ်းသည် အပူချိန်လျော့နည်းခြင်းကို ခံနိုင်ရည်မရှိပေ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများတွင် နွေရာသီ၌သာနှမ်းကို စိုက်ပျိုးသော်လည်း အိန္ဒိယကျွန်း ဆွယ်ဒေသတွင် တစ်ရာသီထက်ပို၍ စိုက်ပျိုးသည်။ နွေရာသီတွင် နှမ်းကို မိုးရေသောက်သီးနှံအဖြစ် စိုက်ပျိုးပြီး ဆောင်းရာသီတွင် မိုးရေချိန် ပမာဏ (၅၀၈) မီလီမီတာ မရရှိသောအခါ ဆည်ရေသောက်အဖြစ် စိုက်ပျိုးကြ သည်။

ယေဘုယျအားဖြင့် အပူချိန် (၇၀) ဒီဂရီ ဖာရင်ဟိုက်မှ (၉၀)ဒီဂရီဖာရင်ဟိုက်သည် နှမ်းစိုက်ပျိုးမှုအတွက် အကောင်းဆုံး ဖြစ်သည်။ နွေနှမ်းတွင် ပန်းပွင့်ချိန်၌ အပူချိန် (၁၀၅)ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်လွန်ပါက ဝတ်မှုန်များ သန္ဓေမအောင်ဘဲ သီးတောင့်တည်မှုလည်း လျော့နည်းသည်။ မိုးနှမ်းအတွက် လိုအပ်သော မိုး ရေချိန်ပမာဏမှာ စိုက်ပျိုးချိန်ကာလ တစ်လျှောက် ညီညီမျှမျှ ရွာသွန်းသော မိုးရေချိန် ပမာဏ (၆၃၅ -၁၀၁၆ ) မီလီမီတာဖြစ်သည်။ စိုက်ပျိုးချိန်နှင့်ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှု ပြင်းထန်ပါက အပင်ဦးရေ နှင့်အထွက်နှုန်း သိသိသာသာ လျော့နည်းသည်။

မြေအမျိုးအစား

ယေဘုယျအားဖြင့် နှမ်းသည် လုံလောက်သော ရေအစိုဓာတ်ထိန်းထားနိုင်ရန်အတွက် ရေသွင်းရေထုတ် ကောင်းမွန်သော သဲဆန်မြေကို နှစ်သက်သည်။နှမ်းပင်များ၏ အမြစ်များကြီးထွားမှုနှင့် ပျံ့နှံ့နိုင်မှုကို အပင် ဖြစ်ထွန်းချိန်တွင် သိသာထင်ရှားသည်။ မိုးနှောင်းထွန်ရေး ခံခြင်းနှင့် မြေကိုမှုန့်ညက်အောင် ထွန်ယက်ခြင်းများ လုပ်ဆောင်သင့်သည်။

စိုက်ပျိုးသုတ ပစ္စယ

The post ⁠နှမ်း၏ အ⁠ရေး⁠ကြီး⁠သော ⁠ပြင်ပသွင်⁠ပြင်လက္ခဏာများ appeared first on Myanmar Farmers' Portal.

Viewing all 691 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>