Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live
⁠နှမ်းသီး⁠နှံ စိုက်ပျိုး⁠ပြုစု⁠စောင့်⁠ရှောက်⁠ခြင်း
$
0
0
စိုက်ပျိုးချိန်
မြန်မာနိုင်ငံတွင် နှမ်းကို တစ်နှစ်သုံးကြိမ် စိုက်ပျိုးကြသည်။ နွေနှမ်း(ရေသွင်းနှမ်း)အား ဖေဖော်ဝါရီ – မတ်လ မှ မေ – ဇွန်လအထိ စိုက်ပျိုး ကြသည်။ မိုးနှမ်းကို မေ -ဇွန်လမှ သြဂုတ် – စက်တင်ဘာလအထိနှင့် ဆောင်းနှမ်း (မိုးနှောင်း)အား သြဂုတ် – စက်တင်ဘာလမှ နိုဝင်ဘာ – ဒီဇင်ဘာလအထိစိုက်ပျိုးကြသည်။
စိုက်ပျိုးပြုစုစောင့်ရှောက်ခြင်း
မျိုးစေ့
ရိတ်သိမ်းမှုလွယ်ကူရန်နှင့် အထွက်ကောင်းရန် ထောက်ခံထားသော မျိုးများကို သုံးရန်လိုသည်။ မျိုးရောနေပါ ကအပင်အမြင့်နှင့် ရင့်မှည့် ချိန် ကွာခြားမှုကြောင့် ရိတ်သိမ်းရာတွင် အခက်အခဲရှိသည်။
မျိုးစေ့ဆောင်ရောဂါမှ ကာကွယ်ခြင်း
နှမ်းပျိုးပင်များသည် အများအားဖြင့် အေးသောရာသီဥတုတွင် သေးငယ်ပြီး ကြီးထွားမှု နှေးကွေးသည်။ ပျိုးပင် ငယ်များသည် ပေါင်းပင် များနှင့် ယှဉ်ပြိုင်မှုဒဏ်ကို ခံနိုင်ရည်မရှိသောကြောင့် ပေါင်းမြက်ကင်းစင်သော စိုက် ခင်းတွင် စိုက်ပျိုးရသည်။ အပင်ငယ်စဉ်တွင် မှိုရောဂါ ကျရောက်မှုမှ ကာကွယ်ရန်အတွက် မျိုးစေ့တစ်ကီလို ဂရမ် လျှင် ကက်ပတန် မှိုသတ်ဆေး (၃)ဂရမ်နှုန်းဖြင့် လူးနယ်ပြီး စိုက်ပျိုးပါက အကျိုးရှိကြောင်း တွေ့ရသည်။
ပင်ကြားတန်းကြားအကွာအဝေးနှင့် မျိုးစေ့နှုန်း
တန်းကြားအနေဖြင့် တစ်တန်းနှင့်တစ်တန်းကြား (၁၅ -၂၄)လက်မ ခြားထားပါက ပေါင်းနှိမ်နှင်းရန်အတွက် လွယ်ကူသည်။ တစ်ဟက် တာအတွက် မျိုးစေ့ (၄.၄၈ – ၇.၈၅ )ကီလိုဂရမ် လိုအပ်သည်။ အသင့်တော်ဆုံး အပင်ဦးရေ ပမာဏမှာ တစ်ဟက်တာလျှင် အပင်ဦးရေ (၁၉၈၀၀၀ – ၂၄၇၀၀၀) အထိဖြစ်သည်။
မြေသြဇာများ
နှမ်းသည် မြေညံ့တွင် စိုက်ပျိုးဖြစ်ထွန်းခြင်းမရှိပေ။ အစားအစာ အန္တရယ်ကင်း စိတ်ချရမှုအတွက် သဘာဝမြေသြဇာများအားသုံးသင့် သည်။ အထွက်နှုန်းကောင်းရန်အတွက် မြေဆီလွှာ သင့်/ညံ့ အပေါ်မူတည်၍ စိုက်ပျိုး သည့် ရာသီတစ်လျှောက် သင့်တင့်မျှတသော ဓါတ်မြေသြဇာများကျွေးသင့်သည်။ အကယ်၍ အပင်များ ကြီး ထွားမှုအားနည်းပြီး အစိမ်းဖျော့ရောင်ဖြစ်နေပါက နိုက်ထရိုဂျင်မြေသြဇာ အားလိုအပ်သလို ထပ်မံ၍ ထည့်ပေး ရသည်။ မြေသြဇာ အသင့်အတင့် ကြွယ်ဝသောမြေအတွက် (၁၁၂း ၅၆း ၂၈) (နိုက်ထရိုဂျင် ၊ဖော့စ်ဖရပ်စ်၊ပို တက်) ကီလိုဂရမ် / ဟက်တာနှုန်းထားအား စံအဖြစ်သတ်မှတ်ထားသည်။
သဲဆန်သောမြေတွင် မြေသြဇာများအား အတန်းလိုက် အကြိမ်ကြိမ်ခွဲကျွေးပါက ပိုမိုထိရောက်မှုရှိသည်။ မြေပြင် ချိန်တွင် တစ်ကြိမ်၊ အပင်မှုန်းချိန်နှင့် ပေါင်းလိုက်ချိန်တွင် တစ်ကြိမ်နှင့် အသီးသီးချိန်တွင် တစ်ကြိမ် စုစုပေါင်း သုံ ကြိမ်ခွဲကျွေးရန်လိုအပ်သည်။ မြေဆီ သြဇာနည်းသောမြေတွင် ဖော့စဖိတ်မြေသြဇာသည် မရှိမဖြစ်လိုအပ်ပြီး စိုက် ပျိုးရာသီအစောပိုင်းတွင် ကျွေးရန်လိုအပ်သည်။ မိုးအကုန် တွင် နှမ်းသီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးပါက ပျများနှင့် စုပ်စားပိုးဒဏ်ခံနိုင်ရန်အတွက် ပိုတက်မြေသြဇာပေးရန်လိုသည်။
ဒေသခံတောင်သူများသည် အနည်းလိုအာဟာရစုံပါဝင်သော ရွက်ဖျန်းမြေသြဇာကိုသုံးကြပြီး ထိုသို့အသုံးပြုသောအပင်များသည် ရွက် ဖျန်းမြေသြဇာမကျွေးသော အပင်များထက်ပို၍ ကျန်းမာသန်စွမ်း ကြောင်းတွေ့ရသည်။
စိုက်ပျိုးပြီး (၆၅) ရက်နောက်ပိုင်းတွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ ကျွေးပါက ပေါင်းမြက်များကြီးထွားမှုကို အားပေးသောကြောင့် မကျွေး သင့်ချေ။
ရေသွင်းခြင်း
နွေနှမ်းတွင် ဆည်ရေသွင်းပေးပါက အထွက်နှုန်းသိသာစွာ တိုးတက်လာနိုင်ကြောင်းတွေ့ရသည်။ နှမ်းသည် အပင်ကြီးထွားချိန်တွင် (၂) ကြိမ်မှ (၃) ကြိမ်အထိသာ ရေပေးသွင်းရန်လိုသည်။ ဆားပါသောရေကို သွင်း မိပါက နှမ်းပင်များသေနိုင်သည်။
ရိတ်သိမ်းခြင်း
သီးတောင့်များကြွေကျမှုမှ ကာကွယ်ရန် နှမ်းပင်များအား မခြောက်မီ ရိတ်သိမ်းရသည်။ ရိတ်သိမ်းရန် သင့်တော်သော အချိန်မှာ နှမ်းပင်များ ကောင်းစွာရင့်မှည့်ပြီး ပန်းပွင့်မှုရပ်သွားချိန်၊ အရွက်များ အဝါရောင်ပြောင်း ပြီး စတင်၍ ကြွေလာချိန်နှင့် သီးတောင့်များအစိမ်းရောင်ရှိပြီး အစိုဓာတ်ပမာဏအသင့်အတင့်ရှိနေသော အချိန်ဖြစ်သည်။ အပင်များအားရိတ်သိမ်း ပြီးနောက် တလင်းပြင်တွင် (၅) ရက်မှ (၇) ရက် အထိ အပင်များခြောက်သွေ့ရန် အစည်းလိုက်ထောင်၍ နေလှန်းထားရမည်။ စောင်ပိုင်း၊အဝတ်ပိုင်းပေါ်တွင် နှမ်းရိုးများ လှုပ်ခါခြင်း (သို့မဟုတ်) ခပ်သာသာ ရိုက်ခြင်းဖြင့် အစေ့ခြွေခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်သည်။ ထို့နောက် သန့်စင်ပြီး နှမ်းစေ့များအား အလုံပိတ် ထားသော ပုံးများထဲတွင် ထည့်၍ သိုလှောင်ရမည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ⁠နှမ်းသီး⁠နှံ စိုက်ပျိုး⁠ပြုစု⁠စောင့်⁠ရှောက်⁠ခြင်း appeared first on Myanmar Farmers' Portal.
⁠ကြက်သွန်နီ စိုက်ပျိုးနည်း
$
0
0
ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံး၊ မင်းတုံးဥမွှာမျိုးနှင့် ကျော်မင်းမျိုးတို့ဖြစ်ပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ ရွှေဖလားမျိုးဖြစ်ပါသည်။
မြေအမျိုးအစား
အစိုဓာတ်ရှိသော မြေအတော်များများတွင် စိုက်ပျိုးနိုင်သည်။ အလွန်ချဉ်သော မြေကို မနှစ်သက်သဖြင့် အောက်မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းသည်။ ကြိုက်နှစ်သက်သော မြေအချဉ်အငံဓာတ်မှာ (၆-၇)ဖြစ်ပါသည်။ လိုအပ်သော အချဉ်အငံဓာတ် ရရှိရန် ထုံးထည့် ပေးရပါမည်။
ရာသီဥတု
အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ အပင်ကြီးထွားချိန်တွင် (၂၀ံ – ၂၁ံ) စင်တီဂရိတ်နှင့် ကြက်သွန်ဥ ဖြစ်ပေါ်ချိန်တွင် (၂၁ံ -၂၇ံ) စင်တီဂရိတ် နှင့် နေ့တာရှည်ရန် လိုအပ်သည်။ သာမန်အားဖြင့် အပူချိန် အသင့်အတင့်မြင့်ပြီး နေ့တာရှည် ရန်လိုအပ်သည်။  အပူချိန်သည် ပွင့်တံထွက်ခြင်းကို စိုးမိုးသည်။
(၁၀ံ – ၁၆ံ) စင်တီဂရိတ်တွင် နေ့တာကို (၉ နာရီမှ ၁၂ နာရီ ) ရရှိပါက ပန်းပွင့်၍ အစေ့တည်စေသည်။
မျိုးစေ့နှုန်း
တစ်ဧကတွင် ပျိုးထောင်ရန် တစ်ပြီလျှင် အလေးချိန် (၇၅ – ၈၀) ကျပ်သားရှိသည့် မျိုးစေ့ (၂-၄) ပြီခန့် လိုပါသည်။
မြေသြဇာနှုန်း
တစ်ဧကနှုန်း      နွာချေး                             (၁၀ – ၁၅) တန်
ယူရီးယား (၅၀) ကီလိုဝင်                   (၂) အိတ်
တီစူပါ    (၅၀) ကီလိုဝင်          (၂)အိတ်
ပိုတက်   (၅၀) ကီလိုဝင်          (၁)အိတ်
ယူရီယားမှလွဲ၍ ကျန်မြေသြဇာများကို မြေပြင်ချိန်တွင် ထည့်သွင်းပါ။ ယူရီးယားကို ပျိုးပင်များပြောင်းစိုက်ချိန်တွင် တစ်ဝက် နှင့် ကျန်တစ် ၀က်ကို စိုက်ပြီး တစ်လအကြာတွင် ထည့်ပေးရမည်။
ပျိုးထောင်ခြင်း
ကြက်သွန်နီတစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (၀.၀၅) ဧက အရွယ်ရှိရမည်။ မျိုးစေ့ကို ညီညာစွာ ကြဲပက်၍ လည်းကောင်း စိုက် ရမည်။  ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက်စိုက်သင့်သည်။ စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့် ပါးပါး ဖြူး၍ သဲကြမ်းဖြင့် ပြန် လည်ဖုံးအုပ်ပေးပါ။ အောက်တိုဘာမှ နိုဝင်ဘာလလယ်အထိ ပျိုးထောင်နိုင်သည်။ မျိုးစေ့များ အညှောင့်ပေါက် လွယ်ကူစေရန် သစ်ခက်၊ ကောက်ရိုး၊ မြက်ခြောက်များဖြင့် ဖုံးအုပ်ပေးရမည်။ (၃ × ၁၈) ပေဘောင်အတွက် တစ်ဧကလျှင်  မျိုးစေ့နို့ဆီဘူး (၁)ဘူး လိုအပ်ပါသည်။ ပျိုးသက် (၁)လ ခန့် ရှိလျှင် (၃ × ၁၈) ပေအရွယ် ပျိုးဘောင်တစ်ဘောင်လျှင် ယူရီးယား နို့ဆီဘူး (၂) ဘူး ထည့်ပေးရမည်။
မြေပြုပြင်ခြင်း
ရွှေ့စိုက်ပြီးချိန်မှစ၍ ကြီးထွားမှုနှေးသော သီးနှံဖြစ်သည့်အတွက် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သည်။ ပေါင်းမြက်ကြို တင် နှိမ်နင်းရန်အတွက် ထယ်အကြိမ်ကြိမ်ထိုးရသည်။ ထယ်ရေးပြီးက ထွန်ရေးညက်ညက်ထွန်၍ ကြမ်းရိုက်ပြီး မိမိစိုက်လိုသော နည်းစ နစ်အတိုင်း ပြုပြင်ရမည်။ ဘောင်စနစ်ဖြင့်လည်းကောင်း၊ ကန်သင်းဖော်၍လည်းကောင်း စိုက်ပျိုးကြသည်။
ကြက်သွန်စိုက်စနစ်များ
(က) ကြက်သွန်မျိုးဥ၊ ဥသေးမှ စိုက်ပျိုးခြင်း
(ခ) ဇော်မွှား အသေးစိုက်ပျိုးခြင်း
(ဂ) အစေ့မှ ပျိုးထောင်၍ ရွှေ့ပြောင်းစိုက်ပျိုးခြင်း
(ဃ) မျိုးစေ့ယူရန်အတွက် စိုက်ပျိုးခြင်းတို့ ဖြစ်သည်။
စိုက်ခင်းအား မြေပြုပြင်ပြီးပါက (၂)ပေ အကျယ် ထယ်ကြောင်းဖော်ပြီး ဘောင်ပြုလုပ်ပေးရပါသည်။ ထယ်ကြောင်းထဲတွင် ကျနေသော မြေစာများကို ဂေါ်ဖြင့်ကော်၍ ဘောင်တင်ပေးရသည်။ ကန်သင်းဖော်၍ စိုက်မည်ဆိုပါက ( ၉ × ၆) ပေ ကျင်းများ (သို့) (၆× ၆) ပေ ကျင်း များ ဖွဲ့ရသည်။ ဤစနစ်သည် ရေသွင်းစိုက်စနစ်ဖြစ်သည့်အတွက် ရေသွင်းမြောင်းများကို နှစ်ကျင်းကျော်တစ်မြောင်းဖောက်ပေးပါ။ ပင် ကြား တန်းကြားအကွာအဝေးမှာ ( ၃× ၄) လက်မ ဖြစ်ပါသည်။ တစ်ဧကအပင်ဦးရေ (၂) သိန်းခွဲမှ (၃) သိန်းဝင်အောင် စိုက်ပျိုးရပါမည်။
The post ⁠ကြက်သွန်နီ စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
အ⁠စေ့ထုတ်ေ⁠ပြာင်းတွင် ကျ⁠ရောက်တတ်⁠သော ဖျက်ပိုး၊ ⁠ရောဂါ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
$
0
0
(၁) ပြောင်းရွက်နာကျရောဂါ – (ပြောင်းရွက်ခြောက်ရောဂါ) Corn Leaf  Bligh
မြန်မာပြည် ၊ပြောင်းစိုက်ရာဒေသများတွင် ကျရောက်လေ့ရှိသည်။
ရောဂါဖြစ်စေသောမှို   – Helminthosporium turcicum
အရွက်ပေါ်တွင် ဘဲဥပုံ – အဝိုင်းပုံ မညီမညာပုံရှိသော ရေစိုကွက်မှ အညိုရောင်အကွက်များ ဖြစ်ပေါ်သည်။ ယင်းနောက်ကွက်ပြောင် သည် တဖြည်းဖြည်းကြီးလာပြီး အရွက်တစ်ခုလုံးကို ခြောက်သွေ့သွားစေသည်။
ရောဂါပြင်းထန်က အပင်ကြီးထွားမှုရပ်တန့်ခြင်း၊ ပြောင်းဖူးအောင် မြင်စွာဖြစ်ထွန်းခြင်းလျော့နည်းစေသည်။
ရောဂါဖြစ်စေသောမှို – Helminthosporium   maydis
အရွက်မျက်နှာပြင်ပေါ်တွင် ညိုဝါရောင်ကွက်ပြောင်ငယ်ကို တွေ့ရသည်။H- turcicum ထက်ကွက်ပြောက်သေးသည်။ ယင်း ကွက်ပြောက်တွင် ပစ်ကွင်းမှတ်ကဲ့သို့ အရစ်များကို တွေ့ရှိနိုင်ပါသည်။
ကာကွယ်နှိမ်နှင်းနည်း
(၁) ရောဂါခံနိုင်ရည်ရှိသော စပ်မျိုးပြောင်းများကို ရွေးချယ်စိုက်ပျိုးပါ။
(၂) သီးနှံအလည့်ကျ စိုက်ပါ။
(၃) ရောဂါရပြောင်းဖူးခင်းမှ ပင်ကြွင်းပင်ကျန်နှင့် ပေါင်းမြက်များကို မီးရှို့ဖျက်စီးပါ။
(၄) Benzimedazole အုပ်စုဝင်မှိုသတ်ဆေးဖြင့် ပက်ဖြန်းပါ။
(၂) ပင်စည်ပုပ်ရောဂါ
ရောဂါဖြစ်မှို – Pythium aphanidermatum
မြေပေါ်ရှိပင်စည်သည် အညိုရောင်ရေစိုနာဖြစ်၍ ပျော့ပြီးပုပ်နေသည်ကို တွေ့ရသည်။ပင်စည်သည် လိမ်၍ ပုံပန်းသဏ္ဍာန်ပျက်စီး နေပါသည်။
ဤရောဂါသည် ပူနွေးစိုစွတ်သော ရာသီတွင် ရေသွင်း၊ရေထုတ်ညံ့သော မြေမျိုး၌ ရောဂါဖြစ်ပွားလေ့ရှိပါသည်။
ပင်စည်ပုပ်ရောဂါ (Stalk Rot )
ရောဂါဖြစ်စေသောမှို – Gibberella zeae
ရောဂါကျရောက်သောပင်စည်သည် မကြီးထွားမီ သေဆုံးနိုင်သည်။အဆစ်ပတ်လည် ရိုးတံသည် နီညိုရောင် ပြောင်း၍အတွင်းတစ်သျှူး များသည် အနီရောင်ပြောင်းနေသည်။အလွယ်တကူ ကျိုးနိုင်သည်။အဆစ်ပတ်လည် တွင် အနက်ရောင် မှိုမျိုးပွားအင်္ဂါများကို သေသွား သောပင်စည်၏ အဆစ်ပေါ်တွင်တွေ့နိုင်သည်။
ကာကွယ်နှိမ်နှင်းနည်းများ
(၁) ရောဂါရပင်ကြွင်းပင်ကျန်များမကျန်ရန် မီးရှို့ဖျက်စီးပါ။
(၂) သီးနှံအလှည့်ကျစိုက်ပါ။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post အ⁠စေ့ထုတ်ေ⁠ပြာင်းတွင် ကျ⁠ရောက်တတ်⁠သော ဖျက်ပိုး၊ ⁠ရောဂါ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.
ကြက်သွန်နီ အပင်ပြုစုခြင်း နှင့် ကျရောက်တတ်သောပိုးမွှားရောဂါများ
$
0
0
အပင်ပြုစုခြင်း
အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအတွက် ပေါင်းနှိမ်နင်းရန်လိုပါသည်။ ကြက်သွန်အမြစ်သည် မြေအပေါ်ယံတွင်သာရှိ၍ သံစည် ပတ်ပြားကို ကွေး၍ လက်ကိုင်တပ်ထားသောခြစ်ဖြင့် ပေါင်းရှင်းကြသည်။  အရွက်များစတင်ကျချိန်တွင် ပေါင်းရှင်းရန် မလိုအပ်တော့ပါ။ မြေအလွန် ကြပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးပါ။ ကြက်သွန်ပန်းဖူးများကို အပတ်စဉ်ချိုးပေးပါ။
ရေပေးသွင်းခြင်း
ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန်လိုသည်။ ကြက်သွန်နီရေငတ်ပါက အရွက်များပြာ မှိုင်းပြီး နွမ်းခွေလာသည်။မြေအလွန်ခြောက်အောင်ထားပြီး ရေသွင်းက ကြက်သွန်အခွံ အက်ကွဲတတ်သည်။ ပုံမှန်အားဖြင့် တစ်ပတ် လျှင် တစ်ကြိမ်ရေသွင်းရသည်။ ရာသီပူပြင်းပါက  (၄ -၅) ရက်ခြားတစ်ကြိမ် ရေသွင်းရန်လိုသည်။ အရွက်များစတင်ကျလာချိန်တွင် ရေသွင်းခြင်းကို ရပ်လိုက်ရမည်။ မြေအစိုဓာတ် အနည်းအများပေါ် မူတည်ပြီး ရေသွင်းချိန် (၅) ကြိမ်မှ (၈)ကြိမ်ထိ ရှိပါမည်။
ပိုးမွှားရောဂါ
(က) လှေးပိုးနှင့် ပျပိုး ။ ပင်လုံးပြန့်အာနိသင်ရှိသော ဒိုင်ယာဇီနွန်ပါရာသီယွန် စသည့် ပိုးသတ်ဆေးများဖြင့် ကာကွယ်နှမ်နင်းပါ။
(ခ) ခါးရိရောဂါ ။  ပျိုးခင်းတွင် ဖြစ်သော ခါးရိရောဂါကို ကာကွယ်ရန် ပျိုးခင်းတွင် အစိုဓာတ်လွန်ကဲခြင်းမရှိစေရန်နှင့် ပျိုးခင်းတွင် အစို ဓာတ်လွန်ကဲခြင်း မရှိစေရန်နှင့် ပျိုးပင်များထူးတပ်စွာ ပေါက်ခြင်းမရှိစေရန် ဆောင်ရွက်ပါ။ မျိုးစေ့များအား ဟိုမိုင်း (၅) ဂရမ် ထည့်ဖျော် ထားသော၊ ရေ (၁၀၀၀) လီတာတွင် စိမ်ပြီး လေသလပ်ခံ၍စိုက်ပါ။ ပျိုးခင်းအား ဖော်မင်ဒီဟိုက် (၀.၅) ပေါင်ကို ရေ(၄) ဂါလံနှင့်ရော၍ မြေအကျယ် (၃၀၀) စတုရန်းပေအတွက် ဆေးရည် (၄၀ – ၄၈) ပေါင်နှုန်း ပက်ဖျန်းပြီးမှ စိုက်ပါ။
ဇိနက်၊ ပက်ရီနော့ဆေး ( ၂ – ၃) ပေါင်ကို ရေ (၁၀၀) ဂါလန်နှင့် ဖော်၍ ပင်ခြေရင်းပိုင်းများကို ပက်ဖျန်းပေးပါ။
တောက်တဲ့မြီရောဂါ ။ စိုက်ခင်းတွင် ဆိုးဝါးစွာ ကျရောက်တတ်သည်။ မိုးအုံ့ပြီး လေထုတွင် စိုထိုင်းဆများပါက ရောဂါဖြစ်ပွားမှုမြန် ပါသည်။ ဒိုင်ကိုနေးလ်၊ ဒိုင်သိန်း၊ ရီဒိုမေးလ်၊ မှိုသတ်ဆေးများကို ရေ (၄) ဂါလန်တွင် (၃၀) ဂရမ်နှုန်းဖြင့် ဖျော်စပ်ပြီး (၁) ဧကလျှင် ဆေး (၂-၃) ကီလိုနှုန်းဖြင့် အပတ်စဉ်ကာကွယ်ရန် လိုအပ်ပါသည်။
အထွက်နှုန်း
ပျမ်းမျှတစ်ဧကလျှင် ပိဿာ (၃၀၀၀ – ၅၀၀၀) ထိ ထွက်နိုင်သည်။
ရိတ်သိမ်းခြင်း
အမြိတ်စားအတွက် စိုက်ပါက ကြက်သွန်ဥငယ်စဉ် ခဲတံလုံးခန့် အရွယ်ရှိလျှင် လက်ဖြင့်ဆွဲနုတ်ယူနိုင်သည်။ တစ်နည်းအားဖြင့် ကြက် သွန်မိတ် (၁) ပိဿလျှင် အရွက်(၃၅) ကျပ်သား၊ ဥအလေးချိန် (၆၅) ကျပ်သားရှိပါက ကြက်သွန်မိတ်အဖြစ် နုတ်ရောင်းနိုင်သည်။ ဥကြီးအတွက် ရိတ်သိမ်းပါက အရွက်၏ (၁၅ – ၁၆) ရာခိုင်နှုန်း ခြောက်လာလျှင် လက်ဖြင့် ဆွဲနုတ်ရိတ်သိမ်းနိုင်သည်။ အရွက်များ အား လုံးခြောက်မှ ရိတ်သိမ်းက ကြက်သွန်ဥသည် အမြစ်ထွက်လာ၍ လက်ဖြင်နုတ်ယူရန် မလွယ်ကူတော့ချေ။ အမြစ်များတာကြောင့် ရောင်းတန်းလည်းမလှပေ။ ဥများကို နုတ်ပြီးလျှင် ပြီချင်း အရွက်ကို မဖြတ်ဘဲ တစ်ပတ်ခန့် အရိပ်အောက်တွင်ထားပြီးမှ (၂) လက်မ ချန်ပြီး ဖြတ်ရမည်။
Source by – လယ်/ ဆည်
The post ကြက်သွန်နီ အပင်ပြုစုခြင်း နှင့် ကျရောက်တတ်သောပိုးမွှားရောဂါများ appeared first on Myanmar Farmers' Portal.
ပြောင်းဖူးပင်ကို ဖျက်ဆီးတတ်သည့် ကြွက်များ နှင့် ကာကွယ်နှိမ်နှင်းနည်းများ
$
0
0
   ကြွက်များ   (Rodents)
ကျရောက်သည့်အချိန်
စစိုက်ချိန်မှ ရိတ်သိမ်းချိန်ထိ
ကျရောက်သည့်လက္ခဏာ
ပြောင်းဖူးများတွင် ကြွက်ဖျက်စီးမှု လက္ခဏာများ တွေ့ရှိနိုင်ပါသည်။မြေကြွက်ကျရောက်ခြင်းဖြစ်ပါက အပင်များကိုပါ ကိုက်ဖြတ် စားသောက်ထားသော လက္ခဏာများကိုပါ တွေ့မြင်နိုင်ပါသည်။အစေ့ချချိန်တွင် အစေ့များကို ဖော်၍ စားသောက်တတ်ပါသည်။
ကာကွယ်နှိမ်နှင်းခြင်း
(၁)စိုက်ချိန်တစ်ညီတည်းစိုက်ပျိုးခြင်း။
(၂) ပတ်ဝန်းကျင်တွင် ပေါင်းမြက်များ ရှင်းလင်းခြင်း။
(၃) ကြွက်ကျင်းများ တူးဖော်၍ ဖမ်းဆီးခြင်း။
(၄) ကြွက်ကျင်းများထဲသို့ မီးခိုးမှိုင်းတိုက်ခြင်း ၊ ရေလောင်းထည့်ခြင်း။
(၅)ထောင်ချောက်အမျိုးမျိုး အသုံးပြုခြင်း။
(၆) ကြွက်များအား အသံဖြင့် ခြောက်လှန့်ခြင်း။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ပြောင်းဖူးပင်ကို ဖျက်ဆီးတတ်သည့် ကြွက်များ နှင့် ကာကွယ်နှိမ်နှင်းနည်းများ appeared first on Myanmar Farmers' Portal.
သခွားသီးစိုက်ပျိုးနည်း
$
0
0
မူရင်းဒေသ
အာရှတိုက်တောင်ပိုင်းတွင် စတင်ပေါက်ရောက်သည်ဟု ယူဆပါသည်။
အမျိုးအစား
သခွားတွင် အစိမ်းစားနှင့် အမှည့်စားဟူ၍ နှစ်မျိုးရှိပြီး အစိမ်းစားမျိုးတွင်
(က) ဆင်ချေးတုံး- ဤသခွားမျိုးသည် ပုအိုင့်၍ အမြှောင်းမြှောင်းထနေသဖြင့် ရွှေဖရုံသီးနှင့်တူသည်။
(ခ) သခွားကြား- ဤသခွားသည် တစ်တောင်ခန့်ရှည်၍ အဖြူနှင့် အစိမ်းရောင်ကြားရှိသည်။ အလုံးအတုတ် မှာ လက်ကောက်ဝတ်ခန့်မှ လက်မောင်းအထိ တုတ်သည်။
(ဂ) ဆတ်တွန့်သခွား- ဤသခွားသည် ကျွတ်သည်။ ဆတ်သည်။ အနည်းငယ် အသားကြမ်း၍ သခွားသီးဧ။် အရောင်မှာ အဖြူဖြစ်ပြီး ဆင်စွယ်ကဲ့သို့ ကောက်ကွေးနေသည်။
(ဃ) သခွားချဉ်- ဤသခွားသည် အသီးရှည်၍ အရသာချဉ်စည်။ ၎င်းသည် အအေးဓာတ်ကို ကြိုက်သဖြင့် တောင်ပေါ်ဒေသတွင် ပိုမို   ဖြစ်ထွန်းသည်။
(င) ချဉ်ဖတ်သခွား- ဤသခွားသည် အသီးအရှည်(၇) စင်တီမီတာတွင် ခူး၍ ချဉ်ဖတ်ထည့်သောမျိုးများ (Amira, Tokiwa) ဖြစ်သည်။
သခွားကို အုပ်စု (၃) စုခွဲထားသည်။
(၁) မိုးသခွား    အပူဒဏ်ခံနိုင်သည်။ ကိုင်းထွက်ရန် လွယ်ကူသည်။ အသီးများသည် ကိုင်းများတွင် သီးသည်၊ ကိုင်းသေးသည်။ အဆစ်ကြားရှည်သည်။ အရွက်ရှည်သည်။ အရွက်ရဲ့ အလျားသည် အနံထက်ပိုရှည်သည်။အမြစ်ဖွဲ့စည်းပုံသေးသောကြောင့်  ရွေ့ပြောင်း  ရန်ခက်ခဲသည်။ အသီးသေးသွယ်သည် အရွက်ချောသည်။
(၂)     ဆောင်းသခွား – အအေးဒဏ်ခံနိုင်သည်။ ကိုင်းထွက်မှုနည်းသည်။ အသီးများသည် ပင်မကိုင်းမှ ထွက်သည်။ ပင်မကိုင်းသည် တုတ်သည်။ ဆစ်ကြားတိုသည်။ အရွက်များသည် အနံထက် အလျားပိုရှည်သည်။ ပြောင်းရွေ့လွယ်ကူသည်။ အသီးများသည် တိုတုတ် သည်။ အရွက်ကြမ်းသည်။
(၃)     စပ်မျိုးများ- အမမျိုးလိုင်းများကြားတွင် အဖိုမျိုးလိုင်း(၂) တန်၊ (၃) တန်ခြား၍ စိုက်ပျိုးနိုင်၍ စပ်မျိုးများ ထုတ်လုပ်ခြင်း ဖြစ်သည်။
အမှည့်စားမျိုးတွင်
(၁)     ကျောက်သခွားလေး- ဤသခွားပုံသဏ္ဍန်မှာ လုံးသည်။ မှည့်သောအခါ ၀ါထိန်၍ နေသည်။
(၂)     ကျောက်သခွားကြီး- ဤသခွားမှာ အရွယ်အစားများစွာကြီးသည်။ နုစဉ်အခါတွင် အစိမ်းရောင် ရှိ၍ ခါးသည်။ မှည့်သောအခါ ၀ါဝင်းလာသည်။ အခွံမှာ ချောမွတ်မနေဘဲ အနည်းငယ်ပြုပ်ထနေသည်။အသား ကြမ်းသည်။
စိုက်ပျိုးသည့်ဒေသ
မလေးရှား၊ အင်ဒိုနီးရှား၊ အရှေ့နှင့် အနောက်အာဖရိက၊ ဖိလစ်ပိုင်နှင့် အပူပိုင်းသမဒေသများ၊ မြန်မာပြည် အနှံ့အပြားစိုက်သည်။
ရေမြေရာသီဥတု
သခွားသည် သဲဆန်သောသဲမြေမှ စနယ်မြေစေးအထိ မြေအမျိုးမျိုးတွင်စိုက်ပျိုးဖြစ်ထွန်းသော်လည်း နုန်းမြေ၊သဲနုန်းမြေနှင့်  နုန်းစနယ်မြေ    နေရာတွင် ရေမ၀ပ်စေဘဲ ရေစီးရေလာကောင်းသော နေရာများတွင် ပိုမိုဖြစ်ထွန်း နိုင်ပါသည်။ သခွားမျိုးများသည် မြေချဉ်ငံဓာတ် pH (၅.၅) မှ (၆.၅) အတွင်း  ပိုမိုဖြစ်ထွန်းနိုင်ပါသည်။
သခွားသည် ပူနွေးသောရာသီတွင် ပိုမိုဖြစ်ထွန်းပြီး ၊ ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပေ။ သခွားပင်များသည် (၁၁) ဒီဂရီစင်တီဂရိတ်တွင် အပင်မပေါက်နိုင်ပေ။ သခွားပင်များသည် အပူချိန် (၁၈) ဒီဂရီစင်တီဂရိတ်မှ (၂၄) ဒီဂရီစင်တီဂရိတ်အတွင်းမှာသာ ပိုမိုဖြစ်ထွန်းနိုင်ပါ သည်။ မိုးများပြီး စိုထိုင်းစများသောနေရာများတွင် စိုက်ပျိုးပါက အပင်များ ရောဂါကျလွယ်သည်။ ထို့ကြောင့် နေရာင်ခြည်ကောင်းစွာရရှိပြီး စိုထိုင်းစနည်းသော အရပ်တွင် သခွားစိုက်ပျိုးရန် သင့်လျှော်ပါသည်။
မြေပြုပြင်ခြင်း
ထယ်တစ်စပ်ထိုးပေးပြီးနောက် ထွန်ဖြင့်(၆) စပ်မှ (၈) စပ်အထိ ထွန်မွှေပေးရန် လိုအပ်ပါသည်။မိုးရွာလျှင် ရေမ၀ပ်စေရန်  ရေနှုတ်မြောင်း  များလည်း ဖောက်ပေးရမည်။ ထယ်ရေးညက်ပါက စိုက်ဘောင်များ (သို့မဟုတ်) စိုက်ကျင်းများြ့ပုလုပ်စိုက်ပျိုးနိုင်ပါသည်။
မြေသြဇာကျွေးခြင်း
နွားချေးမြေသြဇာကို တစ်ဧကလျှင် လှည်း (၁၀) စီးမှ (၁၅) စီး အထိထည့်ပေးပါ။ နွားချေးမြေသြဇာကို စိုက်ဘောင်ပြုလုပ်ရာတွင်  မြေကြီး   နှင့် ရောစပ်သမအောင် မွှေပေးပါ။ သခွားစိုက်ပျိုးရန်အတွက် ယူရီးယား ဓာတ်မြေသြဇာ (၂၂၄) ပေါင်မှ (၃၃၆)ပေါင်၊ တီစူပါ (၂၂၄)   ပေါင်မှ (၃၃၆) ပေါင်ထိ ထည့်ပေးပါ။
စိုက်ပျိုးနည်း
သခွားစိုက်ရန် အလျားပေ(၃၀)၊ အနံ(၃) ပေရှိ စိုက်ဘောင်များ ပြုလုပ်ပေးရမည်။ ဘောင်ပေါ်တွင် တစ်တန်းနှင့် တစ်တန်း (၁.၅) ပေနှင့် တစ်ပင် (၁.၅) ပေခွာပြီး သခွာစေ့များကို စိုက်ပျိုးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် သလွားစေ့ (၃-၄) စေ့ ထည့်ပေးပြီးအပင်များ  ပေါက်လာ  ၍ အရွက်(၂) ရွက်၊ (၃) ရွက်ထွက်လာပါက တစ်ကျင်းလျှင် တစ်ပင်သာချန်ပြီး မှုန်းပေးပါ။ အပင်ကလေးများ တက်နိုင်ရန် (၅) ပေ၊ (၆)  ပေရှိသော ၀ါးခြမ်းများထောင်ပေပးရမည်။ သခွားကို မိုးဦး မေလနှင့် ဇွန်လ ဆောင်းတွင်း အောက်တိုဘာလတွင် စိုက်ပျိုး နိုင်သည်။
တစ်ဧကမျိုးစေ့နှုန်း
တစ်ဧကလျှင် သခွားမျိုးစေ့ (၂၀၀) ဂရမ် မှ (၃၀၀) ဂရမ် အထိ ထည့်သွင်းစိုက်ပျိုးရန်  ဖြစ်ပါသည်။ တစ်ဧလျှင် အပင်ရေ (၁၉၀၀၀) ထက်မနည်း ရှိရပါမည်။
ရေသွင်းနည်း
သခွားကို မိုးတွင်းတွင် စိုက်ပါက ရေသွင်းပေးရန် မလိုသော်လည်း၊ ဆောင်းစိုက်များအတွက် စိုက်ချိန်တွင် တစ်ကြိမ်နှင့် အစိုဓာတ် အခြေအနေအရ ထပ်မံ၍ လိုအပ်ပါက ရေ(၂) ကြိမ်မှ (၄) ကြိမ်အထိ ပေးရန်လိုပါ သည်။
အပင်ပြုစုနည်း
သခွားစိုက်ပြီး (၁၅) ရက်မှ (၂၀) ရက်အတွင်း ပေါင်းတစ်ကြိမ် လိုက်ပေးရပါမည်။ သခွားသက်တမ်းတစ်လျှောက်တွင် ပေါင်းအခြေအနေ အရ (၂)ကြိမ်၊ (၃) ကြိမ် ပေါင်းလိုက်ပေးရပါမည်။ အပင်ကလေးများ ခါးကြပ်နေပါက အပင်ခြေရင်းကို မြေဆွပေးပြီးနောက်   မြေတောင်မြှေက်ပေးရပေမည်။
အသီးဆွတ်ခူးနည်း
သက်လတ်၊ သက်ကြီး၊ သက်လျင်မျိုးများတွင် (၄၅) ရက်မှ စ၍းလည်းကောင်း၊ သခွားသီးများ စတင်ဆွတ်ခူး နိုင်ပါသည်။ ရင့်မှည့်သော သခွားသီးများကို ဆွတ်ခူးရန် အရေးကြီးပါသည်။ နုသောသခွားသီးများကို ဆွတ်ခူးပါက အစိုဓာတ်များဧ။်။ သခွားသီးမှည့်ပါက အသီးအောက်ခြေရှိ အညှာအက်ကွဲလာသည်။
အထွက်နှုန်း
သခွားအထွက်နှုန်းသည် ရေ၊ မြေ၊ ရာသီဥတု၊ အပင်ပြုစုမှုအပေါ် မူတည်နေပါသည်။ သခွားတစ်ဧကလျှင် ကီလိုဂရမ် (၄၀၀၀) မှ (၅၀၀၀) အထိ ထွက်နိုင်ပါသည်။
မျိုးထုတ်လုပ်နည်း
ရင့်မှည့်၍ ရောဂါကင်းသော သခွားသီးကို ရွေးချယ်ပြီးလျှင် သခွားသီးကို ဓားဖြင့်ခွဲ၍ အတွင်းမှ အစေ့များကို ထုတ်ယူပြီး ၊ လေလုံသော ဘူးတွင်ထည့်၍ တစ်ညထားရမည် ဖြစ်ပေသည်။ ဤကဲ့သို့ ထားခြင်ဖြင့် အစေ့တွင် ကပ်နေသောအချွဲများ၊ အချဉ်ဓာတ်ပေါက်ပြီး ပျက်စီးသွားမည်ဖြစ်ပါသည်။ ၎င်းအစေ့များကို ရေဆေးပြီး နေ(၂) နေ၊ (၃) နေလှမ်း၍ လုံခြုံသောဘူးတွင် ထည့်ထားရန် လိုအပ်ပါသည်။
သိုလှောင်နည်း
သခွားသီးများကို (၀) ဒီဂရီစင်တီဂရိတ် (၁) ဒီဂရီစင်တီဂရိတ်၊ အခန်းတွင်း စိုထိုင်းစ(၉၀%) ပေးထားလျှင် တစ်ပတ်ခန့် သိုလှောင် ထားနိုင်မည် ဖြစ်ပါသည်။
သတိပြုရန်အချက်များ
(၁) သခွားပင်တွင် ကျရောက်သော ကျိုင်းကောင်များကို ထိရောက်စွာ နှိမ်နှင်းရန် လိုပါသည်။ ထိရောက်စွာ မနှိမ်နှင်းပါက အပင်ငယ်များ ပျက်စီးနိုင်ပါသည်။
(၃) သခွားသီးများ ရင်မှည့်မှ ခူးရန်လိုပါသည်။ နုစဉ်ခူးပါက အခါးဓာတ်များသည်။
Source by – ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း
The post သခွားသီးစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ခ၀ဲစိုက်ပျိုးနည်း
$
0
0
မျိုး
ဒေသမျိုးများတွင် အပုမျိုးနှင့် အရှည်မျိုး ဟူ၍ နှစ်မျိုး ရှိသည်။ အပု မျိုးသည် ခြောက်လက်မ ခန့်ရှည်ပြီး အသီး ပုံသဏ္ဌာန် မှာ အဖျား
ရှုး၍ အညှာပိုင်း ကြီးသည်။ အရှည် မျိုးသည် တစ်ပေခန့် ထိရှည်၍ အရင်းအဖျား ညီသည်။ ဆောင်းရာသီတွင် အပင် ငယ်ငယ်ဖြင့်
ပန်းပွင့် တတ်၍ သတိထား စိုက်ပျိုး ရသည်။ ရောဂါဒဏ်၊ ပိုးမွှား ဒဏ်ခံ၍ ဒေသနှင့် ကိုက်ညီသော မျိုးကို ထိန်းသိမ်း စိုက်ပျိုးသင့်သည်။
စိုက်ချိန်
မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အစိုက်များသည်။ စက်တင်ဘာ၊ အောက်တိုဘာလတွင် ခူးဆွတ်ကြသည်။ မြေပြန့်ဒေသများ
တွင် ဆောင်းနှင့် နွေတွင် စိုက်ပျိုးနိုင်သော်လည်း ရေကိုဝအောင်ပေးရပါမည်။ ဆောင်းရာသီတွင် အောက်ခြေမှ ငါးပေအထိ အသီးအ
ပွင့် များကို ချွေပြီးမှ အပေါ်အဆစ်မှ အသီးများကို ယူသင့်သည်။ မိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ၀ါးတန်း ထိုးစနစ်ဖြင့်သာ အ
စိုက်များသည်။
စိုက်ပျိုးခြင်း
တိုက်ရိုက် အစေ့ချ စနစ်ကိုသာ စိုက်ကြသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင် တစ်ပေကြား လက်မ၀က်ခန့်မြုပ်၍
စိုက်ပါ။ စိုက်ဘောင်ကို နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဆွဲ၍ တစ်ဘောင်နှင့် တစ်ဘောင် ငါးပေခြားဆွဲပါ။ တစ်ဧကလျှင် အပင် ၈,၀၀၀ ခန့်ရအောင်စိုက်ပျိုးပါ။ စင်ပေါ်သို့မရောက်မီ ကြားဝါး တန်းများကို တစ်ပေခြား ကန့်လန့်ဖြတ်ချည်ပေးရပါမည်။
မြေသြဇာထည့်သွင်းခြင်း
ခ၀ဲ တစ်ဧကလျှင် နွားချေး ဆွေးလှည်း ၁၀ စီးမှ အစီး ၂၀၊ ပုလဲ(၁-၂)အိတ်၊ တီစူပါ(၂-၄)အိတ်၊ ပိုတက်ရှ် မြေသြဇာ ၁၂ အိတ်ထည့်ပေး
သင့်ပြီး သဘာဝမြေဆွေး၊ ကြက်ချေး၊ နွားချေး၊ တီစူပါဓာတ်မြေသြဇာကိုရော၍ စိုက်ဘောင်အတွင်း သမအောင်မွှေ၍ ထည့်ပေးရမည်။ အသီးစတင်သီးချိန်တွင်ပုလဲ၊ ပိုတက်ရှ်နှင့် နွားချေးဆွေးတို့ကိုရော၍ ဘောင်အောက်ခြေမှ ဘောင်ထပ်ပြီး အစာထပ်မံကျွေးရပါမည်။
ခူးယူခြင်း
တစ်ဧကလျှင် သီးတောင့် ၂၀,၀၀၀ မှ ၃၀,၀၀၀ ခန့်ထွက်နိုင်သည်။
Source by – ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန်
The post ခ၀ဲစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ကွမ်းတစ်⁠နိုင်တစ်ပိုင် စိုက်ပျိုးနည်း
$
0
0
တစ်နိုင်တစ်ပိုင်အနေဖြင့် ကွမ်းတိုင်အနည်းဆုံး (၅၀၀) စိုက်ပျိုးရမည်ဖြစ်ရာ မြေအကျယ်အ၀န်းဖြင့်  ရင်ကွဲစိုက်မည်ဆိုလျှင် (၆၆ x ၃၃)ပေ လိုအပ်ပါသည်။ (၅၆၄)ပင် ၀င်ဆန့်ပါသည်။ တစ်ဖက်သတ် စိုက်မည်ဆိုပါက (၅၈ x ၃၆) ပေ လိုအပ်ပါသည်။
တွက်ချက်ဖော်ပြထားသော အကျယ်အ၀န်း အတိုင်းအထွာများမှာ အနည်းဆုံးအနေအထားကို ကိန်းဂဏာန်းသဘောအရ တိကျစွာ တွက်ချက်ထားခြင်း ဖြစ်ပါသည်။ မိမိတွင်ရှိသော မြေအကျယ်အ၀န်းဖြင့် ခန့်မှန်းချင့်ချိန်နိုင်ရန်အတွက် အနည်းဆုံးလိုအပ်ချက်ကို ဖော်ပြထားခြင်းသာဖြစ်ပါသည်။
မြေပြုပြင်နည်း
ကွမ်းခြံအတွက် မြေပြုပြင်ရာတွင် ရှေ့ပိုင်းတွင် ဖေါ်ပြထားသည့်အတိုင်း ပြုပြင်ရန်ပင် ဖြစ်ပါသည်။ စိုက်ကွက်ကျဉ်းသဖြင့် နွားထယ်/ ထွန်မ၀င်နိုင်ပါက လူအားနှင့်ပင်ပြုပြင်ရပါမည်။ ထည့်သွင်းပေးရမည့် နွားချေး၊ ဓါတ်မြေသြဇာများမှာ ဖော်ပြထားပြီးသော (၃၂ x ၃၀) ပေ အကျယ်အတွက် သတ်မှတ်ထားသော နှုန်းထားထက် (၂)ဆ ပိုထည့်ပေးရန်သာ ဖြစ်ပါသည်။
စိုက်စနစ်
ကွမ်းစိုက်မည့် ဘောင်ဟု သတ်မှတ်ထားသောအကျယ်မှာ (၂)ပေရှိ၍ ဘောင်အလျားမှာ (၂၈) ပေ ရှိပါသည်။ယင်းသို့သော ဘောင်မျိုး တစ်ဘောင်နှင့် တစ်ဘောင်ကြား လမ်းအဖြစ် (၃) ပေ ခွာထားပါသည်။ ရင်ကွဲစိုက်နည်းအသုံးပြုမည် ဆိုပါက ဘောင်တစ်နေရာ သတ်မှတ်ပြီးနောက် လမ်း (၄)ပေခြားကာ နောက်ထပ်ဘောင် (၆) ဘောင် ထပ်မံပြုလုပ်ရမည် ဖြစ်သည်။ ဘောင်များအားလုံး၏ ပတ်ပတ်လည်တွင် လမ်း (၃) ပေ အကျယ်ထားပေးပါသည်။ အလယ်လမ်း၏ ထိပ်တစ်ဖက်တစ်ချက်တွင် ကွမ်းခြံအတွင်း ၀င်ပေါက် ထွက်ပေါက်များ ထားပေးပါသည်။ (၆၆’ x ၃၃’)
တစ်ဖက်သတ်စိုက်နည်းအသုံးပြုမည်ဆိုပါက ဘောင်အရွယ်အစားမှာ (၂၈ x ၂) ပေပင်ဖြစ်ပြီး ဘောင် (၁၁) ဘောင်ကို (၃) ပေခြားကာ ဆက်တိုက်ပြုလုပ်ပေးရန် ဖြစ်ပါသည်။ စိုက်ကွက်အနံနှစ်ဖက်တွင် လမ်း (၃) ပေ ချန်ထားမည်ဖြစ်ပြီး ဘောင်များထိပ်ဖက်တွင် လမ်း (၄)ပေ ချန်ထားသည်။ ၀င်ပေါက်ကို စိုက်ကွက် အလျားဖက်အလယ်တွင် (၄) ပေကျယ်ထား ပေးရမည် ဖြစ်သည်။ (၅၈’ x ၃၆’)
ကွမ်းစိုက်ရန်အတွက် သတ်မှတ်ထားသော (၂၈ x ၂)ပေ  အကျယ်ရှိ ဘောင်နေရာတွင် (လောလောဆယ် ဘောင်မပေါ်သေးပါ)  ဘောင်အလျားလိုက် ဘောင်နှုတ်ခမ်းမှ  (၆) လက်မစီ ခွာ၍ စိုက်ကြောင်း (၂)ကြောင်း ဆွဲပေးရမည်။ ယင်းစိုက်ဘောင် (၂) ကြောင်းသည် (၁၂) လက်မ ကွာနေပါလိမ့်မည်။
စိုက်ကြောင်းနှစ်ကြောင်းဆွဲပြီးပါက စိုက်ကြောင်းတစ်ကြောင်းပေါ်တွင် ဘောင်ထိပ်မှ (၇) လက်မခွာ၍ မှတ်တိုင်စိုက်ပေးရမည်။ ဆက်လက်၍ ၄င်းမှတ်တိုင်မှ (၁၄) လက်မခွဲ၍ မှတ်တိုင်များ စိုက်ပေးရမည်ဖြစ်ရာ မှတ်တိုင်ပေါင်း (၂၄)တိုင် စိုက်ပြီးဖြစ်ပါလိမ့်မည်။ နောက်ဆုံးတိုင်သည် ဘောင်ထိပ်နှင့် (၇) လက်မကွာနေလိမ့်မည်။ နောက် ဒုတိယစိုက်ကြောင်းပေါ်တွင် မှတ်တိုင်များစိုက်ရာတွင် ပထမ စိုက်ကြောင်းပေါ်မှ မှတ်တိုင်များ၏ အလယ်ကောင်ကျသောနေရာမျိုးတွင် စိုက်ပေးရန်ဖြစ်ပါသည်။ မှတ်တိုင်များတစ်ခုနှင့် တစ်ခု (၁၄) လက်မကွာ ရရှိမည်ဖြစ်ပြီး မှတ်တိုင်ပေါင်း (၂၃) တိုင် စိုက်ပြီး ဖြစ်နေပါလိမ့်မည်။ ဘောင်တစ်ခုတွင် မှတ်တိုင်ပေါင်း (၄၇) တိုင်ရှိနေပါ လိမ့်မည်။
ဤကဲ့သို့ ပုံစံများစိုက်နည်းကို ဇရက်ခုန်စိုက်နည်းဟု ခေါ်ဆိုကြပါသည်။ အကွာအဝေး အနေအထားအရ မှတ်တိုင်များသည် သုံးနားညီ တြိဂံပုံ ရှိနေသည်။ စိုက်တန်း တစ်တန်းနှင့် တစ်တန်း ၁၂ လက်မစီ ကွာထားသော်လည်း ဘောင်ပေါ်တွင် ကွမ်းပင်များသည် တစ်ပင် နှင့်တစ်ပင်  (၁၄) လက်မစီ ကွာနေပါမည်။
မှတ်တိုင်များမှတ်ပြီးပါက (၉) ပေရှည် ၀ါးခြမ်းပြား သို့မဟုတ် ၀ါးလုံးငယ်များကို မှတ်တိုင်နေရာတွင် ခိုင်ခိုင်မြဲမြဲ မတ်မတ်စိုက်ထူ၍ ကွမ်းစင်ပေါ်မှ ၀ါးတန်းများနှင့် တွဲ၍ အခိုင်အမာချည်နှောင်ပေးရပါမည်။ ၀ါးခြမ်းပြားသုံးပါက တိုင်များ နွဲ့နေနိုင်သောကြောင့် မြေပြင်မှ (၄) ပေ အမြင့်တွင် ၀ါးခြမ်းပြားအရှည်ဖြင့် တိုင်များကို တွဲကာ ချည်ပေးရပါမည်။ ဤသို့ ပြုလုပ်ပေးခြင်းဖြင့် ကွမ်းတိုင်များတောင့်တင်းသွား မည်ဖြစ်သည့်အပြင် စိုက်ပြီးကာစ ကွမ်းပင်များကို အရိပ်ရရန် ကောက်ရိုးတုံးများ ခွတင်ပေးနိုင်မည် ဖြစ်ပါသည်။
ကွမ်းတိုင်များစိုက်ပြီးပါက မျိုးကွန်းညွန့်ကို ဒေါင်လိုက်ဖြစ်စေ၊ လှဲ၍ ဖြစ်စေ ဒေသနှင့် ဆီလျော်စွာ စိုက်ပျိုးနိုင်ပါသည်။သတိပြုရန်မှာ ကွမ်းတိုင်၏ ဘယ်ဖက်တွင်သော်လည်းကောင်း၊ ညာဖက်တွင် သော်လည်းကောင်း တစ်ဖက်သတ်စိုက်ပျိုးသွားရန်ဖြစ်ပါသည်။
ပြုစုနည်း
ရှေ့ပိုင်းတွင်ဖော်ပြပြီးသည့်အတိုင်း ပြုစုပေးရန်ဖြစ်ပါသည်။ ရေပေးရာတွင် ရေအစက်ချ စနစ်ကို အသုံးပြုစေလိုသည်။ ကွမ်းဘောင် တစ်ဘောင်တွင် ပိုက်တစ်ချောင်းသာ ချပေးရန် လိုအပ်သည်။ ယင်းပိုက်လိုင်းများမှာ ရေအစက်ရေအစက်ချပိုက်များကို (၇) လက်မခြား တပ်ဆင်ပေးပြီး စိုက်တန်းနှစ်တန်းအလယ်တွင် ချထားပေးရန် ဖြစ်ပါသည်။ (၃) ရက်တစ်ကြိမ်ခန့် အစက်ချပိုက်ကို ဖြုတ်၍ ရိုးရိုးပိုက် ပြောင်းတပ်ကာ ဘောင်ပေါ်တွင်ဖုံးအုပ်ထားသော ကောက်ရိုးများ စိုရွဲစေရန် ရေဖျန်းပေးသင့်ပါသည်။ ကွမ်းပင်ကိုလည်း ပက်ဖျန်းပေးခြင်း ဖြင့် ကွမ်းရွက်ပေါ်တွက် တင်နေသော ဖုန်မှုန့်များကိုလည်း ဆေးကြောပြီးသား ဖြစ်စေပါသည်။
လုပ်ကိုင်ဆောင်ရွက်ရမည့် နည်းစနစ်တစ်ခုမှာ ကွမ်းညွန့်များအမြစ်စွဲ၍ အပင်များ လန်းဆန်းကြီးထွားပြီး အရွက်သစ်နှစ်ရွက်ထွက် ကာစအချိန်တွင်  ကွမ်းညွန့်၏ ထိပ်ဖျားဖူးကို ဓားထက်ထက်ဖြင့် တဇောင်းဖြတ်ပစ်ရပါမည်။ ဤသို့ ဖြတ်ပစ်လိုက်ခြင်းဖြင့် မကြာမီအောက် အဆစ်များမှ ဘေးတက် (စလင်းတက်)များ ထွက်ထာမည်ဖြစ်ပါသည်။ ယင်းဘေးတက်များမှ  ကျန်းမာသန်စွမ်းသော ဘေးတက် ( ၃-၄) ပင် ရသကဲ့သို့ ဖြစ်စေပါသည်။ ၄င်းအပင်များမှ့ အရွက်များကို ခူးယူရန်ဖြစ်ပါသည်။ အညွန်း ထိပ်ပိုင်းတွင် ကွမ်းရွက် (၄-၅) ရွက်ချန်၍ အောက်ရွက်ကို (၁၅)ရက် တစ်ကြိမ် ခူးဆွတ်ရန် ဖြစ်ပါသည်။ သို့ဖြစ်၍ ကွမ်းပင်များမှာ အောက်လက်များရှင်း၍  ရိုးတန် သဖွယ်ဖြစ် နေပါလိမ့်မည်။ ၄င်းတို့ ကို စုစီး၍  ကွမ်းတိုင်တွင်  ချည်ပေးသွားရမည် ဖြစ်ပါသည်။
ကွမ်းပင်ကို ရွက်ဖျန်းမြေသြဇာ ပတ်ဖျန်းမည်ဆိုပါက အရွက်ကိုလည်း ဖျန်းပေးရမည် ဖြစ်သကဲ့သို့ ပင်စည်ရိုးတန်များကိုလည်း ပတ်ဖျန်းပေးရန် လိုအပ်ပါသည်။
သို့ဖြစ်၍ (၁၅)ရက် တစ်ကြိမ်ခူးတိုင်းကွမ်းတိုင် တစ်တိုင်မှ ကွမ်းရွက် (၄) ရွက် ရရှိမည်ဖြစ်ပြီး  ရင်ကွဲ စိုက်နည်းစနစ်မှ ကွမ်းရွက် (၂၂၀၀) ကျော် ရရှိမည်ဖြစ်ရာ (၄.၅)ပိဿာကျော် ရရှိနိုင်ပါသည်။
တစ်ဖက်သတ်စိုက်နည်းမှ ကွမ်းရွက် (၂၀၀၀) ကျော် ရရှိမည်ဖြစ်ရာ (၄) ပိဿာ ရရှိနိုင်ပါသည်။
အရွက်သေး              ၅၀ရွက်  = ၁၀ ကျပ်သား
အလယ်အလတ်         ၄၅ရွက်   = ၁၀ ကျပ်သား
အရွက်ကြီး                ၄၀ရွက်  = ၁၀ ကျပ်သား
ဖော်ပြပါ ပျမ်းမျှနှုန်းထားမှ ကွမ်းရွက် ၅၀ ရွက်လျှင် ၁၀ ကျပ်သားရှိသည်ကို အခြေခံတွက်ချက်ဖော်ပြခြင်း ဖြစ်ပါသည်။
ကွမ်းခွေခြင်း
ရာသီဥတုအခြေအနေကြောင့်လည်းကောင်း၊ ကွမ်းစင်အမိုးကို ထိနေ၍ လည်းကောင်း၊ ကွမ်းပင်များရောဂါကင်းကင်းနှင့် အခြေအနေ ကောင်း၍လည်းကောင်း ကွမ်းခွေနိုင်ပါသည်။ ဂရုပြုရန်အချက်မှာ ကွမ်းပင်များကို စိပ်စိပ်စိုက်ထားသောကြောင့် ကွမ်းတိုင်တွင် တွယ်ကပ် နေသော ကွမ်းပင် (၄)ပင်စလုံးကို ခွေချရန် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ အသန်စွမ်းဆုံးအပင်တစ်ပင်ချန်၍ ကျန် (၃)ပင်ကို အရင်းမှဖြတ်ပစ်ကာ ကျန်တစ်ပင်ကိုသာ ခွေချရမည် ဖြစ်ပါသည်။ ခွေထားသော ကွမ်းပင်ကို မြေမြှပ်ရန်အတွက် ကွမ်းပင်တန်းနှစ်တန်းကြား ကွမ်းပင်နှင့် တည့်တည့်နေရာတွင် ကျင်းရှည်တူး၍ မြှပ်ပေးနိုင်ပါသည်။
ချန်ထားသည့် ကွမ်းပင်ကို ထိပ်ညွန့်ဖြတ်၍ထွက်လာသော ဘေးတက် (၃-၄)တက်ကို ပြန်မွေးမြူရန် ဖြစ်ပါသည်။
Source by – မောင်ဌေးအန့် (ကွမ်းစနစ်တကျ စိုက်ပျိုးနည်း)
The post ကွမ်းတစ်⁠နိုင်တစ်ပိုင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
⁠သြဇာပင် စိုက်ပျိုးနည်း
$
0
0
သြဇာပင်များကို အစေ့ဖြင့် ပျိုးထောင်ယူကြသည်။ သြဇာစေ့ စိုက်ပျိုးသော ပျိုးခင်းမှာ အကျယ်နှစ်ပေ ရှိကြသည်။ ပျိုးဘောင်တွင် အကြောင်းဆွဲ၍ သြဇာစေ့များ သုံးလေးလက်မခြား၍ မြှုပ်ထားကြရသည်။ ပျိုးပင်များ ပေါက်လာကြသောအခါ မသန်စွမ်းသော အပင်များ ကို နုတ်ပစ်၍ သန်စွမ်းသော အပင်များကို ထားရသည်။
ပျိုးပင်များကို မိုးဦးကျရာသီတွင် ရွှေ့ပြောင်း၍ စိုက်ခင်းတွင် စိုက်ပျိုးကြရသည်။
စောင့်ရှောက်ထိန်းသိမ်းမှု လွယ်ကူစေရန် သြဇာပင်များကို တန်းစီစိုက်ပျိုးသင့်သည်။ တစ်နှစ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မြေဆွ ပေးရ သည်။ အမြစ်သစ်များထွက်မည့်အချိန်ကို အမြစ်ဖြတ်ခြင်းအမှုများကို ပြုလုပ်နိုင်သည်။မိုးရေနည်း၍ ရေငတ်သောအခါ ရေလောင်းပေးရသည်။
Source by – စိုက်ပျိုးနည်းပဒေသာ
The post ⁠သြဇာပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ကညွှတ်စိုက်ပျိုးနည်း
$
0
0
မြန်မာအမည်    – ကညွှတ်
အင်္ဂလိပ်အမည်  -ASPARAGUS
ရုက္ခဗေဒအမည်  – Asparagus officinalis
မူရင်းအမည်      – LILIACEAE
၁။မူရင်းဒေသ
မြေထဲပင်လယ် ကမ်းခြေဒေသ တစ်ဝိုက် ၊ ဥရောပ အနောက်ပိုင်း ၊ ဗြိတိသျှ ကျွန်းစုတောင်ပိုင်း၊ ဆိုဗီယက်နှင့် ပိုလန် နိုင်ငံများဖြစ်သည်။
၂။ ကညွှတ်အမျိုးအစားများ
ကမ္ဘာပေါ်တွင် ကညွှတ်အမျိုးအစားပေါင်း(၁၅၀) ခန့် ရှိပါသည်။ မြန်မာနိုင်ငံတွင် ကညွှတ်ရိုင်းများကို ဟင်္သာတ ၊ ဓနုဖြူ ၊ အင်္ဂဘို ၊ သာယာဝတီနယ်များတွင် စိုက်ပျိုးသည်ကို တွေ့ရှိရပါသည်။ မြန်မာကညွှတ်မျိုးများသည် အစို့ တုတ်ခိုင်သန်မာပြီး စားသောက်ရာတွင် သက်တက်တက်အရသာရှိပြီး  အမျှင်ပါဝင်၍ ဆေးဘက်ဝင်ပါသည်။ ယခုအခါကညွှတ်  စပ်မျိုးများကို စိုက်ပျိုးကြပြီး စပ်မျိုးကညွှတ် များသည် စားသောက်ရာတွင် နူးညံ့မှုရှိပြီး အထွက်စောပါသည်။
၃။မြေအမျိုးအစား
သဲနုန်းမြေ၊ နုန်းမြေမျိုးတွင် ကောင်းစွာဖြစ်ထွန်းပြီး သဲဆန်လွန်းသောမြေ ၊ စေးလွန်းသောမြေများကို မနှစ်သက်ပါ။ ရေဝပ်သောမြေတွင် အမြစ်ဥများပုပ်၍ အပင်သေနိုင်သဖြင့် မစိုက်ပျိုးသင့်ပါ။မြေချဉ်ငံဓာတ် ( ၆.၂. – ၆.၈ )ရှိ သောမြေတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။
၎။ ရာသီဥတု
သမပိုင်းရာသီကို ကြိုက်နှစ်သက်သော်လည်း မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးနိုင်ပါသည်။ အလွန်အေး သောအချိန်တွင် အပင်များ ကျတတ်ပါသည်။မိုးရေချိန် (၅၅ -၆၀) လက်မ ရွာသွန်းသည့်ဒေသများတွင် ကောင်း စွာဖြစ်ထွန်းပါသည်။ကညွှတ်ကောင်းစွာဖြစ်ထွန်းရန် နေရောင်ခြည် ကောင်းစွာ လိုအပ်ပြီး တစ်နေ့လျှင် နေ ရောင်ခြည်(၈) နာရီ ခန့်ရရှိရန် လိုအပ်ပါသည်။
၅။ မျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့ (၃၀၀ -၅၀၀) ဂရမ်သုံး၍ ပျိုးထောင်ပါ။
၆။ မျိုးစေ့အညှောင့် ဖောက်ခြင်း ၊ ပျိုးခြင်း
ကညွှတ်မျိုးစေ့များသည် အစေ့ငုပ်နားနေတတ်သည့် မျိုးစေ့ အုပ်စုတွင် ပါနေသဖြင့် မျိုးစေ့ငုပ်ခြင်းကို ချေဖျက် ပေးရန် မျိုးစေ့များကို ရေနွေး ကြက်သီးနွေး (၅၀ – ၅၅ံC)တွင်လေးနာရီ ကြာစိမ်ပေးပြီးနောက် ရေစစ်ထုတ်ပေး ပါ။ထို့နောက်မျိုးစေ့ကို ရေစစ်ပြီးစွပ်ကျယ်စ (သို့) ရေစုပ်နိုင်သည့် ပိတ်စ ဖြင့်ထုပ်ပြီး မြေအိုးအတွင်းသို့ ထည့် ပါ။မြေအိုးပေါ်မှ ပလပ်စတစ်အမည်းဖြင့်  လုံအောင်ဖုံးပြီး ရာသီဥတု ပေါ်မူ တည်၍ နေပူထဲတွင် (၃-၄)ရက်ခန့် ထားပေးပါ။မျိုးညှောင့်ပေါက်ပြီး မျိုးစေ့များကို မြေအသင့် ထည့်ပြီး ပျိုးအိတ် (သို့) ပျိုးဗန်းများ တွင် တစ်စေ့ခြင်း ထည့်၍ လည်းကောင်း ၊ အသင့်ပြုလုပ်ပြီး ပျိုးဘောင်တွင် တစ်စေ့နှင့် တစ်စေ့ တစ်လက်မခြား၍ ပျိုးပါ၊ ပျိုးစပ် မြေအဖြစ် မြေဆွေး(၂)ဆ ၊ နွားချေးဆွေးမှုန့် (၁)ဆ ၊စက်ဖွဲပြာ (၁)ဆ ၊ စက်ဖွဲဖြာ (၁)ဆ ၊ ရောစပ်အသုံးပြုပါ။
၇။ မြေပြုပြင်ခြင်း
ထပ်တစ်စပ် ၊ထွန်နှစ်စက် ညက်ညက်ထွန်ပေးပြီး ပေါင်းမြက်ကင်းစင်အောင် ကောက်ပေးရမည်။မိုးများသောဒေ သတွင် အကျယ်(၂)ပေ ၊ အမြင့်(၁- ၁.၅ )ပေ ဘောင်များဖြင့် စိုက်ပျိုးရပါမည်။ မိုးနှောင်းကာလနှင့် မိုးနည်း သောဒေသတွင် အကျယ် (၁ – ၁.၅ ) ပေ၊ အနက် (၈ -၁၀) လက်မ ထိ စိုက်ကျင်းမြောင်းရှည်များ တူးကာ စိုက် ပျိုးနိုင်ပါသည်။ မြေခံအဖြစ် နွားချေး ဆွေး ၊ စက်ဖွဲပြာ ၊စပါးခွံတို့ကို မြေမွစေရန် ထည့်သွင်းပေးရပါမည်။ (ပေ ၁၀၀ ဘောင် ၊မြောင်းတွင် နွားချေး (၅ -၁၀) အိတ် ၊ စက်ဖွဲပြာ (၃) အိတ် ၊စပါးခွံ (၃) အိတ် ထည့်ပေးပါ။
၈။စိုက်ပျိုးခြင်း
ပျိုးသက် (၂ -၃) လသားအရွယ်ရှိသော ပျိုးပင်များကို စိုက်ပျိုးပါ။ ပင်ကြား၊တန်းကြား  အကွာဝေး ကို (၂’ ×၂၅’)  (၁.၅’× ၄’) စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၈၇၁၂) ပင်နှင့် (၁.၅’× ၄’) စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၇၂၆၀) ပင်ဝင်ဆံ့ပါသည်။
၉။အပင်ပြုစုခြင်း
ပေါင်းမြက်များကို အပင်သက်တမ်းတစ်လျှောက် ရှင်းလင်းပေးခြင်း ၊ စက်ဖွဲပြာ ၊ စပါးခွံများ ထည့်ပေးခြင်း ၊ ဘောင်ထပ်ပေးခြင်း များကို အခါအားလျော်စွာ ပြုလုပ်ပေးရပါမည်။ခြောက်သွေ့ရာသီတွင် ရေပေးသွင်းခြင်း ကို မြေအစိုဓါတ်အပေါ်မူတည်ပြီး ပေးသွင်းရပါမည်။ စိုက်ပြီး အပင်သက်နှစ်လသားအရွယ်တွင် အပင်များကို ယိုင်လဲ မှုမရှိစေရန် တိုင်ထောင် ကြိုးတန်းပေးခြင်းကိုပြုလုပ်ပေးရပါမည်။ အပင် သက် (၃-၄)လသားအရွယ် မှစ၍ အပင်သားတက်ဖယ်ခြင်းကို တစ်အုံတွင် (၃-၄)ပင်ချန်၍ ပြုလုပ်ပေးရပါမည်။
ပင်စည်ကိုင်းများကို တစ်ပင်လုံး မညိုးခင် မဖြတ်ပဲပင်စည်ကိုင်းမှ အမြစ်ဥသို့ အစာပြောင်းရွှေ့ ပြီးမှသာ ပင်စည် ကိုင်းများကိုဖြတ်ပြီး သဘာဝမြေသြဇာ ၊ ဓါတ်မြေသြဇာထည့်ခြင်း ၊ ပြုလုပ်ကြပါသည်။ ပင်စည်အသစ်များ အားကောင်းချိန်တွင် ပင်စည်ဟောင်းများ မညိုး မှီဖြတ်ပေး၍ မြေသြဇာကျွေးခြင်းကို ဆောင်ရွက်ပါက အထွက် မလျော့စေသည့်  အပြင်အကြိမ်အရေအတွက်များ များခူးဆွတ်နိုင်ပါသည်။ ရေသွင်းရေထုတ်ကောင်းစေရန် ရေသွင်းရေထုတ်မြောင်းများကို စနစ်တကျတူးဖော်ထားရှိရမည်။ အပင်သက်တမ်းတစ်လျှောက် နှစ်ပတ် တွင် တစ်ကြိမ် နှမ်းဖက်ပုပ်ဖျော်ရည်ကို အပင်ခြေတွင် လောင်းပေးပါ။(နှမ်းဖက်နှင့် နွားချေးအစို(၃) ပိဿာကို  ရေ ၁၅ ဂါလံနှင့်ရောစပ်၍ (၁ဝ)ရက်ခန့် အဖုံး ပိတ်အပုပ်ခံ ပြီးနှပ်ထားပါ။
၎င်းအပုပ်ရည် နို့ဆီဗူးတစ်ဘူး နှင့် ရေ (၄) ဂါလံ ရောစပ်ပြီး တစ်ပင်လျှင် နို့ဆီဘူးတစ်ဝက်ခန့်လောင်းပေးပါ။
၁၀။မြေသြဇာကျွေးခြင်း
ကညွှတ်ကို  အောက်ပါမြေသြဇာနှုန်းထားအတိုင်း မြေအမျိုးအစားနှင့် သက်တမ်းအလိုက် ထည့်သွင်းရပါမည်။ မိုးဦးကျတွင် တစ်ကြိမ် ၊မိုးနှောင်းပိုင်းတွင်  တစ်ကြိမ်နှစ်ကြိမ်ခွဲ၍ ထည့်ပေးရန် (သို့) ပေါင်းရှင်းပြီး တိုင်း၊ပင်စည် ဟောင်းဖြတ်ပြီး တိုင်းအကြိမ်ကြိမ် ခွဲကျွေး ရန်ဖြစ်ပါသည်။
၁၁။ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း
ပိုးမွှားရောဂါ ကျရောက်မှုကို ဘက်စုံပိုးမွှား ကာကွယ် နှိမ်နှင်းရေး နည်းလမ်းများဖြင့် ကြိုတင်ကာကွယ်ရမည်။ ကညွှတ်တွင် ကျိုင်း ၊ ငမြောင်တောင် ၊ ပျ ကျရောက်ပါက ကာဘရိုင်း ၊ ဘာမတင် နှင့် တမာပိုးသတ်ဆေးများ ဖြင့်လည်းကောင်း ၊ပင်စည်ပုပ်ရောဂါ၊ အမြစ်ပုပ် ရောဂါ၊ မြစ်ဥပုပ်ရောဂါ ၊ သံချေးရောဂါများ ကျရောက်ပါက ကာဗင်ဒါဇင် Pro –One မန်ကိုဇက်နှင့် ကာဆူမင် စသည့် မှိုသတ်ဆေးများ ဖြင့်လည်းကောင်း အညွှန်းအတိုင်း ပက်ဖျန်း၍ နှိမ်နှင်းရပါမည်။
၁၂။ ရိတ်သိမ်းခြင်း
အပင်သက်တမ်း (၆ -၈) လမှစတင်ပြီး ကညွှတ်အစို့များကို စတင်နုတ်ယူပြီး ရောင်းချနိုင်ပြီ ဖြစ်ပါသည်။ အပက်ပြုစုမှုအပေါ်မူတည်ပြီး ကညွှတ် (၁) ဧကမှ နေ့စဉ်ပိဿာ (၂၀ -၃၀) အထိ ရရှိနိုင်ပါသည်။စိုက်ပျိုး သူများသည် အပင်သက်တမ်း (၅-၆) နှစ်အထိသာ ထားပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ကညွှတ်စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
နေကြာသီးနှံတွင် ကျရောက်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နှင်းနည်းများ
$
0
0
(၁) ဖြုတ်စိမ်း
ကျရောက်သည့်အချိန်
အပင်ငယ်စဉ်တွင် ရွက်နုစထွက်သည်မှ အပင်ကြီးအထိ ကျရောက်နိုင်သည်။ ရာသီဥတု စွတ်စိုထိုင်းမှိုင်းသော အချိန်တွင် ပိုတွေ့ရသည်။
ဖျက်ဆီးပုံလက္ခဏာ
အရွက်အောက်မျက်နှာပြင်တွင် စုနေ၍ ရွက်ကြောများမှ သစ်ရည်ကို စုပ်ယူစားသောက်သည်။ ရွက်ကြောများ တွင် ပိုးမမည်ကောင်ရော အကောင်ကြီးပါ စုပ်စားသဖြင့် အပင်အားနည်းပြီး အရွက်များ လိမ်ကောက်တွန့်လိမ် ကုန်သည်။ အရွက်များ ခြောက်ကုန်သည်။
ဘဝစက်ဝန်း
အမသည် အရွက်မျက်နှာပြင်ကို ဥအုတံနှင့် ထိုးဖောက်ပြီးအုသည်။ ဥမှ အကောင်ငယ်များပေါက်လာပြီး ပိုးမမည်သည် အတောင်မပါ အရေခွံခြောက်ခါလဲပြီးမှ အကောင်ကြီးဖြစ်သည်။ဥဘဝတွင် (၁၀)ရက် ၊ ပိုးမမည် ဘဝတွင် (၁) ၊အကောင်ဘဝတွင် (၄၅) ရက် ကြာသည်။
ကာကွယ်နှိမ်နှင်းနည်း
(၁) ဂေါ်ချို ၇၀ % ရေဖျော်ဆေးမှုန့် (၅) ဂရမ်ကို နေကြာမျိုးစေ့ တစ်ကီလိုဂရမ်နှင့် လူးနယ်စိုက်ပျိုးပါ။
(၂) အရွက်တစ်ရွက်တွင် ဖြုတ်စိမ်း (၆)ကောင် (သို့) အရွက်များ စကုပ်လာပါက ပင်လုံးပြန့်ပိုးသတ်ပေါင်း မြက်များကို နှိမ်နှင်းပါ။
 (၂) ပျပိုး
ကျရောက်သည့်အချိန်
အပင်ငယ်စဉ် ရွက်နုထွက်စမှစ၍ ကျရောက်နိုင်သည်။ ပျပိုးများကျရောက်ပါက အရွက်များ လိမ်ကုပ်ကုန်၏။ အပင်ငယ်စဉ်တွင် ကျပါက အပင်ကြုံလှီနေသည်။ ကြီးထွားမှုမရှိဘဲ အပင်နုသကဲ့သို့ ဖြစ်နေသည်။
ဘဝစက်ဝန်း
ပိုးလောင်းကောင်များသည် ဥမှ အကောင်ပေါက်လာနိုင်သကဲ့သို့ အမမှ အကောင်လိုက်လည်း မွေးနိုင်သည်။ မျိုးပွားမှု မြန်ဆန်သည်။ အတောင်ပါသော အကောင်များသည် အဝေးသို့ပျံနိုင်ပြီး အတောင်မရှိ သောအကောင် များသည် အနီးအနားအပင်သို့သာ ကူးသွားနိုင် ပါသည်။ ပျပိုးများ၏ အရောင်သည် စိမ်းဝါ၊ စိမ်းညို၊ အညိုရောင်နှင့် အစိမ်းနက်တို့ဖြစ်သည်။
ကာကွယ်နှိမ်နှင်းနည်း
(၁) ပျစားလိပ်ခုံးကျိုင်းများနှင့် ပျစားယင်၏ ပိုးလောက်ကောင်များသည်သားရဲကောင်နှင့် ကပ်ပါးပိုးများဖြစ် ကြသည်။ဇာတောင်ပိုး (Lace wing Bug) များကိုလည်း ပျရှိသောအခင်း၌ တွေ့ရှိရတတ်သည်။
(၂) ပုရွက်ဆိတ်သည် ယင်းဦးမှင် (Antenna) ဖြင့်ပျများကို အချိုရည်ထုတ်ရန် လှုံ့ဆော်၍ ပျပိုးများကို တစ် နေရာမှ တစ်နေရာသို့ သယ်ဆောင်သောကြောင့်  ပုရွက်ဆိတ်များနှိမ်နှင်းခြင်းဖြင့် ပျပိုးပြန့်ပွားမှုကို ထိန်းချုပ် နိုင်ပါသည်။
(၃) ပျပိုး ကျရောက်မှုများပြားပါက ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။
(၃) ယင်ဖြူ
 ကျရောက်သည့်အချိန်
အပင်ငယ်စဉ်မှ စတင်ကျရောက်ပြီး ရာသီဥတု ပူအိုက်စွတ်စိုပါက ပိုမိုကျရောက်နိုင်သည်။
ဖျက်ဆီးပုံလက္ခဏာ
အရွက်များကို စုဝေး၍ စုပ်စား ကြသည်။ အရွက်အောက်မျက်နှာပြင်တွင် အကောင်ကြီး၊ပိုးမမည် ၊ရုပ်ဖုံးများကို တွေ့နိုင်ပါသည်။ ဆိုးရွားစွာကျပါက အရွက်များ ဝါပြီး ညှိုး၍ သေကုန်သည်။အပင်အရွက် ပုကုန်သည်။
ဘဝစက်ဝန်း
အရွက်အောက်မျက်နှာပြင်တွင် အညှာပါသော ဥအဝါလေးများကို တွေ့ရမည်။ ပိုးမမည်များသည် အရေခွံ (၃) ကြိမ်ပြောင်းပြီး ရုပ်ဖုံး စဖြစ်သည်။ ဥဘဝမှ အကောင်ကြီး ဘဝထိ (၂) ပတ်မှ (၃) ပတ်ကြာသည်။
ကာကွယ်နှိမ်နှင်းနည်း
(၁) စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်း၊မြက်များကိုရှင်းလင်းပါ။
(၂) မှောင်စပျိုးချိန်တွင် အကောင်ကြီးများကို တစ်စုတစ်ဝေးတည်း ဖမ်းယူဖျက်ဆီးပစ်နိုင်ပါသည်။
(၃) နဂျီ ကပ်ပါးများနှင့် လိပ်ခုံးကျိုင်းများသည် ယင်ဖြူ၏သဘာဝရန်သူများ ဖြစ်ကြပါသည်။
(၄) ယင်ဖြူများဆိုးရွားစွာ ကျပါက ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။
(၅) ဂေါ်ချို ၇၀ % ရေဖျော်ဆေးမှုန့် (၅) ဂရမ်ကို မျိုးစေ့တစ်ကီလိုဖြင့် လူးနယ်စိုက်ပျိုး ခြင်းဖြင့် အပင် ပေါက် (၄၅) ရက်သားအထိ စုပ်စားသည့် ပိုးများမှ ကင်းစင်နိုင်ပါသည်။
(၄) ပိုးနဂါး
ကျရောက်သည့်အချိန်
အပင်ငယ်မှ အပင်ကြီးထိကျရောက်နိုင်သည်။
ဖျက်ဆီးပုံလက္ခဏာ
အကောင်ငယ်စဉ်တွင် အရွက်စိမ်းပိုင်းကို ခြစ်စားသည်။ အစုလိုက်အပြုံလိုက် စားသည်။ အရွယ်ကြီးလာသော အခါ အရွက်များကို ကိုက်စားသည်။ အရွက်များမှာ အဖြူကွက်များဖြစ်နေပြီး ၊ အချို့အရွက်မှာ စုတ်ပြတ်နေ သည်။
ဘဝစက်ဝန်း
အရွက်ပေါ်တွင် ဥ (၁၀၀) ခန့် အစုလိုက် အုသည်။ ဥမှ ပေါက်ခါစ ပိုးလောက်ကောင်များသည် အရွက်ပေါ်တွင် စုနေပြီး ခြစ်စားကြသည်။ ဆိုးရွားစွာ ကျပါက  တစ်ရွက်လုံး ပြောင်စင်အောင် ခြစ်စားပြီး အခြားတစ်ရွက်သို့ ပြောင်းသွားသည်။ (၄-၅) ရက်ကြာလျှင် တစ်ကောင်စီ ပျံ့နှံ့သွားသည်။ ရုပ်ဖုံးကို မြေကြီးထဲတွင် ပြုလုပ်သည်။
ကာကွယ်နှိမ်နှင်းနည်း
(၁) ဥများ ၊ ပိုးလောက်ကောင်များသည် အရွက်တွင် စုဝေးနေသဖြင့် ၄င်းအရွက်များကို ရှာဖွေဖျက်စီး ပစ်ပါ။
(၂) အပင် (၁၂) ပင်တွင် ပိုးလောက်ကောင် (၅၈) ကောင်ထက်ကျော်ပါက ထိသေ (သို့မဟုတ်) ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။
(၅) ရွက်စုံစားခူဝါ
ကျရောက်သည့်အချိန်
အပင်သက်တမ်းတစ်လျှောက်လုံးတွင် ကျသည်။
ဖျက်ဆီးပုံလက္ခဏာ
ငယ်စဉ်အခါတွင် အရွက်များ၏အစိမ်းရောင် တစ်သျှူးသားကို ခြစ်စားသည်။ အရွက်များ အစိမ်းရောင် ပျောက် ပြီး ဇာကဲ့သို့ အမှေးပါး သာကျန်ရစ်ခဲ့သည်။ အနည်းငယ်ကြီးလာသောအခါ အပင်တစ်ပင်မှ အခြားအပင်သို့ ပျံ့နှံ့သွားပြီး အရွက်များကိုလည်း ကိုက်ဖြတ်စား သည်။ အကောင်ကြီးများကြောင့် အရွက်၊ အညွှန့် ၊စုတ်ပြတ်နေ သည်။
ဘဝစက်ဝန်း
အရွက်များပေါ်တွင် ဥများကို အစုလိုက်အုသည်။ဥတစ်စုတွင် ဥပေါင်း(၁၀၀)ကျော်ခန့်ပါရှိပြီး ဥမှပေါက်လာသော ပိုးလောက်ကောင် စား သောက်ရင်း ကြီးထွားလာပြီး မြေကြီးအတွင်းတွင် ပါးစပ်မှ ပိုးချည်မျှင် များထုတ်၍ ရုပ်ဖုံး အိမ်ပြုလုပ်ကာ ရုပ်ဖုံးပြုလုပ်သည်။ ရုပ်ဖုံးမှာ မြေကြီးခဲများနှင့် ရောနှော၍ လွယ်ကူစွာ  မမြင်နိုင်ပါ။ ဥဘဝတွင် (၅-၆) ရက်၊ ပိုးလောက်ကောင်ဘဝတွင်  (၃) ပတ်နှင့် ရုပ်ဖုံးဘဝတွင် (၇-၈) ရက်ကြသည်။တချို့ ရုပ်ဖုံးများ သည် (၇) လမှ  (၈) လအထိဆောင်းအောင်းသည်။
ကာကွယ်နှိမ်နှင်းနည်း
(၁) အစုအဝေးလိုက်ရှိသော ဥများနှင့် ပိုးလောက်ကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးပစ်ပါ။
(၂) ပိုးလောက်ကောင်၏ ကြီးထွားပုံအဆင့်ကိုလိုက်၍ စီးပွားရေးထိခိုက်သည့်အဆင့် သတ်မှတ်နိုင်၏။ အပင် (၁၂) ပင်တွင် ပထမအဆင့် ပိုးလောက်ကောင် (၅၈) ကောင် တွေ့ရှိပါက ထိသေပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်ပါ။
(၆) အပွင့်စားပိုး
ကျရောက်သည့်အချိန်
နေကြာပင် ပန်းပွင်းချိန်၌ စတင်ကျရောက်တတ်သည်။
ဖျက်ဆီးပုံလက္ခဏာ
ပိုးလောက်ကောင်များသည် တစ်ခါတစ်ရံ အရွက်၏ မျက်နှာပြင်ကို ခြစ်၍ စားသောက်ဖျက်ဆီးတတ်သည်။အ များအားဖြင့် အပွင့် မျက်နှာပြင်ပေါ်တွင် စားသောက်ဖျက်ဆီးသည်။ အရွက်များတွင် စားပါက ၊ အကြောမျှင် သာ ကျန်ခဲ့ပြီး ၊ အပွင့်မျက်နှာပြင်တွင် စားသောက် ပါက ၊အသီးများတွင် အပေါက်များတွေ့ရပြီး အသီးမရင့် မှည့်မီ ကြွေကျနိုင်သည်။
ဘဝစက်ဝန်း
ဖလံအမသည် ညအချိန်တွင် ဥများကို အရွက်မျက်နှာပြင် (သို့) အညွှန့်အောက် မျက်နှာပြင်တို့တွင် တစ်လုံး စီအုသည်။ ပိုးလောက် ကောင် တစ်ကောင်သည် နေကြာ အညွှန့်များစွာကို ဖျက်ဆီးနိုင်သည်။ပန်းပွင့်လာပါက ပန်းပွင့်ကိုစားသည်။ ဥဘဝတွင် (၂-၁၀) ရက် ၊ပိုးလောက်ကောင်ဘဝတွင် (၂-၃ )ပတ် ၊အကောင်ကြီးဘဝတွင် (၁၀) ရက်ကြာသည်။
ကာကွယ်နှိမ်နှင်းနည်း
(၁) နေကြာပင်၏ အရွက်များပေါ်တွင်ဥများကို စတင် တွေ့ရလျှင်သောလည်းကောင်း၊ အပွင့်၏ ၅% ပျက်စီးနေ လျှင်သော်လည်းကောင်း ထိသေပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။
(၂) စိုက်ပျိုးချိန်တွင် ပင်လုံးပြန့်ထိတွေ့ ပိုးသတ်ဆေးအခက်အခဲများဖြစ်သော Diazinon 10% G, Lorsban 15 % G တစ်မျိုးမျိုးကို တစ်ဧကလျှင် (၁၀) ကီလိုနှုန်း စိုက်ကြောင်းတွင် ထည့်သုံးခြင်းဖြင့် မြေတွင်းရှိ ပိုးရုပ်ဖုံးများ ကိုသေစေနိုင်ပါသည်။
(၇) ထွာကောင်စိမ်း
 ကျရောက်သည့်အချိန်
အပင်ကြီးရင့်ချိန်တွင် ကျရောက်သည်။
ဖျက်ဆီးပုံလက္ခဏာ
အရွက်များကို ကိုက်ဖြတ်စားသောက်ခြင်းကြောင့် အရွက်များ ပေါက်ပြဲနေသည်။
ဘဝစက်ဝန်း
ဥများကို အရွက်ပေါ်တွင် ကပ်အုသည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်များသည် အရွက်များကို ကိုက်ဖြတ်စားသည်။ ပိုးချည် မျှင်များဖြင့် ပူးကပ်၍ အရွက်ပေါ်တွင် ရုပ်ဖုံးပြုလုပ်သည်။ ဥဘဝတွင် (၃-၄) ရက်၊ ပိုးလောက် ကောင်ဘဝတွင် (၂၁)ရက် ၊ရုပ်ဖုံးဘဝတွင် (၇) ရက်ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
(၁) အပင် (၁၀၀)တွင် ထွာကောင်စိမ်းပိုးလောက်ကောင်(၂၀) ကောင်တွေ့ပါက ထိသေပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နင်း သည်။
(၂) ပိုးကျရောက်မှုနည်းပါးက ပိုးလောက်ကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးပစ်နိုင်သည်။
Source by – လယ်/ဆည်
The post နေကြာသီးနှံတွင် ကျရောက်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နှင်းနည်းများ appeared first on Myanmar Farmers' Portal.
⁠ဆေးဘက်ဝင်မှို(လင်ဇီး)စိုက်ပျိုးနည်း
$
0
0
ကော်ဖီ – ရာသီသီးနှံဌာနခွဲ
ဆေးဖက်ဝင်မှို (လင်ဇီး) စိုက်ပျိုးနည်း
မှိုစိုက်ပျိုးနည်း
၁။မှိုထုပ်များကို လေဝင်လေထွက်ရရှိ၍  တိုက်ရိုက်နေမပူသောနေရာတွင် ထားပါ။ အပူရှိန် ( ၂၄ံ – ၃၀ံ) စင်တီဂရိတ်ရှိရမည်။
၂။မှိုထုပ်ကို စင်များပေါ်တွင် ထောင်၍သော်လည်းကောင်း လှဲ၍သော်လည်းကောင်း မြေတွင်ထောင်၍ လည်းကောင်း ၊ စိုက်ပျိုးနိုင် ပါသည်။
မှိုထုပ်ထိပ်ဝရှိ ဂွမ်းကိုမဖြုတ်ဘဲ  နေ့စဉ်ရေဖြန်းကရားဖြင့် (၁) ကြိမ်မှ (၂) ကြိမ် ရေလောင်းပေးရသည်။
စိုက်ခန်းတွင် စိုထိုင်းဆ (၈၀ × မှ ၉၀ × ) ရှိရမည်။
၃။အစိုဓါတ်ကောင်းမွန်စွာရရှိရန်  စိုက်ခင်း၏ ကြမ်းပြင်တွင် သဲ(သို့မဟုတ်) စက်ဖွဲပြာခင်းထားပေးရမည်။
၎။ ရေစတင်လောင်းသည်မှ (၂) ပတ်ခန့်အကြာတွင် မှိုထုပ်အဝ တွင်ရှိ ဂွမ်းမှ မှိုသန္ဓေခဲ စတင်ထွက်ရှိသည်မှ ရက်(၂၀) ခန့်အကြာတွင်  ဆွတ်ခူးနိုင်သည့်အဆင့်သို့ရောက်ရှိပြီး မှိုဆွတ်ခူးရာတွင် မှိုပွင့်ရိုးတံအရင်းမှ ဒါး (သို့မဟုတ်) ကပ်ကျေးဖြင့် လှီးဖြတ်ဆွတ်ခူးရမည်။
၅။ပထမအကြိမ် ဆွတ်ခူးပြီး မှိုထပ်များကို (၇) ရက်ခန့်ရေမလောင်းဘဲထားရမည်။ ထိုရက်အတွင်း လှီးဖြတ်ထားသော မှိုရိုးတံ မျက်နှာ ပြင်မှ မှိုသန္ဓေခဲအသစ် ထွက်ရှိမည်ဖြစ်ပါသည်။
၆။ဤနည်းအတိုင်း မှိုထုပ်ကို အနည်းဆုံး (၅ လမှ ၆ လ)ကြာသည်အထိ (၇-၈)ကြိမ် ဆွတ်ခူးနိုင်ပါသည်။
၇။(၃-၄)ကြိမ် ဆွတ်ခူးပြီးသောမှိုထုပ်များကို ပလပ်စတစ်အိတ်များခွာ၍  မြေကြီးတွင် မြုပ်ကာ ရေလောင်းပေးခြင်း အားဖြင့် မှိုပွင့်ထပ်မံ ထွက်ရှိလာနိုင်ပါသည်။
၈။နေရောင်ခြည်ဖြင့် အခြောက်ခံပါက နေပြင်းပြင်းတွင် (၃) ရက်ခန့် အခြောက်ခံရမည်ဖြစ်ပါသည်။အခြောက်ခံ စက်ဖြင့် အခြောက် ခံပါက လေဝင်လေထွက်ရရှိသော အခြောက်ခံကိရိယာတွင် အပူချိန် (၄၅ံ – ၅၀ံ) စင်တီဂရိတ် တွင် ၁၄ နာရီကြာမျှ အခြောက်ခံရပါမည်။
၉။ ဆေးဖက်ဝင်အာနိသင်
အာရုံကြောသေခြင်း ၊အကြောသေခြင်း ၊ ရင်ကျပ်ပန်းနာ ၊ ရင်ဆို့နာ ၊ နှလုံးသွေးခဲခြင်း ၊ သွေးတိုးရောဂါ ၊အသည်းရောဂါတီပိုး ၊ကင်ဆာ ရောဂါ ၊ ကျောက်ကပ်ရောင် ၊ အစာအိမ် ၊ အူသိမအနာရောဂါ ၊ မှိုအဆိပ် သင့်ခြင်း စသည့်ရောဂါများကို ကာကွယ်ပျောက်ကင်းစေပါသည်။
၁၀။သုံးစွဲနည်း
မှိုအခြောက် (၁၀) ဂရမ်ကို ရေနွေး ၁ လီတာတွင် ထည့်၍ တစ်ညတာနှပ်ထားပြီး   နောက်တစ်ရက်တွင် သောက်သုံးရပါသည်။ ရေနွေး ၁လီတာ ကုန်ခမ်းသွားပါက မူလ မှိုအခြောက်အဖတ်များကို ဖယ်ရှားခြင်း မပြုဘဲ  နောက်ထပ်ရေနွေး ၁ လီတာ ထပ်ထဲ့၍  နှပ်ထားပြီး ဆက်လက် သုံးစွဲနိုင်ပါသည်။ ဤနည်းအတိုင်း (၃) ကြိမ်ခန့် သုံးစွဲပြီးပါက မူလမှိုအခြောက်အဖတ်များကို ဖယ်ရှားခြင်းမပြုဘဲ မှိုအခြောက် အဖတ် (၁၀) ဂရမ် ထပ်မံထည့်ပြီး   အထက်ပါနည်းအတိုင်း  ဆက်လက်သုံးစွဲနိုင်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ⁠ဆေးဘက်ဝင်မှို(လင်ဇီး)စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
⁠ဆေးဖက်ဝင် သစ်ခွမျိုးများ စီးပွား⁠ဖြစ် စိုက်ပျိုးထုတ်လုပ်နည်း
$
0
0
ဆေးဖက်ဝင်သစ်ခွမျိုးများ
သဘာဝပေါက် သစ်ခွများအနက် (Dendrobium) မျိုးရင်းအတော်များများသည် ဆေးဖက်ဝင်သစ်ခွများ ဖြစ်သည်။ အောက်ပါသစ်ခွများ သည် ဆေးဖက်ဝင်သစ်ခွများအဖြစ် စိုက်ပျိုးနိုင်ပါသည်။
(၁) သစ်ခွနီ               D.devonianum
(၂) ရွှေတူမောက်ခမ်းဝါ  D.chrysanthum
(၃) အာမဲလက်တံတို     D.fimbriatum
(၄) ၀ါဆိုပန်း              D.candidum
(၅) ဒေါင်းမြီးသစ်ခွ       D.nobile
(၆) ပန်းဖြူသစ်ခွ                   D.eniiflorum
(၇) မဟာဒေ၀ီ            D.williamsonin
(၈) မြေသစ်ခွ             D.densiflorum
(၉) အဆစ်သစ်ခွ         D.falconeri
(၁၀) သစ်ခွခါး            D.crepidatun
(၁၁) ရေသစ်ခွ           D.parashii
ကြိုက်နှစ်သက်သည့် ရာသီဥတုနှင့် အခြေအနေ
ဆေးဖက်ဝင်သစ်ခွများသည် အလွန်အေးသော ပူတာအိုမြောက်ဖျား ချင်းပြည်နယ်မှ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးရိုးမအထိ ပေါက် ရောက်သည်ကို တွေ့ရှိရပါသည်။ အများအားဖြင့် အပူချိန် (၂၀ံ) မှ (၃၀ံ) စင်တီဂရိတ်ကြားမှာ ကောင်းစွာရှင်သန်ပေါက်ဖွားပြီး အများ အားဖြင့် သစ်ပင် (သို့မဟုတ်) ကျောက်ကမ်းပါးများတွင် ပေါက်ရောက်ကြပါသည်။ လေကောင်းလေသန့်ကောင်းစွာရရှိမှုကို ကြိုက်နှစ် သက်ပြီး ရေအမြဲစိုစွတ်နေခြင်းကိုလည်းကောင်း၊ အလွန်ခြောက်သွေ့နေခြင်းကိုလည်းကောင်း မနှစ်သက်ကြောင်း တွေ့ရှိရပါသည်။
ပျိုးပင်များစုဆောင်းခြင်းနှင့် မျိုးနှုန်း
စိုက်ခင်းတွင် စိုက်ပျိုးနိုင်မည့်မျိုးကို အပင်တစ်သျှူးနည်းဖြင့် ပွားများထားသော ပျိုးပင်များ (သို့မဟုတ်) သဘာဝတောတောင်များမှ ပေါက် ပွား နေသော သစ်ခွအုံများမှဖဲ့၍ ရှာဖွေစုဆောင်းနိုင်သည်။ သစ်ခွခြောက်မက်ထရစ် တစ်တန်ရရှိရန် ပျိုးပင်သစ်ပင်လျှင် (၃)ကျပ်သားရှိ ပျိုးပင် (၂၀၅၀၀) ခန့် စိုက်ပျိုးရန် လိုအပ်မည်ဟု ခန့်မှန်းပါသည်။
စိုက်ခင်းပြုပြင်နည်း
ဆေးဖက်ဝင် သစ်ခွများကို စီးပွားဖြစ် စိုက်ပျိုးလိုလျှင် မြေပြင် (အများအားဖြင့် ၃၀ံ ထက် မစောင်းသော တောင်စောင်း) များတွင် အရိပ်ပေး၍ စိုက်ပျိုးနိုင်ပါသည်။
သစ်ခွစိုက်ပျိုးမည့်မြေသည် ပေါင်းမြက်ကင်းရှင်းရမည်။ ရေ၀ပ်ဧရိယာ မဖြစ်စေရ။ သွားလာရေးလွယ်ကူပြီး သဘာဝအန္တရာယ်များ ကျရောက်သည့်ဒေသမဖြစ်ရပါ။ ရေကောင်းစွာရရှိပြီး လေ၀င်လေထွက် ကောင်းမွန်ရပါမည်။
သစ်ခွပင်များသည် ကပ္ပါးပင်များဖြစ်သဖြင့် တွယ်ကပ်ရန် အမြစ်မွားများသာ ထွက်လေ့ရှိပါသည်။ ထို့ကြောင့် စိုက်ခင်းများတွင် စိုက်ပျိုး မည် ဆိုလျှင် (၆လက်မ x 4လက်မ) အရွယ်ရှိကျောက်ခဲများ၊ (၄လက်မ x 2လက်မ) ရှိ ကျောက်ခဲနှင့် အုတ်ခဲကျိုးများ၊ အုန်းဆံဖတ်   ခြောက် သစ်ဆွေးသစ်စများ (ထင်းရှူးပင်၏ အခေါက်နှင့် သစ်များ လုံးဝ မသုံးရပါ) (၂ပေ)ရှိ အရှည်နှင့် (၁လက်မ) အကျယ်ရှိ ၀ါးခြမ်းပြား၊ လျှော်ကြိုး  နှင့် ရေညှိ၊ မြက်ခြောက်များ လိုအပ်ပါမည်။
စိုက်ပျိုးမည့် မြေသည် တောင်စောင်းတွင် ဖြစ်လျှင် (၃၀)ထက် မစောင်းသော တောင်စောင်းမြေ ဖြစ်ရမည်။ ကွန်တိုအလိုက် ဘောင်များ ဆွဲထားလျှင် ပိုကောင်းပါသည်။ ရေနှုတ်မြောင်းများရရှိရန် လိုအပ်ပါသည်။ လိုအပ်လျှင် (၇၀%) အရိပ်ရအောင် အရိပ်စများ အသုံးပြုပြီး အမိုးမိုးရပါမည်။ မြေပြင်တွင် (၃ပေ) အကျယ်၊ အလျား (၁၀၀ပေ) နှင့် အမြင့် (၆လက်မ) ရှိ မြေဘောင်များပြုလုပ်ပါ။
၎င်းဘောင်တစ်ခုနှင့် တစ်ခု (၂ပေ)ခြားရှိပါစေ။ ၄င်းဘောင်ပေါ်တွင် (၂ပေ) ရှည်သော ၀ါးခြမ်းများကို ပင်ကြားတန်းကြား (၁ပေ)စီခြားပြီး မြေ၀င် (၄လက်မ) စီ စိုက်ထားပါ။ ၄င်းနောက် (၆ လက်မ x ၄လက်မ) ကျောက်တုံးများကို ဘောင်ပေါ်တွင် ခင်းပေးပါ။ (၄ပေ x ၂ပေ) ကျောက်ခဲများ၊ အုတ်ကျိုး (လက်အုတ်) များ၊ သစ်ဆွေးသစ်ခေါက်များကို အပင်စိုက်ပြီးလျှင် အသုံးပြုရန် စုဆောင်းထားပါ။
ပျိုးပင်များ စိုက်ပျိုးနည်း
ဆေးဖက်ဝင်သစ်ခွများကို အရိပ်ရ သစ်ပင်များပေါ်တွင် လည်းကောင်း၊ နေရောင်ကျရောက်မှုနည်းသော ကျောက်ကမ်းပါးများတွင် လည်းကောင်းကပ်၍ စိုက်ပျိုးနိုင်ပါသည်။
စိုက်ခင်းများတွင် စိုက်ပျိုးလိုလျှင် စုဆောင်းထားသော သစ်ခွအုံကိုခွဲ၍ စိုက်ပျိုးနိုင်သည်။ အုံကြီးလျှင် အနည်းဆုံး (၄)ပိုင်းခွဲနိုင်သည်။ ခွဲ လိုက်သော အုံသည် (Cane)ခေါ် ရိုးတံဟောင်းအနည်းဆုံး(၃)ခုပါသောအုံဖြစ်ရမည်။ ၄င်းထက်နည်းလျှင် အပင်ရှင်သန်မှုရာခိုင်နှုန်း နည်း ပါးပါမည်။ ထို့ပြင် Keikes ခေါ်ရိုးတန်ပေါ်တွင်ပွားလာသော သားတက်များကိုဖြတ်၍ ပျိုးအဖြစ် စိုက်ပျိုးနိုင်ပါသည်။
ဓာတ်ခွဲခန်းမှ အပင်တစ်သျှူးနည်းဖြင့် ထွက်ရှိလာသော ပျိုးပင်များကိုလည်း စိုက်ပျိုးနိုင်ပါသည်။
သားခွဲထားသော ပျိုးပင်များကို  မှိုသတ်ဆေးထည့်ထားသော ပုံထဲသို့ အပင်ခြေခေါင်းများကို (၁၀)မိနစ်ခန့် စိမ်ပါ။ ၄င်းနောက် ပျိုးပင် များကို အသင့်ပြင်ထားသော ပျိုးဘောင်ရှိ ၀ါးခြမ်းပြားတွင် ချည်ထားရပါမည်။ ၄င်းနောက် အပင်ခြေတွင် (၄လက်မ x ၂လက်မ) အုတ်ခဲကျိုးများ၊ ကျောက်ခဲများ၊ သစ်ဆွေး၊ သစ်ခေါက်များ ဖုံးပေးရပါမည်။ ၄င်းနောက် (၇၀%) ရှိ အရိပ်မိုးပေးရပါမည်။ ရေကောင်းစွာ လောင်းပေးပြီး ရေမ၀ပ်စေရန် သတိထားပါ။ စိုက်ခင်းတွင် စိုက်ပျိုးခြင်းလုပ်ငန်းကို မေ၊ ဇွန်လများတွင် စိုက်ပျိုးသင့်ပါသည်။
အပင်ပြုစုထိန်းသိမ်းနည်း
အလွန်ခြောက်သွေ့သောရာသီတွင် တစ်ရက် ရေ(၃)ကြိမ် လောင်းပေးပါ။ သို့သော် ရေသိပ်စွတ်စိုမှုမရှိပါစေနှင့်။ သားတက်များ (၄လက်မ) အရှည်၊ အရွယ် (၄)ရွက်ရှိလျှင် ရွက်ဖျန်းမြေသြဇာများ စတင်ပက်ဖျန်းနိုင်ပါသည်။ မနက် (၉) နာရီထက် နောက်မကျ၊ ညနေ (၄)နာရီ ထက်မစောဘဲ မြေသြဇာမဖျန်းရပါ။
သစ်ခွပင်များသည် အပင်အဖြစ် ရိတ်သိမ်းဆွတ်ခူးသဖြင့် အများအားဖြင့် နိုင်ထရိုဂျင်ကဲသော ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းနိုင်ပါသည်။ အပင်တောင့်တင်းမှုနှင့် ရောဂါခံနိုင်မှုအတွက်  ပိုတက်ဓါတ်မြေသြဇာနှင့် အမြစ်အားကောင်းရန် တီစူပါဓါတ်မြေသြဇာ အချိုးပါဝင်သော (၂၁း ၂၁း ၂၁) (သို့မဟုတ်) (၂၂း ၁၀း ၅) အချိုးပါသော ရွက်ဖျန်းမြေသြဇာကို တစ်ပတ် (၂)ကြိမ် ဖျန်းပေးပါ။ အခြားအနည်းလို အဟာရ ဓါတ်မြေသြဇာများလည်း ပက်ဖျန်းပေးရန် လိုအပ်ပါသည်။ ဈေးနှုန်းတွက်ခြေကိုက်၍ ဆန်၊ ငါး EM တို့မှ ပြုလုပ်သော သဘာဝ မြေသြဇာ အရည်များ အသုံးပြုနိုင်ပါသည်။
မိုးရာသီတွင် လိုအပ်မှ ရေဖျန်းပေးပါ။ ရောဂါနှင့် ပိုးမွှားကျရောက်လျှင် လိုအပ်သောဆေးများ ပက်ဖျန်းအသုံးပြုသင့်ပါသည်။
အပင်များကြီးထွားလာလျှင် ယိုင်လဲမှုမရှိစေရန် ၀ါးကြမ်းကွက် (သို့မဟုတ်) ပိုက်ကွန်ဖြင့် ထိန်းပေးရမည်။ အပင်သေများ၊ အကိုင်းခြောက် များကို ဖယ်ရှားပေးရန်လိုအပ်ပါသည်။ လေ၀င်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။ ရေမ၀ပ်စေရန် အရေးကြီးပါသည်။
ကျရောက်တတ်သော ပိုးမွှားရောဂါများနှင့် ကာကွယ်နည်း
သစ်ခွပင်များ ကြီးထွားလာသည်နှင့်အမျှ ပိုးမွှားရောဂါမှာလည်း ကျရောက်တတ်ပါသည်။ ကျရောက်ဖျက်ဆီးတတ်သည့် ပိုးမွှားရောဂါနှင့် ကာကွယ်နည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ရိတ်သိမ်းခြင်း
အပင် (၃)နှစ်သက်တမ်းရှိလျှင် အရွက်များပါသော ရိုးတံများ ပေါ်လာမည်။ ၄င်းအရိုးများကို အပင်ရင်းမှ (၂လက်မ) ချန်ပြီး ဖြတ်ယူပါ။ အရွက်မကြွေသော်လည်း (၃)နှစ်သက်တမ်းရှိပြီး အပင်အုံတွင် သားတက်များရှိလျှင် ဖြတ်ယူရိတ်သိမ်းနိုင်သည်။ ရိတ်သိမ်းသော အပင် အုံတွင် သားတက်သစ်အတွက် အရွက်ရှိရိုးတံ (Cane) (၃)ခု အနည်းဆုံးရှိရန် လိုအပ်ပါသည်။ သို့မှသာ နောက်သားတက်အတွက် ကြီး ထွားရန် အထောက်အကူရရှိမည်ဖြစ်ပါသည်။
အခြောက်ခံခြင်း
ရိတ်သိမ်းပြီးသော သစ်ခွရိုးတံများကို စုစည်းပြီး ရေနွေးဖျောပေးပါ။ ထို့နောက် ဆယ်ယူပြီး အမြှေးပါးများ ပျောက်သွားအောင် လက်ဖြင့် ပွတ်ပေးရပါမည်။ ရေစင်စင်ဆေးပြီးသော ရိုးတံများသည် အခြောက်ခံရန်အတွက် အနည်းဆုံး (၁၀)ချောင်းစီ အပြားလိုက် ၀ါးနှီးနှင့် ချည်   ပေးခြင်းဖြင့် အခြောက်ခံရန် အသင့်အနေအထားတွင် ရှိပြီဖြစ်ပါသည်။
အခြောက်ခံ မီးဖိုထဲတွင်  သစ်ခွရိုးစည်းများကို အနည်းဆုံး (၂-၃)ထပ်မျှစီထည့်ပြီး အပေါ်မှဂုံနီအိတ်ပါးဖြင့် အုပ်ပေးထားရမည်။ သစ်ခွ စည်းများကို ထောင်ပြီးအခြောက်ခံလျှင်လည်း ရနိုင်ပါသည်။ မီဖိုအောက်မှ မီးကျည်ခဲများကို ထည့်ပေးပြီး အကြာခဏ ရိုးစည်းများကို အထက်အောက်လှန်ပေးရပါမည်။
အချိန် (၄)နာရီကြာအောင် မီးကင်ခြင်းဖြင့် အစိုဓါတ် (၁၀%) ရှိသည့် သစ်ခွခြောက်များကို ရရှိနိုင်ပါသည်။ အခြောက်မီးကင်ရာတွင်   အောက်မီးများမပြင်းရန် သစ်ခွရိုးများ အထက်အောက်လှန်ပေးရန် လိုအပ်ပါသည်။ ထိုကဲ့သို့ မလုပ်လျှင် သစ်ခွရိုးတံများကျွမ်း၍ မီး လောင်တတ်ပါသည်။
ထုတ်ပိုးသိုလှောင်ခြင်း
အခြောက်ခံဖိုမှ အခြောက်ခံပြီးသော သစ်ခွခြောက်စည်းများကို လေသလှပ်ခံပြီး မြွေရေခွံအိတ်များတွင်စီ၍ထည့်ပါ။ တစ်အိတ်လျှင် အနည်းဆုံး (၇-၅)ပိဿာရှိရန် လိုအပ်ပါသည်။ ၄င်းအိတ်များကို လေ၀င်လေထွက်ကောင်းပြီး စွတ်စိုမှုမရှိသော သိုလှောင်ရုံတွင် နံရံ များနှင့်ခွာ၍ အောက်ခံခုံပေါ်တွင် ကမာစီထားပါ။ သိုလှောင်ရုံတွင် (၂)လ ထက်ပို၍ သိုလှောင်ခြင်းမပြုရပါ။ မိုးမမိရန်နှင့် ရေမစိုရန် အထူးသတိပြုရန် လိုအပ်ပါသည်။
 စိုက်ပျိုးရေးဦးစီးဌာန
The post ⁠ဆေးဖက်ဝင် သစ်ခွမျိုးများ စီးပွား⁠ဖြစ် စိုက်ပျိုးထုတ်လုပ်နည်း appeared first on Myanmar Farmers' Portal.
စပါးတိုက်ရိုက်မျိုး⁠စေ့ချ⁠ခြင်း၏ အားသာချက်များ
$
0
0
၁။ ပျိုးပင်ထိရောက်ဒဏ်ရာရမှု (Transplanting Shock) မရှိခြင်း
ပျိုးထောင်စိုက်စနစ်တွင် ရွှေ့ပြောင်းကောက်စိုက် ပြီးလျင်ပြီးချင်း အပင်နလန်ထခြင်းအတွက် (၇-၁၀)ရက်ခန့် အချိန်ယူရလေ့ရှိသော် လည်း တိုက်ရိုက်မျိုးစေ့ချစနစ်တွင် ပျိုးပင်ထိခိုက်ဒဏ်ရာရရန် အကြောင်းမရှိသဖြင့် ပျိုးပင်သည်စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ   တောက်လျောက်စဉ်ဆက်မပြတ်ကြီးထွားသန်စွမ်းနိုင်ပါသည်။
ပျိုးပင်ထိခိုက်ဒဏ်ရာရခြင်းအကြောင်းများကိုလေ့လာကြည့်ပါက
  • ပျိုးပင်များနုတ်ယူချိန်တွင် လက်ဖြင့်ကိုင်တွယ်နုတ်ယူခြင်းကြောင့် ပင်စည်တွင်လက်ဒဏ်ရာရရှိခြင်း။
  • နုတ်ယူစဉ်မြေအတွင်း၌အမြစ်များ ပြတ်ကျန်သဖြင့် အမြစ်များမူလဖွဲ့စည်းမှုပုံ ပျက်ရခြင်း။
  • အမြစ်တွင် တွယ်ကပ်ပါလာသော ရွှံ့နွံများကို ခြေဖြင့်ရိုက်ကာသန့်စင်သဖြင့် ပင်စည်တွင်ဒဏ်ရာရရှိခြင်း။
  • ပျိုးစည်းရာတွင် စီးကြိုဒဏ်ရာရရှိခြင်း။
  • စိုက်ပျိုးခင်းတွင် ပျိုးစည်းများကို ပစ်ချနေရာချထားရာတွင် ဒဏ်ရာရရှိခြင်း။
  • ကောက်စိုက်လုပ်သား အခက်အခဲကြောင့် ချက်ချင်းမစိုက်နိုင်ဘဲ ဆိုင်းငံ့ထားခြင်းကြောင့် ပျိုးပင်များရိနွမ်းခြင်းကို ဖြစ်ပေါ်စေခြင်း။
  • ပျိုးပင်များကိုနက်စွာထိုးစိုက်မိခြင်းစသော ပျိုးပင်များကိုဒဏ်ရာရစေနိုင်သည့် အကြောင်းအရာများစွာနှင့် တွေ့ကြုံရသဖြင့် ပျိုးပင်များသည်မူလပုံမှန်အနေအထားအတိုင်း ပြန်လည်ရောက်ရှိနိုင်ရန် အချိန်ယူရသည့် အခြေအနေမျိုးဖြစ်ပေါ်စေပါသည်။
အမြစ်များပြတ်၍မူလအမြစ်ဖွဲ့စည်းပုံ ပျက်သွားသော ရွှေ့ပြောင်းစိုက်စတွင်စပါးပင်များသည် မြေအတွင်းမှအာဟာရဓါတ်နှင့်ရေစိုစုတ် ယူရန်အတွက် ဦးစွာပထမအမြစ်များထွက်ရန်လိုအပ်ပါသည်။ သို့အတွက်စွမ်းအားရရှိရန် ပျိုးပင်၏အောက်ဆုံးပိုင်းအရွက်များတွင် သိုလှောင်ထားသောအစာများယူ၍ ချေဖျက်ခြင်းလုပ်ငန်း (Maintenance Respiration)ကို ပြုလုပ်ရပါသည်။
ယင်းအစာကိုအောက်စီဂျင်နှင့်ပေါင်းစပ်ချေဖျက်၍ ရရှိလာသောစွမ်းအင် (Adinosine Triphosphate,ATP) ဖြင့် အမြစ်သစ် ထွက်စေခြင်းဖြစ်ပါသည်။ ဤသို့အမြစ်သစ်များထွက်၍ စတင်အစာရေစာစုတ်ယူသည်နှင့် စပါးပျိုးခင်းများပြန်လည်စိမ်းလန်းကာ ဆက်လက်ရှင်သန်ရခြင်းဖြစ်ပါသည်။ ဤသို့ပျိုးပင်များ စတင်နလန်ထချိန်တွင် အနေအထားတွင်စိုက်ခင်းရှိကောက်ရိုးတိုင်းရှိ ပျိုးပင်များ ၏အောက်ခြေသမန်းမြေပေါ်တွင် အရွက်(၃-၄)ရွက်ခန့်နာ၍ ပျက်စီးဆုံးရှုံးနေသည်ကို လေ့လာတွေ့ရှိပါသည်။
ယင်းအချက်ကိုပျိုးထောင်ရွှေ့ပြောင်းစိုက်ပျိုးသည့်စနစ်တွင် တွေ့ရလေ့ရှိသော သဘာဝဖြစ်သော်လည်း ပျိုးပင်များ၏ အဓိကအစာချက် လုပ်သော အောက်ဆုံးပိုင်းရှိ အရွယ်ရောက်ပြီးစပါးအရွက်များ ဆုံးရှုံးရခြင်းဖြစ်သဖြင့် အပင်ကြီးထွားမှုလုပ်ငန်းတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်စေပါသည်။ သို့ဖြစ်၍ ပျိုးထောင်ရွှေ့ပြောင်းစိုက်ပျိုးခြင်းစနစ်မရှိသော အစေ့ချစိုက်စနစ်သည် ဤသို့သောမလိုလား အပ် သည့်အပင်နလန်ထခြင်း၊ ကြီးထွာဖွံအရွက်များဆုံးရှုံးခြင်းမရှိသဖြင့်စတင်မျိုးစေ့ကြဲပက်သည်မှ ရိတ်သိမ်းချိန်အထိ အထိအခိုက်နှင့် ဒဏ်ရာကင်းရှင်းစွာရျင်သန်ကြီးထွားနိုင်ခြင်းရှိသော အကျိုးထူးကိုအားသာချက်အဖြင့်ရရှိနိုင်ပါသည်။
Source by- လယ်/ဆည်
The post စပါးတိုက်ရိုက်မျိုး⁠စေ့ချ⁠ခြင်း၏ အားသာချက်များ appeared first on Myanmar Farmers' Portal.
⁠ရေတက်၊ ⁠ရေကျ⁠နှင့် ⁠ရေလွှမ်းနစ်⁠မြှပ်⁠သော ⁠နေရာများအတွက် သင့်⁠လျော်⁠သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ(ဒုတိယပိုင်း)
$
0
0
၆။ ရေသွင်းရေထုတ်ပြုလုပ်ခြင်း
  • တာရိုး၊တမံနှင့် ရေသွင်းရေထုတ် ရေတံခါးများကို တစ်ကွင်းတစ်စပ်အတွင်းရှိ တောင်သူများပူးပေါင်း၍ တစ်နိုင်တစ်ပိုင်  ပြုလုပ်၊   ပြင်ဆင် မွမ်းမံပါ။
  • ရေသွင်း၊ ရေထုတ်လွယ်ကူစေရန် လယ်လယ်ကြားမြောင်းများ ပြုလုပ်ပါ။
  • ရေစီမံခန့်ခွဲမှုကို လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။
  • ကန်သင်းများကို ခိုင်ခန့်အောင်ပြုလုပ်ပြီး ကြွက်တွင်းများ မရှိစေရန် ဂရုစိုက်ပါ။
  • ရေလွှမ်းနေစဉ်အတွင်း ဒီရေကျချိန်တွင် ကွင်းအတွင်းမှ ရေထုတ်ပါ။ မရိတ်မီ ၂ ပတ်အလိုတွင် ရေဖောက်ထုတ်ပါ။
၇။ ပေါင်းမြက်ကာကွယ်နှိမ်နှင်းခြင်း
  • မြေကိုပေါင်းကင်းစင်အောင် ထယ်ထိုးထွန်ယက်ပါ။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် မြေပြင်ချိန်တွင် ပေါင်းမြက်များ စုံလင်အောင်   ပေါက်ပါစေ၊ မြေကို ၇-၁၀ ရက်ခြား၍ ထယ်ထိုးထွန်မွှေပါ။
  • ရွေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။
  • အတန်းလိုက်စိုက်ပါက ရေထုတ်ပြီး သမန်းနိုးကိရိယာဖြင့် ကြားပေါင်းလိုက်ပါ။
  • ပေါင်းနှိမ်နင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀-၄၅ ရက်အတိုင်မီ အပြီးဆောင်ရွက်ပါ။
  • ရေလွှမ်းနစ်မြှပ်သော နေရာအများစုတွင် ပေါင်းပြဿနာကျရောက်မှု နည်းသော်လည်း တိုက်ရိုက်အစေ့ချစနစ်ကို အသုံးပြုပြီး   ပေါင်းမြက်ဆိုးရွားစွာ ကျရောက်လေ့ရှိပါက ပေါင်းအမျိုးအစားပေါ် မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို   ဆေးညွှန်းတွင် ပါဝင်သော ညွှန်ကြားချက်များနှင့် ထောက်ခံနှုန်းထားအတိုင်း စနစ်တကျအသုံးပြုပါ။ ဥပမာ -အဓိက ကျရောက်သော ပေါင်းအမျိုးအစားသည် မြက်နှင့် မြက်မုံညင်းမျိုးရင်းများ ဖြစ်ပါက အောက်ဖော်ပြပါ ပေါင်းသတ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။
ပေါင်းသတ်ဆေးအမည် တစ်ဧကအတွက် ဆေးနှုန်းထား အသုံးပြုရမည့်အချိန်
ပေါင်းပင်မပေါက်မီ အသုံးပြုရသော ပေါင်းသတ်ဆေး Pretilachlor + safener ၁၅၀-၃၀၀ ml EC a.i စပါးစိုက်ပြီး (၃) ရက်အကြာ
ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေး Fenoxaprop+Ethoxy Sulfuron ၃၁ ml EC a.i စပါးစိုက်ပြီး ၁၀-၂၀ ရက်အကြာ
ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေး Bispyribic-sodium ၅-၈ ml SL a.i စပါးစိုက်ပြီး ၁၄-၂၂ ရက်အကြာ
၈။ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း
  • ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု ရှိ/မရှိကို အမြဲမပြတ်ကွင်းဆင်း၊ကင်းထောက် စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။
  • စပါးပင်ဖြစ်ထွန်းမှု အစောပိုင်းကာလ (၃၀-၄၀) ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ဖျက်ဆီးမှု ဖြစ်ပေါ်ပါက စပါးပင် မှ ပြန်လည်အစားထိုးရှင်သန်နိုင်ပါသည်။
  • ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင်များနှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။
  • ကြွက်ကြောင့် သီးနှံလေလွင့်မှု ဆုံးရှုံးမှုနည်းစေရန်
(၁) ပတ်ဝန်းပျင် သီးနှံခင်းများနှင့် စိုက်ချိန်/ရိတ်ချိန် ညီအောင်ဆောင်ရွက်ပါ။
(၂) စိုက်ခင်းနှင့် ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်များကင်းစင်အောင် ရှင်းလင်းပါ။
(၃) ကြွက်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို သားမပေါက်ခင်အချိန်တွင် လက်ဦးမှုရယူနှိမ်နင်းရန်အတွက် စစိုက်ချိန်တွင် တစ်ကြိမ် သီးနှံမပေါ်ခင်တွင်တစ်ကြိမ် မဖြစ်မနေဆောင်ရွက်သင့်ပါသည်။
(၄) ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကျင်းများတူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအား လူအင်အားဖြင့် ခြောက်လှန့်ဖန်းဆီးခြင်း ကြွက်ကာပစ္စည်းများ အသုံးပြုခြင်း၊ ထောင်ချောက်သီးနှံဖြင့် ကြွက်ကာကွယ်နှိမ်နင်းခြင်း (Trap Barrier System) ကြွက်တို့၏ သားရဲကောင်များ မွေးမြူခြင်း၊ ကြွက်မုဆိုးများ၏ အကူအညီရာူ၍ ကြွက်ဖန်းခြင်း၊ ကြွက်ဆေးချခြင်း လုပ်ငန်းများကို လုထုလှုပ်ရှားမှု အသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဆောင်ရွက်သင့်ပါသည်။
၉။ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းလွန်နည်းစနစ်များ
  • မောင်းညိုချိန် (စပါးအနှံ၏ ၈၀-၈၅ % ရင့်မှည့်ချိန်)တွင် ရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ပါ။
  • ၂-၃ ရက် နေဖြင့် အခြောက်လှန်းပါ။ လိုအပ်ပါက အခြောက်ခံ ကိရိယာ အသုံးပြုပြီး အပူချိန် ၄၃ ဒီဂရီစတင်တီဂရိတ်ခန့် ထားင၍ အခြောက်ခံပါ။
  • ကွန်ကရစ်တလင်း(သို့) မိုးကာခင်းတွင် နေလှန်းပါက အထူ ၂ လက်မထက်မပိုဘဲ ခပ်ပါးပါးလှန်းပါ။ ခြောက်သွေ့မှု ညီညာစေရန် နာရီဝက်ခြားတစ်ကြိမ် အထက်အောက် လှန်ပေးပါ။
  • မြင့်မားသော အပူချိန် (၅၄-၄ ဒီဂရီစင်တီဂရိတ်နှင့်အထက် ) တွင် အခြောက်မခံသင့်ပေ။
  • စပါးစေ့အစိုဓာတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိတ်ခွဲစားသုံးမည့် စပါးအတွက် ၁၄% ထားရှိရန် လိုအပ်ပါသည်။
  • မျိုးစေ့များကို သန့်စင်ပြီး လေလုံစွာပိတ်ထားနိုင်သော ပုံး၊ ပေပါ၊ အိတ်စသည့် ပစ္စည်းများ (ဥပမာ ဟာမက်တစ်အိတ် ) ထဲသို့ ထည့်သွင်းပါ။
  • ထို့နောက် လေ၀င်လေထွက်ကောင်းပြီး ပိုးမွှား၊ ကြွက်၊ ငှက်တို့မှ ကာကွယ်ထားသော သိုလှောင်ရုံအတွင်း စနစ်တကျသိုလှောင်ပါ။
  • စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သော စပါးစေ့များကို ချက်ချင်း သန့်စင်ဖယ်ရှားပါ။
  • သိုလှောင်ရုံကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။
Source by – စိုက်ပျိုးရေးဦးစီးဌာန
The post ⁠ရေတက်၊ ⁠ရေကျ⁠နှင့် ⁠ရေလွှမ်းနစ်⁠မြှပ်⁠သော ⁠နေရာများအတွက် သင့်⁠လျော်⁠သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ(ဒုတိယပိုင်း) appeared first on Myanmar Farmers' Portal.
ကြက်သွန်နီစိုက်ပျိုးနည်း
$
0
0
ကြက်သွန်နီ
စိုက်ပျိုးချိန်
ကဆုန်လမှ သီတင်းကျွတ်လ
ပျိုးခင်း
မျိုးစေ့များကို မျိုးသေတ္တာနှင့် ပျိုးခြင်းက ပိုမိုကောင်းသည်။
စိုက်ခင်း
ပျိုးသ၀က်တစ်လရသောအခါ တစ်ပင်နှင့်တစ်ပင် ခြောက်လက်မ တစ်တန်းနှင့်တစ်တန်း တစ်ပေခွာ၍ ပြောင်းစိုက်ပါ။
စိုက်နည်း
ကြက်သွန်ပျိုးပင် သို့မဟုတ် ဥငယ်များကို တိုက်ရိုက်စိုက်ပျိုးနိုင်သည်။ စိုက်ခင်းတွင်လည်း လင်းနို့ချေးနှင့် အာမိုဆားမြေသြဇာ ထည့်ပေး နိုင်ပါက ပိုကောင်းသည်။
ဂရုပြုရန်အချက်များ
အစိုဓာတ်ရရှိရန် လိုအပ်သည်။ သို့ရာတွင် ရေမလွန်စေရ။
ဆွတ်ခူးချိန်
အမြိတ်စား ရက်ပေါင်း ၉၀၊ ဥစားရက်ပေါင်း ၁၅၀။
ကြက်သွန်နီတို့တင် အမြိတ်စားကြက်သွန်နှင့် ဥစားကြက်သွန်ဟူ၍ခွဲခြားထားကြသည်။ ၎င်းအပြင် ဥစားကြက်သွန်တွင် သကြီးမျိုးနှင့် ဥတက်မျိုးဟူ၍ ရှိကြသည်။ ကြက်သွန်နီတို့သည် အေးသောရာသီနှင့် မြေစေးအော်ဂဲနစ်ပစ္စည်းများပါသော မြေများကို နှစ်သက်ကြသည်။ စိုက်ပျိုးသောနည်းတွင် ဆောင်းရာသီစိုက်ပျိုးခြင်းနှင့် နွေရာသီစိုက်ပျိုးခြင်းဟူ၍ ရှိကြသည်။ ဆောင်းရာသီစိုက်ကြက်သွန်နီတို့ သည် နွေဦး ပေါက်နှင့် ဆောင်းဦးပေါက်ရာသီများတွင် စိုက်ပျိုးနိုင်သော်လည်း နွေရာသီစိုက်ကြက်သွန်နီတို့ကို စက်တင်ဘာလတွင် မျိုးကြဲ စိုက်ပျိုးကြသည်။ ကြက်သွန်ဥများကို စိုက်ပျိုးသော အစီအစဉ်တို့မှာ အောက်ပါအတိုင်းဖြစ်သည်။
ဆောင်းရာသီစိုက်ကြက်သွန်တို့ကို နွေဦးပေါက်အချိန်တွင် စိုက်ပျိုးလိုသောအခါ မတ်လတွင် မျိုးခင်းများကို ရေဓာတ်ရရန် ကျင်ကြီး ကျင်သယ် ရေ သို့မဟုတ် နွားချေးရည်ဖြင့် လောင်းပေးကြရသည်။ထို့နောက် စိုက်ခင်း၏ မြေမျက်နှာပြင်ကို ညှိပေးကြရသည်။
မျိုးစေ့ကို ပျိုးခင်းတွင် ကြဲပက်ပြီးနောက် မြေပါးပါးဖုံးအုပ်ပေးရသည်။ ယင်းအထက်မှ ကောက်ရိုးတစ်ဖန်အုပ်ပေးကြရသည်။ ဆယ်ရက်ခန့် ကြာ၍ အပင်များထွက်လောသောအခါ ဖုံးအုပ်ထားသောကောက်ရိုးများကို ဖယ်ပစ်ကြရသည်။
အပင်ငယ်များ သုံးလက်မခန့်ရှိလာသောအခါ ကျင်ကြီးကျင်ငယ်ရေ သို့မဟုတ် နွားချေးရည်ဖြင့် မြေသြဇာထပ်ဖြည့်ကြရသည်။သို့သော် မြေသြဇာဓာတ်ရည်ကို အပင်ငယ်များနှင့် မထိခိုက်မိရန် သတိပြုကြရသည်။ အပင်များကို ကြီးထွားနေချိန်တွင် အမြစ်မြေဖို့ခြင်း စသော အမှုများကို ပြုလုပ်ပေးနိုင်သည်။ သြဂုတ်လနှင့် စက်တင်ဘာလလောက်တွင် စိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပျိုးကြရသည်။
ကြက်သွန်ပင်များကို ပြောင်းရွေ့စိုက်ပျိုးကြရာတွင် မြေအတွင်းသို့ စိုက်ပျိုးရသော အတိမ်အနက်တို့တွင် က်ြသွန်ပင်စည်အမာပိုင်း အထိ ဖြစ်သည်။ အကယ်၍ ပင်စည်အပျော့ပိုင်းသည် ကြီးထွားပါက တစ်ပင်နှင့်တစ်ပင် နှစ်ပငါးလက်မခန့် အကွာအဝေးကို သတ်မှတ်ကြရ သည်။
သုံးပေဖအကျယ်ရှိသော ပေါင်များကို ပြုလုပ်၍ ကြက်သွန်ပင်စိုက်ပျိုးရန် အထက်က ဖော်ပြခဲ့သောအကွာအဝေး များကိုထား၍ မြောင်း ငယ်များကို ဖော်ကြရသည်။ မြောင်းငယ်များတွင် မြေဆွေးပြာတို့ကို မြေသြဇာဓာတ်အဖြစ် ထည့်ကြရသည်။ ထို့နောက် မြေသုံးလက်မခန့် ဖုံးအုပ်ပေးကြရသည်။
ပျိုးပင်များကို မြောင်းငယ်တွင် စိုက်သောအခါ တစ်ပင်နှင့်တစ်ပင်ကို နှစ်လက်မခန့်စီခြား၍ စိုက်ပျိုးရသည်။ ယင်းတို့အထက်တွင် မြေပါးပါး ဖုံးအုပ်ပေးကြရသည်။ ခုနှစ်ရက်ခန့်ကြာလျှင်မြေသြဇာဓာတ်လောင်းပြီးမြေ နှစ်လက်မခန့် ဖို့ကြရသည်။ ရက်ပေါင်းနှစ်ဆယ်ကြာပါက မြေသြဇာဖြတ်ခြင်း၊ မြေဖို့ခြင်းအမှုများကို ပြုလုပ်ကြ ရသည်။ သို့သော် ကြက်သွန်ဋ္ဌ အညှောင့်သစ်များကို အထိခိုက်မိစေရန် အထူး သတိ ပြုကြရသည်။ ဆောင်ရာသီစိုက်ကြက်သွန်များကို ဆောင်ဦးပေါက်အချိန်တွင် စိုက်ပျိုးလိုသောအခါ စက်တင်ဘာလတွင် မျိုးစေ့များကို ပျိုးခင်းတွင် ကြဲပက်ကြရသည်။ စီမံပြုလုပ်ရသောအချက်အလက်တို့မှာ အထက်တွင်ဖော်ပြခဲ့သော အချက်အလက်တို့နှင့် တူညီကြသည်။ ဆောင်းဥတု ကျော်လွန်ပြီးနောက် နွေဦးပေါက် ရာသီတွင် တစ်ကြိမ် ရွေ့ပြောင်းစိုက်ပျိုးကြရသည်။ ထို့နောက် သြဂုတ်လရောက်လျှင် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးကြရသည်။
နွေရာသီစိုက် ကြက်သွန်တို့ကို စိုက်ပျိုးသောနည်းမှာ စက်တင်ဘာလတွင် မျိုးစေံများကို ကြဲပက်၍ ပျိုးခင်းတွင် ဆောင်းရာသီကို ကျော်လွန် စေရမည်။ စိုက်ပုံစိုက်နည်းတို့မှာ အထက်တွင် ဖော်ပြခဲ့သောနည်းများနှင့် တူညီကြသည်။
အမြိတ်သုံးကြက်သွန်တို့ကို စိုက်ပျိုးသောနည်း ရွေ့ပြောင်းမစိုက်မီ ကြက်သွန်များကို ပျိုးခင်းမှ နုတ်၍ နေလှန်းရ သည်။ အရွက်များနွမ်း ပြီး နောက် စိုက်ခင်း၏ ပေါင်ပေါ်သို့ ရွေ့ပြောင်းစိုက်ပျိုးကြရသည်။
ကြက်သွန်မျိုးများကို ယူသောနည်းမှာ သန်စွမ်းထွားကျိုင်းသောကြက်သွန်ပင်ကို ရွေးချယ်၍ အတက်များကို ဖယ်ပစ်ရသည်။ ပင်မတစ်ပင် တည်းသာထားကြရသည်။ ထို့နောက် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပြီး ရင်ံမှည့်လာသောအခါ ဆွတ်ခူး၍ အခြောက်လှန်ပြီး  သိမ်းဆည်း ထားကြရသည်။
The post ကြက်သွန်နီစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ရွက်လှပင် စိုက်ပျိုးရန်အတွက် အသုံး⁠ပြုသင့်သည့် အိုးအရွယ်အစား⁠နှင့်ေ⁠မြဆီ⁠သြဇာလိုအပ်ချက်
$
0
0
အသုံးပြုသင့်သည် အိုးအရွယ်အစားများ ရွေးချယ်အသုံးပြုခြင်း
ရွက်လှပင်များကို အိုးများဖြင့် စိုက်ပျိုးလိုပါက အပင်အရွယ်အစားနှင့် သက်တမ်းကို ကြည့်၍ အပင်ငယ်များကို အိုးအငယ်အားဖြင့် လည်းကောင်း၊ အပင်ကြီးများကို အိုးအရွယ်အစား အကြီးများအဖြင့်လည်းကောင်း၊ စနစ်တကျ အသုံးပြုစိုက်ပျိုးရန်လိုအပ်ပါသည်။ ပန်းအိုးများ၏ အရွယ်အစားအတိုင်းအတာကို တိုင်းတာရာတွင် ပန်းအိုးများ၏ ထိပ်ဝအချင်းအတိုင်းအတာကို တိုင်းတာ၍ သတ်မှတ် ပါသည်။
ပြည်တွင်းမှ ထုတ်လုပ်သော အိုးများ၏ အရွယ်အစားများကို အောက်ပါအတိုင်း ခွဲခြားထားနိုင်ပါသည်။
(၂) မြေဆီသြဇာ လိုအပ်ချက်
ရွက်လှပင်များကို စိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်များကွဲပြားသည်နှင့်အမျှ ယင်းတို့နှင့် သင့်တင့် လျှောက်ပတ်သော  မြေဆီသြဇာ (Compost) များကို အချိုးအဆ ညီမျှစွာ ရောစပ်အသုံးပြုရန် လိုအပ်ပါသည်။
အိုးများနှင့်စိုက်ပျိုးသော အပင်များအတွက် အိုးအရွယ်အစားအလိုက် ရောစပ်အသုံးပြုရမည့်မြေဆီသြဇာကို အောက်ပါနှုန်းထားများ အတိုင်းရောစပ်အသုံးပြုရန် ဖြစ်ပါသည်။
(က) ကိုင်းဖြတ်ပြီး ပျိုးကိုင်းများအဖြစ် အလွယ်တကူ ဖောက်ရန်အတွက် ရောစပ်အသုံးပြုရမည့် မြေဆီသြဇာအချိုးအဆမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
(၁) အပေါ်ယံ မြေသား                                               (၇) တောင်း (တင်းတောင်း)
(၂) သဘာဝ မြေဆွေး (နွားချေး၊ မြင်းချေး)                  (၃) တောင်း (တင်းတောင်း)
(၃) သဲကြမ်း                                                                (၂) တောင်း (တင်းတောင်း)
(၄) မဖေါက်ထုံး                                                            (၂/၃) ဗူး (နို့ဆီဗူး)
(၅) ဓာတ်မြေသြဇာအရော                                           (၃ ၂/၃) ဗူး ( နို့ဆီဗူး)
( အရိုးမှုန့် ၂ ဆ၊ တီစူပါ ၂ ဆ၊ ပိုတက်ရှ် ၁ဆ)
(ခ) ၃ လက်မနှင့် ၃လက်မ အောက်ငယ်သော အိုးများဖြင့် စိုက်ပျိုးလိုသောရွက်လှပင်များအတွက် အသုံးပြုရမည့် မြေဆီသြဇာ
(၁) အပေါ်ယံ မြေသား                                                          (၇) တောင်း (တင်းတောင်း)
(၂) သဘာဝမြေဆွေး (နွားချေး၊ မြင်းချေး)                             (၃) တောင်း (တင်းတောင်း)
(၃) သဲကြမ်း                                                                          (၂) တောင်း (တင်းတောင်း)
(၄) မဖောက်ထုံး                                                                    (၂) ဗူး (နို့ဆီဗူး)
(အရိုးမှုန့် ၂ဆ၊ တီစူပါ ၂ဆ၊ ပိုတက်ရှ် ၁ဆ)
အထက်ဖော်ပြပါ မြေဆီသြဇာမှာ အမြစ်ပေါက်ပြီးသား rooted plants ရွက်လှကိုင်းများ ပြောင်းရွှေ့စိုက်ပျိုးရာတွင် ရောစပ်အသုံးပြုနိုင် သည့် မြေဆီသြဇာ ဖြစ်သည်။
(ဂ) ၄ လက်မမှ ၁၀ လက်မအထိ အသုံးပြု စိုက်ပျိုးလိုသည့် ရွက်လှအိုးများအတွက် အသုံးပြုရမည့် မြေဆီသြဇာ –
(၁) အပေါ်ယံ မြေသား                                               (၇) တောင်း (တင်းတောင်း)
(၂) သဘာဝ မြေဆွေး   (နွားချေး၊ မြင်းချေး)                (၃) တောင်း (တင်းတောင်း)
(၃) သဲကြမ်း                                                                (၂) တောင်း (တင်းတောင်း)
(၄) မဖောက်ထုံး                                                          (၂ ၁/၂) ဗူး (နို့ဆီဗူး)
(၅) ဓာတ်မြေသြဇာအရော                                            (၁၂) ဗူး (နို့ဆီဗူး)
(အရိုးမှုန့် ၂ဆ၊ တီစူပါ ၂ဆ၊ ပိုတက်ရှ် ၁ဆ)
ယင်းမြေဆီသြဇာသည် အိုးငယ်များဖြင့် စိုက်ပျိုးထားသော ရွက်လှပင်များ အိုးကြပ် (pot bound plant ) သောအခါ မူလအိုး ထက်ကြီးသော အိုးများသို့ ပြောင်းရွေ့စိုက်ပျိုးသည့်အခါ အသုံးပြုရမည့် မြေဆီသြဇာ ဖြစ်ပါသည်။
ယင်းကဲ့သို့ ပင်အိုးစိုက်ပင်များအား မြေချစိုက်ပျိုးရာတွင် စိုက်ကျင်းထဲသို့ ထည့်သွင်းအသုံးပြုရမည့် မြေဆီသြဇာ အဖြစ် အသုံးပြု ရန်ဖြစ်သည်။
(ဃ) ၁၀ လက်မမှ အထက်အိုးများဖြင့် ပြောင်းရွှေ့စိုက်ပျိုးလိုသော အပင်များအတွက် အသုံးပြုရမည့် မြေဆီသြဇာ-
(၁) အပေါ်ယံမြေသား                                                 (၇)တောင်း (တင်းတောင်း)
(၂)သဘာဝမြေဆွေး(နွားချေး ၊မြင်းချေး)                     (၃)တောင်း (တင်းတောင်း)
(၃)သဲကြမ်း                                                                 (၂)တောင်း (တင်းတောင်း)
(၄)မဖောက်ထုံး                                                           (၃ ၁/၂)ဗူး (နို့ဆီဗူး)
(၅) ဓာတ်မြေသြဇာအရော                                           (၁၆) ဗူး    (နို့ဆီဗူး)
(အရိုးမှုန့် ၂ ဆ ၊ တီစူပါ ၂ ဆ ၊ ပိုတက်ရှ် ၁ဆ)
ယင်းသို့ အိုးအရွယ်အစားနှင့် အပင်အရွယ်အစား အလိုက်အသုံးပြုရမည့် မြေဆီသြဇာကိုမျှတစွာ အသုံးပြုခြင်း ဖြင့် အရောင်အသွေး လှပခြင်းနှင့် အပင်၏ အရွယ်အစား ပုံမှန်ကြီးထွားခြင်း တို့ကိုဖြစ်စေနိုင်ပါသည်။
အထက်ဖော်ပြပါ စနစ်တကျ ရောစပ်အသုံးပြုထားသည့် မြေဆီသြဇာကို အိုးအတွင်းထည့်သွင်းအသုံးပြုသည်မှ (၆) လအတွင်း မည့် သည့်ဓာတ်မြေသြဇာ ၊ သဘာဝမြေသြဇာများ ထပ်မံထည့်ပေးရန်မလိုပါ။နောက်ပိုင်းရွက်လှ ပင်၏ရှင်သန်ကြီးထွားမှုကိုကြည့်ပြီး ၂ လလျှင်တစ်ကြိမ် ၊ နွားချေး သို့မဟုတ် ကြက်ချေးမြေသြဇာ နို့ဆီဗူး ၁/၄ ဗူးခန့်ကို အိုးအတွင်းရှိ မြေဆီသြဇာများနှင့်သမ၍ ထည့်ပေးရန်လိုအပ်ပါသည်။
ထို့အပြင် အရောင်အသွေး လှပကောင်းမွန်လာစေရန် တလတကြိမ် ရေ (၄)ဂါလံကို ယူရီးယား ပရုပ်ဆီဗူး (၁) လုံးခန့်ထည့်၍ ရရှိ လာသည့် ယူရီးယားအရည်ကို အရွက်များသို့ ပက်ဖျန်းပေးရန် လိုအပ်ပါသည်။
မိမိစိုက်ပျိုးလိုသော အပင်များနှင့် အိုးအရွယ်အစားကို စနစ်တကျ ရွေးချယ် စိုက်ပျိုးရန် လိုအပ်ခြင်းမှာ အပင်၏ သက်တမ်း ၊အရွယ်အစား အလိုက် ရေဝပ်ခြင်းမှ ရှောင်ရှားခြင်း ၊ အပင်အရွယ်အစားနှင့်သင့်လျော်သော မြေဆီ သြဇာ လိုအပ်မှုအနည်းအနည်းအများ မဖြစ် ပေါ်နိုင်ခြင်း ၊ အပင်အရွယ်အစားနှင့် အိုးအရွယ်အစား မျှတမှုရှိသ ဖြင့် လိုအပ်သည့် ပန်းအိုး အလှပြင်ဆင်နိုင်ခြင်း စသော အကျိုးကျေးဇူး များကို ရရှိမည်ဖြစ်ပါသည်။
မြေတွင် ချစိုက်မည့် ရွက်လှပင်များအတွက် အိုးအရွယ်အစား ရွေးချယ် သတ်မှတ်ပေးရန် မလိုသော်လည်း စိုက်ကျင်းများ တူးဖော်ရာတွင် အပင်ငယ်များအတွက် (၁) ပေပတ်လည် (၁)ပေအနက် စိုက်ကျင်းများဖြင့်လည်း ကောင်း ၊အပင်လတ်များအား (၂)ပေ ပတ်လည် (၂) ပေအနက် စိုက်ကျင်းများဖြင့်လည်းကောင်း ၊အပင်ကြီးများ အား(၃) ပေပတ်လည် (၃) ပေအနက် စိုက်ကျင်းများတူးဖော်၍ စိုက်ပျိုးမည့် အပင်နှင့် စိုက်ကျင်းများ မျှတမှုရှိစေ ရန်စီစဉ်စိုက်ပျိုးရန်ဖြစ်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ရွက်လှပင် စိုက်ပျိုးရန်အတွက် အသုံး⁠ပြုသင့်သည့် အိုးအရွယ်အစား⁠နှင့်ေ⁠မြဆီ⁠သြဇာလိုအပ်ချက် appeared first on Myanmar Farmers' Portal.
သစ်စိမ်းေ⁠မြ⁠သြဇာ
$
0
0
ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာသည် သစ်ဆွေးဓာတ် (၅၆)ရာခိုင်နှုန်းအထိပါဝင်ပြီး မြေအမျိုးအစားကို လိုက်၍ မိုးရာသီတွင် အစိုဓာတ် တစ်ဧက (၇) တန် အထိလည်းကောင်း၊ မိုးကြိုရာသီတွင် အစိုချိန် (၄) တန်အထိလည်းကောင်း ရရှိနိုင်ပါသည်။ သို့ဖြစ်၍ တစ်ဧက ယူရီး ယား (၁၈၆) ပေါင်နှင့်ညီမျှသော နိုက်ထရိုဂျင်ဓာတ်ကို ပံ့ပိုးပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post သစ်စိမ်းေ⁠မြ⁠သြဇာ appeared first on Myanmar Farmers' Portal.
ကြက်သွန်နီ အထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့် အချက်များ
$
0
0
၁။ ဒေသအလိုက် ကြာရှည်အထားခံသော ရွှေဖလားမျိုး၊ ကျော်မင်းမျိုးများကို အသုံးပြုစိုက်ပျိုးပါ။
၂။ မျိုးစေ့ (၁)ပြီလျှင် (၇၅) ကျပ်သား အလေးချိန်ထက်များသော မျိုးစေ့များအား ရေစိမ်၍  အောင်စေ့များ ရွေးချယ်စိုက်ပျိုးပါ။ တစ်ဧကလျှင် မျိုးစေ့ ( ၃-၄)ပြီနှုန်းအသုံးပြုပါ။
၃။ မြေချဉ်ငံဓါတ် (၆-၇) ရှိ မြေမျိုးတွင် ထယ်ရေးနက်နက်၊ ညက်ညက်ထွန်၍ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။
၎။ ပင်ကြား၊ တန်းကြား (၄’ x ၃’) အကွာအဝေးဖြင့် တစ်ဧကလျှင်အပင် (၄၀၀၀၀၀) ၀င်ဆန့်အောင် စိုက်ပျိုးပါ။
၅။ သန်မာသော ပျိုးပင်များရရှိစေရန် ပျိုးဘောင်ကို စနစ်တကျပြုပြင်၍ ပျိုးသက် (၄၅ – ၅၀) ရက်သားတွင် ရွှေ့ပြောင်း စိုက်ပျိုးပါ။
၆။ တစ်ဧကလျှင် သဘာဝမြေသြဇာ (၁၀)တန်၊ ဓါတ်မြေသြဇာ(၅၀)ကီလိုဝင်အိတ် ယူရီးယား (၂) အိတ်၊ တီစူပါ (၂)  အိတ်၊ ပိုတက် (၁) အိတ်နှုန်းတည့်သွင်းပေးပါ။ .ယူရီးယားတစ်ဝက်ကို မြေခံတွင်ထည့်၍ ကျန်တစ်ဝက်ကို အပင်လှန်ပြီး ကြားပေါင်းလိုက်ချိန်နှင့် ဥစတင် ဆင်းချိန်တွင် တစ်ဝက်စီခွဲထည့်ပေးပါ။
၇။ ရွှေ့ပြောင်းစိုက်ပြီး ၂၅ – ၃၀ ရက်ကြာတွင် ကြားပေါင်းလိုက်ပါ။ သီးနှံတစ်ရာသီတွင် ကြားပေါင်းလိုက်ခြင်း (၃) ကြိမ်ခန့် ဆောင်ရွက်ပါ။
၈။  ရွှေ့ပြောင်းစိုက်ပြီး (၂၅ – ၃၀)ရက်မှ စတင်ကာ စိုက်ခင်း၌ အစိုဓါတ် လုံလောက်မှုရှိစေရန် အမြဲဂရုပြု ဆောင်ရွက်ပါ။
၉။ အပင်စုပ်ပိုးကျရောက်မှု အခြေအနေပေါ် မူတည်၍ ပင်လုံးပြန့်ပိုးသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ်နှိမ်နင်းပါ။
၁၀။ မှိုရောဂါ ကျရောက်စေနိုင်သည့် မိုးအုံ့ခြင်း၊ မိုးဖွဲရွာခြင်း စသော ရာသီဥတု ဖောက်ပြန်မှုရှိပါက သင့်တော်သော  မှိုသတ်ဆေးဖြင့် ကြိုတင်ကာကွယ်ပါ။
၁၁။ ကြက်သွန်ရွက်များ ၀ါလာ၍ (၇၅)ရာခိုင်နှုန်း၊ ဂုတ်ကျိုးချိန်တွင် အလေအလွင့်နည်းအောင် နှုတ်သိမ်းပါ။
၁၂။ နှုတ်သိမ်းပြီး ကြက်သွနဥများကို တစ်ပက်ခန့် လေသလပ်ခံပြီးမှ အမြိတ် (၂) လက်မခန့် ချန်ဖြတ်ကာ၊ လေ၀င်လေထွက်ကောင်း  သော အရိပ်အောက်တွင် သိုလှောင်ပါ။
စိုက်ပျိုးသုတ-ပစ္စယ (Pissaya Info)
The post ကြက်သွန်နီ အထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့် အချက်များ appeared first on Myanmar Farmers' Portal.
ပန်း⁠နှမ်း စိုက်ပျိုးနည်း
$
0
0
ပန်းနှမ်း၏ မူရင်းဒေသသည် အာဖရိကတိုက်ဖြစ်သော်လည်း အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများတွင် အရေးပါသော ဆီထွက်သီးနှံတစ်ခု ဖြစ်ပါသည်။
ပန်းနှမ်းသီးနှံပင်သည် နေကြာပင်နှင့် တူညီသော မျိုးရင်းတွင် ပါဝင်ပါသည်။ တစ်ရာသီပင်အမျိုးအစားဖြစ်ပြီး ကိုင်းဂွများသော ပင်ထောင် မျိုးဖြစ်ပါသည်။ ရေသောက်မြစ်ပါရှိ၍ ရေငတ်ဒဏ် အတော်အသင့်ခံနိုင်သည်။ အပင်အမြင့် (၃) ပေခန့်ထိ ကြီးထွားတတ်သည်။ အရွက်တွင် အမွှေးများ ထူထပ်စွာ ပေါက်ရောက်နေသည်။ တစ်ပင်တွင် ပန်းပွင့် (၃၀ -၄၀) ခန့်ပွင့်တတ်ပါသည်။
ရာသီဥတု
ပန်းနှမ်းသီးနှံပင်သည် နေ့တာကို ကြိုက်သော သီးနှံပင်ဖြစ်သည်။ သမပိုင်းဒေသသီးနှံဖြစ်သော်လည်း ပူနွေးသော ဒေသများတွင်ပါဖြစ် ထွန်းနိုင်ပါသည်။ ပင်လယ်ပြင်မှ အမြင့်ပေ (၆၀၀ – ၇၅၀၀) အထိ  ဖြစ်ထွန်းသည်။ သို့သော် ၄င်းထက်ပိုမိုမြင့်မားသော ဒေသများတွင် လည်း ပေါက်ရောက်နိုင်ပါသည်။
အပူချိန် (၁၈ – ၂၃) ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာ ဖြစ်ထွန်းသည်။ (၃၀) ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါက အပင်ကြီးထွား ဖွံ့ဖြိုးမှု၊ ပန်းပွင့်မှုကို လျော့ကျစေသည်။ မိုးရေချိန် (၄၀ – ၅၀) လက်မတွင် အပင်ကောင်းစွာ ဖြစ်ထွန်းသော်လည်း (၈၀) လက်မထက် ကျော်လွန်ပါက ထိခိုက်မှုရှိစေသည်။
ပန်းပွင့်များ ဖြိုင်ဖြိုင်ပွင့်ချိန်နှင့် ရင့်မှည့်ချိန်တွင် မိုးသည်းထန်မှု၊ အပူချိန်ပြင်းထန်မှုနှင့် နှင်းခါးရိုက်မှုဒဏ်များ ခံရပါက အထွက်ကို အထူး ထိခိုက်စေသည်။ တောင်ပေါ်ဒေသများတွင် ယင်းပြဿနာကို ကြုံတွေ့ရတတ်သည်။
မြေအမျိုးအစား
ပန်းနှမ်း သီးနှံပင်သည် မြေအမျိုးအစားမရွေး ပေါက်ရောက် ဖြစ်ထွန်းနိုင်ပါသည်။ သို့ရာတွင် မြေစေးပါသော နုန်းမြေနှင့် သဲရောမြေစေး များတွင် ပိုမို ဖြစ်ထွန်းနိုင်ပါသည်။ စေးလွန်းသော မြေများတွင်မူ စိုက်ပျိုးရန် မသင့်လျော်ပါ။ ပန်းနှမ်းသီးနှံပင် နှစ်သက်သော မြေအချဉ် အငံဓါတ် (pH) မှာ (၅.၂ – ၆.၅) ဖြစ်ပါသည်။
ပန်းနှမ်းမျိုးများ
ဒေသကြိုက်နှစ်သက် သုံးစွဲမှုပေါ်မူတည်၍ စိုက်ပျိုးနေသော ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး၊ လက်ရှိအားဖြင့် ဒေသမျိုးများသာ ကျယ်ပြန့်စွာ စိုက်ပျိုးနေပါသေးသည်။ အဓိကအားဖြင့် သက်ကြီးမျိုးများနှင့် သက်ငယ်မျိုးများဟူ၍ (၂)မျိုးရှိရာ၊သက်ကြီးမျိုးများမှာ သက်တမ်း (၁၂၀ – ၁၅၀) ရက်ရှိပြီး သက်ငယ်မျိုးများမှာ သက်တမ်း (၉၀ – ၁၂၀) ရက်ရှိပါသည်။
ပင်ကြားဝတ်မှုန်ကူးသော သီးနှံဖြစ်၍ မျိုးသန့်ရန်သီးခြား တစ်ကွင်း တစ်စပ်တည်း စိုက်ပျိုးရန်လိုပါသည်။ ယခုအခါ အလင်းရောင် တုန့်ပြန် မှု နည်း၍ အအေးဒဏ်ခံနိုင်သောမျိုးများ၊ မိုးရာသီတွင် စိုက်ပျိုးနိုင်သော မျိုးများရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။
သီးနှံပင် သဘာဝအရ၊ ရေကြမ်း၊ မြေကြမ်းခံနိုင်ပြီး၊ မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။
စိုက်ပျိုးခြင်း
ပန်းနှမ်းကို သီးသန့်စိုက်ခင်းအနေဖြင့် စိုက်ပျိုးနိုင်ပါသည်။ အထူးသဖြင့် အခြားသီးနှံများ စိုက်ပျိုးဖြစ်ထွန်းမှု မရှိသော မြေများတွင် အရင်း အနှီးနည်းနည်းဖြင့် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။
သီးထပ်အနေဖြင့်လည်း ယာစပါး၊ မိုးနှမ်း၊ မိုးမြေပဲ၊ အစေ့ထုတ်ပြောင်းသီးနှံများ ရိတ်သိမ်းပြီးနောက်ဆက်လက်စိုက်ပျိုးနိုင်ပါသည်။
ကြားသီးနှံအနေဖြင့် ဥယျာဉ်ခြံများ အထူးသဖြင့် ရော်ဘာစိုက်ခင်းများတွင် စိုက်ပျိုးနိုင်သည်။ နှစ်ရှည်ပင်များအကြားတွင် စိုက်ပျိုးခြင်းဖြင့် နှစ်ရှည်စိုက်ခင်းများတွင် ပေါင်းမြက်ပြဿနာကို ဖြေရှင်းပြီး ဖြစ်ခြင်း၊ ဆီဖူလုံရေးအတွက် အထောက်အကူဖြစ်စေခြင်း အပိုဝင်ငွေ ရရှိ စေခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
နေရာဒေသအလိုက် သတ်မှတ်ထားသော စိုက်ချိန်များထက် နောက်ကျ မစိုက်သင့်ပါ။ အလင်းရောင်တုန့်ပြန်မှုရှိသော သီးနှံဖြစ်၍ စိုက် ချိန်နောက်ကျပါက အပင်ကြီးထွားမှုကို ထိခိုက်စေပြီး ပန်းပွင့်မှုအားနည်းခြင်း အစေ့အဆံမအောင်မြင်ခြင်း၊ အထွက်နှုန်းယုတ်လျော့ခြင်း များ ဖြစ်တက်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ပန်း⁠နှမ်း စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
Viewing all 691 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>