Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live
ပန်း⁠နှမ်းအထွက်တိုး⁠စေရန်⁠ဆောင်ရွက်ရမည့်အချက်များ
$
0
0
(၁) မျိုးစေ့များသည် သေးငယ်သဖြင့် မြေကောင်းစွာပြုပြင်ပေးပါ၊ ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ရရှိအောင် ဆောင်ရွက်၍ ပေါင်းမြက်စင်အောင်ကောက်ပါ။ မြေပြုပြင်ပြီးပါက စိုက်ခင်း မြေမျက်နှာပြင် ညီညာအောင်ညှိပေးပါ။
(၂) စိုက်ပျိုးချိန်မှာ ဒေသအလိုက် ကွဲပြားမှုရှိပါသည်။ တောင်တန်းဒေသများတွင် သြဂုတ်လလယ်မှ စက်တင်ဘာလကုန်ထိ စိုက်ပျိုးနိုင် ပါသည်။ အထက်မြန်မာပြည် အပူပိုင်းဒေသတွင်၊ စက်တင်ဘာလလယ်မှ အောက်တိုဘာလလယ်ထိ စိုက်ပျိုးနိုင်ပါသည်။
အောက်မြန်မာပြည်တွင် နိုင်ဝင်ဘာလနှင့် အစိုဓါတ်ရရှိပါက ဒီဇင်ဘာလ ဒုတိယပတ်အထိ စိုက်ပျိုးနိုင်ပါသည်။
မည်သည့်ဒေသတွင် စိုက်ပျိုးသည်ဖြစ်စေ စိုက်ချိန်၌ မြေအစိုဓါတ် အပြည့်အ၀ရှိမှသာ အပင်ပေါက်ကောင်းပါမည်။ စိုက်ခင်းမြေ တစ်ဧကလျှင် နွားချေး (သို့) အီးအမ်ဘိုကာရှီ မြေဆွေး လှည်း (၄ – ၆) စီးခန့်၊ ယူရီးယား (၅၆) ပေါင်၊ တီစူပါ (၅၆) ပေါင် နှုန်း ထည့်ပေး သင့်ပါသည်။
(၃) တစ်ဧလျှင် မျိုးစေ့နှုန်း (၂) ပြည်ခန့် အသုံးပြုရပါမည်။ သီးညှပ်စိုက်မည်ဆိုပါက မျိုးစေ့တစ်ပြည်နှုန်း သုံးရပါမည်။ အပင်ပေါက် ရာခိုင်နှုန်း ပိုကောင်းစေရန်အတွက် အတန်းစိုက်အဖြစ် စိုက်ပျိုးသင့်ပါသည်။ တစ်တန်းနှင့်တစ်တန်း (၁၄ – ၁၈) လက်မအကွာထား ၍အတန်းထဲတွင် တစ်ပင်နှင့်တစ်ပင် (၄ – ၆) လက်မ အကွာထားကာ စိုက်ပျိုးသင့်ပါသည်။ မျိုးစေ့များ မြေလွှာအတွင်း တစ်လက်မထက် ပို၍ မနက်သင့်ပါ။ မျိုးစေ့များသည် သေးငယ်ခြင်းကြောင့် မျိုးစေ့ကျမှု ညီညာစေရန် သဲ (သို့) ပြာများနှင့် ရောနှော၍ ကြဲပက်အစေ့ချပါ။ သို့ရာတွင် မျိုးစေ့နှင့် ဓါတ်မြေသြဇာများကို ရော၍ ကြဲပက်ခြင်း မပြုသင့်ပါ။
(၅) ပန်းနှမ်းတွင် ပိုးမွှားများ၊ ရောဂါများ ကျရောက်ဖျက်ဆီးမှု နည်းပါးပါသည်။
(၆) စိုက်ခင်းမြေ၏ မြေအစိုဓါတ်ပြည့်ဝမှု မြေအတွင်း အပူချိန်သင့်လျော်မှုပေါ်မူတည်၍ မျိုးစေ့ချပြီး (၂ -၃) ရက်အကြာ၌ အပင်ငယ်များ ပေါ်မူတည်၍ မျိုးစေ့ချပြီး (၂ – ၃) ရက်ပအကြာ၌ အပင်ငယ်များ ပေါက်လာနိုင်ပါသည်။ အပင်ငယ်များ ပေါက်လာပြီး ရက် (၂၀) သား အတွင်းတွင် ကြဲပက်စိုက်ခင်းများ၌ ဖြစ်စေ၊ တန်းတွင်းဖြူးချစိုက်ခင်းများ၌ဖြစ်စေ တစ်ပင်နှင့်တစ်ပင် အကွာအဝေး (၄ -၆) လက်မခန့် ထားရှိ၍ သားခွဲခြင်း၊ အပင်မှုန်းခြင်းများ ဆောင်ရွက်ပေးပါ။
(၇) ပန်းနှမ်းသည် အပင်ပေါက်ကောင်းမွန်ပြည့်စုံပါက စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ယှဉ်ပြိုင်နိုင်စွမ်းရှိပါသည်။ စိုက်ခင်း မြေပြုပြင် စဉ်က ပေါက်မြက်များအား ပြောင်စင်အောင်ဆောင်ရွက်ခဲ့ပါလျင် အပင်သက်တမ်းတစ်လျှောက် နောက်ထပ် (၂) ကြိမ်ခန့် ပေါင်းမြက်များ ကင်းရှင်းအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် လုံလောက်ပါသည်။ ပထမအကြိမ် ပေါင်းမြက်ရှင်းလင်းခြင်းကို အပင်ငယ်များ၏ အမြင့် (၄) လက်မခန့်ရှိချိန်တွင် ဆောင်ရွက်ပါ။
(၈) စိုက်ပျိုးချိန်တွင် အစိုဓါတ်လုံလောက်စွာရှိပါက နောက်ပိုင်းတွင် အပင်ကြီးထွားမှု ကောင်းမွန်၍ သီးနှံအထွက်နှုန်း မြင့်မားမည်ဖြစ် ပါသည်။ အပင်ကြီးထွားချိန်၊ ပန်းပွင့်ချိန်နှင့် အစေ့ရင့်မှည့်ချိန်များတွင်လည်း အစိုဓါတ်များလွန်းသည့် အခြေအနေကို အခြားဆီထွက် သီးနှံ များ ထက်ခံနိုင်ရည်ရှိပါသည်။
(၉) ပန်းနှမ်းပင်၏ အရွက်များဝါ၍ ခြောက်သွေ့ပြီး၊ အစေ့များ ရင့်မှည့်လာချိန်တွင်ရိတ်သိမ်းနိုင်ပါသည်။ ပန်းနှမ်းပင်များအား တံစဉ်ဖြင့် ရိတ်သိမ်းနိုင်ပါသည်။ ပန်းနှမ်းပင်များအား တံစဉ်ဖြင့် ရိတ်သိမ်းပြီး စိုက်ခင်းထဲတွင် ( ၂ – ၃) ရက်ကြာ နေလှမ်းရမည်။
ထို့နောက် တလင်းသို့ သယ်ယူနင်းနယ် ချွေလှေ့ပြီး ရရှိလာသော ပန်းနှမ်းစေ့များကို ခြောက်သွေ့အောင် နေလှမ်း၍ စနစ်တကျ အိတ်သွတ်သိုလှောင်ရပါမည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ပန်း⁠နှမ်းအထွက်တိုး⁠စေရန်⁠ဆောင်ရွက်ရမည့်အချက်များ appeared first on Myanmar Farmers' Portal.
ကိုက်လံ စိုက်ပျိုးနည်း
$
0
0
(၁) မျိုးများ
ဆစ်ဘားရီးယမ်အပုမျိုး (Improved Dwarf Siberian ) သည် အသက်ရက် ၅၀ ရှိပြီး ၊ အအေးဒဏ်ခံနိုင်သည်။ အရွက်များတွန့်လိမ်ပြီး အစိမ်းရင့်ရောင်ရှိသည်။ ရက်တ်ရုပ်ရှင် (Red Russian) မျိုးသည် အသက်ရက် (၅၀) ရှိ ပြီး၊ရိုးတံခရမ်းရောင်နှင့်  အရွက်ကြောများပါ ခရမ်းရောင်ဖြစ်သည်။ အရွက်ပြားပြီး အခြားရွက်တွန့်မျိုးများထက် နူးညံ့သည်။ ရက်ဘို (Redbor)စပ်မျိုးသည် အသက်ရက် ၅၅ ရက်ရှိပြီး ၊ အရွက်နား တွန့်ကာ အနီမှိုင်းရောင်ရှိ သည်။ ရာသီဥတုအေးလျှင် အရောင်ရင့်လာသည်။တာ့စ်ကာနို (Toscano) မျိုးသည် အသက်ရက် ၆၅ ရှိပြီး ၊ အပူရော အအေးဒဏ်ပါ ခံနိုင်သည်။ အရွက်သည် သေးသွယ် ရှည်လျားပြီး အစိမ်းရင့်ရောင်ရှိသည်။ နာဂိုယာ (Nagoya) စပ်မျိုးသည် အရွက်နားတွန့်ပြီး အပြင်ဘက်မှ အရွက်များက အစိမ်းရောင်ရှိပြီး အလယ်ပိုင်းရှိ အ ရွက်များ ကပန်းရောင်မှ အဖြူ ရောင်ဖြစ်သည်။
(၂) စိုက်ပျိုးခြင်း
ဆောင်းရာသီနှောင်းပိုင်းတွင် စိုက်ပျိုးပြီး နွေရာသီ၌ စားသုံးနိုင်သကဲ့သို့ မိုးရာသီနှောင်းပိုင်းတွင် စိုက်ပျိုးပြီး ဆောင်းရာသီ၌ စားသုံးနိုင် သည်။ နေရာဒေသအလိုက် ရာသီဥတုအရ အပြောင်းအလဲရှိမည်ဖြစ်သည်။
ပျိုးခင်းကို ၁-၂ လက်မခန့် မြေဆွေးဖုံးပြီး မျိုးစေ့များကို လက်မဝက်အနက်နှင့် တစ်စေ့နှင့်တစ်စေ့ တစ်လက်မ ခြားစိုက်ပျိုးရသည်။ ပျိုးပင်ပေါက်များကို မြေကွက်တွင် အတန်းတွင်း၌ ၆ လက်မခြားနှင့် စိုက်တန်းတစ်ခုနှင့် တစ်ခုကြား ၂-၃ ပေ ခွာထားရသည်။ ပျိုးပင်များ အမြစ်စွဲသောအခါ (၁၅ – ၂၀ ရက်အကြာ) အတန်းအတွင်း ၌ တစ်ပင်နှင့်တစ်ပင် ၆ လက်မမဟုတ်တော့ဘဲ တစ်ပေကွာအောင်ထား၍ မလိုသောအပင်များကို နုတ်ပယ်ပစ်ရ သည်။
အပင်များ ၄ လက်မခန့်မြင့်လာလျှင် နိုက်ထရိုဂျင်ဓာတ် များသောဓာတ်မြေသြဇာအရည်ဖျန်းပေးရသည်။ မြေကြီးကို ကောက်ရိုး၊ သစ်ဆွေး စသည်များဖြင့် ဖုံးအုပ်ပေးခြင်းဖြင့် မြေအစိုဓာတ်ကို ထိန်းသိမ်းခြင်း ၊ ပေါင်း မြက်ကိုကာကွယ်ခြင်း ၊ မြေဆီလွှာကို အေးစေခြင်းစသော  အကျိုးများရရှိသည်။
(၃) ပိုးမွှားရောဂါ
ဂေါ်ဖီထုပ်အပင်တွင် ကျရောက်သောပျပိုး ၊ ကျိုင်းကောင်နှင့် လောက်ကောင်တို့ဖြစ်သည်။ လက်နှင့်ကောက် ယူ၍ ဖြစ်စေ ၊ ပိုးသတ်ဆေး ဖျန်း၍ဖြစ်စေ ကာကွယ်နှိမ်နှင်းနိုင်သည်။
(၄) ရိတ်သိမ်းခြင်း
အရွက်နုကိုစားသုံးလိုပါက စိုက်ပျိုးပြီး ၂၀-၃၀ ရက်သားတွင် ခူးယူစားသုံးနိုင်သည်။ အရွက်အရင့်ကို စားသုံးလို ပါက ၅၀- ၇၅ ရက်သားတွင် ခူးယူရသည်။ရာသီဥတုအေးလာပြီး အရွက်ရင့်လေ အချိုဓာတ်များလေ ဖြစ်သည်။ ရေရှည်အသုံး ပြုလိုပါက အပင်၏ အရွက်ရင့်များကိုသာ ခူးယူပြီး အလယ်ရှိအရွက်နုများကိုချန်ထားရသည်။ ထို အလယ်မှ အရွက်နုများသည် သုပ်စားရန် ကောင်းမွန်သည်။ အရွက်ရင့်များကိုမူ ဂေါ်ဖီထုပ်ကဲ့သို့ ချက်ပြုတ် ကြော်လှော်စားရသည်။ လတ်ဆတ်သော အရွက်များကို ရေခဲသေတ္တာတွင် ၇ရက် ခန့်သိုလှောင်ထားနိုင်သည်။
စိုက်ပျိုးသုတ-ပစ္စယ (Pissaya_Info)
The post ကိုက်လံ စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
⁠နေ⁠ကြာသီး⁠နှံအထွက်⁠နှုန်းတိုးရန် စိုက်ပျိုးနည်း
$
0
0
နေကြာမျိုးများ
၁၉၇၂-ခုနှစ်မှ စတင်တင်သွင်းစိုက်ပျိုးလာသော သီးနှံဖြစ်ပါသည်။မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသော မျိုးများမှာ မဟူရာ၊ ဆန်ဖိုလာ၊ ဆင်းရွှေကြာ(၁)၊ ဆင်းရွှေကြာ(၂)၊ ဒို့ ခေတ်၊ မလှိုင်ရွှေကြာ စသည်တို့ ဖြစ်ပြီး အသက်ရက်အားဖြင့် (၈၀-၁၀၀)ရက် ရှိကြပါသည်။ အထက်မြန်မာပြည်တွင် မိုးရာသီ၊ ဆောင်းရာသီ၌လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် ဆောင်းရာသီ၌လည်းကောင်း စိုက်ပျိုးကြပါသည်။နေကြာတစ်မျိုးတည်း သီးသန့် အဖြစ်လည်းကောင်း၊ ပဲမျိုးစုံ၊ ဂျုံတို့ နှင့်သီးညှပ်အဖြစ် လည်းကောင်း စိုက်ပျိုးကြပါ သည်။ နေကြာပင်တွင် ရေသောက်မြစ်ပါရှိပြီး အမြစ်အုံကောင်းခြင်း၊ ပင်စည်တွင် အမွှေးများပါခြင်းတို့ ကြောင့် မြေပဲ၊ နှမ်းတို့ ထက် မိုးခေါင်ဒဏ်၊ ရေငတ်ဒဏ်ခံနိုင်ပါသည်။
ရာသီဥတု
ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့ တာကိုကြိုက်သောအပင်မျိုးဖြစ်သည်။ အလင်းရောင်တုန့် ပြန်မူနည်းသည်။ အပင် ပေါက် အကောင်းဆုံး အပူချိန်မှာ (၈-၁၀) ဒီဂရီ စင်တီဂရိတ်ဖြစ်၍ အပင်ကြီးထွားချိန်တွင် (၂၁-၂၄)ဒီဂရီစင်တီဂရိတ်ရှိပါက အစေ့များ ကာင်းစွာ ဖြစ်ထွန်းသည်။ ဆီထွက် ကောင်းစေသည်။ (၁၃-၁၇) ဒီဂရီ စင်တီဂရိတ်တွင် ပန်းပွင့်နှင့် ရင့်မှည့်ချိန်များ နှောင့်နှေးစေသည့် အပြင် ဆီပါဝင်မှုလည်း ကျဆင်းသွားစေသည်။
မြေအမျိုးအစား
အစိုဓာတ်ထိန်းနိုင်သော နုန်းဆန်သည့်မြေ၊ သဲနုန်းမြေများတွင်ဖြစ်ထွန်းသည်။မြေဆီသြဇာထက်သန်သော မြေမျိုးကိုနှစ်သက်သည်။ မြေချဉ်ငံဓာတ် (၆-၈) တွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
ရေ
မိုးခေါင်ဒဏ်ကို အသင့်အတင့်ခံနိုင်သည်။ရေ၀ပ်မခံနိုင်ပါ။ သို့ သော် အစိုဓာတ်ကောင်းစွာ ရရှိရန် အရေးကြီးသည်။အပင်ကြီးထွားချိန်တွင် ရေအစိုဓာတ်  (၁၄) ရာခိုင်နှုန်းရရှိပါက ဖွံ့ ဖြိုးကြီးထွားသည်။ (၁၄)ရာခိုင်နှုန်းထက်နည်းပါက အပင်ကြီးထွားမှု ရပ်တန့် သွားစေသည်။
ဝတ်မှုန်ကူးခြင်း
နေကြာပင်တွင် ၀တ်မှုန်ကူးခြင်းသည် အဓိက အရေးကြီးသော အချက်ဖြစ်သည်။ ၀တ်မှုန်ကူးမှု ကောင်းမှသာ နေကြာစေ့ အထွက်နှုန်း ကောင်းသည်။ ၀တ်မှုန်ကူးချိန်တွင် နေပြင်းပြင်းပူခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများနှင့် ကြုံကြိုက်ပါက အစေ့အဆန် အောင်မြင်မှု နည်းစေသည်။
နေကြာပန်း၏၀တ်မှုန်သည် စေးကပ်သောသဘောရှိသဖြင့် လေအားဖြင့်ဝတ်မှုန်ကူးရန် အခက်အခဲဖြစ်စေသည်။ အဓိကအားဖြင့် ပျား၊ ပိတုန်း၊ လိပ်ပြာများအကူအညီဖြင့်သာ  အောင်မြင်စွာ ၀တ်မှုန်ကူးနိုင်ကြပါသည်။ထို့ ကြောင့် ၀တ်မှုန်ကူးအင်းစက်ပိုးများ နည်းပါးသော နေကြာခင်းများတွင် ၀တ်မှုန်ကူးရာတွင် အခက်အခံဖြစ်ပြီး ပန်းပွင့်တွင် အဆံချောင်များဖြစ်နေတတ်သည်။ အင်းဆက်ပိုးမွှားများဖြင့် ၀တ်မှုန်ကူးရသောကြောင့် နေကြာပန်းပွင့်ချိန်တွင် ပိုးသတ်ဆေးများ သုံးစွဲခြင်းကို ဂရုပြုသင့်သည်။
နေကြာခင်းများအနီးတွင် ပျားမွေးမြူရေး ပြုလုပ်ထားခြင်းဖြင့်လည်း နေကြာခင်း အထွက်တိုးစေနိုင်ပါသည်။ တစ်ဖက်မှလည်း ပျားရည် ရနိုင်သည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ⁠နေ⁠ကြာသီး⁠နှံအထွက်⁠နှုန်းတိုးရန် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
နေကြာနှင့် အခြားသီးနှံများ သီးညှပ်စိုက်ပျိုးနည်း
$
0
0
နေကြာနှင့် အခြားသီးနှံများ သီးညှပ်စိုက်ပျိုးခြင်း
နေကြာနှင့် အခြားသီးနှံများအား သီးညှပ်စိုက်ပျိုးရာတွင် စိုက်ပျိုးမြေတွင် မြေတွင်းအစိုဓာတ် လုံလောက်ရပါမည်။ ပဲနှင့်ညှပ်ပါက ပဲမြစ်ဖု ဇီဝမြေသြဇာကို တစ်ဧကလျှင် အနည်းဆုံး တစ်ထုပ်နှုန်းသုံးသင့်ပါသည်။
လချေးကျောက်မှုန့်  မြေသြဇာရနိုင်ပါက တစ်ဧကလျှင် အနည်းဆုံး (၅) ကီလိုဝင်အိတ် (၃)အိတ်နှုန်းထည့်ပေးပါ။ ဇီဝစူပါမြေသြဇာ အရည် ကို အပင်ပေါက်စုံပြီး (၁၄)ရက်သားမှ စတင်၍ (၇-၁၀) ရက်ခြား၍ ပဲများအသီးသည်ထိ စုစုပေါင်း (၃-၅)ကြိမ် ပက်ဖျန်းပေးပါ။ နေကြာ တစ်ကျင်းလျှင် တစ်ပင်သာချန်ပါ။ စိုက်ပြီး (၁) လသားအရွယ်တွင် ရေသွင်းပေးပါ။ ဓာတ်မြေသြဇာအနေဖြင့် တစ်ဧကလျှင် ယူရီးယား (၁၁၂)ပေါင်၊ တီစူပါ (၅၆)ပေါင်၊ ပိုတက်ရှ် (၅၆)ပေါင်နှုန်း ထည့်သွင်းပေးပါ။
၁။ အတန်းလိုက် မတ်ပဲ / ပဲတီစိမ်း နှင့် နေကြာ
  • ပဲ(၆)တန်းတွင် နေကြာ (၂)တန်း ထည့်သွင်းစိုက်ရသည်။
  • ပဲများ၏ တန်းကြားအကွာအဝေး (၁၅) လက်မဖြင့် နေကြာများ၏တန်းကြားအကွာအဝေးမှာ (၁၅) လက်မဖြစ်ပါသည်။
  • နေကြာတန်းများအတွင်း ပင်ကြားအကွာအဝေးမှာ (၇” မှ ၁၂”) လက်မဖြစ်ပါသည်။
  • တစ်ဧက မျိုးစေ့နှုန်းမှာ နေကြာ (၂)ပြည် ပဲ (၈)ပြည် ဖြစ်ပါသည်။
၂။ ကြဲပက် မတ်ပဲ / ပဲတီစိမ်း နှင့် နေကြာ
  • ပဲများကြဲပက်ပါ။
  • ပဲကြဲထားသော အကွက်ထဲတွင် (၇) ပေခြား နေကြာ(၂)တန်းကို တစ်တန်းနှင့်တစ်တန်း (၁၅) လက်မခြားစိုက်ပါ။
  • နေကြာတန်းများအတွင်း ပင်ကြားအကွာအဝေး (၇)လက်မခြားရှိးရပါမည်။
  • တစ်ဧက မျိုးစေ့နှုန်းမှာ နေကြာ(၂)ပြည်၊ ပဲ(၈)ပြည်ဖြစ်ပါသည်။
၃။ ကုလားပဲနှင့် နေကြာ
  • ကုလားပဲ(၆)တန်း၊ နေကြာ(၂)တန်းနှုန်း စိုက်ပါ။
  • ကုလားပဲတန်းကြား အကွာအဝေးမှာ(၁၂) လက်မဖြစ်၍ နေကြာတန်းကြား အကွာအဝေးမှာ (၁၂)လက်မဖြစ်သည်။ နေကြာတန်းများအတွင်း ပင်ကြားအကွာအဝေး (၉)လက်မရှိသင့်ပါသည်။
  • တစ်ဧကမျိုးစေ့နှုန်းမှာ နေကြာ(၂)ပြည်၊ ကုလားပဲ (၈-၁၂)ပြည်ဖြစ်ပါသည်။
၎။ ဂျုံနှင့် နေကြာ
  • ဂျုံ (၁၂)တန်း၊ နေကြာ (၂)တန်းနှုန်း စိုက်ပါ။
  • ဂျုံတန်းကြားအကွာအဝေး (၈)လက်မဖြစ်၍၊ နေကြာတန်းကြားအကွာအဝေးမှာ (၂၄)လက်မဖြစ်သည်။ နေကြာတန်းများအတွင်း ပင်ကြားအကွာအဝေး (၆)လက်မဖြစ်ပါသည်။
  • တစ်ဧကအတွက် မျိုးစေ့နှုန်းမှာနေကြာ (၂)ပြည်၊ ဂျုံ (၁)တင်း ဖြစ်ပါသည်။
ဆီထွက်သီးနှံ (၃)မျိုး၏ တစ်ဧကသီးနှံ အထွက်နှုန်းနှင့် ဆီအထွက်နှုန်း
သီးနှံ    အထွက်နှုန်း(တင်း)   တစ်တင်းမှဆီထွက်(ပိာ)   တစ်ဧကမှရရှိနိုင်သောဆီ(ပိာ)
မြေပဲ          ၄၁.၇၄                        ၂.၀၀                                   ၈၃
နှမ်း              ၅.၆၀                        ၆.၀၀                                    ၃၄
နေကြာ       ၂၁.၁၇                        ၂.၅၀                                     ၅၃
  • တစ်ဧကမှ ဆီရရှိနိုင်မှုတွင် မြေပဲသည် အများဆုံးဖြစ်၍ နေကြာသည် ဒုတိယ အဆင့်ရှိပါသည်။
                    ဆီထွက်သီးနှံ (၃)မျိုး၏ အသုံးပြုရမည့်မျိုးနှင့် အထွက်တို့ ၏ အချိုး
သီးနှံ   တစ်ဧကအသုံးပြုရမည့်မျိုး(တင်း)   တစ်ဧကမှရရှိသည့်အထွက်(တင်း)   မျိုးစေ့နှင့်အထွက်အချိုး
မြေပဲ              ၆                                         ၄၁.၇၄                                  ၁း၇
နှမ်း              ၁၈                                           ၅.၆၀                                ၁း၄၅
နေကြာ          ၁၄                                         ၂၁.၁၇                                ၁း၈၅
  • မျိုးနှင့်အထွက် အချိုးတွင် နေကြာသည် အထွက်နှုန်းအကောင်းဆုံးဖြစ်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post နေကြာနှင့် အခြားသီးနှံများ သီးညှပ်စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ဆီထွက်မုန်ညင်း စိုက်ပျိုးနည်း
$
0
0
ဆီထွက်မုန်ညင်းမျိုးများ
မြန်မာပြည်တွင် ဒေသအလိုက် စိုက်ပျိုးခဲ့ ကြသော ဒေသမျိုးများကိုသာ အသုံးပြုစိုက်ပျိုးလျှက်ရှိနေပါသေးသည်။ မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများကဲ့သို့ အဓိက ဆီထုတ်ယူရသည့် ဆီထွက်သီးနှံ မဟုတ်သော်လည်း ကချင်ပြည်နယ် အချို့ ဒေသများ၊ ချင်းပြည်နယ်အချို့ ဒေသ များနှင့် ရခိုင်ပြည်နယ်အချို့ ဒေသများတွင် စားသုံးဆီအတွက် အားထားရသော ဆီထွက်သီးနှံတစ်ခု ဖြစ်ပါသည်။
၁၉၉၆-၉၇ ခုနှစ်မှစ၍ Huile Trading Co., Ltd ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆီထွက်မုန်ညင်းမျိုး၊ မျိုးသစ်တစ်ခုဖြစ်သည့် ကနိုလာ (Canola) ဆီမုန်ညင်း မျိုးသစ်များဖြစ်သည့် Reard, Excel, ST-016, Chinook, Legend, Monty, Grouse မျိုးများအား သြစတြေး လျနိုင်ငံမှ မှာယူတင်သွင်းကာ ဆီထွက်မုန်ညင်း အဓိကစိုက်ပျိုးသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့ တွင် နှစ်စဉ်စမ်းသပ်စိုက်ပျိုးခဲ့ သော်လည်း ဒေသဆီမုန်ညင်းမျိုးများထက် အသက်အရွယ် ကြီးရင့်ခြင်း၊ ပိုးမွှားဖျက်ဆီးမှုဒဏ် ခံနိုင်ရည် နည်းပါးခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် အပွင့်၊ အသီးဖြစ်ပေါ်မှု ညံ့ဖျင်းခြင်းတို့ ကြောင့် ပြည်တွင်းဒေသ ဆီမုန်ညင်းမျိုးများလောက် အောင်မြင်မှုမရခဲ့ပါ။
ရာသီဥတု 
ဆီထွက်မုန်ညင်းပင်များသည် သမပိုင်းဒေသတွင်ပေါက်ရောက်ဖြစ်ထွန်းသော သီးနှံပင်အမျိုးအစားများဖြစ်ပါသည်။ အပူချိန်အားဖြင့် မပူ လွန်း၊ မအေးလွန်းသော အခြေအနေကို အပင်ကြီးထွားစဉ် တစ်လျှောက်ရရန်လိုအပ်ပါသည်။ နေ့ အပူချိန် (၂၅) ဒီဂရီစင်တီဂရိတ် (၇၇ံF)အောက်တွင်အပင်ကောင်းစွာဖြစ်ထွန်းနိုင်ပြီး အပင်ကြီးထွားမှု အဆင့်ဆင့်တွင် နှင်းခါးကျသည့်ဒဏ်ကို ခံနိုင်ပါသည်။ မြန်မာပြည်တွင်မှု ဆောင်းရာသီအေးမြ ခြောက်သွေ့ သောအချိန်၌ စိုက်ပျိုးကြပါသည်။ စိုက်ပျိုးချိန်အားဖြင့် စက်တင်ဘာလအတွင်း စိုက်ပျိုးနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။
မြေအမျိုးအစား
ဆီထွက်မုန်ညင်းများကို မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း နုန်းမြေနီ၊ သဲနုံးမြေ၊ မြေစေး အသင့်အတင့်ပါသော မြေများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ သို့ ရာတွင် မိုးရွာချအပြီး အပေါ်ရံမျက်နှာပြင်တင်းမာသွားသော မြေအမျိုးအစားများ၌ သေးငယ်သော မုန်ညင်းစေ့ကလေးများမှ အညှောင့်ပေါက်၍ မြေပေါ်သို့  ထွက်လာနိုင်သည့်စွမ်းအားနည်းပါးသဖြင့် ယင်းမြေများကို ရှောင်ရှားသင့်ပါ သည်။ စိုက်ပျိုးသည့်မြေတွင် အဓိကရှိအချက်မှာ အောက်ခံမြေမာ(Crust) မရှိစေရပါ။ ထို့ ပြင်ရေစီးရေလာကောင်း၍ ရေထုတ်နိုင်ခြင်း ပြုလုပ်ရန် လွယ်ကူရမည်ဖြစ်ပါသည်။ ရေဝပ်၍ ရေထုတ်ရန်ခက်ခဲပါက အထူးသဖြင့် အပင်ငယ်စဉ် အဆင့်တွင် ကြီးထွားမှုအတွက် အနှောင့်အယှက် အဟန့် အတား ဖြစ်စေပါသည်။ မြေအချဉ်အငံ ဓာတ်အားဖြင့် pH (၅.၅ – ၈) အထိ ပေါက်ရောက်နိုင်ပြီး မြေချဉ်သည့် ဒဏ်ကို မြေညံ့သည့် ဒဏ်ထက် ပိုမိုခံနိုင်စွမ်းရှိပါသည်။ မြန်မာပြည်တွင် ရာသီဥတု၊ ရေ၊ မြေအခြေအနေအရ စိုက်ပျိုးသင့်သော ဒေသ များမှာ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ ပိုင်း) စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့  ဖြစ်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ(Pissaya Info)
The post ဆီထွက်မုန်ညင်း စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ဆီထွက်မုန်ညင်းအထွက်တိုး⁠စေရန် ⁠ဆောင်ရွက်ရမည့် အချက်များ
$
0
0
(၁)  ဆီထွက်မုန်ညင်းစေ့များသည် သေးငယ်သဖြင့် အပင်ပေါက်ကောင်းစေရန်အတွက် စိုက်ခင်းမြေများ ညက်ညောအောင် ပြုပြင်ပါ။ မြေမျက်နှာပြင် ညီညာအောင်ညှိပေးပါ။ စိုက်ခင်းအတွင်း ရေမဝပ်စေရန် ဂရုစိုက်ပါ။
(၂)  စိုက်ပျိုးရန် မြေပြုပြင်ချိန်တွင် တစ်ဧကလျှင် နွားချေး လှည်း (၅-၁၀)စီး၊ ယူရီးယား (၅၄) ပေါင်၊ တီစူပါ (၉၀) ပေါင်၊ ပိုတက်ရှ် (၃၆) ပေါင်နှုန်း ထည့်ပေးပါ။
(၃)  တစ်ဧကလျှင် မျိုးစေ့နှုန်း (၄) ပြည် ကုန်ကျပါသည်။ မျိုးစေ့အပင်ပေါက်ရာခိုင်နှုန်း (၈၀) အထက်ရှိသင့်ပါသည်။
(၄)  အများအားဖြင့် ကြဲပက်စိုက်ပျိုးကြပါသည်။ သို့ ရာတွင် တန်းကြား (၁၀) လက်မ၊ ပင်ကြား (၄) လက်မကွာ အတန်းလိုက် စိုက်ပျိုးနိုင် လျှင် အထွက်နှုန်း ပိုမိုလာနိုင်ပါသည်။ မျိုးစေ့မြေတွင်းကျရမည့် အနက်မှာ (၁-၁ .၅) လက်မအတွင်း ရှိသင့်ပါသည်။
(၅)  မျိုးစေ့များကို မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ခြင်းဖြင့် မြေအောင်းရောဂါများ၊ မျိုးစေ့ဆောင်ရောဂါ၊ များအား ကာကွယ်နှိမ်နင်း နိုင်ပါသည်။
(၆)  ကြဲပက်စိုက်ခင်းများတွင်ဖြစ်စေ၊ အတန်းစိုက် စိုက်ခင်းများတွင်ဖြစ်စေ အပင်ပေါက်ပြီး (၂၀) ရက်သားအတွင်း တစ်ပင်နှင့်တစ်ပင် အကွာအဝေး (၄)လက်မ ခန့် ခြား၍ သားခွဲပေးပါ။
(၇)  မျိုးစေ့များသည် သေးငယ်သဖြင့် အပင်ငယ်စဉ်ကာလက အပင်ပေါက်ငယ်အဆင့်မှာပင် ပေါင်းမြက်နှင့် ယှဉ်ပြိုင်စွမ်းအားနည်းပါး သောကြောင့် စိုက်ခင်းမြေပြုပြင်စဉ်ကပင် ပေါင်းမြက်ကင်းစင်အောင် ပြုလုပ်ခဲ့ရန် အရေးကြီးပါသည်။ ပေါင်းမြက်များသည် မုန်ညင်းပင် များနှင့် အစိုဓာတ်၊ အာဟာရဓာတ်များအား ယှဉ်ပြိုင်စားသောက်သည်သာမက ရိတ်သိမ်းရာတွင်လည်း အခက်အခဲ ဖြစ်စေနိုင်ပါသည်။
(၈)  ဆီထွက်မုန်ညင်းပင်များအား ပျပိုး၊ ရွက်စားခူ၊ သီးလုံးဖောက်ပိုးနှင့် မြေတွင်းအောင်းပိုးများ ဖျက်ဆီးတတ်ပါသည်။ ပိုးမွှားအမျိုးအစား အလိုက် သင့်လျော်သော ပိုးသတ်ဆေးများဖြင့် စနစ်တကျ ကာကွယ်နှိမ်နင်းပါ။ မြေတွင်းအောင်းပိုးမွှားများအား ကာကွယ်ရန် မစိုက်မီ ကပင် လော့စ်ဘင်ကဲ့သို့ သော မြေအောင်းပိုးသတ်ဆေးများဖြင့် လူးနယ်စိုက်ပျိုးပါ။
(၉)  ယေဘုယျအားဖြင့် ပန်းပွင့်ချိန်၊ အသီးဖြစ်ချိန်များတွင် ရေငတ်ပါက အထွက်နှုန်း လျော့နည်းတတ်သဖြင့် ရေငတ်ခံရပါက ရေသွင်းပေး ပါ။ ရေအရှိန်ပြင်းပါက အပင်များ နာနိုင်ပါသဖြင့် ရေကိုဖြည်းညင်းစွာ သွင်းပေးပါ။
(၁၀)  ပန်းပွင့်ချိန်တွင် အစိုဓာတ် အလုံအလောက်ရှိပါက ယူရီးယား (၃၆) ပေါင်ထပ်မံထည့်ပေးပါ။
(၁၁)  အလေအလွင့်နည်းအောင် စနစ်တကျ ရိတ်သိမ်းပါ။ ရင့်မှည့်ချိန်တွင် ပင်စည်နှင့် အသီးများ အဝါရောင်ဖြစ်ပေါ်လာပြီး၊ အစေ့များ အနက်ရောင်ဖြစ်ထွန်းလာသည်။ အစေ့တွင်းအစိုဓာတ် (၁၅) ရာခိုင်နှုန်း ရှိနေမည်ဖြစ်ပါသည်။ မုန်ညင်းအသီး၊ အစေ့များသည် ရင့်မှည့် မှုမြန်ဆန်သဖြင့် သင့်လျော်သော ရိတ်သိမ်းချိန်ကို တစ်ပတ် ထက်ပို၍ မကြာပေ။ ပင်စည်အခြေပိုင်းရှိ အသီးများစတင်ရင့်မှည့်လာပြီး အပေါ်ပိုင်းရှိအသီးများ တဖြည်းဖြည်း ရင့်မှည့်သွားရာ အပင်အောက်ခြေရှိအသီးများ ခြောက်လာလျှင် စတင်ရိတ်သိမ်းနိုင်ပါသည်။ အလေ အလွင့်နည်းစေရန် နံနက်ပိုင်း၊ ညနေပိုင်းများတွင် ရိတ်သိမ်းသင့်ပါသည်။ အပင်များကို တလင်းတွင် အခြောက်လှမ်းပြီး ခြောက်သွေ့ လာ ပါက အပင်များကို တုတ်ဖြင့်ရိုက်၍ ချွေကာရလာသော အစေ့များအား ပြာလှေ့  သိုလှောင်နိုင်ပါသည်။    
The post ဆီထွက်မုန်ညင်းအထွက်တိုး⁠စေရန် ⁠ဆောင်ရွက်ရမည့် အချက်များ appeared first on Myanmar Farmers' Portal.
ကြက်သွန်ဖြူ အထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့် အချက်များ
$
0
0
၁။ ရေမြေဒေသအလိုက် ကိုက်ညီမှုရှိသော ရွှေကျင်မျိုး၊ ရှမ်းတောင်မျိုးကို ရွေးချယ်စိုက်ပျိုးပါ။
၂။ မြေချဉ်ငံဓါတ် (၅.၅ မှ ၆.၅) ရှိသော မြေမျိုးတွင် ထယ်ရေးနက်နက်၊ ညက်ညက်ထွန်၍ ရေသွင်း၊ ရေထုတ်ြေ မာင်း စနစ်တကျ ဖော်ပြီးဆောင်ရွက်ပါ။
၃။ ရောဂါကင်းသော မျိုးအမွှာကြီးသော မျိုးများရွေးချယ်ပြီး၊ (၁) ဧကလျှင် မျိုးနှုန်း (၂၅၀) မှ (၃၀၀) ပိဿာ အသုံးပြုပါ။
၎။ ပင်ကြား၊ တန်းကြား (၄ x ၄) လက်မ အကွာအဝေးဖြင့် (၁)ဧကလျှင် အပင် (၂၅၀၀၀၀ – ၂၇၀၀၀၀) ၀င်ဆန့်အောင် စိုက်ပျိုးပါ။
၅။ တစ်ဧကလျှင် သဘာဝမြေသြဇာ (၁၀)တန်၊ ဓါတ်မြေသြဇာ (၅၀) ကီလိုဝင်အိတ် ယူရီးယား (၂) အိတ်၊ တီစူပါ (၂) အိတ်၊ ပိုတက် (၁) အိတ်နှုန်းထည့်သွင်းပေးပါ။ ယူရီးယားတစ်ဝက်ကို မြေခံတွင်ထည့်၍ ကျန်တစ်ဝက်ကိုကြားပေါင်း လိုက်ချိန်နှင့် ဥစတင်ဆင်းချိန်တွင် တစ်ဝက်စီခွဲထည့်ပေးပါ။
၆။ စိုက်ပြီး (၁)လ အကြာတွင် ကြားပေါင်းလိုက်ပါ။ သီးနှံတစ်ရာသီလျှင် ကြားပေါင်းလိုက်ခြင်း(၃) ကြိမ်ခန့် ဆောင်ရွက် ပါ။
၇။ စိုက်ခင်း၌ အစိုဓါတ်လုံလောက်မှု ရှိစေရန်အမြဲဂရုပြုပါ။
၈။ ပန်းမပွင့်မီ ကြက်သွန်ဖူးများကို မဖြစ်မနေ ချိုးပေးပါ။
၉။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို သင့်တော်သလို ပက်ဖျန်း ကာကွယ်နှိမ်နင်းပေးပါ။
၁၀။ အပင်သက်တန်း (၄)လ မှ (၅)လအကြာ ကြက်သွန်ဖြူပင်စည် ၇၅% ၀ါလာလျှင် (သို့) ခြောက်လာလျှင် နှုတ်သိမ်း ပေးပါ။
၁၁။ကြက်သွန်ဖြူဥများ နှုတ်သိမ်းရာတွင် မြေကြီးထဲ၌ ဥများမကျန်ရစ်စေရန် အထူးဂရုပြုပါ။
စိုက်ပျိုးသုတ ပစ္စယ(Pissaya-Info)
The post ကြက်သွန်ဖြူ အထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့် အချက်များ appeared first on Myanmar Farmers' Portal.
⁠ဂေါ်ရခါး စိုက်ပျိုးနည်း
$
0
0
မြန်မာအမည်                 –  ဂေါ်ရခါး
အင်္ဂလိပ်အမည်             – CHAYOTE
ရုက္ခဗေဒအမည်            – Sedium edule
မျိုးရင်းအမည်                 – CUCURBITACEAE
မူရင်းဒေသ
အမေရိကန်နိုင်ငံ (မက္ကဆီကိုနှင့် အလယ်ပိုင်းအမေရိက)အပူပိုင်းဒေသ
ရာသီဥတု
အပူပိုင်းနှင့်အပူသမပိုင်း နှစ်ရှည်သီးနှံပင်မျိုးဖြစ်သည်။ ဂေါ်ရခါးပင်သည် ပူနွေးသော အပူချိန်တွင် ကောင်းစွာဖြစ်ထွန်းနိုင်ပါသည်။ အပင်သည် အလွန်အေးသော အပူချိန်ကို ခံနိုင်ရည်မရှိပါ။ မြေအပူချိန် (၅) ဒီဂရီစင်တီဂရိတ် အထိကျဆင်းသွားပါက အမြစ်သေသွားနိုင် ပါသည်။ စိုက်ပျိုးကာလရှည်လျားပြီး ရက်ပေါင်း (၁၈၀-၂၀၀) အထိရှိပါသည်။ နေ့ တာတို အပင်မျိုးဖြစ်သောကြောင့် နေ့ တာရှည်သွားပါ  က အသီးတင်မှု နည်းသွားနိုင်ပါသည်။
မြေအမျိုးအစား
ဂေါ်ရခါးသည် အကြမ်းခံသော အပင်မျိုးဖြစ်ပြီး၊ မြေအမျိုးအစား အမျိုးမျိုးတွင်ဖြစ်ထွန်းနိုင်ပါသည်။ မြေဆီသြဇာကောင်းမွန်မှုနှင့် အစို ဓာတ်များများရှိပါက ကောင်းစွာဖြစ်ထွန်းပါသည်။
အပင်သွင်ပြင်လက္ခဏာ
စိုက်ပျိုးစတွင် ပင်စည်ပျော့မျိုးဖြစ်ပြီး နောက်ပိုင်းတွင် သစ်မာပင်စည်မျိုးဖြစ်သွားသည်။ ဆစ်ကြားမှာ (၇-၁၅) စင်တီမီတာ ရှည်သည်။ နှာမောင်းထိပ်ဖျားတွင်ကိုင်းလေးခွ ခွဲနေပြီး နှာမောင်း၏အချင်းမှာ တစ်စင်တီမီတာထိ တုတ်ခိုင်ပါသည်။ (အပင်အရှည်မှာ ၁၀-၁၂ မီတာ ထိရှည်နိုင်ပါသည်။ အပင်ကြီးထွားမှုအဆုံးတွင် ဘေးကိုင်း (၂-၅) ကိုင်းထိရှိနိုင်ပါသည်။ အမြစ်သည်အစာသိုလှောင်နိုင်သော ဥပုံစံဖြစ် ပါသည်။ အပင်သက် (၂-၃)နှစ်ရှိသောအခါတွင် အမြစ်ဥသည် ကြီးထွားလာပြီး အာလူးပုံသဏ္ဍန်ဖြစ်လာကာ  (၅၀၀-၂၀၀၀) ဂရမ်ခန့်  အလေးချိန်ရှိနိုင်ပါသည်။ အလွန်အေးသောရာသီတွင် မြေပေါ်ပိုင်းအပင်မှာသေသွားပြီး မြေအောက်ပိုင်းတွင်ရှိ အမြစ်ဥ ဆက်လက်ကျန် ရှိနေပြီး ငုပ်လျှိုးနေပါသည်။ နောက်နှစ်တွင် ၄င်းအမြစ်ဥမှ အပင်သစ် ပြန်၍ရှင်သန်ထွက်လာမည်ဖြစ်ပါသည်။ အပင်တစ်ပင်တည်းတွင် အဖိုပွင့်နှင့် အမပွင့် သီးခြားပွင့်ပါသည်။ အဖိုပွင့်သည် အခိုင်လိုက် (၂-၁၀) ပွင့်ထိရှိပြီး ကိုင်းနှင့်အရွက်ကြားမှ ထွက်ပါသည်။ အမပွင့် သည် တစ်ပွင့်မှနှစ်ပွင့်ထိရှိပြီး အဆစ်မှ ထွက်ပါသည်။
အသီး ပုံသဏ္ဍန်
အသီးအရွယ်အစား၊ အသီးပုံသဏ္ဍန်နှင့် အစေ့တည်ရှိမှု ပုံသဏ္ဍန် အမျိုးမျိုးရှိနိုင်ပါသည်။ ဂေါ်ရဂါးအသီး (၂) မျိုးရှိပါသည်။ အသီးအရောင် စိမ်းဖြူရောင်မျိုးနှင့် အသီးအစိမ်းရောင်မျိုးတို့ ရှိပါသည်။ အသီးအစိမ်းရောင်ကို စိမ်းဖြူရောင်မျိုးထက် ပိုနှစ်သက်ကြသည်။ အစိမ်းရောင် မျိုးသည် စိမ်းဖြူရောင်မျိုးထက် ပို၍ကြီးပါသည်။
အသီးအရွယ်အစား၊ အသီးပုံသဏ္ဍန်နှင့် အစေ့တည်ရှိမှုမှာ ပုံသဏ္ဍန်အမျိုးမျိုးရှိပါသည်။ အသီးအလေးချိန်မှာ (၂၀၀-၁၀၀၀) ဂရမ်ထိ ရှိနိုင်ပါသည်။ အသီးအခွံအရောင် စိမ်းဖြူရောင်နှင့် အစိမ်းရောင်မျိုးရှိပြီး အသီးအတွင်းသားအရောင်မှာ အသီးခွံရောင်ထက် ဖျော့ပါသည်။ သခွားမျိုးရင်းဝင် အပင်များထဲတွင် အထူးသဖြင့် ဂေါ်ရခါးသည် အသီးတစ်သီးတွင် အစေ့တစ်စေ့သာရှိပြီး အသီး၏ အဖျားပိုင်းတွင်ရှိပါ သည်။
အစေ့ပုံသန်
အစေ့သည် အရှည် (၅-၆)စင်တီမီတာ (သို့ ) (၃-၅)စင်တီမီတာအထိအရွယ်ရှိပါသည်။အသီးမှ အစေ့ကိုဖယ်ထုတ်ပြီး စိုက်ပျိုးပါက အစေ့ အပင်ပေါက်မှု ညံ့သွားပါသည်။ အစေ့နှင့်အသီး တစ်ခုလုံးပျိုးပါက အပင်ပေါက်မှုကောင်းပါသည်။ မျိုးစေ့အညောင့်ပေါက်ရန် ငုတ်လျှိုးချိန် မရှိသော်လည်း ရင့်မှည့်လာသော အသီးသည် အပင်ပေါ်တွင် အညှောင့်ပေါက်နိုင်ပါသည်။ သိုလှောင်ထား စဉ်အတွင်းမရင့်သေးသော အသီးကို ပူနွေးသောအခန်းတွင်ထားပါက အညှောင့်ပေါက်နိုင်ပါသည်။
စိုက်ပျိုးခြင်း
ဂေါ်ရခါးသီးတစ်သီးလုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကိုသားခွဲခြင်းစသည်ဖြင့် စိုက်ပျိုးကြပါသည်။ သို့ မဟုတ် အကိုင်းဖြတ်ထိုး မျိုးပွား၍လည်း စိုက်ပျိုးနိုင်ပါသည်။ အစေ့မှ အပင်ပေါက်ရန်အပူချိန် (၂၃-၂၅) ဒိဂရီ စင်တီဂရိတ် လိုအပ်ပါသည်။ စိုက်ပျိုးရာတွင် အသီး အရင်းကို အသီးဖျားထက် အနည်းငယ်နှိမ့်၍ စိုက်ရပါသည်။ အသီးကိုအလျားလိုက် မြေပေါ်တွင် အစေ့ကို အပေါ်ဘက်တွင်ထား၍ အသီး တစ်ဝက်ဖော်ကာ စိုက်ရပါသည်။ အသီးကို အပင်ဖောက်နေစဉ် ရေမလောင်းရပါ။ အသီးတွင်ရှိပြီး အစိုဓာတ်ကို အသုံးပြု၍ အစေ့မှ အပင်ပေါက်လာပါသည်။ အညှောင့်ဖောက်စဉ် အသီးကိုရေမလောင်းပါက အသီးပုပ်သွားတတ်သည်။ အစေ့မှ အပင်ပေါက်လာပြီး နောက်တွင်လည်း ရေကို သင့်တင့်ရုံသာ လောင်းပေးပါ။ ပျိုးထောင် အညှောင့်ဖောက်ပြီး အညွန့် (၁၀)စင်တီမီတာခန့် ရှည်လာသော် စိုက်ခင်းတွင် သတ်မှတ်ထားသည့်နေရာ၌ ခပ်တိမ်တိမ်ထား၍စိုက်ပျိုးပါ။
ပုံမှန်အားဖြင့် တစ်ပင်နှင့်တစ်ပင် အတန်း တစ်တန်းနှင့် တစ်တန်း(၄) မီတာ×(၄) မီတာ(သို့ ) (၅)မီတာ×(၅)မီတာ ထား၍ (၄)ကွက်ကြား စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် အပင် (၁၆၀-၂၄၀) ပင်ဝင်ဆန့် ပါသည်။
ကိုင်း ပြုပြင်ခြင်း
ပင်မအကိုင်းအရှည် တစ်ပေခန့် ရှိလာသော် ခေါင်နှိမ်ပေးပြီး ကိုင်းတက်(၂) ခုကို မွေးမြူ၍ အရှည် (၁၂၀-၁၅၀)စင်တီမီတာ ရောက်လာ သော် တစ်ကိုင်းမှ ကိုင်းငယ်(၃)ခုစီ ဖြာထွက်စေရန် ထပ်မံခေါင်နှိမ်ပေးပြီး အကိုင်း မွေးမြူရပါသည်။ ဤသို့ ကိုင်းပြုပြင်မွေးမြူပါက တစ် ပင်မှကိုင်း(၆)ခုမွေးမြူရရှိပါမည်။ ဤသို့ ကိုင်းမွေးမြူ ပြုပြင်မှုမရှိပါက ဒုတိယကိုင်းဖြာမှု ညံ့ဖျင်းတတ်ပါသည်။
အကယ်၍အကိုင်းများကြီးထွားမှု သန်စွမ်းလွန်းပါက ထပ်မံ၍ ခေါင်နှိမ်ပေးရန်လိုအပ်ပါသည်။ အခြားသခွား မျိုးရင်းဝင် အပင်များနည်းတူ အစိုဓာတ်မပြတ်စေရန် ရေပေးသွင်းရန် လိုအပ်ပါသည်။
ပိုးမွှားရောဂါ
ဂေါ်ရခါးတွင် ပိုးကျရောက်ဖျက်ဆီးမှု နည်းပါးသော်လည်း အပင်ညှိုးသေရောဂါနှင့် ရွက်ခြောက်ရောဂါများ ကျရောက်တတ်ရာ အချိန်မှီ မှိုသတ်ဆေးပက်ဖျန်းကာကွယ်ရပါသည်။
ခူးဆွတ်ခြင်းနှင့် အထွက်
အသီးသည် ဝတ်မှုန်ကူး သန္ဓေအောင်မြင်လာပြီးနောက် ကြီးထွားမှု လျှင်မြန်လာကာ (၁၅-၂၀)ရက်ကြာအောင် ခူးဆွတ်နိုင်ပါသည်။ သီးထွက်တစ်ပင်မှ အလုံး ၈၀၀ ထိရနိုင်ပြီး ပျမ်းမျှတစ်ပင်လျှင် အလုံး (၂၀၀-၃၀၀) ရနိုင်ပါသည်။ မျိုးအဖြစ် အသီးခံသော် ပန်းပွင့်ပြီးနောက် (၄၀-၅၀)ရက်သားတွင် ခူးဆွတ်ရပါသည်။ ခူးဆွတ်ထားပြီး အသီးများကို (၁၂)ဒီဂရီ စင်တီဂရိတ် အာကာတွင်သိုလှောင်နိုင်ပြီး သိုလှောင် ရာတွင် သေတ္တာများ၊ တောင်းများတွင် ကောက်ရိုးခံပေးရပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ⁠ဂေါ်ရခါး စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
လက်ဖက် စိုက်ပျိုးနည်း
$
0
0
လက်ဖက် အမျိုးအစား
မြန်မာနိုင်ငံတွင် လက်ဖက်ကို အမျိုးအစား (၃)မျိုးခွဲခြားထားပါသည်။
(က) တရုတ် လက်ဖက်မျိုး
၎င်းမျိုးမှာ အပင်ပု၍ ကြီးထွားနှုန်း နှေးကွေးသည်။ အရွက်သေး၍အရွက်အနားများတွန့် သည်။ ကြမ်းတမ်းသော ရာသီ ဥတုဒဏ်ခံနိုင်ပြီး တစ်ဧကအထွက်နှုန်းနည်းသည်။
(ခ) မဏိပူရ လက်ဖက်မျိုး
၎င်းမျိုးမှာ အပင်ကြီး၍ကြီးထွားနှုန်းမြန်သည်။ အရွက်ကြီး၍အောက်သို့  တွဲလျောင်းကျနေသည်။ အပူပိုင်းဒေသ ရာသီ ဥတုကို နှစ်သက်သည်။ တစ်ဧက အထွက်နှုန်းကောင်းသည်။
(ဂ) အင်ဒိုချိုင်းနား လက်ဖက်မျိုး
၎င်းမျိုးမှာ အရွက်အရွယ်အစား အလယ်အလတ်တန်းစားမျိုးဖြစ်သည်။
ရာသီဥတု
ပင်လယ်ပြင်မှ အမြင့်ပေ (၄၀၀၀ မှ ၆၀၀၀) ကျော်ရှိသည့် ဒေသများ၊ ပျမ်းမျှအပူချိန် (၅၂) ဒီဂရီဖာရင်ဟိုက်ရှိ၍ အရိပ် အောက်တွင် အမြင့်ဆုံး အပူချိန် (၉၀) ဒီဂရီ ဖာရင်ဟိုက်ရှိရန် လိုပါသည်။ တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှု (၅၀-၆၀) လက်မ ရှိစေရပါသည်။ ညီညာစွာ မိုးရွာသွန်းမှုရှိစေရပါမည်။
 မြေအမျိုးအစား
မြေသားထူ၍ ရေမဝပ်သည့် တောင်ပေါ်မြေနီများကို နှစ်သက်ပါသည်။ သင့်လျော်သော မြေကြီး၏ အချဉ်အငန်ဓာတ်မှာ (၄.၅-၆) အတွင်းဖြစ်ပါသည်။
ပျိုးထောင်ခြင်း
လက်ဖက်မျိုးစေ့များကို စုဆောင်းပြီးနောက် နှစ်ပတ်အတွင်း ပျိုးထောင်ရပါသည်။အလေးချိန်ပိုစီးသောမျိုးစေ့များသည် အရည်အချင်း ကောင်းမွန်ပါသည်။ ရက်ကြာစွာ သိုလှောင်ထားပါက အပင်ပေါက်ညံ့သွားတတ်ပါသည်။ လက်ဖက် ပျိုးဘောင် (သို့ မဟုတ်) ပျိုးသေတ္တာများတွင် သန့် ရှင်းလတ်ဆတ်သော သဲမြေများကို ထည့်ပေးရပါသည်။ လက်ဖက် စေ့များကိုတစ်စေ့နှင့်တစ်စေ့ တစ်လက်မအကွာ၊ တစ်တန်းနှင့်တစ်တန်း (၄) လက်မအကွာထား၍မျိုးစေ့ချရသည်။ သဲမြေဖြင့် အစေ့မြုပ်ရုံ ဖုံးရပါသည်။ အပေါ်မှ ကောက်ရိုးဖြင့် ဖုံးအုပ်ပေးပြီး ရေဝသည့်တိုင် ရေလောင်းပေးရပါသည်။ ပျိုးဘောင်ကို အပေါ်ယံမှအရိပ်မိုးပေးရပါသည်။ပျိုးပင်ကလေးများ အပင်ပေါက်လာပါက ပလတ်စတစ်အိတ်ဖြင့် ထပ် မံပြောင်းပေးရပါသည်။
ကိုင်းထိုး မျိုးပွားခြင်း
လက်ဖက်ကို ယခုအခါ၌ ကမ္ဘာတစ်ဝန်းတွင် ကိုင်းဖြတ်ထိုးခြင်းဖြင့် မျိုးပွားလျက်ရှိပါသည်။ တစ်ဆစ်သာပါရှိသော မနု မရင့်ကိုင်းများကို မျိုးကောင်းမျိုးသန့် များမှရယူ၍ပျိုးဘောင်များ၌ ကိုင်းထိုးစိုက်နိုင်ပါသည်။ ဤနည်းသည် မျိုးကောင်း မျိုးသန့် ရရှိရန် သေချာသောနည်းဖြစ်ပါသည်။
မြေပြုပြင်ခြင်း
လက်ဖက်စိုက်ပျိုးရန်အတွက် နတ်တော်လအတွင်း တောခုတ်ရှင်းလင်း၍ တပေါင်းလတွင် မီးရှို့ ပါသည်။ တစ်တန်းနှင့် တစ်တန်း (၄) ပေ၊ တစ်ပင်နှင့်တစ်ပင် (၂) ပေအကွာတွင် (၁)ပေကျယ်၍ (၁ ၁/၂)ပေနက်သော ကျင်းများကို တူးရပါ သည်။ကျင်းများတွင်နွားချေးမြေဆွေးတစ်ဝက်နှင့်အပေါ်ယံမြေဆွေး တစ်ဝက် ရောထားသောမြေဖြင့် ဖြည့်ပေးရပါ သည်။
ပျိုးပင်သက်တမ်း (၁/၂-၁) နှစ်သားအရွယ်ကို နယုန်၊ ဝါဆိုလများတွင် တူးဖော်ပြီးသော ကျင်းများတွင် စိုက်ပျိုးနိုင်ပါ သည်။ အပင်ငယ်စဉ် ယာယီအရိပ်ပင်အဖြစ် ပဲစင်းငုံပင်များကို တန်းကြားစိုက်ပါ။ လေကာပင်များအဖြစ် ကုက္ကို၊ ကသစ်၊ ရေပတုံး၊ ပင်လယ်အုန်းများကို တစ်ပင်နှင့်တစ်ပင် (၄၀)ပေ အကွာအဝေးထား၍ စိုက်ပျိုးသင့်ပါသည်။
 အပင်ပြုစုခြင်း
လက်ဖက်ပင်ကိုစိုက်ပြီး (၃)နှစ်အထိ အထူးအထွေ ပြုပြင်ပေးခြင်းမရှိပါ။ (၃)နှစ်ပြည့်မှ မြေကြီးမှ (၁ ၁/၂) ပေခန့် မြင့် တက်လာချိန်တွင် ကိုင်းများအားလုံးအား ဖြတ်တောက်ပေးရပါသည်။ ညီညာသော ကိုင်းတက်များကိုရရှိပါမည်။ ထို့ နောက် နှစ်စဉ် အပေါ်သို့ မညီမညာ ထိုးထွက်နေသော ကိုင်းများကိုသာ အနည်းငယ် ဖြတ်ပေးရပါသည်။ တစ်ဖန် (၅) နှစ်မှ (၇)နှစ် တစ်ခါခန့် မြေကြီးမှ (၁ ၁/၂) ပေ အမြင့်မှပင် ထပ်မံဖြတ်ပေးရပါသည်။ ဤသို့ ဖြင့် လက်ဖက်ခြံသည် အစဉ်သဖြင့် အထွက်ကောင်းသော လက်ဖက်ခြံအဖြစ်ရပ်တည်နိုင်ပါသည်။
ဓာတ်မြေသြဇာ ကျွေးနည်း
လက်ဖက်ပင် (၃)နှစ်သားထိ ယူရီးယား (၁၁၂)ပေါင်၊ တီစူပါ (၅၆)ပေါင်၊ ပိုတက်ရှ်(၂၈)ပေါင်နှုန်း ကျွေးပေးပါ။ (၃) နှစ်သားကျော်ပါက ယူရီးယားကို တိုး၍ကျွေးပါ။ ကိုင်းများဖြတ်ပြီး (၂-၃) လအကြာ အပင်သစ်မှ အရွက်အနည်းဆုံး (၂)ရွက် ထွက်ချိန်တွင် အပင်၏ ပတ်ပတ်လည်၌ (၆)လက်မအကွာ စက်ဝိုင်းသဏ္ဍန်ရစ်ပတ်၍ မြေသြဇာကျွေးရပါ သည်။
လက်ဖက်ရွက် ခူးဆွတ်နည်း
အစေ့စိုက်ပင်များ (၄)နှစ်၊ ကိုင်းစိုက်အပင်များ (၂) နှစ်သားတွင်စတင်ခူးနိုင်ပါသည်။ လက်ဖက်ရွက်နုများကို တပေါင်း၊ တန်ခူးလများတွင် စတင်ခူးရပါသည်။ အညွန့် တစ်ညွန့် လျှင် အရွက် (၂)ရွက်ကျနှုန်းဖြင့် ခူးရပါသည်။ အကယ်၍အညွန့် တစ်ညွန့် တွင်အရွက် (၂)ရွက်ထက် ပိုမိုခူးပါက အထွက်နှုန်းအနေဖြင့် ကောင်းသော်လည်း လက်ဖက်အဆင့်အတန်း ကျသွားပါသည်။ မြေနိမ့်ဒေသတွင် (၇)ရက်လျှင် တစ်ကြိမ်၊ မြေမြင့်ဒေသတွင် (၁၄)ရက်လျှင် တစ်ကြိမ်ကျ ခူးနိုင်ပါ သည်။ မြေမြင့်လက်ဖက်သည် မြေနိမ့်လက်ဖက်ထက် အနံ့ အရသာ ပိုမိုကောင်းမွန်ပါသည်။
အထွက်နှုန်း
တစ်ဧကလျှင် ပြုစုမှုပေါ်မှုတည်၍ လက်ဖက်အစိုအထွက် (၂၅၀-၅၀၀) ပိဿာ ထွက်ရှိပါသည်။
စိုက်ပျိုးသုတ ပစ္စယ(Pissaya-Info)
The post လက်ဖက် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
လက်ဖက်ေ⁠ခြာက် ⁠ပြုလုပ်နည်းများ
$
0
0
လက်ဖက်အရွက်များကို (၁၈-၂၀)နာရီ လေသလပ်ခံ၍ ခြောက်စေရပါသည်။ သို့ မဟုတ် (၁၁၀) ဒီဂရီဖာရင်ဟိုက်အပူချိန်၌ (၆)နာရီ အပူပေးရပါသည်။ အစိုဓာတ် (၅၀) ရာခိုင်နှုန်းတွင် လက်ဖက်ရွက်များ ပျော့ပြောင်းလာပါသည်။ ထပ်မံ၍အရွက်များကို ဒလိမ့်စက်ဖြင့် မိနစ် (၃၀)ကြာ ကြိတ်ပေးပါကအခါးရည်အချို့ ထွက်သွားပါသည်။ ရလာသော လက်ဖက်ရွက်များကို ဆန်ခါများဖြင့် အနု,အကြမ်းခွဲ ရပါသည်။ ကြမ်းသောအရွက်များကို ထပ်ကြိတ်ပါသည်။ ထို့ နောက် လှော်ဘန်းကြီးများတွင်ထည့်ကာ အပူအချိန် (၁၃၀-၁၈၀) ဒီဂရီ ဖာရင်ဟိုက်အထိ နီညိုရောင် သန်းလာ၍ အစိုဓာတ်ပါဝင်မှု (၃) ရာခိုင်နှုန်းသာရှိသော လက်ဖက်ခြောက်များ ရရှိနိုင်ပါသည်။
(ခ) အခါးခြောက်ပြုလုပ်ခြင်း
(ဂ) လက်ဖက်စို ပြုလုပ်ခြင်း
လက်ဖက်ရွက်အစိုများကို အထူးပြုလုပ်ထားသော မြေကြီးတွင်းများတွင်လည်းကောင်း၊ ခြင်းတောင်းများတွင်လည်းကောင်း ဖိသိပ်၍ သိုလှောင်ထားခြင်းဖြင့် ရရှိနိုင်ပါသည်။
စိုက်ပျိဲးသုတ ပစ္စယ (Pissaya Info)
The post လက်ဖက်ေ⁠ခြာက် ⁠ပြုလုပ်နည်းများ appeared first on Myanmar Farmers' Portal.
ကုလားပဲစိုက်ပျိုးနည်း⁠နှင့်အထွက်တိုးရန်⁠ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ
$
0
0
ကုလားပဲအထွက်တိုးရေး လိုက်နာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ
– အောင်မြင်သောမျိုးကောင်းမျိုးသန့်ကိုသုံးပါ။
– တစ်ဧကလျှင် ကုလားပဲမျိုး ၁ တင်းအသုံးပြုပါ။
– ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင် လုပ်ပါ။
– ပဲမြစ်ဖုဇီဝမြေသြဇာ ၁ ပေါင်ကို မျိုးစေ့နှင့်အတူရော၍ ထည့်ပါ။
– သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲပါ။
– ဓာတ်မြေသြဇာအချိုးကျသုံးစွဲပါ။
– အတန်းလိုက် အစိုဓာတ်အချိန်မီစိုက်ပျိုးပါ။
– ပေါင်းမြက်နှိမ်နင်းပေးပါ။
– ပိုးမွှားရောဂါကာကွယ်နှိမ်နင်းပါ။
– အလေအလွှင့်နည်းအောင်နှုတ်သိမ်းသိုလှောင်ပါ။
ကုလားပဲ စိုက်ပျိုးနည်း
မြေအမျိုးအစား
( က ) ကုလားပဲသီးနှံသည် မြေချဉ်ငံဓာတ် ၆ . ၅ မှ ၈.၅ ကြားရှိ နုန်းစနယ်၊ သဲနုန်း၊ စနယ်မြေနှင့် သဲဆန်စနယ်မြေတို့သည် အသင့်တော် ဆုံး ဖြစ်ပါသည်။
( ခ ) လေ၀င်လေထွက်ကောင်းပြီး အစိုဓာတ်ထိန်းသိမ်းသော မြေမျိုးဖြစ်ရမည်။
( ဂ ) မြေသားကောင်းပြီး၊ မြေသားနက်၍ ရေ၀ပ်ခြင်းမရှိသော မြေမျိုးတွင် သီးနှံ ပိုမိုအောင်မြင်ဖြစ်ထွန်းပါသည်။
( ဃ ) ဆားငန်သည့် မြေနှင့် ထုံးဓာတ်ကဲသည့် မြေမျိုးကို ခံနိုင်ရည်ရှိမှု နည်းပါသည်။
ရာသီဥတု
သီးနှံစိုက်ပျိုး၍ ရှင်သန်နေချိန်တွင် ခြောက်သွေ့ပြီး အေးသောရာသီဥတုရှိရန်လိုအပ်ပါသည်။ အသင့်တော်ဆုံးအပူချိန်မှာ ၅၀ံ မှ ၈၅ံ ဖာ ရင်ဟိုက် ( ၁၀ံ- ၂၉ံ စင်တီဂရိတ်) အတွင်းဖြစ်ပါသည်။ သီးနှံသက်တမ်းတစ်လျှောက် မိုးရေချိန် ၁၀ မှ ၂၀ လက်မခန့်နှင့်ညီမျှသော အစိုဓာတ် အခြေအနေ ရရှိလျှင်ကောင်းစွာဖြစ်ထွန်းပါသည်။
မျိုးစေ့ရွေးချယ်ခြင်းနှင့် ပြုပြင်ခြင်း
( က ) လုံးပိန်၊ လုံးညှပ် ပိုးထိုးသည့် မျိုးစေ့များ အသုံးမပြုရပါ။
( ခ ) အပင်ပေါက် ၈၀ – ၉၀ % ပေါက်သည့်မျိုးစေ့ကိုသာ အသုံးပြုပါ။
( ဂ ) ကုလားပဲမျိုးစေ့ ၁ တင်းလျှင် မြေတွင်းအောင်း ပိုးသတ်ဆေး အော်ဒရင်း ( ခေတ်မီပိုးသတ်ဆေး) ဆေးမှုန့် ၁ – ၂ ပေါင်နှင့် လူးနယ်ပြီး စိုက်ပါ။
မျိုးစေ့နှုန်း
တစ်ဧကလျှင် ကုလားပဲမျိုးစေ့ ၁ တင်းအသုံးပြုပါ။ ( ၁၂ ပြီ မှ ၁၆ ပြီ )
စိုက်ပျိုးချိန်
ခြောက်သွေ့၍ အေးသောရာသီဥတုနှင့် နေ့တာတိုရာသီဥတုကိုကြိုက်၍ မိုးနှောင်းအကုန် ဆောင်းရာသီဝင်လဖြစ်သည့် သတင်းကျွတ် နှင့် တန်ဆောင်မုန်းလများတွင် စိုက်ပျိုးနိုင်ပါသည်။
သီတင်းကျွတ်လထက်စောစိုက်ပါက ခါးရိ ရောဂါကျရောက်တတ်ပြီး တန်ဆောင်မုန်းလထက်နောက်ကျ၍ စိုက်ပျိုးပါက နေ့တာတိုလွန်း၍ အပင်ဖြစ်ထွန်းမှုအားနည်းပြီး ပန်းပွင့်ချိန် စောလာကာ အထွက်နှုန်းကျဆင်းတတ်ပါသည်။
( က ) ကုန်းပိုင်းစိုက် ဧရိယာများအတွက် အောက်တိုဘာလအတွင်း အပြီး စိုက်ပါ။
( ခ ) ရေ၀င်ပိုင်း စိုက်ဧရိယာများအတွက် နိုဝင်ဘာလအတွင်း တတိယပတ်အထိ စိုက်ပျိုးပါ၊ ရေကျမှုပေါ်မှုတည်၍ စိုက်ချိန်စောခြင်းနှင့် နောက်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။
မြေပြုပြင်ခြင်း
( က ) ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက်ဖြင့် ထယ်ရေးကောင်းရသည် အထိဆောင်ရွက်ပေးပါ။
( ခ ) ရေ၀င်ပိုင်းဒေသများတွင် ဆောင်းသီးနှံရိတ်ပြီးလျှင်ပြီးချင်း ထယ်တစ်စပ် ခံထားပါ။
( ဂ ) အထက်ပါအတိုင်း ဆောင်ရွက်ခြင်းအားဖြင့် ပေါင်းမြက်ကင်းခြင်း၊ မြေတွင်းအောင်းပိုးများ မြေတွင်းမှ အပေါ်သို့လှန်ပေးသဖြင့် သေကြေပျက်စီးစေခြင်းနှင့် ရေ၀င်လာသောအခါ ထယ်စာခဲများကြားတွင် နှုန်းများတင်ရစ်ခြင်းတို့ ဖြစ်စေပါသည်။
( ဃ ) ထယ်ရေး၊ ထွန်ရေးပြုပြင်ရာတွင် အစိုဓာတ်မှီအောင်အချိန်မီ စိုက်ပျိုးနိုင်အောင်ဆောင်ရွက်ပါ။
စိုက်ပျိုးစနစ်
ကုလားပဲသီးနှံကို စပါးသီးနှံမရိတ်မှီ သီးကြိုအဖြစ်ကြဲပက်စိုက်ပျိုးပါက ထွန်ယက်မြေပြုပြင်ရန်မလိုဘဲ စပါးမရိတ်မီ ၁၀ ရက် ၁၅ ရက် ခန့်အလိုတွင် တစ်ဧက မျိုးစေ့ ၁၀ပြီနှုန်း အသုံးပြု၍ ကြဲပက်စိုက်ပျိုးနိုင်ပါသည်။ သတိပြုရမည့် အချက်မှာ စပါးခင်းအတွင်းရှိ အစိုဓာတ် မများလွန်း၊ မနည်းလွန်းသောအချိန်တွင် ကြဲပက်ရမည်။ အစိုဓာတ်များပြီး စပါးခင်းရေ၀ပ်နေလျှင် မျိုးစေ့များပျက်စီးပြီး အပင်မပေါက်နိုင်၊ အပင်ပေါက်လျှင်လည်း ခါးရိသေနိုင်သည်။ အစိုဓာတ်နည်းလျှင် အပင်ပေါက်ညံ့ပြီး အပင်ငယ်ကြီးထွားမှု ကောင်းမွန်မည် မဟုတ်ပါ။
( က ) တတန်း နှင့်တတန်း ၁ ပေ၊ တပင်နှင့်တပင် ၆ လက်မ ခွာစိုက်ပါ။
( ခ ) မျိုးစေ့ချထွန်မသုံးနိုင်သော ဒေသများတွင် ထယ်ဖြင့် ၁ ပေကြောင်းပေးပြီး အတန်းလိုက်စိုက်ပျိုးပါ။
( ဂ ) တစ်ဧကအပင်ဦးရေ ၈၇၁၂၀ ၀င်အောင်စိုက်ပျိုးပါ။
( ဃ ) မျိုးစေ့ချရာတွင် မျိုးစေ့များ ၂ လက်မ ၊ ၂ လက်မခွဲ ထက်ကျော်၍ မနက်စေရပါ။
( င ) မျိုးစေ့ချပြီး ကြမ်းတုံးရိုက်ပါ။
( စ ) သီးကြိုစိုက်ပျိုးလိုပါက မြေတွင်အစိုဓာတ်မဆုတ်မီ စပါးမရိတ်သိမ်းခင် ၁၀ – ၁၅ ရက်အလိုတွင် ကြိုတင်၍ ကြဲပက်စိုက်ပျိုးရန်။
( ဆ ) မျိုးစေ့ထုတ်စိုက်ခင်းနှင့် အထူးအထွက်တိုး ကုလားပဲခင်းများတွင် အခြားသီးနှံများ သီးညှပ်အဖြစ် မစိုက်ပျိုးသင့်ပါ။
( ဇ ) စိုက်ပျိုးပြီးနောက် ပေါင်းမြက်အခြေအနေကိုကြည့်၍ ကြားထွန်လိုက်ခြင်း၊ ပေါင်းတူး၊ ပေါင်းလိုက်ခြင်းတို့ကို ပေါင်းကင်းစင်သည့်တိုင်အောင် ဆောင်ရွက်ပေးပါ။
ပေါင်းကြောင့် သီးနှံအထွက်နှုန်း ၃၀ မှ ၅၀ ရာခိုင်နှုန်းထိ အထွက်နှုန်းလျော့နိုင်ပြီး၊ လက်ပေါင်းလိုက်ခြင်းကို အပင်သက်တမ်း ၃၀ ရက်မှ ၆၀ ရက်အတွင်း အထူးသဖြင့် ၄၅ ရက်ဝန်းကျင် ပန်းမပွင့်မီအချိန်တွင် ဆောင်ရွက်ပါက ထိရောက်သည်။
အပင်ပြုစုရာတွင် မြေဆီသြဇာထက်သန်ပြီး အပင်ဖြစ်ထွန်းမှုအားကောင်းပြီး၊ အပင်ဟုန်နေပါက ခေါင်ညွန့်ဖြတ်ခြင်း Topping တို့ပါ ပူးတွဲဆောင်ရွက်သင့်သည်။ ( အထူးသဖြင့် ကိုင်းကျွန်မြေ)
မြေသြဇာ
( က ) ဓာတ်မြေသြဇာ
( ၁ ) တစ်ဧကလျှင် ပုလဲ အိတ်ဝက်နှင့် တီစူပါ အိတ်ဝက်နှုန်း အသုံးပြုပါ။
( ၂ ) တီစူပါမြေသြဇာကို စိုက်ထယ်ရေးပြုပြင်ချိန်တွင် ထည့်ပါ။
( ၃ ) ပုလဲမြေသြဇာကို မစိုက်မီကြို၍ထည့်ပါ။
( ခ ) သဘာဝမြေသြဇာ
( ၁ ) ကုလားပဲတစ်ဧကတွင် အသုံးပြုမည့်မျိုးစေ့နှင့် ပဲမြစ်ဖုဇီဝမြေသြဇာ ပေါင်ဝက်ခန့် မှ ၁ ပေါင်နှု့န်း လူးနယ်၍ စိုက်ပါ။
( ၂ ) သစ်ရွက်ဆွေး မြေသြဇာ ၊ နွားချေး မြေသြဇာကို တစ်ဧကလျှင် လှည်း ၅ စီးခန့်ချပေးပါ။
ပိုးမွှား ရောဂါကာကွယ်နှိမ်နင်းခြင်း
( က ) မိမိ၏စိုက်ကွင်းများတွင် ပိုးမွှားရောဂါကျရောက်မှုရှိ၊ မရှိသိနိုင်ရန် အမြဲတစေကြည့်ရှုနေပါ။
( ခ ) ပိုးမွှား မကျရောက်စေရန် ကြိုတင်ကာကွယ်ပါ။
( ဂ ) ပင်ဖြတ်ပိုး၊ သီးလုံး ဖောက်ပိုးများကျရောက်တတ်သဖြင့် အင်ဒရင်း၊ စီဗင်၊ တီပီအင်န့်အယ်ဆန်၊ ဒိုင်မီခရွန်ဆေးများ( ခေတ်မီပိုးသတ်ဆေး ) ဖြင့် ပက်ဖျန်းကာကွယ်နှိမ်နင်းပေးပါ။
( ဃ ) ကြွက်များကျရောက်ပါက တိုမိုရင်း ကြွက်သတ်ဆေးဖြင့် နှိမ်နင်းပါ။
( င ) အပင်ညှိုးသေရောဂါကျရောက်တတ်သဖြင့် စိုက်ကွက်တွင် ရေမ၀ပ်အောင် အထူးဂရုစိုက်ပါ၊ ၄င်းရောဂါကျ အပင်များတွေ့ရှိပါက နှုတ်ယူဖျက်ဆီးပစ်ပါ။
( ၉ ) ရိတ်သိမ်းခြင်း
( က ) အလေအလွင့်နည်းအောင် ရိတ်သိမ်းပါ။
( ခ ) အရွက်နှင့် အသီးခွံများ ညိုဝါရောင်သန်းလာပါက ရိတ်သိမ်းပါ။
သိုလှောင်ခြင်း
အစေ့တွင်းအစိုဓာတ် ၁၀ ရာခိုင်နှုန်းရှိ ကုလားပဲကိုသာသိုလှောင်သင့်သည်။ သိုလှောင်မည့် နေရာ ပုပ်၊ တောင်း၊ အိတ်၊ ကျီ တို့ကို စစ်ဆေး၍ သန့်ရှင်းအောင်ပြုလုပ်ပေးပြီး ( လိုအပ်ပါက ဆေးဖြန်းခြင်း၊ ဓာတ်ငွေ့မှိုင်းတိုက်ခြင်း ) မှ ထည့်သွင်းသိုလှောင်ရမည်။
ထို့နောက် အပေါ်မှ အ၀တ်ပါးပါးဖြင့်အုပ်ပြီး ပြာတစ်ထပ်၊ သဲတစ်ထပ်ဖြင့် လေလုံအောင်ထပ်မံ ဖုံးအုပ်သိုလှောင်ရပါမည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya_Info)
The post ကုလားပဲစိုက်ပျိုးနည်း⁠နှင့်အထွက်တိုးရန်⁠ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ appeared first on Myanmar Farmers' Portal.
စပါးရိတ်သိမ်း⁠ခြင်းလုပ်ငန်းများ⁠ဆောင်ရွက်ရာတွင် သတိ⁠ပြုလိုက်နာ⁠ဆောင်ရွက်ရန်များ
$
0
0
အနှံထွက်ခြင်း
  • အသက်ရက် (၁၀၀ -၁၁၀) ရှိ စပါးမျိုးများတွင် (၇၀ – ၈၀) ရက်တွင် အနှံထွက် ပန်းပွင့်ပါသည်။
  • အသက်ရက် (၁၂၅ – ၁၃၅) ရှိစပါးမျိုးများတွင် (၉၅ – ၁၀၅) ရက်တွင် အနှံထွက်ပန်းပွင့်သည်။
  • အသက်ရက် (၁၃၅ – ၁၅၀ ) ရှိစပါးမျိုးများတွင် (၁၀၅ – ၁၁၅) ရက်တွင် အနှံထွက်ပန်းပွင့်သည်။
  • အလင်းရောင် တုန့်ပြန်မှုရှိသော ရာသီစပါးမျိုးများ (ဒေသစပါးမျိုးများ)သည် နေ့တာတိုသည့် ကာလဖြစ်သော အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် အနှံထွက်ပန်းပွင့်ပါသည်။
ရင့်မှည့်ခြင်း
  • အနှံထွက် ပန်းပွင့်စံသည်မှ (၃၀ – ၃၅) ရက်အကြာတွင် စပါးစေ့များ အောင်မြင်ရင့်မှည့်ပါသည်။
  • ထို့ကြောင့် စပါးခင်းတွင် အနှံထွက်ပန်းပွင့်ပြီး ရက် (၃၀) ပြည့်လျှင် ရိတ်သိမ်းနိုင်ပါသည်။
  • ရိတ်သိမ်းမည့်ရက်ကို အနှံထွက် ပန်းပွင့်ရက်ပေါင်းတွင် ရက်(၃၀) ထည့်ပေါင်းကာ ခန့်မှန်းနိုင်ပါသည်။
  • စပါးတစ်မျိုး၏ ပန်းပွင့်သည့်ကာလသည် ပင်မအနှံစထွက်သည်မှ သားတက် အနှံအားလုံး အပွင့်စုံချိန် အထိ မျိုးကိုလိုက်၍ (၅ – ၁၀) ရက်အထိ ကြာတတ်သည်။
  • မိမိစိုက်သော စပါးမျိုး၏ အနှံထွက်ပန်းပွင့်ရက်ကို သိရှိရန် စပါးခင်း၏ အပင်တစ်ဝက် (သို့မဟုတ်) တစ် ခင်းလုံး၏ အနှံများ ရွက် ဖုံးအတွင်းမှ တစ်ဝက်ထွက်ချိန်ကို မှတ်ထားခြင်းဖြင့် ထိုစပါးမျိုး၏ ပန်းပွင့်ရက် ပေါင်းကို သိရှိပြီး ရိတ်သိမ်းနိုင်မည့်ရက်ကို  ခန့်မှန်း တွက်ချက်နိုင်ပါသည်။
ရိတ်သိမ်းခြင်း
  • စပါးခင်းတွင် အနှံထွက်ပန်းပွင့်ပြီးရက် (၃၀) အကြာတွင် ရိတ်သိမ်းပါ။
  • ပန်းပွင့်ရက်ကို မတွက်မိပါက စပါးနှံ၏ (၈၅) ရာခိုင်နှုန်းနှင့် တစ်နှံချင်းရှိစပါး စေ့များ၏ (၈၅) ရာခိုင်နှုန်း ဝါလာပါက ရိတ်သိမ်းပါ။
  • ထိုအချိန်ထက် ကျော်လွန် ရိတ်သိမ်းပါက စပါးစေ့များ ကြွေကျဆုံးရှုံးမှု များခြင်းနှင့် စက်ကြိတ်ရာတွင် ဆန်အကျိုးအကြေများခြင်း တို့ဖြစ်ပေါ်စေနိုင်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post စပါးရိတ်သိမ်း⁠ခြင်းလုပ်ငန်းများ⁠ဆောင်ရွက်ရာတွင် သတိ⁠ပြုလိုက်နာ⁠ဆောင်ရွက်ရန်များ appeared first on Myanmar Farmers' Portal.
သစ်သီးဝလံများ အရည်အ⁠သွေး⁠နှင့် အထွက်⁠နှုန်း တိုးတက်⁠ကောင်းမွန်⁠စေရန် လိုက်နာ⁠ဆောင်ရွက်ရမည့် အချက်များ
$
0
0
၁။ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် များကို ရွေးချယ်စိုက်ပျိုးပါ။
၂။ လိင်မဲ့နည်းဖြင့် မျိုးပွားထားသော ကျန်းမာသန်စွမ်းသည့် ပျိုးပင်များကိုသာ ရွေးချယ်စိုက်ပျိုးပါ။
၃။ စိုက်ပျိုးမည့်မျိုးအလိုက်၊ တန်းကြား၊ ပင်ကြားသတ်မှတ်၍ ပင်သေ၊ ပင်ပျောက် မရှိအောင်ဆောင်ရွက်ပါ။
၎။ စိုက်ကျင်းအရွယ်(၃) ပေပတ်လည်တွင် အပေါ်ယံမြေသားနှင့် သဘာဝမြေဆွေးဆတူရော၍ ကျင်းစာကျွေးပါ။
၅။ အပင်အမျိုးအစားအလိုက် သင့်တော်သည့် ပုံသွင်းစနစ်ဖြင့် အချိန်မှီ ပုံသွင်းပါ။
၆။ မြေသြဇာများကို အချိန်မီ အပင်သက်တမ်းအလိုက် အချိုးကျကျွေးပါ။
၇။ သဘာဝမြေသြဇာများကို နှစ်စဉ် ပြုလုပ်သုံးစွဲပါ။
၈။ အသီးခူးပြီးချိန်တွင် သင့်လျော်သော နည်းစနစ်ဖြင့် ကိုင်းဖြတ်ပြုပြင်ပေးပါ။
၉။ ပင်ခြေပတ်လည် ပေါင်းရှင်းခြင်းကို အမြဲဆောင်ရွက်ပါ။
၁၀။ သီးပင်မျိုးအလိုက် မှန်ကန်သော ရေသွင်း၊ ရေဖြတ်ခြင်းကို စနစ်တကျ ပြုလုပ်ပါ။
၁၁။ ပိုးမွှားရောဂါများကို မျက်ခြေမပြတ် ကာကွယ်နှိမ်နင်းပါ။
၁၂။ သစ်သီးမျိုးအလိုက် အပင်သက်တမ်းနှင့် ကြီးထွားမှုပေါ်မှုတည်ပြီး အချိန်မှီ သီးကင်းချွေပေးပါ။
၁၃။ အလေအလွင့်နည်းစေရန် သင့်တော်သောအချိန်တွင် စနစ်တကျ ဆွတ်ခူးပါ။
၁၄။ သစ်သီးမျိုးအလိုက် စနစ်တကျ ကိုင်တွယ်၊ ထုပ်ပိုး၊ သိုလှောင်သယ်ပို့ ပါ။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post သစ်သီးဝလံများ အရည်အ⁠သွေး⁠နှင့် အထွက်⁠နှုန်း တိုးတက်⁠ကောင်းမွန်⁠စေရန် လိုက်နာ⁠ဆောင်ရွက်ရမည့် အချက်များ appeared first on Myanmar Farmers' Portal.
သခွား⁠မွှေးစိုက်ပျိုးနည်း
$
0
0
မြန်မာအမည်                 – သခွားမွှေး
အင်္ဂလိပ်အမည်              – MUSKMELON
ရုက္ခဗေဒအမည်             – Cucumis melo
မျိုးရင်းအမည်                – CUCURBITACEAE
မူရင်းဒေသ
အိန္ဒိယနိုင်ငံဖြစ်၍ သခွားမွှေးအား Cantaloupe ဟုလည်းလူသိများကြသည်။ အမေရိကတိုက်၊ အာရှမိုင်းနားဒေသနှင့်မြေထဲ ပင်လယ် ဒေသတို့တွင် စီးပွားဖြစ်တွင်ကျယ်စွာ စိုက်ပျိုးကြသည်။
အမျိုးအစား
အသီးပုံသဏ္ဍာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ လုံးရှည်ပုံဟူ၍ အမျိုးမျိုးတွေ့ရပြီး အသီးခွံအရောင်မှာ အစိမ်းအနု၊ အရင့်၊ အဖြူရောင်၊ အ၀ါရောင်၊ ဆင်စွယ်ရောင် စသည်ဖြင့် တွေရပါသည်။ အသီးခွံသည် ပြောင်ချောရှိသလို ပိုက်ကွန်သဖွယ် အကွက်များမထင်မရှား ပါဝင်သောမျိုးနှင့် အကွက်ပေါ်လွင်ထင်ရှားသော မျိုးအဖြစ်လည်းကောင်း အမျိုးမျိုးတွေ့ရပါသည်။
အကွက်ပေါ်လွင် သိပ်သည်းမှုပေါ် မူတည်၍ ဈေးကွက်တွင် ကြိုက်နှစ်သက်မှုကွဲပြားကြောင်းတွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲတိုးတက်နေသော လူနေမှုအဆင့်အတန်းအရ အကွက်လှသော သခွားမွှေးအား လက်ဆောင်အဖြစ် ပေးသောဓလေ့ ထွန်း ကားလာခြင်းကြောင့်ဖြစ်ပါသည်။ အတွင်းသားအရောင်မှ အဖြူရောင်၊ ဖြူစိမ်းရောင်၊ ဆင်စွယ်ရောင်၊ လိမ္မော်နီရောင်၊ အစိမ်းရောင်ဟု အမျိုးမျိုးကွဲပြားလျက်ရှိပြီး ဖြူစိမ်းရောင်မှ ဈေးကွက်တွင်ဝယ်လိုအား အများဆုံးဖြစ်ပါသည်။
သခွားမွှေးတွင် ပါဝင်သော အစေ့များမှ အလယ်ဗဟိုချက်တိုင်တွင် တစ်စုတစ်ဝေးတည်း တည်ရှိသည့်အတွက် စားသုံးရာတွင် အစေ့ ဖယ်ရှားရလွယ်ကူပါသည်။
လက်ရှိဈေးကွက်မှ ကြိုက်နှစ်သက်သော မျိုးများမှာ အောက်ပါတို့ဖြစ်ပါသည်။
စဉ်                                အမည်              အသီးခွံတွင် အကွက်ရှိမှု                          အတွင်းသား အရောင်
၁။                     Sky Rocket                             ရှိ                                                          ဖြူစိမ်း
၂။                     New Century                           မရှိ                                                        လိမ္မော်နီ
၃။                     Sun Rise                                 ရှိ                                                          လိမ္မော်နီ
၎။                     Sun lady                                  မရှိ                                                        လိမ္မော်နီ
၅။                     Jade Beauty                            ရှိ                                                          ဖြူစိမ်း
၆။                     Jade Jew                                မရှိ                                                        ဆင်စွယ်
၇။                     Emerald Kiji                             ရှိ                                                          ဖြူစိမ်း
 စိုက်ပျိုးသည့်ဒေသ
မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးနိုင်သော်လည်း သီးနှံမျိုးသစ်ဖြစ်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးကြသည်ကို တွေ့ရပါသည်။
မြေနှင့် ရာသီဥတု
(၂၆ – ၃၀) ဒီဂရီစင်တီဂရိတ်ခန့်တွင် ကောင်းမွန်စွာဖြစ်ထွန်းသည်။ အပူချိန် (၁၀) ဒီဂရီ စင်တီဂရိတ်ထက် ပို၍ မကွာခြားသော ဒေသများ တွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။ pH (၆-၆.၅) ပတ်ဝန်းကျင်တွင် ကောင်းစွာဖြစ်ထွန်းသည်။ ရေစီးရေလာကောင်း၍ ရေသွင်းရေထုတ် လွယ်ကူသော သဲနုန်းမြေများတွင် ကောင်းမွန်စွာဖြစ်ထွန်းနိုင်သည်။
မျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့နှုန်း (၂၀၀) ဂရမ်သုံး၍ ပျိုးထောင်ပါ။
ပျိုးထောင်ခြင်း
မျိုးစေ့များကို (၅ x ၇) လက်မ ပလပ်စတစ်အိတ် သို့မဟုတ် (၄) လက်မအချင်းရှိ ပလပ်စတစ်ပျိုးခွက် များတွင် ထည့်၍ ပျိုးထောင်ပါ။ ပျိုးမြေသည် မြေဆီအာဟာရ ကြွယ်ဝရန်လိုသည်။ အစေ့ချိန်မှ(၂၅) ရက်မတိုင်မီ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ထိုအချိန်တွင် ရွက်စစ် (၂-၄) ရွက် ပြန့်နေပြီ ဖြစ်သည်။
ပျိုးခင်းတွင် ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေကို မျက်ခြေမပြတ် စစ်ဆေးကာကွယ်နှိမ်နင်းပါ။ စိုက်ခင်းပြုပြင်ရာတွင် ရေသွင်းရေထုတ် လွယ်ကူသော သခွားမျိုးရင်းဝင်အပင်များ ဆက်တိုက်မစိုက်ဘဲ (၃) ရာသီခန့် လှပ်ထားသောမြေတွင် စိုက်ဘောင်များဆွဲ၍ စိုက်ပျိုးနိုင် သည်။
စိုက်ပျိုးခြင်း
တန်းကြားပင်ကြား အကွာအဝေးကို (၃ x ၂)ပေ၊ (၄ x ၂)ပေ၊ (၅ x ၂၁/၂)ပေ စသဖြင့် ရာသီဥတုပေါ်မူတည်၍ အမျိုးမျိုး စိုက်ပျိုးနိုင်သည်။ (၃ x ၂)ပေ အကွာအဝေးဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင်အပင် (၇၀၀၀)ကျော် ၀င်ဆန့်ပါမည်။
အပင်ကို ပြုစုစောင့်ရှောက်ရာတွင် ပင်စည်ရှိအဆစ် (၁၁) ဆစ်၏ အောက်ရှိအဆစ်တိုင်းမှ ထွက်ရှိသော ဘေးတက်များကို ဖဲ့ပါ။ မူလ ပင်စည်တွင် အဆစ်( ၂၅ –  ၃၀) ဆစ် အပင်အမြင့် (၅-၅.၅) ပေခန့် ရှိချိန်တွင် ခေါင်နှိမ်ပါ။ ဘေးတက်များကို သုံးရွက်ချန်ဖြတ်ပါ။ အဆစ် နံပါတ် (၁၁) မှ စတင်ကာ ထွက်ရှိသည့် ဘေးတက်၏ အဆစ်တိုင်းတွင် အသီးတင်နိုင်သည့် အပွင့်များပါရှိနိုင်ပါသည်။ အဆစ်အမှတ် (၁၁၊၁၂) တွင် အသီးတင်မှုမရှိပါက အဆာရေဆာနှင့်ရာသီဥတု သင့်တင့်မျှတမှုမရှိကြောင်းသိနိုင်ပါသည်။ သို့ပါ၍ အဆစ်အမှတ် (၁၀) အောက်မှ ဘေးဆက်များဖဲ့ချိန်တွင် အစာရေစာလုံလောက်အောင် ကျွေးပေးရန်အရေးကြီးပါသည်။
ပထမဆုံးတင်သည့် အသီးမှစတင်၍ (၃)လုံးပြည့်အထိ အသီးတင်စေပြီးနောက် အသီးမှ တင်းနစ်ဘောလုံးခန့်ရှိချိန်တွင် တစ်ပင်တွင် ယူမည့် အသီးအရေအတွက် ဆုံးဖြတ်၍ အောက်ပါအတိုင်း ဆက်လက်ဆောင်ရွက်ပါ။
  • အသီးကြီးကြီးရပါက တစ်ပင်တွင် တစ်လုံးသာယူပါ။
  • တစ်ပင်တွင် အများဆုံးအသီး (၂) လုံးသာ ယူသင့်ပါသည်။
  • မိမိယူမည့်အသီး၏ ရှေ့မှ ထွက်သော အရွက် တစ်ရွက်သာချန်လှပ်၍ ယင်းကိုင်းအားဖြတ်ပါ။
  • ပြီးလျှင် တစ်ပင်လုံးရှိကျန်အပွင့်အသီးများ အားလုံးချွေပစ်ပါ။ အချို့သခွားမွှေး ပြောင်မျိုးများတွင် အသီးချွေရန်မလိုဘဲ တင်ရှိသော အသီးများအားလုံးယူရန်ဖြစ်သည်။
  • သီးထိုးယင် ကျရောက်တတ်သော စိုက်ခင်းများတွင် အသီး တင်းနစ်ဘောလုံးခန့်ရှိချိန်မှစ၍ သတင်းစာစက္ကူအိတ်ဖြင့် စွတ်ပေးခြင်းဖြင့် အသီးပျက်စီးမှု မဖြစ်ပေါ်နိုင်ပါ။
မြေသြဇာကျွေးနည်း
ပြောင်းရွှေ့မစိုက်မီ တစ်ဧကတွင် မြေခံအဖြစ် မဖြစ်မနေထည့်သွင်းရန် နှုန်းထားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ယူရီးယား                –                       ၁၀၂ ပေါင် (၂) အိတ်
တီစူပါ                     –                       ၁၁၂ ပေါင် (၁) အိတ်
ပိုတက်ရှ်                  –                       ၁၁၂ ပေါင် (၁) အိတ်
ပန်းစပွင့်ချိန်တွင် တစ်ကြိမ်နှင့် အသီးတင်ပြီး (၁၀)ရက်ခန့်တွင် တစ်ကြိမ် တစ်ဧကတွင် စုစုပေါင်းယူရီးယား (၂) အိတ်၊ တီစူပါ (၁) အိတ် နှင့် ပိုတက် (၁) အိတ်တို့ကို ထပ်မံကျွေးရန်လိုအပ်ပါသည်။
ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း
ဘူးဖရုံကျိုင်း(၀ါနီရောင်) ၊ Thrips များ၊ သစ်သီးယင်များ ကျရောက်မှုကို အများဆုံးတွေ့ရပါသည်။ ပိုးသတ်ဆေးများအဖြစ် Cypermethrin, Cymbush, Decis, Nuvacron စသည်တို့ကို ရေအဆ (၄၅၀) ရောကာ (၅)ရက် တစ်ကြိမ် ပက်ဖျန်းခြင်းဖြင့် ကာ ကွယ်နိုင်ပါသည်။
ရောဂါအနေဖြင့် ရွက်ညိုပျောက်ရောဂါ၊ သံချေးရောဂါ၊ ပင်စည်နှင့် သီးပုပ်ရောဂါတို့ကျရောက်တက်သဖြင့် Topsin,Deconil, Ridomyl တို့ကို ရေအဆ (၇၀၀) နှင့်ရော၍ (၅) ရက် တစ်ကြိမ် အလှည့်ကျ ပက်ဖျန်းကာကွယ်နိုင်ပါသည်။
ဆွတ်ခူးခြင်း
ပန်းပွင့်ပြီး (၃၅ – ၄၇) ရက်တွင် အသီးညှာထိပ်ရှိ နှာမောင်းများခြောက်လာမည်။ ရပ်ဝေးသို့ သယ်ယူမည်ဆိုပါက ထိုအချိန်တွင် ခူးဆွတ် ရန် လိုအပ်ပါသည်။ စိုက်ခင်းမှ ဈေးကွက်သို့ အချိန်တိုတိုနှင့် ရောက်ရှိနိုင်မည် ဆိုပါက သီးညှပ်တ၀ိုက် အ၀ါရောင်သန်းချိန် အနံ့ စတင် ထွက်ပေါ်လာချိန်တွင် ခူးဆွတ်ခြင်းနှင့် အရည်အသွေးမြင့်မားသောအသီးကို ဒဏ်ရာရခြင်းမှ ကာကွယ်ရန် သတင်းစာဖြင့်ထုတ်ပိုးပို့ ဆောင်ရန်လိုအပ်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post သခွား⁠မွှေးစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ပဲတီစိမ်းအထွက်တိုးရန်ဆောင်ရွက်ရမည့်နည်းလမ်းများ
$
0
0
-မိုးသီးနှံများ အပြီး သီးထပ်စိုက်ပျိုးပါက အစိုဓါတ်ပြည့်မီရန် အချိန်မီ ထွန်ယက်စိုက်ပျိုးပါ။ မိုးသီးနှံရိတ်ပြီး ပြီးခြင်း စိုက်ပျိုးပါ။
-မိုးဦး မိုးလယ်တွင် စိုက်ပျိုးပါက အပင်သက်တမ်းတစ်လျှောက် ရေမဝပ်ရန် ဆောင်ရွက်ပါ။
– မိုးဦး မိုးလယ်စိုက်ပျိုးပါက ရင့်မှည့်ချိန် မိုးများမှုနှင့် မကြုံရန် စိုက်ချိန်ကို ရွေးချယ်စိုက်ပါ။
– မိုးသီးနှံအဖြစ် အထက်မြန်မာပြည်တွင် စိုက်ပျိုးပါက ဇွန်လပထမအပတ်ထက် နောက်မကျပဲစိုက်ပါ။
– သွင်းရေရရှိ၍ မိုးကြို သီးနှံအဖြစ် စိုက်ပါက ဖေဖော်ဝါရီလဆန်းမှ ဧပြီလလယ်ထိစိုက်ပျိုးသင့်ပါသည်။
– ထယ်ရေးနက်နက် ထွန်ရေးညက်ညက် ရရှိအောင် မြေပြုပြင်ပါ။
– မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ထောက်ခံထားသည့် ပဲတီရွှေဝါ (ရေဆင်း -၁) KPS -2 ၊ ရေဆင်း (၃) ၊ ရေဆင်း (၄) ၊ v3726 (ရေဆင်း – ၅) ၊ မြကြေးမုံ (၁) ၊ ML- 1 တို့ကို စိုက်ပျိုးပါ။
-စိုက်ပျိုးမည့်မျိုးစေ့တွင် လုံးပိန်း လုံးညှပ် ကင်းအောင်ဆောင်ရွက်ပြီးမှ စိုက်ပျိုးပါ။
– မျိုးစေ့ကို မြေအနက် (၁) လက်မခွဲမှ (၂) လက်မ တွင်စိုက်ပျိုးပါ။ အစိုဓါတ်နည်း ပါက စိုက်ကြောင်း နက်နက်  ရအောင်ပြုလုပ်ပြီး (၁) လက်မခွဲမှ (၂) လက်မတွင် ဖုံးပါ။
– တစ်ဧကလျှင် မဲမြစ် ဖုဇီမြေသြဇာ တစ်ထုပ်အား မျိုးစေ့နှင့် လူးနယ်၍ စိုက်ပါ။
– မျိုးစေ့နှင့် ပဲမြစ်ဖုမြေသြဇာ လူးနယ်ရာတွင် ထမင်းရည် (သို့) ထန်းလျက်ရည် အနည်းငယ်ထည့်၍ လူးနယ်ပြီး ၊ အရိပ်အောက်တွင် ထန့်အောင်ထားပြီး စိုက်ပါ။
– ပဲမြစ်ဖုဇီဝမြေသြဇာ လူးနယ်ပြီး မျိုးစေ့များကို တိုက်ရိုက်နေရောင်နှင့် မထိအောင်ဆောင်ရွက်ပါ။
– ဇီဝစူပါရွက်ဖျန်းမြေသြဇာကို တစ်ဧကလျှင် တစ်ပုလင်းနှုန်းဖြင့် စိုက်ပြီး နှစ်ပတ်သားမှစ၍ နှစ်ပတ်ခြားတစ်ကြိမ် ၊ သုံးကြိမ်ဖျန်းပါ။ ဖျန်းပြီးစ မိုးရွာပါက ထပ်မံဖျန်းရန် သတိပြုပါ။
– တစ်ဧကလျှင် ဖော့စရပ်မြေသြဇာ (တီစူပါ) (၈၄) ပေါင် ၊ ပိုတက် (၅၆) ပေါင် ၊ ကျောက်မှုန့် (၁၀၀) ပေါင်နှုန်း မြေပြုပြင်ချိန်တွင် ထည့် သွင်းစိုက်ပျိုးပါ။ ဖြစ်နိုင်ပါက ဖော့စရပ်မြေသြဇာကို စိုက်တန်းဘေး (၂-၃) လက်မအ ကွာ ၊ (၄) လက်မ အနက်တွင် ထည့်သွင်းစိုက်ပျိုးပါ။ မြေညံ့လွန်းပါက စိုက်ချိန်တွင် တစ်ဧကလျှင် ယူရီးယား (၂၈) ပေါင်နှုန်း ထည့်သွင်းစိုက်ပျိုးပါ။
– မြေဆီလွှာဓါတ်ခွဲ စစ်ဆေးပြီး ၊ အနည်းလိုဓါတ်များဖြစ်သည့် မော်လစ်ဒီနမ် ၊ ဇင့်နှင့် ဘိုရွန် ချို့တဲ့ပါက ထည့် သွင်းစိုက်ပျိုးသင့်ပါသည်။
– မြေချဉ်ငံဓါတ် PH ၅.၆ မှ ၆.၅ ထိရအောင်ဆောင်ရွက်ပြီး စိုက်ပါ။ မြေချဉ်ငံ ပေါ်မူတည်ပြီးတစ်ဧကလျှင် ထုံးပိဿာ (၇၅၀)မှ (၁၀၀၀)အထိ ထည့်ပေးပါ။
– သဘာဝမြေသြဇာ တစ်ဧကလျှင် အနည်းဆုံးလှည်း (၅) စီး ထည့်သွင်းစိုက်ပါ။
– ပဲတီစိမ်းကို မိုးဦးမိုးလယ်စိုက်ပါက သက်လျင်မျိုးများကို တန်းကြား (၁)ပေခွဲ ၊ ပင်ကြား (၄) လက်မမှ (၆) လက်မ ထားစိုက်ပျိုးပါ။ မိုး သီးနှံအပြီး သီးထပ်စိုက် ပါက သက်လျင်မျိုးများကို တန်းကြား (၁)ပေခွဲနှင့် ပင်ကြား (၂) လက်မထား စိုက်ပါ။ သက်လတ်မျိုးများကို တန်း ကြား (၂) ပေခွဲနှင့် ပင်ကြား (၄) လက်မမှ (၆) လက်မ ထားစိုက်ပါ။
– အပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းအောင် ဆောင်ရွက်ပါ။ အထူးသဖြင့် ပန်းပွင့်ချိန်ထိ ပေါင်းမြက်ကင်းအောင် ဆောင် ရွက်ပါ။
– မိုးခေါင်မှုနှင့် ကြုံကြိုက်၍  ရေသွင်းနိုင်ပါက အပင်ဖြစ်ထွန်းချိန် တစ်ကြိမ် ၊ ပင်ပွင့်ဖြိုင်ချိန်တစ်ကြိမ် ရေသွင်းပေးပါ။ရေနည်းနည်းနှင့် အကြိမ် ကြိမ် သွင်းခြင်းထက် ရေများများနှင့် နှစ်ကြိမ်ကို မှန်ကန်သော အချိန်တွင် ရေသွင်းပေးခြင်းက  ပိုကောင်းပါသည်။
– ပိုးမွှားရောဂါကျရောက်မှုကို စဉ်ဆက်မပြတ် စစ်ဆေး၍ အချိန်မီကာကွယ်ပါ။
– သီးတောင့်များ (၉၅) ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင် ရိတ်သိမ်းပါ။
– ရိတ်သိမ်းချိန်တွင် အလေအလွင့် လျော့နည်းစေရန် နေပူချိန်လျော့နည်းသည့် မနက်ပိုင်းတွင် ရိတ်သိမ်းပါ။
တစ်ဧကအထွက်နှုန်းတင်း= တစ်ဧကရှိအပင် × တစ်ပင်ပါ  ×တစ်တောင့်ပါ  × အစေ့(၁၀၀)
သီးတောင့်        အစေ့     အလေးချိန်(ဂရမ်)
—————————————————————————————-
၄၅၄ ×        ၇၂        ×      ၁၀၀
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ပဲတီစိမ်းအထွက်တိုးရန်ဆောင်ရွက်ရမည့်နည်းလမ်းများ appeared first on Myanmar Farmers' Portal.
စံပယ်နံ့ အုန်းနို့ကျောက်ကျော
$
0
0
တစ်ပွဲစာပြင်ဆင်ရန် လိုအပ်ပစ္စည်းများ
ပထမလွှာ
  • ကျောက်ကျောမှုန့် နှစ်ဇွန်း
  • ရေသုံးခွက် (မသုံးခင် စံပယ်ပွင့်နည်းနည်း ထည့်စိမ်ထားပါ)
  • သကြားတစ်ခွက်
ဒုတိယလွှာ
  • အုန်းနို့ရေ သုံးခွက်
  • အုန်းသီးနုနု အသားခြစ်ထားတာတစ်ခွက်
  • ကျောက်ကျော နှစ်ဇွန်း
  • သကြားခွက်တစ်ဝက်
  • ဆားနည်းနည်း
  • ရေနှစ်ခွက် (မသုံးခင် စပယ်ပွင့်နည်းနည်း ထည့်စိမ်ထားပါ)
ပြုလုပ်ပုံ
ပထမအလွှာအတွက်
ကျောက်ကျောကို ရေထဲထည့်ပြီး အနေတော် မီးနဲ့ ကျိုချက်ပါ။ ဆူလာရင် သကြားထည့်ပြီး မွှေပေးပါ။ ဗန်းထဲထည့် အအေးခံပါ။ ခဲရင် ရေခဲသေတ္တာထဲ ထည့်ပါ။
ဒုတိယလွှာအတွက်
ကျောက်မှုန့်၊ အုန်းနို့၊ ရိုးရိုးရေ၊ သကြား အားလုံးရောကျိုပါ။ ပါဝင်ပစ္စည်းများ သမအောင် မွှေပေးပါ။ ဆားနည်းနည်းထည့်ပါ။ မီးဖိုပေါ်မှ ချပါ။ ဒီအချိန်မာ အုန်းသီးခြစ်လေးတွေ ကြိုက်ရင်ထည့်ပါ။ ပူနေတုန်း ပထမအလွှာထည့်ထားတဲ့ ဗန်းထဲလောင်းထည့်ပြီး မျက်နှာပြင်ညှိပေးပါ။ အေးတဲ့အခါ အလွှာနှစ်ခု ပူးကပ်သွားပါလိမ့်မယ်။ သေချာအေးခဲပြီး အလိုရှိသလို လှီးဖြတ် တည်ခင်းနိုင်ပါတယ်။
(မှတ်ချက် – ထိုင်းက ကျောက်ကျောလုပ်တဲ့ရေကို စံပယ်ပွင့်စိမ်ထားလို့ မွှေးနေတဲ့ရေ သုံးလေ့ရှိကြပါတယ်။ )
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post စံပယ်နံ့ အုန်းနို့ကျောက်ကျော appeared first on Myanmar Farmers' Portal.
ငှက်⁠ပျောသီး ⁠ကျောက်⁠ကျော
$
0
0
ငှက်ပျောသီးကြိုက်သူတွေ အကြိုက်တွေ့မယ့် ငှက်ပျောသီး ကျောက်ကျောဖြစ်ပါတယ်။ အရသာလည်းရှိပါတယ်။ လက်ဆောင်ပေး လို့လည်း လှပါတယ်။ ကိတ်မုန့်တစ်လုံးစာအရွယ်လုပ်ရင် မွေးနေ့ပါတီပွဲ၊ ဧည့်ခံပွဲအတွက် မျက်နှာပန်းလှတဲ့ အချိုပွဲ လက်ဆောင်လည်း ဖြစ်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ပါးပါးစောင်းလှီးထားတဲ့ ငှက်ပျောသီးလေးလုံး
  • အာဂါးအမှုန့် 5gms (သို့) 0.18 oz
  • ရေ 500 ml (သို့) ၂ ခွက်ခွဲ
  • သကြား + ဆား သင့်တော်ရုံ
  • ပုံစံခွက်
ပြုလုပ်ပုံ
  • ကျောက်ကျောမှုန့်၊ ရေ၊ သကြား၊ ဆား အရောင်ဆိုးဆေးအားလုံးနဲ့ ရောပြီးကျိုပါ။ သေချာနှံ့အောင် မွေပါ။
  • ပုံစံခွက်တစ်ခုထဲ ငှက်ပျောသီးတွေ နေရာချထားပါ။
  • နည်းနည်းဆူစပြုလာတာနဲ့ သကြားဆား လိုတာတွေထည့်ပါ။
  • ပွက်ပွက်ဆူတဲ့အထိ မထားပါနဲ့၊ မွှေပေးပါ။
  • မီးနည်းနည်းလျှော့ထားလိုက်ပါ။
  • အားလုံး အရည်ပျော်သွားပြီး အရည်က ပျစ်လာတဲ့အခါ ပုံစံခွက်နေရာပြည့်အောင် လောင်းထည့်ပြီး ဖြည့်ပါ။
  • အအေးခံထားပါ။ မြန်မြန်ခဲစေချင် ရေခဲသေတ္တာထဲထည့်ပါ။ (ပူနေတုန်းတော့ မထည့်ရပါဘူး ခဏနေပြီးမှထည့်ပါ)
  • တည်ခင်းတဲ့အခါ ပန်းကန်ပြားပေါ်ပုံစံခွက်မှောင်ချလိုက်ပါ။
  • ဒါဆို ပုံထဲကအတိုင်း ငှက်ပျောဂျယ်လီတုံးက စားချင်စဖွယ် လက်ရပ်ခေါ်နေပါလိမ့်မယ်။
အတွင်းအဆာသွတ် သစ်သီးကို ငှက်ပျောသီးအစား အဖြားကြိုက်ရာ သစ်သီး (ဥပမာ – ပန်းသီးစိတ်လေးတွေ၊ စတော်ဘယ်ရီ တွေနဲ့ လုပ်နိုင်ပါတယ်)
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post ငှက်⁠ပျောသီး ⁠ကျောက်⁠ကျော appeared first on Myanmar Farmers' Portal.
စံပယ်နံ့ အုန်းနို့ကျောက်ကျော
$
0
0
တစ်ပွဲစာပြင်ဆင်ရန် လိုအပ်ပစ္စည်းများ
ပထမလွှာ
  • ကျောက်ကျောမှုန့် နှစ်ဇွန်း
  • ရေသုံးခွက် (မသုံးခင် စံပယ်ပွင့်နည်းနည်း ထည့်စိမ်ထားပါ)
  • သကြားတစ်ခွက်
ဒုတိယလွှာ
  • အုန်းနို့ရေ သုံးခွက်
  • အုန်းသီးနုနု အသားခြစ်ထားတာတစ်ခွက်
  • ကျောက်ကျော နှစ်ဇွန်း
  • သကြားခွက်တစ်ဝက်
  • ဆားနည်းနည်း
  • ရေနှစ်ခွက် (မသုံးခင် စပယ်ပွင့်နည်းနည်း ထည့်စိမ်ထားပါ)
ပြုလုပ်ပုံ
ပထမအလွှာအတွက်
ကျောက်ကျောကို ရေထဲထည့်ပြီး အနေတော် မီးနဲ့ ကျိုချက်ပါ။ ဆူလာရင် သကြားထည့်ပြီး မွှေပေးပါ။ ဗန်းထဲထည့် အအေးခံပါ။ ခဲရင် ရေခဲသေတ္တာထဲ ထည့်ပါ။
ဒုတိယလွှာအတွက်
ကျောက်မှုန့်၊ အုန်းနို့၊ ရိုးရိုးရေ၊ သကြား အားလုံးရောကျိုပါ။ ပါဝင်ပစ္စည်းများ သမအောင် မွှေပေးပါ။ ဆားနည်းနည်းထည့်ပါ။ မီးဖိုပေါ်မှ ချပါ။ ဒီအချိန်မာ အုန်းသီးခြစ်လေးတွေ ကြိုက်ရင်ထည့်ပါ။ ပူနေတုန်း ပထမအလွှာထည့်ထားတဲ့ ဗန်းထဲလောင်းထည့်ပြီး မျက်နှာပြင်ညှိပေးပါ။ အေးတဲ့အခါ အလွှာနှစ်ခု ပူးကပ်သွားပါလိမ့်မယ်။ သေချာအေးခဲပြီး အလိုရှိသလို လှီးဖြတ် တည်ခင်းနိုင်ပါတယ်။
(မှတ်ချက် – ထိုင်းက ကျောက်ကျောလုပ်တဲ့ရေကို စံပယ်ပွင့်စိမ်ထားလို့ မွှေးနေတဲ့ရေ သုံးလေ့ရှိကြပါတယ်။ )
The post စံပယ်နံ့ အုန်းနို့ကျောက်ကျော appeared first on Myanmar Farmers' Portal.
မင်းကွတ်ပင် စိုက်ပျိုးနည်း
$
0
0
 မြန်မာအမည်       – မင်းကွတ်
အင်္ဂလိပ်အမည်     – Mangosteen
ရုက္ခဗေဒအမည်    – Garcinia Mangostana
မျိုးရင်း               – Guttiferae
မူရင်းဒေသ
မာလာယုကျွန်းဆွယ်၊ ၄င်းနှင့် ကပ်နေသော ယိုးဒယားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့တွင် စိုက်ပျိုးလေ့ရှိကြောင်း  သိရသော်လည်း မူရင်းဒေသ အစစ်အမှန်ကိုကား ရှာရန်မလွယ်ကူပါ။
အမျိုးအစား
မင်းကွက်တွင် အမျိုးအစား ကွဲပြားခြားနားထားကြောင်း မတွေ့ရှိရပါ။ အရသာရှိသည်နှင့် အမျှ စီးပွားဖြစ် မင်းကွတ်ခြံ တစ်ခုအနေဖြင့် သီးသီးသန့်သန့် စိုက်ပျိုးနိုင်ရန် ခဲယဉ်းပါသည်။
စိုက်သည့်ဒေသ
မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အများအပြား စိုက်ပျိုးလျက် ကရင်ပြည်နယ်တွင် အနည်းငယ် စိုက်သည်ကို တွေ့ရသည်။ မွန်ပြည် နယ်တွင် ပိုမိုဖြစ်ထွန်းသည်ဟုဆိုရပါမည်။
ရေမြေရာသီဥတု
စွတ်စိုထိုင်းမှိုင်း၍ စိမ့်ကျသော ရေမြေမျိုးကို နှစ်သက်လျက် ပေ (၅၀၀) အထိ အမြင့်ရှိသော နေရာတွင် စိုက်နိုင်သည်။ မြေသြဇာထက် သန်၍ မြေလွှာ (၆)ပေခန့်တက်သော သဲနှုန်းမြေပွမျိုး ဖြစ်ရမည်။ အပူလွန်ခြင်း၊ အအေးလွန်ခြင်း၊ ခြောက်သွေ့ခြင်းတို့ကို မနှစ်သက်။ နေရောင်တိုက်ရိုက်ကျခြင်းကိုလည်း မခံနိုင်ပါ။
မြေပြုပြင်ခြင်း
သီးညှပ်အဖြစ်သာ စိုက်ပျိုးလေ့ရှိသဖြင့် အထူး မြေပြုပြင်ရန် မလိုပါ။ တွင်း (၃) ပေပတ်လည်၊ အနက် (၃) ပေခန့်တူး၍ သဘာဝမြေသြဇာ များ ရေးစပ် ထည့်သွင်းပေးရမည်။
ပျိုးထောင်နည်း
အစေ့မှသာ တိုက်ရိုက် ပျိုးထောင်နိုင်ပါသည်။ ကိုင်းကူးကိုင်းဆက်ကို  မြန်မာနိုင်ငံတွင်သာမက အိန္ဒိယတွင် စမ်းသပ်သော်လည်း ပြော ပသလောက်အောင်ဖြစ်ထွန်းအောင်မြင်မှုရှားပါးသဖြင့် စိတ်ကြိုက်ကိုရွေးချယ်၍ အသားဖတ်ကို ဖယ်မပြစ်ဘဲပြာလူး၍ အရိပ်တွင် ခတ် ထပ်ထပ်ဖြစ်အောင် ဖြန့်ထားပြီး မြေချပျိုးထောင်လေ့ရှိပါသည်။ အပင်ဖြစ်ထွန်းမှုနှေးကွေးသဖြင့် ပျိုးသက် နှစ်နှစ်သားကျော်မှ ပြောင်း၍ စိုက်ပျိုးနိုင်ကြောင်း တွေ့ရပါသည်။
စိုက်ပျိုးနည်း
သီးခြားစိုက်ရန် မလွယ်သဖြင့် ကွမ်းသီး၊ ဒူးရင်း၊ ကြက်မောက်၊ ဒညင်း၊ ပိန္ဒဲ စသော အရိပ်အာဝါသကောင်း၍  စွတ်စိုသော ခြံများတွင်  ရေကောင်းစွာ သွင်းပေးနိုင်သော  နေရာကို ရွေး၍ သီးညှပ်အဖြစ် စိုက်ပျိုးရပါသည်။
မြေသြဇာကျွေးနည်း
သဘာဝမြေသြဇာကို သာအဓိကထား၍ ကျွေးနိုင်ပါသည်။ ဟိုက်ပါမြေသြဇာရှိလျှင် တပင်တပေါင်နှုန်းခန့် သဘာဝမြေသြဇာနှင့် တွဲ သုံးနိုင်ပါသည်။ နိုက်ထရိုဂျင်၊ ဖော်စကာရှိလျှင် နို့ဆီတစ်လုံးခန့် ထည့်ပေးနိုင်ပါသည်။ပုလဲမီးစုံးနှင့် ပေါ်တက်ရှ်ကို သုံးလိုပါလျှင် ( ၁း ၂း ၁/၂) အချိုးထက် မပိုစေဘဲ ရောလျက်အပင်ကြားကို နို့ဆီတစ်လုံးခန့် ထည့်ပေးသင့်သည်။ ထည့်ပြီး ရေကို အိုင်နေအောင် လောင်းရ မည်။ အရွက်ထူပြီးလျှင် ရွက်သစ်များ အမြဲဝေနေပြီး နူးညံ့လွန်းသဖြင့် ရွက်များမခြောက်စေရန် ဓာတ်မြေသြဇာထည့်ခြင်းကို အထူး ဂရုပြုရမည်။ မိုးဦးရာသီတွင်သာ ထည့်ကျွေးပါ။
မျိုးပွားနည်း
အစေ့မှလွဲ၍ ပျိုးထောင်သော နည်းကောင်းမတွေ့သေးပါ။ ကိုင်းဆက်ခြင်းကို စမ်းသပ်လိုပါက မြစ်ခံပင်ကို Garcinia Tinctoria နှင့် Garcinia Sprciosa များဖြင့် အိန္ဒိယတွင်  စမ်းသပ်သည်ဟု သိရှိရပါသည်။
တဧကအပင်နှုန်း
သီးညှပ်စိုက်ရသဖြင့် တဧကနှုန်းထား အတိအကျဖော်ပြရန် ခဲယဉ်းသည်။
ရေသွင်းနည်း
စွတ်စိုခြင်းကို အထူးလိုလားသဖြင့် ပင်ရင်းဝိုင်း     ၍ ရေသွယ်ပေးနည်း သုံးသင့်သည်။
အပင်ပြုစုနည်း
ရွက်အုပ်ဝေဆာ၍ အမြဲစိမ်းလန်းလျှက်ရှိသော အပင်မျိုးဖြစ်၍ ရွက်ညွန့်များ အဖျားခြောက်တတ်သဖြင့် အထူးဂရုပြုရမည်။ ကိုင်းဖျားနှင့် ကိုင်းသစ်များတွင်သာ အသီးသီးတတ်သဖြင့် ကိုင်းဖြတ်ပေးရန်မလိုပါ။ အသီးများ အခွံမာကြစ်သော အခွံဗြုတ်ထကြမ်းသော အသီးတွင် အစေးဝါထွက်သော ရောဂါများဖြစ်တတ်သဖြင့် လျော်ကန်သော ဆေးမှုန့်ကို မှုတ်စက်ဖြင့် ဖြူးပေးခြင်း၊ ထုံး၊ ဒုတ္ထာ၊ ဆေး စသော ရောဂါ ကာကွယ်ဆေးများကို အခါမလပ် ဖျန်ပေးနေရန် လိုပါသည်။ (၇) နှစ်တွင် စတင်သီးလျက် ဧပြီလမှ ဇွန်လအတွင်း သီးတတ်သည်။ ရေ ပေးနိုင်လျှင် သြဂုတ်မှ အောက်တိုဘာလအတွင်း အနည်းအပါး သီးတတ်သည်။ တပင်လျှင် အလုံး (၁၀၀၀) မှ (၄၀၀၀) ပတ်ဝန်းကျင်တွင် သီးနိုင်ပါသည်။
အသုံးဝင်ပုံ
ချို ချဉ် အရသာရှိ၍ ခံတွင်းကောင်းပြီး ရင်အေးစေသော အဟာရရှိသည့် သစ်သီးအဖြစ် သုံးစွဲကြပါသည်။ သီးမှည့်မှ အိမ်မွှာကို အသားဖတ်ကို စုတ်ယူစားသုံးလေ့ ရှိပါသည်။ အခြားနည်း (ဥပမာ ယိုထိုးခြင်း) သုံးစွဲခြင်းမျိုး မတွေ့ပါ။
ဘယဆေးအနေဖြင့် ၀မ်းနှင့် ပတ်သက်သော ရောဂါအတွက် အခွံကို သွေး၍ သောက်သုံးနိုင်သည်ဟု သိရပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post မင်းကွတ်ပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ပူစီနံ⁠ကျောက်⁠ကျော
$
0
0
ကျောက်ကျောတွေကို ပူစီနံနံ့ ကြိုက်သူအတွက် ပူစီနံနဲ့ လုပ်နိုင်ပါတယ်။အနောက်နိုင်ငံသားတွေက ကြိုက်ပါ တယ်။ ပီကေစားရသလို အနံမျိုးပါတဲ့ ခပ်ချိုချို ကျောက်ကျောတုံးလေးဖြစ်ပါတယ်။ခံတွင်းလည်း ရှင်းစေပါ တယ်။
ပါဝင်ပစ္စည်းများ
  • ပူစီနံ ရွက် လေးငါးခြောက်ရွက်
  • ရေ ၅၀၀ မီလီမီတာ (သို့) ၂.၁ ခွက်
  • ကျောက်ကျောမှုန့် 5 gms (သို့) 0.18 Oz
  • သကြား 100 gms (သို့) ၀.၄၇ ခွက်
  • အစာဆိုးဆေး အစိမ်းရောင် ၁ စက် ၊ ၂ စက်
  • ဆားလက်ဖျားနဲ့ ပါလေရုံနည်းနည်းလေး
  • ဂျယ်လီထည့်ပုံစံခွက်လေးများ (သို့) ခွက်အကြည်လှလှလေးတွေ
(ကွတ်ကီးပုံစံခွက်လေးတွေဆိုလည်း ရပါတယ်)
ပြုလုပ်ပုံ
  • ပူစီနံရွက်လေးတွေကို ဆေးပြီး ကြိတ်ခြေအရည်ညှစ်ယူပါ။
  • ကျောက်ကျောမှုန့် ၊ ရေ ၊ သကြား ၊ ဆား အားလုံးနဲ့ ရောပြီး ကျိုပါ။
  • အစိမ်းရောင် အစာဆိုးဆေး ၁ စက် (သို့) ၂ စက်ထည့်ပါ။ နှံ့အောင်မွှေပါ။
  • ဆူလာရင်ချပြီး ချက်ချင်း ပုံစံခွက်လေးတွေထဲ ခွဲထည့်ပါ။
  • ၁၀ မိနစ်လောက် အပြင်မှာထားပြီး ရေခဲသေတ္တာ ထဲထည့်ပါ။
  • တည်ခင်းတဲ့အခါမှာ ပုံမှာပြထားသလို ပန်းကန်ပြားထဲမှောက်ချပြီး တည်ခင်းပါ။
Pissaya_Info
The post ပူစီနံ⁠ကျောက်⁠ကျော appeared first on Myanmar Farmers' Portal.
Viewing all 691 articles
Browse latest View live