Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live

နဂါးမောက်သီးကျောက်ကျော

$
0
0

ကျောက်ကျောကို မနှစ်သက်သူ မရှိသလောက်ပါပဲ။ဒါကြောင့် ကျောက်ကျော လုပ်နည်းမျိုးစုံကို တီထွင်ပြီးရင်း တီထွင်လာကြပါတယ်။ အခုတစ်ခါ နဂါးမောက်သီးကျောက်ကျောတဲ့လေ။နဂါးမောက်သီးက ကျန်းမာရေးဓာတ် စာသီးဖြစ်လို့ လူကြီးတွေနဲ့လည်း တည့်ပါတယ်။ နဂါးမောက်သီးမှာ အဖြူသီး ၊ အနီသီးရယ်လို့ ရှိပါတယ်။ဒါက တော့ အနီသီးနဲ့လုပ်တာပါ။ နဂါးမောက်သီးအနီ မေမြို့မှာ အများကြီး တွေ့ ခဲ့ပါတယ်။ အနီသီးအရောင်က ဆိုးဆေးမလို သဘာဝအရ အခုလို တောက်ပပြီး လှနေတာပါ။ ကဲ ကြည့်ရအောင်။ဘယ်လို လုပ်ထားလဲ လို့လေ။

ပါဝင်ပစ္စည်းများ

  • ရေ ၁.၅ လီတာ (၆ ခွက်)
  • ကျောက်ကျောမှုန့် Agar Agar Powder ၁၅  ဂရမ်

(စားပွဲဇွန်း ၂ဇွန်း ) သို့မဟုတ် ကျောက်ကျောချောင်း Agar Agar Strips ဆို ၂၀ ဂရမ်ပေါ့။

  • ပျားရည် ၂၀၀ ဂရမ် (ပျားရည်မရှိရင် သကြား ထည့်နိုင်ပါတယ်)
  • နဂါးမောက်သီးအတွင်းသား ခြစ်ယူထားသော ၁ ခွက်အပြည့်။
  • (အနီဆို ဆိုးဆေးမလိုပါဘူး)
  • ဆွမ်းမွှေးရွက် ၃ ရွက် ရေဆေးပြီး ထုံးထားပါ။
  • ဆားနည်းနည်း။
  • ကျောက်ကျောထည့်ရန် ပုံစံခွက်ကလေးများ။

ပြုလုပ်ပုံ

  • အိုးအရွယ်လတ်တစ်လုံးထဲ ရေ ၊ ဆွမ်းမွှေးရွက် ၊ ပျားရည် (သကြား) ၊ ဆားနည်းနည်း ၊ကျောက်ကျော မှုန့်အားလုံး ရောကြိုပါ။
  • အားလုံးပျော်ဝင်အောင် မွှေပေးနေပါ။ ဆူလာပြီး အရည်က ပျစ်လာတဲ့အခါ မီးဖိုပေါ်ကချပါ။ ဆွမ်းမွှေး ရွက် အထုံးလေးကို ဖယ် ပစ်လိုက်ပါ။(သူ့ကို အနံ့ယူရုံပဲ ထည့်ထားတာမို့ပါ)
  • ကျောက်ကျောထည့်ရန် ပုံစံခွက်ကလေးများထဲသို့ နဂါးမောက်သီးခြစ်ထားတာလေးတွေ ထည့်ပါ။သူအ ပေါ်ကိုမှ ကျောက်ကျော အရည်ကျိုထားတာကို ဖြည်းဖြည်းလောင်းထည့်ပါ။
  • အေးခဲသွားအောင် ခဏစောင့်ပါ။
  • ပြီးရင် ရေခဲသေတ္တာ ထဲ ထည့်ထားလိုက်ပါ။
  • သုံးဆောင်တည်ခင်းချိန်ရောက်မှ ထုတ်ပြီး ပန်းကန်ပြားထဲ မှောက်လိုက်ပါ။
  • ပုံမှာပြထားသလို စားချင့်စဖွယ် နဂါးမောက်သီးကျောက်ကျောတုံးလေးကို မြင်ရပါမယ်။

Pissaya Info

The post နဂါးမောက်သီးကျောက်ကျော appeared first on Myanmar Farmers' Portal.


ရှား⁠စောင်းလက်ပတ် စိုက်ပျိုးနည်း

$
0
0

မြန်မာအမည်                 – ရှားစောင်းလက်ပတ်

အင်္ဂလိပ်အမည်              – ALOES

ရုက္ခဗေဒအမည်             – ALOE VERA LINN

                                       A,BARBADENSIS MILL

မျိုးရင်း                          – LILIACEAE

မူရင်းဒေသ

ရှားစောင်းလက်ပတ် မူရင်းဒေသမှာ အာဖရိက ဖြစ်သည်။

အမျိုးအစား

ကမ္ဘာပေါ်တွင် မျိုးစိတ်ပေါင်း (၁၆၀) ရှိသည့် အနက်  မုတ်ခါး ထုတ်လုပ်နိုင်သောမျိုးမှာ –

(၁) ALOE PERRYI BABER

(၂) ALOE VERA LINN ( A. VULGA RIS; A. BARBADENSIS; A. OFFICINALIS)

(၃) ALOE CHINENSIS BAKER

(၄) ALOE FEROX MILLER

(၅) ALOE AFRICANA

(၆) ALOE SPICATA – တို့ဖြစ်သည်။

ပုံသဏ္ဍာန်

မြန်မာပြည်၌ရှိသော ရှားစောင်းလက်ပတ်ပင်၏ ယေဘုယျပုံသဏ္ဍာန်မှာ အရည်ရွှမ်းသော ပင်ပျော့ပင်ငယ်မျိုးဖြစ်ပြီး အမြင့် (၁)ပေမှ (၁ ၁/၂)ပေ အထိမြင့်သည်။ ပင်ရင်းမှ အရွက်များ (၅) ခု (၆) ခုဖြာလျက်ထွက်သည်။ အရွက်၏ အပေါ်ယံအခွံသည် အစိမ်းနုရောင်ရှိပြီး အတွင်း၌ကျောက်ကျောကဲ့သို့ ပျစ်ချွဲသော အရည်အသားများ ပြည့်လျက်ရှိသည်။ အရွက်အလျား (၁) ပေခန့် ရှိသည်။ ရွက်နားပတ်လည် ဆူးလေးများခြားလျက်ရှိသည်။

စိုက်ပျိုးသည့် ဒေသ

မြန်မာနိုင်ငံ၌ နေရာအနှံ့အပြားစိုက်ပျိုးပေါက်ရောက်သော်လည်း အထူးသဖြင့် အပူပိုင်းဒေသတွင် ပိုမိုဖြစ်ထွန်းသည်။

စိုက်ပျိုးပေါက်ရောက်နိုင်သည့် ရာသီဥတု

ရှားစောင်းလက်ပတ်မှာ မိုးနည်းရေရှားရပ်ဝန်းဒေသကို ကြိုက်နှစ်သက်သည်။ အပူဒဏ်ကို ခံနိုင်ရည်ရှိသော အပင်မျိုးဖြစ်၍ မြန်မာနိုင်ငံ တွင် ရှားစောင်းလက်ပတ်နှင့် သင့်လျော်သော ရာသီဥတုမှာ အကြမ်းအားဖြင့် အပူချိန် (၈၅) ဒီဂရီဖာရင်ဖိုက်အထက်နှင့် မိုးရေချိန်မှာ (၄၀) လက်မအောက် ရွာသွန်းသော ရာသီဥတုဖြစ်သည်။

မြေအမျိုးအစား

အထူးသဖြင့် မြေပြန့် အရပ်တွင်ပေါက်ရောက် ဖြစ်ထွန်းသည်။

ကျောက်ထူထပ်သော မြေ၊ ဆပ်ပြာပေါက်သော မြေနှင့် ရေ၀ပ်သောမြေ၊ စိမ့်ရေအလွန်များသော မြေမျိုးမှတပါး မြေအမျိုးအစားမရွေး ပေါက်ရောက် ဖြစ်ထွန်းနိုင်သည်။

မြေပြုပြင်နည်း

မြေညံ့တွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း တဧကအထွက်နှုန်းကောင်းမွန်စေရန် မြေအတန်းအစား ကောင်း သင့် ညံ့ အလိုက် သစ် ဆွေးမြေ၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို သင့်လျော်မည့် နှုန်းထားသတ်မှတ် ထည့်သွင်းစိုက်ပျိုးသင့်သည်။ ထွန်ယက်ရန် လွယ်ကူသော မြေတွင် နွားထယ် (၁)စပ်နှင့် နွားထွန် (၄)စပ်၊ မြေစေးတွင် နွားထယ် (၂)စပ်နှင့် နွားထွန် (၈)စပ် ထွန်ယက် ပြုပြင် သင့် သည်။ ဘောင်ယောင်ပြုလုပ်၍ မိုးများသော အရပ်တွင် တောင်ထိပ်တွင်၎င်း၊ မိုးနဲသော အရပ်တွင် ဘောင်ကြား၌၄င်း၊ မိုးသင့်သော အရပ်တွင် ထွန်ရေးပြင်၌စိုက်တန်းဖော်စိုက်ရမည်။

စိုက်ပျိုးနည်း

မိုးဦးကျအချိန်တွင် ရှားစောင်းလက်ပတ် သားတက်များကို မူလပင်မ မှ ဖဲ့ယူ၍ ပြူပြင်ထားသော စိုက်ခင်းမြေအတွင်း တိုက်ရိုက်စိုက်နိုင် သည်။ သားတက်ပင်ငယ်လေးများအား အနည်းဆုံး တပင်နှင့် တပင် (၁) ပေ၊ တတန်းနှင့်တတန်း (၁)ပေခြား စိုက်ရသည်။

တနည်း

တပင်နှင့်တပင်(၂) ပေ အကွာထားပြီး တပင်နှင့်တပင်ကြားတွင် သားတက်ပင်ငယ်လေးများ တပင်စီ ကြားညှပ်စိုက်ပျိုးထားလျှင် အပင် ကြီး ကျသွားချိန်၌ အပင်သစ်များမှ အရွက်များဆက်လက်ရရှိ ဆွတ်ခူးသွားနိုင်၏။ ဤနည်းအားဖြင့် တစ်နှစ်ပတ်လုံး ၀င်ငွေ ပုံမှန်ရရှိ စေနိုင်သည်။

မြေသြဇာကျွေးနည်း

မြေညံ့တွင် နွားချေးမြေဆွေးလှည်း (၆) စီး၊ မြေကောင်းတွင်နွားချေးမြေဆွေးလှည်း (၃)စီး ချပေးသင့်သည်။ လိုအပ်ပါက နွားပျိုးပြီးနောက် မိုးတကြိမ်ရွာသွန်းပြီး သို့မဟုတ် ရေပေးသွင်းပြီးလျှင် ဓာတ်မြေသြဇာကို သင့်တော်မည့် အချိုးနှုန်းထားနှင့် ရောစပ် ထည့်သွင်းသုံးစွဲရမည်။ ထို့နောက် ကြားထွန်လိုက်ပေးသင့်သည်။

မျိုးပွားနည်း

သားတက်များကို ဖဲ့ယူ၍ မျိုးပွားသည်။ စိုက်ခင်းတွင် စိုက်ပျိုးထားသော အပင် (၁) နှစ် (၆) လ အရွယ်တွင် တပင်လျှင် သားတက်ပင် အနည်းဆုံး (၅)ပင်ခန့် ရရှိနိုင်သည်။

တဧက အပင်နှုန်း

တန်းကြား (၁) ပေ၊ ပင်ကြား (၁) ပေ အကွာအဝေးဖြင့် စိုက်ပျိုးလျင် တစ်ဧကလျှင် စိုက်ပျိုးနိုင်သည့် အပင်ပေါင်း (၄၄၀၀၀) ဖြစ်သည်။

အပင်ပြုစုနည်း

စိုက်ခင်းအတွင်း ရှားစောင်းလက်ပတ် သားတက်ပင်များချ၍ စိုက်ပျိုးပြီး (၆) လခန့် အကြာတွင် အပင်၏ အောက်လက်(၂)ရွက်မှ  (၃) ရွက်ထိ ခူးဆွတ်ပြီး ပင်ကြားများ၌ ပေါင်းရှင်းမြက်နုတ်ပေးရန်လိုသည်။ သို့မှသာ အရွက်များ သန်မာထွားကြိုင်း လာမည်ဖြစ်သည်။

ပထမအကြိမ်အရွက်များဆွတ်ခူးပြီးနောက် ပင်ခြေများတွင် ပေါင်းသင် မြေဆွပေးခြင်းများ ပြုလုပ်ရမည်။ အကယ်၍ သားတက်များထွက် ရှိလာပါက သားတက်များကို ဖယ်ရှားပစ်ရန် လိုသည်။ သို့မှသာ အပင်သန်မာပြီး အရွက်များကြီးထွားနိုင်မည်ဖြစ်သည်။

အရွက်ဆွတ်ခူးနည်း

ရှားစောင်းလက်ပတ်များ၏ ပင်ခြေရှိ အလျား (၁၀)လက်မနှင့် (၁၂) လက်မ၊ အနံ (၂ ၁/၂)မှ (၃) လက်မရှိသော အလက်များကို တပင် လျှင် အနည်းဆုံး (၃) လက်ခန့် လှီးဖြတ်၍ ခူးယူရ၏။ အရွက်များကို (၆)လတကြိမ်၊ တနှစ်လျှင် (၂)ကြိမ်ဆွတ်ခူးနိုင်သည်။

မုတ်ခါးထုတ်လုပ်နည်း

ရှားစောင်းလက်ပတ်အလက်များကို အပင်မှ လှီးဖြတ်ပြီးလျှင် ပြီးချင်း၊ စည်ပိုင်း၊ ဇလုံ စသည်တို့တွင် အရည်များအခြားသို့ အရောက်စေရန် လျှင်မြန်စွာ ထည့်ရမည်။ အချင်း (၃)ပေ မှ (၄)ပေရှိသော သစ်သားဇလားခွက်တခုကို တဘက်တွင် ရေသရောက်ဘက်သို့ အရည်များ ကျဆင်းစေရန် ခပ်စောင်းစောင်း ထားရ၏။ ဇလားခွက်ထဲသို့ လှီးဖြတ်ခူးယူထားသည့် ရှားစောင်းလက်ပတ် အလက်များကို အရင်းပိုင်း အောက်သို့လှည့်ပြီး (V) ပုံသဏ္ဍာန်စီ၍ ထောင်ထားရ၏ သို့မှသာ အရွက်များကို ဇလားနှုတ်ခမ်းဘက်သို့ ခပ်ယိုင်ယိုင်ထားရမည်။ ထိုအခါ ရှားစောင်းလက်ပတ် အရည်များသည် ဇလားခွက် စီးဆင်း၍ ခံထားသော ခွက်အတွင်း ကျဆင်းမည်။

အထူးသတိပြုရန်မှာ

ပူပြင်းသော နွေဥတုနှင့် လေထန်သော ရာသီ၌ ရှားစောင်းလက်ပတ် အရည်များ ခန်းခြောက်သဖြင့် အရည်ရယူခြင်း မပြုသင့်ပေ။ မိုးကျပြီး အရက်၂၀ ခန့် ကြာသည့် အချိန်တွင် အရည်များများရ၏။(၆) နာရီမျှနှင့် ရှားစောင်းလက်ပတ် အလက်တွင်ရှိသော အရည်များ ကုန်စင် အောင်ကျဆင်း၏။ ထိုရရှိသော ရှားစောင်းလက်ပတ်အရည်များကို ကြေးခွက်၊ ကြေးအိုးများတွင်ထည့်ကာ မီးမျှဉ်းမျှဉ်းနှင့် (၄)နာရီမှ (၅) နာရီ ချက်ရ၏။ မကြာခဏ မွှေပေးရန်လိုသည်။ (၄) နာရီ ကြာသော အခါ ယောက်ဖြင့်အနည်းငယ်ယူ၍ စမ်းသပ်ကြည့်ရ၏။ အေးလျှင် ကျွတ်ဆတ်သွားပါက အရည်များကို အလိုရှိရာ အိုးခွက်အတွင်း လောင်းချထားရမည်။ အရောင်မှာ ပထမတွင် အ၀ါရောင်သန်း၍ နေ၏။  နောက်တဖြည်းဖြည်းကြာသောအခါ အညိုရောင်သန်း၍ မဲ၏။ အရောင်ကြည်လင်တောက်ပြောင်၍ တစ်ဘက်မှ တစ်ဘက်သို့မြင်ရ လုနီးပါးဖြစ်သည်။

ဆိုးရွားဆူးရှသော အနံ့ရှိသည်။ အရှေ့အာဖရိကတိုက် (ဆိုကိုထရာကျွန်း) အရာဗီရာကျွန်းမှ ထွက်သော ဆိုကိုတြင်းမုတ်ခါးမှာ အခြား မုတ်ခါးများနှင့် အရသာနှင့် အရောင်တူသော်လည်း အနံ့ဆိုးရွားခြင်းမရှိဘဲ၊ သင်းပျံ့မွှေးကြိုင်သော ယနံ့ရှိ၏။

နေဖြင့်ချက်ယူခြင်း

အချို့ရှားစောင်းလက်ပတ်အရည်ကို မီးဖြင့်မချက်ဘဲ နေဖြင့် လှန်းကာ ချက်ယူကြ၏။ အရောင်မှာ နီညိုရောင်ရှိ၏။ အရသာမထူးခြားချေ။ အခြားသောဒေသအလိုက် ချက်နည်းများလည်း ရှိသည်။ အချို့ရှားနှစ်များကို အမှုန့်ထောင်းထည့်ပြီး အတုပြု၍ ရောင်းချကြသည်။

အထွက်နှုန်း

တဧက မုတ်ခါး (၁၃၂) ပိဿာခန့် ထွက်ရှိနိုင်သည်။

အသုံးပြုပုံ

အရွက် (၁) ရှားစောင်းလက်ပတ်သည် မီးယပ်ဆေးအဖြစ်အလွန်ထင်ရှား၏။ရှားစောင်းလက်ပတ်အတွင်းသားကို ပေါက်ပင် ပဉ္ဖငါးပါးမီးရှို့ ၍ ရသောပြာကို ချက်သည့် ဆားအနည်းငယ်ဖြူးသော် မီးယပ်သွေး စင်ကြယ်စွာ ဆင်း၏။

(၂) ရှားစောင်းလက်ပတ်သည် အနာစိမ်း၊ ဖျဉ်းစွဲရောဂါ၊ အသည်းရောင်ရောဂါ၊ အရေပြားရောဂါ၊ အဖျားရောဂါ၊ ပန်းနာ၊ နူနာ၊ ကိုယ်ရေ ၀ါရောဂါ၊ ဆီး၌ကျောက်တည်သောရောဂါများကို အလွန်နိုင်နင်းသော ဆေးပင်ဖြစ်သည်။

(၃) ၄င်းသည် လိမ်းဆေးအဖြစ်လည်းကောင်း၊ အလွန်စွန်းရည်သတ္တိရှိသော ဆေးပင်ဖြစ်၍ ၄င်း၏ အတွင်းသားကို ၀မ်းဗိုက်၌ကပ်၍ အုံပေးပါက သွေးလုံး လေလုံးများကို ပြင်ပသို့ ထုတ်ဆောင်နိုင်၏။

(၄) ၄င်း၏ အတွင်းသားဖြင့် မျက်စိကို အုံပေးပါက မျက်စိနာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ဖြင်းပျောက်၏။

(၅) ရှားစောင်းလက်ပတ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေးပြ၍ နားတွင်းသို့ ခပ်ပေးပါက နားကိုက်၊ နားနာ လျှင်မြန်စွာပျောက်၏။

(၆) ခြေလက်တို့ကို  ပေါက်သော အကြိတ်နာ၊ သွေးစုနာများပေါ်တွင် ရှားစောင်းလက်ပတ်ကို စည်းပေးထားပါက အကြိတ်ကြေ၍ ပြည်ပေါက်မြန်ပြီး ငန်းမန်းကျစေသည်။

(၇) အသားဝါ ( JAUNDICE) ရောဂါရှိသူများ၊ အရွက်အတွင်းသားကိုစားပါက ဆီးဝမ်းသက်ပြီး ရောဂါလည်း ပျောက်၏။

(၈) အတွင်းသားကို လက်ချားမီးဖောက် အမှုန့်အနည်းငယ်ဖြူ၍ စားလျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။

(၉) ရှားစောင်းလက်ပတ် နှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီးလျှင် သကြားထည့် သောက်ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုးခြင်း ပျောက်ကင်းသည်။

(၁၀) ရှားစောင်းလက်ပတ်ကို အခွံနှင့် အသားပါ ပါးပါးလှီး၍ ဟင်းခါးချက်သော် ဓမ္မတာ မမှန်ခြင်းပျောက်၏။

(၁၁) ခြေလက်တို့ကို အနာပေါက်လျှင် ငန်းမန်းကျရန်နှင့် ပြည်ပေါက် မြန်ရန် ရှားစောင်းလက်ပတ်ကို အနာတွင်အုံ၍ စည်းထားလျှင် ငန်းမန်းကျ၍ ပြည်ပေါက်မြန်သည်။

(၁၂) ရှားစောင်းလက်ပတ် အနှစ်ရည်ကို ချက်ယူရရှိသော မုတ်ခါးသည် မြန်မာတိုင်းရင်းဆေးများတွင် အလွန် အရေးကြီးသော ဆေး မယ်တရပ်ဖြစ်သည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post ရှား⁠စောင်းလက်ပတ် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

စံပယ်ပန်း စိုက်ပျိုးနည်း

$
0
0

အင်္ဂလိပ်အမည် – Jasmin

ရုက္ခဗေဒအမည် – Jasminum sambae

မျိုးရင်း – Oleaeeae

မူရင်းဒေသ – မြန်မာ၊ အာရုတိုက်တောင်ပိုင်း

စံပယ်ပန်း အမျိုးအစား ခွဲခြားခြင်း

(၁) ရွှေစံပယ် ။ အပွင့်ကြီးသည် အထပ်များ၍ စိပ်သည်။ အလယ်အဖူးငယ်သည်။ အလွန်မွှေးသည်။

(၂) စံပယ်လည်ဆံ ။ ပွင့်ချပ် သေးသွယ် ရှည်လျား၍ အချို့ အနည်းငယ် တွန့်လိမ် ကောက်သည်။ ရနံ့ပျော့သည်။

(၃) ဆယ်နှစ်ရာသီစံပယ် ။ တစ်နှစ်လုံးပွင့်ပြီး အပွင့်နည်းသည်။ ပွင့်ဖတ်သေး၍ ကြဲပြီး အပွင့်ငယ်ကာ ရနံ့ ပျော့သည်။

(၄) ကြက်ရုံးကြီး ။ အပွင့်အနွယ် ရွှေစံပယ်နှင့် တူပြီး အထပ်မ များ၊ ပွင့်ဖတ်ထိပ်ဖျားများချွန်၍ အလွန် မွှေးသည်။

(၅)ကြက်ရုံးကလေး ။ ကြက်ရုံးကြီးနှင့် ဆင်ပြီး အပွင့်ငယ်သည်။

(၆) ဘိတ်ကြီး ။ အပွင့်ကြီး အထပ်များပြီး ကြဲသည်။

(၇) ဘိတ်ကလေး ။ ဘိတ်ကြီးနှင့်ဆင်ပြီး အပွင့်ငယ်သည်။

စံပယ်ပန်း စိုက်ပျိုးနည်း

စံပယ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ စံပယ်သည် ချုံပင်အမျိုးအစားဖြစ်သော်လည်း နှစ်ရှည်ခံပင်ဖြစ် သည်။ စံပယ်သည် သဲမြေမှ မြေစေးမြေနက် အထိ မြေအမျိုးအစားမရွေး ဖြစ် ထွန်းသော်လည်း မြေဆီသြဇာ ထက်သန်လျှင် ပိုမို ဖြစ် ထွန်းသည်။

စံပယ်ကို အစေ့မှ စိုက်ပျိုးလေ့မရှိ။ အကိုင်းမြေမြှုပ် မျိုးပွား၍ လည်း ကောင်း၊ ပင်ပွားတူစိုက်၍ လည်းကောင်း၊ ကိုင်းဖြတ်၍ လည်းကောင်း၊ စိုက်ပျိုးကြသည်။ ကိုင်းပျော့ကို မြေကြီးထဲ မြှုပ်ထားလျှင် တစ်လခန့် အကြာတွင် အဆစ်မှ အမြစ်များ ထွက်လာသည်။ ထိုအခါ အကိုင်းရင်း မှ ဖြတ်တောက်၍ စိုက်ပျိုးနိုင်သည်။ အကိုင်းမြေမြှုပ်၍ မစိုက်လိုပါက အပင်ခြေတွင် ပေါက်နေသော ပင်ပွားကို အမြစ်ပါပါအောင် တူး ယူပြီး နေရာပြောင်း၍ စိုက်ပျိုးနိုင်ပါသည်။ အကိုင်းဖြတ်၍ စိုက်ပျိုးလိုပါက တစ် ပေ၊ တစ်ပေခွဲရှည်သော အဆစ်သုံးဆစ်မှ ငါးဆစ်ပါ အကိုင်း များရအောင် ဖြတ်ယူပြီးနောက် ပျိုးသေတ္တာထဲတွင် အဆစ်နှစ်ဆစ်၊ သုံးဆစ်မြှုပ်၍ ပျိုးထောင်ပြီး ရေမှန်မှန်လောင်းပေးပါက အရိပ်ကြဲကြဲတွင်ထားသော် တစ်လ တစ်လခွဲကြာတွင် အချို့အကိုင်းမှ အမြစ်များထွက်လာသည်။ ထိုအကိုင်းများအနည်းငယ် အပင်သန် လာသောအခါ စိုက်ခင်းသို့ ရွှေ့စိုက်နိုင်သည်။

မိုးရာသီတွင် ရေမ၀ပ်တတ်က ဘောင်မဖော်ဘဲ လည်းကောင်း၊ ရေ၀ပ် တတ်က ဘောင်ဖော်၍ လည်းကောင်း၊ စိုက်ပျိုးနိုင်သည်။ အလျား၊ ပေသုံးဆယ် အနံပေငါးပေ၊ ထုတစ်ပေ ၉မြေပေါ် ခြောက်လက်မ၊ မြေအောက် ခြောက်လက်မ) ရှိသော ဘောင်များကို တစ်ဘောင်နှင့် တစ်ဘောင် လူသွားလမ်းတစ်ပေခြားကာ ပြုလုပ်ရသည်။ တစ်ဘောင် လျှင် စိုက်တန်းနှစ်တန်းထားရှိကာ စိုက်တန်းအတွင်း တစ်ပင်နှင့် တစ်ပင် သုံးပေခန့်ခွာ၍ စိုက်သင့်သည်။ စိုက်တန်းတစ်ခုစီမှ အပင်များသည် တစ်ခုနှင့် တစ်ခု မျက်စောင်းထိုး ရှိသင့်သည်။ စိုက်တန်း များသည် နီးစပ်ရာ ဘောင်နှုတ်ခမ်းမှ တစ်ပေခွဲ ကွာဝေးပြီး၊ စိုက်တန်းနှစ်ခုကြား အကွာဝေးသည် နှစ်ပေရှိသင့်သည်။ ဤနည်းအတိုင်း စိုက်လျှင် တစ်ဘောင်လျှင် အပင်နှစ်ဆယ်ဝင်မည်။

စိုက်ပြီးနောက်အပင်အရင်းကို နာနာဖိပေးကာ ရေလောင်းပေးရသည်။ စံပယ်ပန်းများသည် အကိုင်းနုများမှ ပွင့်လာတတ်ကြသည်။ စံပယ်များကို ဆောင်းဦး၊ (ပန်းတုံးချိန်တွင်) ဘေးသို့နွယ်ကျနေသော အကိုင်းများကို ကိုင်းဖျားဖြတ်ပေး ရသည်။ထိုအခါအညွန့်သစ်အကိုင်း သစ်များထွက်ပေါ်လာသည်။ ကိုင်းရှုပ်များ၊ ခြောက်နေသော ကိုင်းများ၊ ရောဂါရ ကိုင်းများ၊ မသန်စွမ်းဘဲ ကြုံလှီသော ကိုင်းများကို ဖြတ်တောက် ရှင်းလင်းပစ် ရသည်။

စံပယ်ပန်းများကို နံနက်စောစောတွင် အငုံကြီးမှ အပွင့် အထိ ခူးရသည်။ အစောဆုံး ခူးပြီး ရေအတော်အသင့် ဆွတ်ကာရေစိုအ၀တ်ဖြင့် ဖုံးအုပ်၍ ရောင်းချနိုင်သည်။ သီကုံး၍ လည်းကောင်း၊ စည်၍လည်းကောင်း ရောင်းချနိုင်သည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

 

The post စံပယ်ပန်း စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

ဂျူးပင် စိုက်ပျိုးနည်း

$
0
0

ဂျူးမြစ် (Chainese Chives – Allium hookeri, Lilliaceae)

ဂျူးမြစ်အပင်သည် အပူချိန်အမြင့်ဆုံး ၈၆ံF မှ ၉၅ံ F နှင့် အနိမ့်ဆုံး ၅၀ံF မှ ၆၄ံF အတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။ လို အပ်သော မိုးရေချိန်မှာ ၄၀ မှ ၅၀ လက်မခန့်ဖြစ်သည်။ ဂျူးမြစ်ပင်ကို မြေအမျိုးအစားမရွေး စိုက်နိုင်သော်လည်း မြေအ ချဉ်ဓာတ် ၄.၅ မှ ၅.၅ PH အတွင်းရှိ မြေနီမြေစေးတွင် ပိုမို ဖြစ်ထွန်းသည်။ ဂျူးမြစ်ပင်ကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် ဒေသကြီးအတွင်း တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ပင်တယ မြို့များတွင် စိုက်ပျိုးကြသည်။ ဂျူးပင်မှ အမြစ်ကို အဓိက စားရပြီး၊ အဖူးခေါ် အပွင့်ရိုးတံကိုပါပြုတ်၍ သုတ်ပြီး စားရသည်။ ဂျူးမြစ်ကိုမူအတို့အမြှုပ်အဖြစ်လည်းကောင်း၊ မုန့်နှစ် နှင့် ကြော်၍ လည်းကောင်း၊ ချည်ရည်ဟင်းတွင် ချက်၍ လည်းကောင်း စားရသည်။

ဂျူးမြစ်သည် ဆေးဖက်ဝင် ဟင်းရွက်ပင်ဖြစ်သည်။ သွေးဖိအား ပုံမှန်ဖြစ်စေခြင်း၊ အယ်လ်ဇိုင်းမားနှင့် အိုမင်းရင့်ရော် ခြင်း တို့ကို ကာကွယ်ပေးခြင်း၊ ဗက်တီးရီးယားဗိုင်းရပ်စ်နှင့် မှိုရောဂါများ၊ အရိုးပါးရောဂါ၊ အဆုတ်နှင့် အူလမ်းကြောင်း ကင်ဆာရောဂါများကိုပါ ကာကွယ်နိုင်သည်ဟု ဆိုကြသည်။

စိုက်ပျိုးခြင်း

ဂျူးမြစ်ပင်ကို အမြစ်ခေါင်း (အဆုံ)မှ ခွဲခြားစိုက်ပျိုးရသည်။ ထိုအမြစ်ဆုံကို စိုက်ပျိုးခါနီးမှ အပင်ဟောင်းကိုနှုတ်၍ အမြစ် ဆုံကို ခွဲစိတ်ပြီး စိုက်ယူရသည်။ ယခင်ကမူ ထိုသို့မျိုးရရှိရန်အတွက် မြေတွင် ကျင်းကျယ်ကျယ်တူးပြီး ဂျူးပင်များကို အုံ လိုက်ထည့်ပြီး လေလုံအောင်ဖုံးပိတ်ထားပြီး၊ စိုက်ချိန်ကျမှ ဖော်၍ သုံးကြသည်။ ဂျူးပင်ကို မြောင်းနက်နက် (၆” – ၈”) ခန့်တူးပြီး စိုက်ရသည်။ တစ်ပင်နှင့် တစ်ပင် ၈” – ၁၀” ခြားပြီး တစ်မြောင်းနှင့် တစ်မြောင်း ၁’ ခွာရသည်။

ဂျူးပင်သည် နှင်းခါးရိုက် (Frost- bite) သောဒဏ်ကို ခံနိုင်သည်။ ထို့ကြောင့် အေးသောဒေသများတွင် စိုက်ပျိုးနိုင် သည်။ ဂျူးပင်ကို သီးခြားစိုက်ပျိုးနိုင်သကဲ့သို့ နှစ်ရှည်ပင်များကြားတွင် သီးညှပ်အဖြစ်လည်း စိုက်ပျိုးနိုင်သည်။

အပင်ပေါက်စေချိန်တွင် လက်ပေါင်းလိုက်ခြင်း၊ ၅း၁၀း၁၀ ဓာတ်မြေသြဇာကို တစ်ဧကလျှင် ပေါင် ၅၀ – ၈၀ အထိ ကျွေး ပေးခြင်း၊ မြေဆွပေးခြင်း၊ ပင်ခြေကို မြေဖို့ပေးခြင်း စသော လုသပ်ငန်းများကို ဆောင်ရွက်ရသည်။ သဘာဝမြေသြဇာ ကို ၁” – ၂” ထုအထိ မစိုက်ပျိုးမီ ထည့်ပေးရသည်။ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက်ရအောင် ပြုပြင်ရသည်။ မြေနီစေးတွင် မိုးရေချိန်လက်မ ၄၀ – ၅၀ ရှိလျှင် ရေသွင်းရန်မလိုဘဲ စိုက်ပျိုးနိုင်သည်။

ရိတ်သိမ်းခြင်း

ဈေးကွက်လိုအပ်ချက်အရ ဂျူးမြစ်ကို အချိန်ခွဲ၍ တူးယူရောင်းချနိုင်သည်။ မြေထဲတွင် ၃ -၄ လခန့်အထိ တူးယူခြင်း မပြု ဘဲ လိုအပ်ချိန်ရောက်မှသာ တူးယူ၍ ရောင်းချနိုင်သည်။ တစ်ဧကအထွက်နှုန်းမှာ ပိဿာ ၃၀၀၀ – ၄၀၀၀ အထိ ထွက်ရှိနိုင်သည်။

ဂျူးမြစ်ကို ရိတ်သိမ်းပြီး နည်းစနစ်ကျကျ သိုလှောင်ထားပါက ဂျူးမြစ်၏ အာဟာရတန်ဖိုး မပျက်စီးချေ။ အပူချိန် ( ၃ +- ၁)ံC အတွင်းသိုလှောင်ပါက ၂၅ – ၃၅ ရက်အထိ သိုလှောင်နိုင်သည်။ ပုံမှန်အခန်းတွင်း အပူချိန် ( ၂၅ +-၁)ံC ၌ သို လှောင်ပါက ၅-၇ ရက်အထိ သိုလှောင်နိုင်သည်။ သိုလှောင်ခန်း၏ စိုထိုးဆသည် ၉၀% – ၉၅% ဖြစ်ရသည်။ ပန်းပွင့်ချိန် တွင် 2-4-D သို့မဟုတ်  GA-3 ဟော်မုန်းဆေး ပက်ဖြန်းပေးပါက သိုလှောင်ချိန်တွင် အရည်အသွေး ပိုမိုကောင်းမွန် လာစေသည်။

အာဟာရဓာတ်

ဂျူးမြစ် ဂရမ် ၁၀၀တွင် ကာဘိုဟိုက်ဒြိတ် ၄.၄ ဂရမ်၊ ပရိုတိန်း ၃.၃ ဂရမ်၊ အဆီ ၀.၇ ဂရမ်၊ အမျှင်ဓာတ် ၂.၅ ဂရမ်၊ ကယ် လိုရီမီးချိန် ၃၀၊ ကယ်လ်စီယမ် ၉၂ မီလီဂရမ်၊ ကော့ပါး ၀.၁၆ မီလီဂရမ်၊ သံဓာတ် ၁.၆ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၄၂ မီလီ ဂရမ်၊ မင်ဂင်းနီ ၀.၃၇ မီလီဂရမ်၊ ဇင့် ၀.၅၆ မီလီဂရမ်၊ ဆီလီနီယမ် ၀.၉၀ ug၊ ဖော်လစ်အက်စစ် ၁၀၅ ug၊ နိုင်ယာစင်း ၂၁၂.၇ ug၊ ဗီတာမင်အေ ၄၃၅၃ အိုင်ယူ၊ ဗီတာမင်ကေ ၂၁၂.၇ ug၊ သိုင်ယာမင်း ၀.၀၈ မီလီဂရမ်၊ ဗီတာမင်စီ ၅၈.၁ မီလီဂရမ် ပါရှိသည်။

ကင်ဆာရောဂါ ကာကွယ်သည့် ဒြပ်ပေါင်းများမှာ သိုင်ဟိုဆိုင်ဖိုနိတ်စ် ၃.၅ မီလီဂရမ်၊ B ကယ်ရိုတင်း ၂၆၁၂ ug၊ B ကရိုင်တိုဇန်သင်း ၀.၀ ugနှင့် လူတိန်ဇီဇန်သင်း ၃၂၃ ug ပါရှိသည်ဟု သိရသည်။

သိုင်အိုဆိုင်ဖိုနိတ်စ် ဓာတ်ပေါင်းပါဝင်မှုသည် စိုက်ပျိုးသော ဒေသ၏ နေ့အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်တွင် ၁၅ umol/g ၊ ၂၅ ဒီဂရီစင်တီဂရိတ်တွင် ၃၆ umol/g နှင့် ၃၁ ဒီဂရီစင်တီဂရိတ်တွင် ၅၃ umol/g ပါဝင်သည်ဟု သိရသည်။

စိုက်ပျိုးသုတပစ္စယ Pissaya I

 

The post ဂျူးပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

နာနတ်သီး ⁠ကျောက်⁠ကျော Pineapple Jelly

$
0
0

ချဉ်ချဉ်ချိုလေးပဲကြိုက်ပြီး အအီအဆိမ့်မကြိုက်တက်သူတွေအတွက်တော့ နာနတ်သီး ကျောက်ကျောတုံးက အဆင်ပြေပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • နာနတ်သီး ၁ လုံး (သေးသေးလှီးထားပါ)
  • အာဂါး အာဂါးကျောက်ကျောမှုန့် ၂ ဇွန်းမောက်မောက်
  • သကြား ၂ ဇွန်း (လိုတိုး ပိုလျှော့လုပ်ပါ)
  • ရေနှစ်ခွက်
  • ပုံစံခွက် လှလှလေးတွေ ( ဗန်းတစ်ဗန်းနဲ့ စီထည့်ထားပါ)

နည်းစနစ်များ

အိုးသေးလေးတစ်လုံးထဲ ရေ၊ ကျောက်ကျောမှုန့်၊ သကြား၊ အားလုံးထည့်ပြီး မီးနည်းနည်းနဲ့ ကျိုပါ။ သေချာပါဝင်ပစ္စည်းအားလုံး ပျော် ၀င်တဲ့အထိ စိတ်ရှည်ရှည်လေးနဲ့ မွှေပေးနေပါ။

  • ပြီးရင် မီးဖိုပေါ်ကချ အအေးခံပါ။ ဗန်းတစ်ဗန်းနဲ့ စီထည့်ထားပါ။
  • ပုံစံခွက်လှလှလေးတွေ တစ်ခုစီထဲ နာနတ်သီးတုံးလေးတွေထည့်ပါ။
  • သူ့အပေါ် ကျိုထားတဲ့ ကျောက်ကျောရည်တွေ လိုက်ဖြည့်ပါ။
  • တစ်နာရီလောက် အအေးခံပြီးမှ ရေခဲသေတ္တာထဲ ထည့်ပါ။
  • ပြီးရင် ပန်းကန်ပြားပေါ်မှောက်ချပြီး တည်ခင်းနိုင်ပါတယ်။
  • အရသာလည်းကောင်းပြီး နာနတ်သီးမွှေးရနံ့နဲ့လည်း ပြည့်စုံတာမို့ လူကြီးလူငယ်မရွေး နှစ်သက်ကြမယ် ထင်ပါတယ်။

 

The post နာနတ်သီး ⁠ကျောက်⁠ကျော Pineapple Jelly appeared first on Myanmar Farmers' Portal.

နံနံပင် စိုက်ပျိုးနည်း

$
0
0

နံနံပင်ဟာ ရာသီဥတုမရွေး စိုက်ပျိုးနိုင်သော်လည်း ဆောင်းရာသီမှာ စိုက်ပျိုးရန်အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။  မြန်မာလူမျိုးတွေဟာ နံနံပင်ကို ဟင်းခတ်အမွှေးကြိုင်အဖြစ် အသုံးပြုပြီး မုန့်ဟင်းခါး၊ အသုပ်စုံ၊ အုန်းနို့ခေါက်ဆွဲတို့ဖြင့် တွဲဖက်စားသုံးကြသလို တို့စရာအဖြစ်လည်း စားသုံးကြပါတယ်။ ဒါ့အပြင် နံနံစေ့ကို ဟင်းခတ်မဆလာပြုလုပ်ရာမှာ လည်း အသုံးပြုပါတယ်။

စီးပွားဖြစ်စိုက်ပျိုးနိုင်ရန် နဲ့ မိမိအိမ်ခြံဝန်းအတွင်းမှာ တနိုင်တပိုင် စိုက်ပျိုးနိုင်ရန်အတွက် နံနံပင် စိုက်ပျိုးနည်း အကြောင်း ကို Pissaya Info မှ တောင်သူဦးကြီးများသိရှိစေနိုင်ရန်အတွက် စုစည်းတင်ပြလိုက်ပါတယ်။

အသုံးဝင်ပုံ

ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပြီး မုန့်ဟင်းခါး၊ အသုပ်စုံ၊ အုန်းနို့ခေါက်ဆွဲတို့ဖြင့် တွဲဖက်စားသုံးသည်။ တို့စရာ အဖြစ်လည်းစားသုံး၍ အစေ့ကို ဟင်းခတ်မဆလာတွင် အသုံးပြုနိုင်သည်။

ရာသီဥတု

ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း ဆောင်းရာသီတွင် အ ဖြစ်ထွန်းဆုံးဖြစ်ပြီး ကျန်ရာသီများတွင် ဖြစ်ထွန်းမှု နည်း သည်။

မြေပြုပြင်ခြင်း

ရေမ၀ပ်သော နုန်းမြေသည် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။ ရွှံ့စေးဆန်သည့်  မြေနှင့် သဲမြေများတွင် နွားချေး၊ မြေဆွေး၊ ဖွဲပြာများကို ထည့်၍ သင့်တော်သော  မြေအနေအထားရအောင် ပြုပြင် စိုက်ပျိုးရမည်။ ဘောင်များပြုလုပ်စိုက် ပျိုးပါက အထူးကောင်းမွန်ပြီး အကျယ် (၂) ပေအမြင့် (၄) လက်မရှိပြီး လိုအပ်သလောက် ဘောင်အရှည်ပြုလုပ် ထားရ မည်။

စိုက်ပျိုးပုံ

မျိုးစေ့အား မစိုက်ပျိုးမီနှစ်ခြမ်းကွဲသွားရန် ပုလင်းဖြင့်အသာလှိမ့်ပေးပါ။ ထို့နောက် အပင်မြန်မြန်ပေါက်ရန် ရေထဲတွင် (၁)ရက် (၂၄) နာရီ စိမ်ထားရမည်။ ရေစိမ်ရာတွင် (၂၄) နာရီတွင် ရေ (၂) ကြိမ်လဲပေးပါ။ ထို့နောက် ရေထဲမှဆယ်၍ ရေစစ်ထားရမည်။ ထို့နောက် ဘောင်ပေါ်တွင် (၀.၅) လက်မအနက်ရှိသည့်  မြောင်းများကို (၄) လက်မခြား၍ ဆွဲပေး ပါ။

မြောင်းများအတွင်းသို့ မျိုးစေ့များချပြီး နွားချေးအမှုန့် (သို့မဟုတ်) မြေဆွေးအမှုန့်ပါးပါးဖုံး၍ ကောက်ရိုး၊ မြက်ခြောက်တို့ ဖြင့်အုပ်ပေးပါ။ ထိုသို့ အုပ်ပေးခြင်းသည် မြေကို အစိုဓာတ်ထိန်းပေးပြီး သန့်ရှင်းစေသည်။ ကောက်ရိုး၊ မြက်ခြောက်များ ဆွေးသွားသောအခါ မြေဆွေးကိုလည်း ရရှိသည်။ စိုက်ပျိုးပြီး တစ်နေ့ (၂) ကြိမ် ပုံမှန်ရေလောင်း ပေးရမည်။ အပင်ငယ် များ ပေါက်လာပါက ရေကို လျှော့လောင်းပေးနိုင်သည်။ ရေများပါက အပင်ငယ်များ ခါးရိရောဂါကျရောက်တတ်သည်။

မြေသြဇာထည့်ပုံ

ရွက်စားသီးနှံ ဖြစ်သည့်အတွက် မြေဆွေး၊ နွားချေး၊ ယူရီးယားဓာတ်မြေသြဇာများကိုသာ အဓိကကျွေးရမည်။ သို့ရာ တွင် စိုက်မြေတွင် အခြားဓာတ်မြေသြဇာများ ချို့တဲ့မှုရှိနိုင်သဖြင့် ဖေါ့စဖိတ်နှင့် ပိုတက်ရှ်မြေသြဇာအနည်းငယ်ကို မြေပြုပြင်သည့် အချိန်တွင် မြေခံအဖြင့် ထည့်ပေးပါ။ အပင်ငယ်များပေါက်လာပြီး (၁၄) ရက်သားခန့်တွင် ယူရီးယားမြေ သြဇာ ထမင်စားဇွန်း (၂) ဇွန်းစာကို ရေ (၄) ဂါလန်ဖြင့် ဖျော်၍ လောင်းပေးပါက အပင်များသန်မာလာမည်။ အစေ့များ ကို ကျဲကျဲစိုက်ပျိုးပါက  ကိုင်းပြာသော နံနံပင် ကို ရရှိနိုင်မည်။

ခူးယူပုံ

အပင်ပေါက်ပြီး (၁) လခွဲအကြာ (၄၅) ရက်သားတွင် စတင်နုတ်ယူနိုင်သည်။

မျိုးစေ့ထုတ်ပုံ

မျိုးစေ့ထုတ်ယူရန်ဆိုလျှင် ဆောင်းရာသီ နိုဝင်ဘာလတွင် အပင်များကို သီးသန့်ဘောင်ဖြင့် ပြောင်းရွှေ့စိုက်ပျိုး ထားရ မည်။ အပင်ကြား၊ တန်းကြား (၆ x ၈ ) လက်မခွာ၍ စိုက်ထားရမည်။ ပန်းများပွင့်၍ အသီးသီးလာသောအခါ အသီးများ ရင့်မှည့် လာလျှင် အပင်များကို နုတ်သိမ်းပြီး အစေ့များကို ခြွေလှေ့ရယူပါ။

စိုက်ပျိုးသုတပစ္စယ

The post နံနံပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

ဆန်⁠ကြာဇံ⁠ပြုလုပ်ပုံ

$
0
0
စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တွေ ကို ပုံစံအမျိုးမျိုးပြုလုပ်ပြီး စားသုံးကြတာ များပါတယ်။
 
စိုက်ပျိုးရေးထွက်ကုန်ကနေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက် တွေကိုယ်တိုင်စီးပွားဖြစ်ထုတ်လုပ်ရတာကို ကြိုက် နှစ်သက်တဲ့ ပရိ သတ်ကြီးအတွက် ဆန်ကြာဇံပြုလုပ်ပုံ အဆင့်ဆင့်ကို Pissaya Info မှ စုစည်းတင်ပြလိုက်ပါတယ်။
 
မြန်မာနိုင်ငံမှာ ဆန်ကြာဇံကို ပွင့်လင်းရာသီဖြစ်တဲ့ ဒီဇင်ဘာလမှ မေလ အထိ ထုတ်လုပ်ကြပါတယ်။
 
ရှေးဦးစွာ ဆန်ကိုဖုံ၊ သဲ၊ ခဲများ သန့်စင်ပေးရန်လိုပါသည်။ ဖုံ၊ သဲ၊ ခဲများ ပါသွားပါက နန်းဆွဲသည့်အခါ ဖုံကပ်နေသည့် နေရာမှစ၍ ပြတ် တောက်သွားနိုင်ပါသည်။
 
အချို့သော စက်များ၌ ဆန်ဖြူဖွပ်စက်များဖြင့် ဆန် သို့မဟုတ် ဆန်ကွဲ ကိုဖြူအောင် ဖွပ်ပေးပါသည်။ ပထမ အဆင့်အနေဖြင့် ငစိန်ဆန်ကို ရေဖြင့်ဆေးကြောပါသည်။ ရေဆေးရာ၌ ရေဖြည့်ထားသော အုတ်ကန် အတွင်း ဆန်ကို အိတ်လိုက်လောင်း ချပြီး ဆန်ကို ခြေထောက်ဖြင့် ပွတ် တိုက် ဆေးကြောပေးပါသည်။ ဆန်ကို ရေစိမ်ရာ၌ ကြာရှည်စွာ စိမ်ထား ရန်မလိုအပ်ပါ။ ၂-၃ နာရီခန့် သာ ရေစိမ်ပေးရန် လိုပါသည်။
 
ရေစိမ်ထား၍ ရေ၀နေသော ဆန်များကို ကျောက်ပြားကြိတ်ဆုံတွင် ရေလောင်း၍ မုန့်နှစ်ကြိတ်ပါသည်။ ရရှိသော မုန့်နှစ်ရည်များကို ပီနန်အိတ် များတွင်ထည့်၍ ရေထုတ်ရန် အလေးဖြင့်ဖိ၍ဖြစ်စေ၊ ဟိုက် ဒရောလစ်ဖိစက်ဖြင့်ဖြစ်စေ ဖိညှပ်ပေး ပြီး ရေထုတ်ပေးပါသည်။ အချို့ စက်များ၌ အပေါ်က ဂုံနီအိတ်တစ်ထပ်ထပ်၍ ဖိညှစ်ပြီး ရေထုတ်ပေး ပါသည်။
 
ယင်းကဲ့သို့ အလေးဖြင့်ဖိညှစ်ခြင်း၊ ဟိုက်ဒရောလစ်စက်ဖြင့် ဖိညှစ်ခြင်းကို တစ်ရက် သို့မဟုတ် တစ်ညခန့် ထားလေ့ရှိပါသည်။ မုန့်နှစ် အတွင်းမှ ရေများ တဖြည်းဖြည်း အိတ်အပြင်သို့ထွက်သွားပါသည်။
 
ရေကုန်စင်အောင်ထုတ်ပြီးပါက နောက်တစ်နေ့၌ အိတ်များအတွင်းမှ မုန့်နှစ်များကို သစ်သားပျဉ်ခင်းထားသည့် အခင်းပေါ်တွင် ဖြန့်ချပါသည်။ အဆိုပါ အခင်းပေါ်တွင် ဖြန့်ချထားသော မုန့်နှစ်များကို ခြေ ထောက်ဖြင့် နင်းခြေပြီး နှဲပေးပါသည်။ သစ်သားအခင်း ပေါ်တွင် ၁၀ လက်မအထူခန့်ထိရရှိအောင် မုန့်နှစ်များဖြန့်ခင်းပြီး ညီညာအောင် ခြေ ထောက်ဖြင့်ဖြစ်စေ၊ ဂျုတ်ဖြင့် ဖြစ်စေ ညှိပေးရပါသည်။
 
သမအောင်နှဲပြီးသော မုန့်နှစ်ပြင်၏ အထူသည် ၁၀လက်မခန့် ထူပါသည်။ ယင်းမုန့်နှစ်ပြင်ကြီးကို ပေါက်တူးဖြင့် ၆လက်မ x ၆လက်မ x ၁၀လက်မ အရွယ် အတုံးများရအောင် ပြုလုပ်ပါသည်။ အဆိုပါ မုန့်နှစ်တုံး များကို ရေနွေးငွေ့ဖြင့် ပေါင်းပေးရန်လိုပါသည်။ ရေနွေးငွေ့ ထုတ်ယူရရှိရန် မိုးဗြဲဒယ်ကြီးတွင် ရေထည့်ပြီး စပါးခွံလောင်စာဖြင့် မီးအပူပေး ပါသည်။ သံဖြင့် ပြုလုပ်ထားသောစင်ကို မိုးဗြဲဒယ်ကြီးတွင် ရေထည့်ပြီး စပါးခွံ လောင်စာဖြင့် မီးအပူပေးပါသည်။
 
သံဖြင့် ပြုလုပ်ထားသောစင်ကို မိုးဗြဲဒယ်ကြီးတွင် ထားရှိပါသည်။ မုန့်နှစ် တုံး၏ အပြင်ဖက် ၁လက်မ ၂လက်မခန့် ကျယ်လျှင် အနေတော်ပင်ဖြစ် သည်။ ရေနွေးငွေ့ဖြင့် ပေါင်းပြီးသော မုန့်နှစ်တုံးများကို သံမဏိဒလိမ့်တုံး၊ သစ်ဒလိမ့်တုံးနှစ်ခုပါရှိသည့် Roller mill ဖြင့် ထပ်မံ၍ ဖိညှစ်နှဲပြီးသော မုန့်နှစ်တုံးများကို ဖိညှစ်စက်တွင် ထည့်ပါသည်။ ဖိညှစ်စက်တွင် တပ်ဆင် ထားသောခွက်၏ အချင်းမှာ ၇ လက်မ ခန့်ရှိပြီး အပေါက်ငယ်ပေါင်း ၁ ၀၀၀ ခန့် ဖောက်လုပ်ထားပါသည်။ မုန့်နှစ်ကို ဖိညှပ် လိုက်သောအခါ အဆိုပါအပေါက်ငယ်များမှ ဆန်ကြာဇံအမျှင် အစိုများ ထွက်လာပါသည်။ ထွက်လာသော ဆန်ကြာဇံအမျှင်အစိုများကို ၀ါးကပ်ဗန်းများပေါ်တွင် တင်၍ ရေနွေးငွေ့ဖြင့်ထပ်မံ၍ ပေါင်းပေး ပါသည်။ ပေါင်းချိန်ကာလမှာ ၃၀-၄၅ မိနစ်ခန့်ဖြစ်ပါသည်။
 
ရေနွေးငွေ့ဖြင့် ပေါင်းပြီးသော ဆန်ကြာဇံအမျှင်အစိုများကို ၀ါးကပ်ဗန်းများ ပေါ်ပြောင်းကင်ပြီး ၂နာရီကျော်သည်အထိ အအေးခံပါသည်။ ဆန်ကြာဇံ မျှင်များကို အအေးခံပြီးလျှင် သင့်လျော်သည့် အရှည်ရအောင် ခေါက်ပေး ပါသည်။ ဆန်ကြာဇံ အမျှင်အခေါက်များကို ၀ါးဗန်း များပေါ်တင်၍ နေပူ ထုတ်လှန်းပါသည်။ တစ်နေကုန်လှန်းပြီးသောအခါ ဆန်ကြာဇံခြောက် များကို ငါးပိဿာစီ ချိန်တွယ်ပြီး ထုပ်ပိုးကာဈေး ကွက်သို့ တင်ပို့ပါသည်။
ဆန်ကြာဇံစက်၌ အသုံးပြုသော စက်ကိရိယာအများစုမှာ ပြည်တွင်းဖြစ် စက်များသာ ဖြစ်သည်။ ဆန်ကြာဇံဖြူခြင်း၊ ညှစ်ခြင်းသည် အသုံး ပြုသော ဆန်နှင့် ရေ၏အရည်အသွေး အပေါ်များစွာမူတည်ပေသည်။
 
အချို့စက်များအနေဖြင့် ဆန်ကြာဇံ ဖြူစေရန် ဓာတုပစ္စည်း ထည့် သွင်း အသုံးပြုသည်ဟု သိရသော်လည်း ထုတ်လုပ်သူအများစုမှာ ယင်းစနစ်ကို လက်ခံအသုံးပြုလိုကြခြင်း မရှိသဖြင့် လူကို အန္တရာယ် ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းမပါဟု ဆိုနိုင်ပါသည်။
 
လက်ကားဖြန့်ဖြူးရန်အတွက် ၅-ပိဿာထုပ်များ ထုပ်ပိုးကြပါသည်။ အိမ်များတွင် အလွယ်တကူစားလိုပါက အဆင့်သင့်စားနိုင်ရန် လက်လီ အရောင်းဆိုင်များသည် ဆန်ကြာဇံကို (၁၀)ကျပ်သား (၂၀)ကျပ်သား စသည်ဖြင့် အထုပ်ငယ်များ ထုပ်ပိုးရောင်းချပေးကြ၏။ အိမ်တွင်း တစ်နိုင် သုံး အထုပ်ငယ်များကို စက်ရုံများမှ ထုတ်လုပ်ပေးလိုက်လျှင် လေလွင့်ဆုံး ရှုံးမှု အတော်အတန် နည်းသွားနိုင်ပါသည်။ ရန်ကုန် ဈေးကွက်၌ အထုတ် ငယ်များ ထုတ်လုပ်ရောင်းချ လာကြသည်ကို တွေ့ရပါသည်။
 
လက်လီအရောင်းဆိုင်ရောက်မှ တစ်နိုင်စားသုံးရန် ပြန်လည်ထုပ်ပိုးခြင်း သည် ဆန်ကြာဇံကို ကျိုးကြေစေသောကြောင့် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုရပေမည်။
 
မြန်မာနိုင်ငံ၌ ဆန်ကြာဇံစက်အများစုသည် မိုးရာသီအတွင်း အလုပ်ပိတ် ထားကြရသည်။ ကုန်ကြမ်းမရ၍ မဟုတ်ပါ။ အခြောက်လှန်း ရန် နေ ရောင်ခြည် မရ၍ဖြစ်သည်။ ဆန်ကြာဇံစက်များ၌ စိုနေသောကြာဇံ အမျှင် များ ခြောက်သွေ့ရန် လေပူသုံးအခြောက်ခံစက်များ တပ်ဆင်ထားခြင်းမရှိ ၍ မိုးရာသီတွင် ကြာဇံမထုတ်လုပ်နိုင်ပါ။ ထို့ပြင် မိုးရာသီတွင် ပျိုးနုတ် ကောက်စိုက်အလုပ်နှင့် အလုပ်များနေချိန်ဖြစ် သဖြင့် လုပ်သားရရန်လည်း မလွယ်ကူပါ။ ပွင့်လင်းရာသီဖြစ်သည့် ဒီဇင်ဘာလမှ မေလအထိ (၆)လခန့် နေ့စဉ်စွမ်းအားပြည့် ထုတ်လုပ် ကြပါသည်။ ထုတ်လုပ်ပြီး ဆန်ကြာဇံများ ကို လှောင်ထားပြီး မိုးတွင်းဈေးကောင်းချိန်ရောက်မှ ထုတ်ရောင်းကြပါ သည်။
 
#Pissaya_Info

The post ဆန်⁠ကြာဇံ⁠ပြုလုပ်ပုံ appeared first on Myanmar Farmers' Portal.

သစ္စာပန်း စိုက်ပျိုးနည်း

$
0
0

ရာသီဥတု

အကောင်းဆုံးရာသီဥတုအခြေအနေ (အေးမြသော ရာသီလိုအပ်မှု) ကို ပြုလုပ်ပေးခြင်းဖြင့် တစ်နှစ်ပတ်လုံး ပန်းရရှိစေနိုင်ပါသည်။ စိုက်ပြီးရက် ၉၀ – ၁၀၀ တွင် ပန်းပွင့်ပါသည်။

အေးမြသော ရာသီတွင် သစ္စာပန်းဥများကို အပူချိန် ၂၇ံC – ၃၂ံC စင်တီဂရိတ်၌ ထားရှိပေးရပါမည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အချို့သော သစ္စာပန်းဥများကို ပန်းပွင့်ချိန်စောစေပါသည်။ ပူနွေးသော ရာသီဥတုတွင် မစိုက်ပျိုးမီဥများကို ပြင်းအား ၁၀ – ၁၅ ppm ရှိသော GA3 ဖျော်ရည်ထဲတွင် စိမ်ပေးခြင်းဖြင့် ပန်းပွင့်မှု မြန်စေသည်။

မှတ်ချက်။          ။ GA3 ကို သုံးစွဲရာမှာ အချိုးညီမျှစွာ ချိန်ဆသုံးစွဲရန် လိုအပ်ပါသည်။

စိုက်ပျိုးနည်း

သစ္စာပန်းသည် ဥကို စိုက်ရသော ပန်းမျိုးဖြစ်သည်။ သစ္စာပန်း အပင်ကောင်း၍ အပွင့်ကောင်းအောင် စိုက်နည်းမှာ မြေကို ညက် အောင်ဆွ၍ မြေပေါင်ကလေးများ ချပေးပြီး မြေနှင့် သမပါ။ ထို့နောက် အပေါ်မှ သဲခင်းပေးပါ။ ထိုသဲတွင် သစ္စာပန်းဥကို မြှုပ်စိုက်ပါ။ သစ္စာပန်းဥကို နွားချေး၊ မြေဆွေးမြေသြဇာများနှင့်  မထိရပါ။ ထိလျှင် ဥပျက်စီးသွားတတ်သည်။ ထိုဥမှ ပေါက်လာသည့် အမြစ်များနှင့်သာ  မြေသြဇာများနှင့် တွေ့ထိရန် လိုအပ်သည်။

သစ္စာပန်း စိုက်ရာတွင် ဂရုစိုက်ရန် အချက်တစ်ချက်မှာ သစ္စာပန်းများကို စိုက်ပြီးနောက် မည်သည့်မြေသြဇာမျှ မကျွေးရန်ပင်ဖြစ်သည်။ စောစောကြို၍ ကျွေးထားပါ။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post သစ္စာပန်း စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


ကုန်းတွင်းပိုင်းဆား၊ ဆပ်ပြာပေါက်မြေများအတွက် သင့်လျော်သော စပါးစိုက်ပျိုးနည်းစနစ်များ အပိုင်း (၂)

$
0
0

၈။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု ရှိ၊ မရှိကို အမြဲမပြတ် ကွင်းဆင်း၊ ကင်းထောက်၊ စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။

စပါးပင် ဖြစ်ထွန်းမှု အစောပိုင်းကာလ (၃၀ – ၄၀) ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ပျက်စီးမှုဖြစ်ပေါ်ပါက စပါးပင်မှ အစားထိုး ပြန်လည်ရှင်သန်နိုင်ပါသည်။

စပါးပင်မှ အစားထိုးပြန်လည်ရှင်သန်နိုင်ပါသည်။

ပိုးမွှားရောဂါများရှင်သန်ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်များနှင့် ပင်ကြွင်း၊ ပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။

ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်

(က) ပတ်ဝန်းကျင်သီးနှံခင်းများနှင့် စိုက်ချိန် / ရိတ်ချိန် ညီအောင်ဆောင်ရွက်ပါ။

(ခ) စိုက်ခင်းနှင့် ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်ကင်းစင်အောင်ရှင်းလင်းပါ။

(ဂ) ကြွက်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို သားမပေါက်ခင် အချိန်တွင် လက်ဦးမှု ရယူနှိမ်နင်းနိုင်ရန်အတွက် စစိုက်ချိန်တွင် တစ်ကြိမ် အသီးမပေါ်ခင်တွင် တစ်ကြိမ်မဖြစ်မနေ ဆောင်ရွက်သင့်ပါသည်။

(ဃ) ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကျင်းများ တူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအား လူအင်အားဖြင့် ခြောက်လှန့်ဖမ်းဆီး ခြင်း၊ ကြွက်ကာ ပစ္စည်းများအသုံးပြုခြင်း၊ ထောင်ချောက်သီးနှံဖြင့် ကြွက်ကာကွယ်နှိမ်နင်းခြင်း (Trap Barrier System) ကြွက်တို့၏ သားရဲကောင်များမွေးမြူခြင်း၊ ကြွက်မုဆိုးများ၏ အကူအညီရယူ၍  ကြွက်ဖမ်းခြင်း၊ ကြွက်ဆေးချခြင်းလုပ်ငန်းများကို လူထုလုပ်ရှားမှု အသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဆောင်ရွက်သင့်ပါသည်။

ရိတ်သိမ်းချိန် နှင့် ရိတ်သိမ်းချိန်လွန်နည်းစနစ်များ

မောင်းညိုချိန် (စပါးအနှံ၏ ၈၀ – ၈၅ % ရင့်မှည့်ချိန်) တွင် ရိတ်သိမ်းပြီး ချက်ချင်း ခြွေလှေ့ပါ။

၂-၃ ရက် နေဖြင့် အခြောက်လှန်းပါ။ လိုအပ်ပါက အခြောက်ခံကိရိယာ အသုံးပြုပြီးအပူချိန်ကို ၄၃ ဒီဂရီ စင်တီဂရိတ်ခန့်ထား၍ အခြောက်ခံပါ။

ကွန်ဂရစ်တလင်း (သို့) မိုးကာခင်းတွင် နေလှန်းပါက အထူ ၂ လက်မထက်မပိုပဲ ခပ်ပါးပါး လှန်းပါ။ ခြောက်သွေ့မှု ညီညာစေရန် နာရီဝက်ခြားတစ်ကြိမ် အထက်အောက်လှန်ပေးပါ။

မြင့်မားသော အပူချိန် ( ၅၄.၄ ဒီဂရီစင်တီဂရိတ် နှင့် အထက် ) တွင် အခြောက်မခံသင့်ပါ။

စပါးစေ့အစိုဓာတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိန်ခွဲစားသုံးမည့် စပါးအတွက် ၁၄ % ထားရှိရန် လိုအပ်ပါသည်။

မျိုးစေ့များကို သန့်စင်ပြီး လေလုံစွာ ပိတ်ထားနိုင်သော ပုံး၊ ပေပါ၊ အိတ် စသည်ပစ္စည်းများ (ဥပမာ ဟာမက်တစ်အိတ်) ထဲသို့ ထည့်သွင်းပါ။

ထို့နောက် လေ၀င် လေထွက်ကောင်းပြီး ပိုးမွှား၊ ကြွက်၊ ငှက် တို့မှ ကာကွယ်ထားသော သိုလှောင်ရုံအတွင်း စနစ်တကျ သိုလှောင်ပါ။

စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သော စပါးစေ့များကို ချက်ချင်းသန့်စင်ဖယ်ရှားပါ။

သိုလှောင်ရုံကို ခြောင်သွေ့သန့်ရှင်းအောင် ထားပါ။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post ကုန်းတွင်းပိုင်းဆား၊ ဆပ်ပြာပေါက်မြေများအတွက် သင့်လျော်သော စပါးစိုက်ပျိုးနည်းစနစ်များ အပိုင်း (၂) appeared first on Myanmar Farmers' Portal.

ပန်း⁠ဂေါ်ဖီစိမ်းစိုက်ပျိုးနည်း

$
0
0

မြန်မာအမည်                 –  ပန်းဂေါ်ဖီစိမ်း

အင်္ဂလိပ်အမည်              – BROCCOLI

ရုက္ခဗေဒအမည်             – Brassica oleracea

                                        (type itaica)

မျိုးရင်းအမည်                – CRUCIFERAE

ပန်းဂေါ်ဖီစိမ်းသည် ၁၉၈၀ ပြည့်နှစ်ခန့်မှစ၍ မြန်မာပြည်တွင် စိုက်ပျိုးလာသော မျိုး၊ဖြစ်ပါသည်။ ပန်းဂေါ်ဖီအစိမ်းသည် ပိုမိုနူးညံ့ပြီး ဗီတာမင် ကေ ပါဝင်မှု အထူးများပြား၍ နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင် ပါသည်။

မူရင်းဒေသ

ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူ စတင်ဖြစ်ထွန်းရာ ဒေသများဖြစ်သော အီတလီနိုင်ငံ အမေရိကန်နိုင်ငံတို့တွင် ၁၉၄၅ ခုနှစ်နောက်ပိုင်း ထုတ်လုပ်ရာမှ ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်း ဖြစ်သည်။

ပန်းဂေါ်ဖီစိမ်း အမျိုးအစား

ပန်းဂေါ်ဖီစိမ်းတွင် အဓိကအားဖြင့် အစိမ်းရောင်ပန်းပွင့်နှင့် ခရမ်းနီရောင် ပန်းပွင့်ဟူ၍ နှစ်မျိုးရှိပါသည်။ ပန်းပွင့်၏ အချင်းသည် ( ၈ – ၁၀) လက်မခန့်ရှိပြီး သက်တမ်း (၇၅ – ၉၀) ရက်ခန့်တွင် ဆွတ်ခူးနိုင်သည်။ ထူးခြားချက်မှာ ပန်းဂေါ်ဖီအဖြူကဲ့သို့ ထိပ်ပန်းပွင့်တစ်ခု တည်း ကိုသာ စားသုံးရခြင်း မဟုတ်ပဲ ဘေးတက်များမှ ဖြစ်ပေါ်လာသော ပန်းပွင့်များကိုပါ စားသုံးရခြင်းဖြစ်သည်။  ပန်းဂေါ်ဖီစိမ်းသည် ထိပ် ပန်းပွင့်ကို ဖြတ်ယူစားသုံးပြီးနောက် ထွက်လာသော ဘေးတက်များမှာပန်းပွင့်များနှင့် အဆုံးသတ်လေ့ရှိပါသည်။ သို့ဖြစ်၍ အေးမြခြောက် သွေ့သော ဒေသများတွင် ပန်းဂေါ်ဖီစိမ်းပင်များကို အပင်သက်တမ်း (၁၁) လခန့် အထိ ကြာရှည်စွာ ခူးဆွတ်ရရှိနိုင်ပါသည်။

မြေအမျိုးအစား

ရေစီးရေလာကောင်းသော မြေဆီသြဇာထက်သန်သည့် မြေမျိုးတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်ပါသည်။ အကောင်းဆုံးမြေမှ သဲဆန် သော နုန်းနုမြေဖြစ်သည်။ မြေချဉ်အငံဓာတ် (၆ – ၆.၅) ရှိသောမြေမျိုးကို ကြိုက်နှစ်သက်သည်။

 ရာသီဥတု

ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူကဲ့သို့ ပင် အအေးကြိုက်သည်။ အေးပြီး အစိုဓါတ်အမြဲရလျှင် စိုက်နိုင်သည်။ ပျမ်းမျှ အပူချိန် (၆၀ – ၇၀) ဒီဂရီဖာရင်ဟိုက်ရှိရမည်။

မျိုးစေ့နှုန်း

တစ်ဧကလျှင် မျိုးစေ့ ပေါင်ဝက်ခန့်လိုသည်။

စိုက်ပျိုးချိန်

မြေပြန့်ဒေသတွင် စက်တင်ဘာလမှ ဒီဇင်ဘာလထိ စိုက်ပျိုးနိုင်၍ တောင်ပေါ်ဒေသတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။

ပျိုးထောင်ခြင်း

(၁၀ x ၂.၅)ပေ၊ ဘောင် ကို ပေါက်ပြားဖြင့် မြေဆိုင်ခဲကလေးများရစေရန် ပြုပြင်ပေးရ၏။ မြေများစွာညက်လျှင် ရေလောင်းသောအခါ ကြပ်သိပ်သွားနိုင်သောကြောင့် လေ၀င်လေထွက်မကောင်းဘဲ အညှောင့်ပေါက်မှု ညံ့လာ၏။ ပျိုးတစ်ဘောင်လျှင် မျိုးးစေ့အောင် စ၀က် ခန့်လိုပါသည်။ ပျိုးဘောင် ပေါ်တွင် မျိုးစေ့ကြဲရန် (၂) လက်မခြား မြောင်းများဆွဲပြီး မျိုးစေ့ကို ညီညာစွာချ၍ အပေါ်မှနွားချေး ဆွေးမှုန့်ပါးပါး ဖုံးအုပ်ပေးပါ။ ထို့နောက် စင်းပြီးကောက်ရိုးခြောက်များ ပါးလွှာစွာ ထပ်မံဖုံးအုပ်ပေးကာ ရေရွှဲရွှဲ လောင်းပေးရမည်။ ဘောင်ပေါ်တွင် တစ်တောင်ဖြင့် သက်ကယ် မိုးပေးရသည်။ (၃ – ၄) ရက် ကြာလျှင် အညှောင့်ပေါက်လာမည်။ (၁၂) ရက်ခန့်ကြာလျှင် တန်းကြား၊ မြေဆွ ပေါင်းရှင်းခြင်းပြုလုပ်ပေးရသည်။ ပျိုးသက် (၂၀) ရက်ရလျှင် မြေသြဇာကို တစ်ဘောင်လျှင် ယူရီးယား (၅) အောင်စနှုန်းဖြင့် ရေဖျော်ပြီး ဖျန်းပေးပါသည်။ ထို့နောက်ရေ၀သည့်တိုင် လောင်ပေးရသည်။

ပျိုးနှုတ်ခြင်း

စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပါက ညနေ (၃) နာရီခန့်တွင် ပျိုးပင်များကို အမြစ်မနာအောင်နှုတ်ပြီး ပြောင်းရွှေ့စိုက်ပျိုးသင့်သည်။ အကယ်၍ ပျိုးနှုတ်နေစဉ် မိုးရွာပါက အမြစ်များကို ငှက်ပျောရွက်ဖြင့်ထုပ်ပြီးအမြစ်ခြောက်မသွားစေရန် အမှောင်ခန်းထဲတွင်  ရေစိမ်ထားရသည်။ မိုးတိတ်မှ စိုက်ရမည်။ ထို့ကြောင့် ပျိုးနှုတ်မလောရန် သတိိထားရသည်။

စိုက်ခင်းမြေပြုပြင်ခြင်း

ပျိုးဘောင်ပြုလုပ်ချိန်ကတည်းက စိုက်ခင်းကို ထယ်(၂) စပ်၊ ထွန် (၃) စပ် ၀င်၍ မြေပြုပြင်ထားရမည်။ ပေါင်းမြက်များပြောင်သည့်တိုင် ကောက်ယူပြီး ကြမ်းတုံးရိုက်ထားရမည်။ ထို့နောက်မိမိအလိုရှိသော အကွာအဝေးအတိုင်း ကြောင်းဆွဲခြင်း၊ ပေါက်ပြားဖြင့် မြေပြန်ဆွခြင်းတို့ကို ပြုလုပ်ပေးရပါသည်။

မြေသြဇာ ကျွေးခြင်း

ပန်းဂေါ်ဖီစိမ်းပင်၏ အမြစ်သည် မြေအောက်သို့များစွာမဆင်းသော အပင်မျိုးဖြစ်၍ အာဟာရဓာတ်များစွာ စားသုံးပါသည်။ ထို့ကြောင့် မြေသြဇာကို အောက်ပါတိုင်း တစ်ဧကစံနှုန်းထား၍ အသုံးပြုသင့်ပါသည်။

ပထမအကြိမ်                 –           ရွှေ့ပြောင်းစိုက်ပျိုးပြီး (၇-၁၀) ရက် ခန့်အကြာ

ဒုတိယအကြိမ်               –           ပထမအကြိမ်ထည့်ပြီး (၁၀)ရက်ခန့်အကြာ

တတိယအကြိမ်              –           ရွှေ့စိုက်ပြီး (၁) လ ခန့်အကြာ။

ရွှေ့ပြောင်း စိုက်ပျိုးခြင်း

ပျိုးသက် (၂၅ -၃၀) ရက်ရလျှင် (သို့မဟုတ်) အရွက် (၄-၅) ရွက်ထွက်လျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးချိန်မှာ ညနေ (၃) နာရီနောက်ပိုင်းဖြစ်သင့်ပါသည်။ တူရွင်းဖြင့် ကျင်းတူးပြီး ကျင်းထဲရေလောင်းပေးရပါမည်။ ၄င်းကို ရေခံသည်ဟု ခေါ်ပါသည်။ ပျိုးပင်ကို နှုတ်ပြီး ၄င်းကျင်းထဲသို့ တည့်မတ်စွာချ၍ အမြစ်ကို မြေတွင်ဖိကပ်ပြီး အပေါ်မှ မြေဖုံးပေးရသည်။  သေသောအပင်များကို (၄-၅) ရက်အတွင်း ပြန်ဖြည့်ပေးရမည်။ ထိုထက်နောက်ကျလျှင် မူလအပင်ကို မမီတော့ပေ။ ရွှေ့စိုက်ပြီး တစ်လသားအထိ ပုရစ်ဖျက်ဆီးမှုကို ဂရုစိုက်ရမည်။

အပင်နှင့် အတန်းအကွာအဝေး

တစ်ပင်နှင့် တစ်ပင် ( ၁ ၁/၂ -၂) ပေခြား၊ တစ်တန်း နှင့် တစ်တန်း ( ၂” – ၂ ၁/၂) ပေခွဲကြားထားပြီး စိုက်နိုင်ပါသည်။ ရွှေ့စိုက်ပြီး ( ၁၀ – ၁၅) ရက်ရလျှင် ခါးရစ်ခြင်း၊ ခါးဆွခြင်းကို ပြုလုပ်ပေးရသည်။

အပင်ပြုစုခြင်း

ဂေါ်ဖီစိမ်းပင်သည် အမြစ်မြေအောက်သို့များစွာမသွားဘဲ အများအားဖြင့် ( ၁ ၁/၂ – ၂) ပေမှ အမြစ်များက အစာရေစာ စားသုံးပါသည်။ ထို့ကြောင့် ကြားနက်နက်လိုက်ရန် မလိုပေ။ မြေသြဇာများထည့်ပေးပြီးတိုင်းကြားပေါင်းလိုက်ခြင်းဖြင့် ဓာတ်မြေသြဇာနှင့် မြေသား သမသွားစေပါသည်။ ရေကို (၁) ပတ် (သို့မဟုတ်) (၂) ပတ် လျှင် တစ်ကြိမ်ကျသွင်းပေးရန် လိုအပ်ပါသည်။

ရွှေ့စိုက်ပြီး (၃၀)ရက်အကြာတွင် တစ်ကြိမ်၊ (၄၅) ရက် အကြာတွင် တစ်ကြိမ်ဘေးတက်ဖဲ့ခြင်းဖြင့် ထိပ်ပိုင်းရှိ အပွင့်ကြီးထွားမှုကို အနှောက်အယှက် မဖြစ်စေပါ။ ထိပ်ဖူးစတင်ချိန်တွင်မူ ထွက်ရှိနေသော ဘေးတက်များကို မဖဲ့ရပါ။ ၄င်းတို့ကို ဆက်လက်ထားရှိခြင်းဖြင့် ထိပ်ပိုင်းရှိ ပန်းပွင့် ဆွတ်ခူးပြီး (၂) ပတ်ခန့်အကြာတွင် ဘေးတက်များမှ ပန်းပွင့်များကို ဆွတ်ခူးနိုင်သည်။ ရာသီဥတု အေးမြ၍ မြေဆီ ထက်သန်သော မြေများတွင် ဘေးတက်မှ ထွင်လာသော ပန်းပွင့်သည် ထိပ်ပိုင်းမှ ပွင့်သော ပန်းပွင့်နီးပါးကြီးနိုင်၍ တစ်ပင်လျှင် ဘေး တက် (၂၀) ခန့် ထွက်ရှိနိုင်သည်။ ဘေးတက်များသည် အပင်အသက်ရှင်နေစဉ်ကာလ၌ စဉ်ဆက်မပြတ် ထွက်ပေါ်နိုင်သည်။

ဆွတ်ခူးခြင်း

အဖူးတင်းမာနေသောအချိန်၊ မပွင့်မီအချိန်တွင် ရိတ်သိမ်းနိုင်သည်။ သက်တမ်းလိုက်၍ ရိတ်သိမ်းနိုင်သည်။ သက်တမ်း လိုက်၍ ရွှေ့ စိုက်ပြီး ( ၂ – ၂ ၁/၂) လခွဲကြာလျှင် ပန်းပွင့်ကို စတင် ခုတ်နိုင်ပါသည်။ အဝေးသို့တင်ပို့လိုပါက အရွက် ( ၂ -၃) ရွက်ချန်ထား၍ ခုတ်ရပါ သည်။ အချိန်မီ မခုတ်ပါက ပန်းပွင့်အရောင်ပြောင်းသွားပြီး ပန်းပွင့်ရိုးတံများထွက်လာတတ်ပါသည်။ ပန်းပွင့်ရိုးတံကို (၄) လက်မခန့် အရှည်ထားပြီး ပလပ်စတစ်ဖြင့် တစ်ပွင့်လုံးအုပ်လိုက်ခြင်းဖြင့် ကြာရှည်ခံနိုင်သည်။ တစ်ဧကလျှင် ပန်းဂေါ်ဖီစိမ်းမျိုးလိုက်၍ တန်ချိန် ( ၅-၈) တန် ထွက်နိုင်ပါသည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post ပန်း⁠ဂေါ်ဖီစိမ်းစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

စ⁠တော်ဘယ်ရီ ဂျယ်လီ (Strawberry Jelly Recipe)

$
0
0

အချိုပွဲဖြစ်တဲ့ စတော်ဘယ်ရီဂျယ်လီ  တစ်မျိုးပါပဲ။

ပါဝင်ပစ္စည်းများ

သကြား ၁ခွက်၊ ၂၀၀ ဂရမ်ရေ ၆၀၀ မီလီ (၂ ခွက်ခွဲ)

စတော်ဘယ်ရီ လတ်လတ်ဆတ်ဆတ် ၁ပေါင် ၊ (၅၀၀ ဂရမ်)

ကျောက်ကျော ၁၁ဂရမ်

ပြုလုပ်ပုံ

အိုးတစ်လုံးထဲထည့်ပြီး စတော်ဘယ်ရီတွေကို ရေနဲ့ ၅ မိနစ်ခန့် ပြုတ်ပါ။

ပြီးရင် အအေးခံထားပါ။

ခဏနေမှ လက်ကြိတ်စက်လေးနဲ့ ကြိတ်ပါ။ (လက်နဲ့ ကြေအောင်ခြေလည်း ရပါတယ်)

ဇလုံတစ်လုံးထဲ သကြား နဲ့ ရောမွှေပါ။ ရေပါထည့်ပါ။ ပြီးရင် ဇကာ နဲ့ စစ်ပြီး အရည်သီးသန့်ယူပါ။ အဖတ်များဖယ်ထုတ်လိုက်ပါ။

ရေ ၁/၄ ခွက်နဲ့ ကျောက်ကျောမှုန့်တွေကို ခွက်တစ်ခုထဲထည့်မွှေပြီး ၅ မိနစ် ထားပါ။

စတော်ဘယ်ရီ ရည်ကို မီးဖိုပေါ်ပြန်တင်ပါ။ မီးငွေ့ငွေ့နဲ့ ကျိုပါ။

ပျော်သွားရင် မီးဖိုပေါ်ကချ အအေးခံပါ။

ရေခဲသေတ္တာထဲထည့် အအေးခံပါ။

သူ့ကိုလည်း တည်ခင်းတဲ့အခါ ကြိုက်နှစ်သက်ရာ ခရင်မ် (သို့) ရေခဲမုန့် (သို့) ပူတင်းတို့နဲ့ တွဲဖက်ပေးနိုင်ပါတယ်။

Pissaya Info

The post စ⁠တော်ဘယ်ရီ ဂျယ်လီ (Strawberry Jelly Recipe) appeared first on Myanmar Farmers' Portal.

ငရုတ်သီးများ အလေးချိန်တိုးစေခြင်း နှင့် အရောင်ကောင်းစေခြင်း နည်းစနစ်ကောင်းများ

$
0
0

ငရုတ်မှာ သီးနှံလောကတွင် တန်ဖိုးမြင့်သီးနှံ High value crop တစ်မျိုးဖြစ်သည်။ ပေါ်ပင်သီးနှံမဟုတ်၍   ဈေးကွက်ပျက်ရန်၊  ဈေးကွက် မှ ပျောက်သွားရန်အကြောင်းမရှိပါ။

အချို့သောနိုင်ငံများက ငရုတ်ကို ဆောင်းသီးနှံအဖြစ်သာမက မိုးကာလစပါးစိုက်ခင်းများ၏ ကန်သင်းရိုးများ၌ပင် ကြိုးစားစိုက်ကြသည်။

ငရုတ်စိုက်ပျိုးသူများက အပင်များကြီးထွားရန် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်မြေဩဇာများကို အသုံးပြုပြီး၊အပွင့်အသီးများဖြစ်ပေါ်ရန် တီဆူပါမြေဩဇာများကို သုံးကြသည်။

သို့သော် အဓိကအာဟာရ ၃ မျိုးတွင် တစ်မျိုးဖြစ်သော ပိုတက်စီယမ်(ခေါ်)ပြာဓာတ်ကို ချန်လှပ်ထားကြသည်။

ဤသို့ချန်လှပ်ထားခြင်းမှာ ပိုတက်စီယမ်၏ အာနိသင်ပြမှုမှာ ယူရီးယားတို့ တီဆူပါတို့လောက် မပေါ်လွင်ခြင်းကြောင့်ဖြစ်သည်။

အမှန်မှာ အရွက်မှချက်လုပ်သော အစာများ အစာသိုလှောင်ရာ အသီးများဆီသို့ရွှေ့ပြောင်းရာတွင် ပိုတက်စီယမ်မှာအဓိကဖြစ်သည်။

ပိုတက်စီယမ်၏ အာနိသင်ပြမှုကို နောက်ဆုံးအသီးအထွက်နှုန်းအပေါ်၌သာ တွေ့မြင်နိုင်သည်။

ပိုတက်စီယမ်သည် အသီးအလေးချိန်ကိုတိုး စေသည်။

အသီးအရောင်ကိုလည်း တောက်ပစေသည်။

ပိုတက်စီယမ်မြေဩဇာကို အသုံးပြုခြင်းမှာ အသီးမှည့်များကို နေလှန်းချိန်မှ ဆားရည်ပက်ဖျန်းခြင်းနှင့် မတူပါ။

ဆားရည်များမှာ အသီးများအတွင်းပေါင်းစည်းခြင်းမရှိဘဲ အရည်ပျော်ပြန်ထွက်လာခြင်းကြောင့် ငရုတ်သီးများ ပျက်ဆီးရသည်။

အပင်စိုက်စဉ်အသုံးပြုသော ပိုတက်စီယမ်မှာကား ငရုတ်အသားထဲတွင် တည်ဆောက်ထားခြင်းကြောင့် အရည်ပျော်ပြန်ထွက်ရန် အကြောင်းမရှိပါ။

ငရုတ်များ ပွင့်ခါနီးမှ အသီးကင်းစတည်ချိန်အထိမှာ အာဟာရလိုအပ်မှု အလွန်ကြီးမားသည်။

အပင်၏ သက်တမ်းတစ်လျောက် အစာပမာဏအများဆုံး လိုအပ်ချိန်လည်းဖြစ်သည်။

ထို့ကြောင့် မြေမှချကျွေးထားသော မြေဩဇာအလုံအလောက်ရှိနေသည့်တိုင်အောင် အပင်၏အားနည်းချက်များ၊ ဝန်းကျင်အခက်အခဲ
များကြောင့် အပင်အတွက်လိုအပ်သော အာဟာရကို အပြည့်အဝမရရှိနိုင်ပါ။

ထိုအချိန်နှင့် နှောင်းပိုင်းကာလတွင် ပိုတက်စီယမ်နိုက်ထရိတ်ကို အရွက်ဖျန်းမြေဩဇာအဖြစ် ပက်ဖျန်းပေးပါက အသီးများ အလေးချိန် တိုးခြင်း၊ အရောင်လှပခြင်း၊ စသည့်အကျိုးထူးများကို ရရှိနိုင်ပါသည်။

Credit – ဦးဖရက်သိန်းဖေ

The post ငရုတ်သီးများ အလေးချိန်တိုးစေခြင်း နှင့် အရောင်ကောင်းစေခြင်း နည်းစနစ်ကောင်းများ appeared first on Myanmar Farmers' Portal.

ကုလားပဲအထွက်တိုး⁠ရေး လိုက်နာ⁠ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ

$
0
0

– အောင်မြင်သောမျိုးကောင်းမျိုးသန့်ကိုသုံးပါ။
– တစ်ဧကလျှင် ကုလားပဲမျိုး ၁ တင်းအသုံးပြုပါ။
– ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင် လုပ်ပါ။
– ပဲမြစ်ဖုဇီဝမြေသြဇာ ၁ ပေါင်ကို မျိုးစေ့နှင့်အတူရော၍ ထည့်ပါ။
– သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲပါ။
– ဓာတ်မြေသြဇာအချိုးကျသုံးစွဲပါ။
– အတန်းလိုက် အစိုဓာတ်အချိန်မီစိုက်ပျိုးပါ။
– ပေါင်းမြက်နှိမ်နင်းပေးပါ။
– ပိုးမွှားရောဂါကာကွယ်နှိမ်နင်းပါ။
– အလေအလွှင့်နည်းအောင်နှုတ်သိမ်းသိုလှောင်ပါ။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The post ကုလားပဲအထွက်တိုး⁠ရေး လိုက်နာ⁠ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ appeared first on Myanmar Farmers' Portal.

လက်ဖက်စိမ်းနဲ့ ⁠နှမ်းနက်⁠ကျောက်⁠ကျော

$
0
0

Matcha Green Tea Agar Agar with sweet Black Sesame Sauce

နည်းနည်းထူးဆန်းတဲ့ အရသာနဲ့ ကျောက်ကျောလုပ်နည်းလေးကို အဆန်းမို့ အဆန်းကြိုက် သူတွေအတွက်  တင်ဆက်ပေးလိုက်ပါ တယ်။ သူ့ကို လုပ်ဖို့ကတော့ (Matcha Green Tea) လက်ဖက်စိမ်းမှုန့်လိုပါတယ်။ နှမ်းနက်အမှုန့်လည်း လိုပါတယ်။ နှမ်းနက်ကို လှော်ပြီး ထောင်းထားလိုက်ပါ။

(မှတ်ချက် – လက်ဖက်စိမ်းမှုန့် မရှာတတ်ရင် အချိုခြောက်အရည်ယူပြီး အရောင်ဆိုးဆေးအစိမ်းနဲ့ တွဲသုံးပါလို့ အကြံပြုလိုပါတယ်)

ပါဝင်ပစ္စည်းများ

အာဂါး အာဂါး ကျောက်ကျောမှုန့် (0.88 ounce) ပါ နှစ်ထုပ်

အုန်းနို့ သုံးခွက် (ခွက်နှစ်ခွက်နဲ့ တစ်ဝက်စီခွဲထည့်ထားလိုက်ပါ)

သကြားအပွင့်သေး ၂ ၁/၃ ခွက်၊

(အချိုရည်ကြိုရန် ထမင်းစားဇွန်း ၄ ဇွန်း)

ရေ ၇ ၁/၃ ခွက်

နွားနို့ ၃/၄ ခွက်

လက်ဖက်စိမ်းအမှုန့် matcha green tea ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)

နှမ်းနက်မှုန့် ၂ ဇွန်း (ထမင်းစားဇွန်း)

အာလူးမှုန့် ၂ ဇွန်း ( ထမင်းစားဇွန်း)

Wasabi powder ၀ါဆာဘီမှုန့် နည်းနည်းလေး လက် ၂ ချောင်းနဲ့ ပါရုံလေး (1 pinch)

ချင်းထောင်း (သို့) အမှုန့် ၁/၈ (လက်ဖက်ရည်ဇွန်း)

ပျားရည် ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)

ဟင်းချက်ရာသုံးသော ပြောင်းအချိုရည် corn syrup ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ဆားနည်းနည်းလေး (အရသာပါရုံ) 1pinch salt

သရက်သီးမှည့် လှီးထားတုံးထားတာ (အကြမ်းပန်းကန်တစ်လုံး)

ပြုလုပ်ပုံ

နှမ်းနက်အချိုရည် ပြုလုပ်ရန်

အာလူးမှုန့် + ၀ါဆာဘီ + ဆား + ချင်း ကို ရေခွက် တစ်ဝက်နဲ့ ရောပါ။

သကြားလေးဇွန်းထည့် မီးဖိုပေါ် ကျိုချက်ပါ။

အာလူးပျော်ဝင်သွားသည် အထိ မီးအေးအေးဖြင့် မွှေကျိုပါ။

သေချာပျော်သွားရင် ပြောင်းအချိုရည်နဲ့ ပျားရည်ထည့်ပြီး ဆူပွတ်အောင်တည်ပါ။

ပြီးရင် အအေးခံထားပါ။ တည်ခင်းချိန်ကျမှ ကျောက်ကျောတုံးပေါ် ဆမ်းပေးရမယ့် အချိုရည် ဖြစ်ပါတယ်။

ကျောက်ကျော ပြုလုပ်ပုံ

အိုးငယ်တစ်လုံးထဲ လက်ဖက်မှုန့်ကို တစ်ဝက်ထည့်ပါ။

ကျောက်ကျောမှုန့် ရေထည့်ပါ။

မီးဖိုပေါ် ကျိုချက်ပါ။

အားလုံး ပျော်ဝင်သွားတဲ့အထိ မီးအေးအေးနဲ့ သစ်သားယောက်မသုံးပြီး မွှေကျိုပါ။

သေချာပျော်ဝင်သွားရင် မီးလျှော့လိုက်ပါ။ ဆက်မွှေနေပါ။

နောက်အိုးတစ်အိုးထဲ အုန်းနို့ +ကျန်ကျောက်ကျောမှုန့်တစ်ဝက် + သကြား + ဆား + လက်ဖက်မှုန့်ကျန်တစ်ဝက် + နို့စိမ်းထည့်ကျိုပါ။

မီးအေးအေးနဲ့ မွှေပေးနေပြီးမှစောစောကျိုထားတဲ့အရည်လောင်းထည့်ပြီး သစ်သားယောက်မသုံးပြီး ဆက်မွှေကျိုပါ။

သေချာပျော်ဝင်သွားရင် မီးလျော့လိုက်ပါ။ ဆက်မွှေနေပါ။ ပြီးရင် မီးပိတ်လိုက်ပါ။

အနည်းဆုံး တစ်လက်မ၊ တစ်လက်မခွဲအထူ ထုရှိတဲ့ ထည့်စရာခွက် (သို့) ဗန်းယူပါ။

သူ့ထဲ လောင်းထည့်ပါ။

၃နာရီ အအေးခံထားလိုက်ပါ။

တည်ခင်းချိန်

ဗန်းနဲ့ လုပ်ထားရင် တည်ခင်းချိန်မှ လိုသလို လှီးဖြတ်ပါ။

ပုံစံခွက် နဲ့ဆို တည်ခင်းမယ့် ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါ။

ပြီးမှ အပေါ်ကို သရက်သီးတုံးလေးတင်ပေးပါ။

နှမ်းနက် အချိုရည်ကို ကျောက်ကျောတုံးပေါ်ကနေ တစ်ပန်းကန်ပွဲအတွက် ၂ ဇွန်း လောက်စီ ဆမ်းပေးပါ။

Pissaya Info

The post လက်ဖက်စိမ်းနဲ့ ⁠နှမ်းနက်⁠ကျောက်⁠ကျော appeared first on Myanmar Farmers' Portal.

စပါးပြီး စပါး စိုက်ပျိုးရာတွင် တောင်သူများသတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ နှိုးဆော်ချက်

$
0
0
၁။ မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်များကို မီးမရှို့ဘဲ မြေဆွေး ပုံပြုလုပ်၍သုံးစွဲခြင်းနှင့် နွေထယ်ရေးခံခြင်း လုပ်ငန်းများကို ဆောင်ရွက်ပါ။
 
၂။ စပါးပြီး စပါးစိုက်ပျိုးသည့် ဒေသများတွင် မြေဆီလွှာ အာဟာရဓာတ် ဆုံးရှုံးမှုကို ဖြည့်တင်းပေးနိုင်ရန်အတွက် နှုန်းမြေ၊ နွားချေးဆွေး၊ သစ်ရွက် ဆွေး၊ အမှိုက်ဆွေး ထည့်သွင်းခြင်းနှင့် သဘာဝမြေသြဇာများပြုလုပ်သုံးစွဲပါ။
 
၃။ မိုးစပါးအပြီး သစ်စိမ်းမြေသြဇာ တစ်မျိုးမျိုး (မတ်ပဲ၊ ပဲလွမ်း၊ ပိုက်ဆန် လျှော် စသည့်) တစ်ဧကလျှင် လေးပြည်ခန့်ကို ကြဲပက်ပြီး အပင်သက် တမ်းတစ်လ၀န်းကျင် နွေစပါး မစိုက်မီ ၁၀ ရက်ခန့် အလိုတွင် ထယ်ထိုးပြီး မြေမြှုပ်ပါ။
 
၎။ နွေစပါးကို ဒေသနှင့် ကိုက်ညီသည့် သက်တမ်းတို အထွက်ကောင်း မျိုးကို အသုံးပြု စိုက်ပျိုးပါ။
 
၅။ နွေစပါး စိုက်ပျိုးရာတွင် မိမိရေမြေဒေသနှင့် ကိုက်ညီပြီး အကျိုးအမြတ် ရရှိနိုင်သော စိုက်ပျိုးနည်း စနစ်ကို အသုံး ပြုပါ။
 
၆။ ပိုးမွှားရောဂါကာကွယ်သည့် နည်းလမ်းတစ်ခုအဖြစ် နွားကျင်ငယ်ရေ တစ်လီတာ၊ နွားချေး ၆၀ ကျပ်သား၊ ထန်းလျက် ၁၅ ကျပ်သားနှင့် ရေ ၁ လီတာရော၍ ပလတ်စတစ်ပုံး (သို့မဟုတ်) မြေအိုးတစ်လုံးတွင် ၂၄ နာရီစိမ်ပါ။ ယင်းစိမ်ရည် တစ်ဆကို ရေ ၁၀ ဆဖြင့်ရော၍ စပါးပင်များကို ပက်ဖျန်းပါ။ စိမ်ရည်ကို ရက် ၃၀ ထိ ထားနိုင်ပြီး နေ့စဉ်မွှေပေးရန် လို အပ်ပါသည်။
 
၇။ စပါးပြီး စပါး စိုက်ရာတွင် တစ်ဧက ကုန်ကျစရိတ်လျော့နည်းစေရန်နှင့် အချိန်မီပြီးစီးရေးအတွက် စက်ကိရိယာ များ တိုးမြှင့် သုံးစွဲပါ။
 
၈။ နည်းပညာ အကူ အညီများလိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ခြံ၊ စိုက်ကွက်၊ ရုံများတွင် လေ့လာဆွေးနွေး၊ အကူအညီရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
 
#Pissaya_Info
Source by – စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန

The post စပါးပြီး စပါး စိုက်ပျိုးရာတွင် တောင်သူများသတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ နှိုးဆော်ချက် appeared first on Myanmar Farmers' Portal.


ပိန္နဲသီး ကျောက်ကျော

$
0
0

Woon Looktan Ka-Noon  Cheum

ပိန္နဲသီး ကျောက်ကျောက ပြုလုပ်ရတာ လွယ်သလို အရသာလည်း ရှိလှပါတယ်။ သူကအရှေ့တိုင်းရဲ့ ထူးကဲတဲ့ အနံ့ အရသာကို ပြနိုင်တဲ့ အချိုပွဲပါ။ စမ်းသပ်ပြီး မြည်းစမ်းကြည့်သင့်တဲ့ စားစရာဖြစ်ပါတယ်။

တစ်ပွဲစာ ပိန္နဲသီးကျောက်ကျော ပြုလုပ်ဖို့ ပါဝင်တဲ့ ပစ္စည်းများ

(၁)     ကျောက်ကျောမှုန့် ၅ ဂရမ်၊

မာတာကြိုက်ရင် ပိုထည့်နိုင်ပါတယ်။

(၂)     ရေသန့် ၅၀၀ ဂရမ် (၂ခွက်)

(၃)     သကြား ၂၀၀ ဂရမ် (၁ ခွက်)

(၄)     ဆားနည်းနည်းလေး (အရသာလေးပါရုံ)

(၅)     ပိန္နဲသီးမှည့်ပြုတ်ထားတဲ့ အရည် ၁၀၀ ဂရမ် (ခွက်တစ်ဝက်)

(၆)     ပိန္နဲသီး အသားလှီးထားတာလေးတွေ ၁၀၀ ဂရမ် ( ခွက်တစ်ဝက်)

ပြုလုပ်ပုံအဆင့်ဆင့်

(၁)     ရေ နဲ့ ကျောက်ကျောမှုန့်ရောပါ။ ကျောက်ကျောမှုန့်များ ပျော်ဝင်သည်အထိမွှေပြီး ကျိုချက်ပါ။

(၂)     ဆူလာသောအခါ ပိန္နဲသီးမှည့်ပြုတ်ထားတဲ့ အရည်နဲ့ ဆား၊ သကြား ထည့်မွှေပါ။ ပျော်ဝင်သွားရင် မီးဖိုပေါ်က     ချပါ။

(၃)     ပိန္နဲသီး အသားလှီးထားတာလေးတွေထည့်ဖို့ အသင့်ပြင်ထားတဲ့ ပုံစံခွက် (သို့) ဗန်းထဲထည့်ပါ။ သူ့အပေါ်က ကျောက်ကျောအရည်ကျိုထားတာကို ဖြည်းဖြည်းလောင်းထည့်ပါ။

(၄)     အေးခဲသွားအောင် ခဏစောင့်ပါ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။

(၅)     သုံးဆောင်တည်ခင်းချိန်ရောက်မှ ထုတ်ပြီး ပန်ကန်ပြားပေါ် မှောက်ချပါ။ ဗန်းနဲ့ လုပ်ထားတယ်ဆိုလည်း အဲဒီအချိန်မှာ ကြိုက်နှစ်သက်တဲ့ အရွယ်အစားနဲ့ ပုံစံကို လှီးဖြတ်တည်ခင်းနိုင်ပါတယ်။

Pissaya_Inf0

 

The post ပိန္နဲသီး ကျောက်ကျော appeared first on Myanmar Farmers' Portal.

ေ⁠မြပဲမျိုး⁠ရွေးချယ်⁠ခြင်း⁠နှင့်ေ⁠မြပဲစိုက်ပျိုး⁠ခြင်း

$
0
0

မျိုးစေ့ အခွံခွာခြင်းနှင့် မျိုးရွေးချယ်ခြင်း

မိမိစိုက်မည့် မြေဧရိယာအလိုက်၊ မျိုးစေ့လိုအပ်မှုနှင့် လုပ်အားရနိုင်မှုအပေါ် မူတည်၍ မျိုးတောင့်များကို မစိုက်မီ  ( ၁- ၃) ရက်အတွင်း၌သာခွာပါ။ မစိုက်မီ စောစောခွာထားပါက ၊မှိုတက်ပြီး အပင်ပေါက်ညံ့ခြင်း၊ တစ်ဧက အပင်ဦးရေ မပြည့်မီခြင်းကြောင့် အထွက်ထိခိုက်နိုင်ပါသည်။လုံးပိန်လုံး ညှပ်များ ၊ မျိုးဆံကွဲများကို ဖယ်ရှားရန် ဆန်ကာချပါ။ ဆန်ကာပေါ်ရှိ အစေ့များအနက်မှ အောက်ပါအ စေ့များကို ဖယ်ရှားပါ။

  • ကြီးလွန်းသော အစေ့များ (အစေ့ကြီးလွန်းလျှင် ၊ မြေကောင်းကြိုက်ခြင်း ၊ ရေငတ်ပါက အဆံ မတည်ခြင်း ၊ပင်ခြေပုပ်ရောဂါမှို (Aspergillusniger)မခံနိုင်ခြင်းတို့ဖြစ်တတ်သည်။
  • အရောင်ပြောင်းနေသောအစေ့များ (မျိုးစေ့ ဆောင်မှိုပါရှိ၍ ၊အပင်ပေါက်နည်းခြင်း /လုံးဝမ ပေါက်ခြင်းကြောင့် တစ်ဧက အပင်ဦးရေ အပြည့်မရရှိနိုင်ပါ။
  • အမြှေးပါးကွဲအက်နေသော အစေ့များ ၊ ပွန်းပဲ့နေသောအစေ့များ ၊ (မြေထဲချလျှင် မြေဆောင်မှိုများ အလွယ်တကူ ဝင်ရောက်ပြီး အပင်ပေါက် ညံ့နိုင်သည်။)
  • မသေးလွန်း ၊မကြီးလွန်းသော အစေ့များကိုသာ မျိုးအဖြစ်ရွေးချယ်သင့်ပါသည်။

မျိုးစေ့ဆေးစီရင်ခြင်း

မျိုးစေ့များက ၊မြေထဲရှိအစိုဓာတ်ကို စုတ်ယူ၍ မျိုးညှောင့်မပေါက်မီနှင့် ၊ ပေါက်ပြီးစတွင် ၊မျိုးစေ့နှင့်အတူပါလာသည့် မျိုးစေ့ဆောင်မှိုများနှင့် ၊မြေကြီးထဲရှိ မြေဆောင်မှိုများသည် ၊လျင်မြန်စွာ ပေါက်ပွားကြီးထွားကာ တိုက်ခိုက်သဖြင့် အပင်လုံးဝမပေါက်ခြင်း ၊ သို့မဟုတ်ပေါက်ပြီးစ အပင်ငယ်များ သေခြင်းမှကာကွယ်ရန် မျိုးစေ့များကို မစိုက်မီ မှိုသတ်ဆေးစီရင်သင့်ပါသည်။

  • မျိုးစေ့ ၁ ကီလိုဂရမ် (၆၂) ကျပ်သားရှိ အစေ့များကို ဇလုံ ၊ တောင်းတစ်ခုခုတွင် ထည့်ပါ။ ထမင်းရည် အေးအေးကို မျိုးစေ့အားလုံး စွတ်စိုရုံမျှထည့်၍ လက်ဖြင့်မွှေပေးပါ။
  • ဟိုမိုင်း ၈၀ ဒဗလျုပီ (၃-၅) ဂရမ် (လဘက်စားဇွန်းတစ်ဝက်မှတစ်ဇွန်း) ထည့်၍ ၊လက်အိတ် စွတ်ထားသော လက်ဖြင့် သမအောင် ညင်သာစွာ လူးနယ်ပါ။(တုတ်ဖြင့်မွှေလျှင် ၊ အဆံပေါ်ရှိ အမြှေးပါးကွဲအက်နိုင်သဖြင့် တုတ်ဖြင့် မမွှေသင့်ပါ။
  • အရိပ်ထဲတွင် ခြောက်သွေ့အောင် လေသလပ်ခံပါ။(စိုနေစဉ်မျိုးစေ့ချပါက မှိုသတ်ဆေးသည် အစေ့နှင့်အတူပါမှုနည်းပြီး လက်နှင့်ဇလုံတောင်းတွင် ကပ်ကျန်နေတတ်ပါသည်။
  • မျိုးစေ့များခြောက်သွားလျှင် စိုက်ကြောင်းတစ်လျှောက် သတ်မှတ် အကွာအဝေး အတိုင်းချပြီး ခြေထောက်ဖြင့်ချက်ချင်းမြေဖုံးပေးပါ။ပြီးမှ ကြမ်းရိုက်ပါ။
  • ဟိုမိုင်းသည် မျိုးစေ့များကို မှိုရောဂါမကျအောင် ကာကွယ်ပေးနိုင်သည့်အပြင် အပင်ငယ်အ တွင်း ပင်လုံးပြန့်အဖြစ် စိမ့်ဝင်ပြန့်နှံ့နိုင်သဖြင့် အပင်ငယ်များကိုပါ မှိုရောဂါမကျအောင်ကာ ကွယ်ပေးနိုင်သည်။ သီရမ် (Thiram)မှိုသတ်ဆေးပါဝင်သဖြင့် မျိုးစေ့နှင့်အပင်ငယ်များကို ကြွက်၊သမင်စသည်တို့ မစားအောင် ၊ နှင်ဆေး (repellant)အဖြစ်ပါ အကျိုးပြုနိုင်သည်။
  • ဟိုမိုင်းအပြင်၊ကလိုရိုသာလိုနေးလ် (ဘန်ကိုနေးလ် ၇၅ ဒဗလျုပီ) သုံးလိုပါက မျိုးစေ့ (၁)ကီလို (၆၂) ကျပ်သားလျှင် ဆေး (၃-၄) ဂရမ်းနှုန်းဖြင့် လည်းကောင်း
  • မင်ကိုဇက် သုံးလိုပါက မျိုးစေ့(၁)ကီလို (၆၂ ကျပ်သား)လျှင် ၊ ဆေး (၃)ဂရမ်နှုန်းဖြင့် လည်းကောင်း၊ အထက်ပါနည်းအတိုင်းမျိုးစေ့ ဆေးစီရင်နိုင်ပါသည်။
  • သို့ရာတွင် ကလိုရိုသာလိုနေးလ် နှင့် မင်ကိုဇက်မှာ၊ ထိသေအာနိသင်သာ ရှိသဖြင့် အပင်ငယ်များအား ထိရောက်စွာ ကာကွယ်မှုမပေးနိုင်ပါ။

တန်ကြား၊ ပင်ကြား အကွာအဝေး

တစ်ဧကလျှင် မြေပဲအတောင့်တင်း (၁၀၀)နှင့် အထက် ထွက်ရန်၊ အဓိကလိုအပ်သော တစ်ဧကတွင် အပင်ဦးရေ တစ် သိန်းဝင်စေရန်၊ တန်းကြား ၁၅ လက်မနှင့် ပင်ကြား ၄ လက်မ ထားပါ။ တစ်ဧက အပင်တစ်သိန်းရှိ၍ တစ်ပင်လျှင် အစေ့အပြည့်ပါသည့် နှစ်ဆစ်တောင့် တစ်တောင့်ပါလျှင်၊ အတောင့် ၆တင်းထွက်နိုင်ပါသည်။ ထို့ကြောင့် တစ်ပင်လျှင် နှစ်ဆစ်တောင့် ၁၇ တောင့်ပါပါက တစ်ဧက တင်း၁၀၀ ထွက်ရှိနိုင်ပါသည်။

မျိုးစေ့အတိမ်အနက်

သန်စွမ်းသော အပင်ပေါက်များ ရရှိရန်လည်းကောင်း၊

ဘေးကိုင်း ၄ကိုင်းပါသော ပီပြင်သည့် အပင်များကို ရရှိရန် လည်းကောင်း၊

ကြားထွန်ဝင်ခြင်း၊ အပင်ပြုစုခြင်းကြောင့် မြေပိပြီး ဘေးကိုင်းများ မထိခိုက်စေရန် လည်းကောင်း၊ မျိုးစေ့ များကို ၁ လက်မခွဲ၊ ၂ လက်မအနက်သာ ချသင့်ပါသည်။

၎င်းထက်နက်နက်ချပါက အပင်ငယ်မြေပေါ်ပေါ်ရန် အစေ့အရွယ်အောက်ပိုင်း ( Hypocotyl) ရှည်လာသဖြင့် အပင် ငယ်သန်စွမ်းမှု မရှိတော့ပါ။ ဘေးကိုင်း ၄ကိုင်း ထွက်ရန်လည်း မဖြစ်နိုင်တော့ပါ။ မြေပဲတောင့် များသည် ဘေးကိုင်း များ၌သာဖြစ်ပေါ်သဖြင့်၊ ဘောကိုင်းနည်းလေ၊ အတောင့်နည်းလေ၊ အထွက်နည်းလေ၊ ဖြစ်ပါသည်။ အစိုဓာတ် မိစေရန်နှင့် မျိုးစေ့ အတိမ်အနက်ညီညီရစေရန် စိုက်ထယ်ရေးကောင်းအောင် မြေပြုပြင်ပြီးမှသာ စိုက်ပျိုးသင့်ပါသည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)

The postေ⁠မြပဲမျိုး⁠ရွေးချယ်⁠ခြင်း⁠နှင့်ေ⁠မြပဲစိုက်ပျိုး⁠ခြင်း appeared first on Myanmar Farmers' Portal.

ပန်း⁠ဂေါ်ဖီသနပ် ⁠ပြုလုပ်နည်း

$
0
0

ပါဝင်ပစ္စည်းများ

၁။ ပန်းဂေါ်ဖီပွင့်                                                 ၅၀၀ ဂရမ် (၃၀ ကျပ်သား)

၂။ ရှာလကာရည်                                               လက်ဖက်ရည်ဇွန်း ၅ ဇွန်း

၃။ သကြား                                                      စားပွဲဇွန်း ၂ ဇွန်း

၎။ ဆား                                                          လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၅။ ဆီ                                                            ၂၅၀ ဂရမ် (၅၀ ကျပ်သား)

၆။ ဂျင်း                                                           ၂၅  ဂရမ် (၁.၅ ကျပ်သား)

၇။ ကြက်သွန်ဖြူ                                                 ၈၅ ဂရမ်        (၅ ကျပ်သား)

၈။ ငြုပ်သီးမှုန့်                                                   ၂၅ ဂရမ်         (၁.၅ ကျပ်သား)

၉။ သနပ်မဆလာ                                               ၄၀ ဂရမ်          (၂.၅ ကျပ်သား)

၁၀။ မုန့်ညင်းစေ့                                                 ၄၀ ဂရမ်           (၂.၅ ကျပ်သား)

၁၁။ ဇီယာ                                                       စားပွဲဇွန်း ၁ ဇွန်း

 

ပြုလုပ်ပုံအဆင့်အဆင့်

၁။ ပန်းဂေါ်ဖီပွင့်များကို အခက်သေးများလှီးကာ ရေဆေးပြီး တစ်နေလှမ်းပါ။

၂။ နွမ်းလာလျှင် ရှာလကာရည် (၃) ဇွန်း၊ သကြား၊ ဆား တို့ဖြင့် ရောနယ်၍ နှပ်ထားပါ။

၃။ နောက်နေ့တွင် နေ့ဝက်ခန့်နေလှမ်းပါ။

၎။ ဂျင်းအချောင်းများလှီးကားဆီသပ်၍ ကျန်ရှာလကာရည်၊ ငြုပ်သီးမှုန့်၊ မဆလာထည့်မွှေပါ။

၅။ ဆူလာလျှင် ပန်ဂေါ်ဖီထည့်မွှေပါ။

၆။ မုန့်ညင်းစေ့၊ ဇီယာ ရောထည့်၍ သမအောင် မွှေပြီးဖိုမှချပါ။

၇။ အေးစပြုလာလျှင် ကြက်သွန်ဖြူထည့်မွှေကာ သန့်ရှင်းခြောက်သွေ့သည့် ပုလင်းထဲတွင် ဆီမြှုပ်အောင် ထည့်ထားပါ။

Pissaya Info

The post ပန်း⁠ဂေါ်ဖီသနပ် ⁠ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.

အုန်းနို့ကော်ဖီကျောက်ကျော

$
0
0

၈ယောက်စာအတွက် ပါဝင်ပစ္စည်း

ကော်ဖီအလွှာ

ရယ်ဒီမိတ် ကော်ဖီထုပ်မှ အမှုန့် ၁ ဇွန်း

ရေနွေး ၂ ဇွန်း

ကျောက်ကျော ၂ ဇွန်း

ရေ ၇၅၀ မီလီ (၃) ခွက်

သကြား ၂၀၀ ဂရမ်

အုန်းနို့အလွှာ

ကျောက်ကျောမှုန့် ၁ ဇွန်း

ရေ ၂၅၀ မီလီ (၁ ခွက်)

အုန်းနို့ ၃၇၅ မီလီ (၁ ၁/၂ ခွက်)

သကြား ၅၀ ဂရမ်

ဆားနည်းနည်း

 

ပြုလုပ်ပုံ

ပြင်ဆင်ချိန်       – ၃၀ မိနစ်

ချက်ပြုတ်ချိန်    – ၁၅ မိနစ်

အဆင်သင့်ဖြစ်ချိန်        -၄၅ မိနစ်

(၁) ရေ ၂ ဇွန်းနဲ့ ကော်ဖီမှုန့်ပျော်အောင်ဖျော်ပါ။

(၂) အိုးငယ်တစ်လုံးထဲ ရေ၊ ကျောက်ကျောမှုန့်၊ သကြား၊ အားလုံး ထည့်ကျိုပါ။

(၃) မီးမျှင်းမျှင်းနဲ့ပဲ ကျိုပါ။ သကြားပျော်တာနဲ့ ကော်ဖီရည်ထည့်ပြီး မွှေပေးပါ။

(၄) မီးဖိုပေါ်က ချပြီးရေနွေးထည့်ထားတဲ့ ဇလုံထဲအိုးကို ထည့်စိမ်ထားပါ။

(၅) အုန်းနို့အလွှာကို နောက်တစ်အိုးနဲ့ ကျိုပါ။

(၆) ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး မွှေပေးနေပါ။

(၇) နည်းနည်းပျစ်လာရင် မီးဖိုပေါ်ကချပြီး စောစောက အိုလိုပဲ ရေနွေး ဇလုံတစ်ခုထဲ စိမ်ထားလိုက်ပါ။

(၈) ထည့်မဲ့ ပုံစံခွက်လေးတွေ အသင့်ပြင်ပါ။

(၉) တစ်လွှာခြင်းထည့်လိုက်၊ အအေးခံလိုက် နောက်တစ်လွှာဖြည့်လိုက် လုပ်ပါ။

(၁၀) မုန့်ဖုတ်တဲ့ ခဲစက္ကူခွက်လေးတွေ သုံးလို့ရပါတယ်။

(၁၁) မိမိစိတ်ကြိုက်တစ်ခုခုနဲ့ လုပ်လို့လဲရပါတယ်။

(၁၂) ပထမအလွှာခဲပြီး လက်နဲ့ ဖြည်းဖြည်းတို့ကြည့်လို့ လက်မှာကပ်ပါမလာဘူးဆို နောက်တစ်ထပ်လုပ်လို့ ရပါပြီ။

(၁၃) ရေနွေးစိမ်ဇလုံထဲ ရေနွေးအေးသွားရင် အပူနဲ့ လဲပေးပါ။

(၁၄) ရေခဲသေတ္တာထဲ အအေးခံထားပြီး တည်ခင်းချိန်ကျမှ ထုတ်ယူပါ။

Pissaya Info

 

 

The post အုန်းနို့ကော်ဖီကျောက်ကျော appeared first on Myanmar Farmers' Portal.

ပဲမျိုးစုံသီး⁠နှံအထွက်⁠နှုန်းတိုး⁠စေတဲ့ ပဲ⁠မြစ်ဖုဇီဝ⁠ေ⁠ျမ⁠ၾသဇာအ⁠ေ⁠ကြာင်း သိ⁠ကောင်းစရာ

$
0
0

ပဲမြစ်ဖုဇီဝမြေသြဇာဆိုသည်မှာ ပဲမျိုးနွယ်ဝင်အပင်များ၏အမြစ်တွင် မြစ်ဖုအဖြစ်တည်ဆောက်နေပြီး လေထဲမှနိုက်ထရိုဂျင်ကို ဖမ်းယူ   ပေးနိုင်သော ရိုင်ဇိုဘီယမ်ဘက်တီးရီးယားများ ပါသောမြေသြဇာဖြစ်သည်။ ပဲမြစ်ဖုဘတ်တီးရီးယား (သို့) ရိုင်ဘီယမ်ဘတ်တီးရီးယားများ သည် ပဲမျိုးအလိုက်လေထဲမှ နိုက်ထရိုဂျင်ကိုတစ်ဧကလျှင် (၄၀)ပေါင်မှ (၁၅၀)ပေါင်ထိ ဖမ်းယူပေးနိုင်ပြီး ပဲမျိုးစုံသီးနှံအထွက်နှုန်းကို (၂၀-၅၀)ရာခိုင်နှုန်းအထိ တိုးတက်စေနိုင်ပါသည်။ ပဲမြစ်ဖုဇီဝမြေသြဇာကို (၁၉၇၈)ခုနှစ်မှစတင်၍ မြေပဲ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲလွမ်းနှင့်ပဲစဉ်းငုံသီးနှံများအတွက် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါသည်။

-အသုံးပြုနည်း

  • ပဲမျိုးအလိုက် သတ်မှတ်ထားသော ပဲမြစ်ဖုမြေသြဇာကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
  • ပဲမြစ်ဖုမြေသြဇာကို တစ်ဧကစိုက်ပျိုးမည့်ပဲအတွက် တစ်ထုပ်နှုန်းသုံးပါ။
  • ပဲမြစ်ဖုမြေသြဇာကိုခွက်တစ်ခုအတွင်း ရေဖြင့်ပျစ်ပျစ်ရအောင်ဖျော်ပါ။
  • ပဲမြစ်ဖုမြေသြဇာများပဲစေ့ပေါ်ကပ်နေစေရန် မျိုးစေ့ပေါ်သို့လောင်းချပြီး သမအောင်မွှေပါ။
  • မျိုးစေ့နှင့်သမအောင်မွှေပြီး စိုက်ပျိုးရန်အသင့်ထွန်ယက်ထားသော မြေပေါ်တွင်ချက်ချင်းစိုက်ပြီး မြေပြန်ဖုံးပေးပါ။
  • ပဲမြစ်ဖုဇီဝမြေသြဇာလူးနယ်ပြီး မျိုးစေ့များကိုမစိုက်မီ အရိပ်အောက်တွင်ထားပါ။ ဖြစ်နိုင်ပါကချက်ချင်းစိုက်ပါ။

-သတိပြုရန်အချက်များ

  • ပဲမြစ်ဖုအသုံးပြုသည့်မြေတွင် နွားချေး၊ မြေဆွေးစသည့် သဘာဝမြေသြဇာ များများထည့်ပေးပါ။
  • တစ်ဧကလျှင် ဖော့စဖိတ်မြေသြဇာ (၅၆-၁၁၂) ပေါင်နှုန်းနှင့် ပိုတက် (၂၈)ပေါင်မှ (၂၆)ပေါင်ထိ ထည့်ပေးရန် လိုအပ်ပါသည်။
  • မျိုးစေ့ချပြီး ချက်ခြင်းမြေပြန့်ဖုံးပါ။ ပင်ခြေရေမ၀ပ်ရန် နှင့် အပင်ရေမငတ်စေရန်ဂရုစိုက်ပါ။
  • ပဲမြစ်ဖုမြေသြဇာထုတ်များအား ချက်ခြင်းအသုံးမပြုသေးပါက ရိုးရိုးအခန်း အပူချိန်တွင်(၁)လကြာ သိုလှောင်ထားနိုင်သည်။ အအေး ခန်း (၂၀)ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်)တွင် (၆)လကြာသိုလှောင်သိမ်းဆည်းထားနိုင်သည်။
  • ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာသိုလှောင်သည့် အခန်းတွင်ရေနှော သိုလှောင်ခြင်း မပြုရ။

ပဲမြစ်ဖုဇီဝမြေသြဇာ အကျိုးသက်ရောက်မှု ရှိမရှိစစ်ဆေးခြင်း

  • ပဲပင်စိုက်ပြီး (၁)လသားတွင် အပင်ကို အမြစ်ပါအောင် နုတ်ယူပါ။
  • မြစ်ဖုများသည် ရေသောက်မြစ်တလျောက်နှင့် ပထမမြစ်လက်တက် တ၀ိုက်တွင် အရွယ်အစားကြီးမားပြီး အတွင်းသို့ခွဲကြည့်ပါက ပန်းရောင် (သို့) အနီရောင်ဖြစ်နေလျှင် အသုံးပြုသော ပဲမြစ်ဖုမြေသြဇာ မှအာနိသင်အပြည့်အ၀ရှိပါသည်။
  • တစ်လသားအရွယ် ပဲပင်အမြစ်အား စစ်ဆေးရာတွင် ပဲမြစ်ဖုများသည် လက်ဖြင့်ထိကြည့်ပါက မာကြောနေခြင်း၊ အတွင်းသားကို ခွဲကြည့်ပါက အဖြူရောင် (သို့) အစိမ်းရောင်ရှိပါက အသုံးပြုသော ပဲမြစ်ဖုသည် အာနိသင်မရှိကြောင်း သိနိုင်သည်။

-အကျိုးကျေးဇူး

  • ပဲသီးနှံအတွက်လိုအပ်သော နိုက်ထရိုဂျင်ဓါတ်ကို ရရှိစေခြင်း။
  • မြေဆီလွှာမှနိုက်ထရိုဂျင်လျော့ပါးမှုကို ကာကွယ်နိုင်ခြင်း။
  • ယူရီးယားမြေသြဇာ ချွေတာရာရောက်ခြင်း။
  • ပဲမျိုးစေ့သီးနှံအထွက်တိုးစေခြင်း စသည့်အကျိုးကျေးဇူးရရှိနိုင်ပါသည်။

Source by – လယ်/ဆည်

The post ပဲမျိုးစုံသီး⁠နှံအထွက်⁠နှုန်းတိုး⁠စေတဲ့ ပဲ⁠မြစ်ဖုဇီဝ⁠ေ⁠ျမ⁠ၾသဇာအ⁠ေ⁠ကြာင်း သိ⁠ကောင်းစရာ appeared first on Myanmar Farmers' Portal.

Viewing all 691 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>