နိုင်ငံတကာတွင် အော်ဂဲနစ် အစားအစာများကို သီးခြားဆိုင်များ၌ဖြစ်စေ စူပါမားကတ်များ၌သီးခြားကောင်တာဖြင့်ဖြစ်စေ ရောင်းဝယ် ဖောက်ကားနေကြသည်မှာ ဆယ်စုနှစ် ၂ ခုကျော် ရှိနေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံမှာတော့ အခုမှ အစပျိုးခါစဖြစ်၍ အော်ဂဲနစ်အစား အစာများနှင့် သိပ်မရင်းနှီးကြသေးပါ။အော်ဂဲနစ်အစားအစာဆိုသည်မှာ အော်ဂဲနစ် နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသော အစား အစာများဖြစ်သဖြင့်အော်ဂဲနစ်အစားအစာများအကြောင်း ပြောကြမည်ဆိုလျှင် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို သိရှိထားဖို့ လိုအပ်ပါသည်။
အော်ဂဲနစ်စိုက်ပျိုးရေးစနစ် (Organic farming) ဆိုသည်မှာ
အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ဆိုသည်မှာ ဓာတုနည်းဖြင့် ပြုလုပ်ထားသော ဓာတ်မြေသြဇာ၊ ဓာတုပိုးသတ်ဆေး၊ ဓာတုပေါင်းသတ် ဆေးများကို အသုံးမပြုဘဲ သဘာဝနည်းပညာများကိုသာ အခြေခံ၍ သိပ္ပံနည်းကျ စိုက်ပျိုးထုတ်လုပ်သည့်စိုက်ပျိုးရေးစနစ်ဖြစ်ပါသည်။ အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးရာတွင် အပင်ကိုကြီးမားစေသော ဓာတုဟိုမုန်းများ အသုံးပြုခြင်းမရှိသည့်အပြင် မျိုးဗီဇပြုပြင်ထားသော အပင်များ၊ မျိုးစေ့များကိုလည်း လုံးဝ အသုံးမပြုရပါ။ အတိုချုပ်အားဖြင့်ဓာတုလွတ်စိုက်ပျိုးရေးစနစ် (Farming without synthetic chemicals) ဟု ဆိုနိုင်ပါသည်။
အပင်တစ်ပင်ကြီးထွားဖို့ လိုအပ်သောမြေသြဇာများကို သဘာဝနည်းဖြင့် ပြုလုပ်ထားသောမြေဆွေးများ၊ တီကောင်ကဲ့သို့ သတ္တဝါ ငယ်များမှထုတ်လုပ်သော စွန့်ပစ်ပစ္စည်းများ၊ နွားချေး သို့မဟုတ် တိရစ္ဆာန်စွန့်ပစ်စ္စည်းများမှအစသိပ္ပံနည်းကျထုတ်လုပ်ထားသော အကျိုးပြုဘက်တီးရီးယား (Effective microorganism) မှရရှိသော မြေသြဇာများကိုအသုံးပြုကြရပါသည်။ ထို့အပြင် သီးနှံဖျက် ပိုးမွှားများရန်မှ ကာကွယ်နိုင်ရန် သဘာဝနည်းလမ်းပေါင်းစုံ အသုံးပြု၍ စိုက်ပျိုးရသော ခေတ်မီသိပ္ပံနည်းစနစ်တစ်ခုဖြစ်ပါသည်။
ဤနေရာတွင် သမားရိုးကျ ရိုးရာစိုက်ပျိုးနည်းစနစ်နှင့် ကွာခြားကြောင်းကိုလည်း သိစေချင်ပါသည်။ ရိုးရာသဘာဝနည်းစနစ်တွင် ဓာတု လွတ်စိုက်ပျိုးကြသော်လည်း ခေတ်မီသိပ္ပံနည်းကျမဟုတ်သဖြင့် ပိုးမွှားများကျရောက်ပါကမည်သို့မည်ပုံဖြေရှင်းဆောင်ရက်ွရမည်ကို မသိရှိခြင်းကြောင့် စိုက်ခင်းတစ်ခုလုံး ပျက်စီးမှုနှင့် ကြုံတွေ့ရနိုင်ပါသည်။မှတ်တမ်းမှတ်ရာများ မရှိခြင်း၊ သိပ္ပံနည်း မကျခြင်းများကြောင့် စိုက်ပျိုးရေးစနစ်မှာမျှော်မှန်းသလောက်အောင်မြင်မှုမရရှိနိုင်ပါ။
အော်ဂဲနစ်စိုက်ပျိုးရေးစနစ်သည် သဘာဝစိုက်ပျိုးရေးစနစ်ကို ခေတ်မီသိပ္ပံနည်းပညာနှင့် ပေါင်းစပ်ကာတီထွင်ကြံဆမှုများ ထည့်သွင်းပြု လုပ်ထားသည့် ခေတ်မီပြီး အဆင့်အတန်းမြင့်မားသည့် စိုက်ပျိုးရေးစနစ်တစ်ခုဟုဆိုနိုင်ပါသည်။
အော်ဂဲနစ်စိုက်ပျိုးရေးစနစ်၏ သမိုင်းကြောင်း
လူ့သမိုင်းကို ပြန်ကြည့်လျှင် စိုက်ပျိုးရေးကို စတင်ဆောင်ရွက်ခဲ့သည့်အချိန်မှ ၁၈ ရာစုအစပိုင်းအထိ စိုက်ပျိုးရေးထုတ်ကုန်မှန်သမျှသည် သဘာဝ သို့မဟုတ် အော်ဂဲနစ်များသာ ဖြစ်ပါသည်။ ကမ္ဘာကြီး၏အချို့သောနေရာဒေသများတွင် ယနေ့ထက်ထိ သဘာဝနည်းဖြင့် စိုက်ပျိုးထုတ်လုပ်မှုများရှိနေသေးသည်မှာဂုဏ်ယူဖွယ်ဖြစ်သည်။ အထူးသဖြင့် ရူမေးနီးယားနိုင်ငံတွင် အများဆုံးတွေ့နိုင်သည်။၁၈ ရာစုအစပိုင်းတွင် အပင်အတွက် လိုအပ်သောအာဟာရပေးစွမ်းနိုင်ရန် သဘာဝနည်းတစ်ခုတည်းကိုသာအားကိုးနေရာမှ ဓာတ်မြေသြ ဇာများ (Synthetic fertilizer) သုံးစွဲခြင်းဖြင့် အထွက်နှုန်း ပိုမိုကောင်းမွန်ကြောင်းစတင်တွေ့ရှိခဲ့ပါသည်။
ပထမဆုံး ပေါ်ထွက်လာသောဓာတ်မြေသြဇာမှာ စူပါဖော့စဖိတ် (Super phosphate) ဖြစ်ပြီး စိုက်ပျိုးရေး လုပ်ကိုင်ဆောင်ရွက်နေသူ များအကြား စိတ်ဝင်စားမှုကို ရရှိစေခ့သဲ ည်။ ၁၉၂၀ ခုနှစ်တွင် ဂျာမန်စိုက်ပျိုးရေးပညာရှင်များ၏တီထွင်ကြံဆမှုဖြင့် အမိုးနီးယား (Ammonia) ဓာတ်မြေသြဇာကို အမြောက်အမြားထုတ်လုပ်ကာ ကမ္ဘာအရပ်ရပ်သို့တင်ပို့ရောင်းချခဲ့သည်။ ဟာဗာဘတွရှ် နည်းစဉ် (Haber-Bosch process) ဖြင့် ထုတ်လုပ်လိုက်သောအမိုးနီးယားဓာတ်မြေသြဇာသည် အပင်ကို ချက်ချင်း သိသိသာသာ သန်စွမ်းစေ သည့်အပြင်စိုက်ပျိုးချိန်တိုတောင်းခြင်း၊အထွက်နှုန်းတိုးခြင်းစသော အားသာချက်များကြောင့် ကမ္ဘာအရပ်ရပ်ရှိ စိုက်ပျိုးရေးသမားတိုင်း ဝယ်ယူသုံးစွဲခြဲ့ကသည်။
ဈေးနှုန်းမှာလည်း သဘာဝမြေသြဇာပြုလုပ်ရခြင်း သို့မဟုတ် ဝယ်ယူရခြင်းထက်များစွာ သက်သာနေသဖြင့်လယ်သမားများအကြိုက် ဖြစ်ခဲ့သည်။ ဓာတ်မြေသြဇာ အသုံးမပြုသည့်နိုင်ငံမှာခေတ်နောက်ကျသည့် နိုင်ငံအဖြစ်သတ်မှတ်ခြဲ့ကသည်။ ထို့ကြောင့် ၁၉၂၀ မှ ၁၉၃၀ ကြားကာလကို “ဓာတ်မြေသြဇာတစ်ခေတ်ဆန်းချိန်” ဟု ဆိုနိုင်သည်။
ဓာတ်မြေသြဇာများအသုံးပြု၍ အထွက်နှုန်းတိုးစေသော်လည်း ထိုအပင်များကို ဖျက်ဆီးမည့် ပိုးကောင်များ၊ အင်းဆက်ပိုးများလည်း ယခင်ကထက် ပိုမိုများပြားလာခဲ့ရာ တောင်သူများ အခက်တြေွ့ကရပြန်သည်။ တချို့နေရာများတွင်လယ်ကွင်းတစ်ခုလုံး သီးနှံဖျက်ပိုး မွှားများ၊ ကျိုင်းကောင်များဖျက်ဆီးခြင်းခံရသဖြင့် စီးပွားရေးများစွာ ထိခိုက်ခြဲ့ကရသည်။
ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် သိပ္ပံပညာရှင်များက ဓာတုပိုးသတ်ဆေးများကို ၁၉၃၀ ပြည့်နှစ်အကုန်ကာလများတွင် စတင်တီထွင် သုံးစွဲခြဲ့ကသည်။ အဆိုပါ ဓာတုပိုးသတ်ဆေးတို့၏ အာနိသင်ကြောင့် သီးနှံဖျက်ပိုးမွှားများသေဆုံးကုန်၍ လယ်သမားများ အထူးပျော်ရွှင် ခြဲ့ကရသည်။ တစ်ကမ္ဘာလုံးပျံ့နှံ့ရောက်ရှိ သုံးစွဲခဲ့သောကြောင့် ၁၉၃၀ မှ ၁၉၄၀ခုနှစ်အတွင်း ဆယ်စုနှစ်ကာလကို “ပိုးသတ်ဆေး များခေတ်” (Pesticide era) ဟုပင် သမိုင်းတွင် တင်စားခေါ်ဝေါ်ခြဲ့ကသည်။
ပိုးသတ်ဆေးများ (၁၀) နှစ်ကျော်အသုံးပြုပြီးနောက် အဆိုပါ ဓာတုပိုးသတ်ဆေးများကြောင့် မြေယာများပျက်စီးခြင်း၊ သီးနှံဖျက်ပိုးသာမက အကျိုးပြု သတ္တဝါလေးများပါ သေဆုံးကုန်ခြင်းတို့အပြင် ကျန်းမာရေးပြဿနာများစတင်ကြုံတေ့လွာကြရသောအခါ အဆိုပါ ပိုးသတ် ဆေးများ အလွန်အကျွံ သုံးစွဲနေခြင်းမှာ ရေရှည်တွင်မဖြစ်နိုင်တော့ကြောင်းပညာရှင်များက စတင် ဆင်ခြင် သုံးသပ်လာခြဲ့ကပါသည်။ ယင်းသည်ပင် အော်ဂနဲ စ်စိုက်ပျိုးရေးစနစ်၏အစ ဖြစ်သည်။
အော်ဂဲနစ်ဖခင်ကြီး ဆာအဲလ်ဘတ်ဟိုးဝပ် (Sir Albert Howard)
အင်္ဂလိပ်လူမျိုး ရုက္ခဗေဒပညာရှင်ဖြစ်သူ ဆာအဲလ်ဘတ်ဟိုးဝပ်ကို အော်ဂဲနစ်စိုက်ပျိုးရေးစနစ်၏ဖခင်ကြီးဟုခေါ်ဆိုကြပါသည်။ ၁၈၇၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ရုက္ခဗေဒပညာဖြင့် ဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးမကြာခင် အသက်၂၅ နှစ်အရွယ် ၁၈၉၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံရှိ ရပ်ခ်ျပူတနမြို့တွင် စိုက်ပျိုးရေး အကြံပေးအရာရှိအဖြစ်စတင်ထမ်းဆောင်ခဲ့သည်။ ထို့နောက် အစိုးရဌာနတစ်ခုဖြစ်သည့် အင်ဒိုးမြို့ (Indore) ရှိ စိုက်ပျိုးထုတ်လုပ်ရေးသုတေသနဌာန (Institute of Plant Industry) သို့ ဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့် ထမ်းဆောင်ခဲ့သည်။ အဆိုပါဌာနမှာအပင်နှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့် ဌာနကြီး လည်းဖြစ်သည်။သူ၏အဓိကတာဝန်မှာ အင်္ဂလန်နိုင်ငံ၏ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို အိန္ဒိယတောင်သူများထံသို့ ဖြန့်ဝေပေးပြီး စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ဖံြွ့ဖိုးလာစေရန် အိန္ဒိယအစိုးရက အလုပ်တာဝန်ပေးထားခြင်းဖြစ်သည်။
ဓာတ်မြေသြဇာအသုံးပြုပုံနည်းစနစ်များနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အသုံးပြုပုံများကို အိန္ဒိယနိုင်ငံ၏ ရေ
မြေသဘာဝနှင့် ကိုက်ညီအောင် သုတေသနပြုလုပ်၍ သင်ကြားပို့ချပေးခဲ့သည်။ယင်းသို့သင်ကြားနေစဉ်မှာပင် အိန္ဒိယလယ်သမားများ အသုံးပြုလျှက်ရှိသည့် လက်ရှိစိုက်ပျိုးရေးစနစ်၏ကောင်းကျိုး၊ ဆိုးကျိုးများကို လေ့လာခွင့်ရခဲ့သည်။ ထိုသို့လေ့လာရာတွင် အိန္ဒိယ လယ်သမားတို့၏ မိရိုးဖလာယူဆချက်များထဲမှ အချို့သောအချက်လက်များမှာ မှန်ကန်မှုရှိကြောင်း တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် “အပင်၊ မြေကြီး၊ လူနှင့် တိရိစ္ဆာန်တို့သည် အပြန်အလှန် မှီခိုနေကြပြီး ယင်းတို့အားလုံး၏ ကျန်းမာရှင်သန်ရေးမှာ ခွဲခြား၍မရ”ဟူသည့်အယူအဆ ကို သူအကြိုက်ဆုံးဖြစ်ခဲ့သည်။
လူနှင့် တိရစ္ဆာန်တို့၏ ကျန်းမာရေးအတွက် အပင်များအပေါ်တွင် မှီခိုနေရသည်။ အပင်များ ကျန်းမာမှ လူနှင့်တိရစ္ဆာန်တို့ ကျန်းမာသန် စွမ်းနိုင်မည်။ အပင်များ သေကြေပျက်စီးလျှင် လူနှင့်တိရစ္ဆာန်တို့လည်းသေကြေပျက်စီးကြရပေမည်။ ထို့ကြောင့် အပင်များ ကျန်းမာဖို့ အထူးလိုအပ်သည်မှာ အငြင်းပွားစရာ မရှိပါ။ အပင်များကျန်းမာဖို့ အပင်ပေါက်ရောက်ရာ ကမ္ဘာမြေကြီးမှာ ကျန်းမာနေရမည်။ ဓာတ် မြေသြဇာ၊ ဓာတုပိုးသတ်ဆေးများအကျွေးခံထားရသောမြေကြီးမှာ မည်သို့မျှ မကျန်းမာနိုင်ကြောင်း တွေ့ရှိလာခဲ့ရသည်။
မစ္စတာဟိုးဝပ်သည် တီထွင်ကြံဆမှု အားကောင်းသူတစ်ဦးဖြစ်သည်။ သူသည် အိန္ဒိယလယ်သမားများ၏ မိရိုးဖလာမြေသြဇာလုပ်ပုံ နည်းစနစ်များကို သေသေချာချာ လေ့လာ၍ သူ၏ခေတ်မီသိပ္ပံနည်းပညာများနှင့် ပေါင်းစပ်ကာသဘာဝမြေသြဇာထုတ်လုပ်နည်းကို စတင် ဖော်ထုတ်ရေးသားခ့သဲ ည်။ အိန္ဒိယနိုင်ငံ၊ အင်ဒိုး (Indore) အရပ်တွင် စတင်ပြုလုပ်ခဲ့သဖြင့် အင်ဒိုးနည်းစနစ် (Indore method) ဟု ယနေ့အထိ လူသိများ အသုံးပြုလျှက်ရှိသည်။
အဆိုပါနည်းစနစ်ကို တီထွင်ခဲ့သည့် ဟိုးဝပ်ကိုလည်း ခေတ်သစ် သဘာဝမြေသြဇာ ထုတ်လုပ်ရေး နည်းပညာ၏ဖခင်ကြီး
(Father of Modern Composting) ဟု ဂုဏ်ပြုသတ်မှတ်ခေါ်ဝေါ်ခြဲ့ကသည်။ ယင်းအကြောင်းအရာများကို ဖော်ပြထားသော စာအုပ် ဖြစ်သည့် “An Agricultural Treatment” စာအုပ်ကို ၁၉၄၀ပြည့်နှစ်တွင် ထုတ်ဝေခဲ့သည်။ ထုတ်ဝေပြီး မကြာမီ အဂင်္လ န်နိုင်ငံသို့ ပြန်လာပြီး အဂင်္လ န်နိုင်ငံအခြေစိုက်မြေယာအသင်းအဖွဲ့ (Soil Association, UK) သို့သွားရောက် ဟောပြောရှင်းလင်းခဲ့ရာ လူအများ စုက လက်ခံခြဲ့ကသည်။
ထို့နောက် အမေရိကတိုက်သို့ ထွက်ခွာ၍ အမေရိကန်နိုင်ငံ၊ ရိုးဒေးအင်စတီကျူ (Rodale Institute) ၌ဟောပြောပို့ချခဲ့သည်။ ယင်းနောက်ပိုင်းနှစ်များတွင် ဥရောပတိုက်နှင့် အမေရိကတိုက်သို့ မကြာခဏဆိုသလို ကူးချီသန်းချီပြုလုပ်၍ သူ၏ရှာဖွေတွေ့ရှိမှုနှင့် တီထွင်ကြံဆမှုများကို အများလက်ခံလာအောင် ပြောဆိုစည်းရုံးခဲ့ရာ သိပံ္ပပညာရှင်များနှင့်လယ်သမားများအကြား အထူးရေပန်းစား ခဲ့သည်။ သူ့ကိုလည်း အော်ဂနဲ စ်စိုက်ပျိုးရေးစနစ်၏ဖခင်ကြီး (Father of Organic Farming) ဟု အများသဘောတူ လက်ခံခြဲ့ကသည်။ ၁၉၄၀ ခုနှစ်မှ သူကယ်ွလန်ွခ့သဲ ည့် ၁၉၄၇ အထိ သူဘဝ၏ နောက်ဆုံးအချိန်များကို အော်ဂဲနစ် စိုက်ပျိုးရေးစနစ်နှင့် ပတ်သက်၍ သုတေသနများပြုလုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူအများ၏ကျန်းမာရေးအတွက် အော်ဂဲနစ်စိုက်ပျိုးရေး၏ အရေး ပါပုံများကိုကိုယ်တိုင်လုပ်ကိုင် ဟောပြောပို့ချ ရေးသားမှုများဖြင့် အချိန်ကုန်စေခ့သဲ ည့် ဂုဏ်ယူလေးစားဖွယ်ရာ ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။
ရေချယ်လူစီကာဆန် (၁၉၀၇-၁၉၆၄)
ဟိုးဝပ်ကွယ်လွန်ပြီး ၁၅ နှစ်အကြာ ၁၉၆၂ ခုနှစ်တွင် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သမိုင်း ဝင်စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပါသည်။ “Silent Spring” ဟု အမည်ရပြီး မြန်မာလို“ငြိမ်သက်သွားသော ဆောင်းအကုန် နွေဦးကာလ” ဟု အဓိပ္ပာယ်ရပါသည်။စာရေးသူမှာ အမေရိကန်လူမျိုး အဏ္ဏဝါဇီဝဗေဒပညာရှင် ရေချယ်လူစီကာဆန် (Rachel Louise Carson) ဖြစ်ပါသည်။ရေချယ်ကာဆန်ကို ၁၉၀၇ ခုနှစ် မေလ ၂၇ ရက်တွင် အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်စပရင်းဒေးမြို့ (Springdale) ၌ မွေးဖွားခဲ့သည်။ အဏ္ဏဝါဇီဝဗေဒဖြင့် ဘွဲ့ရရှိခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို ရေးသားသူ စာရေးဆရာမအဖြစ် လူသိများပါသည်။
သူ၏ ၁၉၅၁ ခုနှစ်တွင် ပထမဆုံးရေးသားထုတ်ဝေသော “ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ပင်လယ်များအကြောင်း” ဟုအဓိပ္ပာယ်ရသည့် “The Sea Aroung Us” စာအုပ်မှာ ငွေကြေးအရရော၊ ပညာရပ်ဆိုင်ရာပါ အထူးအောင်မြင်မှုရခဲ့သည့် စာအုပ်ဖြစ်ခဲ့သည်။ ဒုတိယ စာအုပ်ဖြစ်သည့်စာအုပ်မှာလည်း အထူးအောင်မြင်ကာ “သဘာဝ သိပံ္ပစာရေးဆရာမကြီး” အဖြစ်သတ်မှတ်ခံခဲ့ရသည်။
အမေရိကန်နိုင်ငံတွင်သာမက ကမ္ဘာကိုပါ ကိုင်လှုပ်ခဲ့သည့် သူ၏စာအုပ်မှာ “Silent Spring” ဖြစ်သည်။ ၁၉၆၂ခုနှစ်တွင် ထုတ်ဝေခြဲ့ပီး ယနေ့ထိအကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ရသည့် စာအုပ်လည်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုစာကြည့်တိုက်စာရင်းတွင် ၂၀ ရာစုအတွင်းထုတ်ဝေခဲ့သော လူဖတ်အများဆုံး စာအုပ်အဆင့်တွင် သိပံ္ပစာပေကဏ္ဍ၌ အဆင့်(၅) အဖြစ်ရပ်တည်ခြဲ့ ပီး Discovery Magazine ၏ ၂၀ ရာစုအတွင်း သိပံ္ပပညာရပ်ဆိုင်ရာ အကောင်းဆုံးစာအုပ် (၂၅)အုပ်တွင် ပါဝင်ခ့သဲ ည်။
ယင်းစာအုပ်တွင် ရေချယ်ကာဆန်သည် သူ၏ဘဝအတွေ့အကြုံနှင့် ယှဉ်၍ ကမ္ဘာကြီးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများကို မီးမောင်းထိုးပြခဲ့သည်။ သူသည် သုတေသနပညာရှင်တစ်ဦးဖြစ်သဖြင့် မြစ်ချောင်းဘေးများတွင်တဲထိုးကာ သဘာဝ တောရိုင်း တိရစ္ဆာန်လေးများ၊ ရေနေသတ္တဝါများကို လေ့လာခြင်း၊ စာတမ်းများ ပြုစုရေးသားခြင်းများကို မပြတ်ပြုလုပ်ခဲ့ပါသည်။ သုတေသနအစပိုင်း ၌ ဆောင်းတွင်းကာလ ရေခဲအောင် အေးနေသည့်အချိန်တွင်ကျေးငှက်တိရစ္ဆာန်လေးများ ဆောင်းခို၍ ငြိမ်သက်လျှက်ရှိပြီး ဆောင်းအကုန် နွေအကူးကာလ (Spring) ရေခဲများ၊ နှင်းများအရည်ပျော်ချိန်တွင် နေရောင်ပြပြလေးအောက်၌ ကျေးငှက်တိရစ္ဆာန်များသည် ခိုအောင်နေရာမှ ထွက်လာကြပြီးမြူးတူးပျော်ရွှင်စွာ သာယာသောအသံများပေးကြသည်မှာ စိတ်ချမ်းမြေ့ဖွယ် ကောင်းလှပေသည်။
သို့သော် သူ၏သုတေသနနောက်ပိုင်းနှစ်များတွင် ကျေးငှက်တိရစ္ဆာန်များ၏ အသံများမှာ တဖြည်းဖြည်းလျော့နည်းလာပြီး နောက်ပိုင်းတွင် အသံများ မကြားရတော့ဘဲ ငြိမ်သက်သွားသည်ကို သတိပြုမိခဲ့သည်။ တောထဲတွင် ကျေးငှက်သာရကာများ အရင်လို မတွေ့ရ တော့ သည့်အပြင် သမင်၊ ဒရယ်လေးများကိုလည်း မမြင်ရတော့ပေ။မြစ်ချောင်းအင်းအိုင်ထဲ၌ ငါးများ ကူးခပ်သွားလာနေတာလည်း အလွန် နည်းပါးသွားကြောင်း သတိပြုမိခဲ့သည်။ဘာကြောင့်ဒီလိုဖြစ်ရသနည်းဟု ဆက်လက် လေ့လာစူးစမ်းကြည့်ရာ အဓိကမှာ အနီးရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင်ဓာတုပိုးသတ်ဆေးများကို တရားလွန်အသုံးပြုလာကြသောကြောင့်ဖြစ်ကြောင်း ခိုင်ခိုင်မာမာ တွေ့ရှိခဲ့ရသည်။
ထိုစိုက်ခင်းများတွင် သီးနှံဖျက်ပိုးမွှားရန်မှ ကာကွယ်ရန် ဒီတီတီ (DTT) အပါအဝင် ဓာတုပိုးသတ်ဆေးများကိုမကြာခဏဆိုသလို အသုံးပြုနေရာမှ ကျေးငှက်တိရစ္ဆာန်များ သေကြေကုန်ကြရကြောင်း သက်သေပြခဲ့သည်။ ထိုမျှမကမသေသော ငှက်များမှာလည်း မျိုးမအောင်နိုင်အောင် မျိုးပွားအဂါင်္ မှာ ပျက်စီးကုန်ခြင်း၊ ဥများတွင် အခွံများပါးလွှာကာဥမအောင်တော့ခြင်းများ ကြုံတွေ့လာရသည်။ ပိုးသတ်ဆေးဓာတ်ကြွင်းများသည် မိုးရွာသောအခါ မြေကြီးပေါ်မှတဆင့်မြောင်းငယ်ချောင်းငယ်များအတွင်းသို့ ရောက်ရှိသွားပြီး ရေနေသတ္တဝါများကိုပါ သေစေကြောင်း သက်သေပြခဲ့သည်။
ထိုမျှမက အဆိုပါ ပိုးသတ်ဆေးများပါဝင်နေသောရေကို သောက်သုံးသူများ၊ ပိုးသတ်ဆေးအမှုန်များ ပြန့်လွင့်နေသောလေကို ရှူမိသူများ၊ ပိုးသတ်ဆေး အကြွင်းအကျန်များပါဝင်သည့် အစားအစာများကို စားမိသောလူများပါဒုက္ခရောက်နေပြီဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ပြတ်ပြတ် သားသား ဖော်ထုတ်ရေးသားခဲ့သည်။သူ၏ ရဲရဲဝံ့ဝံ့ပြောဆိုမှုကြောင့် အမေရိကန်ပြည်ထောင်စုရှိ ပြည်သူအပေါင်းမှာ နိုးကြားလာပြီး
ဓာတုပိုးသတ်ဆေးများ၏ အန္တရာယ်ကို သတိပြုလာကြသည်။ အဓိကရန်သူအဖြစ် ဓာတုပိုးသတ်ဆေးထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီများ၏ ခြိမ်းခြောက်ပြောဆိုခြင်းများကို ရင်ဆိုင်လာခဲ့ရသည်။ နှစ်ကြိမ်တိုင်တိုင်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသ်ာလည်း အသက် မသေခဲ့ပေ။ ထိုစဉ်က အမေရိကန်သမ္မတမှာ ဂျေအက်ဖ်ကေဟုလူသိများသည့် ကနေဒီ (John F. Kennedy) ဖြစ်ပြီး ကာဆန်အား အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံခဲ့သည်။
သူ၏တင်ပြချက်များကို အထက်လွှတ်တော်နှင့် ကွန်ကရက်လွှတ်တော်တို့၌ တင်ပြစေခဲ့သည်။ ထို့နောက်ကာဆန်၏တင်ပြချက်များ မှန်ကန်မှု/ရှိမရှိကို အမေရိကန်တစ်ဝှမ်းရှိ နာမည်ကျော်တက္ကသိုလ်များသို့ စမ်းသပ်စစ်ဆေးရန်တိုက်တွန်းခဲ့သည်။
ရရှိသည့်အဖြေမှာ စိတ်ဝင်စားဖို့ ကောင်းလှသည်။ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်၊ ပရစ်စတင်တက္ကသိုလ်၊ ကာလီဖိုးနီးယားတက္က သိုလ် အပါအဝင် သုတေသနပြုလုပ်ခဲ့သည့် တက္ကသိုလ်အားလုံး၏ တူညီသောအဖြေမှာရစ်ချယ်ကာဆန် ပြောတာမှန်ပါသည်ဟု ဖြစ်သည်။ ဓာတုပိုးသတ်ဆေးများကြောင့် တိရစ္ဆာန်များသာမကလူအများ၏ကျန်းမာရေးပါ ထိခိုက်စေပါသည်ဟုဆိုသည်။
ယင်းကာလအတွင်း ကာဆန်၏ ကျန်းမာရေးအခြေအနေမှာ ဆိုးဝါးလာသဖြင့် ဆေးရုံတွင် စမ်းသပ်ခဲ့ရာရင်သားကင်ဆာဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းရောဂါဖြင့်ပင် ၁၉၆၄ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့တွင်မေရီလင်းပြည်နယ်၌ ကွယ်လွန်ခဲ့သည်။ ။ သူမ မကွယ်လွန်မီ ရေးသားပြောဆိုခဲ့မှုများတွင် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့၊ နောင်လာနောင်သားများအတွက် အဆိပ်သင့်နေသော သဘာဝ ပတ်ဝန်းကျင်ကို မထားခဲ့ဖို့၊ လူသားများ၏ကျန်းမာရေးအတွက် ဓာတုပိုးသတ်ဆေးများ မသုံးကြဖို့၊ သဘဝနည်းစနစ်ဖြင့်သာ စိုက်ပျိုးကြဖို့ တဖွဖွမှာကြားရင်းကွယ်လွန်ခဲ့သည်မှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။
သူမ ကွယ်လွန်ပြီး ၁၉၇၂ ခုနှစ်ရောက်မှ အမေရိကန်ပြည်ထောင်စုတွင် DTT အပါအဝင် ဓာတုပိုးသတ်ဆေးအတော်များများကို စိုက်ပျိုး ရေးလုပ်ငန်းတွင် မသုံးဖို့ ကန့်သတ်ခဲ့ပါသည်။ ကျန်ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်းအဆိုပါကန့်သတ်မှုများကို ပြုလုပ်လာခြဲ့ကပါသည်။ ၂၀၀၄ ခုနှစ်တွင် ဆီဒွင်နိုင်ငံ၊ စတော့ဟုန်းမြို့၌ ပြုလုပ်သည့်အပြည်ပြည်ဆိုင်ရာ ညီလာခံတွင် နိုင်ငံပေါင်း (၁၆၀) ကျော်က DTT နှင့် ဓာတုပိုးသတ်ဆေး အတော်များများကိုစိုက်ပျိုးရေးလုပ်ငန်းတွင်အသုံးမပြုရန်ကန့်သတ်ပိတ်ပင်ကြောင်း သဘောတူလက်မှတ် ရေးထိုးခြဲ့ကသည်။
အမေရိကန်ပြည်ထောင်စုတွင် သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ (Environment Protection Agency) ကို ဖွဲ့စည်းဆောင်ရွက်လာအောင် စတင်လှုံ့ဆော်ခဲ့သူမှာ ရေချယ်ကာဆန် ဖြစ်ပါသည်။ သူ၏စွမ်းဆောင်မှုများကြောင့် အမေရိကန်ပြည် ထောင်စုတွင် အရပ်သားများအတွက် အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့်အမေရိကန်သမ္မတ ဂျင်မီကာတာ လက်ထက်တွင် သမ္မတ ကိုယ် တိုင်ချီးမြှင့်သည့် (Presidential Medal of Freedom) ကိုသူကွယ်လွန်ပြီးနောက်မှ ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
Credit – ဒေါက်တာ ခင်မောင်လွင် (FAME)
အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်အစားအစာများနှင့် ကျန်းမာရေး စာအုပ်မှ ပြန်လည်မျှဝေဖော်ပြပါသည်။
The post အော်ဂဲနစ်စိုက်ပျိုးရေးစနစ် appeared first on Myanmar Farmers' Portal.