Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live
သနပ်ခါးပင် စိုက်ပျိုးနည်း
$
0
0
မြန်မာအမည်      – သနပ်ခါး
အင်္ဂလိပ်အမည်   – Chinese Box Tree , Wood Apple
မျိုးရင်း              – Rutaceae
မျိုးစု                 -Limonia
မျိုးစိတ်             – L. acidissima
သိပံ္ပအမည်        – Naringi crenulata (Roxb)
                        Limonia acidissima
                        Hesperethusa crenulata (Roxb) Roeam
သနပ်ခါးပင်၏ ဝိသေသလက္ခဏာ
သနပ်ခါးပင်၏ ပုံသဏ္ဍာန်မှာ အပင် ပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀ – ၃၀ ထိ မြင့်တက်ပြီးပင်စည် နှင့် အကိုင်းအခတ်များတွင် လက်မဝက် ၊ ၁ လက်မခန့် ရှည်သည့် မာကျောသော ဆူးများပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေး ထူလာပါသည်။အရွက်ပုံသဏ္ဍာန်မှာ ရွက် ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၂ စုံမှ ၃ စုံ ထိရှိပြီး ရွက်ထိပ်တွင် တစ်ရွက်ပါ သည်။ရွက်ပြား ပြောင်ချောပြီး တောင့်တင်းမာကျောသည်။အစိမ်းရင့်ရောင်ရှိသည်။အပွင့်ပုံသဏ္ဍာန်မှာသေးငယ်ပြီး၊အ ဝါနုရောင်ရှိ သည်။အဆုပ်လိုက်ပွင့်သည်။ ရေမြေရာသီဥတုပေါ် မူတည်၍ တပေါင်း ၊ တန်ခူး ၊ ကဆုန် လများတွင် အပွင့်များပွင့်သည်။ ဝါဆို ၊ ဝါခေါင် ၊ တော်သလင်းလများတွင် အသီးရင့်မှည့်သည်။ ရေ သောက်မြစ်ရှည်လျားသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်ထွက်သည်။ အမြစ်တွင်လည်း အပွေး အခေါက်ပါရှိသည်။အမြစ်မှ သားတက်များထွက်လေ့ရှိပါသည်။
စိုက်ပျိုးနည်းစနစ်
မြေအမျိုးအစား
  • စိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံ ၊ ကျောက်စရစ်မြေ (Gravel soil)
  • ရွှံ့စေးမြေ ၊ ဆားပေါက်သောမြေ ၊ ရေဝပ်သောမြေများမှလွှဲ၍ ကျန်မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ပါသည်။
  • သဲမြေတွင်လည်း စိုက်ပျိုးနိုင်ပါသည်။ သို့သော်စိုက်ပျိုးပါက အပင်ငယ်စဉ်တွင် အပင်အသေ အပျောက်များပြီး အပင်ဖြစ်ထွန်းအားနည်းပါသည်။
မိုးရေချိန်
  • ၁၀ – ၄၀ လက်မ အကြားတွင်ရှိသော နေရာဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။
သနပ်ခါးမျိုးစေ့ယူနည်း
  • သနပ်ခါးပင်များသည် ရေမြေရာသီဥတုပေါ်တွင် မူတည်၍ တပေါင်း ၊ တန်ခူး လများတွင် ပွင့်ဖူး ပြီး ၊ ဝါဆို ၊ ဝါခေါင်လများတွင် အသီးများရင့်မှည့်ချိန်တွင် မျိုးအဖြစ် စတင်ခူးယူနိုင် ပါသည်။
  • ခူးယူပြီးသော သနပ်ခါးသီးကို ရေထဲတွင် စိမ်၍ ရေအောက်မြုပ်နေသော သနပ်ခါးအစေ့များ ကိုသာ ယူ၍ ပျိုးထောင်ရပါမည်။ ရေပေါ်တွင် ပေါလော ပေါ်နေသောအစေ့များသည် မျိုးအောင်မြင်ခြင်း မရှိပါ။
သနပ်ခါးကို ပျိုးထောင်၍ စိုက်ပျိုးသည်။ပျိုးထောင်ပုံ (၂)မျိုးရှိသည်။
  • ပျိုးဘောင်လုပ်၍ပျိုးထောင်ခြင်းနှင့်
  • အိတ်ဖြင့် ပျိုးထောင်ခြင်းတို့ဖြစ်သည်။
ပြောင်းရွှေ့စိုက်ပျိုးခြင်း
  • ပျိုးထောင်ပြီး ၄၅ ရက်သားမှစ၍ မြေတွင် စတင်ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။
  • သီးညှပ် စိုက်ပျိုးမည်ဆိုပါက တန်းကြား၊ပင်ကြား (၈ ပေ× ၄ပေ)၊(၈ ပေ× ၅ ပေ) စိုက်ပျိုးနိုင် ပါသည်။ သီးညှပ်အဖြစ်နှမ်း ၊ ပဲစဉ်းငုံ ၊ မြေပဲစသည့်ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး မိမိကြိုက် နှစ်သက်သည့် သီးနှံများကို စိုက်ပျိုးနိုင်ပါသည်။
  • သီးညှပ်စိုက်ခြင်းမပြုလျှင် တန်းကြား ၊ ပင်ကြား (၄ ပေ × ၄ပေ)နှင့် (၅ပေ ×၅ ပေ) စိုက်ပျိုးလျှင် အသင့်တော်ဆုံးဖြစ်ပါသည်။
ကျရောက်တတ်သော ပိုးမွှား/ရောဂါများ
  • အမြစ်ပုပ်ရောဂါနှင့် ကိုင်းဖျားခြောက်ရောဂါတို့ အဓိကကျရောက်တတ်ပါသည်။
အပင်ပြုစုထိန်းသိမ်းနည်း
  • မိုးဦးကျစအချိန်နှင့်မိုးကုန်ခါနီးအချိန်တွင် အနည်းဆုံး တစ်နှစ်(၁)ကြိမ် ၊ (၂)ကြိမ် ကွန်ပေါင်းဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောနှော၍ ကျွေးသင့်ပါသည်။
  • သနပ်ခါးပင်ခြေမှ ၂-၃ ပေခွာ၍ အပင်ပတ်လည် မြေဆွပေးရပါမည်။
  • ပေါင်းမြက်များ ရှင်းလင်းပေးရပါမည်။
  • အပင် (၂ -၃) နှစ်သား အရွယ်မှစ၍ ပင်ခြေအတက်များနှင့် အကိုင်းအခက်များကို ရှင်းလင်း ဖယ်ရှားပေးရပါမည်။
  • ရာသီဥတုအခြေအနေနှင့် အပင်အခြေအနေပေါ်မူတည်၍ ပင်လုံးပျံ့ပိုးသတ်ဆေး ၊ ထိသေပိုး သတ်ဆေး ၊ မှိုသတ်ဆေးများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပက်ဖျန်းပေးသင့်ပါသည်။
ဈေးကွက်ဝင် သနပ်ခါးအဆင့်(ရိတ်သိမ်းချိန်)
  • စိုက်ခင်းအသစ်များတွင် အပင်သက်တမ်း (၆) နှစ်၊ (၇)နှစ်သားမှစတင်၍ သနပ်ခါးအဖြစ် စ တင်ဈေးကွက်ဝင် ရောင်းချနိုင်ပါသည်။
  • အများအားဖြင့် (၈)နှစ်မှ (၁၀)နှစ်သားအရွယ်သည် ဈေးကွက်တွင်းသို့အရောင်းအများဆုံး အရွယ် ဖြစ်ပါသည်။
  • သားတက် သနပ်ခါးခင်းများတွင် အပင်သက်တမ်း (၅-၆)နှစ်တွင် စတင်ရောင်းချပြီး ၊ (၆)နှစ် မှ(၈)နှစ်အရွယ်သက်တမ်းသည် ဈေးကွက်အဝင်ဆုံး ရောင်းချချိန် ဖြစ်ပါသည်။
  • အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိရန်မှာ သက်တမ်း (၃၅) နှစ်ခန့် လိုပါသည်။
  • ဒေသအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း မြန်မာ့သနပ်ခါးသည် အရည်အသွေးအ ကောင်းဆုံးဖြစ်သည်။
သနပ်ခါးတွင် ဓာတုပစ္စည်းပါဝင်မှု
  1. 2 – quinolone and 2 – hydroxyquinoline
  2. N – acetyl – N- methyltryptamine
  • Tanakine and Tanakamine
  1. 7- methoxy – 6-(2,3-epoxy-6-methylbutyl)coumarin
  2. 4-methoxy – 1-methyl – 2 quinolone and marmesin from the organic extracts of the root bark
  3. Suberosin နှင့် marmesin တို့သည် Antibacterial activity နှင့် UV absorption ဂုဏ်သတ္တိများရှိပါသည်။
သနပ်ခါးမှ ဆေးဘက်အသုံးဝင်ပုံ
  • မြန်မာ့ဆေးကျမ်းများအရ
သနပ်ခါးသည် ပူ၏ ၊ သွေးကိုကြွစေတတ်၏ ၊ ပူ ခါး ချုပ် ပွင့် ဖြစ်၏ ၊ ငန်းမန်းကို နိုင်စေ၏။ အပူနာ ၊ အအေးနာ ၊ နှစ်မျိုးစလုံးနိုင်၏ဟု ဆိုထားပါသည်။
အသုံးပြုပုံ
အရွက် ၁။ ဝက်ရူးပြန်ရောဂါဆေးတွင် သုံး၏။အနာကြီးရောဂါများသည်များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်ရ၏ ၊ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်ပါက ဌက်ဖျားရောဂါ ပျောက်၏။အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရ၏။
၂။ အရွက်ကို အခြောက်လှန်းအမှုန့်ပြပြီး ကွမ်းသီးလုံးခန့် ရေနှင့်သောက်ပါက အဖောအရောင် ၊အနာ အဆာနှင့် ကိုယ်တွင်း ရောဂါဟူသမျှ ကင်းရှင်းပပျောက်၏။
အသီး ၃။ အဆိပ်ပြေဆေး ၊ခွန်အားတိုးဆေး ၊ကျောက်ရောဂါကာကွယ်ဆေးနှင့်ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သော ဆေးများတွင် ထည့်သွင်းအသုံးပြုသည်။
အမြစ် ၄။ ဝမ်းနုတ်ဆေး ၊ ချွေးထုတ်ဆေး တို့တွင် သုံး၏။ အမြစ်ကို နနွင်းနှင့် သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါသည်များ ပျောက်၏။ ကလေးချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူ တိုက်ကာ ချွဲအမြန်ကျ၏။
၅။ သနပ်ခါးမြစ် ၊ ပန်းနုအမှုန့် ငါးပဲသားစီကို ပျားရည်နှင့် ရောလျက်သော အစာအိမ်ရှိ အဆိပ်ပြေစေ၏ ဟုဆိုထားပါသည်။
သိပံ္ပနည်းဆေးကျမ်းအရ
၁။ Anti – bacterial နှင့် Anti- fungal ပါဝင်မှုကြောင့် အသားရေကို ကြည်လင်သန့်စင်စေသည်။ ဝက်ခြံ ၊ တင်းတိပ်ကို ပျောက် ကင်းစေသည်။အဖြူစက် ၊ အမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက် ကင်းစေပြီး ၊ အဖုအပိတ်များကိုလည်း ပျောက်ကင်းစေပါသည်။
၂။ သနပ်ခါးတွင် Coumarine တို့ပါဝင်သဖြင့် အသားအရည်ပေါ်တွင် ဘက်တီးရီးယားနှင့်မှိုကြောင့် ဖြစ်သော ရောဂါများ ကိုဖယ်ရှား ပေးနိုင်ပြီး အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး အရွယ်နုပျိုလန်းဆန်း စေပါသည်။
၃။ Mamesin ပါဝင်မှုကြောင့် ခရမ်းလွန်ရောင်ခြည် (UV-A ray) ကြောင့် ဖြစ်ပေါ်သော မျက်နှာပေါ် တွင် အရေပြားတွန့်လိမ်ခြင်း (အရေးကြောင်းပေါ်ခြင်း)တို့မှ ကာကွယ်ပြီး ၊ အိုမင်းရင့်ရော်မှုမှ ကာကွယ် နိုင်ပြီး ၊ ခရမ်းလွန်ရောင်ခြည် (UV – B ray) ကြောင့်ဖြစ်ပေါ်သော အရေပြား အရောင်ပျက်ခြင်း (Skin discoloration) မှကာကွယ်ပြီး ၊ တင်းတိတ်နှင့် အရေပြား ကင်ဆာဖြစ်ပေါ်မှု ကိုလည်း ကာကွယ်ပါသည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post သနပ်ခါးပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
ဂေါ်ဖီထုပ်တွင် ကျရောက်တတ်သော ပိုးမွှားများနှင့် ကာကွယ်နှိမ်နင်းနည်းများ
⁠ဂေါ်ဖီထုပ်တွင် ကျ⁠ရောက်တတ်⁠သော ပိုးမွှားများ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
အော်ဂဲနစ်အစားအစာများ နှင့် အော်ဂဲနစ်အစားအစာ ဟုတ်/မဟုတ် ဘယ်လိုသိနိုင်မလဲ
$
0
0
အော်ဂဲနစ်အစားအစာများ (Organic foods) ဆိုသည်မှာ
အော်ဂဲနစ်အစားအစာ ဆိုသည်မှာ အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော အစားအစာများကို ဆိုလိုပါသည်။ ယင်း အစားအစာများတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့် ဓာတုဓာတ်ကြွင်းများ မပါသလောက်လျော့နည်းရပါသည်။ လက်ရှိ စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးမပြုတော့သော်လည်း ယခင်နည်းစနစ်အဟောင်းဖြင့် အသုံးပြုခဲ့သောမြေကြီးထဲရှိ ဓာတုဓာတ်ကြွင်း တချို့ အနည်းငယ်ပါလာနိုင်သဖြင့် သတ်မှတ်စံချိန်စံညွှန်း မပိုပါက အော်ဂဲနစ်အစားအစာအဖြစ် ခွင့်ပြုထားခြင်းဖြစ်ပါသည်။
ထို့အပြင် အစားအစာများကို မျိုးဗီဇပြုပြင်ထားခြင်း မပြုလုပ်ရပါ။ ဥပမာအားဖြင့် ဆန်စပါးကို အထွက်နှုန်းတိုးအောင်မျိုးဗီဇပြုပြင် ထားခြင်း၊ ဗီတာမင် အေ ပါဝင်မှုများပြားအောင် မျိုးဗီဇပြုပြင်ထားခြင်းတို့ ပြုလုပ်ထားပါက အော်ဂဲနစ်အဖြစ် သတ်မှတ်လို့ မရပါ။ သီးနှံ များကို စိုက်ပျိုးရာတွင် အော်ဂဲနစ်လက်မှတ်ထုတ်ပေးသော အဖွဲ့အစည်း၏ စံချိန်စံညွှန်းနှင့် ကိုက်ညီရုံသာမက သီးနှံကို ခူးဆွတ်ပြီး နောက်ပိုင်းတွင်လည်း သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီဖို့လိုပါသည်။ ဥပမာ မြန်မာနိုင်ငံ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလျှက်ရှိသော ငှက်ပျောသီး မှည့်အောင် ဓာတုဆေးစိမ်သည့်ပုံစံမျိုး လုံးဝခွင့်မပြုပါ။ မည်သည့် ဓာတုဆေးများနှင့်မဆို ပြုပြင်ခြင်း မပြုလုပ်ရပါ။ အချို့သောအစားအစာများ အထူးသဖြင့် သစ်သီးများတွင် ပါဝင်နိုင်သည့်ရောဂါ ပိုးမွှားများကို ဓာတ်ရောင်ခြည်ပေး၍သတ်ခြင်း (Irridiation) များ ပြုလုပ်ခွင့်မရှိပါ။ အစားအစာများကို ကြာရှည်ခံအောင် ဓာတုပစ္စည်းများထည့်၍ ပြုပြင်ထားခြင်း မလုပ်ရပါ။ ထိုမျှမက
သဘာဝအရောင်အဆင်း၊ အနံ့အရသာအတိုင်းသာ ထားရှိစေရပါမည်။ သဘာဝမဟုတ်သော အနံ့၊ အရသာ ကောင်းမွန်အောင် ထပ်မံဖြည့်စွက် ထည့်သွင်းခြင်း မပြုလုပ်ရပါ။
ထို့ကြောင့် အော်ဂဲနစ်အစားအစာသည် သာမန်သဘာဝနည်းဖြင့် စိုက်ပျိုးထုတ်လုပ်ထားမှုထက် များစွာ ပိုမိုနက်ရှိုင်းသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း စိုက်ပျိုးထုတ်လုပ်ထားသော အဆင့်အတန်းအလွန်မြင့်မားသည့်အစားအစာများ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ချမ်းသာကြွယ်ဝသောနိုင်ငံများ၊ ချမ်းသာသော လူတန်းစားများ သို့မဟုတ်အသိဉာဏ်ဗဟုသုတ မြင့်မားသူများသာ အဓိက စားသုံးကြသည့် အစားအစာတစ်ခု ဖြစ်လာခဲ့သည်။ ယနေ့အခါ၌မြန်မာနိုင်ငံတွင်လည်း အော်ဂဲနစ် အစားအစာများ၊ အော်ဂဲနစ်ဆေးဝါးများကို စားသုံး လိုသည့် လက်ရှိလည်းစားသုံးနေကြသည့် လူတန်းစားတစ်ရပ်လည်း ပေါ်ထွက်လာနေပြီဖြစ်ပါသည်။
အော်ဂဲနစ်အစားအစာ ဟုတ်/မဟုတ် ဘယ်လိုသိနိုင်မလဲ
စားသုံးသူတစ်ယောက်အနေနဲ့ အစားအစာတစ်ခုသည် အော်ဂဲနစ်ဟုတ်/မဟုတ် သိရန် အရေးကြီးပါသည်။ မိမိအနေနှင့် အော်ဂဲနစ်ကို ရွေးချယ်စားသုံးလိုပါက မည်သည့်အစားအစာသည် အော်ဂဲနစ်ဖြစ်ကြောင်း ခွဲခြားသိနိုင်ရန်အောက်ပါအချက်များကို သိထားဖို့လိုပါသည်။
အရေးကြီးဆုံးမှာ တံဆိပ်ဖြစ်ပါသည်။ စားသုံးကုန်တစ်ခုတွင် “Certified Organic” ဟုရေးထားလျှင်အော်ဂဲနစ်ဖြစ်ကြောင်း သိနိုင် ပါသည်။ အော်ဂဲနစ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားပြီးဖြစ်ကြောင်း ရည်ညွှန်းပါသည်။မြန်မာနိုင်ငံတွင် မြန်မာအ်ေဂဲနစ်အစုအဖွဲ့ (Myanmar Organic Agriculture Group) က ထုတ်ပေးသည့် Certified Organic by MOAG ဆိုပါက မြန်မာအော်ဂဲနစ် အစု အဖွဲ့ကစစ်ဆေးအတည်ပြုပြီးဖြစ်သည်ဟု ဆိုလိုပါသည်။ အလားတူပင်အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း အော်ဂဲနစ်အသိ အမှတ် ပြုအဖွဲ့ဖြစ်သည့် ACT က စစ်ဆေးပြီး လက်မှတ်ထုတ်ပေးလျှင် Certified Organic by ACT (Thailand) ဟု ရေးသားထားသည်ကို တွေ့နိုင်ပါသည်။
ကမ္ဘာပေါ်တွင် အော်ဂဲနစ်နှင့်ပတ်သက်၍ အဆင့်မြင့်ဆုံးအဖွဲ့အစည်း (၂) ခု ရှိပါသည်။ တစ်ခုမှာဂျာမနီနိုင်ငံအခြေစိုက် IFOAM (International Federation of Organic Agriculture Movements) ဖြစ်ပြီး ကျန်တစ်ခုမှာအမေရိကန်နိုင်ငံအခြေစိုက် USDA (United States Department of Agriculture) မှ ဖြစ်ပါသည်။
ယင်းအဖွဲ့အစည်းများအနေနှင့် တိုက်ရိုက်စစ်ဆေးခြင်း မရှိဘဲ ယင်းတို့အသိအမှတ်ပြုထားသော စစ်ဆေးရေးအဖွဲ့အစည်း
(Auditing Farm) မှ လာရောက်စစ်ဆေးကာ လက်မှတ်ထုတ်ပေးသည့်စနစ်ဖြစ်သည်။ ထိုအဖွဲ့အစည်း (၂) ခုအသိအမှတ်ပြုပါက တစ်ကမ္ဘာလုံး မည်သည့်နိုင်ငံတွင်မဆို အော်ဂဲနစ်ပစ္စည်းအဖြစ် ရောင်းချနိုင်ပါသည်။ဒုတိယအုပ်စုအနေနှင့် အဆိုပါတံဆိပ် မပါ ရှိသော်လည်း တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချလေ့ရှိသူများအတွက်ရေးသားလေ့ရှိသောစာတမ်းတချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
(က) Green Labels (အစိမ်းရောင် အစားအစာ)
-ယင်းသည် သာမန်အားဖြင့် ဓာတုဆေးဝါးများ သုံးမထားပါဟု ဆိုလိုပါသည်။
(ခ) Natural (သဘာဝ) ဟု တံဆိပ်ကပ်ပြီး ရေးလေ့ရှိသည်။
(ဂ) Earth-friendly (ကမ္ဘာမြေ၏မိတ်ဆွေ) ဟုလည်း တချို့သုံးကြသည်။
(ဃ) Free from Pesticide (ပိုးသတ်ဆေးသုံးမထား) ဟု ဆိုလိုသည်။
အဆိုပါတံဆိပ်များ ကပ်ထားသော်လည်း Certified လုပ်ထားသည့်အဖ့အွဲ စည်း ဖော်ပြမထားပါကအော်ဂဲနစ်ဖြစ်ကြောင်း မသေချာလှပါ။ တချို့ မှန်မှန်ကန်ကန်ရေးသားသူများရှိသလို တချို့မှာ ပိုမိုရောင်းကောင်းအောင် လိမ်ညာပြောဆိုရောင်းချမှုများကိုလည်း ကြုံတွေ့ရလေ့ရှိ ပါသည်။ ထုတ်လုပ်ရောင်းချသည့် ပုဂ္ဂိုလ်၊ အဖ့အွဲ စည်းအပေါ် ယုံကြည်မှုဖြင့်သာ စားသုံးကြရပါမည်။
နောက်ထပ်သိနိုင်သည့်နည်းတစ်ခုမှာ မိမိကိုယ်တိုင်သိရှိပြီးသောခြံမှ ဝယ်ယူစားသုံးခြင်း ဖြစ်သည်။ ဥပမာ မိမိ၏ အသိခြံသို့ မိမိ ကိုယ်တိုင်သွားရောက်လေ့လာခါ အော်ဂဲနစ်သီးနှံများကို ဝယ်ယူစားသုံးခြင်းဖြစ်ပါသည်။ ခြံပိုင်ရှင်နှင့် ကြိုတင်ညှိနှိုင်းကာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ မသုံးရန်၊ ဓာတ်မြေသြဇာများအစား သဘာဝမြေသြဇာများသာ သုံး၍စိုက်ရန် ကြိုတင်ညှိနှိုင်းပြီး ဝယ်ယူစား သုံးပါကလည်း အသိအမှတ်ပြုလက်မှတ် မရစေကာမူ ယုံကြည်စိတ်ချရသော အော်ဂဲနစ်သီးနှံများကို စားသုံးနိုင်ပါသည်။
နောက်ဆုံး ဘယ်လိုမှ မသိနိုင်သောအခြေအနေဖြစ်ခ့လျှဲင် သီးနှံ၏ပုံပန်းသဏ္ဍာန်ကို ကြည့်၍ အနီးစပ်ဆုံး ခွဲခြားနိုင်ပါသည်။ ယေဘု ယျအားဖြင့် ဓာတ်မြေသြဇာသုံးထားသော သစ်သီးသစ်ဥများသည် သာမန်ထက်ပိုမို ကြီးထွားလေ့ရှိပြီး အော်ဂဲနစ်သီးနှံများမှာ ပုံမှန် သို့မဟုတ် ပုံမှန်ထက် သေးနေလေ့ရှိပါသည်။ ဓာတုဆေးစိမ်ထားသော သစ်သီးများသည် ညီညီညာညာမှည့်သော်လည်း သဘာဝအတိုင်း ပုံမှန်မှည့်သောသစ်သီးများမှာ အရောင်တပြေးညီ ဖြစ်နေလေ့မရှိပါ။ ဥပမာ သင်္ဘောသီးအစိမ်းကို ဆေးစိမ်လိုပါက ညီညာစွာ ဝင်းဝါလာမည်ဖြစ်သော်လည်း သဘာဝအတိုင်း မှည့်စေပါက ဝါသည့်နေရာဝါ၊ စိမ်းသည့်နေရာစိမ်း၊ ကွက်တိကွက်ကြားနှင့် ရက်အတော်ကြာကြာ ရှိနေမည်ဖြစ်သည်။
Source – ဒေါက်တာခင်မောင်လွင် (FAME)
အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်အစားအစာများနှင့် ကျန်းမာရေး စာအုပ်မှ မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။
The post အော်ဂဲနစ်အစားအစာများ နှင့် အော်ဂဲနစ်အစားအစာ ဟုတ်/မဟုတ် ဘယ်လိုသိနိုင်မလဲ appeared first on Myanmar Farmers' Portal.
မျိုး⁠ကောင်း မျိုးသန့် ထုတ်လုပ်ရာတွင် သိရှိထားသင့်⁠သော အေ⁠ခြခံအချက်များ
$
0
0
၁။ မျိုးစေ့အကြောင်း ဆည်းပူးလေ့ရှိခြင်းသည် သိပ္ပံပညာရပ်ဖြစ်၍ မျိုးစေ့များကို နည်းစနစ်မှန်ကန်စွာဖြင့် သားဆက် အဆင့်ဆင့်သို့ ဗီဇမပျက်အောင် ပွားများထုတ်လုပ်ခြင်းသည် နည်းပညာတစ်ရပ်ဖြစ်သည်။
၂။ မျိုးစေ့သည် သက်ရှိပစ္စည်းတစ်ခုဖြစ်၍ အသက်ရှင်သန်ပွားများနိုင်ရန် စနစ်တကျထိန်းသိမ်းစောင့်ရှောင့်ပေးရန် လိုအပ်ပါသည်။
၃။ မျိုးစေ့သည် “မျိုးရိုးဗီဇ” ကို သားဆက်အဆင့်ဆင့်သို့ မျိုးမပြတ်စေရန် သယ်ဆောင်နိုင်စွမ်းရှိသော သီးနှံပင်၏ အစိတ်အပိုင်း ဖြစ်သည်။
၎။ မျိုးစေ့သည် အစိုဓါတ်ကို စုပ်ယူနိုင်စွမ်းရှိသကဲ့သို့ မျိုးစေ့အတွင်းရှိ အစိုဓါတ်ကို စွန့်ထုတ်နိုင်သည်။
၅။ “မျိုးစေ့ အပင်ပေါက်စွမ်းရည်” နှင့် မျိုးစေ့ စွမ်းအားသည် ဇီဝကမ္မရင့်မှည့်ချိန်တွင် အမြင့်မားဆုံးဖြစ်၍ ပတ်ဝန်းကျင်းအခြေအနေနှင့် သိုလှောင်ချိန်ကာလအရ စွမ်းအားယုတ်လျော့သေကြေပျက်စီးနိုင်သည်။
၆။ မျိုးစေ့အရည်အသွေးကို ပျက်စီးစေသော အဓိကအကြောင်းနှစ်ခုမှာ အပူချိန်မြင့်ခြင်းနှင့် မျိုးစေ့အတွင်း အစိုဓါတ်များခြင်း ဖြစ်သည်။ မျိုးစေ့အတွင်း အစိုဓါတ်သည် အပူချိန်ထက်ပို၍ အေ၇းကြီးသည်။
၇။ မျိုးစေ့တိုင်းသည် “အဟောင်း၏ အဆုံးနှင့် အသစ်၏ အစ” ဖြစ်သည်။
၈။ မျိုးစေ့ (Seed) နှင့် မျိုး (Variety) ၏ အဓိပ္ပါယ်ကို ခွဲခြားသိရှိလိုပါသည်။
၉။ “မျိုး (Variety)” ဆိုသည်မှာ  စိုက်ပျိုးထားရှိသော သီးနှံပင်နှင့် ပြင်ပရုပ်သွင်းအားဖြင့်လည်းကောင်း၊ ဇီဝကမ္မအားဖြင့် လည်းကောင်း၊ ဇီဝအားဖြင့်လည်းကောင်း၊ ဓါတုပစ္စည်းပါဝင်မှုအားဖြင့်လည်းကောင်း ထပ်တူထပ်မျှညီ၍ အခြားထူးခြားသော လက္ခဏတစ်ရပ်ဖြင့် ထင်ရှားစွာ ဖော်ပြနိုင်ပြီး လိင်ဖြင့် သို့မဟုတ် လိင်မဲ့မျိုးဆက်ပြန့်ပွားသည့်အခါ တူညီသော မျိုးရိုးဗီဇ နှင့် ထင်ရှားသော အရည်အချင်း လက္ခဏာများကို ဆက်လက်ဖော်ဆောင်နိုင်စွမ်းရှိရပါမည်။
၁၀။ “မျိုးစေ့” (Seed) ဟူသည်မှာ စိုက်ပျိုးရန် ရည်ရွယ်၍ ထုတ်လုပ်ပြီး မျိုးစေ့အဆင့် (Seed class) အလိုက် သတ်မှတ်ထားသော အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် သီးနှံ၏ မူလ မျိုးရိုးဗီဇ၊ ရုပ်သွင်များ ထပ်တူညီမျှရရှိအောင် စနစ်တကျ ထိန်းသိမ်းထုတ်လုပ်ရရှိသော သစ်စေ့ဖြစ်ပါသည်။
၁၁။ “သီးနှံစေ့ (မျိုးဆန်)” (Grain) ဟူသည်မှာ စားသုံးရန် ရည်ရွယ်၍ တောင်သူများ မိရိုးဖလာနည်းဖြင့် မိမိလယ်ယာမှ ထွက်ရှိသော သီးနှံစေ့ကို ပြန်လည်သုံးပြုပြီး သားဆက်ပေါင်းများစွာ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးခြင်းဖြင့် ဗီဇ အရည်အသွေးညံ့ဖျင်းသော သီးနှံစေ့ (မျိုးဆန်) ကို ရရှိလာပါသည်။ မျိုးဆန်ကို စိုက်ပျိုးခြင်းဖြင့် မျိုးဗီဇညံ့ဖျင်းလာပြီး အထွက်နှုန်းလျော့နည်းလာသည့်အပြင် သီးနှံထွက်ကုန်အရည်အသွေးပါ ကျဆင်းလာစေသည်။
၁၂။ “မျိုးကောင်း မျိုးသန့် မျိုးစေ့” ကို အသုံးပြုစိုက်ပျိုးမှသာ အထွက်နှင့် အရည်အသွေး တိုးတက်မည်ဖြစ်သည်။
၁၃။ “မျိုးကောင်း” ဆိုသည်မှာ အထွက်ကောင်းခြင်း၊ စားသုံးမှု ကောင်းမွန်ခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း၊ နေရာဒေသ မရွေး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ခြင်း၊ ဓါတ်မြေသြဇာတုန့်ပြန်နိုင်စွမ်း ကောင်းခြင်းစသည့် အရည်အချင်းနှင့် ပြည့်စုံသော မျိုးကို ခေါ်ဆိုပါသည်။
၁၄။ “မျိုးသန့်” ဆိုသည်မှာ မျိုးတစ်မျိုး၏ မျိုးစေ့များထဲတွင် အခြားမျိုးကွဲများ၊ ပေါင်းမြက်စေ့များ၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲများပါဝင်မှုမရှိပဲ မျိုးရိုးဗီဇပါ သန့်စင်ခြင်းကို ဆိုလိုပါသည်။
၁၅။ “မျိုးသန့်၏ အရည်အချင်းများ” မှာ အပင်ဖြစ်ထွန်းမှုကောင်းခြင်း၊ အပင်ညီညာခြင်း၊ ပန်းပွင့်ရက်ညီညာခြင်း၊ ပင်စည်အကိုင်း အခက်အရွက်နှင့်  အသီးအပွင့်များ ပုံသဏ္ဍာန်ကွဲလွဲမှု မရှိခြင်း၊ အခြားသီးနှံနှင့် ပေါင်းမြက်များကင်းစင်ခြင်းတို့ဖြစ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post မျိုး⁠ကောင်း မျိုးသန့် ထုတ်လုပ်ရာတွင် သိရှိထားသင့်⁠သော အေ⁠ခြခံအချက်များ appeared first on Myanmar Farmers' Portal.
သီးနှံ⁠ဘေးထွက်ပစ္စည်းများ၏ အသုံးဝင်ပုံ၊ ⁠နှင့် အကျိုး⁠ကျေးဇူးများ
$
0
0
သီးနှံဘေးထွက်ပစ္စည်းများဖြစ်သော ကောက်ရိုး၊ နှမ်းရိုး၊ နေကြာရိုး၊ ပြောင်းရိုး၊ပဲစင်းငုံများကို အထက်မြန်မာပြည်  အချို့သော တိုင်းပြည် များတွင် များပြားစွာစုပုံပြီး အလေအလွင့်သဘောမျိုးထားရှိကြောင်း တွေ့ရသည်။
ကောက်ရိုး၊ ပဲရိုး၊ပဲစင်းငုံရိုးများကိုနွားစာအဖြင့်လည်းကောင်း၊ ထင်းအဖြင့်လည်းကောင်း ပြန်လည်အသုံးပြုလေ့ရှိသော်လည်း နှမ်းရိုး ၊ နေကြာရိုးများကိုမူ အလေအလွင့် သဘောမျိုး စုပုံထားလေ့ရှိပါသည်။ အထူးသဖြင့်  နှမ်းရိုးနှင့် နွားစာအပြင် ပိုလျှံသော သီးနှံဘေးထွက် ပစ္စည်းများကို ဖြတ်စငယ်အဖြင့် ဆင်း၍ သီးနှံစိုက်မြေတွင် ထည့်သွင်းပေးခြင်းအားဖြင့် မြေတွင် ပိုတက်စီယမ်ဓာတ်များစွာ ရရှိပြီး   မြေသားအခြေအနေ တိုးတက်ကောင်းမွန်ကာ အပင်အတွက် အဓိကလိုအပ်သော အာဟာရဓာတ်များ ရရှိနိုင်ကြောင်း တွေ့ရှိရပါမည်။ သိုဖြစ်၍ အဆိုပါသီးနှံဘေးထွက်ပစ္စည်းများ ရရှိနိုင်မည့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း အတွင်းရှိ တစ်မြို့နယ်လျှင် ကျေးရွာတစ်ရွာစီ စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပြုလုပ်နည်း
  • သီးနှံဘေးထွက်ပစ္စည်းများဖြစ်သော နှမ်းရိုးနှင့် နွားစာအပြင် ပိုလျံသော ပဲရိုး၊ ကောက်ရိုး၊နေကြာရိုး စသည်များကို  နွားစာစဉ်း သည့် ခြေနင်း နွားစာဖြတ်စက်ဖြင့် (၂-၃) လက်မ ဖြတ်စအရွယ်များစင်းပါ။
  • ကျိုးကျေစေရန် အခြားသောနည်းလမ်း (ဥပမာ-နွားကျွဲနင်းခြေခြင်း၊ လမ်းများတွင်ခင်းခြင်း)များဖြင့် လုပ်နိုင်ပါသည်။
  • မြေတွင်းသို့ မြေပြုပြင်ချိန်တွင် ထယ်ထိုး၊ ထွန်မွှေပြီး တိုက်ရိုက်ထည့်ပေး၍ ဆွေမြေ့ကြေပျက်စေရပါမည်။
  • သီးထပ်စိုက်သောနေရာတွင် ပဲ၊ နွေစပါး၊ နှမ်းရိုးဖြတ်များကို မြေသွင်းသို့ထယ်ထိုး၊ ထွန်မွှေ၍ ထည့်ပေးခြင်း (သို့) နွေစပါးတွင် စပါးပင်တန်းကြား၌ နှမ်းပင်ရိုးအလိုက်ထည့်သွင်းပေးနိုင်ပါသည်။ နှမိးရိုးများသည် ခြောက်သွေ့ကြွပ်ဆတ်နေသဖြင့် ထည့်သွင်းရ လွယ်ကူပါသည်။
  • ကောက်ရိုးများကို စပါးရိတ်သိမ်းပြီး အောက်တိုဘာ၊ နိုဝင်ဘာလတွင်မြေတွင်း (၄-၅) လက်မ အနက်တွင်းသို့ ထယ်ထိုးထည့်   ပေးရပါမည်။
ရရှိမည့်အကျိုးကျေးဇူး
  • နှမ်းရိုးကို မြေတွင်းသို့ ထည့်သွင်းပေးခြင်းအားဖြင့်မြေတွင် ပိုတက်စီယမ်များ ရရှိနိုင်မည်။
  • အရွက်များအစိမ်းရင့်ရောင်သို့ ပြောင်းလဲပြီး အစာချက်နိုင်ကာ အပင်အတွက် အာဟာရဓါတ် ပိုမိုရရှိစေနိုင်မည်။
  • ကောက်ရိုးများကို လယ်မြေတွင်းသို့ ထယ်ထိုးထွန်မွှေ၍ ပြန်လည်ထည့်ပေးခြင်းအားဖြင့် ယင်းမြေသည်-
  • ကောက်ရိုးရှိ ကာဘွန် (၃၅-၅၅)% အထိကြေပျက်စေပြီး အပင်မှ စားသုံးနိုင်စေခြင်း။
  • ကောက်ရိုးတွင်ပါဝင်သော ပိုတက်ဆီင်္ရန်နှင့် ဖော့စရပ်ဓါတ်များကို အပင်မှ ပြန်လည်အသုံးပြုနိုင်ခြင်း။
  • မြေတွင်းအော်ဂဲနစ်ပစ္စည်းပါဝင်မှု တိုးတက်လာခြင်း။
  • တောင်သူလယ်သမားတိုင်းအလွယ်တကူလုပ်ဆောင်နိုင်သော နည်းဖြစ်ပြီးကုန်ကျစရိတ်သက်သာစေပါသည်။
Source by – လယ်/မြေ
The post သီးနှံ⁠ဘေးထွက်ပစ္စည်းများ၏ အသုံးဝင်ပုံ၊ ⁠နှင့် အကျိုး⁠ကျေးဇူးများ appeared first on Myanmar Farmers' Portal.
အရည်အ⁠သွေး⁠ကောင်း မျိုး⁠စေ့များစိုက်ပျိုး⁠ခြင်း⁠ဖြင့် ရရှိ⁠နိုင်⁠သော အကျိုး⁠ကျေးဇူးများ
$
0
0
သီးနှံစိုက်ပျိုးထုတ်လုပ်သူနှင့် မျိုးစေ့ထုတ်လုပ်သူ (Crop Producer and Seed Producer)
  • သီးနှံစိုက်ပျိုးထုတ်လုပ်သူသည် စားသုံးသူများအတွက် ဈေးကွက်တွင် ရောင်းချရန် ဦးတည်ထုတ်လုပ်ပါသည်။
  • မျိုးစေ့ထုတ်လုပ်သူသည် သီးနှံစိုက်ပျိုးထုတ်လုပ်သူများ စိုက်ပျိုးရန် လိုအပ်သော မျိုးစေ့ရရှိရန် ဦးတည်ထုတ်လုပ်ပါသည်။
အရည်အသွေးကောင်း မျိုးစေ့များစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ
  • မျိုး၏ ကောင်းမွန်သော မူလဗီဇအရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း၊
  • အပင်ပေါက်နှုန်းကောင်းမွန်ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊
  • မြေသြဇာ၊ အစိုဓာတ်၊ အလင်းရောင် စသည်တို့ကို ပိုမိုအသုံးပြုနိုင်ခြင်း၊
  • အပင်အောင်မြင်ဖြစ်ထွန်းမှု ကောင်းခြင်း၊
  • ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်း၊
  • ပေါင်းမြက်ကင်းစင်ခြင်း၊
  • ရင့်မှည့်မှု ညီညာ၍ ရိတ်သိမ်းချိန်တွင် အလေအလွင့် နည်းပါးခြင်း၊
  • အခြားမျိုးများ မပါဝင်ခြင်း၊
  • သီးနှံအထွက်နှုန်းကို (၁၀ – ၁၂) ရာခိုင်နှုန်းအထိ ပိုမိုထွက်ရှိစေခြင်း၊
စိုက်ပျိုးရေးဦးစီးဌာန
The post အရည်အ⁠သွေး⁠ကောင်း မျိုး⁠စေ့များစိုက်ပျိုး⁠ခြင်း⁠ဖြင့် ရရှိ⁠နိုင်⁠သော အကျိုး⁠ကျေးဇူးများ appeared first on Myanmar Farmers' Portal.
⁠မြန်မာ⁠နိုင်ငံ⁠ထောပတ်သီးတွင် အဓိကကျ⁠ရောက်⁠သော ပိုးမွှားများ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
စပါးမျိုးရွေးချယ်ခြင်း နှင့် မျိုးစေ့ရယူခြင်း
$
0
0
မျိုးရွေးချယ်ခြင်း
  • ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသောမျိုးများကိုရွေးချယ်ပါ။
  • အထွက်နှုန်းကောင်း၍ဆန်အရည်အသွေးမြင့်မားသော မျိုးများကို ဦးစားပေးရွေးချယ်ပါ။
  • မိုးရာသီတွင် အောက်မြန်မာပြည်၌ သက်လတ်အထွက်ကောင်းစပါးမျိုးများဖြစ်သော မနောသုခ၊ ကျော်ဇေယျ၊ မှော်ဘီ-၂၊ ရွှေဝါထွန်း၊ ဧရာမင်း၊ ဆင်းသွယ်လတ်နှင့် ဆန်အရည် အသွေးကောင်းများဖြစ်သော ပေါ်ဆန်းမွှေး၊ လုံးသွယ်မွှေး၊ အင်းမရဲဘော်၊ ဇီယာ (နှံကားမီကောက်) စသည့်မျိုးများကို ရွေးပါ။
  • နွေရာသီတွင် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော သက်လျင်အထွက်ကောင်းမျိုးများဖြစ် သည့် ရတနာအောင်၊ ရွှေသွယ်ရင်၊ သီးထပ်ရင်၊ အိုင်အာ (၇၄၇) နှင့် သက်လတ်မျိုးများဖြစ် သော မနောသုခ၊ ရေဆင်းလုံးသွယ် စသည့်မျိုးများကို ရွေးပါ။
မျိုးစေ့ရယူစုဆောင်းခြင်း
  • မျိုးစေ့ဌာနခွဲမှ ထုတ်လုပ်သည့် မျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုးချိန် ရာသီမီရရှိရေးအတွက် ဒေသဆိုင်ရာ မြို့  နယ်မန်နေဂျာရုံးသို့ ဆက်သွယ်ပါ။
  • စိုက်ခင်းတစ်ဧကလျှင် မျိုးစေ့ (၁-၁.၅) တင်းနှုန်းဖြင့် မိမိစိုက်ပျိုးလိုသည့် ဧကအတွက်လိုအပ် ချက် မျိုးစပါးတင်းအရေအတွက်ကို ကြိုတင်စုဆောင်းပါ။
  • လက်ခံရရှိသည့် မျိုးစေ့အိတ်အတွင်းနှင့် အပြင်တွင် မျိုးစေ့ထောက်ခံချက် လေဘယ်ကဒ်ပြား များ ပါ-မပါ စစ်ဆေးပါ။
  • မျိုးသန့်မျိုးပွားမျိုးစေ့အတွက် သတ်မှတ်ချက်စံချိန်စံညွှန်းများမှာ-
(က) မျိုးသန့်စင်မှုရာခိုင်နှုန်း (အနည်းဆုံး) – ၉၈%
(ခ) အပင်ပေါက်ရာခိုင်နှုန်း (အနည်းဆုံး) – ၈၅%
(ဂ) အစိုဓာတ်ရာခိုင်နှုန်း (အနည်းဆုံး) – ၁၃%
  • ပျိုးမထောင်မီကာလအတွင်း မျိုးစေ့အိတ်များကို လေဝင်လေထွက်ကောင်းပြီး ရေမိုးလုံခြုံ သော၊ ကြွက်ဖျက်ဆီးမှု ကင်းလွတ်သောနေရာတွင် စနစ်တကျသိုလှောင်ထားပါ။
  • ပျိုးမထောင်မီ မျိုးစပါးကို စနစ်တကျစကောနှင့်ဝိုင်းပြီး ပြာတီးထားပါ။
စိုက်ပျိုးရေးဦးစီးဌာန
The post စပါးမျိုးရွေးချယ်ခြင်း နှင့် မျိုးစေ့ရယူခြင်း appeared first on Myanmar Farmers' Portal.
⁠ကောက်ညှင်းပဲ⁠ပေါင်း
$
0
0
Steamed sticky rice with bean
လူ (၂၀) ဦးစာ
ပါဝင်အမယ်များ                       အချိုးအဆ
ကောက်ညှင်းဆန်                  ၄ ခြင်တွယ်ခွက်
နှမ်းလှော်                            ၁/၂ ခြင်တွယ်ခွက်
ဆား                                 ၁ စားပွဲဇွန်း
အုန်းသီး                             ၁ လုံး
ပဲလွမ်း                               ၁/၂ ခြင်တွယ်ခွက်
ကြိုတင်ပြင်ဆင်ခြင်း
  • ကောက်ညှင်းပဲပေါင်းအတွက် ကောက်ညှင်းဆန်များကို ပြာတီး၊ ရေဆေးပြီး ရေတစ်ညစိမ်ထားပါ။
  • ပဲလွမ်းကို ရေဆေး၍ ရေ တစ်ညစိမ်ပြီးနောက် မနပ်တနပ် ပေါင်းထားပါ။
  • အုန်းသီးကို စိန်ခလုတ်ဖြင့် အမျှင်ခြစ်ထားပါ။
  • နှမ်းကို ရေစိုအ၀တ်တွင် ထည့်ထုပ်လျက် ပွတ်သပ်ကာ သဲသန့်စင်၍ လှော်ပြီးနောက် ဆားဖြင့် ရောထောင်းပါ။
ပြုလုပ်နည်း အဆင့်ဆင့်
  • ကောက်ညှင်းဖြူကို အထက်ပါအတိုင်း မနပ်တနပ် အချိန်တွင် ပဲလွမ်းမနပ်တနပ်များနှင့် ပြုတ်ရည်များပါထည့်၍ သမအောင် အထက်အောက်လှန်နောက် အဖုံးအုပ်လျက် (၅) မိနစ်ခန့် ထပ်၍ ပေါင်းပါ။
ပြင်ဆင်ရန်
  • “ကောက်ညှင်းပေါင်း ပန်းကန်” တွင် ကြက်သားကြော်ထည့်ပြီး ပြင်ဆင်ပါ။
  • “ကောက်ညှင်း ငချိပ်ပေါင်း ပန်းကန်” တွင် ငါးသလောက်ကြော်ထည့်ပြီး ပြင်ဆင်ပါ။
  • “ကောက်ညှင်း ပဲပေါင်းပန်းကန်” တွင် ငါးကျည်းကြော်ထည့်ပြီး ပြင်ပေးပါ။
  • လက်ဖက်ရည်ကြမ်းအိုး ပြင်ဆင်ပါ။
  • ကောက်ညှင်းပေါင်းချိန်လွန်လျှင် ကောက်ညှင်းပျော့ပြီး ပုံပန်းမလှမပ ဖြစ်တတ်သည်။
  • ကောက်ညှင်းပေါင်းချိန်နည်းလျှင် ကောင်ညှင်းမာတတ်သည်။
  • ကောက်ညှင်းပေါင်းစဉ်တွင် နပ်မနပ်ကို လက်နှင့် စမ်းသပ်ကြည့်ပြီးမှ ဖိုမှချပါ။
  • ပဲလွမ်းပြုတ်ရာတွင် အနူးမလွန်စေရန် သတိထားပါ။
  • နှမ်းလှော်ရာတွင် အနူးမလွန်စေရန် သတိထားပါ။
  • နှမ်းလှော်ရာတွင် မတူးစေရန်အရေးကြီးသည်။
  • နှမ်းလှော်ရာတွင် နှမ်းစေ့လေးများ ဖောင်းဖောင်းရွရွလေး ဖြစ်လာချိန်တွင် ဖိုမှချပြီးလျှင် ပြီးချင်း ပန်းကန်ထဲသို့ ပြောင်းထည့်ပါ။
  • နှမ်းလှော်ကို ဖိုမှချပြီး ဒယ်အိုးထဲတွင် ဆက်လက်ထားရှိလျှင် ဒယ်အိုးအောက်ပိုင်းရှိ နှမ်းများမှာ အညိုရောက်သို့ ပြောင်းသွားနိုင်၍ နှမ်းစေ့များ မလှမပ ဖြစ်တတ်သည်။
Pissaya Info
The post ⁠ကောက်ညှင်းပဲ⁠ပေါင်း appeared first on Myanmar Farmers' Portal.
⁠မြန်မာ⁠နိုင်ငံ သရက်သီးတွင် အဓိကကျ⁠ရောက်⁠သော ⁠ရောဂါများ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
စပါးမျိုး စိုက်ပျိုးရန်အတွက်ေ⁠မြ⁠ရွေးချယ်⁠ခြင်း
$
0
0
  • ရေထိန်းသိမ်းနိုင်စွမ်းကောင်းသော နုံးစနယ်မြေအမျိုးအစားကို ရွေးပါ။
  • မြေအနိမ့်အမြင့်ညီညာပြီး ရေသွင်းရေထုတ် လွယ်ကူသည့်မြေကို ရွေးပါ။
  • လမ်းပန်းဆက်သွယ်မှု လွယ်ကူသည့်နေရာကို ရွေးပါ။
  • ယခင်နှစ်(သို့) ယခင်ရာသီတွင် စပါးမျိုးတူ၊ မျိုးစေ့အဆင့် (Seed Class) တူညီခဲ့သော မြေကွက်ကိုဦးစားပေး ရွေးပါ။
  • ယခင်နှစ်တွင် စပါးမျိုးမတူ(မျိုးကွဲ) သို့မဟုတ် မျိုးတူမျိုးစေ့အဆင့်နိမ့်သည့်မျိုး စိုက်ခဲ့ပါက ကြားရာသီတွင် အခြားသီးနှံတစ်မျိုး (ဥပမာ- ပဲမျိုးစုံ၊ နှမ်း) စိုက်ခဲ့သည့် မြေကွက်ကိုရွေးပါ။
  • အပိုဒ် (၄-၅)ပါ မြေကွက်အမျိုးအစားများ မရနိုင်ပါက မျိုးစေ့အကြွင်းအကျန်များ ကင်းစင်ရန် ရိုးပြတ်များ မီရှို့ ခြင်း၊ ကောက်လေများပျက်စီးစေရန် အကြိမ်ကြိမ်ထယ်ထိုး၊ ထွန်မွှေ၍ရေသွင်း ပြီး သမန်းပုပ်အောင် အချိန်ယူဆောင်ရွက်ပါ။
  • သဲဆန်လွန်းသော မြေအမျိုးအစားများကို ရှောင်ပါ။
  • ရေကြီးနစ်မြုပ်လေ့ရှိသော မိုးခေါင်ပျက်စီးလေ့ရှိသော ဧရိယာအတွင်းတည်ရှိသည့် မြေကွက် ကိုရှောင်ပါ။
  • ပိုးမွှားရောဂါထူပြောစွာ ကျရောက်လေ့ရှိပြီး ယခင်ရာသီတွင် ပိုးမွှားရောဂါပြင်းထန်စွာ ကျ ရောက်ခဲ့သည့် မြေကွက်ကို ရှောင်ပါ။
  • လက်မခံနိုင်သည့်ပေါင်း (နှိမ်နင်းရန်ခက်ခဲသော၊ အဆိပ်အတောက်ဖြစ်စေသော) ပေါင်းမြက် ထူပြောစွာ ပေါက်ရောက်တတ်သည့် မြေကွက်ကိုရှောင်ပါ။
  • မျိုးစေ့ထုတ်လုပ်မည့် စပါးမျိုးဖြစ်ထွန်းမှုမှာ ကန့်သတ်ဇုံနယ်မြေ တိတိကျကျရှိပါက ထိုနယ်မြေ ၏ ပြင်ပဧရိယာတွင် မြေရွေးချယ်စိုက်ပျိုးခြင်းကို ရှောင်ပါ။
စိုက်ပျိုးရေးဦးစီးဌာန
The post စပါးမျိုး စိုက်ပျိုးရန်အတွက်ေ⁠မြ⁠ရွေးချယ်⁠ခြင်း appeared first on Myanmar Farmers' Portal.
ငရုတ်အထွက်နှုန်း တိုးစေရန် ဆောင်ရွက်ရမည့်အချက်များ
$
0
0
၁။ ရေမြေဒေသနှင့် ကိုက်ညီသော မျိုးများမှ ဖလံဖြူကင်းပြီး အရောင်လှပသည့် အသီးမှ မျိုးစေ့ကို ရွေးချယ်၍ စိုက်ပျိုးပါ။
၂။ မြေကို ထယ်ရေးနက်နက်၊ ညက်ညက်ထွန်ပြီး ရေသွင်းရေထုတ်မြောင်းများ စနစ်တကျဖော်၍ ဆောင်ရွက်ပါ။
၃။ တစ်ဧကလျှင် အပင်ပေါက်နှုန်းကောင်းမွန်သည့် မျိုးစေ့ (၁၀၀-၂၀၀) ဂရမ်နှုန်း အသုံးပြု၍ ပျိုးထောင်စိုက်ပျိုးပါ။
၎။ ပင်ကြား၊ တန်းကြား (၂×၂) ပေ (သို့) (၂×၂.၅) ပေ အကွာအဝေးဖြင့် အပင် (၈၀၀၀ မှ ၁၀၀၀၀) ၀င်ဆံ့အောင် လေးကွက်ကြားစနစ်ဖြင့် စိုက်ပျိုးပါ
၅။ တစ်ဧကလျှင် နွားချေး (၁၀) တန်၊ ယူရီးယား (၂) အိတ်၊ တီစူပါ (၁) အိတ်၊ ပိုတက် (၁) အိတ်နှုန်း ထည့်သွင်းပေးပါ။ ယူရီးယားကို မြေခံတွင် တစ်ဝက်နှင့် ကျန်တစ်ဝက်ကို ဘောင်တင်ချိန်နှင့် ပန်းပွင့်ချိန်တွင် နှစ်ကြိမ်ခွဲထည့်ပါ။
၆။ ပျိုးသက် (၃၀-၄၅) ရက်သားတွင် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးပါ။ ရွေ့ပြောင်းစိုက်ပြီးတစ်လအကြာတွင်ကြားပေါင်းလိုက်ခြင်း၊ဘောင်တင်ခြင်းနှင့် အပင်ပြုပြင်ခြင်းကို ဆောင်ရွက်ပါ။
၇။ ရွေ့ပြောင်းစိုက်ချိန်တွင် စိုက်ခင်းတွင် အစိုဓာတ်လုံလောက်မှု ရှိစေရန် အထူးဂရုပြုရပါမည်။ အပင်လှန်ချိန် အထိ အစိုဓာတ်မပြတ်စေရန် ပန်းစတင် ပွင့်ချိန်တွင် ရေသွင်းပေးခြင်းလုပ်ငန်းကို အထူးဆောင်ရွက်ပါ။
၈။ ပိုးသတ်ဆေးနှင် မှိုသတ်ဆေးမျာကို ဖော်ပြထားသည့်အတိုင်း ပက်ဖျန်း ကာကွယ်ပေးပါ။
၉။ ငရုတ်ခြောက် အရည်အသွေးကောင်း ရရှိစေရန်အတွက် ပန်းပွင့်ပြီး (၆-၈) ရက်အကြာတွင် ကောင်းစွာ ရင့်မှည့်၍ အနီရောင်သန်းသော ငရုတ်သီးများ ကိုသာ ဆွတ်ခူးပါ။
၁၀။ အရည်အသွေးကောင်းမွန်သော ငရုတ်ခြောက်များ ရရှိစေရန် (၆၀ံ) စင်တီဂရိတ်ရှိသော ရေနွေးတွင် ဘီနိုမိုင်း မှိုသတ်ဆေး (၁း၁၀၀) နှုန်းဖျော်ကာ (၅) မိနစ်စိမ်၍ (၃-၄) ရက် နေလှန်းပါ။
Pissaya_Info
Source by – လယ်/ဆည်
The post ငရုတ်အထွက်နှုန်း တိုးစေရန် ဆောင်ရွက်ရမည့်အချက်များ appeared first on Myanmar Farmers' Portal.
ဒူးရင်းသီးစိုက်ပျိုးနည်း
$
0
0
မူရင်းဒေသ – အရှေ့တောင်အာရှ၊ အီကွေတာမိုးသစ်တော
အင်္ဂလိပ်အမည် – DURAIN
ရုက္ခဗေဒအမည် – Durio Zibethenus
မျိုးရင်းအမည် – BOMBACEAE
မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သောဒေသများ
မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ကရင်ပြည်နယ် အကောင်းဆုံးဖြစ်ထွန်းသည်။ ရန်ကုန်တိုင်း၊ ပဲခူး အရှေ့ခြမ်း၊ ဧရာဝတီတိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။
လတ္တီတွဒ်
အီကွေတာမှ တောင်နှင့်မြောက် ၁၅ ဒီဂရီ အတွင်းကောင်းစွာဖြစ်ထွန်းသည်။ ၁၈ ဒီဂရီ အထိလည်း စိုက်ပျိုးနိုင်ပါသည်။
 ရေမျက်နှာပြင်အမြင့်
ပင်လယ်ရေ မျက်နှာပြင်မှ ၂၆၀၀ ပေ အထိ။ အပင်ကြီးထွားရန်နှင့် အသီးထုတ်လုပ်မှုအတွက် ပင်လယ်ရေ မျက်နှာပြင် နိမ့်မှသာ ကောင်းမွန်ပါသည်။ ပေ ၁၀၀၀ အောက်အကောင်းဆုံးဖြစ်ပါသည်။
ရာသီဉတု
ပူအိုက်စိုစွတ်သောရာသီဉတုကိုကြိုက်နှစ်သက်သည်။ ပျမ်းမျှအပူချိန် (၂၄ ဒီဂရီ ဆဲလ်စီးယပ် – ၃၀ ဒီဂရီ ဆဲလ်စီးယပ်) စိုထိုင်းဆ ၇၅ ရာခိုင်နှုန်း၊ မိုးရေချိန် ၇၅ လက်မ အထက်ရသော ဒေသတွင် ကောင်းစွာဖြစ်ထွန်းသည်။ လစဉ် ပျမ်းမျှ အပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်ထက် နည်းပါက အပင်ကြီးထွားမှု မဖြစ်ပါ။ အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထိ ခံနိုင်သော်လည်း အရွက်ကြွေပါမည်။ တစ်နှစ်ပတ်လုံး မိုးဖြန့်ရွာသော ဒေသများတွင် စီးပွားဖြစ် အသီးထုတ်လုပ်ရေးအတွက် ပိုကောင်းကြောင်းတွေရသည်။
 မြေအမျိုးအစား
မြေဆီကောင်းမွန်ပြီး ရေစီးစိမ့်မှုကောင်းသော နုန်းဆန်သောမြေ၊ မြေသားအနက် အနည်းဆုံး ၄-၅ ပေ ရှိ၍ ရေသွင်း ရေထုတ် ကောင်းစွာပြုလုပ်နိုင်သော မြေညီမြေပြန့်ကို ကြိုက်နှစ်သက်သည်။ PH 6.5 ၀န်းကျင်ရှိသော သဲနုန်း (သို့မဟုတ်) နုန်းမြေကိုနှစ်သက်သည်။
စိုက်ပျိုးချိန်
မိုးဦးကျ ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ ရေရရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။
 ဒူးရင်းမျိုးများ
မျိုးရွေးချယ်ရာတွင် (၁) အသီးထွက်ကောင်းခြင်း၊ (၂) အိမ်မွှာကြီးပြီးအသားထူ၊ အစေ့သေး၊ အရသာကောင်းခြင်း၊ (၃) စောစောပွင့်သီးခြင်းတို့ကို ဦးစားပေးသင့်သည်။အရည်အသွေးကောင်း မျိုးများဖြစ်သည့် ကန်ကလေး (၁)၊ ကန်ကလေး (၂)၊ ရွှေဒဂါင်္း မိချောင်းခေါင်းများကို စိုက်ပျိုးနိုင်သည်။
စိုက်ပျိုးနည်း
ပင်ကြားတန်းကြား တစ်ဧက၀င်ဆန့်ပင်ရေ
၃၀’ x ၃၀’ ၄၈ ပင်
၂၅’ x ၂၅’ ၇၀ ပင်
၂၀’ x ၂၀’ ၁၀၈ ပင်
ဒူးရင်းပင်စိုက်ပျိုးရန်အတွက် ၃’ x ၃’ x ၃’ အရွယ်စိုက်ကျင်းတူးပြီး မြေခံမြေသြဇာအဖြစ်၁၅း၁၅း၁၅ (၃)မျိုးစပ် နို့ဆီဘူး (၁) ဘူး၊ နွားချေးဆွေး (သို့) ကြက်ချေးဆွေး(၂)တင်း၊ မြေအောင်းပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁) ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းတွင်းထည့်ကာ တစ်လခန့် နှပ်ထားသင့်သည်။
ကျန်းမာ သန်စွမ်းသော(၁-၂)နှစ်သား ကိုင်းဆက်ပျိုးပင်များကို မြေနှပ်ထားသောကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါမည်။ ရေလုံးဝမ၀ပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး ပလက်စတစ်အနက်စဖြင့် အုပ်ပေးခြင်း၊ တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်းပေးခြင်းများ ပြုလုပ်ပေးရသည်။
စိုက်ပျိုးပြီး (၂) နှစ်သားထိ ကျနေဒဏ်ခံနိုင်ရန်အတွက် အရိပ်လုပ်ပေးရသည်။ ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေအကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။
 ရေပေးသွင်းခြင်း
မိုးကုန်ပါက ရေ၀ိုင်း၊ ရေ၀ပ်ကျင်းများပြုလုပ်ပေးရသည်။ အသီးခူးပြီးချိန်တွင် အကိုင်းရှင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေသြဇာကျွေးခြင်း (စက်တင်ဘာ/ အောက်တိုဘာ) တွင် ပြုလုပ်ပြီး မိုးစကုန်သည့်ရက်မှ (၁)လခန့် ရေဖြတ်ပြီးမှ ရေသွင်းရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းပါမည်။နိုဝင်ဘာလမှ မိုးကျသည်အထိ ရေပေးသွင်းရပါမည်။ နေ့စဉ်မသွင်းနိုင်ပါက ၄-၅ ရက်တစ်ကြိမ်လုံလောက်စွာ ပေးရမည်။
အပင်ကြီးပြုစုခြင်း
ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန် အကိုင်းဖြစ်ပြုပြင်ခြင်းလည်း လုပ်ရပါမည်။ ရှုပ်ထွေးနေသော အကိုင်း များ၊ ကိုင်းညှပ်ကိုင်းခြောက်များနှင့် ရေတက်များရှင်းရပါမည်။ ပင်စည်မှ အကိုင်းဖြတ်တိုင်း သတိထားရမည်မှာ ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ်ဆေးသုတ်လိမ်းပေးရန်ဖြစ်သည်။ ရောဂါဝင်နိုင်၍ ဖြစ်သည်။
အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့်ရောဂါအန္တာရာယ် ကာကွယ်နိုင်ပါ သည်။ အပင်ခြေအထက် (၃) ပေတွင် မည်သည့်အကိုင်းမှမရှိစေရန် ရှင်းထားရမည်။
 မြေသြဇာကျွေးခြင်း
မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရမည်။ အသီးသီးပင်ဖြစ်ပါ က ၁၅း၁၅း၁၅ မြေသြဇာကို ၁ ကီလိုမှ ၃ ကီလို (၆၀ ကျပ်သား မှ ၁ ပိဿာခွဲ) အထိ ပင်ရေ၀ိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း (Top dressing) ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄-၅ တင်းအုပ်ပေးရသည်။ မြေပေါ်ကျွေးခြင်းမှ အမြစ်မထိခိုက်စေရန် ဖြစ်သည်။
မြေသြဇာကို အကြိမ်ကြိမ်ခွဲကျွေးသင့်သည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင်ပါသည်။ သဘာဝမြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ ကောင်းမွန်ပါသည်။ နွားချေးသုံးလျှင် နွားချေးမှာ အဆွေးပါက ရောဂါ အားပေးမှု ဖြစ်စေနိုင်ပါသည်။
အသီးဆွတ်ခူးခြင်း
ဒူးရင်းသည် Year Round တစ်နှစ်ပတ်လုံးသီးသော သီးပင်ဖြစ်သည်။ စပွင့်သည်မှ မှည့်သည်အထိ ၅ လခွဲမှ ၆ လ (မျိုးအလိုက်) ထိ ကြာသည်။ ပန်းပွင့်သည် တစ်လခွဲခန့်ကြပြီး သီးကင်းမှသည် မှည့်သည်အထိ လေးလခွဲခန့်ကြာ ပါသည်။ နိုဝင်ဘာ ပန်းစပွင့်သောအပင်မှ ဧပြီလတွင် အသီးဆွတ်ခူးနိုင်သည်။
အရောင်ပြောင်း၊ ဆူးကြဲလာလျှင်ကောင်းစွာရင့်ပါသည်။ လက်မနှင့်ဆူးကိုးခေါက်ကြည့်ပြီး ဂလိုင်သံ ထွက်လာလျှင် အညှာအရစ်အထက်ဖြတ်ပြီး ခူး၍ ရပြီဖြစ်သည်။ အသီးများ ကောင်းစွာရင့်မှည့်မှသာ ဆွတ်ခူးရမည်။ အပင် မှည့်ကြွေသီးက အရသာပိုကောင်းပါသည်။
ဆွတ်ခူးပြီးအသီးများကို သာမာန်အခန်းအပူချိန်တွင် (၁၀)ရက်ခန့်ထားနိုင်ပါသည်။ ကြွေသီးမှာမူ ၂-၃ ရက်သာ ခံပါသည်။
အထွက်နှုန်း
၇-၁၀ နှစ်သား တစ်ပင်ချင်း ပျမ်းမျှအသီးထွက် ၂၀-၂၅ လုံးသာ ထားသင့်သည်။ စိုက်ပျိုးပြီး ၇နှစ်အတွင်း အရင်းကျေ၍ အမြက်ရနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ပုံမှန်(အောက်ပိုင်း) သီးနှံ ထွက်ကာလမှာ မေ၊ ဇွန်၊ ဇူလိုင် ဖြစ်သည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ဒူးရင်းသီးစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.
စပါးမျိုးစိုက်ပျိုးရန်အတွက် ပျိုးခင်းေ⁠မြ⁠ပြု⁠ပြင်⁠ခြင်း
$
0
0
(က) ပျိုးခင်းမြေနေရာရွေးချယ်ခြင်း
  • ရေသွင်းရေထုတ်လွယ်ကူသောနေရာကို ရွေးပါ။
  • မြေသြဇာကောင်းမွန်သောနေရာကို ရွေးပါ။
  • မျိုးလေ၊ မျိုးလွင့်၊ မျိုးကွဲကင်းသောနေရာကို ရွေးပါ။
  • အလင်းရောင်ကောင်းစွာ ရရှိရန် အရိပ်လွတ်ကင်းသောနေရာကို ရွေးပါ။
(ခ) သဘာဝမြေသြဇာထည့်ခြင်း
  • ပျိုးခင်းတစ်ဧကလျှင် နွားချေး၊ မြေဆွေး လှည်း (၁၀-၁၅) စီးနှုန်း အနည်းဆုံးနှစ်စဉ်ထည့်ပါ။
  • စက်ဖွဲပြာ၊ မီးဖိုပြာ၊ နွားလှည်း (၁၀-၁၅) စီးနှုန်းထည့်ပါ။
  • မြစ်ချောင်းများနှင့်နီးပါက နုံးမြေလှည်း (၅) စီးနှုန်းထည့်ပါ။
(ဂ) ပျိုးခင်းဧရိယာတွက်ချက်ခြင်း
* ပျိုးခင်းဧရိယာလိုအပ်ချက်ကို ကြိုတင်တွက်ချက်ပါ။
* မျိုးကောင်း မျိုးသန့်ထုတ်လုပ်ရာတွင် ဖြစ်နိုင်လျှင် အစိုဘောင်ပျိုးထောင်နည်းစနစ်ကို သုံးပါ။
* အစိုဘောင်ပျိုးထောင်နည်းစနစ်သုံးရန်အတွက် အခက်အခဲရှိလျှင် ခြွင်းချက်အနေနှင့် အစိုသမန်း ပျိုးထောင်နည်းကို သုံးပါ။
* စိုက်ခင်း (၁) ဧကအတွက် အကျယ် (၃)ပေ၊ အလျား (၄၅၀-၆၀၀) ပေအရှည် ပျိုးဘောင်လိုအပ်ပါ သည်။
* ပျိုးဘောင်တစ်ခုနှင့်တစ်ခုကြားတွင် (၁.၅) ပေခန့် ချန်ထားရပါမည်။
* စိုက်ခင်း (၁) ဧကအတွက် (ဘောင်ဧရိယာနှင့် ဘောင်ကြားဧရိယာအပါအဝင်) ပျိုးခင်းမြေဧရိယာ (၀.၁၀) ဧက လိုအပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post စပါးမျိုးစိုက်ပျိုးရန်အတွက် ပျိုးခင်းေ⁠မြ⁠ပြု⁠ပြင်⁠ခြင်း appeared first on Myanmar Farmers' Portal.
ဒူးရင်ပင်မှာ ကျ⁠ရောက်⁠သော ပိုးမွှား၊ ⁠ရောဂါ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
$
0
0
ကျရောက်သောပိုးမွှားနှင့် ရောဂါ
(က) ပိုးမွှား-Stem Borer(ပင်စည်ထိုးပိုး)
အလွန်ဆိုးရွားပါသည်။ ဘ၀စက်ဝန်း (၂)နှစ်ခန့်ရှိပြီး ဖျက်ဆီးကာလ ၇-၈ လခန့်ရှိသည်။ အသီးသီးအရွယ်ရောက်ပင်မှ ကျသည်။ အစာရေကြောစည်း အခေါက်ကို ကြောင်အိမ်လှေကားကဲ့သို့ စားသွားသဖြင့် မနှိမ်နင်းနိုင်ပါက အပင်သေပါသည်။
– ပိုးကျစ်စာတွေ့ပါက သံချွန်ဖြင့်အခေါက်ခွာ၍ ပိုးကောင်ရေ ဖယ်ရှားခြင်း။
– ပိုးရှိသော အပေါက်ထဲသို့ ပိုးသတ်ဆေးတစ်မျိုးမျိုး ၅ စီစီထည့်ပြီး ရွှံ့ (သို့) ပွဲလျက်ပိတ်ခြင်း။
– ဆိုင်ကလုန်း (ပိုလိုကလိုဒီဖော့+ဆိုက်ဖာ) ပိုးသတ်ဆေးကို ၁ လ တစ်ကြိမ်ဖျန်းခြင်းတို့ လုပ်ပေးရမည်။
အခြားပိုးများဖြစ်သော Local fruit borer (သီးလုံးဖောက်ပိုး), Beetles (ကျိုင်းကောင်းများ), Leaf cutter အနည်းအကျဉ်း ကျနိုင်သော်လည်း လွယ်ကူစွာ နှိမ်နင်းနိုင်ပါသည်။
(ခ) ရောဂါ – Phytophthera palmivora (ပင်စည်ပုပ် အမြစ်ပုပ်ရောဂါ)
ဒူးရင်းသီးနှံအတွက် ကပ်ဆိုးရောဂါဖြစ်သည်။ ပိုးလောက်ကောင် larva သည် ရုပ်ဖုံးမဖြစ်မီ ခုနှစ်လခန့် ဖျက်ဆီးသဖြင့် အလွန် အန္တရာယ်များသည်။ Metalaxy မှိုဆေးကို (၃) ပတ်တစ်ကြိမ် တစ်ပင်လုံးဖျန်းခြင်း၊ Redomil ကို ဒူးရင်းပင်ခြေဖြူး၍ ကျွေးခြင်းလုပ်နိုင်ပါသည်။
ပိုးနှင့် ရောဂါကို နေ့စဉ်ဂရုစိုက်နိုင်မှသာ ဒူးရင်းကိုစိုက်ပျိုးသင့်ပါသည်။
ကြိုတင်ကာကွယ်ခြင်း
မိုးရာသီ ပင်ခြေ ရေလုံးဝမ၀င်စေရန် ဆောင်ရွက်ခြင်း၊ ရေစိုနာအကွက်တွေ့ပါက ခြစ်ထုတ်ပြီး Metalaxy သုတ် လိမ်းခြင်း၊ အပင်ကိုယ်ခံစွမ်းအားကောင်းရန် 10% Phosphorus acid ကို ပင်စည်ထဲသို့ ထိုးသွင်းခြင်းကို ဆောင်ရွက် သင့်သည်။ ပိုးနှင့် ရောဂါကို နေ့စဉ်ဂရုစိုက်နိုင်မှသာ ဒူးရင်းကိုစိုက်ပျိုးသင့်ပါသည်။
Pissaya Info
The post ဒူးရင်ပင်မှာ ကျ⁠ရောက်⁠သော ပိုးမွှား၊ ⁠ရောဂါ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.
တီကျစ်စာေ⁠မြ⁠ဆွေး ⁠ပြုလုပ်နည်းအဆင့်ဆင့် ⁠နှင့် သုံးစွဲ⁠ခြင်းရဲ့ အကျိုး⁠ကျေးဇူးများ
$
0
0
တီကျစ်မြေဆွေးဆိုသည်မှာ တီကောက်ကလေးများက သဘာဝအလျှောက် မြေကြီး၊ သစ်ရွက်များ၊ သစ်ပင်အကြွင်း အကျန်များ၊  နွားချေး များ၊လယ်ယာစွန့်ပစ်ပစ္စည်းများကို စားသုံး၍ ပြန်လည်စွန့်ပစ်ထုတ်လိုက်သည့် ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပါသည်။ တီကျစ်စာမြေဆွေး သည် သဘာဝအလျှောက် တီကောက်ကလေးများ စားသုံးပြီး စွန့်ပစ်ပစ္စည်း များအား စုဆောင်းထုတ်လုပ်နိုင်သော်လည်း လူတို့ဖန်တီး   ပေးထားသော ပတ်ဝန်းကျင်တွင် တီကောင်ကလေးများကို ပွားများစေကာ မြေဆွေးထုတ်လုပ်သောနည်းက ပိုမိုအသုံးဝင်စေပါသည်။
တောင်သူလယ်သမားတိုင်း လက်တွေ့လုပ်ကိုင်နိုင်ရန်အတွက် စဉ်းစားမည်ဆိုလျှင် စရိတ်နည်းပြီး လွယ်ကူစွာ ဆောင် ရွက်နိုင်သည့် ပလပ်စတစ်အစ၊ အသုံးပြုပြီး ၀ါးဖရိန်ဖြင့်တည်ဆောက်မည့် တီကျစ်စာမြေဆွေးထုတ်လုပ်မည့် လုပ်ငန်း စဉ်အား ဆောင်ရွက်သင့်ပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင် လိုအပ်မည့်ပစ္စည်းများမှာ ၀ါးလုံး၊ သွပ်နန်းကြိုး(သို့) အုန်း ဆံကြိုး၊ ပလပ်စတစ် (အထူ) ၊ ရေဖျန်းပုံး စသည်တို့ သည် အဓိကကစ္စည်းများ ဖြစ်ပါသည်။
ပြုလုပ်နည်းအဆင့်ဆင့်
ပထမဦးစွာ  အလျား ၁၀ပေ x အနံ ၄ပေ x အမြင့်၃ပေအရွယ် ဝါးဖရိန်တခုဖြစ်အောင် ဆောင်ရွက်ရပါမည်။  အဆို ပါဖရိန်အား ခိုင်ခန့် မှု ရှိအောင်အခေါင်းပိတ်ဝါး (ဝါးယား) များဖြတ်တောက်ပြီးသုံးစွဲသင့်ပါသည်။ ခိုင်ခန့် ပြီးသော ဝါးဖရိန်အတွင်းပလပ်စတစ်အထူစအား ကန်အတွင်းဂွင်ကျဖြစ်စေရန် အောက်ခြေခင်းခြင်း၊ ဘေးကာခြင်းအားဆောင် ရွက်ရပါမည်။
၎င်းပလက်စတစ်ကန်အတွင်းသို့  မြေကြီးနှင့်နွားချေး/ကြက်ချေးများဖြည့်တင်းရပါမည်။ ထို့ နောက် သစ်ရွက်အပိုင်း အစများ ၊စားကြွင်း စားကျန်များ၊ ပေါင်းမြက်များနှင့်လယ်ယာစွန့်ပစ်ပစ္စည်းများအား ထည့်သွင်းရပါမည်။ အစိုဓါတ် ရရှိစေရန်အတွက် ရေဖျန်းပေးရပါမည်။   ရေဖျန်းရာတွင် ထည့်သွင်း ထားသောပစ္စည်းများစိုစွတ်နေရုံလောက်ပဲဖြစ်ပြီး ရေမြှုပ်နေစေရန်အထိ ရေမဖျန်းသင့်ပါ။
ပလပ်စတစ်ကန်တွင်းရှိ ထည့်သွင်းထားသောပစ္စည်းများ ဆွေးမြေ့စေရန် ၄ရက်မှ ၅ရက်အထိစောင့်ရပါမည်။ ပြီးလျှင် ပလပ်စတစ်ကန် အတွင်းသို့  တီကျစ်စာမြေဆွေး ထုတ်လုပ်ပေးနိုင်သည့် တီကောင် (၁၀၀၀)ခန့်  ထည့်ပေးရပါမည်။ အပေါ်မှဂုံနီအိတ်ခွံအဟောင်းများ၊ ဓနိရွက်များ၊ သက်ကယ်ရွက်များဖြင့် ဖုံးအုပ်ထားရပါမည်။ လုပ်ငန်းဖြစ်စဉ်တစ်ခုလုံး အတွက် (၃) လခန့် သာကြာပြီး အညိုရောင်တီ ကျစ်စာမြေဆွေးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
သစ်ရွက်၊ ပေါင်းမြက်များနှင့်စွန့် ပစ်ပစ္စည်းများအား တစ်ပတ်လျှင်တစ်ခါ ထည့်လျှင်လုံလောက်ပါသည်။
ရေကိုတော့ နေ့စဉ်သင့်လျှော်နှုန်းထားအတိုင်း ပတ်ဖျန်းသင့်ပါသည်။
ဝါးဖြင့်တည်ဆောက်ထားသော ပလပ်စတစ်ကန်ဖြင့် တီကျစ်စာမြေဆွေးထုတ်လုပ်သည့်လုပ်ငန်းသည် ပွင့်လင့်းရာသီ တွင် သစ်ပင်ရိပ်/ အဆောက်အဦးအရိပ်များကိုအသုံးပြုနိုင်ပါသည်။ သို့ ရာတွင်မိုးရာသီရောက်ရှိလာလျှင် ပလပ်စတစ် ကန်အတွင်း ဝင်ရောက်လာမည့် မိုးရေများကြောင့် ကန်အတွင်းရေများပြည့်လျှံကာမြေသြဇာ ထုတ်လုပ်မည့် တီကောင် များ သေဆုံးသွားနိုင်သည်ကိုသတိပြုရပါမည်။
မိုးရာသီတွင်ပလပ်စတစ်ကန်အတွင်းသို့ မိုးရေများ မဝင်ရောက်နိုင်စေရန် အမိုးတဲတည်ဆောက်ရမည်ဖြစ်ပါသည်။ အမိုးတဲကို အပေါ်မှ ပလပ်စတစ်အထူစ(သို့ ) ဓနိ/ သက်ကယ်များသုံးစွဲပြီး ဆောင်ရွက်နိုင်ပါသည်။ ထို့ ပြင် အထူး သတိပြုရမည့်အချက်မှာ မိုးရာသီတွင် တီကျစ်စာမြေဆွေးထုတ်လုပ်မည့် ကန်ထဲသို့ အောက်ရေ များစီးစိမ့် မ ဝင်နိုင်စေရန်အတွက် ရေလွတ်ရာကုန်းမြင့်ပေါ်တွင် တည်ဆောက် ထားရမည်ဖြစ်ပါသည်။
တီကျစ်စာမြေဆွေးထုတ်လုပ်သည့် ပလပ်စတစ်အောက်ခြေတွင် တစ်ပေခန့် ရှိသည့် ဝါးလုံးပြွန်တစ်ချောင်း တပ်ဆင် ထားရပါမည်။ အဆို ပါဝါးလုံးသည် ပလပ်စတစ်ကန်အတွင်းထိုးသွင်းထားရာ၎င်းဘေးပတ်လည်မှ တီကျစ် စာမြေ ဆွးအရည်များပြင်ပသို့  ထွက်မသွားစေရန် ရွှံ့စေးဖြင့်ခိုင်ခန့် အောင် ဖိကပ်ထားရပါမည်။ ထွက်ရှိလာသည့် တီကျစ် စာမြေဆွေးအရည်များအား သင့်တော်သည့်မြေအိုး/ ပလပ်စတစ် ပုံးများဖြင့် ထည့်သွင်းစုဆောင်း ထားရှိနိုင် ပါသည်။
တီကောင်စွန့်ပစ်မြေသြဇာနှင့် အရည်ထုတ်ယူခြင်း
၃လခန့် ကြာလျှင် ၎င်းပလပ်စတစ်ကန်မှတီကောင်စွန့် ပစ်မြေသြဇာများကို ထုတ်ယူရရှိနိုင်ပါသည်။ တွေ့ ရှိချက်များအရ လစဉ်မြေသြဇာ များမထုတ်ယူမီရေဖျန်းခြင်းကို ၂ရက်၊ ၃ရက်ဖြတ်လိုက်ပါက တီကောင်လေးများ ကန်အောက်ခြေသို့ ရောက်ရှိကာ အပေါ်ပိုင်းတွင်ရှိသော   မြေသြဇာများကို ထုတ်ယူနိုင်ပါသည်။
တီကျစ်စာမြေဆွေး ထုတ်လုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ
၁. တီကောင်များကြောင့် မြေကွက်များ/လယ်ယာမြေများတွင် မူလရှိရင်းစွဲ မြေသြဇာများအပြင် တီကောင်ပြုပြင်ဆောင်ရွက်ခြင်းကြောင့် ပိုမိုထက်သန်လာစေခြင်း။
၂. ထွန်ယက်စိုက်ပျိုးရန် မသင့်တော်လောက်အောင် ပျက်စီးနေသောမြေများအားပြန်လည်စိုက်ပျိုးနို င်အောင်  ဆောင်ရွက်နိုင်ခြင်း။
၃. တီကောင်များ သေဆုံးခြင်းကြောင့် ၎င်းတို့၏ ရုပ်ကြွင်းများဖြင့်လည်းကောင်း မြေသြဇာဆီထက်သန်စေခြင်း။  (တစ်ဧကလျှင် တီကောင် ၅သိန်းခန့် ရှိ)
၎. တီကောင်များသည် အမျိုးအစားအလိုက် မြေမျက်နှာပြင်အထက်မှအောက်၊ အောက်မှအထက်သို့  အပြန်အလှန်သွားလာကျက် စားဖြင့် မြေဆီလွှာအလိုက်မြေသြဇာထက်သန်မှုကို မျှခြေဖြစ်စေခြင်း။
၅. မျိုးပွားမှုနှုန်းလျှင်မြန်စွာဖြစ်ပေါ်စေခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းမှုအား အချိန်တိုအတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း။
၆. တီကောင်စွန့် ပစ်မြေဆွေးများအား လေ့လာချက်အရ အရေးကြီးသောမြေချဉ်ငံသည် PH 7 ဝန်းကျင်တွင် ရှိသဖြင့် အပင်များရှင်သန်မှု အတွက်များစွာ အထောက်အကူဖြစ်စေခြင်း။
၇. တီကောင်စွန့် ပစ်မြေဆွေးအား သုံးစွဲခြင်းဖြင့် ဓါတုပစ္စည်းကင်းလွတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများထုတ်လုပ်နိုင်ခြင်း၊ သီးနှံများ ဈေးကောင်းရနိုင်ခြင်း၊ သီးနှံများ အရသာပိုမိုကောင်းမွန်ခြင်း။
၈. တီကောင်စွန့်ပစ်မြေဆွေးဆောင်ရွက်ရာတွင် အရင်းအနှီးနည်းပါးခြင်း၊ တောင်သူတိုင်းဆောင်ရွက်နိုင်ခြင်း။
၉. တောင်သူများထုတ်လုပ်သုံးစွဲမှု တိုးတက်ကျယ်ပြန့်လာသည့်အချိန်တွင် ဓါတုမြေသြဇာသုံးစွဲမှုလျော့ပါးလာ ပြီး နိုင်ငံခြားသုံးငွေများ များစွာ သက်သာလာစေနိုင်ပါသည်။
Source by – လယ်/ဆည်
The post တီကျစ်စာေ⁠မြ⁠ဆွေး ⁠ပြုလုပ်နည်းအဆင့်ဆင့် ⁠နှင့် သုံးစွဲ⁠ခြင်းရဲ့ အကျိုး⁠ကျေးဇူးများ appeared first on Myanmar Farmers' Portal.
စပါးသီး⁠နှံစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်အလိုက် ⁠ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
$
0
0
ပျိုးသက်နုစိုက်ပျိုးနည်းစနစ်
  • တစ်ဧက မျိုးစပါး နို့ဆီဗူး (၁၀) ဗူးသာအသုံးပြုပါ။
  • ပင်ကြားတန်းကြား(၁၀” ­x ၁၀”) ပတ်လည်စိုက်ပျိုးပါ။
  • ၈ – ၁၂ ရက်သားပျိုးပင်ကို တစ်ပင်ချင်း စိုက်ပျိုးပါ။
  • သဘာဝမြေသြဇာ (နွားချေးဆွေး)ကို လှည်း (၁၀- ၁၅) စီးထည့်ပါ။
  • ရေသွင်း ရေစမ်းစနစ်ကို အသုံးပြုပါ။
  • သမန်းနိုးကိရိယာဖြင့် (၁၀) ရက်ခြားတစ်ကြိမ် ၊(၃)ကြိမ်ပြုလုပ်ပါ။
  • သဘာဝနည်းဖြင့်ဖော်စပ်သော ပိုးသတ်ဆေးများကို အသုံးပြုပါ။
  • မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက်အသုံးပြု၍ ရိတ်သိမ်းပါ။
ဘောင်ပျိုးစိုက်ပျိုးနည်းစနစ်
  • တစ်ဧက မျိုးစပါး (၆-၈ )ပြည်အသုံးပြုပါ။
  • ပင်ကြားတန်းကြား (၈” x ၆” ) စိုက်ပျိုးပါ။
  • ၂၀ ရက်သားပျိုးဖြင့် ကောက်ချက်တစ်ချက်တွင် (၁ – ၂)မြုံ စိုက်ပျိုးပါ။
  • နွားချေး ဆွေးလှည်း (၅-၁၀)စီးနှင့် ပုလဲ(၁.၅)အိတ်၊တီစူပါအိတ်ဝက်၊ပိုတက် ၁/၄ အိတ် ၊ကွန်ပေါင်း ၁ အိတ်ကို တစ်ဧကစာ အသုံးပြုပါ။
  • ရေသွင်းရေစမ်းစနစ်ကျင့်သုံးပါ။
  • သမန်းနိုးကိရိယာဖြင့် (၁၀)ရက်ခြားတစ်ကြိမ် ၊(၃)ကြိမ်ပြုလုပ်ပါ။
  • ဘက်စုံပိုးမွှားရောဂါကာကွယ်နည်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
  • မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက် အသုံးပြုရိတ်သိမ်းပါ။
တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်းစနစ်
  • တစ်ဧက မျိုးစပါး(၁.၅)တင်းနှုန်း အသုံးပြုပါ။
  • စပါးမျိုးစေ့ စာပါးစပ်ပြုသည်ထိသာ မျိုးညှောင့်ဖောက်ပါ။
  • ၈” အတန်းလိုက် မျိုးစေ့ချကိရိယာဖြင့် ဆွဲ၍စိုက်ပျိုးပါ။
  • တစ်ဧက အပင်ဦးရေ (၁၁)သိန်းခန့် ဝင်ဆန့်အောင်စိုက်ပျိုးပါ။
  • နွားချေးဆွေးလှည်း (၅)စီးနှင့် ပုလဲ(၁.၅)အိတ် ၊တီစူပါအိတ်ဝက်၊ပိုတက်(၁/၄)အိတ် ၊ကွန်ပေါင်း (၁)အိတ်ကို တစ်ဧကစာ အသုံးပြု ပါ။
  • ရေသွင်းရေစမ်းစနစ်ကျင့်သုံးပါ။
  • သမန်းနိုးကိရိယာဖြင့် (၁၀)ရက်ခြားတစ်ကြိမ် (၃)ကြိမ်ပြုလုပ်ပါ။
  • ဘက်စုံပိုးမွှားရောဂါကာကွယ်နည်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
  • မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက် အသုံးပြုရိတ်သိမ်းပါ။
ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးနည်းစနစ်
  • တစ်ဧကမျိုးစပါး(၁.၅ တင်း မှ ၂တင်း)အသုံးပြုပါ။
  • စပါးမျိုးစေ့ စာပါးစပ်ပြုသည်ထိသာ မျိုးညှောင့်ဖောက်ပါ။
  • သမန်းညီညာစွာပြုလုပ်၍ အသုံးပြုမည့် မျိုးစပါးအား ညီညာစွာကြဲပါ။
  • တစ်ဧက အပင်ဦးရေ (၁၁ သိန်းမှ ၁၅ သိန်း)ဝင်ဆန့်အောင်ကြဲပါ။
  • နွားချေးဆွေး (၅)စီးနှင့် ပုလဲတစ်အိတ်၊တီစူပါအိတ်ဝက်၊ ပိုတက် ၁/၄ အိတ်ကို တစ်ဧကစာအသုံးပြုပါ။
  • လက်ပေါင်းလိုက်ခြင်း သို့မဟုတ် ပေါင်းသတ်ဆေး အသုံးပြုပါ။
  • ဘက်စုံပိုးမွှားရောဂါကာကွယ်နည်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
  • မောင်းညိုချိန် ရိတ်သိမ်းချွေလှေ့စက် အသုံးပြုရိတ်သိမ်းပါ။
Source by – စိုက်ပျိုးရေးဦးစီးဌာန
The post စပါးသီး⁠နှံစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်အလိုက် ⁠ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ appeared first on Myanmar Farmers' Portal.
စပါးမျိုး⁠စေ့⁠ကြဲပက်⁠ခြင်း ⁠နှင့် ပျိုးခင်း⁠စောင့်⁠ရှောက်⁠ခြင်း
$
0
0
စပါးမျိုးစေ့ကြဲပက်ခြင်း
(၁) သမန်းအိတ်နှင့် တစ်ညသိပ်ထားပြီးသော ပျိုးဘောင်ပေါ်တွင် (၃)ပေပတ်လည်တွင် စာပါးစပ်ပြူ  မျိုးစေ့ နို့ဆီ ဗူးဝက် (၀.၅နို့ဆီဗူး) နှုန်းဖြင့် ညီညာစွာကြဲပက်ပါ။
(၂) မျိုးစေ့ကြဲပက်ရမည့်နည်းစနစ်မှာ အသုံးပြုမည့်မျိုးစေ့ပမာဏ၏ (၃)ပုံ (၂)ပုံကို ဘောင်တစ်ခုလုံး ပေါ်တွင် ရှေးဦးစွာ ခပ်ပါးပါးဖြူးချ၍ ကျန်ရှိနေသောမျိုးစေ့များကို ကွက်၍ပါးသည့်နေရာများတွင် ထပ် မံဖြူးချပေးပါ။
(၃) မျိုးစေ့ချပြီးပါက မိုးရေနှင့်စာကလေးစသည်တို့ကြောင့် မျိုးစေ့များနေရာရွေ့ခြင်းနှင့် မျိုးစေ့ပျောက် ခြင်းကင်း ဝေးစေရန် ပျိုးဘောင်ကိုသန့်စင်သော စက်ဖွဲပြာအုပ်ပေးပါ။
(၄) ပျိုးခင်းတစ်ခင်းထဲတွင် စပါးမျိုးကွဲ၊ နှစ်မျိုးစလုံးမထောင်မိရန် အထူးအရေးကြီးပါသည်။ စပါးမျိုးမ တူသည့် ပျိုး ကွက်များကို ကန်သင်းတစ်ချောင်းသာခြား၍ ကွက်စိပ်ကပ်၍ ပျိုးထောင်ခြင်းကိုရှောင်ပါ။
ပျိုးခင်းစောင့်ရှောက်ခြင်း
(၁) မျိုးစေ့ချပြီး (၄)ရက်ကြာတွင် ပျိုးဘောင်မျက်နှာပြင်အား ရေ(၁)လက်မမြုပ်အောင်သွင်းပါ။ ပျိုးပင် ကြီးထွားလာ သည်နှင့်အမျှ ရေကို (၂)လက်မအထိ ဖြည်းဖြည်းချင်းသွင်းပါ။ ရေကို (၂)လက်မထားရှိ ခြင်းဖြင့် ပေါင်းမြက်များနှိမ် နင်းပြီး ဖြစ်သည်။
(၂) ပျိုးခင်းရေနက်ပါက ပျိုးပင်ခါးရှည်ပြီး ပျိုပင်ပျော့တတ်ပါသည်။ ပျိုးပင်မာရန် ပျိုးခင်းသက်တမ်းတစ် လျှောက် ရေ(၂)လက်မထက် ပိုမနက်ရန် အမြဲထိန်းထားပါ။
(၃) မျိုးစေ့ချပြီး (၇)ရက်ကြာတွင် သင့်လျော်သည့် ပိုးသတ်ဆေးဖြင့်ဖျန်းပါ။ လိုအပ်လျှင် နောက်ထပ် (၁၀)ရက်ခန့်တွင် တစ်ကြိမ်ထပ်မံဖျန်းပေးပါ။
(၄) ပျိုးခင်းကို ကြွက်နှင့် ကျွဲနွားတိရစ္ဆာန်များ ဖျက်ဆီးမှုမှကာကွယ်ရန် အကာအရံများပြုလုပ်ပါ။
(၅) ပျိုးပင်အောက်ပိုင်းအရွက်များ ဝါနေသည်ကို တွေ့ရှိပါက နိုက်ထရိုဂျင်ဓာတ်လိုအပ်သည့် လက္ခဏာဖြစ်၍ စိုက်ခင်းတစ်ဧကစာ ပျိုးဘောင်တွင် ယူရီးယားမြေသြဇာ (၂၈) ပေါင်နှုန်းကြဲပက်ပါ။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post စပါးမျိုး⁠စေ့⁠ကြဲပက်⁠ခြင်း ⁠နှင့် ပျိုးခင်း⁠စောင့်⁠ရှောက်⁠ခြင်း appeared first on Myanmar Farmers' Portal.
⁠ပေါင်းဆန်အေ⁠ကြာင်းသိ⁠ကောင်းစရာ
$
0
0
ပေါင်းဆန်
စပါးကို မကြိတ်ခွဲမီ ရေနွေးငွေ့ကိုအသုံးပြု၍ ပြုပြင်ထားခြင်းကို ပေါင်းဆန်ပြုလုပ်ခြင်း ဟုခေါ်ပါသည်။ ပေါင်းဆန်ပြု လုပ်ရာတွင် အောက်ပါ အဆင့် (၃)ဆင့် ရှိပါသည်။
(က) ရေစိမ်ခြင်း
စပါးများကို အစိုဓာတ်ပါဝင်မှု (၃၀)ရာနှုန်း ပတ်ဝန်းကျင်ရောက်ရှိလာအောင် ရေစိမ်ခြင်းဖြစ်ပါသည်။
() စပါးအစိုကို အပူပေးပြုပြင်ခြင်း
စပါးအစိုများကို ရုပ်သွင်နှင့် ဓာတုသဘောအရ ပြောင်းလဲသွားစေရန် အများအားဖြင့် ရေနွေးငွေ့အသုံးပြု၍ အပူ ပေးပြုပြင်ကြပါသည်။
() စပါးအခြောက်ခံခြင်း
ကြိတ်ခွဲရန် စိတ်ချရသော အစိုဓာတ်ပါဝင်မှုအထိ အခြောက်ခံခြင်း ဖြစ်ပါသည်။
ပေါင်းဆန်ပြုလုပ်ခြင်းသည် ဆန်ထွက်ရာနှုန်းကောင်းစေရန်နှင့် အရည်အသွေးနိမ့်သော စပါးများကို စားသုံး၍ရစေရန် အတွက် ဖြစ်ပါ သည်။  ပေါင်းဆန်ပြုလုပ်ခြင်း၏ လုပ်ငန်းစဉ်ကြောင့် ရုပ်သွင်နှင့် ဓာတုသဘောအရ ပြောင်းလဲသွား သည့် အပြင် နှစ်သက်ဖွယ် အသွင် အပြင် ဖြစ်လာပါသည်။
ပေါင်းဆန်ပြုလုပ်ခြင်း၏ ပြောင်းလဲမှုများ
  • ဆန်၏အရသာ၊ သွင်ပြင်လက္ခဏာ ပြောင်းလဲသွားပါသည်။ စားသုံးသူတစ်ချို့က ကြိုက်နှစ်သက်မှုရှိပြီး၊ တချို့က ကြိုက်နှစ်သက်မှု မရှိကြပါ။
  • ဆန်သားမာကြောလာပြီး ကြည်လင်လာပါသည်။ ကြိတ်ခွဲရာတွင် ကြိုးကြေမှုနည်းပြီး ဆန်ထွက်ရာနှုန်း တိုး တက်လာပါသည်။
  • ဆန်သားတွင် ပါဝင်သော အင်ဇိုင်းများ၏ ဇီဝဖြစ်စဉ်များနှင့် မှိုများ၏ ပေါက်ပွားကြီးထွားမှုများ ရပ်တန့်သွား ပါသည်။
  • စပါးကြိတ်ခွဲရာတွင် စပါးခွံချွတ်ရန် လွယ်ကူပြီး ဖွဲလွှာဖယ်ရှားရန် ပိုမိုခက်ခဲလာပါသည်။
  • ဆန်ကို ချက်ပြုတ်ရာတွင် ပိုမိုအိုးတက်ပြီး ထမင်းရည်ထဲတွင် ကစီဓာတ်ပါဝင်မှု လျော့နည်းပါသည်။
ရေစိမ်ခြင်း၊ စပါးအစိုများကို အပူပေးပြုပြင်ခြင်း၊ ရေနွေးငွေ့ပေးခြင်းနှင့် အခြောက်ခံခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင် ကုန်ကျစရိတ် ပိုမိုပါသည်။ ထိုကဲ့သို့ ကုန်ကျစရိတ်များသော်လည်း စပါးကို သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း စသည်များကို ကောင်းစွာ မဆောင်ရွက်ခဲ့ခြင်းကြောင့် အရည်အသွေးနိမ့်ကျသွားသော စပါးများကို ပေါင်းဆန်ပြုလုပ်ခြင်းဖြင့်  ရောင်းတန်းဝင်သော ဆန်ဖြစ်လာစေ ပြီး စားသုံးမှုအရသာအသင့်တင့်လာစေပါသည်။ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ကုန်ကျစရိတ်များသော်လည်း တဖက်မှ ဆန် ထွက်ပိုမိုလာသဖြင့် အထိုက် အလျောက် ကာမိပါသည်။
() ရေစိမ်ခြင်း
စပါးကို ရေစိမ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အစိုဓာတ်စုပ်ယူမှု ညီညာစေရန်နှင့် လိုအပ်သော အစိုဓာတ်ပါဝင်မှုကို မြန်မြန်ရောက်ရှိရန် လိုအပ်ပါသည်။ ရေအပူချိန် နည်းပါက ရေစိမ်ချိန် ပိုကြာစေပါသည်။ စပါးကို ရေပူထဲတွင် ထည့်၍ ဖိအားအသုံးပြုခြင်းဖြင့်  ရေစိမ်ချိန်လျော့ နည်းအောင် ဆောင်ရွက်နိုင်ပါသည်။
စပါးများကို အပူချိန် (၂၀-၃၀) စင်တီဂရိတ်ရှိရေတွင် (၃၆-၄၈) နာရီ စိမ်ထားပါက လိုအပ်သော အစိုဓာတ်ပါဝင်မှု (၃၀)ရာနှုန်းသို့ ရောက် ရှိလာပါသည်။ စပါးအစိုဓာတ် (၃၀)ရာနှုန်း ရောက်ရှိရန် (၆၀-၆၅) စင်တီဂရိတ် အပူရှိသော ရေတွင် (၂-၄)နာရီ စိမ်ရပါသည်။ စပါးများရေ စိမ်ရာတွင် အချိန်အလွန်ကြာမြင့်ပါက ဆန်သားများသည် ရေတွင် ပျော်ဝင်မှုဖြစ်လာခြင်း၊ မျိုးညှောက်စတင်ပေါက်လာခြင်းနှင့် ကစီများမှ အချဉ်ပေါက်ခြင်းများ ဖြစ်လာစေပါသည်။ စပါးကို ရေစိမ်ရာတွင် ရေအပူချိန်၊ ရေစိမ်ချိန်တို့သည် ပေါင်းဆန်၏ အရောင်အဆင်း၊ အနံ့ အရသာတို့ကို ပြောင်းလဲစေ ပါသည်။
ရေအေးဖြင့်စိမ်ပါက  ရေစိမ်ချိန်ကြာသဖြင့် စပါးသည်  အသက်ရှူခြင်းဖြစ်လာပြီး ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့ ထုတ်သဖြင့် ကစီဓာတ် အချဉ်ပေါက်ခြင်းများ ဖြစ်လာပါသည်။ ထိုကဲ့သို့ ကစီဓာတ်အချဉ်ပေါက်ခြင်းဖြစ်လာပါက ဆန်၏ ပုံမှန်အနံ့ပျောက်ဆုံးခြင်းနှင့် မှိုများနှင့် အခြားသော သက်ရှိငယ်များ ပေါက်ပွားကြီးထွားမှု မြန်ခြင်းများကို ဖြစ်စေသည့် အပြင် စားသုံးသူများကို အန္တရာယ်ဖြစ်စေသော အေဖ လာတောက်စင်အဆိပ်အတောက်ကို သတ်မှတ်ထားသည် ထက် ပိုမိုဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် စပါးရေစိမ်ရာတွင် ရေအေးဖြင့် စိမ်ခြင်းကို အတက်နိုင်ဆုံး မဆောင်ရွက်ရန် လိုအပ်ပါသည်။
ရေပူ (၆၀-၆၅ စင်တီဂရိတ်)ဖြင့် ရေစိမ်ပါက လိုအပ်သော အစိုဓာတ် ပါဝင်မှု (၃၀-၃၅) ရာနှုန်းသို့ အချိန် (၂-၄) နာရီအတွင်း   ရောက်ရှိ  ပါသည်။ ထိုကဲ့သို့ ရေစုပ်ယူနိုင်မှု အနှေးအမြန်သည် စပါးမျိုးပေါ်လိုက်၍ ကွာခြားမှုရှိပါသည်။ ရေပူဖြင့် စိမ်ရာတွင် အသက်ရှူခြင်းနှင့် ကစီအချဉ်ပေါက်ခြင်းများ မရှိပါ။ ရေစိမ်ရာတွင် ရေ၏အပူချိန်ကို တသမတ် တည်း ထိန်းသိမ်းနိုင်ပါက ရေစိမ်ချိန် အတိုဆုံးနှင့် လိုအပ်သော အစိုဓာတ်ပါဝင်မှုကို ရောက်စေပါသည်။ ရေ၏ အပူချိန်ကို ထိန်းရန်အတွက် ရေကိုပြန်လည် အပူပေးရန်နှင့် ရေကို စဉ်ဆက်မပြတ် လှည့် ပတ်နေစေရန် လိုအပ်ပါသည်။
ရေစိမ်ခြင်းလုပ်ငန်းများ ဆောက်ရွက်ပြီးပါက ရေများဖောက်ထုတ်ထားပါ။ ရေအေးနှင့် ဖြစ်စေ၊ ရေပူနှင့်ဖြစ်စေ စိမ်ထားပြီးသော စပါးသည် အစိုဓာတ်ပါဝင်မှု (၃၀)ရာနှုန်း ၀န်းကျင် ရှိနေရပါမည်။ ရေစိမ်ရာတွင် ရေလိုအပ်မှု ပမာဏသည် စပါးအလေးချိန်၏ (၁.၃)ဆခန့် လိုအပ် ပါသည်။
() ရေနွေးငွေ့ဖြင့် ပေါင်းခြင်း
ရေနွေးငွေ့ဖြင့်ပေါင်းခြင်းသည် စပါးထဲရှိ အစိုဓာတ်ကို လျော့နည်းစေခြင်း မရှိသည့်အပြင် အစိုဓာတ်ကို လျော့နည်း စေခြင်း မရှိသည့်အပြင် အစိုဓာတ်ပါဝင်မှု (၃၈)ရာနှုန်း ၀န်းကျင်အထိ တိုးလာစေပါသည်။
စပါးများရေစိမ်ပြီးနောက် အပူပေးပြုပြင်ခြင်းဆောင်ရွက်ရာတွင် ရေနွေးငွေ့ပေးရာ၌ ဖိအားမသုံးလျှင် ဆန်အသား အရောင်၊ ထမင်းရည် တွင် ကစီပါဝင်မှု အခြေအနေနှင့် ချက်ပြုတ်ရာတွင် အိုးတက်မှုအခြေအနေများ အနည်း ငယ်ပြောင်းလဲမှုဖြစ်စေပါသည်။
အပူချိန် အနည်းအများသည် အရောင်ပြောင်းလဲမှုအပေါ်၌ အကျိုးသက်ရောက်စေပါသည်။  ရေနွေးငွေ့ဖြင့် အပူပေး ရာတွင် အပူချိန်သည် (၁၀၀)ဒီဂရီစင်တီဂရိတ် ဖြစ်နေပါက ဆန်သား၏ အရောင်သည် ပို၍ အနက်ရောင်ဘက်ရင့်လာ ပါသည်။ တကယ်၍ ရေနွေးငွေ့ ပုံမှန်ပေး ပြီးသော စပါးများကို အခြောက်ခံတလင်းပေါ်တွင် အပုံလိုက်ထားမိပါက လည်း အပူချိန်များများ ပေးမိသကဲ့သို့ ဆန်သား အရောင်ပို၍ အရောင်ရင့်စေပါသည်။
ယေဘုယအားဖြင့် ရေနွေးငွေ့ဖြင့် အပူပေးပေါင်းရာတွင် ရေနွေးငွေ့ဖြင့် အပူပေးပေါင်းရာတွင် ရေနွေးငွေ့၏ ဖိအားကို (၁-၅) kg/cm2 အသုံးပြုကြပါသည်။ ရေနွေးငွေ့ဖြင့် အပူပေးပေါင်းရာတွင် လိုအပ်သောအချိန်မှာ ပမာဏနည်းပါက (၂-၃) မိနစ်သာ လိုအပ်ပြီး စပါး (၆)တန်/ ၂၈၇တင်း ပမာဏရှိပါက (၂၀-၃၀)မိနစ် လိုအပ်မည် ဖြစ်ပါသည်။
အခြောက်ခံခြင်း
ရေနွေးငွေ့ဖြင့် အပူပေးပေါင်းပြီးသော စပါးများကို ခြောက်အောင် ဆောင်ရွက်ရပါသည်။ သိုလှောင်ရန်အတွက် လည်းကောင်း၊ ကြိတ်ခွဲ ရန်အတွက်လည်းကောင်း အစိုဓာတ်ပါဝင်မှုကို (၁၄)ရာနှုန်းအထိ ခြောက်သွေ့အောင် ဆောင်ရွက်ရပါမည်။ ပေါင်းဆန်စပါးကို အခြောက် ခံ ရာတွင် ပုံမှန်စပါးထက် ပိုမိုခက်ခဲပြီး အချိန်ကြာပြီး စွမ်းအင်ပိုမို လိုအပ်ပါသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းသည် အစိုဓာတ် ပါဝင်မှု ပိုမိုများခြင်းကြောင့် ဖြစ်ပါသည်။  သို့သော် အပူချိန်မြင့်သော လေပူကိုအသုံးပြုပါက အခြောက်ခံချိန်လျော့နည်းသွားမည်ဖြစ် ပါ သည်။ သို့သော် မြန်မြန်ခြောက်အောင်ဆောင်ရွက်ပါက စပါး၏အတွင်းဆန်သား ဖွဲ့စည်းမှုပြောင်းလဲသည့်အပြင် ကြိတ်ခွဲရာတွင် ကျိုးကြေ မှုကိုပါ ဖြစ်စေပါသည်။အခြောက်ခံခြင်းပြီးဆုံးပါက နာရီအတော်ကြာအအေးခံခြင်းပြုလုပ်ရမည် ဖြစ်ပြီး အကောင်းဆုံးသည် (၁-၂)ရက် အအေးခံခြင်းဖြစ်သည်။ ထိုအဆင့်ပြီးမှ ကြိတ်ခွဲရပါသည်။ ထိုကဲ့သို့ ဆောင်ရွက် ခြင်းဖြင့် စပါးအတွင်းရှိ အစိုဓာတ်နှင့် ဆန်သားဖွဲ့စည်းမှု ပုံမှန်အနေအထားသို့ ပြန်ရောက်စေရန်ဖြစ်ပါသည်။
စပါးအခြောက်ခံရာတွင် ပထမပိုင်း အစိုဓာတ်ပါဝင်မှု (၃၀)ရာနှုန်းမှ (၁၈)ရာနှုန်း ရောက်ရှိအောင် မြန်မြန် ဆောင်ရွက် နိုင်သော်လည်း အစို ဓာတ် (၁၈)ရာနှုန်းမှ (၁၄)ရာနှုန်းထိ ရောက်အောင်ဆောင်ရွက်ရာတွင် ဖြည်းဖြည်းချင်းသာ ဆောင်ရွက်ရပါမည်။ အစိုဓာတ်ပါဝင်မှု ညီ မျှခြေရောက်ရှိရန် နာရီအတော်ကြာ အအေးခံထားရပါမည်။ ထို့နောက်မှ (၁၈)ရာနှုန်းမှ (၁၄)ရာနှုန်းရောက်အောင် အခြောက်ခံရပါမည်။
ပေါင်းဆန်လုပ်ကိုင်သူ အတော်များများသည် ဆန်စက်နှင့် ကပ်လျှက်ရှိသော လှန်းတလင်းကျယ်ကျယ်တွင် နေဖြင့် အခြောက်ခံကြပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခြောက်ညီစေရန်နှင့် မြန်မြန်ခြောက်သွေ့စေရန်  ခြေကတော့ ထိုးခြင်းများ ဆောင်ရွက်ရသဖြင့် လုပ်အားများ များ လိုအပ်ပါသည်။ တလင်းတွင် ဖြန့်၍အခြောက်လှန်းရာတွင် (၁) လက်မ စပါးအထူလှန်းခြင်းသည် အကောင်းဆုံးအခြေအနေ ရှိစေပါ သည်။ တလင်းအကျယ် ဧရိယာ (၁)ဧကတွင် (၁)လက်မအထူ လှန်းမည်ဆိုပါက စပါးတန်(၆၀)ရှိပါသည်။ နေဖြင့် အခြောက်ခံခြင်းသည် အပုချိန်နှင့် ပတ်ဝန်းကျင် စိုထိုင်းဆပေါ်မူတည်၍ (၁-၂) ရက် အများအားဖြင့် ကြာတတ်ပါသည်။
စက်ကိရိယာသုံး၍ အခြောက်ခံမည်ဆိုပါက ပုံမှန်စပါးများ အခြောက်ခံခြင်းနည်းစနစ်များ အတိုင်းဖြစ်ပါသည်။ သို့သော် လုပ်ငန်းဆောင် ရွက်ရာတွင် အသုံးပြုရမည့် ပစ္စည်းများ ကွာခြားမည် ဖြစ်ပါသည်။အဆက်မပြတ် အခြောက်ခံစက်နှင့် အသုတ်လိုက် လှည့်ပတ်အခြောက် ခံစက်များကိုသာ အသုံးပြုကြပါသည်။  စပါးအစိုများကို အစိုဓာတ် (၁၈)ရာနှုန်း ရောက်သည်အထိ အခြောက်ခံစက်ထဲတွင် လှည့်ပတ် အခြောက်ခံရပါသည်။ ထို့နောက် ထိုစပါးများကို (၃-၆)နာရီ အအေးခံပြီးမှ အစိုဓာတ်ပါဝင်မှု (၁၄)ရာနှုန်းရောက်သည်အထိ အခြောက်ခံ စက်ထဲတွင် လှည့်ပတ်အခြောက်ခံခြင်းကို ဆက်လက်ဆောင်ရွက်ရပါမည်။
ပေါင်းဆန် ဆန်စက်အများစု ပေါင်းဆန်ပြုလုပ်ရာတွင် ရေအပူပေးရန်နှင့် ရေနွေးငွေ့ရရှိရန် ဘွိုင်လာများကို စပါးခွဲ အသုံးပြု၍ မီးပေး ပါသည်။ ၄င်းဘွိုင်လာမှပင် အခြောက်ခံရာတွင် လိုအပ်သောလေကို ပူအောင်ဆောင်ရွက်ပေးနိုင် ပါသည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ⁠ပေါင်းဆန်အေ⁠ကြာင်းသိ⁠ကောင်းစရာ appeared first on Myanmar Farmers' Portal.
Viewing all 691 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>