Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live

အိတ်စွပ်မည့် သရက်ပင်များကို ⁠ကြိုတင်⁠ပြု⁠ပြင်ထိမ်းသိမ်း⁠ဆောင်ရွက်ရန်အချက်များ

$
0
0

(က) ရက်ပင် အားပုံသွင်းပြုပြင်ပေးခြင်း

လက်ရှိ သရက်ပင်ကြီးများကို သရက်သီး အိတ်စွပ်ခြင်း၊ ဆေးဖျန်းခြင်း၊ ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းခြင်း ဆောင်ရွက် မှုလွယ်ကူစေရန် အမြင့် (၂၅) ပေ ခန့် ရောက်သည်အထိ ကိုင်းဖြတ်ပြုပြင်ပေးရန် လိုအပ်ပါသည်။ အပင်အသက်ငယ် သေးသည့် အပင်များ၊ အသစ် စိုက်ပျိုးသည့် အခင်းများအား အပင်အမြင့် (၁၂)ပေမှ (၁၅) ပေအတွင်းရှိနေစေရန် အပင် အရွယ် ငယ်စဉ်မှ စ၍ ကိုင်းဖြတ်ပုံသွင်း ပြုပြင်ရပါ သည်။

() နှစ်စဉ်ပုံမှန် ပွင့်သီးစေရန် မြေဆီလွှာ ထိန်းသိမ်း ပြုပြင်ခြင်း၊ အာဟာရကျွေးခြင်း

သရင်ပင်သည် ပြုပြင်ပေးမှုမရှိပါက နှစ်ခြင်းသီးခြင်း၊ အသီးနည်းခြင်းများ ဖြစ်တတ်ပါသည်။ ထိုသို့ မဖြစ်စေရန် စိုက် ခင်းတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊ မြေဆီလွှာ ရေတိုက်စားမှု၊ လေတိုက်စားမှုမှ ကာကွယ်ရန် မြေဆီလွှာ ဖုံးအုပ်သည့် ပဲမျိုးနွယ်ဝင်များ စိုက်ပျိုးထားခြင်း၊ ၄င်းအပင်များ များလာပါက ဖြတ်တောက်ပေးခြင်း၊ သရက် ပင်အား သဘာဝမြေသြဇာ၊ ဓါတ်မြေသြဇာများကျွေးခြင်း၊ လိုအပ်ပါက ရေးပေးသွင်းခြင်း များ ဆောင်ရွက်ရပါမည်။ ထို့ပြင် သရက် ပန်းပွင့်မှုကို အားပေးသော ပိုတက်ဆီယမ်နိုက်ထရိတ် (ယမ်းစိမ်း)  ၊ အသီးတင် စေသော ဟိုမုန်းများ ပက်ဖျန်းခြင်း၊ အနည်းလို အာဟာရများ ပက်ဖျန်းခြင်းများကိုလည်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

( ) သီးထွက်ကာလ ရှည်ကြာစေရန် ဆောင်ရွက်ခြင်း

သရက်သီးထွက်ရာသီ ရှည်စေရန် အတွက် အချိန်စော၍ ပွင့်သီးခြင်း၊ အချိန်နောက်ကျ၍ ပွင့်သီးခြင်းဆိုင်ရာ ဆောင် ရွက်ရမည့် လုပ်ငန်း များကို တိတိကျကျသိရှိလာစေရန် ဒေသအလိုက် အောင်မြင်သည်အထိ စမ်းသပ်ဆောင်ရွက် သွားရမည်ဖြစ်သည်။ သရက်သီးပေါ် ချိန်စောစေခြင်း၊ နောက်ကျစေခြင်းများ စမ်းသပ်ခြင်းအား ဒေသအလိုက်၊ မျိုး အလိုက် ဆောင်၇ွက်လျက်ရှိပါသည်။

( ) ရိတ်သိမ်းချိန်နောက်ပိုင်း သတိပြု ဆောင်ရွက်သင့်သည်များမှာ

နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် လည်းကောင်း၊ သရက်ခြံတောင်သူများဝင်ငွေ ပိုရရှိစေရန်လည်း ကောင်း၊ အရည်အသွေး ကောင်း သရက်သီးများ အားခူးဆွတ်ပြီး ချိန်မှစ၍ နောက်ပိုင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များဖြစ်သော သရက်သီး ရေဆေးခြင်း၊ ရေနွေးစိမ်ခြင်း၊ ရေနွေးငွေ့ဖြင့် ပိုးသန့်ခြင်းစသည်တို့ကိုလည်း ဆောင်ရွက် ရဦးမည် ဖြစ်ပါသည်။ ထို့ပြင် ထုတ်ပိုးစနစ်၊ သယ်ယူပို့ ဆောင် ခြင်းစနစ်များကိုလည်း သတိပြုဆောင်ရွက်ရန်လိုပါမည်။ အမျိုးအစားကောင်းသော်လည်း ခူးဆွတ်စဉ် ဒဏ်ရာ ရသွားသော အသီးများ၊ အမှည့်လွန်သွားသော အသီးများ၊ အနက် စက်ပါ သော အသီးများနှင့် အမှည့်စားအဖြစ် ရောင်းချပါက တန်ဘိုးနည်းသော အသီးများကို တန်ဘိုးမြင့် ကုန်ချော အဖြစ် ပြုပြင် ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

The post အိတ်စွပ်မည့် သရက်ပင်များကို ⁠ကြိုတင်⁠ပြု⁠ပြင်ထိမ်းသိမ်း⁠ဆောင်ရွက်ရန်အချက်များ appeared first on Myanmar Farmers' Portal.


ေ⁠ပြာင်းဖူး⁠နု ( သို့မဟုတ် ) ဟင်းစားေ⁠ပြာင်းစိုက်ပျိုးနည်း

$
0
0

ပြောင်းဖူးအမပွင့်သို့ ၀တ်မှုန့်များမကျမီ သို့မဟုတ် အဖိုမှုန့်များဖြင့် မျိုးမကူးစပ်မီ မြိတ်ဆာထွက်စအဆင့်တွင် ရှိသေးသာ အမပန်းပွင့် ရှိသော အဖူးကို ပြောင်းဖူးနု ( သို့မဟုတ် ) ဟင်းစားပြောင်း (Baby Corn) ဟု ခေါ်ဝေါ်ကြသည်။ ယင်းပြောင်းဖူးနုများကို တရုတ်၊ ထိုင်ဝမ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့နှင့် တောင်အမေရိကတိုက်ရှိ နိုင်ငံအချို့တွင် လွန်ခဲ့ သော ဆယ်စုနှစ်များစွာကပင် ဟင်းသီးဟင်းရွက်အဖြစ် စားသုံး ကြသည်။ ယခုအခါ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒို နီးရှား၊ ကိုးရီးယား၊ ထိုင်းတို့တွင် အများအပြား စားသုံးလာကြ သည်။ မြန်မာနိုင်ငံတွင် လည်း  လွန်ခဲ့သော ဆယ်စုနှစ် လောက်ကပင် စတင်စားသုံးလာကြရာ ယခုအခါ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များတွင် အစိမ်း အကြော်အဖြစ် စားသုံးကြသည်။

ကမ္ဘာ့နိုင်ငံများအနက် ပြောင်းဖူးနုစိုက်ပျိုးသော နိုင်ငံများမှာ ထိုင်းနိုင်ငံ၊ ကွာတီမာလာ၊ တောင်အာဖရိက၊ ဇန်ဘီယာနှင့် ဇင်ဘာဘွေနိုင်ငံ များ ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း ပြောင်းဖူးနုကို စက်မှုကုန်ကြမ်း သီးနှံအဖြစ် တိုးတက် ထုတ်လုပ်ကြသဖြင့် တောင်သုများတွင် ကြားဖြတ်ဝင်ငွေ ရရှိကြသည်။ ပြောင်းဖူးနုကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံး သည့်အပြင် စည်သွပ်ဘူး အစားအစာပြုလုပ်ကာ နိုင်ငံခြား သို့ တင်ပို့ရောင်းချ ကြသည်။ ထိုင်းနိုင်ငံသည် အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပသို့ စည်သွပ်ဘူးအဖြစ် တင်ပို့သည်။

ပြောင်းဖူးနုစည်သွပ်ဘူးကို တင်သွင်းသော နိုင်ငံများမှာ အင်္ဂလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆော် ဒီအာရေဘီးယား၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူ၊ နယူးဇီလန်၊ သြစတေးလျ နှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။

ပြောင်းဖူးနု စိုက်ပျိုးနည်း

မြေပြုပြင်နည်းမှာ အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း စိုက်ပျိုးနည်းများကဲ့သို့ပင် ထယ်ရေးနက်နက်နှင့် ထွန်ရေးမှုန့် ညက်အောင်  ပြုပြင် ရသည်။ နောက်ဆုံးထွန်မမွှေမီ တစ်ဧကလျှင် ယူရီးယား(၁၈၆) ပေါင်၊ တီစူပါဖော့စဖိတ် (၅၆) ပေါင်နှင့် မြူရိတ်အော့ဖ်ပိုတက်ရှ် (၂၈) ပေါင် တို့ကို ညီညာပြန့်နှံ့စွာ ကျဲပက်ပြီး ထွန်မွှေကာ ကြမ်းတုံးဖြင့် ညှိပေး ရသည်။ ၎င်းနောက် လက်မ (၂၀) ကျယ်သော စိုက်ကြောင်းများကို   လေးကွက်ကြား ဆွဲရသည်။ ထိုအခါ တစ်တန်း နှင့်တစ်တန်း (၂၀) လက်မ၊ တစ်ကျင်းနှင့် တစ်ကျင်း (၂၀) လက်မ ကွာဝေးမည်   ဖြစ်သည်။ ၎င်းနောက် စိုက်ကြောင်း နှစ်ကြောင်းဆုံရာတွင် ပြောင်းဖူးစေ့ (၄-၅) စေ့ထည့်ပြီး မြေဖုံးအုပ်ကာ ကြမ်းတုံးဖြင့် ဖုံးပေးရသည်။ မျိုးပေါက်ကောင်း မွန်ပါက (၃-၄) စေ့ ထည့်လျှင် လုံလောက်သည်။

 

ပြောင်းဖူးနု သို့မဟုတ် ဟင်းစားပြောင်းစိုက်ပျိုးရာတွင် အသုံးပြုရမည့်ပြောင်းဖူးမျိုးများ

ပြောင်းဖူးမျိုးအုပ်စုများအနက် ကော်ပျော့ပြောင်း၊ ပြောင်းစေး၊ သကြားပြောင်းနှင့် ကော်မာပြောင်းဖူးများကို အသုံးပြု၍ ပြောင်းဖူးနု ထုတ် လုပ်ရန် စိုက်ပျိုးနိုင်သည်။ သို့သော် ၎င်းမျိုးများအနက် သကြားပြောင်းသည် အကောင်းဆုံးဖြစ်ပြီး ကော်ပျော့နှင့် ပြောင်းစေးတို့မှာ ဒုတိယ အကောင်းဆုံး ဖြစ်သည်။ ၎င်းမျိုးများမရနိုင်မှ ကော်မာပြောင်းမျိုး၊ ထိပ်ခွက် ပြောင်းမျိုးတို့ကို အသုံးပြုနိုင်သည်။

အပင်ပေါက်ပြီးနောက် (၇-၁၅) ရက်ကြာလျှင် တစ်ကျင်းတွင် သန်စွမ်းကောင်းမွန်သော အပင်(၃) ပင်ချန်ပြီး ကျန်အပင် များကို နှုတ်ပစ်ရ ပါမည်။ ထိုအခါ တစ်ဧကတွင် အပင်(၄၇၀၄၄) ပင် ၀င်ဆန့်မည် ဖြစ်သည်။ ပေါင်းရှင်းခြင်း၊ မြေဆွခြင်း တို့ကို အပင်ခွဲသည့်နေ့တွင် ပင်   ပြုလုပ်ရသည်။ အပင်ပေါက်ပြီးနောက် (၄၅) ရက်ကြာသောအခါ အဖိုနှံများကို နှုတ် ပယ်ရသည်။ အသုံးပြုသောမျိုး၏ သက်တမ်း ကို လိုက်၍ အဖိုနှံနှုတ်ပယ် ရမည့်ရက်ကို ပုံသေမှတ်မထားသင့်ပေ။ သက်လျင်မျိုးဖြစ်လျှင် အပင်ပေါက်ပြီး နောက် ရက်(၄၀) အကြာလောက် တွက် အဖိုနှံကို နှုတ်ပေးရမည်။ အကောင်း ဆုံးမှာ အပင်ထိပ်ဖျားအရွက်ကြားမှ အဖိုနှံများ ထွက်ပြူစတွင် နှုတ်ပယ်ပစ်လျှင် ပို၍ စိတ်ချ ရ သည်။ ဤသို့ အဖိုနှံကို စော၍ နှုတ်ပယ်ခြင်းဖြင့် အမပွင့်ဖြစ်သော ပြောင်းဖူးနု ကြီးထွားမှုကို ပို၍ လျှင်မြန်စေသည်။ အဖိုနှံ နှုတ်ပြီးနောက် (၃) ရက်မှ (၅) ရက် အကြာအတွင်း ပြောင်းဖူးနု၏ အရှည်(၉) စင်တီမီတာ၊ အချင်း (၁.၀ မှ ၁.၅) စင်တီမီတာ၊ ပြောင်းဖူး ထိပ်တွင် ထွက်   သော မြိတ်ဆာ(၃) စင်တီမီတာ ခန့်ရှိလာပေမည်။ ထိုအဆင့်တွင် ပြောင်းဖူးနုကို ချိုးယူနိုင်သည်။ ပြောင်းဖူးတစ်ပင်မှ အခွံဖြင့် တစ်ဧက လျှင် ပြောင်းဖူးနု (၂) တန် မှ (၂.၅) တန်နှုန်း ထွက်သည်။ ၎င်းကို အခွံလွှာ သည့်အခါ ပြောင်းဖူးနု(၁၅%) မှ (၁၈%) အထိ ထွက်သည်။ ထို့ကြောင့် (၂) တန်နှုန်းဖြစ်လျှင် တစ်ဧကမှ အခွံလွှာပြီး ပြောင်းဖူးနု (၀.၃) တန်မှ (၀.၃၆၄) တန် ထွက်သည်။ အခွံဖြင့် (၂.၅၀) တန်နှုန်း ထွက်ပါက ပြောင်းဖူးနု (၀.၃၈) မှ (၀.၄၅) တန် ထွက်သည်။ ကြီးကြပ်ကွပ်ကဲမှု ကောင်းပါက လုပ်ချိန် (၈) နာရီ အတွင်း အခွံအုပ်ပြောင်းဖူးနု (၂) တန်ရအောင် ချိုးယူနိုင်သည်။

ပြောင်းဖူးနု တစ်ပိဿတွင် (၁၉၆) ဖူးမှ (၂၄၅) ဖူးအထိ ပါဝင်သည်။

စပါးစိုက်ပျိုးသော တောင်သူများအား ပဲနှင့် ဆီထွက် သီးနှံ မစိုက်ပျိုးနိုင်သော လယ်မြေများတွင် ပြောင်းဖူးနု စိုက်ပျိုး ထုတ်လုပ်စေသင့်သည်။

ဤသို့ စိုက်ပျိုးစေခြင်းဖြင့် လယ်သမားတစ်ဦးသည် (၄၅-၅၀) ရက် အတွင်း ကြားဖြတ်ဝင်ငွေ မြောက်များစွာ ရနိုင် သည်။ စပါးအခြေခံသော သီးနှံစိုက်ပျိုးရေးစနစ်တွင် စပါး-ပြောင်းဖူးနု သီးနှံပုံစံတစ်ခုကို ထည့်သွင်းသင့်သည်။ မြန်မာနိုင်ငံရှိ စည်သွပ်ဘူးထုတ်လုပ်သော စက်ရုံများနှင့် ဆက်သွယ်ညှိနှိုင်း စိုက်ပျိုးလျှင် ပြောင်း ဖူးနု ဈေးကွက်ကို ပိုမိုကျယ်ပြန့်ပေမည်။

Source  – စိုက်ပျိုးရေးဦးစီးဌာန

 

The postေ⁠ပြာင်းဖူး⁠နု ( သို့မဟုတ် ) ဟင်းစားေ⁠ပြာင်းစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

အုန်းပင် စိုက်ပျိုးနည်း

$
0
0

မြန်မာအမည်              – အုန်း

အင်္ဂလိပ်အမည်           -Cononut                                                                                                                                                                        ရုက္ခဗေဒအမည်          – Cocos Nucifera

မျိုးရင်း                         – Palmaceae

အမျိုးအစား

သက်တမ်းကိုလိုက်၍ “အုန်းထရံ” ခေါ် အုန်းကြီးမျိုးနှင့် “၀က်မလွတ်” ခေါ် အုန်းအပုမျိုးဟူ၍ ခွဲခြားထားပါသည်။ ၁၉၆၀ ခုနှစ်လောက်တွင်၊ သီဟိုဠ်အုန်းကော်မတီမှ ရုက္ခဗေဒပါရဂူ ဒေါက်တာ လီယာနာဂေးက ဖော်ပြပါအုန်းကြီးနှင့် အုန်းပု ကို မျိုးစပ်လျက် (Kings Cononut) ခေါ် “တော်ဝင်အုန်း” ဟူ၍ တတိယ မျိုးတစ်ခုကို သုတေသန ပြုလုပ်ဖော် ထုတ် ကြောင်း သိရပါသည်။

စိုက်ပျိုးသည့်ဒေသ

တောင်ပေါ်မြေပြန့် မကျန်အောက်ခံရေပြင်နှင့် နီးသော နေရာတွင် ပေါက်ရောက်ပြီး မြန်မာပြည်တွင်း မြစ်ဝကျွန်း ပေါ်နှင့် ကမ်းရိုးတမ်းတလျှောက်တွင် အမြောက်အများ စိုက်ပျိုးဖြစ်ထွန်းသည့်အပြင်၊ အပူပိုင်းဒေသ ပခုက္ကူနယ်၊ က၀မြို့တွင် အောက်ခံရေ နီးသဖြင့် အုန်းတောများ ပေါက်ပွားဖြစ်ထွန်းလျက်ရှိကြောင်း မြင်တွေ့ရပါသည်။

ရေမြေရာသီဥတု

စာဆိုအရ တောင်နှင့် မြောက် လတ္တီတွဒ် (၂၂) ဒီဂရီအတွင်း ဖြစ်ထွန်းကြောင်း သိရပါသည်။ အနည်းဆုံး အပူချိန် (၂၇) ဒီဂရီ စင်တီဂရိတ်ရှိပြီး၊ နွေး၍ စွတ်စိုသော ရာသီဥတုကို နှစ်သက်သည်။ အောက်ခံ ရေနီးသော (သို့မဟုတ်) နွေ၌ ရေပေးသွင်းရန်လွယ်ကူသော နုံးမြေ၊ နုံးတင်မြေနုနှင့် သဲနုန်းမြေများသည် အုန်းပင် စိုက်ပျိုးရန် သင့်လျော်သောမြေများ ဖြစ်ပါသည်။ တနှစ်လျှင် အနည်းဆုံး လက်မ (၃၀) ဖြင့် လစဉ် ညီညာစွာ ဖြန့်ဖြန့်ရွာသွန်းသော မိုးသည် အုန်းအတွက် အကောင်းဆုံး ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အနည်းဆုံး (၅) လ မိုးမရွာသော ဒေသမျိုးတွင် ရေသည် အဓိကအကျ ဆုံး ဟူ၍ ပြောရပါမည်။

မြေပြုပြင်နည်း

အုန်းပင်အစိုက်မီ နိုဝင်ဘာ – ဒီဇင်ဘာလများတွင် အပြီး တောခုတ်လျက်၊ ဖေဖော်ဝါရီနှင့် မတ်လတွင် ကျွမ်းခွေ မီးရှို့ရ ပါမည်။ လွယ်လွယ်ငုတ်နုတ်နိုင်သောမြေနေရာ (သို့မဟုတ်) ထွန်စက်ဝင်နိုင်သော မြေပြန့်နေရာများတွင် သင်္ကြန်မိုးနှင့် အတူ ထယ်တစပ် – ထွန် (၂)စပ်ခန့် ထွန်ထယ်ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ သို့သော် မစိုက်မီ အနဲဆုံးတ လခန့်ကြိုတင်၍ (၃၀’ x ၃၀’) အကွာအဝေး၊ ကျင်းများတူးထားရပါမည်။ တွင်းအတိုင်းအထွာမှာ (၃’ x ၃’) နှင့် အနက် (၃’) ဖြစ်ပါသည်။ အပေါ်ယံမြေလွှာ၊ နွားချေးဆွေး၊ သစ်ရွက်ဆွေးနှင့် ခြံမီးရှို့၍ ရသော ပြာများကိုတွင်းတွင် ပြန်ဖို့ ပေးရပါမည်။ အဓိကမှာ မြေမျက်နှာပြင်အနေအထားကို ဂရုစိုက်၍ နွေတွင်နီးရာရေရရှိသော နေရာမှ လွယ်ကူ စွာရေ ပေးသွင်းစီးဆင်းနိုင်ရေးအတွက် ပြုပြင်ထားရန်လိုပါသည်။ ရေတက်ရေကျရှိသော နေရာများတွင် ရေတက်ချိန် ခြံတွင်အရောက် ရေစီးဆင်းနိုင်စေရန် ပြုပြင်ထားရပါမည်။ သဲဆန်လွန်းသောနေရာတွင် သစ်ရွက်စိမ်း မြေသြဇာ များအဖြစ်  ခြံစီးရိုးနှင့် လမ်းဘေးတလျှောက်တွင် ပဲမျိုးများ ဖြစ်သော မဲဇလီ၊ သဘောင်္ပိတောက်၊ ပေါက်ပန်းဖြူ နှင့် ပိုကာပင် စသည်တို့ကို စိုက်ပျိုးထားသင့်ပါသည်။

ပျိုးထောင်နည်း

ပဏာမ တွင် ဖော်ပြခဲ့သည့် အတိုင်း အုန်းပင်သည် နှစ်ရှည်ပင် များတွင် အသက်ရာကျော် ရှည်သည့် အသက် အကြီးဆုံး အပင်မျိုးဖြစ်ပါသည်။ အစကောင်း၍ အနှောင်းသေချာစေရန် မျိုးရွေးချယ် ပျိုးထောင်ခြင်းသည် အဓိကဖြစ် ပါသည်။ ၀တ်ဆံကူး၍ မျိုးအောင်ရသည့် အပင်မျိုးဖြစ်သည့်အတွက် လိုအပ်သောအင်္ဂါရပ်နှင့် ပြည့်စုံသော အမိပျိုး ပင်ကို စနစ်တကျ ရွေးချယ်ရုံမက – ယင်းအပင်၏ ပတ်ဝန်းကျင်တွင်လည်း အလားတူအဂါင်္ရပ်များရှိသော အပင်များ ၀ိုင်းနေရန်လိုပါလိမ့်မည်။ ပထမအဆင့်အနေဖြင့် တပင်ချင်းသာမက၊ အုပ်စုလိုက်ပါ မျိုးကောင်းသောအပင်ကို ရွေးရပါ သည်။ (မျိုးကောင်းပင် ဆိုရာ၌ ပင်စည်ဖြောင့်တန်းလျက်၊ အရင်းတုတ်ခိုင် ပြန့်ကြယ်သော အုန်းလက်များသည် ထီးကဲ့ သို့ ဝေဆာလျက် – အလက်ကြားတိုင်းတွင် အုန်းဖူးထွက်သော စောစောသီး၍ အသီးများများတင်သော အပင်မျိုး ဖြစ် ပါသည်။  သက်တန်း (၁၅) နှစ် ကျော်သော အပင်မျိုးမှသာ မျိုးခံယူရပါသည်) အသီးသက် တနှစ်ကျော်သော (ဆိုလို သည်မှာ အုန်းဖူးကွဲသည့်နေ့မှစ၍ တနှစ်ကျော်သော) အုန်းသီးများကို အပင်ပေါ်တက်၍ အခိုင်လိုက် ခုတ်ချလျက်၊ သာ သာကြိုးဖြင့် ချပေးရပါသည်။ ဒုတိယ အဆင့် ယင်းအခိုင်မှ အကောင်းဆုံး အုန်းသီးများကို တလုံးချင်း ရွေးရပါသည်။ (အုန်းသီး အရွယ်တော်ကို အပင်ပေါ်တက်၍ အခိုင်လိုက် ခုတ်ချလျက် သာသာကြိုးဖြင့် ချပေးရပါသည်။ ဒုတိယအဆင့် ယင်းအခိုင်မှ ယင်းအခိုင်မှ အကောင်းဆုံးအုန်းသီးများကို တစ်လုံးချင်းရွေးရပါသည်။ (အုန်းသီး အရွယ်တော်အခိုင်တွင် အုန်းသီးများများဆန့်အောင် အရင်း၌ ဒေါင့်များရှိသော အုန်းသီး အုန်းဆံပါး၍ ၊ အုန်းမှုန့်ကြီးလျက်၊ အုန်းသားထူသော အသီးမျိုးကို ဆိုလိုပါသည်။

ဘောင်ဖော်၍ အုန်းသီးကို အလျားလိုက်လှဲ၍ တလုံးနှင့် တလုံး (၉) လက်မ၊ တတန်း နှင့် တတန်း တတောင်ခန့်ခြား၍ ပျိုးထောင်ရသည်။ ပျိုးဘောင်တွင် သဲတ၀က်ခန့် ရောပေးရပါသည်။ အုန်းလုံး၏ အပေါ်လွှာကို (၁/၃) ခန့် ဖော်ထား၍ မြေဖုံ့ထားရပါသည်။ နွေရာသီ၌ အမိုးပါးပါး ပြုလုပ်ပေးရပါသည်။ စင်တင်ပင်  (ဗူး -ပဲလင်းမွေ) များကို ပျိုးစင်တွင် တင်ပေးခြင်းဖြင့် ၀င်ငွေရနိုင်သည်။ မိုးပြတ်သော လများတွင် နေ့စဉ် ရေလောင်းပေးခြင်း၊ ရေနီးလျှင် ဘောင်များကြားတွင်ရေလွှတ်ပေးခြင်းများ ပြုလုပ်ရပါမည်။ အချိုဓာတ်ပါသဖြင့် ပရွက်ဆိပ် နှင့် ခြကောင်များကို ကာကွယ်ပေးရမည်။ မိုးရာသီတွင် ပေါင်းမြက်နှုတ်ပေး၍ နွေတွင် ကောက်ရို၊ မြက်ခြောက်ပါးပါးအုပ်ပေးရသည်။ စောစော အစို့ထွက်သော အပင်သည် စောစောအသီးသီးတတ်သဖြင့် ငုတ်စိုက်၍ အမှတ်အသား ပြုလုပ်ထားသင့်ပါသည်။ မြေချပြီး၍ (၃) လမှ(၄)လ အတွင်း အစို့ထွက်မလာလျှင် မျိုးကောင်းဟု ပြောရန် မသင့်ပါ။

စိုက်ပျိုးနည်း

တနှစ်သားပျိုးပင်သည် ပြောင်းစိုက်ရန် အကောင်းဆုံး ဖြစ်သည်။ ပျိုးသက် (၆) လမှ (၂) နှစ်အတွင်း စိုက်နိုင်သည်။ မိုးဦးကျစ ဇွန်လနှင့် ဇူလိုင် ပထမလ၀က်တွင် ပြောင်းစိုက်နိုင်သည်။ ရေအမြဲတန်းဝပ်သည့်နေရာကို ရောက်၍ အနိမ့် ပိုင်းတွင် ခုံဖို့၍လည်းကောင်း၊ မြေပြန့်တွင်၊ တွင်းနှုတ်ခမ်းထိ မြေဖို့၍ နှုတ်ခမ်းတင် စိုက်နည်းဖြင့် လည်းကောင်း၊ ကုန်း တွင်း တွင်းတ၀က်ခန့်မြေဖို့၍ အုန်းသီးကို မြေပြင်အောက် နှိမ့်ထားသော နည်းဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။

စိုက်မည့်ပျိုးပင်သည် အရင်းတုတ်၍၊ သန်စွမ်းလျှက်၊ အရွက်ဖားပြီး သက်တန်းတနှစ်ကျော် (၂) နှစ်ရှိ ပျိုးပင်၏ အလင်း အရင်းများ၌ အရွက်ကွဲစပြုနေသော ပျိုးပင်မျိုးကို ရွေးရပါမည်။ အရင်းမှ ကိုင်ယူသယ်ဆောင်စိုက်ပျိုးရသည်။ အုန်းသီး (၁၀၀) ပျိုးထောင်ပါက ပျိုးပင်ကောင်းကောင်း (၆၀) ခန့် သာ ရွေး၍ရပါမည်။

စိုက်သောအခါ ကျင်း၏အလယ်တည့်တည့်၌ ပျိုးပင်ကို ဖြောင့်မတ်စွာထား၍ တွဲလျက်ရှိသော မျိုးအုန်းသီး၏ အပေါ်လွှာကို (၁/၃) ပုံခန့် ဖော်၍ စိုက်ရပါသည်။ မစိုက်မီ အမြစ်များကို ဒါးပြတ်ပြတ်ဖြင့် ကတုံးရိပ်ပေးရပါသည်။ အပင်ရှည်ပါက ငုတ်စိုက်၍ ချည်ထားရမည်။

နွေတွင် နေကာ၊ လေကာနှင့် အစိုဓာတ်ရစေပြီး တဘက်မှ ၀င်ငွေရမည့် ငှက်ပျောပင်များနှင့် တွဲဘက်စိုက်သင့်ပါသည်။

မြေသြဇာကျွေးနည်း

သဘာဝ မြေသြဇာများဖြစ်သော တိရစ္ဆာန်ချေး၊ မီးဖိုစွန့်ပစ္စည်းများဖြစ်သော သားငါးဆေးသည့် ရေ၊ ငါးပိရိုး နှင့် မီးဖို စွန့်ပစ်ပစ္စည်းများဖြစ်သော သား၊ငါးဆေးသည့်ရေ၊ ငါးပိရိုးနှင့် မီးဖိုပြာများထည့်ပေးရသည်။ ရေသောက်မြစ်မရှိသော မျိုးဖြစ်သည့်အပြင် ပင်စည်ရှည်လွန်းသဖြင့် ပြာဓာတ်ပါသော ပိုတက် မြေသြဇာအထူးလိုအပ်သည်။ လက်ရှိဓာတ် ပါဝင်နှုန်းတို့ဖြင့် ပုလဲ၊ တီစူပါ နှင့် မြူရိပ်ပိုတက်တို့ကို (၅း ၅း ၉) အချိုးဖြင့် ရောစပ်လျက် (၂) နှစ်သားတွင် (၁) ပေါင်၊ (၃) နှစ်သားတွင် (၂) ပေါင်၊ (၄) နှစ်သားတွင် (၃) ပေါင်၊ (၅) နှစ်သားတွင် (၄)ပေါင်၊ (၆) နှစ်နှင့် အထက် (၅) ပေါင်နှုန်း ထည့်ရမည်။ (၅)ပေါင် နှုန်းထက်ပိုပါက စီးပွားရေးမကိုက် ဖြစ်တက်သည်။ အပင်ငယ်စဉ် အပင်ရင်းဝိုင်းထည့်၍ အပင်ကြီးလာသောအခါ အပင်ကြား ပေါက်ပြား (သို့) ထယ်ကြောင်းရာပေး၍ ထည့်ရမည်။ ဓာတ်မြေသြဇာကို အမြစ် အောက်ဆင်းစေရန် နက်နက်တူးထည့်နိုင်လျှင် ကောင်းပါသည်။ အပူဓာတ်ပါရှိသော မြေသြဇာများဖြစ်သည့် အတွက် မိုးဖြိုင်သောရာသီတွင်ဇွန်လ ဒုတိယပတ်နှင့် ဇူလိုင်လများအတွင်း ပြီးအောင် ထည့်ကျွေးရမည်။ သံလိုက်ဓာတ်ပါသော မင်းဂနီး၊ မြေသြဇာပါထည့်ရန်လိုအပ်ပါသည်။ ခြံတွင်စမ်းသပ်ချက်အရ ဟိုင်ပါ မြေသြဇာသည် အုန်းနှင့် သင့်လျော် ကြောင်းတွေ့ရပါမည်။

မျိုးပွားနည်း

ယခုနေ့ထိ အသီးမှ မျိုးပွားနည်းတစ်ခုတည်း ကမ္ဘာနှင့်တ၀ှမ်း သုံးစွဲလျက်ရှိကြောင်း တွေ့ရပါသည်။ မျိုးကောင်းရရန် ၀က်ဆံကူးပေးသော မျိုးပွားနည်းကို အုန်းအများအပြားစိုက်သော အိန္ဒိယ နှင့် သီဟိုဠ်တို့တွင် ဆောင်ရွက်ပေးကြ ကြောင်း သိရပါသည်။

တဧက အပင်နှုန်း

သာမန်အားဖြင့် (၃၀’ x ၃၀’)စိုက်လျှင် တဧကပျိုးပင် (၄၈) ပင်လိုပါသည်။ (၂၅’ x ၂၅’) ပေဆိုပါက (၆၉) ပေရပြီး မြေသြဇာ ထက်သန်သော နေရာတို့တွင် (၁၈’ x ၂၄’)ပေ စိုက်လျှင် တဧကအပင် (၁၀၀) ရပါသည်။

ရေသွင်းနည်း

မြောင်းသွယ်၍ ပင်ချေရင်း စိုင်းပေးသော ရေသွင်းနည်းသည် အကောင်းဆုံး ဖြစ်ပါသည်။ ကြာရှည်အဖြစ် စီးပွားရေး ဆန်ဆန် စိုက်ရန်မှာ အောက်ခံရေနီးသော (သို့မဟုတ်) ရေတက်ေ၇ကျရှိသော မြစ်ချောင်း ကမ်းနဖူးတွင် စိုက်သင့် သည်။ အုန်း၏ အဓိက လိုအပ်ချက်မှာ နွေရာသီ ရေလုံလောက်စွာပေးနိုင်ရေးဖြစ်သည်။

အသုံးဝင်ပုံ

တိရစ္ဆာန်တွင် တစ်ကောင်လုံးအသုံးချသော နွား ရှိသကဲ့သို့ သစ်ပင်များတွင် တပင်လုံး အသုံးဝင်သော သစ်ပင်ကို ပြပါဆိုလျှင် “အုန်း” မှ တပါး တခြားမရှိပါ။ အကျဉ်းချုံး၍ ပြောရပါလျှင် အညွန့်အဖူးကို ဘုရားတင်၍၊ အုန်းသီးနုကို အရေသောက်နှင့် ဇွန်းချစ်-မရင့်တရင့် ထန်းလျက်နှင့်စား မြန်မာမုန့်ပဲသွားရေစာတွင် အုန်းမပါလျှင်မပြီး အုန်းသီးကြီး လာလျှင် ကြွက်မြှီးမပျက်ပွဲတင်ဆက်၊ စက်မှုအတွက်ဆိုလျှင် အုန်းသားခြောက်၊ အုန်းဆီနှင့် အုန်းဆံ၊ အုန်းမှုတ် ကိုရေခွက်၊ ဆံညှပ်နှင့် ပုတီး၊ အုန်းမီးသွေးဆိုလျှင် အဆိပ်ငွေ့ ကာကွယ်ရာမှာ များစွာ အသုံးဝင်ပြီး အဆုံးစွန်ပြော ရလျှင် အုန်းမြစ်ကို ရှေးယခင်က စုတ်တံလုပ်၍ အသုံးပြုကြောင်းသိရပေသည်။

Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

 

The post အုန်းပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

⁠ကြက်⁠မောက်သီး အရည်အ⁠သွေး⁠ကောင်းမွန်⁠ပြီး အထွက်⁠နှုန်းတိုးတက်⁠မြင့်မား⁠စေသည့်အချက်များ

$
0
0

၁။ ရေမြေဒေသရာသီဥတုနှင့် ကိုက်ညီပြီး အကြမ်းခံသည့် မျိုးကို ရွေးချယ်စိုက်ပျိုးပါ။ (နတ်စိမ်းမျိုး၊ ဘိုတဲမျိုး၊ ယိုးဒယားအနီမျိုး၊ အ၀ါမျိုး)

၂။ အသီးအရွယ်အစားကြီးပြီး အချိုလေးခြင်း၊ အသားထူခြင်း၊ အသီးအရောင်လှပခြင်းနှင့် အထွက်နှုန်း ကောင်းမွန်သော အပင်မျိုးကို ရွေးချယ်၍ ကိုင်းဆက်၊ အဖူးမြှုပ်သည့် ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးပါ။

၃။ ပင်ကြား၊ တန်းကြား (၁၈’×၂၄’) အကွာအဝေးဖြင့် တစ်ဧကလျှင် အပင် (၁၀၀) ၀င်ဆန့်အောင် စိုက်ပျိုးပါ။

၎။ စိုက်ကျင်းအရွယ် (၃’×၃’×၃’) တူးပြီး အပေါ်ယံမြေလွှာနှင့် မြေဆွေးရောစပ်၍ ကျင်းစာကျွေးပါ။

၅။ အပင်ငယ်စဉ်တွင် အရိပ်ပြုလုပ်ခြင်းကို မဖြစ်မနေဆောင်ရွက်ပေးပါ။

၆။ အပင်ခြေတွင် ပေါင်းမြက်များ၊ အမြဲကင်းရှင်းနေစေရန်နှင့် ပင်ခြေတ၀ိုက်အစိုဓါတ်ထိန်းနိုင်ရန် အရွက်ခြောက် များဖြင့် မြေဖုံးပေးပါ။

၇။မြေပြင်မှ အမြင့် (၃.၅) ပေအထိ ပင်စည်တစ်ခုတည်းရှိနေစေရန်နှင့် ကိုင်းမကြီး (၃-၅) ကိုင်း ထားသည့် စနစ်ဖြင့် ပြုပြင်ပုံသွင်း မွေးမြူပါ။

၈။ အပင်အတွင်းဘက်အလင်းရောင်ကောင်းစွာရရှိပြီး၊ ရောဂါကျရောက်မှု သက်စာစေရန် အလယ်ဖွင့်ပုံသွင်း နည်းစနစ် (Open Center) ဖြင့် မွေးမြူပုံသွင်းပါ။

၉။ မိုးပြတ်သောအချိန်မှစ၍ ပင်ခြေတ၀ိုက်ရေ၀ပ်ကျင်းများ ပြုလုပ်၍ (၁) ပတ် (၁) ကြိမ် ရေသွင်းပေးပါ။

၁၀။ နွေရာသီရေလုံလောက်စွာ မရနိုင်သော ဒေသမျိုးတွင် ရေ၀ပ်ကျင်းအတွင်း မြက်ခြောက်များ ၆ လက်မအထူခန့် ဖုံးအုပ်ပေးပါ။

၁၁။ ပန်းမပွင့်မီ (၁) လအလိုတွင် လည်းကောင်း၊ အသီးခူးပြီးချိန် (၃) လကြာအောင် ရေဖြတ်ခြင်းကိုလည်း ကောင်း ဆောင်ရွက်ပါ။

၁၂။ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာကို ကျွေးခြင်းကို သတ်မှတ်နှုန်းထားအတိုင်း အပင်သက်တမ်းအလိုက် တိုးမြှင့်ကျွေးပါ။

၁၃။ ပင်စည်ထိုးပိုး၊ သီးလုံးဖောက်ပိုးများ ကာကွယ်ရန် လိုအပ်သလို ဆေးဖျန်းပေးပါ။

၁၄။ အသီးလုံးချောရစေရန် အဖူးဖြတ်ခြင်း၊ သီးကင်းချွေခြင်းကို ဆောင်ရွက်ပါ။

၁၅။ အသီးရင့်မှည့်ချိန် အသီးခွံရောင်လှပချိန်တွင် ဆွတ်ခူးပါ။

စိုက်ပျိုးရေးနည်းပညာ

The post ⁠ကြက်⁠မောက်သီး အရည်အ⁠သွေး⁠ကောင်းမွန်⁠ပြီး အထွက်⁠နှုန်းတိုးတက်⁠မြင့်မား⁠စေသည့်အချက်များ appeared first on Myanmar Farmers' Portal.

အုန်းပင်⁠ပြုစုနည်း ⁠နှင့် အုန်းတွင်ကျ⁠ရောက်တတ်⁠သော ပိုးမွှား⁠ရောဂါများ

$
0
0

အပင်ငယ်စဉ်တွင် ပရွတ်ဆိပ်၊ ခြ၊ ဖြူ၊ ပူး၊ ကြွက်တို့ရန်မှ ကင်းဝေးအောင် မိုးတွင်း ရေမ၀ပ်ဘဲ၊ နွေတွင် ရေလုံလောက် အောင် ပြုစုပေးဘို့ လိုပါသည်။

ကြီးလာ၍ သီးသည့် အရွယ်ရောက်သောအခါ ကြံ့ပိုး၊ ပင်စည်ထိုးပိုးကောင်နီနှင့် နောက်ဆုံး အကြောက်ရဆုံး ပြပိုးများ ဖြစ်ပါသည်။ ပြပိုး၏ သဘာဝမှာ ပိုးလောက်လန်းဘ၀တွင် မီးချစ်ဆန်အရွယ် တလက်မ ခန့်ရှည်၍ ဖက်ဖူးရောင်နှင့် ခေါင်းမဲမဲဖြစ်ပြီး အရွက်၏ အစိမ်းဖက်များကို ၀ါးစားလျက်၊ အရွက်(၂) ခုရှက်အောင် ပိုးချည်ဖြင့် သန်းထားပြီး၊ အတွင်း ၌ပိုးအိမ်ဖွဲ့၍ ပိုးတုံးလုံးဘ၀နေပါသည်။ လိပ်ပြာမှ ငါးမူးစေ့အရွယ်၊ ၀ါစိမ်းရောင်ရှိလျက် အုန်းရွက်များပေါ်တွင်ဥ တစ် ရာခန့်ဥပါသည်။ ယင်းမှ ပိုးကောင်းများပေါက်ပွား၍ အစိမ်းဖတ်က်ု ကိုက်စား ဖျက်ဆီးကြပါလျှင် အရွက်များ ခြောက်၍ မီးလောင်ထားသကဲ့သို့ ပျက်စီးစေပါသည်။ ဆေးဖြန်းပါက ယင်းပိုးကောင်ကို သိပ်ပြီး ထိရောက်မှုမရှိဘဲ၊ ၀တ်ဆံ ကူးပေးသည့် ပိုးကောင်များသာသေပြီး သီးထွက်ကျဆင်းသည်ကိုတွေ့ရပါသည်။ မိုးဦးခေါင်၍သော်လည်းကောင်း၊ မိုးနှောင်းစောလျှင်သော်လည်းကောင်း၊ ပိုးများ ကျရောက်တတ်သဖြင့် အုန်းပင်များကြားတွင် မိုးဦး၊ မိုးနှောင်းတွင် ထယ်ထိုး၊ ထွန်ယက်ပေးခြင်းဖြင့် ပိုးကျ သက်သာနိုင်ကြောင်း တွေ့ရပါသည်။

မိုးရာသီတွင် အပင်ရင်းတွင်ရှင်း၍ နွေ၌၊ အုန်းလက်ခြောက်၊ အုန်းဆံ၊ မျက်ခြောက်များ အုပ်ပေး၍ ရေကို ဂရုတစိုက် သွင်းပေးရပါသည်။ အုန်းလက်ကြားတွင်ရှိနေသော အုန်းခိုင်ခြောက်၊ အုန်းဖူးခြောက်၊ အုန်းဖလက်များကို (၃)နှစ် တကြိမ်ခန့် ရှင်းပေးရန် လိုအပ်ပါသည်။ အုန်းကြီးမျိုးသည် (၇) နှစ်မှ (၁၀) နှစ်အတွင်း အသီးမသီး၍ အုန်းပုမျိုးသည် (၇) နှစ်မှ (၅) နှစ်အတွင်း သီးပါသည်။ ဖြိုင်ဖြိုင် သီးလာသော အခါ တနှစ်တပင်လျှင် ပျမ်းမျှ အလုံး (၅၀) သီးပါသည်။

Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

 

The post အုန်းပင်⁠ပြုစုနည်း ⁠နှင့် အုန်းတွင်ကျ⁠ရောက်တတ်⁠သော ပိုးမွှား⁠ရောဂါများ appeared first on Myanmar Farmers' Portal.

ပြောင်းဖူးနု Baby Corn ကို ဘယ်လိုအချိန်မှာ ဆွတ်ခူးရိတ်သိမ်းမလဲ။

$
0
0

ပြောင်းဖူးနုကို အပင်ပေါက်ပြီးနောက် (၇-၁၅) ရက်ကြာလျှင် တစ်ကျင်းတွင် သန်စွမ်းကောင်းမွန်သော အပင်(၃) ပင်ချန်ပြီး ကျန်အပင်များ ကို နှုတ်ပစ်ရပါမည်။

ထိုအခါ တစ်ဧကတွင် အပင်(၄၇၀၄၄) ပင် ၀င်ဆန့်မည် ဖြစ်သည်။

ပေါင်းရှင်းခြင်း၊ မြေဆွခြင်း တို့ကို အပင်ခွဲသည့်နေ့တွင်ပင်   ပြုလုပ်ရသည်။

အပင်ပေါက်ပြီးနောက် (၄၅) ရက်ကြာသောအခါ အဖိုနှံများကို နှုတ်ပယ်ရသည်။

အသုံးပြုသောမျိုး၏ သက်တမ်း ကို လိုက်၍ အဖိုနှံနှုတ်ပယ် ရမည့်ရက်ကို ပုံသေမှတ်မထားသင့်ပါ။

သက်လျင်မျိုးဖြစ်လျှင် အပင်ပေါက်ပြီး နောက် ရက်(၄၀) အကြာလောက် တွက် အဖိုနှံကို နှုတ်ပေးရမည်။

အကောင်းဆုံးမှာ အပင်ထိပ်ဖျားအရွက်ကြားမှ အဖိုနှံများ ထွက်ပြူစတွင် နှုတ်ပယ်ပစ်လျှင် ပို၍ စိတ်ချရ သည်။ ဤသို့ အဖိုနှံကို စော၍ နှုတ်ပယ်ခြင်းဖြင့် အမပွင့်ဖြစ်သော ပြောင်းဖူးနု ကြီးထွားမှုကို ပို၍ လျှင်မြန်စေသည်။

အဖိုနှံ နှုတ်ပြီးနောက် (၃) ရက်မှ (၅) ရက် အကြာအတွင်း ပြောင်းဖူးနု၏ အရှည်(၉) စင်တီမီတာ၊ အချင်း (၁.၀ မှ ၁.၅) စင်တီမီတာ၊ ပြောင်းဖူး ထိပ်တွင် ထွက်သော မြိတ်ဆာ(၃) စင်တီမီတာ ခန့်ရှိလာပေမည်။ ထိုအဆင့်တွင် ပြောင်းဖူးနုကို ချိုးယူနိုင်သည်။

ပြောင်းဖူးနု (Baby Corn) ကို အဖူးထိပ်ပိုင်းပြည့်ဖြိုးလာပြီး၊ အမွေးများခြောက်ကာ အညိုရောင်ပြောင်းလာလျှင် ချိုးယူရသည်။

ဖက်ရွက်များကို လှန်ချလိုက်လျှင် အစေ့များပြည့်ဖြိုးနေသည်ကို တွေ့ရသည်။ ထို့နောက်အစေ့များကို စမ်းကြည့်လျှင်  နို့ရည်များနှင့် ပြည့်နေကြောင်း တွေ့ရမည်ဖြစ်သည်။

ထိုအချိန်သည် အရသာ အချိုဆုံးအချိန်ဖြစ်သည်။ ချိုးလိုက်လျှင် အဖြူရောင်နို့ရည်များ ထွက်လာမည်ဖြစ်သည်။

ရိုးရိုးပြောင်းချိုမျိုးကို ခူးဆွတ်ပြီးလျှင် အမြန်စားသုံးရန် သို့မဟုတ် တာရှည်ခံအောင် အမြန်ပြုလုပ်ရန် လိုအပ်သည်။ အကြောင်းမှာ သကြား များဓာတ်ပျက်ပြီး အချိုပေါ့သွားနိုင်သည်။

အကယ်၍ ပေါက်ပေါက်ပြောင်း (Pop-Corn) စိုက်ပျိုးခဲ့လျှင် အဖူးပေါ်မှ ဖက်ရွက်များခြောက်ပြီး အညိုရောင်သန်းလာမှ ဆွတ်ခူးရသည်။ သို့ရာတွင် ပေါက်ပေါက်ဖောက်ရန် အနေတော်သော အစိုဓာတ်ကျန်ရှိ မရှိ မသိနိုင်ပါ။

ပြောင်းဖူးတစ်ပင်မှ အခွံဖြင့် တစ်ဧက လျှင် ပြောင်းဖူးနု (၂) တန် မှ (၂.၅) တန်နှုန်း ထွက်သည်။ ၎င်းကို အခွံလွှာ သည့်အခါ ပြောင်းဖူးနု(၁၅%) မှ (၁၈%) အထိ ထွက်သည်။

ပြောင်းဖူးကို အအေးခံခြင်း၊ စည်သွတ်ခြင်း၊ အချဉ်တည်ခြင်း၊ အခြောက်လှန်းခြင်း ပြုလုပ်နိုင်သည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ပြောင်းဖူးနု Baby Corn ကို ဘယ်လိုအချိန်မှာ ဆွတ်ခူးရိတ်သိမ်းမလဲ။ appeared first on Myanmar Farmers' Portal.

ပဲပိုးတီ စိုက်ပျိုးနည်း

$
0
0

ပဲပိုးတီပင်သည် အနွေးကြိုက်နှစ်ရှည်သီးနှံဖြစ်ပြီး၊ အပူချိန် – ၄၀ံF မှ +၄၀ံF အတွင်း အပင်ဖြစ်ထွန်းသည်။ ဥကို စားသုံးရပြီး၊ အပင်အမြင့် ၂ – ၈ ပေနှင့် အကျယ် ၁-၄  ပေရှိသည်။ ဂျေရုဆလင် အာတီချုပ်ဟုဆိုရာ၌ဂျေရုဆလင်မြို့မှာ မူရင်းဒေသ မဟုတ်သကဲ့သို့ အာတီချုပ် (အရွက် ထုပ်ဟင်းစားပင် တစ်မျိုး)နှင့်လည်း ဆက်နွယ်မှုမရှိချေ။

မူရင်းဒေသမှာ မြောက်အမေရိကတိုက်ဖြစ်ပြီး နေကြာမျိုးနွယ်ဝင်အပင်ဖြစ်သည်။ အပင်မြင့်ပြီး အကိုင်းဖြာလျက် ရာသီကုန်၌ နေကြာပန်းပွင့် အသေးများပွင့်သည်။ ထိုမျိုးသည် သစ်စေ့အနံ့ရှိပြီး၊ ချိုသောအရသာနှင့် အဖုအထစ်များဖြစ်နေသော ဥရှိသောကြောင့် လူသိများကြသည်။ ထိုဥသည် နွေရာသီတွင် ဖြစ်ထွန်းပြီး ဆောင်းရာသီတွင် ရိတ်သိမ်းရသည်။

ထိုဥများသည် အစိမ်းအတိုင်းဖြစ်စေ၊ ချက်ပြုတ်ပြီး ဖြစ်စေ စားရသည်မှာ အရသာရှိသည်။ လက်သုပ်တွင်အစိမ်းအတိုင်း ပါးပါးလှီး၍ စားရာ၌အရသာရော ကြွက်ဆတ်မှုပါ ကျွဲခေါင်းသီးနှင့်တူသည်။ ဥများကို ရေငွေ့နှင့် ပေါင်းခြင်း၊ ဆီပူထိုးခြင်း၊ အရည်သောက်ဟင်းနှင့် ပေါင်း၍ ချက်သော ဟင်းတွင် အာလူးကို သုံးသကဲ့သို့ သုံးစွဲခြင်းပြုလုပ်နိုင်သည်။ ပဲပိုးတီသည် ဥများစွာဥသဖြင့် တစ်ကြိမ် အပင်ဖြစ်ပြီးလျှင် အပင်ပွားများလွန်းသဖြင့် ပေါင်းပင်အဖြစ် ရောက်ရှိနိုင်သည်။

မျိုးများ

ဖရန့်ချမန်မော့ဝှိုက် (French Mammoth White) မျိုးသည် အအေးဒဏ်ခံနိုင်ပြီး ပေါင်ဝက်ခန့်လေးသော အဖြူရောင်ဥ ရရှိစေသည်။ ဖျူစီ ယာ (Fuseau) မျိုးသည် အသားချောပြီး အနီရောင် အခွံရှိသောာ ဥကိုပေးသည်။ ထိုဥသည် မီးခိုးနံ့ သင်းသည်။

 

စိုက်ပျိုးခြင်း

နောက်ဆုံးအေးခဲမှုမတိုင်မီ ၂-၄ ပတ်ကြိုတင်ပြီး၊ ပဲပိုးတီဥများကို စိုက်ပျိုးရသည်။ ဆောင်းရာသီ၌ နွေးသောဒေသတွင် ဆောင်းဦးပေါက်၌ စိုက်ပျိုးပြီး၊ နွေဦးပေါက်တွင် ရိတ်သိမ်းနိုင်သည်။ ပဲပိုးတီသည် မြေမျိုးမရွေး အပင်ဖြစ်ထွန်းနိုင်သည်။ ဥတစ်လုံးလုံးကိုဖြစ်စေ၊ အဖူး ၂နေရာ အနည်းဆုံးပါသော ဥအပိုင်းကို ဖြစ်စေ၊ မြေတွင် ၄ လက်မနက်အောင်မြှုပ်ပြီး၊ ၁၈ လက်မခြား စိုက်ပျိုးရသည်။

မြေကြီးကို ရေအစိုဓာတ်အမြဲရှိနေရန် ဥများအမြစ်စွဲသွားသည်အထိ လိုအပ်သည်။ အမြစ်စွဲသွားပြီး အပင်သည် ရေငတ်ဒဏ်ရော မြေစို သောဒဏ်ပါ ခံနိုင်သည်။ ဥတစ်လုံးမှ အပင်များစွာ ထွက်သည်။ အပင်သည် အမြစ်သန်မာသည်။ အပင်များ အမြစ်စွဲသွားသည်အထိ ရာသီအစမှစ၍ လက်ပေါင်းလိုက်ပေးရသည်။ အမြစ်စွဲပြီးသောအခါ အပင်အများအပြားထွက်၍ ပေါင်းမြက်ပင်အပေါ် အရိပ်ကျမည် ဖြစ်သည်။ ပထမ နှစ်တွင် ပွင့်လာသော ပန်းပွင့်များကို ဖယ်ရှားပေးခြင်းဖြင့် အပင်၏ အားသည် ဥဖြစ်ထွန်းမှုအတွက် အသုံးကျသည်။ မြေကြီးကို ၃ – ၅ လက်မအထူရှိ ကောက်ရိုးနှင့် ဖုံးအုပ်ထားခြင်းဖြင့် အစိုဓာတ် ကို ထိန်းထားနိုင်သည်။

ရိတ်သိမ်းခြင်း

မြေကြီးအေးပြီး ဆောင်းဝင်စအချိန်တွင် ၄ -၆ လက်မရှိ ဥများကို တူးဖော်ရသည်။ အချိုဆုံးအနံ့ရရှိစေရန် အေးသောရာသီတွင်း အရွက်များ အညိုရောင်အသန်းမချင်း၊ မြေကြီး မအေးမချင်း မတူးဖော်ဘဲ စောင့်ဆိုင်းရသည်။ တစ်ပင်လုံးကို တူးဖော်ပြီး အကြီးဆုံးဥကို စားသုံးရသည်။ အခြားငယ်သော ဥများကို မြေတွင် ချန်ထားခြင်းဖြင့် နောက်နှစ်အတွက် အပင် ရရှိမည်ဖြစ်သည်။

ပိုးမွှားရောဂါ

ပိုးမွှားပြဿနာ ပဲပိုးတီပင်တွင် မရှိပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ပဲပိုးတီ စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

အုန်း ⁠သွေးယို⁠ရောဂါ ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းအေ⁠ကြာင်း

$
0
0

အုန်းပင်၏ ပင်စည်မှ ညိုပုပ်ပုပ်အရောင်ရှိသော အရည်များ ယိုကျလာသည်။

ပင်စည် အကွဲကြားမှ တဖြည်းဖြည်း ယိုဆင်းလာခြင်းဖြစ်သည်။၎င်းကို အုန်းပင်သွေးယိုရောဂါ ဖြစ်သည်ဟုခေါ်သည်။

ရော ဂါဖြစ်တတ်သည့်နေရာများသောအားဖြင့် အပင်ရင်းမှ အထက် ခြောက်ပေ သို့မဟုတ် ကိုးပေအမြင့်အ တွင်း ဖြစ်တတ်သည်။ သစ်ခေါက်မှာ ခြောက် သွားလျှင် အရောင်မည်းသွားသည်။ သွေးယိုဆင်းသည့် နေရာမှ အခေါက်ကို ခွာကြည့်လျှင် အောက်၌ပုပ်၍ အဝါရောင်သမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပင်စည်တစ်ခုလုံး မည်သည့်နေရာမဆို ဖြစ်တတ်သော်လည်း အရွက်ထွက်သည့် နေရာတွင် မဖြစ် တတ်ပါ။

သွေးယိုရောဂါကို ကုသရန်မှာ သွေးယိုသည့်နေရာကို ဓားနှင့်ခွာ၍ ကတ္တရာစေးသုတ်ပေးပါ။ မ ဖောက်ထုံးနှင့် ဒုတ္တာ ဆတူရေတွင်ဖျော်၍ ရောထားသော ဗော်ဒိုဆေးရည် ပက်ပေးပါ။

Source – စိုက်ပျိုးနည်း ပဒေသာ

The post အုန်း ⁠သွေးယို⁠ရောဂါ ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းအေ⁠ကြာင်း appeared first on Myanmar Farmers' Portal.


အာလူးကို ဘယ်လိုအချိန်မှာ တူး⁠ဖော်ရင်အ⁠ကောင်းဆုံးလဲ။

$
0
0

အာလူးကို သြဂုတ်လမှ စက်တင်ဘာလအတွင်းတွင်လည်းကောင်း ဆောင်းအာလူးကို ဧပြီ မှ မေလအတွင်းတွင်လည်းကောင်း တူးဖော်ကြသည်။

စိုက်ပြီး (၃) လခွဲခန့်ကြာလျှင် အာလူးပင်များခြောက်သွေ့နှုန်း ကျသွားပါသည်။ ထိုအချိန် တွင် အာလူးတူးဖော်ရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

အာလူးကို အခွံပါးပါးနှင့် (အာလူး) အသစ်လိုချင်လျှင် ပန်းပွင့်စချိန်တွင် တူးဖော်ရသည်။

သို့ရာတွင် တာရှည်သိုလှောင်ရန်ဖြစ်ပါက အပင်သေပြီးမှ တူးဖော်လျှင် အာလူးရင့်ပြီး အခွံခိုင်မာပြီဖြစ်သည်။

ရာသီဥတုက နွေးပြီး ခြောက်သွေ့နေလျှင် အပင်သေပြီး နောက် အာလူးကို မတူးဖော်သေးဘဲ မြေတွင် ၂ ပတ်ခန့် ရင့်ကျက်အောင် လုပ်ရသည်။

ပေါက်ပြားဖြင့်ပေါက်၍လည်းကောင်း၊ အကြောင်းလိုက် ထယ်ထိုး၍လည်းကောင်း တူးဖော်ပြီး လက်ဖြင့် ကောက်ယူရသည်။ တူးဖော်ချိန်စောပါက ကိုင်တွယ်သယ်ယူရာတွင် ပုပ်တတ်သည်။ ရင့်မှ တူးဖော်လျှင်အထွက်ကောင်း၍ အထားခံသည်။

မြေမာလျှင် အာလူးဥဖော်ရာ တွင်ဥများကိုထိခိုက်ဒဏ်ရာများ ရစေတတ်ပါသည်။ မြေအခြေအနေနှင့် မျိးအခြေအနေပေါ်မူတည်၍ အထွက်နှုန်းမှာ မျိုးနှုန်းပမာဏ၏ (၅ ဆ မှ ၁၀ ဆ) အထိ ထွက်ရှိနိုင်သဖြင့် အထွက်မှာ (၃၀၀၀ မှ ၇၀၀၀) ပိဿထိ ထွက်ရှိနိုင်ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

 

The post အာလူးကို ဘယ်လိုအချိန်မှာ တူး⁠ဖော်ရင်အ⁠ကောင်းဆုံးလဲ။ appeared first on Myanmar Farmers' Portal.

ကြာစွယ် စိုက်ပျိုးနည်း

$
0
0

စားသုံးသော ကြာစွယ်သုံးမျိုးရှိသည်။ ၄င်းတို့မှာ (၁) ကြာနီ၊ (၂) ကြာဖြူ နှင့် (၃) ကြာပန်းနုတို့ ဖြစ်ကြသည်။ ကြာနီတို့သည် အသီးသီး၍ ကြာစွယ်ညံ့သည်။ ကြာဖြူနှင့် ကြာပန်းနုတို့သည် အသီးနည်း၍ ကြာစွယ်ကောင်းသည်။

မြေအမျိုးအစား

ကြာတို့သည် ပူနွေးသောရာသီတွင် အော်ဂဲနစ်ပစ္စည်း ရှိသော နွံများကို နှစ်သက်ကြသည်။ အကယ်၍ ရွှံ့နွံများ အလွန်စေကပ်လျှင် ကြီးထွား မှု မကောင်းပါ။ မြေမွလွန်းလျှင်လည်း အကွေးအကောက်များပြီး ကြာစွယ်တို့မှာ တိုကြသည်။ စိုက်ပျိုးသည့် အချိန်သည် ဧပြီလလယ်တွင် ဖြစ်၍ ဆွတ်ခူးသော အချိန်သည် စက်တင်ဘာလမှ မတ်လအထိ ဖြစ်သည်။

စိုက်ပျိုးနည်း

မတ်လလောက်တွင် ရေနက်သော လယ်မြေများကို ရွေးချယ်၍ ထွန်ယက်ပြီးနောက် ရွှံ့နွံသဏ္ဍန်ဖြစ်လာရန် ရေသွင်းပေးကြသည်။ ထို့နောက် နွားချေးများကို ထည့်ရသည်။ ဧပြီလရောက်လျှင် လယ်ကန်သင်းမျက်နှာပြင်နှင့် အညီ ရေသွင်းကြရသည်။

ထို့နောက် ကြာစွယ်မျိုးများကို ယူ၍ အဆစ်နှစ်ဆစ်လျှင် တစ်ဖြတ်ဖြတ်၍ လယ်မြေမှ ရွှံ့နွှံထဲတွင် မြှုပ်နှံ စိုက်ပျိုးကြရသည်။ မြေသြဇာ ကောင်းသော လယ်မြေများတွင် လေးငါးခြောက်ပေလျှင် တစ်ဖြတ်၊ မြေသြဇာညံ့သော လယ်မြေများတွင် သုံးလေးပေလျှင် တစ်ဖြတ်မြေ၌ မြှုပ်ကြရသည်။ ကြာစွယ်မျိုးများကို မြှုပ်နှံရသော အနက်မှာ တစ်ပေနှင့် နှစ်လက်မခန့်ရှိကြသည်။

ကြာစွယ်များကို စိုက်ပျိုးပြီးသောအခါ ရေကို ထုတ်၍ တိမ်တိမ်ထားကြရသည်။ ကြာရွက် ထွက်လာတော့မှ ရေကို တဖြည်းဖြည်း တစ် ပေမြင့်လာသည်အထိ သွင်းပေးရသည်။

မေလရောက်မှ နွားချေး၊ ပဲဖတ်စသော မြေသြဇာဓာတ်များဖြင့် မြေသြဇာဖြည့်ကြရသည်။ သို့သော် နိုက်ထရိုဂျင်ပါသော ပဲဖတ်များကို များများမထည့်သင့်ပါ။

လယ်ကွက်အတွင်းမှ ရေများလျော့နည်းသွားသောအခါ လယ်ကွက်မှ မြက်များကို ရှင်းပေးရသည်။ မြက်ရှင်းချိန်တွင်အပင်နှင့် အမြစ်များကို ထွားကျိုင်းလာရန် သမန်းတက်ရန်ပြုလုပ်ပေူကြရသည်။ မြက်များ ရှင်းလင်းပြီး လယ်ကွင်းအတွင်းသို့ ရေသွင်းကြရသည်။

ခူးယူခြင်း

ကြာစွယ်ခူးသောစနစ်နှစ်မျိုးရှိသည်။ ၄င်းတို့မှာ (၁) ကြာစွယ် တစ်ခုလုံးကို တူးယူ၍ ကြာမျိုးကို နောက်မှ ချခြင်း၊ (၂) ကြာစွယ်များကို ခြောက်ပေ ခုနှစ်ပေခန့်တူးပြီးလျှင် ကြာစွယ်တစ်ပေခန့် နှစ်ပေခန့်ကို မျိုးအတွက် ခန်ထားခြင်း တို့ဖြစ်ကြသည်။

Source – စိုက်ပျိုးနည်းပဒေသာ

The post ကြာစွယ် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

အဇိုလာ⁠ခေါ် ⁠ရေ⁠ကျောက်ခက်ဇီဝေ⁠မြ⁠သြဇာကို လယ်ကွက်များတွင် ⁠မွေး⁠မြူနည်း⁠နှင့် အသုံး⁠ပြုနည်း

$
0
0

အဇိုလာသည် သဘာဝမြေသြဇာထဲတွင် တစ်ခုအပါအ၀င်ဖြစ်သော ရေမှော်(Aquatic term) တစ်မျိုးဖြစ်ပါသည်။ ဂရိဘာသာအရ (agro) ဆိုသည်မှာ ခြောက်သွေ့ခြင်းဟုအဓိပ္ပါယ်ရပြီး (Ollyo) ဆိုသည်မှာ သေကြေပျက်စီးခြင်းဟု အဓိပ္ပါယ်ရသော စာလုံးနှစ်လုံးအား   ပေါင်း စပ်ပြီး (Azolla) ဟုအမည်ရသည်။

ရေခြောက်လျှင် (သို့) အပူချိန်များလျှင် သေကြေပျတ်စီးတတ်သည့် ရေမှော်ပင်တမျိုးဖြစ်သည်။

ရေကျောက်ခက်သည် သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်သော ရေမှော်ပင်များဖြစ်ပြီး စပါးခင်းတွင်စပါးနှင့်တပြိုင်တည်း စိုက်ပျိုးပွားများ နိုင်ပြီး ယင်းအပင်ငယ်များအတွင်း၌ သဘာဝအလျောက်ရှိသော Anabaema  azollae ခေါ်စိမ်းပြာရေညှိများသည် လေထဲမှနိုက်ထရိုဂျင် ဓါတ်ကိုဖမ်းယူပြီး သဟဇီဝပြုလုပ်၍ နေကြသည်။ ရေကျောက်ခက်သည် သာမာန်အားဖြင့် အစိမ်းရောင်ရှိပြီး ပုံသဏ္ဍမှာတြိဂံပုံ ရှိတတ်ပါ သည်။ ရေပေါ်တွင် အချပ်လိုက်ပေါလောပေါက်ပြီး အမြစ်မှာရေထဲသို့ တွဲကျနေသည်။

အရွယ်မှာ (၀.၂၅ မှ ၀.၅) လက်မခန့်ထိ ရှိတတ်ပါသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသောမျိုးစိတ်မှာ Azolla pinnata မျိုးစိတ်ဖြစ်ပါသည်။   နေရာအများအပြားတွင် တွေ့ရသော်လည်း အေးမြသောဒေသတွင် ပိုမိုပွားများနိုင်ကြပါသည်။ ရေထိအပူချိန် (၃၀)ဒီဂရီစင်တီဂရိတ် အထက်တွင် အစိမ်းရောင်မှအနီရောင်သို့ ပြောင်းလာတတ်ပြီး ပွားများမှုနှုန်းကျဆင်းတတ်ပါသည်။ ရေ၏အပူချိန် (၂၃)ဒီဂရီစင်တီဂရိတ် တွင် ပွားများမှု အကောင်းဆုံးဖြစ်ပါသည်။ ရေကျောက်ခက်ပွားများရန်နှင့် နိုက်ထရိုဂျင်ဖမ်းချုပ်ရန် အဓိကလိုအပ်သော အဟာရဓါတ်မှာ   ဖော့စဖိတ်ဓါတ်ဖြစ်ပါသည်။ ပွားများရာနေရာတွင် ဖော့စဖိတ်ချို့တဲ့ပါက အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းသွားတတ်ပါသည်။

ရေကျောက်ခက်သည် လေထဲမှ နိုက်ထရိုဂျင်ဓါတ်ကို ဖမ်းချုပ်နိုင်သဖြင့် ရေကျောက်ခက်အစိုတွင် နိုက်ထရိုဂျင် (၀.၂) ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။ ၄င်းအပြင် ရေကျောက်ခက်တွင် သစ်ဆွေးဓါတ် (၄၈) ရာခိုင်နှုန်း ပါဝင်ပါသည်။ရေကျောက်ခက်အစို (၁)တန်အား မြေမြှုပ်   ပေးပါက အနည်းဆုံးနိုက်ထရိုဂျင် (၄)ပေါင်ရရှိနိုင်ပါသည်။

ရေကျောက်ခက်သည် ကြိုက်နှစ်သက်သော အပူချိန်၊ အလင်းရောင်နှင့် အာဟာရဓါတ်များရရှိပါက (၇)ရက်တပါတ်အတွင်း (၂)ဆပွား များနိုင်ပါသည်။ တစ်ဧကလျှင် ရေကျောက်ခက်(၂)တန်နှုန်း ထည့်ပေးပါက (၂)ပါတ်အတွင်း အစိုအလေးချိန် (၈)တန်အထိ ရရှိစေပြီး   နိုက်ထရိုဂျင် (၁၆)ပေါင် (သို့) ယူရီးယား (၃၅)ပေါင်နှင့် ညီမျှသောနိုက်ထရိုဂျင်ဓာတ်အပြင် သစ်ဆွေးဓါတ်လည်း ရရှိစေပါသည်။   ရေကျောက်ခက်ကို စပါးစိုက်ပျိုးရေးတွင် အသုံးပြုခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် (၁၂)ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် (၁၄)ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင် (၁၈)ရာခိုင်နှုန်း အထွက်တိုးစေကြောင်း လေ့လာသိရှိရပါသည်။မြန်မာနိုင်ငံတွင်လည်း ၁၉၇၉ခုနှစ်မှ ၁၉၈၆ခုနှစ် စမ်းသပ်ခဲ့သော သုတေသနများအရ ကျောက်ခက်(၂)တန်နှုန်းအထိ တိုးစေကြောင်း တွေ့ရှိရပါသည်

လယ်ကွက်များတွင် မွေးမြူခြင်း

  • တစ်ဧကလျှင် ရေကျောက်ခက်အစို(၂)တန်နှုန်း ထည့်ပေးနိုင်ရန်အတွက် စတင်မွေးမြူရန် (၀.၃)ဧက အရွယ်လယ်ကွက်လိုပါသည်။
  • (၀.၃) ဧက အရွယ်လယ်ကွက်အားပထမ (၃၀)ပေပတ်လည် အရွယ် ၀ါးလုံးဖြင့်ကန့်၍အကွက်ပြုလုပ်ပါ။
  • ရေ (၆)လက်မအထိ ရေသွင်းပေးပါ။ (ရေပေါတွင် ၀ါးလုံများပေါလောပေါ်လာပြီး ၃၀ပေ×၃၀ပေ အရွယ် ရေကျောက်ခက်မွေးရန် အကွက်ငယ်ရရှိမည်။)
  • တစ်ဧကလျှင် တီစူပါ (၁၀)ပေါင်နှုန်းထည့်ပေးပါ။
  • (၉) စတုရန်းပေအကျယ်ရှိလျှင် ရေကျောက်ခက် (၁)ပေါင်နှုန်းထည့်မွေးပါ။

(၃၀ပေ×၃၀.၈ပေ)အရွယ်အကွက်အတွက် ရေကျောက်ခက်အစို (၁၀၀)ပေါင်နှုန်း ထည့်မွေးပါ။

  • တစ်ပါတ်အကြာတွင် ရေကျောက်လတ် (၂၀၀)ပေါင် ရရှိနိုင်သည်။
  • ထို့ကြောင့် နောက်ထပ်(၃၀ပေ×၃၀ပေ)အရွယ် ၀ါးလုံးဖြင့်အကန့်ထပ်လုပ်ပါ။
  • မူလ (၃၀ပေ×၃၀ပေ) အကွက်တွင် ရေကျောက်ခက် (၁၀၀)ပေါင်ချိန်ထားပြီး နောက်ထပ်လုပ်သော(၃၀ပေ×၃၀ပေ) အကွက်တွင် ပွားလာသောရေကျောက်ခက် (၂၀၀) ပေါင်ထဲမှာ တစ်ဝတ်(၁၀၀)ပေါင်ခွဲထည့်ပြီးပွားပေးပါ။
  • နောက်တစ်ပါတ်အကြာတွင် (၃၀ပေ×၃၀ပေ) (၂)ကန်စလုံးမှ တစ်ကန်လျှင် (၂၀၀)ပေါင်စီ ဖြစ်လာမည်။
  • ထို့နောက် (၃၀ပေ×၃၀ပေ) တစ်ကန်စီမှ တစ်ကန်လျှင် (၁၀၀)ပေါင်စီခွဲယူလျှင် ရေကျောက်ခက် (၂၀၀)ပေါင် ထပ်ပွားရန်ရရှိပြီး ယင်း(၂၀၀)ပေါင် ပွားရန်အတွက် ( ၆၀ပေ×၃၀ပေ) အရွယ်ဝါးလုံးအကန့် ထပ်လုပ်ပြီး ထည့်သွင်းပွားယူပါ။
  • ဤသို့အားဖြင့် တတိယအပါတ်အတွင် (၆၀×၆၀) အရွယ် ထပ်မံ၍ပွားယူပါ။
  • ရေကျောက်ခက်အစို (၁၀၀) ပေါင်မှ စတင်ပွားပြီး (၅) ပတ်ခန့်ကြာလျှင် ရေကျောက်ခက်အစို (၂) တန် အနည်းဆုံးရရှိနိုင်ပြီး တစ်ဧကတွင် ထည့်သွင်းအသုံးပြုရန် လုံလောက်သော ပမာဏ ရရှိစေပါသည်။

မျိုးပွားခြင်း

  • ရေကန်ငယ်ဖြင့် စတင်ပွားများခြင်း
  • ၂၀ ပေပတ်လည်အရွယ် ရေကန်၊လယ်ကွက်၊ ရေမြောင်းတို့တွင် ရေ(၆)လက်မအထိရေဖြည့်ပါ။
  • တီစူပါမြေသြဇာ တစ်ဧက(၁၀)ပေါင်နှုန်း ကန်အတွင်းကြဲထည့်ပေးပါ။
  • စုဆောင်းရရှိသော ရေကျောက်ခက်အား (၉)စတုရန်းပေလျှင် ရေကျောက်ခက်အစို (၁)ပေါင်နှုန်းဖြင့် ရေပေါ်သို့ ကြဲထည့်ပေးပါ။ (ဥပမာ-၂၀ ပေပတ်လည်ရေကန်တွင် စတင်မွေးပါက ရေကျောက်ခက်အစို (၄၄)ပေါင် ထည့်မွေးပါ။)
  • ရေ၏အပူချိန် (၃၀)ဒီဂရီစင်တီဂရိတ်ထက်မကျော်ပါက တစ်ပါတ်အတွင်းနှစ်ဆပွားလာမည်ဖြစ်ပါသည်။ (၈၀-၁၀၀ပေါင်ထိ ရလာမည် ဖြစ်ပါသည်။)
  • ရေကျောက်ခက် အရောင်နီလာပါက တီစူပါတစ်ဧက (၁၀)ပေါင်နှုန်းကြဲထည့်ပေးပါ။

အသုံးပြုနည်း

  • ရေကျောက်ခက်အသုံးပြုမည့် စပါးခင်းတွင် မြေခံအဖြစ် တီစူပါ ထည့်သွင်းထားပါက ထပ်မံထည့်ရန် မလိုပါ။ မြေခံတွင် တီစူပါ မထည့်ရသေးပါက တီစူပါ တစ်ဓက (၁၀) ပေါင်နှုန်းအား ရေကျောက်ခက် ပွားများစဉ် ကာလအတွင် တစ်ပါတ်တစ်ကြိမ် ကြဲထည့်ပေးပါ။
  • စပါးစိုက်မည့်အကွက်အား မြေမပြင်မီရေသွင်း၍ ကြိုင်မွေးမြူထားနိုင်သည်။ (သို့မဟုတ်) စပါးစိုက်ပြီး အပင်လှန်ချိန်တွင်ရေကျောက်ခက် အစိုတစ်ဧက (၂) တန်နှုန်း ကြဲချပေးပါ။
  • စပါးခင်းအား ရေအနည်းဆုံး (၃) လက်မခန့် ရှိနေစေရန် ထိမ်းထားပေးပါ။
  • တစ်ကွက်လုံး ရေကျောက်ခက်ပွားများ ပြည့်လာပါက ရေထုတ်ပြီး ကြားလိုက်ကိရိယာဖြင့် ရေကျောက် ခက်များအား မြေမြှုပ်၍ ပေးပါ။
  • ၃-၅ ရက်ခန့် ပုပ်အောင်ထားပြီး ရေပြန်သွင်းပါ။
  • အကွက်အတွင်း ကျန်ရှိနေသော ရေကျောက်ခက်များမှ ရေပြန်သွင်းပေးသောအခါ ပြန်ပွားလာပါမည်။ အကွက်ပြည့်လာတိုင်း ရေထုတ်ပြီး ကြားလိုက်ကိရိယာဖြင့် သမန်းနှိုးမြေမြှုပ်၍ ပေးပါ။ သက်တမ်းအတွင်း (၃) ကြိမ်အထိ မြေမြှုပ်၍ ပေးပါ။
  • အတန်းလိုက် စိုက်စနစ်အတွက်သာ အသုံးပြုရန် အဆင်ပြေပြီး ကြဲပက်စိုက်စနစ်အတွက် မြေတွင်းမြှုပ်ပေးရန် ခက်ခဲသဖြင့် အသုံးမပြုသင့်ပါ။

Source by – လယ်/ဆည်

The post အဇိုလာ⁠ခေါ် ⁠ရေ⁠ကျောက်ခက်ဇီဝေ⁠မြ⁠သြဇာကို လယ်ကွက်များတွင် ⁠မွေး⁠မြူနည်း⁠နှင့် အသုံး⁠ပြုနည်း appeared first on Myanmar Farmers' Portal.

တောင်သူ့ အကျိုးပြုပိုးများအကြောင်း သိကောင်းစရာ

$
0
0

ပန်းဝတ်မှုန်ကူးအင်းဆက်များ

Beneficial Insects Pollinators

နဂျီယင်ကောင်၊ လိပ်ပြာဖလံအနွယ်ဝင်ပိုးများသည် ပဲစင်းငုံ ပန်းပွင့်မှ ပန်းဝတ်ရည်နှင့် ပန်းဝတ်မှုံတို့ကို စားသုံးကြသည်။  ၄င်းတို့၏ ခန္ဓာ ကိုယ်ပေါ်တွင် ပန်းဝတ်မှုံများကိုသယ်ဆောင်ကြပြီး အခြားအပင်များသို့ ကူးပြောင်းစားသောက်ကာ ၀တ်မှုန်ကူးပေးကြသည်။

အဓိက၀တ်မှုန်ကူးသော ပိုးတို့သည်  အစုအဝေးနှင့်နေသော ပျားများ  (Apis spp) နှင့် တစ်ကောင်တည်းနေသော ပျားများ (Megachile spp) တို့ဖြစ်ကြသည်။ ကုလားပဲတွင် ၀တ်မှုန်ကူးသော ပျားနဂျီများ လာရောက်မှုနည်းသောကြောင့် ပင်တည်း ၀တ်မှုန်ကူးခြင်းသာ များ   ပေသည်။

သဘာဝရန်သူပိုးများ

Natural Enemies

အင်းဆက်ပိုးများနှင့် ကျေးငှက်တိရစ္ဆာန်တို့သည် ပဲစင်းငုံနှင့် ကုလားပဲဖျက်ပိုးများအတွက် သဘာဝရန်သူများ ဖြစ်ကြသည်။

၎င်းတို့သည် သီးနှံဖျက်ပိုးများကို လိုက်လံစားသောက်ပါက သားရဲကောင်များ (Predators) ဟုခေါ်သည်။ အင်းဆက်ပိုးတို့၏   လောက်   ကောင်များသည် သီးနှံဖျက်ပိုးအတွင်း၌ စားသောက်ကြီးပြင်းလာပါက ကပ်ပါးပိုးများ (Parasites) ခေါ်သည်။ အင်းဆက်ပိုးတို့သည် သီးနှံဖျက်ပိုးကို သတ်ဖြတ်ပစ်ပါက ကပ်ပါးပိုးအုပ်စုများ (Parasitoids) ဟုခေါ်သည်။

ယင်းတို့၏ အကြောင်းကို ရေးသားထားသော စာပေအထောက်အထား နည်းပါးသဖြင့် အားလုံးကို ကိုယ်စားပြုနိုင်သော သဘာဝရန်သူ များ ကိုသာ ဖော်ပြထားသည်။ ဘက်စုံပိုးမွှားကာကွယ်ရေးတွင် ဆောင်ရွက်နေသူများ၊ တိုးချဲ့ပညာပေးရေး ၀န်ထမ်းများသည် သီးနှံဖျက် ပိုးနှင့် သဘာဝရန်သူပိုးများကို ခွဲခြားသိရန် အထူးလိုအပ်ပါသည်။

သားရဲကောင်များ

Predators

သားရဲကောင်များသည် ပဲစင်းငုံပင်ကို ဖျက်ဆီးသော သီးနှံဖျက်ပိုးကို သတ်ဖြတ်စားသောက်ကြသည်။ သားရဲကောင် အင်းဆက်ပိုးမျိုး   ပေါင်း  (၂၀)ကျော်သည် သီးလုံးဖောက်ပိုးကောင်တို့ကို  လိုက်လံသတ်ဖြတ်စားသောက်ကြသည်။ ၄င်းအပြင် ပင့်ကူများ၊ ပုတ်သင်ညို များနှင့် ငှက်များသည် ကုလားပဲ သီးလုံးဖောက်ပိုး  လောက်ကောင်ကို လိုက်လံသတ်ဖြတ် စားသောက်ကြသည်။

စိုက်ပျိုးရေးဦးစီးဌာန

The post တောင်သူ့ အကျိုးပြုပိုးများအကြောင်း သိကောင်းစရာ appeared first on Myanmar Farmers' Portal.

မက်မန်းပင် စိုက်ပျိုးနည်းစနစ်

$
0
0

မြန်မာအမည်                – မက်မန်း

အင်္ဂလိပ်အမည်           – Damson Plum

ရုက္ခဗေဒအမည်          – Prunus communis

မျိုးရင်းအမည်             – Rosaceae

မူရင်းဒေသ

ဥရောပ၊ တရုတ်၊ ဂျပန် တို့ဖြစ်သည်။

မျိုး

မက်မန်းမျိုးကို သီးစားမျိုးနှင့် ဆားရည်စိမ်မျိုးဟူ၍ အကြမ်းဖျင်းအားဖြင့် ခွဲခြားနိုင်ပါသည်။ သီးစားမျိုးတွင် ကွတ်ခိုင်မက်မန်းမျိုး (Santarosa) သည် အညိုရောင်ရှိ၍ အလုံးကြီးပြီး အစေ့သေး၍ လတ်တတ်ဆတ်ဆတ် စားသုံးနိုင်ပါသည်။

ဆားရည်စိမ်မျိုးတွင် မက်မန်းအညိုမျိုး၊ မက်မန်း အနီမျိုး၊ မက်မန်းအ၀ါမျိုး၊ ဟူ၍ ခွဲခြားထားပါသည်။ ဆားရည်စိမ်မျိုးမှ မက်မန်းဝိုင်၊ မက်မန်းဆားရည်စိမ်၊ မက်မန်းတော်ဖီ စသည်များပြုလုပ်နိုင်ပါသည်။

စိုက်ပျိုးသည့်ဒေသ

နေရောင်ခြည် ကောင်းမွန်လုံလောက်စွာရရှိပြီး လေပြင်းတိုက်ခတ်မှု၊ ဆီးနှင်းကျရောက်မှုနည်းပါးသည့် နေရာဖြစ်သည့် နေရာဖြစ်သင့် သည်။ တောင်ကုန်းမြေမြင့်ဖြစ်လျှင် (၁၀%) အစောင်းထက် မများသော နေရာဖြစ်သင့်သည်။ မြန်မာနိုင်ငံတွင် ကွတ်ခိုင်၊ ကလော၊ ပြင်ဦး လွင် နှင့် ချင်းပြည်နယ်များတွင် စိုက်ပျိုးပါသည်။

ရာသီဥတုအခြေအနေ

ဆောင်းရာသီ ၄၀ ဒီဂရီဖာရင်ဟိုက်အထိနှင့် နွေရာသီတွင် ၉၀ ဒီဂရီဖာရင်ဟိုက်တွင် ဖြစ်ထွန်းသည်။ မိုးရေချိန် ၃၀ -၆၀ လက်မအတွင်း စိုက်ပျိုးဖြစ်ထွန်း ကောင်းမွန်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၃၅၀၀) အထက် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းပါသည်။

မြေအမျိုးအစား

ရေစီးဝင်မှုကောင်းမွန်သော မြေဖြစ်၍ (၄.၅ -၅) ပေ အနက်ထိ မြေကျစ် (Hardpan Compacted Layer) မဖြစ်သင့်ပါ။ နှစ်ရှည်ပင်များ အတွက် ရေထိန်းသိမ်းနိုင်သော မြေသားကောင်းဖြစ်သင့်ပါသည်။ မြေအချဉ် အငန်ဓာတ် အနေဖြင့် PH – ၄.၅ – ၆.၅ အတွင်း နှစ်သက် သည်။

စိုက်ပျိုးနည်းစနစ်များ

ဥရောပ မျိုးများအား (၂) နှစ်သား အဖူးမြှုပ်ပင်ကိုလည်းကောင်း၊ ဂျပန်မျိုးများအား (၁) နှစ်သားအဖူးမြှုပ်အပင်ကို လည်းကောင်း စိုက်ပျိုး နိုင်သည်။ ဆောင်ရာသီ အအေးဒဏ်လွတ်အောင် ရှောင်စိုက်ပျိုးရန် ဖြစ်ပါသည်။ စိုက်ပျိုးရာတွင် (၂၀ x ၂၀) ပေနှင့် (၂၄ x ၂၄ ) ပေ စိုက်ပျိုးကြသည်ကို တွေ့ရသည်။

ပြုစုစောင့်ရှောက်ခြင်း

စိုက်ပျိုးချိန်တွင် (၁) နှစ်သား အဖူးမြှုပ်ပင်သို့မဟုတ် (၂) နှစ်သား အဖူးမြှုပ်ပင် စိုက်လျှင် အမြစ်ကို လိုသလောက်ထားကာ ထပ်ဖြတ်ပေးပြီး ပင်မ ပထမဘေးကိုင်း (၃) ကိုင်းကို ရွေးချယ်ပါ။ ၄င်းကိုင်းများကို (၂၀)လက်မထက် မပိုစေဘဲ ဖြတ်ပါ။ အသီးမသီးမီ ကာလတွင် အပင်ပုံ သွင်းပါသည်။ ကိုင်းဖျားကိုသာ ဆောင်ရွက်ပေးရမည်။ လေ၀င် လေထွက်ကောင်းရုံ၊ နေရောင်ခြည်ကောင်းရုံသာ ဆောင်ရွက်ပါ။

အသီးသီးမှု အလေ့အထ

(၂) နှစ်သားနှင့် ၄င်းထက်အကိုင်းများမှ အပွင့် အသီးသီးသည်။ ကိုင်း၏ အဖျားပိုင်းတွင် သီးလေ့ရှိသည်။ (၆) ပေရှည်ကိုင်းတွင် ထိပ်ဖျား (၂) ပေ၊ (၃)ပေတွင် အသီးများ သီးလေ့ရှိသည်။ သန်စွမ်းသော အပွင့်များမှ အသီးသီးလေ့ရှိပြီး ၄င်းပွင့်ဖူးများရှိသော ကိုင်းများသည် တိုတောင်း ပြီး တုတ်ခိုင်လေ့ရှိသော ကိုင်းများဖြစ်သည်။ အသီးများမှ အသီးကိုင်း၏ထိပ်ဖျား၊ ပါးလွှာသော အခေါက်အသားရှိသော နေရာများတွင် သီးလေ့ရှိပါသည်။

ဓာတ်မြေသြဇာကျွေးခြင်း

အပင်၏ အဓိကလိုအပ်သော ဓာတ်မြေသြဇာမှာ ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ်(NPK) ဖြစ်သော်လည်း ယူရီးယား နှင့် ပိုတက်ရှ်များမှာ ပို၍ အရေးကြီးသည်။

အပင်တစ်ပင်အတွက် ယူရီးယား N (၁.၇၅ – ၃) ပေါင် အထိ ကျွေးရန်နှင့် ပိုတက်ရှ် K (၂.၂၅) ပေါင် ကျွေးခြင်းဖြင့် အထွက်နှုန်းကို ပုံမှန် ရရှိစေနိုင်ပါသည်။ အရွက်ထဲရှိ N (၂.၁%) နှင့် (၂%) သည် အသီးထွက် အကောင်းဆုံး အခြေအနေရရှိမှုကို ဖြစ်ပေါ်စေပါသည်။

ရေပေးသွင်းခြင်း

အသီးတင်မှု သီးထွက်မှုပေါ်မူတည်ပြီး ရေလိုအပ်မှု အနည်းအများရှိပါသည်။ အသီးများများတင်လျှင် ရေများများ လိုအပ်မည် ဖြစ်ပါသည်။ အသီးများကို ခြွေပေးပြီး လိုအပ်သလောက်သာ ချန်ထားခြင်းဖြင့် ရေလိုအပ်မှု လျော့နည်းစေနိုင်ပါသည်။

အပင်ကြီးထွား၍ အထွက်နှုန်းကောင်းသည့်အပြင် အသီးကြီးကြီး သီးနိုင်သည်။ အသီးကောင်းစွာ မကြီးရင့်မီ ရေလျော့ခြင်း၊ ဖြတ်ခြင်း ဖြစ်ခဲ့လျှင် အသီးတင်မှု လျော့နည်း ကျဆင်းသွားသည်။

အသီးညှက်ခြွေခြင်း

မက်မန်းမျိုးအများစု အသီးညှက်ချွေရန် မလိုအပ်လှချေ။ သို့သော် အသီးများစွာ သီးတတ်သော ဂျပန်မျိုးများကိုမူ သီးညှပ်ခြွေခြင်း ဆောင် ရွက်လျက်ရှိပါသည်။ အပင်သက်တမ်းကြာရှည်စွာ သီးနိုင်ရန် နှင့် အသီးပုံမှန်အရွယ်အစား ကောင်းမွန်ရန် ခြွေလေ့ရှိသည်။ ဓာတု ဆေး များဖြင့်လည်း ခြွေချလေ့ရှိသည်။

ပိုးမွှားရောဂါများ

ပိုးမွှားအနေဖြင့် ကျိုင်းများ၊ ဘောင်ဖတ်များ ကျရောက်တတ်သည်။ ရောဂါများ အနေဖြင့် ဗိုင်းရပ်စ် ရောဂါများကြောင့် အပင်ပုခြင်း၊ မှိုများ ကြောင့် အသီးနှင့် ပင်စည်တွင် ချိုင့်ခြင်း၊ ပုပ်ခြင်းများ ဖြစ်တတ်ပါသည်။

ခူဆွတ်ခြင်း နှင့် အထွက်

ဧပြီလမှ နေ၍ ဇူလိုင်၊ သြဂုတ်လအထိ အသီးခူးနိုင်ပါသည်။ (၂) ကြိမ်မှ (၃) ကြိမ်အထိ ခူးဆွတ်ရပါသည်။ အသီးထွက်ရှိမှုအနေဖြင့် (၀.၇၅ မှ ၁.၅) တင်းအထိ ထွက်ရှိပါသည်။

Source – စိုက်ပျိုရေးဦးစီးဌာန

The post မက်မန်းပင် စိုက်ပျိုးနည်းစနစ် appeared first on Myanmar Farmers' Portal.

ခရမ်းချဉ်သီးကို ဘယ်အချိန်မှာ ဆွတ်ခူးရင်အ⁠ကောင်းဆုံးလဲ။

$
0
0

ခရမ်းချဉ်သီးအတွက် အသီးတင်ချိန်မှ ရင်မှည့်ချိန်အထိ သင့်တော်မယ့် အဆင့်မှာ  ခူးဆွတ်ရန် လိုအပ်ပါတယ်။

ခရမ်းချဉ်သီးအစိမ်းရောင် မှ အစိမ်းဖျော့ ထိုမှတဆင့် အဖြူရောင်များလာချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး ၊ လမ်းခရီး တွင် အပျက်အစီး အဆုံးအရှုံး သက်သာမည် ဖြစ်ပါသည်။

ဒေသ၀န်းကျင်ဈေးတွင် သာပို့ဆောင်ရောင်းချမည်ဆိုပါက ခရမ်းချဉ်သီး ကို အရောင်နီလာပြီး အသားမာနေစဉ် ခူးဆွတ်ရသည်။ အမှည့် လွန်ပြီး အသားပျော့သွားပါက အချဉ်ဓာတ်လျော့ကျသွားနိုင်သည်။

မျိုးစေ့ထုတ်ရန်အတွက်မူ အပင်ပေါ်တွင် ကောင်းစွာရင့်မှည့်သည်အထိ ထားရန် လိုအပ်ပါသည်။

စနစ်တကျစိုက်ပျိုးပါက ကုန်းမြေတွင် အထွက်နှုန်း (၅၀၀၀-၈၀၀၀) ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေဒေသတွင် တစ်ဧက လျှင် ပိဿာချိန်(၁၀၀၀၀) ထွက်ရှိနိုင်ပါသည်။

အစိမ်းရောင်တွင် ပန်းရောင်အစင်းများရှိနေသော အသီးသည် မီးဖိုချောင်ထဲတွင် တဖြည်းဖြည်း မှည့်လာမည်ဖြစ်သည်။ ထိုခရမ်းချဉ်သီးကို မြန်မြန်မှည့်စေလိုပါက စက္ကူအိတ်တွင် ပန်းသီးနှင့် ရော၍ ထားရသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

 

The post ခရမ်းချဉ်သီးကို ဘယ်အချိန်မှာ ဆွတ်ခူးရင်အ⁠ကောင်းဆုံးလဲ။ appeared first on Myanmar Farmers' Portal.

ပိုးသတ်⁠ဆေးအဆိပ်သင့်⁠ခြင်း⁠နှင့် ⁠ရှေးဦးသူနာ⁠ပြုစုနည်းများ

$
0
0

အဆိပ်သင့်ခြင်းကို ကုသခြင်းထက် ကာကွယ်ခြင်းမှာ ပိုမိုလွယ်ကူသည့်အတွက် ပိုးသတ်ဆေးများကို စွန်းထင်းပေကျံခြင်းနှင့် မျိုချမိခြင်း မဖြစ်ပေါ်စေရန် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း အထူးသတိပြု၍ ကိုင်တွယ်ရမည်ဖြစ်ပါသည်။

ပိုးသတ်ဆေးများ လူခန္ဓာကိုယ်သို့ပေကျံခြင်း၊ မျိုချမိခြင်းတို့ကို ကုသရာတွင် လျှင်မြန်မှုမှာ လွန်စွာအရေးကြီးလှပေသည်။ သို့ဖြစ်ပါ၍ ဖြစ်လျှင်ဖြစ်ခြင်း ဆရာဝန် (သို့မဟုတ်) တတ်ကျွမ်းသော ကျမ်းမာရေးဝန်ထမ်းများထံ ပိုးသတ်ဆေးဘူးနှင့်တကွ ချက်ချင်းသွားရောက်ပါ။ ဆေးကုသမှု ခံယူပါ။

(က) ပိုးသတ်ဆေး ဓာတ်ပေါင်းအုပ်စုမျာ

ပိုးသတ်ဆေးသုံးစွဲသူများ၊ ကျမ်းမာရေး ၀န်ထမ်းများနှင့် သူနာပြုတပ်ဖွဲ့ဝင်များအနေဖြင့် ပိုးသတ်ဆေး ဓာတ်ပေါင်းအုပ်စုများကို အကြမ်းဖျင်း နားလည်ထားရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဓါတ်ပေါင်းအုပ်စုအလိုက် အရေးပေါ်ကုထုံးများအနည်းနှင့် အများမတူညီကြ၍ ဖြစ်ပါသည်။

(၁) အော်ဂင်နိုကလိုရင်း ဓါတ်ပေါင်းများ (Oganochlorines)

e.g          – ဒီတီ၊ အော်ဒရင်း၊ အင်ဒိုစာလဖမ်။

(၂) အော်ဂင်နိုကလိုရင်း ဓါတ်ပေါင်းများ (Oganochlorines)

e.g          – ဒိုင်ယာဇီနွန်၊ ဆူမီသိုင်ယွန်၊ အယ်ဆန်၊ ဘီလီယန်၊ ဒိုင်မီခရွန်၊ မာလာသီယွန်။

(၃) ကာဘာမိတ် ဓါတ်ပေါင်းများ (Carbamates)

e.g          – စီဗင်၊ ဖျူရဒန်

(၄) ပါရီသရွိုက် ဓါတ်ပေါင်းများ (Carbamates)

e.g          – ဆူမီဆီဒင်၊ ဒီဆစ်၊ ဆင်းဘွတ်ရ်။

(၅) အသက်ရှုလမ်းကြောင်းမှတဆင့် အဆိပ်သင့်စေသည့် ဓါတ်ပေါင်းများ (Fumigants)

e.g          – မီသိုင်းဘရုမိုဒ် (Methyl Bromide)၊ ဖော့စဖင်း (Phosphine)

(မဂ္ဂနီဆီယမ်ဖော့စဖိုဒ်၊ အလူမီနီယမ်ဖော့စဖိုဒ်၊ ဇင့်ဖော့စဖိုဒ်)

(ခ) လူနှင့် သက်ရှိများသို့ အဆိပ်သင့်စေနိုင်သည့် လမ်းကြောင်းမျာ

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်မှုရှိသည်ဟူသော ဆောင်ပုဒ်အတိုင်း မိမိကိုယ်ခန္ဓာအတွင်းသို့ အဆိပ်ဝင်ရောက်မည့် လမ်းကြောင်း ၀င်ပေါက်များကို သိရှိနားလည်ထားခြင်းဖြင့် ကြိုတင်ကာကွယ်မှုကို ထိရောက်စွာပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ခန္ဓာကိုယ်ထဲသို့ ပိုးသတ်ဆေး ၀င်ရောက်နိုင်သည့် လမ်းကြောင်း (၄)ခုရှိပါသည်။

(၁) ပါးစပ်မှ ၀င်ရောက်ခြင်

ကိုယ်ခန္ဓာအတွင်း တတိယအများဆုံး ၀င်ရောက်နိုင်သည့် လမ်းကြောင်းဖြစ်ပါသည်။ လုပ်ငန်းခွင်အတွင်းတွင် ပိုးသတ်ဆေးကိုင်တွယ် အသုံးပြုနေစဉ် အစာစားခြင်း၊ ရေသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းကြောင့်လည်းကောင်း၊ ပိုးသတ်ဆေးထည့်သောခွက်ဖြင့် သောက်စားခြင်းကြောင့်လည်းကောင်း၊ ပိုးသတ်ဆေးအား အစား အစာထည့်သည့် ပုလင်း၊ ခွက်များအတွင်း ထည့်ထားသဖြင့် မှားယွင်းသောက်ခြင်းဖြင့် လည်းကောင်း ပါးစပ်မှ အချိန်မရွေး ၀င်ရောက်နိုင်ပါသည်။

(၂) အသက်ရှုလမ်းကြောင်းမှ ၀င်ရောက်ခြင်

ကိုယ်ခန္ဓာအတွင်း အများဆုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းဖြစ်ပါသည်။ ပိုးသတ်ဆေးဖျန်းနေရာ (သို့မဟုတ်)  ပိုးသတ်ဆေးဂိုဒေါင်အတွင်း အလုပ်လုပ်နေစဉ် အငွေ့၊ အမှုန်များကိုရှူမိခြင်းဖြင့် ၀င်ရောက်နိုင်ပါသည်။ သို့ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်နေစဉ် နှာခေါင်းပိတ်ကို အစဉ်အမြဲ ၀တ်ဆင်ပါ။

(၃) အရေပြားမှ တစ်ဆင့်ဝင်ရောက်ခြင်

ဆေးဖျန်းနေစဉ်နှင့် ကိုင်တွယ်နေစဉ် ဆေးနှင့်ထိတွေ့ခြင်းဖြင့် အရေပြားမှ တစ်ဆင့် ၀င်ရောက်နိုင်သည်။ ခန္ဓာကိုယ်အတွင်း ဒုတိယအများဆုံးဖြစ်သည်။ ပူအိုက်သော အခြေအနေမျိုး အရေပြားပူနွေးနေသည့် အခါ လူ့ခန္ဓာကိုယ်၏ ချွေးပေါက်များကျယ်နေသဖြင့် ပိုမိုဝင်ရောက်ရန်လွယ်ကူသည်။ သို့ဖြစ်ပါ၍ ပိုးသတ်ဆေးကို အပူချိန် မြင့်မားသောအချိန်မျိုးတွင် ကိုင်တွယ်အသုံးမပြုသင့်ပါ။  မိမိအရေပြားအားလုံးနီးပါး ဖုံးအုပ်သော အ၀တ်အစားကို ၀တ်ဆင်ခြင်းဖြင့် ကာကွယ်ပါ။

(၄) ဒဏ်ရာ၊ ဒဏ်နာများမှ တဆင့် ၀င်ရောက်ခြင်

ဝင်ရောက်မှုအားအနည်းဖြစ်ပြီး အဖြစ်မများလှပါ။ ဤလမ်းကြောင်းမှ အရေပြား၏ အနာအဆာများမှ လည်းကောင်း၊ အနီပြင်၊ အဖု၊ အပိန့်၊ အပွန်းအပဲ့နှင့် ပေါက်ပြဲဒဏ်ရာများမှ လည်းကောင်း ၀င်ရောက်နိုင်သည်။ သို့ဖြစ်၍ မိမိကိုယ်ရှိဒဏ်ရာများကို ဆေးဖျန်းကိုင်တွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် လုံခြုံအောင် ဖုံးအုပ်ထားရန် အရေးကြီးပါသည်။

(ဂ) ရောဂါအမည်သတ်မှတ်ခြင်းနှင့် ပြုစုကုသခြင်

အထက်ဖော်ပြခဲ့သော ဆေးဓါတ်ပေါင်းအုပ်စုလိုက်ဖြစ်ပေါ်သော ရောဂါလက္ခဏာနှင့် အရေးပေါ်ကုသခြင်းနည်းလမ်းများမှာ အနည်းနှင့် အများကွဲပြားသဖြင့် ရှေးဦးသူနာပြုစုသူအနေဖြင့် အဆိပ်သင့်သည့် ဆေးဓါတ်ပေါင်းအုပ်စုအလိုက် ဂရုစိုက်၍ ကုသရမည်ဖြစ်ပါသည်။ ဥပမာ – Xylene ပါသော ဓာတ်ပေါင်းမျိုချမိလျှင် အန်အောင်ပြုလုပ်ခြင်းဖြင့် လူနာ၏ အစာလမ်းကြောင်းကို နှစ်ကြိမ်ပြန်၍ လောင်ကျွမ်းခြင်းဖြစ်ပေါ်စေပါသည်။

(၁) အော်ဂင်နိုကလိုရင်းဓါတ်ပေါင်းများ (Oganochlorines)

အော်ဂနိုကလိုရင်းဓါတ်ပေါင်းများဖြင့် အဆိပ်သင့်ခြင်းကြောင့် ရှေးဦးစွာ –  စိတ်တိုခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးညောင်းညာခြင်း၊ ထို့နောက်  – မူးဝေခြင်း၊ အန်ခြင်း၊ သတိလစ်လဲကျခြင်း၊ ကြွက်သားများ လှုပ်ခုန်ခြင်း( အကြောဆွဲခြင်း)၊ တက်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင် ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

The post ပိုးသတ်⁠ဆေးအဆိပ်သင့်⁠ခြင်း⁠နှင့် ⁠ရှေးဦးသူနာ⁠ပြုစုနည်းများ appeared first on Myanmar Farmers' Portal.


ငရုတ်သီး ကို ဘယ်အချိန်မှာ ဆွတ်ခူးရင်အကောင်းဆုံးလဲ။

$
0
0

ငရုတ်ပင်သည် ရွေ့ပြောင်းစိုက်ပျိုးပြီး ( ၂) လအကြာတွင် ပန်းစတင်ပွင့်သည်။ ပန်းပွင့်ပြီး (၂) ပတ်အကြာတွင် ပထမအကြိမ် စတင်ခူး ဆွတ်နိုင်သည်။  ထိုသို့ခူးဆွတ်လျှင် ပိုမို၍အသီးသီးနိုင်သည်။

ရွေ့စိုက်ပြီး (၃-၄) လအတွင်း ဆွတ်ခူးနိုင်သည်။ အသီးများ နီရဲလာက လျင်မြန်စွာ ဆွတ်ခူးရသည်။ မှည့်သော အသီးသာခူးသင့်သည်။ စိမ်းသောအသီးခူးပါက ဖလံဖြူ ဖြစ်သွားတတ်သည်။

ငရုတ်သီးအမှည့်ကိုခူးရာတွင် ကြက်တူးရွေးနူတ်သီးနှင့်ကြေးညိုတောင့်ကို မခူးရပါ။ (ငရုတ်သီး ရင့်မှည့်ရာတွင် မှည့်စပြုသောအခါ အစိမ်းတပိုင်း၊ အနီတစ်ပိုင်းအဆင့်ကို ကြက်တူရွေးနူတ်သီးခေါ်၍ ၄င်းအဆင့်ကိုကျော်ကာ ငရုတ်သီးတစ်တောင့်လုံးအညိုပြောင်းက ကြေးညိုတောင့်ဟုခေါ်သည်။) ၄င်းအဆင့် (၂) ဆင့်ကို ကျော်လွန်းပြီးသော အနီရောင်သန်း သည့် ငရုတ်ကိုသာ ခူးရမည်။

ရောင်စုံထွက်သော အချဉ်တည်လိုပါက အသီး ၂ လက်မရှိပြီး အနီ၊ လိမ္မော်၊ အဝါ၊ ခရမ်းရောင်မျိုးကို စိုက်ပျိုးရပြီး အပူအစပ်စားလိုပါက အခွံပါးပြီး အမြန်ခြောက် လွယ်သောမျိုးကို စိုက်ပျိုးသင့်သည်။

ငရုတ်သီးအစိမ်းကိုလည်း ဆွတ်ခူးရောင်းချနိုင်သည်။ တစ်ပိုင်းတစ်စမှည့်သော အသီးနှင့်လုံးဝ မှည့်သော အသီးများကိုလည်း ရိတ်သိမ်းရောင်းချနိုင်သည်။

မျိုးနှင့်မြေအခြေအနေပေါ်မှုတည်၍ အခြောက်တစ်ဧကလျှင် (၁၀၀-၂၀၀)  ပိသာရနိုင်သည်။ ငရုတ်သီးအစိမ်းအနေဖြင့် ( ၄၀၀-၁၀၀၀) ပိဿာ ထွက်သည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ငရုတ်သီး ကို ဘယ်အချိန်မှာ ဆွတ်ခူးရင်အကောင်းဆုံးလဲ။ appeared first on Myanmar Farmers' Portal.

အုန်းစောစောသီးအောင် သဘာဝနည်းဖြင့် ဆောင်ရွက်ခြင်း

$
0
0

အုန်းပင်သည် ရေအလွန်ကြိုက်သည်။ ရေကောင်းကောင်းရလျှင် အုန်းစောစောသီးသည်။ ရေမရလျှင် အုန်းသီးရန်မဆိုထားဘိ အပင်ဖြစ် ရန်ပင်ခက်ယဉ်းသည်။ သို့သော် အပင်ရင်းရေဝပ်လျှင် သို့မဟုတ် စိမ့်ဆွဲလျှင် အရွက်များဝါ၍ အပင် သေတတ်သည်။ ၄င်းပြင် အုန်းသည် ပြာဓာတ်ကို အလွန်ကြိုက်သည်။ မီးဖိုပြာ အမှိုက်သရိုက်များကို မီးရှို့ ၍ရသောပြာကို ယူရသည်။ ၄င်းပြာများသည် မိုးမိပြီး သို့မဟုတ် ရေစွတ်ပြီးပြာများမဖြစ်စေရ။ ပြာများများ ထည့်ပေးလျှင် အသီးစောစောသီးနိုင်သည်။ သီးသမျှအသီးလည်း တင်မည်။ အုန်းနှင့် သင့် လျော်သည့်အခြားမြေသြဇာများကိုလည်း စနစ်တကျထည့်ပေးပါ။

မြေသြဇာ

အုန်းပင်အတွက် အကောင်းဆုံး မြေသြဇာမှာ အထက်တွင်ဖော်ပြခဲ့သော မီးဖိုပြာဖြစ်သည်။ မီးဖိုပြာ များများထည့်ပေးလျှင် အုန်းသီးစောစော သီးနိုင်ရုံမက သီးသမျှအသီးလည်း တင်နိုင်သည်။ အုန်းရွက် သစ်ရွက်ခြံအတွင်းအမှိုက်သရိုက်များကို မီးရှို့ ၍ရသောပြာများကိုလည်း ထည့် ပေးနိုင်သည်။ သို့သော် ၄င်းပြာများမှာ မိုးမိထားသော ပြာများမဖြစ်စေရ။ ပြာကို တစ်ပင်လျှင် တစ်နှစ် ပေါင် ၂၀ မှ ၃၀ အထိ ကျွေးသင့်သည်။

ဇဝက်သာ။    ။ အုန်းပင်အတွက် သင့်လျော်သော အခြားမြေသြဇာတစ်မျိုးမှာ ဇဝက်သာဖြစ်သည်။ တစ်နှစ်လျှင် တစ်ပင်ကို သုံးပေါင်မျှ ကျွေးသင့်သည်။

မြေပဲခွံ။    ။ မြေပဲခွံ ၁၀-ပေါင်နှင့် ပြာ ပေါင် ၂၀-ကို ရှစ်လစီခြား၍ထည့်ပေးပါက အုန်းပင် အလွန်သန် ၍ အသီးကောင်းစွာသီးမည်။

အုန်းခွံ။    ။ အုန်းသီးအပေါ်ခွံတွင် ပေါ်တက်ဓာတ်များစွာပါရှိသည်။ ပေါ်တက်ဓာတ်ကို အုန်းပင်များ အလွန်နှစ်သက်သည်။ အပင်များကြား တွင် တစ်ပေခွဲခန့်နက်သောကျင်းများတူး၍ အုန်းလက်များကို ခင်းပြီးနောက် အုန်းခွံကို ပက်လက်ထားကာ အပေါ်မှ ခြံအမှိုက်သရိုက်များကို ပို့ပေးရမည်။ တစ်ပင်လျှင် အုန်းခွံ ၅၀၀ မှ ၁၀၀၀ အထိ ထည့်ပေးသင့်သည်။

အုန်းပင်စောစောသီးရန်နှင့် သီးလာသောအသီးများတင်ရန် အသီးများများသီးရန် ဓာတ်မြေသြဇာ များကိုလည်း ကျွေးသင့်သည်။ အုန်းပင်ကို ထည့်ပေးသင့်သော ဓာတ်မြေသြဇာများမှာ နိုက်ထရိုဂျင် တစ်ဆ၊ ဖော့စဖိတ်တစ်ဆ၊ စတက်နှစ်ဆပါအောင် ရောစပ်ထားသော ဓာတ်မြေသြ ဇာပင်ဖြစ်သည်။ ၄င်းအချိုးအစားအတိုင်းရရန် အမ်မိုနီယမ်ဖော့စဖိတ်ခေါ် သာကူစေ့ ဓာတ်မြေသြဇာ ငါးဆနှင့် ပျူရိယိတ်အော့(ခ်)ပိုတက် ဓာတ်မြေသြဇာ လေးဆနှင့်ရောစပ်၍ အသုံးပြုနိုင်သည်။ ဤဓာတ်မြေ သြဇာကိုထည့်ပေးလျှင် အုန်းပင်လျင်မြန်စွာကြီးထား၍ အသီး စောစောသီးမည်ဖြစ်သည်။

တန်ဆေးလွန်ဘေးဟု ဆိုရိုးစကားရှိသည်။ လူသားတို့အတွက်သာမဟုတ်၊ အပင်များအတွက်လည်း အထူးသတိပြုရမည့်စကား ဖြစ်သည်။ အပင်များကို မြေသြဇာကျွေးရာတွင် လိုအပ်သည်ထက်ပို၍ ကျွေးမိပါက အကျိုးရှိသည်ထက် အန္တရာယ်ပို၍ ဖြစ်နိုင်ပြီး လိုအပ်သည်ထက် လျော့ကျွေးပါကလည်း အကျိုးရှိသင့်သလောက် ရှိမည်မဟုတ်ပေ။ ထို့ကြောင့်လိုအပ်သလောက် တိုင်းဆ၍ ကျွေးသင့်ပေသည်။ အုန်းပင်များကို ကျွေးသင့်သော ဓာတ်မြေသြဇာနှုန်းမှာ အောက်ပါအတိုင်းဖြစ်သည်။

အုန်းပင်သက်တမ်း                                                              ဓာတ်မြေသြဇာ

၁။ ၁- နှစ်သားမှ ၂-နှစ်သားအတွင်း                                                   တစ်ပင်လျှင် ၁-ပေါင်

၂။ ၃- နှစ်သား                                                                            တစ်ပင်လျှင် ၂-ပေါင်

၃။ ၄- နှစ်သား                                                                            တစ်ပင်လျှင် ၃-ပေါင်

၎။ ၅-နှစ်သား                                                                             တစ်ပင်လျှင် ၄-ပေါင်

၅။ ၆-နှစ်သား                                                                             တစ်ပင်လျှင် ၆-ပေါင်

ဤနှုန်းအတိုင်း တစ်နှစ်လျှင် တစ်ကြိမ်ကျွေးသင့်သည်။

အုန်းပင်များကို မြေသြဇာကျွေးရာတွင် ကျွေးသင့်သောနှုန်းနှင့်အချိုးအစားသာ အရေးကြီးသည်မ ဟုတ်၊ မြေသြဇာကျွေးသည့်အချိန်လည်း အရေးကြီးပေသည်။ မြေသြဇာကျွေးသောအချိန်တွင် ကျွေးပါ က အပင်ပျက်ဆီးတက်သည်။

မြန်မာနိုင်ငံတွင် အုန်းပင်များကို မြေသြဇာကျွေးရန် အကောင်းဆုံးအချိန်မှာ မိုးဦးကျ ဇွန်လပင်ဖြစ် သည်။ ထို့ထက်စောလျှင် မြေသြ ဇာအပူဓာတ်ကြောင့် အပင်နာတတ်သည်။ ထို့ထက်နောက်ကျလျှင် မိုးများလွန်း၍ မြေသြဇာများ မိုးရေနောက်ပါသွားတတ်သဖြင့် မြေသြဇာထည့်သလောက် အကျိုးမရှိ ပေ။

အုန်းပင်များကို မြေသြဇာကျွေးရာတွင် ကျွေးတတ်မှ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ မကျွေးတတ် ပါက အကျိုးမရှိရုံသာမဟုတ် အပင်ပါ ပျက်စီးနိုင်သည်။

အုန်းပင်ကို မြေသြဇာကျွေးနည်းမှာ အပင်ကလေးဖြစ်လျှင် အပင်အရင်းနှင့် သုံးပေခန့်ခွာ၍ အပင် ပတ်ပတ်လည် ဝိုင်းပြီးလျှင် အကျယ် တစ်ပေ၊ အနက်ကိုလက်မခန့်ရှိသည့်ကျင်းတူးပါ။ ထို့နောက် မြေ သြဇာကို ညီညီညာညာဖြန့်ထည့်၍ မြေသားဖြင့်ကျင်းပြည့်အောင် ပြန်ဖုံးပေးပါ။ အပင်ကြီးဖြစ်လျှင် အပင်ရင်းနှင့် ခြောက်ပေခန့်ခွာ၍ ကျင်းပတ်လည်တူးပြီး မြေသြဇာထည့်ပေးပါ။ အုန်းပင် အမြောက်အ များ စိုက်ပျိုးသော အုန်းခြံဖြစ်လျှင် ထယ်ဖြင့်ထိုး၍ မြေသြဇာကို ကျဲပက်ပြီး ထွန်နှင့်တစ်စပ်မောင်း၍ဖုံး ပေးပါ။

Source –  စိုက်ပျိုးနည်း ပဒေသာ

The post အုန်းစောစောသီးအောင် သဘာဝနည်းဖြင့် ဆောင်ရွက်ခြင်း appeared first on Myanmar Farmers' Portal.

မက်မန်းသီး၊ ဆားငံသီး အရည်အ⁠သွေး⁠ကောင်းမွန်⁠ပြီး အထွက်⁠နှုန်းတိုးတက်⁠မြင့်မား⁠စေသည့် အချက်များ

$
0
0

၁။ မက်မန်းကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၃၅၀၀) ထက်မြင့်သော ဒေသနှင့် ဆားငံသီးကို ပင်လယ်ရေ မျက်နှာပြင်အထက်ပေ (၂၄၀၀) ထက်မြင့်သော ဒေသများတွင် စိုက်ပျိုးပါ။

၂။ မက်မန်းကို ပန်းပွင့်ချိန်တွင် လေကွယ်ရေရသော မြောက်ဘက်ရေလဲတောင်စောင်းနှင့် လျှိုမြောင်းများတွင် ရွေးချယ် စိုက်ပျိုးပါ။

၃။ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

(မက်မန်းကို Table Type (အသီးကို အစိမ်းစားသည့်မျိုး) ဖြစ်က ဥရောပမျိုး၊ တရုတ်မျိုးနှင့် ဂျပန်မျိုးကို စိုက်ပါ။ Y- Type (တာရှည်ခံ အောင် ပြုပြင်ပြီးစားရသည့်မျိုး) ဖြစ်က အကြမ်းခံသည့် ဒေသမျိုးကို ရွေးချယ်စိုက်ပါ။) (ဆားငံသီးကို အရည်အသွေးကောင်းမွန်သော ဒေသမျိုးကို ရွေးချယ်စိုက်ပါ။)

၎။ အပင်သက်တမ်း (၁-၂) နှစ်သားရှိ၊ အဖူးမြှုပ်၊ ကိုင်းဆက်ပျိုးပင်များကို စိုက်ပျိုးပါ။

၅။ မျိုးအလိုက် ပင်ကြား၊ တန်းကြား (၁၂’×၁၂’) မှ (၂၄’×၂၄’) စိုက်ပျိုးပါ။

၆။ စိုက်ကျင်းအရွယ် (၃’×၃’×၃’) တွင် အပေါ်ယံမြေလွှာနှင့် မြေဆွေးဆတူရော၍ ကျင်းစားကျွေးပါ။

၇။ စိုက်ခင်းတွင် မြေပြင်မှ အမြင့် (၃.၅) ပေ အထိ ပင်စည်တစ်ခုတည်း ရှိနေစေရန်နှင် ကိုင်းမကြီး (၃-၅) ကိုင်း မွေးမြူ ပုံသွင်းပါ။

၈။ အပင်အတွင်းဘက်အလင်းရောင်ကောင်းစွာ ရရှိပြီး၊ ရောဂါကျရောက်မှု သက်သာစေရန် အလယ်ဖွင့်ပုံသွင်း နည်းစနစ် (Open Center) ဖြင့် မွေးမြူ ပုံသွင်းပါ။

၉။ ရေသွင်းခြင်းကို အသီးကင်းဝင်စတွင် (၁) ကြိမ်၊ အသီးကြီးထွားနေဆဲအချိန်တွင် (၁) ကြိမ် မဖြစ်မနေ(၂) ကြိမ် ဆောင်ရွက်ပေးပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post မက်မန်းသီး၊ ဆားငံသီး အရည်အ⁠သွေး⁠ကောင်းမွန်⁠ပြီး အထွက်⁠နှုန်းတိုးတက်⁠မြင့်မား⁠စေသည့် အချက်များ appeared first on Myanmar Farmers' Portal.

ဇာတိပ္ဖိုလ်ပင် စိုက်ပျိုးနည်း

$
0
0

မြန်မာအမည်            – ဇာတိပ္ဖိုလ်ပင်

အင်္ဂလိပ်အမည်          – NUTMEG

ရုက္ခဗေဒအမည်         – MYRISTICA FRAGRANS HOUTT

မျိုးရင်း                    – MYRISTICACEAE

မူရင်းဒေသ

ဇာတိပ္ဖိုလ်ပင်၏ မူရင်းဒေသမှာ အင်ဒိုနီးရှားပြည်ရှိ မိုလတ်ကာကျွန်းဖြစ်သည်။ ယခုအခါ ဇာတိပ္ဖိုလ်ပင် ကို အင်ဒိုနီးရှား၊ ဆူမတြား၊ ဂျားဗား၊ ပီနန် တို့တွင်သာမကဘဲ မောရိရှပ်ကျွန်း၊ ဇံဇီဘာကျွန်း၊ သီဟိုဠ်ကျွန်းနှင့် အနောက်အိန္ဒိယကျွန်းစု (ဂရီနေဒါ) နိုင်ငံများတွင်ပါ ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်ကြပြီ ဖြစ်သည်။

အပင်ပုံသဏ္ဌာန်

ဇာတိပ္ဖိုလ်ပင်သည် အမြဲစိမ်းလန်းသော အပင်ကြီးမျိုးဖြစ်သည်။ အလေ့ကျပေါက်သည့် ဇာတိပ္ဖိုလ်ပင်၏ အမြင့်သည် ပေ ၆ဝ ရှိသည်။ စိုက်ပျိုးယူသည့် ဇာတိပ္ဖိုလ်ပင်သည် ပေ ၃ဝ အထိမြင့်၍၊ သားရေကဲ့သို့ မာကျော ပျဉ်းတွဲလျက် မွေးကြိုင်သော အမြဲစိမ်းရွက်လွှဲများ ရှိသည်။ အရွက်များသည် ရှည်၍ ချွန်သည်။ အကြောများကိုလည်း ထင်ရှားစွာ မြင်နိုင်၏။ အကိုင်းများစွာဖြာထွက်သည်။ အခေါက် ညိုမည်း မည်းအရောင်ရှိသည်။

အဖိုပင် ၊ အမပင်နှင့် အဖိုအမ နှစ်မျိုးပါသော အပင်ဟူ၍ ရှိ၏။ အရွက် ရွက်လွှဲထွက်သည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းဝိုင်း သို့မဟုတ် အနည်း ငယ်သွယ်သည်။ ရွက်ပြား သားရေကဲ့သို့ မာကျော ပျဉ်းတွဲပြီး မွှေးကြိုင်သောအနံ့ရှိ၏ ။ ရွက်နားညီသည်။ အပွင့် အဝါဖျော့ရောင် အပွင့် ငယ်များ အခိုင်လိုက် ပွင့်သည်။ အသီး အညိုရောင်ရှိပြီး အသီးဆံမှာ ဘဲဥပုံဖြစ်လျက် ပါးလွှာ၍ ကြွပ်ဆတ်သော အခွံရှိသည်။ အပင် အသက် ၈ နှစ်တွင် အသီးစ၍ သီးသည်။ အသက် ၂၅ နှစ်တွင် အသီးအများဆုံးသီးပြီးနောက် အသက် ၃၅ နှစ်မျှတိုင်အောင် အသီးနှင့် အပွင့်များ ဆက်၍သီးပွင့်သည်။ အသီးများ မှည့်လာသောအခါ ရွှေဝါရောင်ပေါက်၍ တောက်ပသည်။ အဝါဖျော့ရောင် အပွင့်ငယ်များ သည်လည်း အခိုင်လိုက် ငိုက်လျက် ပွင့်ကြသည်။ အသီးမှည့်သောအခါ၊ အသားများသည့်အပိုင်းသည် အတော်မာလာ၏။ နောက်ဆုံး၌ ထိပ်ပိုင်းမှ ကွဲလာပြီး လျှင် တောက်ပသည့်ကြက်သွေးရောင် အမြှေးများကိုမြင်ရသည်။ ထိုအမြှေးများသည် ရာဇမတ်ကွက်ကဲ့သို့ ဖြစ်နေ သည်။ ဇာတိပ္ဖိုလ်ပင်သည် တစ်နှစ် တစ်နှစ်လျှင် အသီးပေါင်း ၁၅ဝဝမှ ၂ဝဝဝ ထိ သီးလေ့ရှိသည်။ အစေ့ကို ဇာပွင့် ဖြင့် ဖုံးအုပ်ထားသည်။ အပွင့် ပွင့်၍ ၆-၈ လခန့် အကြာတွင် အသီးရင့်မှည့်၍ အက်ကွဲသည်။

စိုက်ပျိုးသည့် ဒေသ

မြန်မာနိုင်ငံ၌ မွန်ပြည်နယ်၊ ပေါင်၊ ကျုံက ဥယျာဉ်တို့တွင် စတင်စိုက်ပျိုးထားသည်။

စိုက်ပျိုးရန် သင့်လျော်သောရာသီဥတု

မိုးရေချိန် (၇၀) လက်မမှ (၁၂၀) လက်မအထက် ပူအိုက်စွတ်စိုသည့် ရာသီဥတုကို ကြိုက်နှစ်သက်သည်။ တနှစ်ပတ်လုံးနီးပါး မိုးရွာသွန်း သော ဒေသဖြစ်ပါက ပိုကောင်းပါသည်။ မြန်မာနိုင်ငံတွင် မိုးများစွာ ရွာသွန်းသော ပင်လယ်ကမ်းမြောင်ဒေသတို့တွင် ခြောက်သွေ့ သော ရာသီ၌ ရေသွင်းလောင်းပေးခြင်းဖြင့် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ပင်လယ်ရေ မျက်နှာပြင်မှ အမြင့်ပေ  (၂၀၀၀) ထိ စိုက်ပျိုး ဖြစ်ထွန်း နိုင်သော်လည်း ပင်လယ်လေကောင်းစွာရရှိသည့် ပင်လယ်ကမ်းခြေအနီးတ၀ိုက် နေရာတွင် စိုက်ပျိုးသော အပင်များက ပိုမို၍ သီးထွက်ကောင်းပြီး အသီးအရွယ်အစားပိုကြီးသည်။

မြေအမျိုးအစား

ရေမ၀ပ်သည့်မြေ၊ ရေစီးရေလာ သဲနှုန်းမြေပွတွင် အကောင်းဆုံးဖြစ်ထွန်းနိုင်သည်။ မြေသားထု နက်လေ ကောင်းလေ ဖြစ်သည်။ ရေမ၀ပ် လျှင် မည်သည့် မြေမျိုးမဆို မြေကို ပြုပြင်၍  စိုက်ပျိုးနိုင်သည်။

မြေပြုပြင်နည်း

ကျင်းစနစ်အရ မြေပြုပြင်ပေးရ၏။ ကျင်းကို (၃) ပေ အနက် (၆) ပေ အကျယ်တူးပြီး အနည်းဆုံး တကျင်း နှင့် တကျင်း (၂၆) ပေ အကွာ ထားရ၏။ မြေညံ့လျှင် ကျင်းကိုပို၍ ကျယ်ကျယ်နှင့် နက်နက်တူးရန် လိုသည်။ ကျင်းထဲသို့ နွားချေး၊ မြေဆွေး၊ မြေကျက်၊ လင်းနို့ချေးများ ထည့်ပေးရ၏။ ခွေးသေကောင်ကဲ့သို့ တိရစ္ဆာန် အသေကောင်ပုပ်မျာဒ ထည့်ပေးနိုင်က ပိုကောင်း၏။

ပျိုးထောင်ခြင်း

အစေ့များကို အဖုံးပါသော ပျိုးသေတ္တာ သို့မဟုတ် အရိပ်ရသည့် ပြုပြင်ထားသော ပျိုးခင်းများတွင် အသီး စုဆောင်းပြီးလျှင် ပြီးချင်း ပျိုးရပါ မည်။ အသီးများကို တာရှည်စွာ သိုလှောင် ထားခြင်း မပြုရပါ။ သဲတစ်ဆ မြေဆွေး ၂ ဆ ရောထားသည့်မြေတွင် မျိုးစေ့ကို ၁၂ လက်မစီ ခြားပြီး တစ်ခြမ်းစောင်း၍ ချရမည်။ အပေါ်မှ သဲနုနု ၁ လက်မခန့် ဖုံးထား၍ ရေအမြဲစိုနေအောင် ဂရုစိုက်လောင်းပေးရမည်။ ၆ လခန့် အကြာတွင် ဝါးဆစ် သို့မဟုတ် ပလတ်စတစ်အိတ်များတွင် တစ်ပင်စီ ပြောင်း၍ စိုက်ပေးရမည်။ နောက်ထပ် ၆ လခန့် အကြာ အမြင့် ၁ ပေ ရှိ တစ်နှစ်သားအရွယ် ပျိုးပင်ကလေးများအား မြေချစိုက်နိုင်သည်။ မျိုးစေ့များကို ပျိုးထောင်၍ ရယူခြင်းမှာ အဖိုပင်များ ဖြစ်တတ်၍ အမပင် အဖြစ် သေချာစေရန် အကိုင်းချင်း ယှဉ်ပူးဆက်နည်းကို သုံးနိုင်သည်။(အစေ့များသည် မာကျောသော အခွံဖြင့် ဖုံးအုပ်လျက် ရှိသောကြောင့် အပင်ပေါက်ရေးတွင် နှောင့်နှေး၍ ပျက်စီးတတ်သည်။ ဇာတိပ္ဖိုလ်သီးကို အပင်ပေါက်မြန်စေရန်အတွက် ၂ ရက်ခန့် နေလှန်းပြီးအခွံကို အနည်းငယ်ပါး သွားအောင် သွေး၍လည်းကောင်း ၊အခွံကို အတွင်းဆံမနာစေဘဲ ခွဲ၍လည်းကောင်း စိုက်ပျိုးခြင်းဖြင့် လျင်မြန်စွာ အပင် ပေါက်ပြီး အပင်ပေါက်ရာခိုင်နှုန်းလည်း ကောင်း၏။)

စိုက်ပျိုးခြင်း

၈ လမှ တစ်နှစ်သား အရွယ်ရှိ ပျိုးပင်များကို စိုက်ခင်းတွင် တစ်ကျင်းနှင့်တစ်ကျင်း မြေအနေအထားလိုက်၍ ၂၄ ပေ မှ ၃၀ ပေ ၊ အကွာ ၂ ပေ၊ အနက် ၂ ပေ အကျယ်တူးပြီး မြေဆွေး ၃၀ ရာခိုင်နှုန်း ရောစပ်ထည့်သွင်းပြီး တစ်ကျင်းလျှင် တစ်ပင်နှုန်း စိုက်ရမည်။

ပြုစု ထိန်းသိမ်းနည်း

ဇာတိပ္ဖိုလ်ပင် ငယ်လေးများ ပျိုးထောင်ချိန်နှင့် စတင်စိုက်ပျိုးချိန်တွင် အရိပ်ရရှိစေရန် ဆောင်ရွက်ပေးရ၏။ ငယ်စဉ် ဇာတိပ္ဖိုလ်ပင်များသည် အပူရှိန်ကို မလိုအပ်သော်လည်း ကြီးလာသော အခါ အလေးရောင်နှင့် အပူရှိန်ကို ကြိုက်နှစ်သက်သဖြင့် အရိပ်မရှိအောင် အမြဲ အစို ဓာတ်ရှိစေရန် အရေးကြီးသောကြောင့် ဂရုစိုက်၍ လိုအပ်သလို ရေသွင်းလောင်းခြင်း၊ ပေါင်းသင် မြေဆွခြင်းများပြုလုပ်ပေးရန်လိုသည်။

မြေသြဇာကျွေးခြင်း

အပင်ငယ်စဉ် NPK ၂း ၂း ၁ အပင်ကြီး ၁း၂း၁

သဘာဝမြေသြဇာအနေဖြင့် နွားချေး နှင့် မြေကျက် (၁း ၆) ကျွေးရန် လိုသည်။ အပင်ငယ်စဉ်တွင် ဓာတ်မြေသြဇာကျွေးရာတွင် အပင်ငယ်၏ အမြစ်နှင့် ဓာတ်မြေသြဇာ တိုက်ရိုက်မထိတွေ့စေရန် ဂရုစိုက်ရမည်။ အပင်ငယ်စဉ်သက်မှတ်ထားသော ဓာတ်မြေသြဇာ အချိုးနှုန်းကို အပင် ငယ်စိုက်ကျင်းတွင်ေ၇ွှ့ပြောင်းစိုက်ပြီး  (၁-၃) နှစ်အတွင်း တစ်ပင်လျှင်  နို့ဆီဘူး တ၀က်ခန့် ကျွေးသင့်သည်။ ရေမပေးသွင်းမီ၊ သို့မဟုတ် အစိုဓာတ်ရှိသော (၁) လ သို့မဟုတ် (၂)လ တကြိမ် ကျွေးသင့်သည်။

အပင်ငယ်အား စိုက်ကျင်းသို့ ရွှေ့စိုက်ပြီး (၃-၆) နှစ်အတွင်း တပင်လျှင် နိှု့ဆီဘူး(၁) လုံးခန့် ကျွေးသင့်သည်။ ဓာတ်မြေသြဇာကျွေးရာတွင် အပင်အရွယ်အလိုက် မွန်းတည့်ချိန် အရိပ်ကျသည့် အရိပ်ဝန်းအတိုင်း အပင်အရွယ်အစားလိုက်၍ အနက် (၆)လက်မ မှ (၁၂) လက်မ ၊ အကျယ် (၆) လက်မ မှ (၁၂) လက်မ အပင်ပတ်လည်ကျင်းတူး၍ မြေသြဇာထည့်ပြီး သစ်ရွက်ဆွေး၊ မြေဆွေးများထည့်၍ ရေလောင်းပေး သင့်သည်။ ဓာတ်မြေသြဇာကျွေးရန် သင့်လျော်သော အချိန်မှာ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်ကျွေးက ပို၍ သင့်လျော်မည်ဖြစ်ပါသည်။ သို့မဟုတ် သင့်လျော်မည့်အချိုးနှုန်းဖြင့် ပွင့်တံမထွက်မီတကြိမ် နှင့် အပွင့်ဖြိုင်ချိန်တွင် တကြိမ် (၂) ကြိမ်ကျွေးနိုင်က ပိုမို ကောင်းမွန်သည်။

မျိုးပွားနည်း

များသောအားဖြင့် အစေ့မှ ပျိုးထောင်စိုက်ပျိုးသည်။

တစ်ဧက မျိုးစေ့/ အပင်နှုန်း

တပင်နှင့် တပင် (၂၆’ x ၂၆’) စိုက်ကျင်းတူးဖော် စိုက်ပျိုးလျှင် တစ်ဧကလျှင် ဇာတိပ္ဖိုလ်ပင် (၇၀) ခန့် စိုက်ပျိုးနိုင်သည်။

ကျရောက်တတ်သော ပိုးမွှားနှင့် ကာကွယ်နှိမ်နင်းနည်းများ

ပိုမွှားများ ဆိုးရွားစွာကျရောက်သည်ကို မတွေ့ရပါ။

ကျရောက်တတ်သော ရောဂါနှင့် ကာကွယ်နှိမ်နင်းနည်း

အသီးတွင် သံချေးရောင်လိုက်သည့် ရောဂါကျရောက်ခြင်းဖြင့် အစေ့အဆင့်အတန်းနှင့် အထွက်နှုန်းကို ထိခိုက်စေသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် ဤရောဂါကျရောက်ခြင်း မတွေ့ရသေးပါ။

အသီးဆွတ်ခူးနည်း

ဇာတိပ္ဖိုလ်ပင်များသည် သက်တန်း (၆) နှစ်မှ (၇) နှစ်တွင် စတင်အသီးသီးပြီး၊ နှစ်(၂၀) မှ (၃၀) ထိ ဆက်လက်၍ အသီးများ တစ်နှစ်ထက် တနှစ် ပိုမိုများပြားစွားသီးသည်။ အသီးများ ဆွတ်ခူးရာတွင် ဂရီနေဒါ နိုင်ငံ၌ရင့်မှည့်နေသော အသီးများကို မြေပေါ်သို့ အလိုအလျောက်ကြွေ ကျသည်အထိ စောင့်ဆိုင်းလေ့ရှိပြီး အရှေ့တိုင်း၌ အသီးမကြွေမီ လက် (သို့မဟုတ်) ချိတ်တပ်ထားသောတုတ်ဖြင့် ဆွတ်ခူးသည်။ တနှစ် (၂) ကြိမ် ဆွတ်ခူးနိုင်သည်။

အသုံးပြုနည်း

အသီးစိမ်း ကို သွေး၍ သောက်ပါက အမျိုးသမီးများ မီးယပ်သွေးထိမ်ခြင်း ပျောက်၏။

အသီးမှည့်

အသီးမှည့် အသားကို အသီးယို လုပ်ငန်းတွင် သုံးသည်။

အစေ့ဆန် (၁) ဟင်းခတ် အမွှေးအကြိုင် အဖြစ်သုံးသည်။

ကိတ်မုန့်၊ ပူတင်းများ လုပ်ရာတွင်လည်း အသုံးပြုသည်။

(၂) ဇာတိပ္ဖိုလ်အစေ့ဆန်ကို သွေး၍ ပျားရည်နှင့် လျက်ပေးပါက သွေးဝမ်းကိုက် ရောဂါ ပျောက်ပြီး နှလုံးအားနည်းခြင်းကို ကောင်းစေသည်။

(၃) ၀က်ခြံနှင့် အဖုအကြိတ်များ ပေါက်သည့်နေရာ၌ လိမ်းပေးက အနာနုလျှင် ပိန်၍ ရင့်လျှင် ပြည့်မှည့်ပြီး အမြန်ပျောက်သည်။

(၄)  နားရင်းရောင် ရောဂါဖြစ်ပါက တင်းသောနေရာကို ရေနှင့် သွေးခြင်းဖြင့် ပျောက်၏။

(၅) ပျို့အန်သောရောဂါဖြစ်လျှင် ရေအေးနှင့်သွေး၍ လျှက်ခြင်းဖြင့် ပျောက်၏

(၆) သွေးဆေး၊ မီးယပ်ဆေး၊ အားတိုးဆေး၊ လေဆေး၊ အစာကြေဆေး၊ ခါးနာ အကြောအဆစ်ကိုက် ရောဂါပျောက်ဆေးများတွင် ထည့်သွင်းအသုံးပြုသည်။

(၇) Nutmeg Butter ကို ကျိုးကြေသော အစေ့များမှ ထုတ်ယူ၍ ကိုယ်တိုက်ဆပ်ပြာလုပ်ငန်းတွင်သုံးသည်။

(၈)အနာကျက်ရန် နှင့် အနာမ၀င်စေရန် ၄င်းအသီးကိုသွေး၍ လိမ်းခြင်း သောက်ခြင်းပြုရ၏။

ဇာပွင့် (၁) ဇာပွင့်ကို ရှူဆေး၊ သွေးဆေး၊ ဒလာဆေး၊ မီးယပ်ဆေး၊ အားတိုးဆေး စသည်များဖော်စပ်ရာတွင် အရေးကြီးသောဆေးမယ် အဖြစ် ထည့်သွင်းအသုံးပြုသည်။

ဇာစေ့ဆီကို အနောက်နိုင်ငံများတွင် ရေမွှေးလုပ်ငန်း၊ ဆေးလိပ်ဆေးနှင့် သွေးများစင်ကြယ်စေသော ဆေးများဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုသည်။

Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

The post ဇာတိပ္ဖိုလ်ပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

အသီးလုံး အသီးခိုင်ကြီးသော စပျစ်သီးများထွက်ရှိရန် ဆောင်ရွက်ရမည့် နည်းစနစ်

$
0
0

စပျစ်ပင်ဟာ ဆားဓာတ်ပါဝင်သော မြေမျိုးမှလွဲ၍ မည်သည့် မြေမျိုးတွင် မဆိုစိုက်ပျိုးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စပျစ်စိုက်ပျိုးရန် သင့်တော် တဲ့ ဒေသတွေကတော့ မြန်မာပြည်အလယ်ပိုင်းရှိ အပူပိုင်းဒေသ၊ တောင်တန်း ဒေသဖြစ်တဲ့ ချင်းတောင်၊ ရှမ်းပြည်နယ်၊ မိုးနည်းသော အရပ်ဒေသ၊ ကယားပြည်နယ်တို့ဖြစ်ပါတယ်။

စပျစ်ပင်စိုက်ပျိုးရာမှာ အသီးလုံး၊ အသီးခိုင်ကြီးသော စပျစ်သီးများထွက်ရှိရန် အတွက် ဆောင်ရွက်ရမည့် နည်းစနစ်များကို Pissaya Info မှ တောင်သူ ဦးကြီးများအတွက် စုစည်းတင်ပြပေးလိုက်ပါတယ်။

အသီးအရောင် ညီညာခြင်းရရှိရန်အတွက် မဆွတ်ခူးမီ (၂)ပတ်အလိုတွင် အီသရယ်(Etheral) ဟော်မုန်းဖျန်းပေးရန်။

အစေ့ပါဝင်မှုနည်း၍ အစေ့သေးရန်အတွက် ဂျီအေ(၃) (GA3) ဟော်မုန်းသုံးစွဲရန်။

အသယ်အပို့ခံနိုင်ရန်အတွက် စပျစ်မဆွတ်ခူးမီ (၃)ပတ်အလိုတွင် အပင်ကိုရေသွင်းခြင်းမှ ဖြတ်တောက်ရန်။

အရသာကောင်းမွန်ရန်အတွက် ရေပါဝင်မှုနည်းစေရန် လိုအပ်ပါသည်။ ရေပါဝင်မှုနည်းစေရန်အတွက် စပျစ်သီး မဆွတ်ခူးမီ(၃)ပတ် အလိုတွင် အပင်ကို ရေသွင်းခြင်းမှ ဖြတ်တောက်ရန်။

ပိုးတတ်ဆေးဓာတ်ကြွင်းများ မရှိစေရန်အတွက် မဆွတ်ခူးမီ (၂)ပတ် အလိုမှ စတင်ပြီး ပိုးသတ်ဆေးသုံးစွဲမှုရပ်တန့်ရန်။

စပျစ်ကိုင်းဖြတ်ပြီး ရက်ပေါင်း (၅၀ မှ ၆၀)အတွင်း အသီးဖြစ်ထွန်းပါသည်။ ၄င်းအသီးဖြစ်ထွန်းနေစဉ်အတွင်း သီးညှပ်ခြွေခြင်းကို စနစ်တကျ ဆောင်ရွက်ပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post အသီးလုံး အသီးခိုင်ကြီးသော စပျစ်သီးများထွက်ရှိရန် ဆောင်ရွက်ရမည့် နည်းစနစ် appeared first on Myanmar Farmers' Portal.

Viewing all 691 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>