Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live

ဇာတိပ္ဖိုလ်ပင်ကို ⁠ဈေးကွက်သို့တင်ပို့ရန် ⁠ပြု⁠ပြင်ထုတ်လုပ်နည်း

$
0
0

ဇာတိပ္ဖိုလ်သီး

ဂရီနေဒါ နိုင်ငံ၌ ကြွေကျလာသောအသီးများကို ကောက်ယူစုဆောင်းပြီးလျှင် ပြီးချင်း အသီးခွံ များကိုခွာပစ်ကာ ဇာပွင့်ကိုခွာယူ၍ အခြောက် ခံ၏။ အစေ့ဆန်ကို အစေ့ခွံအတွင်း၌ ခြောက်စေ၏။ ဇာတိပ္ဖိုလ် စိုက်ပျိုးသောနိုင်ငံများအနေနှင့် ဒေသအခြေအနေပေါ်လိုက်၍ အခြောက် ခံပုံခြားနားသော်လည်း အခြောက်ခံသော ကာလမှာမူ (၃) ပတ်မှ (၆) ပတ်အထိ ကြာလေ့ရှိ၏။ မလေးရှားနိုင်ငံ၌ နေနှင့်အခြောက်လှမ်း ခြင်းကို အတော်အသင့်သုံးကြသည်။ ဤနည်းကို သုံးလျှင် ညဘက်သို့မဟုတ် စွတ်စိုသော ရာသီဥတုတို့၌ အသီးများကို လုံခြုံခြောက် သွေ့သော နေရာများတွင် ရွှေ့ပြောင်း သိမ်းဆည်းရန် လိုအပ်သည်။

အရေအတွက် မြောက်များစွာကိုမူ မီးဖိုများ၌လည်းကောင်း အုဌ်များဖြင့် ဆောက်လုပ်ထားသော အဆောက် အအုံများ၌ လည်းကောင်း အခြောက်ခံ၏။ အုဌ်ဖြင့် ဆောက်ထားသော အဆောက်အအုံများတွင် အခြောက်ခံပုံမှာ အစေ့များကို မီးသွေးမျှင်းမျှင်းပေါ်ရှိ လင်ပန်းများပေါ်တွင် တင်ပြီး တဖြည်းဖြည်းမီးနားသို့ ရောက်ရှိအောင် တိုးပေးခြင်း၊ လှည့်ပေးခြင်း၊ အစေ့များကို အထက်အောက်လှန်ပေးခြင်း များ ပြုလုပ်ပေးရ၏။ လုံလောက်စွာ ခြောက်သွေ့ သွားသောအခါ၌ မူလအလေးချိန်၏  (၁/၄) သာ ရှိပြီး အစေ့ဆန်ချောင်လာမည်ဖြစ်သည်။ ထိုအခါ၌ အစေ့ခွံများကို သစ်သားထုတ်၊ သို့မဟုတ် သီးသန့် စက်ကိရိယာဖြင့် ခွဲပြီး အရေအတွက် မြောက်များစွာကိုမူ မီးဖိုများ၌လည်းကောင်း၊ အုဌ်များဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံများ၌လည်းကောင်း အခြောက်ခံ၏။ အုဌ်ဖြင့် ဆောက်ထားသော အဆောက်အအုံများတွင် အခြောက်ခံပုံမှ အစေ့များကို မီးသွေးမီးမျှင်းမျှင်းပေါ်ရှိ လင်ပန်းများပေါ်တွင် တင်ပြီး  ဇာတိပ္ဖိုလ်သီးဆန်ကို ထုတ်ယူ၏။

စက်ကိရိယာသုံးခြင်းသည်  အစေ့ဆန်တွင် အနာအဆာများဖြစ်စေတတ်သဖြင့် လက်ဖြင့်ခွဲခြင်းက ပိုမိုကောင်းမွန်၏။ (အစေ့ဆန်များတင် ပိုးမွှားမကျရန် ကာကွယ်နည်းမှာ ထုံးရည်စိမ်ခြင်းဖြစ်သည်။)

ဇာစေ့ ဆန် အဆင့် ခွဲခြားသတ်မှတ်နည်း

အစေ့ခွံများ ခွဲပြီးသော အစေ့ဆန်များကို နိုင်ငံခြားသို့ တင်ပို့ရန် အတွက် တပေါင်လျှင် ဇာစေ့ပေါင်း (၆၀ / ၆၅) သို့မဟုတ် (၁၁၀) ပါဝင်သော အရွယ်အစားအလိုက် ခွဲခြားသတ်မှတ်သည်။

ရှည်မျောမျောပုံရှိသော ဇာစေ့ဆန်သည် ဈေးနှုန်းနှိမ့်၍ လုံးဝိုင်းပြီး အနာအဆာ ကင်းမဲ့သော ဇာစေ့ဆန်သည် အဆင့်အတန်းမှီပြီး ဈေးနှုန်း အမြင့်မားဆုံး ရရှိသည်။ သေးငယ်သော အစေ့များနှင့် ပျက်စီးသော အစေ့များကို သီးသန့်ဖယ်ထားရ၏။ ဗြိတိန်နိုင်ငံအနေနှင့် ထုံးရည် မစိမ် သော ဇာစေ့ဆန်များကို နှစ်သက်၏။ ဇာစေ့များကို (၁၁၂) ပေါင် ၀င်စည်ပိုင်း သို့မဟုတ် သေတ္တာများဖြင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချကြ သည်။

အစေ့ဆန် ကို ဟင်းခတ် အမွှေးအကြိုင် အဖြစ်သုံးသည်။ အကိတ်မုန့်၊ ပူတင်းများ လုပ်ရာတွင်လည်း အသုံးပြုသည်။

ဇာတိပ္ဖိုလ်အစေ့ဆန်ကို သွေး၍ ပျားရည်နှင့် လျက်ပေးပါက သွေးဝမ်းကိုက် ရောဂါ ပျောက်ပြီး နှလုံးအားနည်းခြင်းကို ကောင်းစေသည်။

ဝက်ခြံနှင့် အဖုအကြိတ်များ ပေါက်သည့်နေရာ၌ လိမ်းပေးက အနာနုလျှင် ပိန်၍ ရင့်လျှင် ပြည့်မှည့်ပြီး အမြန်ပျောက်သည်။

နားရင်းရောင် ရောဂါဖြစ်ပါက တင်းသောနေရာကို ရေနှင့် သွေးခြင်းဖြင့် ပျောက်၏။

ပျို့အန်သောရောဂါဖြစ်လျှင် ရေအေးနှင့်သွေး၍ လျှက်ခြင်းဖြင့် ပျောက်၏

သွေးဆေး၊ မီးယပ်ဆေး၊ အားတိုးဆေး၊ လေဆေး၊ အစာကြေဆေး၊ ခါးနာ အကြောအဆစ်ကိုက် ရောဂါပျောက်ဆေးများတွင် ထည့်သွင်းအသုံးပြုသည်။

Nutmeg Butter ကို ကျိုးကြေသော အစေ့များမှ ထုတ်ယူ၍ ကိုယ်တိုက်ဆပ်ပြာလုပ်ငန်းတွင်သုံးသည်။

အနာကျက်ရန် နှင့် အနာမ၀င်စေရန် ၄င်းအသီးကိုသွေး၍ လိမ်းခြင်း သောက်ခြင်းပြုရသည်။

ဇာပွင့် ထုတ်လုပ်နည်း

လတ်ဆတ်သော ဇာပွင့်များသ်ည တောက်ပသောအနီရောင်ရှိပြီး၊ ၄င်းတို့ကို ဓါး သို့မဟုတ် လက်ဖြင့် ခွာယူရ၏။ ထို့နောက် ခြေဖြင့် သို့မ ဟုတ် ကပ်ပြားများတွက် ညှပ်၍ ပြားနေအောင် ဖိနှိပ်ပြီး ရွှေဝါရောင် သို့ပြောင်းလဲကာ ကျွတ်ဆတ်လာသည်အထိ (၂) ရက်၊ သို့မဟုတ် (၄) ရက် ခန့် နေတွင် အခြောက်လှန်းရသည်။ ဇာပွင့်ကို ထင်းရူးသေတ္တာများတွင် ထုပ်ပိုးထည့်သွင်း၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။

ဇာပွင့် (၁) ဇာပွင့်ကို ရှူဆေး၊ သွေးဆေး၊ ဒလာဆေး၊ မီးယပ်ဆေး၊ အားတိုးဆေး စသည်များဖော်စပ်ရာတွင် အရေးကြီးသောဆေး မယ်အဖြစ် ထည့်သွင်းအသုံးပြုသည်။

ဇာတိပ္ဖိုလ်ဆီ ထုတ်ယူနည်း

ဇာတိပ္ဖိုလ်ဆီကို အစေ့ဆန်အားကြိတ်၍ ထုတ်ယူသည်။

ဇာစေ့ဆီကို အနောက်နိုင်ငံများတွင် ရေမွှေးလုပ်ငန်း၊ ဆေးလိပ်ဆေးနှင့် သွေးများစင်ကြယ်စေသော ဆေးများဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုသည်။

အထွက်နှုန်း

ဇာစေ့ဆန်ဇာသီးတပင်လျှင် ပျမ်းမျှအသီးလုံးရေ (၄၀၀၀) မှ (၆၀၀၀) ခန့် သီး၍ တဧက ပင်ရေ (၇၀) ထားလေ့ရှိသည်။ အစေ့ခြောက်လုံးရေ (၁၀၀) လျှင် (၃) ပေါင်ခန့် အလေးချိန်ရှိသဖြင့် တဧကပျမ်းမျှ အစေ့ခြောက်ပေါင် (၄၀၀၀)ခန့် အထွက်နှုန်းရှိ၏။

ဇာပွင့်

တဧက ပျမ်းမျှ (၄၈၀) ပေါင်ခန့် အထွက်နှုန်းရှိပါသည်။

Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

 

The post ဇာတိပ္ဖိုလ်ပင်ကို ⁠ဈေးကွက်သို့တင်ပို့ရန် ⁠ပြု⁠ပြင်ထုတ်လုပ်နည်း appeared first on Myanmar Farmers' Portal.


သခွားသီးကို ဘယ်အချိန်မှာ ဆွတ်ခူးရန် အ⁠ကောင်းဆုံးလဲ။

$
0
0

သက်လတ်၊ သက်ကြီး၊ သက်လျင်မျိုးများတွင် (၄၅) ရက်မှ စ၍လည်းကောင်း၊ သခွားသီးများ စတင်ဆွတ်ခူး နိုင်ပါသည်။

ရင့်မှည့်သော သခွားသီးများကို ဆွတ်ခူးရန် အရေးကြီးပါသည်။ နုသောသခွားသီးများကို ဆွတ်ခူးပါက အစိုဓာတ်များဧ။်။ ရင့်မရင့်သိရှိနိုင်ရန် အပင်ဖြစ်ထွန်းမှု အကောင်းဆုံးအချိန်တွင် နေ့စဉ်အပင်များကို လိုက်လံကြည့်ရှုရသည်။

သခွားသီးမှည့်ပါက အသီးအောက်ခြေရှိ အညှာအက်ကွဲလာသည်။

လှီးဖြတ်ပြီး စားသုံးလိုပါက အလုံးလေးသည် ကျစ်လစ်သေးသွယ်ပြီး အစိမ်းရင့်ရောင်ရှိရမည်ဖြစ်သည်။ အစိမ်းရောင်ဖျော့သွားလျှင် စား၍ကောင်းသော အဆင့်ကို ကျော်လွန်ပြီဖြစ်ပြီး၊ အရည်ရွှမ်းခြင်း၊ အစေ့များခြင်း ရှိလာမည်။ ထိုအဆင့်သို့ရောက်ရှိသွားပါက အပင်သည် အသီးသစ်များမသီးတော့ပါ။

မည်သည့်အရွယ်ကို  ခူးသည်ဖြစ်စေ သခွားသီးပေါ်တွင် အညှာတိုလေး ကျန်ရှိနေလျှင် ကြာရှည်အထားခံသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post သခွားသီးကို ဘယ်အချိန်မှာ ဆွတ်ခူးရန် အ⁠ကောင်းဆုံးလဲ။ appeared first on Myanmar Farmers' Portal.

ကုလားပဲအထွက်တိုး⁠ရေး လိုက်နာ⁠ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ ⁠နှင့် ပိုးမွှား⁠ရောဂါ ကာကွယ်⁠နှိမ်နင်းနည်း

$
0
0

ကုလားပဲအထွက်တိုးရေး လိုက်နာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ 

– အောင်မြင်သောမျိုးကောင်းမျိုးသန့်ကိုသုံးပါ။
– တစ်ဧကလျှင် ကုလားပဲမျိုး ၁ တင်းအသုံးပြုပါ။
– ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင် လုပ်ပါ။
– ပဲမြစ်ဖုဇီဝမြေသြဇာ ၁ ပေါင်ကို မျိုးစေ့နှင့်အတူရော၍ ထည့်ပါ။
– သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲပါ။
– ဓာတ်မြေသြဇာအချိုးကျသုံးစွဲပါ။
– အတန်းလိုက် အစိုဓာတ်အချိန်မီစိုက်ပျိုးပါ။
– ပေါင်းမြက်နှိမ်နင်းပေးပါ။
– ပိုးမွှားရောဂါကာကွယ်နှိမ်နင်းပါ။
– အလေအလွှင့်နည်းအောင်နှုတ်သိမ်းသိုလှောင်ပါ။

ပိုးမွှား ရောဂါကာကွယ်နှိမ်နင်းခြင်း

( က ) မိမိ၏စိုက်ကွင်းများတွင် ပိုးမွှားရောဂါကျရောက်မှုရှိ၊ မရှိသိနိုင်ရန် အမြဲတစေကြည့်ရှုနေပါ။
( ခ ) ပိုးမွှား မကျရောက်စေရန် ကြိုတင်ကာကွယ်ပါ။
( ဂ ) ပင်ဖြတ်ပိုး၊ သီးလုံး ဖောက်ပိုးများကျရောက်တတ်သဖြင့် အင်ဒရင်း၊ စီဗင်၊ တီပီအင်န့်အယ်ဆန်၊ ဒိုင်မီခရွန်ဆေးများ( ခေတ်မီပိုးသတ်ဆေး ) ဖြင့် ပက်ဖျန်းကာကွယ်နှိမ်နင်းပေးပါ။
( ဃ ) ကြွက်များကျရောက်ပါက တိုမိုရင်း ကြွက်သတ်ဆေးဖြင့် နှိမ်နင်းပါ။
( င ) အပင်ညှိုးသေရောဂါကျရောက်တတ်သဖြင့် စိုက်ကွက်တွင် ရေမ၀ပ်အောင် အထူးဂရုစိုက်ပါ၊ ၄င်းရောဂါကျ အပင်များတွေ့ရှိပါက နှုတ်ယူဖျက်ဆီးပစ်ပါ။
Source – စိုက်ပျိုးရေးဦးစီးဌာန

The post ကုလားပဲအထွက်တိုး⁠ရေး လိုက်နာ⁠ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ ⁠နှင့် ပိုးမွှား⁠ရောဂါ ကာကွယ်⁠နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.

GAP နည်း⁠ဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ လယ်ယာသီး⁠နှံ ⁠နှင့် ⁠ကော်ဖီသီး⁠နှံများ စိုက်ပျိုးရာတွင် လိုက်နာ⁠ဆောင်ရွက်ရမည့် အချက်များ

$
0
0

၁။ စိုက်ပျိုးမည့်မြေနေရာရွေးချယ်ခြင်း

စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်ရှိမြေသည် ဓါတုနှင့်ဇီဝဆိုင်ရာ အန္တရာယ်ရှိ သည့် ‌မြေမနေရာ မဖြစ်စေရ။ စိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိရမည်။

၂။ ရေ

စိုက်ပျိုးရာတွင် အသုံးပြုမည့်အရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရမည်။ မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ် စွန့်ပစ် ရေနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်ပေါ်နိုင်သည့်ရေများကို အသုံး မပြုရ။ (ရေဆိုး ရေညစ်များကို ပြန်လည်စီရင်၍ အသုံးပြုလျှင် WHO Guideline အရ လိုက်နာ အသုံးပြုရန်)။

၃။ မျိုးစေ့/ပျိုးပင်

ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါ ကင်းစင်သည့် အရည် အသွေး ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရမည်။ စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင်နှင့် မျိုးပွားအစိတ်အပိုင်းများ ရရှိသည့်နေရာ၊ ရရှိသည့်အရေအတွက်နှင့် ရရှိသည့်နေ့စွဲတို့ကို မှတ်တမ်းတင် ထားရှိရမည်။

၎။ ‌မြေသြဇာနှင့် မြေဆီလွှာ ဖြည့်စွက် ပစ္စည်းများ

စိုက်ပျိုးသည့်သီးနှံတစ်ခုချင်းအတွက် အသုံးပြုသည့် မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေ သော ဓာတုနှင့် ဇီဝ ဆိုင်ရာ ပစ္စည်းများ ပါဝင်ခြင်းမရှိစေရ။ သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့အောင် ဆောင်ရွက် ပြီးမှ အသုံးပြုရမည်။ ‌မြေသြဇာ(သို့မဟုတ်)မြေဆီလွှာ ဖြည့်စွက် ပစ္စည်းများ ရောနှောခြင်းနှင့် သိုလှောင်ခြင်း၊ အော်ဂဲနစ်ပစ္စည်း များ ဆွေးမြေ့စေရန် ဆောင်ရွက်ခြင်း တို့ကို မြေနှင့်ရေ အရင်းမြစ် သန့်ရှင်းမှုထိခိုက်စေသော နေရာများတွင် မပြုလုပ်ရ။ မြေသြဇာ (သို့မဟုတ်)မြေဆီလွှာ ဖြည့်စွက် ပစ္စည်းများဝယ်ယူ သုံးစွဲရာတွင် တရားဝင် မှတ်ပုံတင်ထား သောပစ္စည်းများ ဖြစ်ရမည့်အပြင် မှတ်တမ်းများထားရှိရမည်။

၅။ စိုက်ပျိုးရေးသုံးဓါတုဆေးများ

စိုက်ပျိုးရေးသုံးဓါတုဆေးများနှင့်ဓါတုဆေးများအသုံးပြုမှု အနည်းဆုံးဖြစ် စေရန် ဘက်စုံ ပိုးမွှား ကာကွယ်ရေးနည်းစနစ်များကို အသုံးပြုရမည်။ ပိုးသတ်ဆေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း နှင့် လူသားတို့၏ ကျန်းမာရေးထိခိုက်မှုများ မဖြစ်စေရေး အထူးဂရုပြု ရမည်။ ဓါတုဆေးများကို အသုံးပြုရန်လိုအပ်ပါက တရားဝင် အသိအမှတ်ပြု မှတ်ပုံ တင်ထားသည့် ဓါတုဆေးများကိုသာ အသုံး ပြုရမည်။ဆေးဖျန်းပြီးနောက် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် ကာလ အပိုင်းအခြားကို အတိအကျ လိုက်နာရမည်။ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများကို သိရှိ နားလည်ထားရမည်။ ဓါတုဆေးများ ဝယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှု တို့ကို စနစ်တကျ ဆောင်ရွက်၍ မှတ်တမ်းတင်ထား ရှိရမည်။ လောင်စာဆီ၊ချောဆီနှင့် အခြားသောစိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေးများကို သီးနှံများ ညစ်ညမ်းမှုအန္တရာယ်အနည်းဆုံး ဖြစ်စေရန် ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း တို့ကို ပြုလုပ်ရမည်။

၆။ အပင်ပြုစုစောင့်ရှောက်ခြင်း

သီးနှံအလိုက် နည်းလမ်းမှန်ကန်စွာ ပြုစုစောင့်ရှောက် ဆောင်ရွက်ရမည်။

၇။ စိုက်ပျိုးရေးနှင့် အခြားဆက်စပ်ပစ္စည်းကိရိယာများ

ထွက်ကုန်သီးနှံအတွက်အသုံးပြုသောပစ္စည်းကိရိယာများ၊သိုလှောင်ပစ္စည်းများနှင့် အခြားပစ္စည်းများသည် သန့်ရှင်းပြီး ထွက်ကုန်သီးနှံများကို ညစ်ညမ်း မှု မရှိစေရ။ စွန့်ပစ်ပစ္စည်းများ၊ ဓါတုဆေးများနှင့် အခြား အန္တရာယ်ဖြစ်စေ သည့်အရာများ အသုံးပြုသည့် ပစ္စည်းများကို တိတိကျကျ သတ်မှတ်ထား ရမည်။ ၄င်းပစ္စည်းများဖြင့် ထွက်ကုန် သီးနှံများထည့်ခြင်း၊ သိုလှောင်ခြင်း မပြုရ။

၈။ ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း

သီးနှံများကို မှန်ကန်သော ရင်းမှည့်‌မှုရှိသည့်အချိန်တွင် သင့်တော်သည့် နည်းစနစ်ဖြင့် ခူးဆွတ်ရိတ်သိမ်းရမည်။ ရိတ်သိမ်း ပြီး ထွက်ကုန်သီးနှံများကို မြေကြီး(သို့မဟုတ်)ကိုင်တွယ် ထုပ်ပိုးသည့် ကြမ်းပြင်(သို့မဟုတ်) သို လှောင်သည့်နေရာကြမ်းခင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင် သန့်ရှင်း သောအခင်း/ပစ္စည်း ပေါ်တွင် ထားရှိရမည်။ ဆေးကြောသန့်စင်ရန်လိုအပ် သော သီးနှံ နှင့် အစိတ်အပိုင်းများအတွက် အသုံးပြုသောရေသည် သန့်ရှင်း စင်ကြယ်ရမည်။ သီးနှံအလိုက်သတ်မှတ်ထားသော စံချိန်စံညွှန်း အတိုင်း အဆင့်အတန်းခွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။

၉။ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

ထွက်ကုန်များကို ဓါတု၊ ဇီဝနှင့်ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှု အန္တရာယ်ဖြစ် စေနိုင်သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင် ခြင်းပြုလုပ်ရမည်။ သယ်ယူပို့ဆောင် မည့် ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု၊ အခြားပစ္စည်းများနျင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးရမည်။

၁၀။ အဆောက်အဦးများ ဆောက်လုပ်ထားခြင်း

ထွက်ကုန်များအား ထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်းနှင့် သိုလှောင်ထား ရှိခြင်းတို့တွင် ဘေးဥပါဒ်အန္တရာယ်ကျရောက်မှု နည်းပါးစေရန် သီးသန့်အ ဆောက်အဦးများ တည်ဆောက်ခြင်း (သို့မဟုတ်)သီးသန့်ဆောင်ရွက် မည့်နေရာများ သတ်မှတ်ရမည်။ ပြုပြင်ထိန်းသိမ်းပေးရမည်။ လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ လယ်ယာသုံးစက်ကိရိယာများအပါအဝင် အခြား ပစ္စည်းများနှင့် ထွက်ကုန်များကို ရောနှောသိုလှောင်ခြင်း မပြုရ။

၁၁။ တိရစ္ဆာန်နှင့် ဖျက်ပိုးများ ထိန်းချုပ်ခြင်း

အိမ်မွေးနှင့်လယ်ယာလုပ်ငန်းသုံး တိရစ္ဆာန်များကို ရိတ်သိမ်း၊ ထုပ်ပိုး၊ သိုလှောင်သည့်နေရာများတွင် မရှိစေရ။

၁၂။ အထောက်အထားနှင့်မှတ်တမ်းများ

ထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်‌ကောင်း များနှင့် ပတ် သက်သည့်မှတ်တမ်းများကို အနည်းဆုံး(၂)နှစ် သိမ်းဆည်းထားရမည်။ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း အတွက် သတ်မှတ်ထားသည့် မှတ်တမ်းပုံစံတွင် မှတ်တမ်း ရေးသွင်း ထားရမည်။

၁၃။ နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့်ပြန်လည်သိမ်းဆည်းခြင်း

သီးနှံစိုက်ပျိုးထုတ်လုပ်သည့်နေရာအား နောက်ကြောင်းပြန် စစ်ဆေးနိုင်ရန် အတွက် ထုပ်ပိုးပစ္စည်းများ အပေါ်တွင် သိသာ ထင်ရှားသည့် အမှတ် အသားနှင့် မှတ်ပုံတင်အမှတ်အသား ပြုလုပ် ထားရှိရမည်။ သီးနှံထွက်ကုန် တစ်ခုချင်းစီအတွက် တင်ပို့သည့် နေရာနှင့် ပေးပို့သည့်ရက်စွဲတို့ကို မှတ်တမ်းထားရှိရမည်။

၁၄။ ဆောင်ရွက်ကျင့်သုံးမှုများကိုပြန်လည်သုံးသပ်ခြင်း

ထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေသည့် နည်းလမ်းများ အား မှန်မှန် ကန်ကန်ဆောင်ရွက်ကြောင်း သေချာစစ်ရန် လုပ်ငန်း အားလုံးကို အနည်း ဆုံး တစ်နှစ်တစ်ကြိမ် ပြန်လည်စစ်ဆေးရမည်။ တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင် ဖြေရှင်း ဆောင်ရွက်ရမည် ဖြစ်ပြီး၊ ဤဆောင်ရွက်မှုများ အတွက် မှတ်တမ်းများ ထိန်းသိမ်း ထားရှိရမည်။

၁၅။ သင်တန်း

ထုတ်လုပ်သူနှင့်လုပ်သားများသည် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်း နယ်ပယ်အလိုက် ကျွမ်းကျင်မှုနည်းပညာများရရှိစေရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း သင်တန်းများ တက်ရောက်ထားရမည်။

၁၆။ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့်လုပ်သားများဘဝ သာယာဝပြောရေး

လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် တစ်ကိုယ်ရည် သန့်ရှင်း ရေးနှင့်‌ ပတ်သက်သည့် ညွှန်ကြားချက် များကို ရေးသားပြသထားမည် (သို့မဟုတ်) လုပ်သားများ သိရှိ စေရန် ဖြန့်ဝေပေးထားရမည်။ မိလ္လာရေနှင့် စွန့်ပစ် အညစ် အကြေး ရေများကို အန္တရာယ်မရှိအောင် ဂရုတစိုက် စွန့်ပစ် ရမည်။ လုပ်သားများ ကျန်းမာရေးနှင့် လူမှုဘဝ သာယာဝပြောရေး အလေး ထား ဆောင်ရွက်ပေးရမည်။
Source – စိုက်ပျိုးရေးဦးစီးဌာန

The post GAP နည်း⁠ဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ လယ်ယာသီး⁠နှံ ⁠နှင့် ⁠ကော်ဖီသီး⁠နှံများ စိုက်ပျိုးရာတွင် လိုက်နာ⁠ဆောင်ရွက်ရမည့် အချက်များ appeared first on Myanmar Farmers' Portal.

ကန်စွန်းဥကို ဘယ်အချိန်မှာတူး⁠ဖော်ရင်အ⁠ကောင်းဆုံး⁠ဖြစ်မလဲ။

$
0
0

ကန်စွန်းဥဈေးကောင်းရစေရန် မရင့်မီ အရွယ်ရောက်ဥများကို တူးဖော်ရောင်းချနိုင်သည်။

အကောင်းဆုံးမှာ ဥများရင့်သော အချိန်တွင် တူးဖော်ခြင်းဖြစ်သည်။ ကန်စွန်းဥကို မရင့်မီရိတ်သိမ်းက အလေးချိန် အလွယ်တကူ လျော့သွားမည်။

တူးပြီးလျှင် နေမလောင်စေရန် အရိပ်ထဲသို့ အမြန်ဆုံးပို့ပေးရသည်။

ဥများရင့်ပြီးနောက် မြေတွင် (၅-၆) ပတ်အထိ မရိတ်သိမ်းဘဲ ထားနိုင်သည်။

သို့သော် (၈-၉) ပတ်အထိထားက အထွက်များစွာ လျော့သွားပေမည်။

အလွန်အေးသော ရာသီမျိုးတွင် ပလတ်စတစ်အမည်းစပေါ်ကန်ဇွန်းဥတင်ပြီး ၊ ပလတ်စတစ်အမည်းစနှင့် ဖုံးအုပ်ကာ နေပူထဲတွင်ထားပြီး ညအချိန်၌ ၅၅ံF အောက်ရောက်နိုင်လျှင် အခန်းထဲသို့ ပြန်ပြီးထည့်ရသည်။

တစ်ဧကလျှင် ပိဿချိန် (၃၀၀၀-၅၀၀၀) ကျော်ထိ ထွက်ရှိသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

 

The post ကန်စွန်းဥကို ဘယ်အချိန်မှာတူး⁠ဖော်ရင်အ⁠ကောင်းဆုံး⁠ဖြစ်မလဲ။ appeared first on Myanmar Farmers' Portal.

ဖာလာ စိုက်ပျိုးနည်း

$
0
0

မြန်မာအမည်        – ဖာလာ

အင်္ဂလိပ်အမည်     – CARDAMON

ရုက္ခဗေဒအမည်     – ELETTARIA CARDAMOMUM MATON

မျိုးရင်း                – ZINGIBERACEAE

မူရင်းဒေသ။   ။ အိန္ဒိယပြည်တောင်ပိုင်း၊ သီဟိုဠ်ကျွန်း။

အမျိုးအစား။   ။ ထင်ရှားသောဖာလာမျိုးများ (တနည်းကမ္ဘာ့ဈေးကွက်တွင် အရောင်းအဝယ်ပြု နေသော ဖာလာမျိုးများ) မှာ-

(၁) Mysore or Ceylon Mysore

(၂) Malabar or Ceylon Malabar

(၃) Mangalore

(၄) Aleppi or Alleppy တို့ဖြစ်ပြီး၊ ဒေသကိုလိုက်၍ တမျိုးနှင့်တမျိုး အနည်းငယ်စီသာ ကွာခြား၏။

 စိုက်ပျိုးသည့်ဒေသ။   ။ အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်ကျွန်းတို့တွင်အများအပြား စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် စိုက်ပျိုးကြသည်။

ပုံသဏ္ဍာန်။   ။ နှစ်ရှည်ခံ အမြဲစိမ်းလန်းသော အပင်ဖြစ်သည်။ မြေအောက်ပင်စည်ရှိသည်။ အရွက်သည်လှံစွပ်ပုံသဏ္ဍာန်ရှိပြီး အလျား (၁)ပေမှ (၃)ပေအထိ ရှိသည်။ အနံ(၃) လက်မမှ (၆) လက်မအထိကျယ်သည်။ ရွက်ပြားအစိမ်းရောင်ရှိသည်။ အချို့ မျိုးတွင် အရွက် အပေါ်နှင့်အောက် မျက်နှာနှစ်ဘက်လုံး၌အမွှေးရှိသည်။ အချို့ ပြောင်ချောနေသည်။ ပန်းပွင့်မှာလိင်စုံပွင့်ဖြစ်၍ အဖြူရောင် ရှိပြီး နှုတ်ခမ်း သားဝါသည်။ အပင်ရင်း မြေကြီးနားထိကပ်၍ ပွင့်ကြသည်။ အသီးသုံးမြှောင့်ပုံဆန်ဆန် ဖြစ်၍ အကန့်(၃) ကန့်ရှိသည်။ အကန့်များထဲတွင် စူးရှမွှေးကြိုင်သော အနံ့ရှိသည့် အစေ့များပါရှိသည်။ အသီးတစ်ခုတွင် အစေ့ (၁၀)စေ့မှ (၁၅)စေ့ထိပါရှိသည်။

 မြေအမျိုးအစား။   ။ မြေဆွေးဓာတ်များပြီး အစိုဓာတ်ထိန်းနိုင်သောမြေမျိုးကို နှစ်သက်သည်။ မြေသားထုနက်၍ နုံးဆန်သောမြေမျိုးတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ရေဝပ်ခြင်းကိုလုံးဝမကြိုက်သ ဖြင့် စိုက်မည့်နေရာသည် ဆင်ခြေလျောဖြစ်လျှင် ပိုကောင်း၏။ အမြင့်ပေ (၂၅၀၀) မှ (၄၀၀၀) အတွင်း စိုက်ပျိုးပေါက်ရောက်နိုင်၏။

ရာသီဥတု။   ။ အပူချိန် (၆၀) ဒီဂရီဖာရင်ဟိုက်နှင့် မိုးရေချိန် (၆၀) လက်မမှ (၁၅၀) လက်မအတွင်း ရှိသော ပူအိုက်စွတ်စိုသည့် ရာသီဥတုကို ကြိုက်နှစ်သက်၏။

 မြေပြုပြင်နည်း။   ။အရိပ်ရှိသော နေရာမျိုးကိုရွေးချယ်ပြီး မြေပြုပြင်ရ၏။ မြေပြုပြင်ရာတွင် စိုက်ပျိုး မည့်စနစ်ကိုလိုက်၍ မြေပြုပြင်မှုကွာခြား သည်။ ကျင်းစနစ်ကို အသုံးပြုမည်ဆိုပါက တကျင်းနှင့်တကျင်း (၃)ပေ သို့မဟုတ် (၄)ပေခွာ၍ (၃)ပေပတ်လည်အကျယ် ကျင်းများတူးရမည်။ အတန်းလိုက်စိုက်စနစ် ကို သုံးမည်ဆိုပါက တတန်းလျှင်(၃)ပေမှ (၄)ပေခွာ၍ ထယ်ကြောင်းပေးပြီး ထယ်ကြောင်းတွင် မြေသြ ဇာများထည့်၍ မြေပြုပြင်ပေးရ၏။

အစေ့မှပျိုးထောင်စိုက်ပျိုးနည်းကိုသုံးမည်ဆိုပါက ပျိုးဘောင်ကို (၉)လက်မမှ (၁)ပေအထိ အမြင့် ထား၍ အကျယ်(၂)ပေ၊ အရှည်(၁၂)ပေမှ (၁၅)ပေ ထားရ၏။ ရေထုတ် ရေသွင်းမြောင်းများ ပြုလုပ်ရန် လိုသည်။ ကောင်းစွာဆွေးမြေ့ ပြီးပွသောမြေဆွေး ထူထူခင်းပေးရ၏။ ပျိုးဘောင်ကိုအရိပ်ရစေရန်အ တွက် (၅)ပေခန့်မြင့်သော စင်ထိုးပြီး အကိုင်းအခက်များကို မိုးပေးရ၏။

စိုက်ပျိုးချိန်။   ။ အသီးအများဆုံးခူးရသော စက်တင်ဘာလနှင့် အောက်တိုဘာလတွင်စိုက်ပျိုး သည်။ အစေ့ကိုပျိုးလျှင် (၄၅) ရက်ကြာ အညှောင့်ပေါက်၍ တစ်နှစ်ကြာလျှင်(၁ ၁/၂)ပေမြင့်လာ သည်။

ပျိုးထောင်နည်း။   ။ ပျိုးပင်ကို အစေ့မှလည်းကောင်း၊ အတက်မှလည်းကောင်း ပျိုးယူနိုင်သည်။ အစေ့များမှ ပျိုးထောင်ရာတွင် အသီးခူးပြီး ချက်ခြင်းစိုက်မှသာ အပင်ပေါက်နှုန်းကောင်း၍ (၁ ၁/၂) လခန့်ကြာမှစိုက်သော် အညှောင့်ထွက်မှု ၆၀%ထိခိုက်၍ (၄)လခန့်ကြာပါက ၉၆% ထိခိုက်နိုင်သည်။

အစေ့မှပျိုးထောင်နည်း။   ။ စိုက်ပျိုးမည့်မျိုးစေ့သည် ကောင်းစွာရင့်၍ထွားကြိုင်းလတ်ဆတ်ပြီး ပိုး မွှားကင်းရန်လိုသည်။ အစေ့တွင် ကပ်နေသော ချွဲကျိသည့် အရည်များကို  ပြာဖြင့်ပွတ်၍ နေရိပ်တွင်အ ခြောက်လှမ်းပြီး ချက်ခြင်းစိုက်ရ၏။ အစေ့မှအပင်ပေါက်ရန် (၂)လမှ (၃)လအထိ ကြာတတ်သသည်။ အစေ့များကို လက်နှင့်ကြဲပြီး ထွန်ခြစ်နှင့်ဆွဲပေးရမည်။ အပေါ်မှ မြက်ခြောက်၊ ကောက်ရိုးခြောက်များ အုပ်ပေးရမည်။

အတက်ဖဲ့၍ စိုက်ပျိုးနည်း။   ။ ပင်တက်များအားဖဲ့၍စိုက်ပျိုးလျှင် မြေမှဖော်ပြီးပြီးချင်းစိုက်ရ၏။ အတက်စိုက်ရာတွင် လေဒဏ်ခံနိုင်ရန် တုတ်ချောင်းနှင့် ချည်ပေးရ၏။ အမြစ်ထွက်က စိုက်ထူထား သောတုတ်ကိုဖယ်ပစ်နိုင်သည်။

စိုက်ပျိုးနည်း။   ။ ကျင်းစနစ်ဖြစ်ပါက အသင့်တူးထားသော ကျင်းများထဲသို့ ဧပြီလ၊ မေလ ခန့်တွင် ပျိုးပင်များချ၍ စိုက်ရသည်။ ကျင်းထဲသို့ အပေါ်မြေတခြား၊ အောက်မြေတခြား သစ်ဆွေးမြေနှင့်ရော၍ ထည့်ရသည်။ အိန္ဒိယပြည်တောင်ပိုင်းတွင် အမြင့်ပေ (၂၀၀၀) မှ (၅၀၀၀) အထိ တောင်ကုန်းတောင် တန်းများတွင် တောရှင်းထားသောနေရာများ၌ အရိပ်ရအောင် ပြုလုပ်ပြီး ဖာလာပင်များကို စိုက်ပျိုးကြ သည်။

 အပင်ပြုစုနည်း။   ။ လေကာပင်များစိုက်ပျိုးပေးရမည်။ ပေါင်းပင်များကို ရှင်းပေးပြီး မြေမကြာခဏ ဆွပေးရ၏။ မြေကိုဆွရာတွင် မြေအပေါ်ယံတွင်သာ ဆွရ၏။ ရေကိုဂရုစိုက် သွင်းပေးရန်အရေးကြီး၏။

ဆွတ်ခူးနည်း။   ။ ပျိုးပင်များ စိုက်ခင်းသို့ရွေ့ စိုက်ပြီး (၃)နှစ်၊ မျိုးစေ့ချပြီး (၄-၅)နှစ်အကြာ ပန်းစ ပွင့်၏။ သီဟိုဠ်တွင် တနှစ်ပတ်လုံးနီးပါး အပွင့်ပွင့်သည်။ အဓိကအားဖြင့် ဇန်နဝါရီလမှ မေလအထိပွင့် သည်။ သြဂုတ်လကုန်တွင် စတင်ခူးပြီး ဧပြီလမတိုင်မီအထိ ဆက်လက်ဆွတ်ခူးသွားသည်။ အောက် တိုဘာလမှ ဒီဇင်ဘာလအတွင်း အသီးအများဆုံးဆွတ်ခူးရရှိ၏။ အသီးများမမှည့်မှီ ကပ်ကျေးဖြင့် အညှာကို ဖြတ်ယူရသည်။ မှည့်သွားပါက အက်ကွဲသွားသည်။ အဝါရောင်သို့ ပြောင်းခါစတွင် စောစော ခူးဆွတ်လျှင် သာလွန်ကောင်းမွန်သော အသီးများရသည်။

အထွက်နှုန်း။   ။ တဧကအသီး ခြောက်ပေါင် (၁၂၀)မှ (၂၅၀) အထိထွက်၍ ပျမ်းမျှ (၁၁၂)ပေါင်မှ (၁၆၈) ပေါင်ရနိုင်သည်။ ၄င်းအောက် အထွက်နှုန်းကျက မကောင်းချေ။ ရေ၊ မြေ ရာသီဥတုအဆင်ပြေ ပါကတဧက ပေါင်(၇၀၀)ထိ ထွက်နိုင်၏။ အရုံတရုံလျှင် ဖာလာခြောက် အနည်းဆုံး (၂.၃) ပေါင်ရနိုင် ၏။

အသုံးပြုနည်း

အစေ့ – ၁။ မီးယပ်ငုပ်ခြင်း၊ ထိန်ကျန်ခြင်းနှင့် မီးယပ်သွေးဆုံးရောဂါများအတွက် ဖော်စပ်သောသွေး ဆေးများတွင်လည်းကောင်း၊ ကျောက် ငန်း၊ ကျောက်ရူးရောဂါအတွက် ဖော်စပ်သော ကျောက်ဆေးများ တွင် လည်းကောင်း၊ အပူအပွင့်ဆေး၊ အစာကြေဆေးနှင့် လေဆေးများ ဖော်စပ်ရာတွင်လည်းကောင်း ဖာလာကို ထည့်သွင်းဖော်စပ်သုံးသည်။

၂။   ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းနာခြင်းစသော ရောဂါများအတွက် ဖာလာစေ့ကိုကြိတ် ပြီး ပျားရည်နှင့်ရော၍ လျှက်ပေးရသည်။

၃။ အစားအသောက်အနေနှင့် ဒန်ပေါက်ထမင်းချက်ရာ၌လည်းကောင်း၊ ဟင်းမွှေးမဆလာတွင်လည်း ကောင်း ထည့်သွင်းအသုံးပြုကြသည်။

Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

 

The post ဖာလာ စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

ဖာလာကို ထုတ်လုပ်ရောင်းချရန်အတွက် ဆွတ်ခူးပြီးနောက်ပိုင်း ပြင်ဆင်ခြင်း

$
0
0

အခြောက်လှန်းခြင်း

ဆွတ်ခူးပြီး အသီးများကို သဲ၊ ဖုံ စသည်များသန့်စင်ပြီး ရိုးရိုး နေလှန်း၍၄င်း၊ မီးအပူပေး၍၄င်း၊ အခြောက်ခံ၏။ စတင်အသီးခူးချိန်သည် သြဂုတ်လဖြစ်၍ မိုးတွင်းဖြစ်သောကြောင့် နေလှန်းရန်အခက်အခဲရှိ၍ များသောအားဖြင့် မီးဖြင့် အခြောက်ခံကြသည်။ မီးဖြင့် အခြောက် ခံရာတွင် အသီးများအားမကြာခဏ အထက်အောက်လှန်ပေးရသည်။ (၁၂) နာရီခန့်ကြာသော် အသီးများလုံလောက်စွာ ခြောက်သွေ့ သွားသည်။ ဤနည်းတွင် အသီးများအရောင်လှခြင်းမရှိပါ။ အစိမ်းရောင် အနည်းငယ်ကျန်သည်။

အသီးများကို အရောင်းအ၀ယ်ပြုလုပ်ရာတွင် အရောင်သည် အရေးကြီးသည်။ အညိုရောင်အသီးကို နှစ်သက်ပါက ခပ်ပါးပါးဖြန့်ပြီး မကြာ ခဏမလှန်ပဲထားခြင်းဖြင့် မီးရှိန်ပိုမိုရရှိပြီး ညိုလာမည်။ နေဖြင့် အခြောက်လှန်းပါက (၃-၄) နေလှန်းရသည်။ နေ့တွင် နေလှန်း၍ ညတွင် အအေးခံ၏။ စိုလိုက် ခြောက်လိုက်ဖြင့် အသီးရောင် တဖြည်းဖြည်း ကျွတ်သွားမည်။ အချို့နေလှန်းစဉ် အသီးများအပေါ် ရေမကြာ ခဏဆွတ်ပေးပြီး ခြောက်သွားပါက တဖန် ပြန်ဆွတ်ပေးရသည်။ လိုသောအရောင်ရလျှင် နောက်တနေ့ နေပြပြီး သိမ်းထားသည်။

အညှာများ ဖြတ်ခြင်းနှင့် အဆင့်ခွဲခြင်း

အသီးအညှာများကို လက်ဖြင့် သို့မဟုတ် စက်ကရိယာဖြင့် ချွေဖြတ်ပစ်ရသည်။ ထို့နောက် အသီးကိုအရောင်ပေါ် မူတည်၍ အကြီး၊ အလတ်၊ အငယ်၊ အရွယ်အစား သုံးမျိုးခွဲသည်။ ထို့နောက် လင်ပန်းများပေါ်တင်၍ ကန့်ခိုး၊ ကန့်ငွေ့များ လွှတ်ပေးပြီးနောက် ထုပ်ပိုးပြီး နိုင်ငံခြားသို့ တင်ပို့သည်။

အထွက်နှုန်း

တဧကအသီး ခြောက်ပေါင် (၁၂၀)မှ (၂၅၀) အထိထွက်၍ ပျမ်းမျှ (၁၁၂)ပေါင်မှ (၁၆၈) ပေါင်ရနိုင်သည်။ ၄င်းအောက် အထွက်နှုန်းကျက မကောင်းချေ။ ရေ၊ မြေ ရာသီဥတုအဆင်ပြေ ပါကတဧက ပေါင်(၇၀၀)ထိ ထွက်နိုင်၏။ အရုံတရုံလျှင် ဖာလာခြောက် အနည်းဆုံး (၂.၃) ပေါင်ရနိုင်သည်။

အသုံးပြုနည်း

အစေ့ – ၁။ မီးယပ်ငုပ်ခြင်း၊ ထိန်ကျန်ခြင်းနှင့် မီးယပ်သွေးဆုံးရောဂါများအတွက် ဖော်စပ်သောသွေး ဆေးများတွင်လည်းကောင်း၊ ကျောက် ငန်း၊ ကျောက်ရူးရောဂါအတွက် ဖော်စပ်သော ကျောက်ဆေးများ တွင် လည်းကောင်း၊ အပူအပွင့်ဆေး၊ အစာကြေဆေးနှင့် လေဆေးများ ဖော်စပ်ရာတွင်လည်းကောင်း ဖာလာကို ထည့်သွင်းဖော်စပ်သုံးသည်။

၂။   ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းနာခြင်းစသော ရောဂါများအတွက် ဖာလာစေ့ကိုကြိတ် ပြီး ပျားရည်နှင့်ရော၍ လျှက်ပေးရသည်။

၃။ အစားအသောက်အနေနှင့် ဒန်ပေါက်ထမင်းချက်ရာ၌လည်းကောင်း၊ ဟင်းမွှေးမဆလာတွင်လည်း ကောင်း ထည့်သွင်း အသုံးပြုကြ သည်။

Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

 

 

The post ဖာလာကို ထုတ်လုပ်ရောင်းချရန်အတွက် ဆွတ်ခူးပြီးနောက်ပိုင်း ပြင်ဆင်ခြင်း appeared first on Myanmar Farmers' Portal.

⁠ရွှေဖရုံသီးကို ဘယ်လိုအချိန်မှာ ဆွတ်ခူးရင် အ⁠ကောင်းဆုံးလဲ။

$
0
0

ရွှေဖရုံသီး စိုက်ပြီး  အပင်သက် (၁၀၀ – ၁၂၀) ရက်ကြာလျှင် ဖရုံသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ခူးနိုင်သည်။

ရွှေဖရုံသီးများကို အကောင်းဆုံးရင့်မှည့်မှ ဆွတ်ခူးရန် လိုပါသည်။

အသီးအညှာ ၂ လက်မခန့်ပါအောင် ဆွတ်ခူးရသည်။ ရွှေဖရုံသီးကို အညှာဖြင့် ထားပါက  ပိုမိုကြာရှည်ထားနိုင်ပေသည်။

ရွှေဖရုံသီး တစ်ဧကလျှင် အလုံး (၁၅၀၀ – ၂၀၀၀) အထိ သီးနိုင်ပါသည်။

မျိုးစေ့ရရယူရန်အတွက်တော့ ရောဂါကင်းသော ရွှေဖရုံသီးကို ထက်ခြမ်းဓားဖြင့်ခွဲပြီး အတွင်းမှ အစေ့များကို ထုတ်ယူပါ။

ထို့နောက်အစေ့များကို ရေဆေးပြီး နေလှန်းရသည်။

သန့်ရှင်းခြောက်သွေ့သော အစေ့များကို လေလုံသောဘူး (သို့မဟုတ်) ပုလင်းတွင် ထည့်သွင်းသိုလှောင်နိုင်ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

 

The post ⁠ရွှေဖရုံသီးကို ဘယ်လိုအချိန်မှာ ဆွတ်ခူးရင် အ⁠ကောင်းဆုံးလဲ။ appeared first on Myanmar Farmers' Portal.


⁠ရေချို ⁠ရေငန်စပ် လယ်ေ⁠မြများအတွက် သင့်⁠လျော်⁠သောေ⁠နွစပါးစိုက်ပျိုးနည်းစနစ်များ

$
0
0

၁။ သင့်လျော်သော စပါးမျိုးရွေးချယ်ခြင်း

စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သော ဆားငန်ခံ သက်လျင်စပါးမျိုးသန့်များကို စိုက်ပျိုးပါ။ ဒေသအလိုက် ဆားငန်   ရေ၀င်ချိန်တွင် နွေစပါးရိတ်သိမ်းပြီးစီးရန်အတွက် သီးနှံပုံစံနှင့် သက်တမ်းကို ကြိုတင်စီမံ စိုက်ပျိုးပါ။
ဒီရေအတတ်အကျ ရေချို ရေငန်စပ်လယ်မြေများတွင် နွေစပါး စိုက်ပျိုးခြင်းအတွက် အသင့်တော်ဆုံးစပါးမျိုးများမှာ ပြည်မြန်မာစိန် ၁၀၀- ၁၂၀တင်း အထွက်နှုန်း၊ ရွှေအာဆီယံ ၈၀-၁၂၀တင်း အထွက်နှုန်း၊ အိုင်အာ ၁၀တီ ၁၀၈ ၉၀-၁၂၀တင်း အထွက်နှုန်း၊ အိုင်အာ ၁၀တီ ၁၀၉ ၉၀-၁၂၀တင်း အထွက်နှုန်း၊ အိုင်အာ ၁၀တီ ၁၁၁ ၈၀-၁၂၀တင်း အထွက်နှုန်း၊ စေလိုင်းနက် (စ်) ၁၁ ၁၀၀-၁၂၀တင်း အထွက်နှုန်း နှင့်   စေလိုင်းနက်(စ်) ၁၂ ၁၀၀-၁၂၀တင်း အထွက်နှုန်း တို့ဖြစ်ပါသည်။
၂။ ပျိုးဘောင်ပြင်ဆင်ခြင်း

  • ပျိုးခင်းနေရာအတွက်ဆားငန်ရေမ၀င်သောနေရာကို ရွေးပါ။သွင်းရေအတွက် ရေချိုအရင်းအမြစ်နှင့်နီးသော၊လမ်းမီးရောင်နှင့်ဝေး  သော ၊ ရောဂါနှင့် ပေါင်းမြက်တို့ကင်းစင်သော၊ မြေဆီသြဇာထက်သန်သော၊ မြေနေရာကိုရွေးချယ်ပါ။
  • အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ကို ပြာတီးသန့်စင်၍ ဆားရည်စိမ် ရွေးချယ်ပြီးမှ အသုံးပြုပါ။
  • မျိုးစေ့အား ၁ရက် ရေစိမ်ပြီးမှ ၁ရက် (သို့) ၂ရက် စာပါးစပ်ပြူချိန်အထိမျိုးအုပ်ပါ။ မျိုးစေ့မချမီ ၂-၃ ရက်အလိုတွင် ပျိုးဘောင်ပြင်ဆင်ပါ။
  • တစ်ဧကစိုက်ခင်းအတွက် မျိုးစေ့ ၁ တင်းခွဲနှင့် ပျိုးဘောင် ဧရိယာ ၀.၁၅ဧက (စိမ့်မြောင်း မြေဧရိယာမပါ) လိုအပ်ပါသည်။
  • မြေပြင်ချိန်တွင် ပျိုးခင်း ၀.၁၅ ဧကအတွက် မြေဆွေး (သို့) နွားချေးဆွေးလှည်းတစ်စီးခွဲ ညီညာစွာ ထည့်ပါ။ ၃ ပေခြားတိုင်း ၁ပေ (သို့) ၁ ပေခွဲ အကျယ် စိမ့်မြောင်း တစ်ကြောင်းဖော်ပါ။ ပျိုးဘောင်မြေမျက်နှာပြင်ကို ညီညာအောင်ညှိပါ။
  • ပျိုးဘောင်ဧရိယာ ၀.၁၅ ဧကအတွက် ၁၅ ပတ်လည် (N 15:P2O5: K2O 15) ကွန်ပေါင်းမြေသြဇာ ၂ပြည် နို့ဆီဘူး ၅ ဘူး ညီညာစွာထည့်ပါ။
  • အညှောင့်ဖောက်ထားသော မျိုးစေ့များအား ပျိုးဘောင်ပေါ်သို့ ညီညာစွာ (၃ပေ ပတ်လည် ပျိုးဘောင်ပေါ်တွင် မျိုးစေ့နို့ဆီဗူး၊ ၁ဘူး ခွဲနှုန်း)ကြဲပက်ပြီး မြေဆွေး/ နွားချေးဆွေး/ စပါးခွံဖွဲပြာ ခပ်ပါးပါးဖုံးအုပ်ပါ။
  • ပျိုးဘောင်ကို အမြဲစိုအောင် ရေထိန်းထားပါ။ ပျိုးကြဲပြီး ၂-၃ရက်မှစ၍ ပျိုးပင်သက်တမ်းတစ်လျှောက် အပင်မြင့်ပေါ် မူတည်၍   ရေ ခပ်ပါးပါးထား၍ ရေသွင်းရေထုတ်ပြုလုပ်ပါ။ ဆားငန်ရေ မဟုတ်သော ရေချိုသွင်းပေးရန် ဖြစ်ပါသည်။
  • လိုအပ်ပါက ပိုးမွှား၊ ရောဂါကို စနစ်တကျ ကာကွယ်နှိမ်နင်းပါ။
  • ပျိုးမနှုတ်မီ ၇-၁၀ရက်ခန့်အလိုတွင် ပျိုးဘောင်ဧရိယာ ၀.၁၅ဧကအတွက် ယူရီးယားဓာတ်မြေသြဇာ ၂ပြည် နို့ဆီဘူး ၂ဘူး နှင့် ဇီဖာ ၁.၅ ကီလိုဂရမ်ကိုရေဖျော်လောင်း (သို့) ကြဲပက်ကျွေးပါ။
  • ရွှေ့ပြောင်းမစိုက်မီ ပျိုးဘောင်ကို ပေါင်းကင်းစင်အောင်ဆောင်ရွက်ပါ။
  • ပျိုးနှုတ်ခါနီးအချိန်တွင် ရေသွင်းပေးခြင်းဖြင့် ပျိုးနှုတ်ရလွယ်ကူစေပြီး ပျိုးပင်များဒဏ်ရာရမှု သက်သာစေပါသည်။
  • ပျိုးနှုတ်ရာတွင် အမြစ်များမပြတ်ရန် သတိထားရမည်။ ဒဏ်ရာရသော အမြစ်များမှ တစ်ဆင့်စပါးပင်အတွင်းသို့ဆားရည် အလွယ် တကူ စုပ်ယူဝင်ရောက်နိုင်သောကြောင့် ဖြစ်ပါသည်။

၃။ စိုက်ခင်းမြေပြင်ခြင်း

  • ထယ်အနက် (၆” – ၈” ) ခန့်ထား၍ ရိုးပြတ်များနှင့် သီးနှံ အကြွင်းအကျန်များကို မြေမြှပ်ပါ။
  • ထယ်ထိုးပြီး တစ်ပတ်အကြာတွင် ထွန် ၂စပ်မွှေပါ။
  • ပထမအကြိမ်ထွန်မွှေပြီး တစ်ပတ်ခန့်ကြာတွင် ဒုတိယအကြိမ်ထွန် ၂စပ် မွှေပါ။
  • ဒုတိယအကြိမ်ထွန်မွှေပြီး တစ်ပတ်ခန့် (သို့) ပြောင်းရွှေ့မစိုက်မီ ၁ရက် အလိုတွင် နောက်ဆုံးအကြိမ်ထွန် ၂စပ် မွှေပါ။
  • နောက်ဆုံးထွန် ၂ စပ်၏ ကြားတွင် မြေခံမြေသြဇာကို ညီညာစွာ ကြဲပက်ပါ။
  • ကြမ်းတုံးရိုက်၍ မြေကို ညီညာအောင် ညှိပါ။

၎။ စိုက်စနစ်

(က) ရွှေ့ပြောင်းစိုက်ပျိုးခြင်း

  • သက်လတ်စပါးမျိုးများအတွက် ပျိုးသက် ၃၀ရက်သား၊ ရေငန်ဒဏ်ခံနိုင်ရန် ၂၅-၃၀ ရက်သားပျိုးပင်များ အသုံးပြုပါ။
  • ပျိုးနှုတ်ပြီး တစ်ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးပါ။
  • ကောက်ကွက် ၁ကွက်လျှင် ပျိုးပင်လက်ဆ ၂-၃ ပင်သုံး၍ သမန်းအတွင်းသို့ ၁-၁.၅လက်မထက်ပိုမနက်စေပဲ စိုက်ပျိုးပါ။
  • ပင်ပွားအထွက်နည်းခြင်းမှကာကွယ်မိစေရန် တန်းကြားပင်ကြားကို ၆လက်မ x ၆ လက်မ (သို့မဟုတ်) ၈ လက်မ x ၆ လက်မ ထား၍ အတန်းလိုက် စိုက်ပါ။
  • စိုက်ပြီး တစ်ပတ်အတွင်း ကောက်ပင်ဖာပါ။

(ခ) အစိုသမန်းပြင်တွင် တိုက်ရိုက်အစေ့ချခြင်း

  • တစ်ဧကမျိုးစေ့နှုန်း ၂တင်းမှ ၂တင်းခွဲနှုန်း အသုံးပြုပါ။
  • မျိုးစေ့အား ၁ရက် ရေစိမ်ပြီးမှ ၁ရက် (သို့) ၂ရက်၊ စာပါးစပ်ပြူချိန်အထိ မျိုးအုပ်ပါ။
  • ကြဲပက်စိုက်ပျိုးရာတွင် သမန်းကောင်းအောင်ပြုပြင်ပြီး ရေထုတ်ပြီးစ (သို့) ရေစပ်စပ်အခြေအနေတွင် ကြဲပက်ပါ။
  • စပါးပန်းပွင့်ချိန်၊ အနှံတည်ချိန်နှင့် ဆားငန်တက်ချိန်၊ လွတ်အောင်ချိန်ကိုက်စိုက်ပျိုးပါ။
  • မျိုးစေ့ချကိရိယာအသုံးပြုရာတွင် သမန်းပြင်ညီညာအောင်ပြုလုပ်ပါ။ သင့်လျော်သော မျိုးစေ့နှုန်းထားရရှိရန် မျိုးစေ့ချ ကိရိယာအား ချိန်ညှိ စိုက်ပျိုးပါ။

၅။ မြေသြဇာကျွေးခြင်း

  • သီးနှံအကြွင်းအကျန်များ၊ ကောက်ရိုး၊ ပဲရိုး၊ စပါးခွံများနှင့် နွားချေးကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် အသုံးပြုပါ။
  • သွပ်ဓာတ် (ဇင့်) ချို့တဲ့ပါက ဇီဖာကို တစ်ဧကလျှင် ၄-၆ ကီလိုဂရမ်အသုံးပြုပါ။
အသုံးပြုရမည့်အချိန် တစ်ဧကအတွက် မြေသြဇာနှုန်းထား
မြေပြင်ချိန် ပိုတက်ရှ် ၁/၄ အိတ် မှ ၁/၂ အိတ် (၁၂.၅ မှ ၂၅ကီလို)

ရွှေ့ပြောင်းစိုက်ပြီး၇-၁၄ ရက် (သို့) တိုက်ရိုက်အစေ့ချပြီး ၂၀-၂၅ ရက်အတွင်း

ယူရီးယား ၁/၂ အိတ် (၂၅ ကီလို)
အပင်ပွားစည်းချိန် ယူရီးယား ၁/၂ အိတ် (၂၅ ကီလို)
မှို့ကပ်ချိန် ယူရီးယား ၁/၂ အိတ် (၂၅ ကီလို)

ပိုတက်ရှ် ၁/၄ အိတ် (၁၂.၅ ကီလို)

 

၆။ ရေသွင်းရေထုတ် ပြုလုပ်ခြင်း

  • တာရိုး၊ တမံနှင့် ရေသွင်းရေထုတ်ရေတံခါးများကို လယ်တစ်ကွင်း တစ်စပ်အတွင်းရှိ တောင်သူများအားလုံး ပူးပေါင်းပြုလုပ်၊  ပြင် ဆင်မွန်းမံပါ။
  •  ရေငန်ထား၍ ရေချိုသိုလှောင်ရန်အတွက် ရေတံခါး အပိတ်၊ အဖွင့်လုပ်ငန်းများကို တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ပါ။
  •  ရေသွင်း ရေထုတ်လွယ်ကူစေရန် လယ်ကြားမြောင်းများပြုလုပ်ပါ။
  • စိုက်ကွင်းရှိရေသွင်းရေထုတ်ကို လိုအပ်သလိုဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို  ညီအောင်ညှိပါ။
  • ကန်သင်းများကိုခိုင်ခန့်အောင်ပြုလုပ်ပြီး ကြွက်တွင်းများမရှိစေရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။
  •  ချောင်း၊ မြောင်းတို့မှ အသုံးပြုမည်ဆိုပါက ဒီရေကျချိန်တွင် ရေသွင်းပါ။
  • စိုက်ကွင်းအတွင်း ရေသွင်းပေါက်မှ ရေချိုသွင်း၍ ရေထုတ်ပေါက်မှ ဆားရေကို ထုတ်ပစ်ပါ။
  • စိုတစ်ခါ ခြောက်တစ်လှည့် ရေပေးစနစ်ကို ပင်ပွားအများဆုံးထွက်ချိန်တွင် ကျင့်သုံးပါ။ မရိတ်မီ ၂ပတ်အလိုတွင် ရေဖောက်ထုတ် ပါ။

၇။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း

  •  မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းနှိမ်နင်းပါ။  ပထမအကြိမ်ထယ်ထိုးထွန်ယက်ပြီးနောက် ပေါင်းပင်ငယ်များ ပေါက်ကာစတွင် ဒုတိယအကြိမ်ထယ်ထိုးထွန်မွှေခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းပါ။
  •  ရွှေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။
  • စပါးပင်သက်တမ်းအစောပိုင်းတွင် စိုက်ကွင်းအတွင်း ရေထားရှိခြင်းနှင့်ကောက်ကွက်စိပ်စိပ်စိုက်ခြင်းသည် ပေါင်းပင်ကျရောက်မှု    ကို သက်သာစေပါသည်။
  • အတန်းလိုက်စိုက်ပါက ရေထုတ်ပြီး သမန်းနိုးကိရိယာဖြင့် ကြားပေါင်းလိုက်ပါ။
  •  ပေါင်းနှိမ်နင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀-၄၅ ရက် မတိုင်မီ အပြီးဆောင်ရွက်ပါ။
  • တိုက်ရိုက်အစေ့ချစနစ်ကို အသုံးပြုပြီး ပေါင်းမြက်ဆိုးရွားစွာ ကျရောက်လေ့ရှိပါက ကျရောက်သော ပေါင်းသတ်ဆေး ကို ဆေးညွှန်း တွင် ပါဝင်သော ညွှန်ကြားချက်များနှင့်  ထောက်ခံနှုန်းထားအတိုင်း စနစ်တကျ အသုံးပြုပါ။
  • ဥပမာ အဓိကကျရောက်သော ပေါင်းအမျိုးအစားသည် မြက်နှင့် မြက်မုန်ညင်းမျိုးရင်းများဖြစ်ပါက အောက်ဖော်ပြပါ ပေါင်းသတ်   ဆေးတို့ကို အသုံးပြုနိုင်ပါသည်။

– ပေါင်းပင်မပေါက်မီအသုံးပြုရသော ပေါင်းသက်ဆေးမှPretilachlor+safener ဖြစ်ပြီးစပါးစိုက်ပြီးသုံးရက်အကြာတွင်အသုံး ပြုရမည်။

-ပေါင်ပင်ပေါက်ပြီး အသုံးပြုသော ပေါင်းသတ်ဆေး Fenoxaprop + Ethoxy Sulfuron ဖြစ်ပြီး စပါးစိုက်ပြီး ၁၀-၂၀ ရက် အကြာ တွင် အသုံးပြုရမည်။

-ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေး  Bispyribic –sodium ဖြစ်ပြီး စပါးစိုက်ပြီး ၁၄-၂၂ ရက်အကြာတွင် အသုံးပြု ရမည်။

၈။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

  • ပိုးမွှားရောဂါ ကျရောက်မှုရှိ၊ မရှိကို အမြဲမပြတ် ကွင်းဆင်း၊ ကင်းထောက်၊ စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။
  • စပါးပင်ဖြစ်ထွန်းမှုအစောပိုင်းကာလ (၃၀-၄၀)ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ပျက်စီးမှုဖြစ်ပေါ်ပါက စပါးပင်မှ အစားထိုးပြန်လည်ရှင်သန်နိုင်ပါသည်။
  • ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင်များနှင့် ပင်ကြွင်း၊ ပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။
  •  ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်

(က) ပတ်ဝန်းကျင် သီးနှံခင်းများနှင့် စိုက်ချိန်/ ရိတ်ချိန် ညီအောင် ဆောင်ရွက်ပါ။

(ခ) စိုက်ခင်းနှင့် ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်ကင်းစင်အောင် ရှင်းလင်းပါ။

(ဂ) ကြွက်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို သားမပေါက်ခင် အချိန်တွင် တစ်ကြိမ် သီးနှံမပေါ်ခင်တွင်တစ်ကြိမ် မဖြစ်မနေဆောင် ရွက်သင့်ပါသည်။

(ဃ) ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကျင်းများ တူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအားလူအင်အားဖြင့် ခြောက်လှန့်ဖမ်းဆီးခြင်း၊ ကြွက်ကာပစ္စည်းများအသုံးပြုခြင်း၊ ထောင်ခြောက်သီးနှံဖြင့် ကြွက်ကာကွယ်နှိမ်နင်းခြင်း၊ ကြွက်တို့၏သားရဲကောင်များမွေးမြူခြင်း၊ ကြွက် မုဆိုးများ၏အကူအညီအရ ကြွက်ဖမ်းခြင်း၊ ကြွက်ဆေးချခြင်းလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်း   ဆောင်ရွက်သင့်ပါသည်။

၉။ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန်နည်းစနစ်များ

  •  မောင်းညိုချိန် (စပါးအနှံ၏ ၈၀-၈၅ % ရင့်မှည့်ချိန်)တွင် ရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ပါ။
  • ၂-၃ ရက်နေဖြင့် အခြောက်လှန်းပါ။ လိုအပ်ပါက အခြောက်ခံ ကိရိယာ အသုံးပြုပြီး အပူချိန်ကို ၄၃ ဒီဂရီ စင်တီဂရိတ် ခန့်ထား၍ အခြောက်ခံပါ။
  • ကွန်ကရစ်တလင်း (သို့) မိုးကာခင်းတွင် နေလှန်းပါက အထူ ၂ လက်မထက်မပိုပဲ ခပ်ပါးပါးလှန်းပါ။ ခြောက်သွေ့မှု ညီညာစေရန် နာရီဝက်ခြားတစ်ကြိမ် အထက်အောက်လှန်ပေးပါ။
  •  မြင့်မားသော အပူချိန် (၅၄.၄ ဒီဂရီစင်တီဂရိတ်နှင့် အထက်) တွင်အခြောက်မခံသင့်ပါ။
  •  စပါးစေ့အစိုဓါတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိတ်ခွဲစားသုံးမည့် စပါးအတွက် ၁၄% ထား၇ှိရန် လိုအပ်ပါသည်။
  • မျိုးစေ့များကို သန့်စင်ပြီး လေလုံစွာ ပိတ်ထားနိုင်သော ပုံး၊ ပေပါ၊ အိတ် စသည်ပစ္စည်းများ (ဥပမာ ဟာမက်တစ်အိတ်) ထဲသို့ ထည့်သွင်းပါ။
  • ထို့နောက် လေ၀င်လေထွက်ကောင်းပြီး ပိုးမွှား၊ ကြွက်၊ ငှက် တို့မှ ကာကွယ်ထားသော သိုလှောင်ရုံအတွင်း စနစ်တကျသိုလှောင် ပါ။
  • စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သော စပါးစေ့များကို  ချက်ချင်းသန့်စင်ဖယ်ရှားပါ။
  • သိုလှောင်ရုံကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။

စိုက်ပျိုးရေးဦးစီးဌာန

The post ⁠ရေချို ⁠ရေငန်စပ် လယ်ေ⁠မြများအတွက် သင့်⁠လျော်⁠သောေ⁠နွစပါးစိုက်ပျိုးနည်းစနစ်များ appeared first on Myanmar Farmers' Portal.

စမုန်စပါး စိုက်ပျိုးနည်း

$
0
0

မြန်မာအမည် – စမုန်စပါး

အင်္ဂလိပ်အမည်          – FENNEL FRUIT

ရုက္ခဗေဒအမည်         – FOENICULUM VULGARE GAERTN

မျိုးရင်း                    – UMBELLIFERAE

မူရင်းဒေသ       

မြေထဲပင်လယ်သည် စမုန်စပါး၏  မူရင်းဒေသဖြစ်သည်။ ယခုအခါ ပူနွေးသော တိုင်းပြည်များ၌ပါ စိုက်ပျိုးလျက်ရှိသည်။

ပုံသဏ္ဍာန်

အပင်ငယ်မျိုးဖြစ်၍ အမြင့် (၃) ပေခန့်ထိရှိသည်။ ပင်လုံးသေး၍အခေါင်းပါသည်။ ရိုးတံမှအကိုင်း အခက်ကလေးများ ထွက်၏။ မွှေးကြိုင်သော အနံ့ရှိသည်။ အပွင့်သေးငယ်၍ အ၀ါရောင်ရှိသည်။ အနှံကလေးများ သဘွယ် အသီးလေးများ စုပြုံသီးကြသည်။ အစေ့အစိမ်းရောင်ရှိပြီး ကြာသော် ၀ါသွား၏။ မွှေးကြိုင်သော အနံ့ရှိ၏။

စိုက်ပျိုးသည့်ဒေသ

အပူပိုင်း ဒေသတွင်သာမက ၊ အအေးပိုင်းဒေသများတွင်ပါ စိုက်ပျိုးကြသည်။ အပူပိုင်းဒေသတွင် သက်တန်း (၄ ၁/၂) လခန့်နှင့် မျိုးစေ့များ ဆွတ်ခူးရရှိပြီး အပင်များကို နုတ်ပယ် ပစ်ရ၏။

အအေးပိုင်းဒေသတွင် ပေ (၆၀၀၀) ထိ ပေါင်ရောက်ကြီးထွားပြီး သက်တန်း (၃) နှစ်ကျော် (၄) နှစ်ထိ သီးပွင့်၏။

ဂျာမနီ၊ ဟော်လန်၊ သြစတြီးယား၊ ဟန်ဂေရီ၊ ဘူဂေးရီးယား၊ ရူမေးနီးယား၊ ရုရှား၊ ပြင်သစ်ပြည်တောင်ပိုင်း၊ အီတလီ နှင့် အမေရိကန်ပြည် တွင် စိုက်ပျိုးကြ၍ မြန်မာနိုင်ငံ၌ အပူပိုင်းဒေသတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြသည်။

စိုက်ပျိုးသင့်သည့် ရာသီဥတု

ရာသီဥတု မရွေးသော အပင်မျိုးဖြစ်သည်။ အပူပိုင်းမှ အအေးပိုင်းအထိ စိုက်ပျိုးဖြစ်ထွန်းသည်။

စိုက်ပျိုးသည့် မြေအမျိုးအစား

မည်သည့်မြေတွင်မဆို စိုက်ပျိုးနိုင်သော်လည်း အပေါ်ယံလွှာသဲနုံးမြေဖြစ်ပြီး အောက်မှအမာခံမြေသားမျိုးတွင် စိုက်ပျိုးနိုင်သည်။

စိုက်ပျိုးချိန်

ဆောင်းရာသီ သီးနှံဖြစ်၍ အပူပိုင်းဒေသတွင် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း စိုက်ပျိုးရမည်။ တောင်ပေါ်ဒေသ အအေးပိုင်းတွင် မိုးဦးသီးနှံအဖြစ် စိုက်ပျိုးရ၏။

မြေပြုပြင်နည်း

မြေအခြေအနေပေါ်မူတည်၍ ပြုပြင်ရန်လိုသည်။ များသောအားဖြင့် တယ် (၂)စပ် နှင့် ထွန် (၃) စပ် ထွန်ယက်ပေးရသည်။ ပေါင်းမြက်များကို ရှင်းလင်းဖယ်ရှားပြီး လိုအပ်သောမြေသြဇာ၊ မြေဆွေးများကြဲပက်ပေးကာ ထွန်ဖြင့်ကောင်းစွာမွှေပေးပြီး ကြမ်းတုံးဖြင့်မြေညှိပေးရ၏။

စိုက်ပျိုးနည်း

စမုန်စပါးပင်များကို တပင်နှင့်တပင် (၂)ပေကွာ လေးကွက်ကြားစိုက်ပျိုးရ၏။ စိုက်ပျိုးရာ၌ ထွန်သွားကို (၂)ပေခြားပြီး လေးကွက်ကြား ကြောင်းဆွဲ၍ ၄င်းတို့ဆုံသော နေရာများတွင် မျိုးစေ့ (၄) စေ့ခန့်ထည့်ပြီး ကြမ်းတုံးဖြင့် မြေညှိပေးရ၏။

မြေသြဇာကျွေးခြင်း

တဧကလျှင် အမိုနီယမ်းဖော့စဖိတ် ခေါ် သာကူစေ့ဓာတ်မြေသြဇာ (၃၀)ပိဿာ (၅၀) ပိဿာအထိ မြေအခြေအနေကိုကြည့်ပြီး ထည့်ပေးရန် လိုသည်။ သာကူစေ့ ဓာတ်မြေသြဇာမထည့်နိုင်ပါက နွားချေးမြေဆွေးကို တဧကလျှင် တင်း(၁၀၀) မှ (၂၀၀) ထိမြေအခြေအနေကို ကြည့်ထည့်ပေးရ၏။ မြေဆီထက်သန်လွန်းပါက အသီးနည်းတတ်သဖြင့် မြေအခြေအနေကို ကြည့်ပြီး မြေသြဇာ ချင့်ချိန်၍ ထည့်ပေးရမည်။

တဧကမျိုးစေ့

တဧကလျှင် စမုန်စပါး မျိုးစေ့ (၂)ပြည်ခန့်လိုသည်။

ရေသွင်းနည်း

မျိုးစေ့ချပြီးနောက် မိုးလုံလောက်စွာ မရွာသွန်းပါက ၊ ရေတကြိမ်သွင်းပေးရန်လိုသည်။ သက်တန်း (၄ ၁/၂) လအတွင်း မြေအခြေအနေကို ကြည့်၍ ရေ (၄) ကြိမ်ခန့် သွင်းပေးရ၏။ ရေသွင်းပြီးနောက် မြေကြပ်နေပါက မြေဆွပေးရမည်။

အပင်ပြုစုနည်း

စမုန်စပါးသည် စိုက်ပြီး (၂)လ အတွင်း အပင်ပေါက်ကလေးများအား ပေါင်းများ အလွယ်တကူ ဖုံးလွှမ်းနိုင်သဖြင့် အချိန်မှီ ကြားပေါင်းထွန်လိုက်ခြင်း၊ ပင်ခြေတွင် ပေါင်းရှင်းပေးခြင်းများဆောင်ရွက်ရန် အရေးကြီးသည်။ နောက်ပိုင်း အခြေအနေကြည့်၍ အခါအားလျော်စွာ ပေါင်းရှင်း မြေဆွခြင်းပြုရမည်။

အသုံးပြုနည်း

အစေ့  –        (၁) အနောက်နိုင်ငံများတွင် စမုန်စပါး စေ့ကို ပေါင်မုန့်၊ ကိတ်မုန့်များတွင်လည်းကောင်း၊ ဟင်းခတ် အမွှေးအကြိုင် အဖြစ်လည်းကောင်း အသုံးပြု၏။

(၂) အဖျော် ယမကာတွင် ထည့်၍ သောက်သုံးခြင်းဖြင့် ၀ သူကို ပိန်စေရန်အတွက် သုံး၏။

(၃) မှိုစားမိ၍ အဆိပ်ဖြစ်သော် ဖြေဆေးအဖြစ်သုံး၏။

(၄) အရက်ချက်ရာတွင် အနံ့ကောင်းမွန်စေရန် ထည့်သွင်း အသုံးပြု၏။

(၅) ကလေးများ အတွက် အစာကြေ ဆေးများဖော်စပ်ရာတွင်လည်းကောင်း၊ အဆီထုတ်၍ လေဆေးအဖြစ်လည်းကောင်း အသုံးပြုကြသည်။

(၆) စမုန်စပါးကို စားသုံးခြင်းဖြင့် သလိပ်၊ လေကိုပယ်၍ ချောင်းဆိုးခြင်း၊ အန်ခြင်းတို့ကို ပျောက်ကင်းစေနိုင်၏။

(၇) အဖျားကြီး၊ အပူကြီးသော် စမုန်စပါးကို ညဦးကစိမ်၍ နံနက်တွင် တိုက်ပေးခြင်းဖြင့် အပူရှိန်လျော့၍ အဖျားကျသွားမည်။

(၈) ကလေးများ အစာမကြေရောဂါအတွက် စမုန်စပါးကို ရေနွေးဖျော၍ တိုက်သော် အစာမကြေ၀မ်းဗိုက်ရောင်ရောဂါ ပျောက်၏။

Source – စိုက်ပျိုးရေးဦးစီးဌာန

 

The post စမုန်စပါး စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

အရည်အ⁠သွေး⁠ကောင်း⁠ပြီး ၀င်⁠ငွေပိုရသည့်သရက်သီးအိတ်စွပ်⁠ခြင်းလုပ်ငန်း

$
0
0

TEXT_HERE
အိတ်စွပ်ခြင်း၏ ရည်ရွယ်ချက်

  • သရက်သီးတွင် အနာအဆာ၊ အပွန်းအပဲ့ကင်းစေရန်။
  • သီးထိုးယင်နှင့် ပိုးမွှားရောဂါကာကွယ်ရန်။
  • ရောင်းပန်းလှစေရန်
  • နေလောင်ဒဏ်ကာကွယ်ရန်။
  • လေလွင့်ဆုံးရှုံးမှု သက်သာစေရန်။

သရက်သီးမှာ ကျသည့် အဓိကပိုးနှင့် ရောဂါများ

  • အစေ့ထိုးပိုး (Seed Weevil)
  • အသားထိုးပိုး (Pulp Weevil)
  • သီးထိုးယင် (Fruit Fly)
  • အကြေးပိုး (Scale Insect)
  • မှဲ့ပျောက်စွန်းရောဂါ (Anthracnose)
  • ကြပ်ခိုးမှိုရောဂါ (Sooty Mold)
  • ကြေးဖတ်ရောဂါ (Scab)

အစေ့ထိုးပိုး၊ အသားထိုးပိုးများကို နိုင်ငံတကာတွင် Quarantine Dangerous Pests အဖြစ် သတ်မှတ်သဖြင့် ကူးစက်မှုမဖြစ်စေရန် အလေးထားစစ်ဆေးလေ့ရှိသည်။

အိတ်စွပ်လျှင် စဉ်းစားရမည့်အချက်များ

သရက်သီးအိတ်မစွပ်မီ မိမိသရက်ခင်းအား ပိုးမွှားရောဂါ ကျ/မကျကို ဦးစွာစစ်ဆေးပါ။ ပိုးမွှားရောဂါ ကျရောက်မှုတွေ့ပါက ပိုးသတ်ဆေး၊ မှိုသတ်ဆေး ပက်ဖျန်းပြီးမှ အိတ်စွပ်ပါ။ ဆေးဖျန်းပြီး  (၃) ရက် ကြာပြီးမှ အိတ်စွပ်ပါ။ ပိုးကျမှု၊ ရောဂါကျမှုမတွေ့ရပါက တိုက်ရိုက်အိတ်စွပ်ပါ။

မိမိမှာရှိသော လူအင်အား၊ လူတစ်ဦးတစ်နေပပြီးနိုင်သည့် အိတ်ဦးရေ ခန့်မှန်း ပြီး မိမိသရက်ခြံကို ပိုင်းခြားဆေးဖျန်းပါ။ ဆေးဖျန်ပြီး (၃) ရက်မှ (၅) ရက်အတွင်း အိတ်စွပ်ပါ။

အိတ်စွပ်သင့်သည့် သရက်သီးအရွယ်

သရက်သီးမှာ ပန်းပွင့်ပြီး ရက်ပေါင်း (၅၅-၆၀) ရက် (ကြက်ဥအရွယ်) ရှိသည့် သရက်သီးကို ရွေးပြီးအိတ်စွပ်ပါ။ အိတ်မစွပ်မီ သရက်သီး တွင်ရောဂါ၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ ကြည့်ရှုပြီးမှ ရောဂါပိုးမွှား ကင်းစင်သည့်အသီးကို အိတ်စွပ်ပါ။

အိတ်ပေါ်မှာ ရက်စွဲရေးထားလျှင် ခူးရမည့်ရက်ကို ခန့်မှန်းနိုင်သည်။ သရက်မျိုးကို လိုက၇်ပြီး ခူးရမည့်ရက် ကွာခြားနိုင်သည်။

အိတ်အမျိုးအစားများ

အိတ် (၄) မျိုး တွေ့ရှိရသည်။

(၁)          သတင်းစာစက္ကူဖြင့် လုပ်သောအိတ်

(၂)          သတင်းဂျာနယ်စက္ကူဖြင့်လုပ်သောအိတ်

(၃)          မူဆယ် (၁၀၅) မိုင်တွင် ထုတ်သောအိတ်

(၄)          ထိုင်းနိုင်ငံ ထုတ်သောအိတ် (FAO မှပေးသည်။)

FAO မှပေးသည့်အိတ်သည် (၂) ထပ်အိတ်ဖြစ်သည်။ အပြင် အညို၊ အတွင်းအမည်း စက္ကူတစ်ထပ်နှင့် အတွင်းတွင် အမည်းရောင် စက္ကူ တစ်ထပ် တပ်ထားသောအိတ်ဖြစ်သည်။

မူဆယ် (၁၀၅) မိုင်မှ ထုတ်သည့်အိတ်သည်အပြင် အညို၊ အတွင်း အမည်းရောင်ရှိသော တစ်ထပ်အိတ် ဖြစ်သည်။

ယခင်နှစ်အတွေ့အကြုံအရ FAO မှပေးသည့် အိတ်ဖြင့် စွပ်သောသရက်သီးသည် အရောင်အသွေး၊ နှင့်အသီးခွံ ချောမွေ့ခြင်းတွင် အကောင်းဆုံးဖြစ်သည်။

FAO မှပေးသည့် အိတ်စွပ်သည့် စိန်တလုံးသရက်သီးမှာ အနံ့မမွှေးဟု အချို့းမှ ပြောကြသည်။ အသီးမှည့်လျှင် အနံ့မွှေးသည်ကို တွေ့ရပါ သည်။

ပန်းစွဲသရက်များကို အိတ်စွပ်လျှင် ပန်းပြန်စွဲစေရန် အသီးခူးမည့်ရက်ထက် (၁၂) ရက်စော၍ အိတ်ဖြုတ်ထား ပါက အချို့သရက်မျိုးများ ပန်းစွဲကြောင်း တွေ့ရပါသည်။

အိတ်စွပ်ခြင်း၏ အားသားချက်

  • အစေ့ထိုးပိုး၊ အသားထိုးပိုး၊ သီးထိုးယင်ကျရောက်မှုကို ကာကွယ်နိုင်သည်။
  • အနာအတာ အပွန်းအပဲ့ကင်းသည်။
  • အရောင်အသွေးတောက်ပပြီး အသီး၏ အရေခွံပြောင်ချောနေ၍ ရောင်ပန်းလှစေပြီး ဈေးပိုရစေသည်။
  • ပိုးသတ်ဆေး၊ မှိုသတ်ဆေးများလျော့သုံးရ၍ စရိတ်သက်သာသည်။
  • ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်နည်းသဖြင့် စားသုံးသူအတွက် အန္တရာယ်ကင်းသည်။
  • လေပြင်းဒဏ်၊ မိုးဒဏ်ပိုခံနိုင်ပြီး နေလောင်သက်သာသည်။
  • အသီးအလေအလွင့် ဆုံးရှုံးမှုသက်သာသဖြင့် ၀င်ငွေပိုရသည်။

အိတ်စွပ်ခြင်း အားနည်းချက်

  • အိတ်ဖိုးငွေ အကုန်အကျပိုများလာသည်။
  • လူအင်အားသုံးစွဲ၍ အိတ်စွပ်ရသဖြင့် လူအင်အား လိုအပ်ချက်ရှိသည်။ စရိတ်ပိုကုန်သည်။
  • ပန်းပွင့်ရက် မမှတ်သားသူတို့အတွက် အသီးခူးရက် အလွယ်တကူ မသိနိုင်ပါ။
  • အိတ်အတွင်း ပိုးမွှားရောဂါကျရောက်မှုကို ရုတ်တရတ် မမြင်နိုင်ပါ။

The post အရည်အ⁠သွေး⁠ကောင်း⁠ပြီး ၀င်⁠ငွေပိုရသည့်သရက်သီးအိတ်စွပ်⁠ခြင်းလုပ်ငန်း appeared first on Myanmar Farmers' Portal.

ခ၀ဲသီး စိုက်ပျိုးနည်း

$
0
0

မူရင်းဒေသ

ခ၀ဲပင်၏ မူရင်းဒေသမှာ အာရှနှင့် အာဖရိက ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြသည်။

မျိုးများ

မြန်မာနိုင်ငံ၌ ခ၀ဲ ၂ မျိုးရှိသည်။ တစ်မျိုးမှာ အပုမျိုးဖြစ်ပြီး ၅-၆ လက်မခန့်ရှည်သည်။ အမြီးပိုင်းက တုတ်ပြီး အဖျားပိုင်းသို့ရှူးသွားသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍ တစ်ဖြောင့်တည်းသေးသွယ်သည်။

စိုက်ပျိုးခြင်း

ခ၀ဲစေ့ကို တိုက်ရိုက်မြေချစိုက်ပျိုးရသည်။ ဘောင်တင်ပြီး စိုက်ပျိုးရသည်။ အစေ့များကို ဘောင်ပေါ်တွင် ၁ပေခြားပြီး တစ်တန်းနှင့် တစ်တန်း လည်း ၁ပေခြား၍ ထားရသည်။ ဘောင်သည် ၃ပေ ကျယ်ပြီး ၅ လက်မခန့်မြင့်ရသည်။ ခ၀ဲပင်ကို မေ၊ ဇွန်တို့တွင် ဖြစ်စေ၊ အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် ဖြစ်စေ စိုက်ပျိုးကြသည်။

သဘာဝမြေဆွေးကို မစိုက်ပျိုးမီ  ထည့်ပေးရသည်။ ဓာတ်မြေသြဇာကို လိုအပ်မှသာ စိုက်တန်းမှ ထည့်ပေးရသည်။ မြေဆီလွှာ အစို ဓာတ်အမြဲရရှိရန် လိုအပ်သည်။ လိုအပ်၍ ရေသွင်းရလျှင် တစ်ဘောင်ခြားရေသွင်းရသည်။ သွင်းရေသည် မြောင်းအနက်၏ ၂/၃ သာ ရေပြည့်အောင် သွင်းရသည်။ ဘောင်ပေါ် ရေလျှံမတက်ရချေ။

ရိတ်သိမ်းခြင်း

အပင်သက်တမ်း ၇၅ – ၈၀ ရက်ရှိသောအခါ အသီးကို ဆွတ်ခူးနိုင်သည်။ ရင့်သည်ထိထားပြီး ဆွတ်ခူးလျှင် အမျှင်များ ပါပြီး စား၍ မကောင်း တော့ချေ။ တစ်ဧကလျှင် အသီးလုံးရေ ၁၀,၀၀၀  – ၂၀,၀၀၀ အထိ ရနိုင်သည်။ ခ၀ဲသီးသည် တာရှည် အထားမခံချေ။

Source – စိုက်ပျိုးရေးဦးစီးဌာန

 

The post ခ၀ဲသီး စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

ပရုတ်ပင် စိုက်ပျိုးနည်း

$
0
0

မြန်မာအမည်    – ပရုတ်ပင်

အင်္ဂလိပ်အမည်           –         CAMPHOR

ရုက္ခဗေဒအမည်          –         CINNAMOMUM CAMPHORA NEES

မျိုးရင်း                     –         LAURACEAE

မုရင်းဒေသ     

ပရုတ်၏ မူရင်းဒေသမှာ ဖော်မိုဆာ၊ ဂျပန် နှင့် တရုတ်ပြည်တောင်ပိုင်းတို့ ဖြစ်သည်ဟု ယူဆရသည်။

ပုံသဏ္ဍာန်

အပင်ကြီးဖြစ်၍ သဘာဝအလျောက်အလေ့ကျပေါက်ရောက်သော အပင်များသည် ပေ (၃၀) မှ (၄၀) အထိမြင့်၏။ အကိုင်းအခက်များစွာ ဖြာထွက်လေ့ရှိသည်။ ဖော်မိုဆာကျွန်းနှင့် ဂျပန်တို့၌ အပင်အမြင့် (၅၀) ပေအထက် ရှိ၍ လုံးပတ် (၃) ပေမှ (၄) ပေအထိရှိသည်။ အရွက်မှာ ရွက်လွှဲထွက်ပြီး ရွက်ရင်းသွယ်၍ ရွက်ထိပ်ချွန်သည်။ စက္ကူပန်းအရွယ်ခန့်ရှိသည်။ အပွင့်သေးငယ်၍ အခိုင်လိုက်ပွင့်သည်။ အသီးမှာ စားတော်ပဲခန့်ရှိသည်။ ပရုတ်နံ့ မွှေးသည်။ ရင့်မှည့်ပါက အမည်းရောင်ရှိသည်။

မှတ်ချက် ။       ။ စိုက်ပျိုးသည့် အပင်များသည် (၆ – ၈) ပေထက် ပိုမမြင့်စေရန် အကိုင်းနှင့် အရွက်များကို မှန်မှန်ဖြတ်ယူရ၏။

စိုက်ပျိုးပေါက်ရောက်သည့် ဒေသ

ဖော်မိုဆာကျွန်း၊ တရုတ်ပြည်၊ ဂျပန်ပြည်၊ မြန်မာပြည်

မြေအမျိုးအစား

မြေအမျိုးအစားများစွာ၌ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ရှမ်းပြည်နယ်၌ အလေ့ကျ ပေါများစွာပေါက်ရောက်သည်။ သီဟိုဠ်၌ မြေမျက်နှာပြင် အမြင့်ပေ (၆၀၀၀) ထိ စိုက်ပျိုး ဖြစ်ထွန်းသည်။

ရာသီဥတု

သမပိုင်းရာသီဥတုကို ကြိုက်နှစ်သက်သည်။

မြေပြုပြင်နည်း

ကျင်းစနစ်အရ ပြုပြင်ပေးရသည်။ ကျင်းများကို (၂) ပေ ပတ်လည်တူး၍ သဘာဝမြေသြဇာ (၃၀ %) ၊ အပေါ်ယံမြေ (၃၀%) နှင့် အောက်ခံ မြေများရောစပ်ထည့်ထားရသည်။ ကျင်းများ တကျင်းနှင့် တကျင်း တတန်း နှင့် တတန်း (၆) ပေခွာထား၏။

ပျိုးထောင်နည်း

မျိုးစေ့မှ ပျိုးထောင် စိုက်ပျိုးရ၏။ မျိုးစေ့များကိုပလတ်စတစ်အိတ်၊ ၀ါးဆစ် သို့မဟုတ် ခြင်းတောင်းများတွင် ပျိုး၏ ။ အစေ့ခွံမာသဖြင့် အစေ့မှ အပင်ပေါက်ရန်နှေးသည်။ အပင်ပေါက်ရန် (၃)လ မှ (၄) လ အထိ ကြာသည်။ အပင်ပေါက်နှုန်းနည်းသည့်အတွက် ခြင်းတခြင်းလျှင် မျိုးစေ့ (၃) စေ့မှ (၄) စေ့ချရသည်။ ပျိုးပင်အဖြစ် သက်တန်း တနှစ်ခန့်ထားရမည်။

စိုက်ပျိုးနည်း

တနှစ်သားအရွယ် ပျိုးပင်ငယ်များကို အသင့်ပြင်ထားသော စိုက်ခင်း၌ မိုးဦးကျအချိန်တွင် မြေချစိုက်သင့်သည်။

ပြုစုထိမ်းသိမ်းနည်း

ပေါင်းရှင်း၊ မြေဆွ၊ ရေလောင်းပေးခြင်းများကို လိုအပ်သလို ဆောင်ရွက်ပေးရသည်။

မြေသြဇာကျွေးနည်း

ဓာတ်စုံမြေသြဇာကို တပင်လျှင် (၃) ပေါင်မှ (၅) ပေါင်ထိ ကျွေးသင့်သည်။

တဧက အပင်နှုန်း

တတန်း နှင့် တတန်း တပင်နှင့် တပင် (၆)ပေကွာ၊ လေးကွက်ကြား စိုက်ပါက တဧကပျိုးပင်ပေါင်း (၁၂၁၀) လိုပြီးတတန်း နှင့် တတန်း  (၈) ပေကွာ တပင် နှင့် တပင် (၄) ပေကွာ စိုက်ပါက တဧက ပျိုးပင်ပေါင်း (၁၃၆၁) ပင်ခန့် လိုသည်။

အညွှန့်များကို ကိုက်ညှပ်ယူခြင်း

အပင် (၃ – ၄) နှစ်သားအရွယ်မှ စ၍ အညွှန့်များကို ကိုက်ညှပ်ယူရ၏။ တနှစ်လျှင် (၃) ကြိမ်မှ (၄) ကြိမ်ထိ ညှပ်ယူနိုင်သည်။ အပင်များ (၆ – ၈) ပေထက်ပိုမမြင့်စေရန် အကိုင်းနှင့် အရွက်များကို မှန်မှန်ဖြတ်ယူရ၏။ အချို့အပင်များကို ကြီးသည်အထိ ထားပြီးမှ ခုတ်လှဲ၍ အရွက်များမှသာမက ပင်စည်နှင့် အကိုင်းအခက်များမှလည်း ပရုတ်ထုတ်ယူနိုင်သည်။

ပရုတ်ထုတ်ယူခြင်း

ပင်စည်၊ အခေါက် နှင့် အရွက်ငွေ့ဖြင့် ပေါင်းတင်ယူရသည်။  ပေါင်းတင်၍ ရသော အရွက်များကို  ခပ်နွေးနွေး မီးမျှဉ်းမျှဉ်းဖြင့်ကျိုချက်သော အခါ ရေနှင့် အငွေ့ပျံလွယ်သော ဆီများကို ထွက်သွားပြီး ပရုတ်ရိုင်းများကို ရရှိသည်။

ယင်း ပရုတ်ရိုင်းများကို အပူတိုက်ပေးပြီး အအေးနှင့် တွေ့ထိစေလျှင် ဖြူစင်သန့်ရှင်းသော ပရုတ်ကို ရရှိသည်။

အထွက်နှုန်း

တဧကလျှင် ပရုတ်ခဲ ပေါင် ၁၂၀ နှုန်း ထွက်သည်။

အသုံးပြုနည်း

အဆီ   – (၁) ပရုတ်သည် မြန်မာဆေးများတွင် အပူလွန်ကဲသော စားဆေးများ၌၄င်း၊ အကြောလိမ်းဆေးများ၌၄င်း၊ မီးဖွားပြီးစ အမျိုးသမီးများ ဗိုက်စည်းဆေး၊ လိမ်းဆေးများ၌၄င်း မပါလျှင် မပြီးပေ။

(၂) သွားကိုက် သွားနာသော် ပရုတ် ထည့်ပေးရသည်။

(၃) မြန်မာ့ရိုးရာ ကွမ်းစားသည့်အခါတွင် ပရုတ်ကို အသုံးပြုသည်။

(၄) ပရုတ်ကို ပရုတ်လုံးနှင့် ပရုတ်ဆီ ထုတ်လုပ်ရာတွင် သုံးစွဲသည်။

(၅) ပရုတ်ဆီကို မူးမော်ခြင်း၊ ကိုယ်လက်အဂါင်္ကိုက်ခဲခြင်းနှင့် ဒူလာမီးယပ်ရောဂါ အမျိုးမျိုးအတွက် အသုံးပြုသည်။

Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

The post ပရုတ်ပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

ပဲပုပ်ကို ဘယ်လိုအချိန်မှာ ရိတ်သိမ်းရင် အ⁠ကောင်းဆုံးလဲ။

$
0
0

သီးထောင့်များ အ၀ါရောင်ပြောင်း၍ (၉၅)ရာခိုင်နှုန်း ရင့်မှည့်ပြီး အစေ့တွင် အစိုဓာတ် (၁၃ မှ ၁၄) ရာခိုင်နှုန်း ရှိလျှင် စတင်ရိတ်သိမ်းပါ။

ရင့်မှည့်လွယ်သဖြင့် စောင့်ကြည့်ပေးရန် လိုသည်။

အပင်ပေါ်တွင် အသီးများခြောက်အောင်ထားနိုင်သည်။ သို့ရာတွင် ရိုးတံအညိုရောင်ပြောင်းပြီး အတောင့်ကွဲ၍ အစေ့များ မြေကြီးပေါ်ကျ သည်အထိ ခူးဆွတ်မှု နောက်မကျစေရချေ။                                                                                                                                                                                                                                                                                                ရိတ်သိမ်းချိန်စောပါက လုံးပိန်၊လုံးညှပ်နှင့် အစိမ်းရောင်အစေ့များရရှိပြီး အထွက်နှင့် အရည်အသွေးကျသည်။

ရိတ်သိမ်းပြီးအပင်များကို တလင်းတွင် (၃ မှ ၄)ရက်ခန့်နေလှမ်းပြီး၊ တုတ်နှင့်ဖြစ်စေ၊ ချွေစက်ဖြင့်ဖြစ်စေ၊ အစေ့ချွေ၍ဖြစ်စေ၊ အစေ့ချွေရသည်။

ဤသို့ဆောင်ရွက်ရာတွင်မျိုးစေ့အပေါ်ယံ အခွံကွဲအက်မသွားစေရန် ဂရုပြုရမည်။

မျိုးအဖြစ်သိုလှောင်မည်ဆိုပါက အစေ့တွင်း အစိုဓာတ် (၉ မှ ၁၀) ရာခိုင်နှုန်းအထိ ရောက်အောင် ဆက်လက်နေလှမ်းပြီးမှ သိုလှောင်ရပါမည်။

Source – မြန်မာစိုက်ပျိုးရေးလုပ်ငန်း

The post ပဲပုပ်ကို ဘယ်လိုအချိန်မှာ ရိတ်သိမ်းရင် အ⁠ကောင်းဆုံးလဲ။ appeared first on Myanmar Farmers' Portal.

မက်မန်းသီး ကိုဘယ်လိုအချိန်မှာ ဆွတ်ခူးရင် အကောင်းဆုံးလဲ။

$
0
0

မက်မန်းသီးကို အပင်ပေါ်တွင် အမှည့်ခံပြီး ဆွတ်ခူးရသည်။ သို့မှသာ အနံ့ကောင်းကောင်းရရှိသည်။

ဧပြီလမှ နေ၍ ဇူလိုင်၊ သြဂုတ်လအထိ အသီးခူးနိုင်ပါသည်။ (၂) ကြိမ်မှ (၃) ကြိမ်အထိ ခူးဆွတ်ရပါသည်။

မျိုးပေါ်လိုက်၍ သီးခွံရောင်သည် အ၀ါရောင် သို့မဟုတ် အနီရောင်သို့ပြောင်းသွားသည်။

အသီးသည် ပျော့လာပြီး အညှာခိုင်မြဲနေရသည်။ အနံ့သင်းလာသည်။

ယိုထိုးရန်ဖြစ်ပါက မှည့်ခါနီးအချိန်တွင် ဆွတ်ခူးရသည်။

အသီးများအပွန်းပဲ့စေရန် သီးလုံးကို လက်နှင့်ဆုပ်ကိုင်၍ လက်ခုပ်ကိုမှောက်ပြီး လှည့်ယူရသည်။

အသီးထွက်ရှိမှုအနေဖြင့် (၀.၇၅ မှ ၁.၅) တင်းအထိ ထွက်ရှိပါသည်။

မက်မန်းသီးကိုရေနွေးပွက်ပွက်ထဲသို့ ၂၀ စက္ကန့်ထည့်ပြီးမှ အခွံခွာလျှင် ပို၍ လွယ်ကူသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post မက်မန်းသီး ကိုဘယ်လိုအချိန်မှာ ဆွတ်ခူးရင် အကောင်းဆုံးလဲ။ appeared first on Myanmar Farmers' Portal.


ပဲစင်းငုံ ပူတင်း ⁠ပြုလုပ်နည်း

$
0
0

ပါဝင်ပစ္စည်းများ

ပဲစင်းငုံ အခြမ်းနို့ဆီဗူး   – (၁) ဗူး

နွားနို့                      – (၅၀) ကျပ်သား

ကြက်ဥ                    – (၆) လုံး

ဂျုံမှုန့်                      – (၁၅) ကျပ်သား

သကြား                   – (၁၀) ကျပ်သား

နို့ဆီ                       – (၁၀) ကျပ်သား

ထောပတ်                – (၅) ကျပ်သား

စားဆီ                     – (၁၀) ကျပ်သား

ဆားလက်ဖက်စားဇွန်း  – (၁) ဇွန်း

ပြုလုပ်နည်း       

နွားနို့ကို ကျိုပြီး အအေးခံထားပါ။

ပဲစင်းငုံ အခြမ်းများကို ရေစိမ်ပြီး ပြုတ်ထားပါ။

ပြုတ်ပြီး ပဲစင်းငုံအခြမ်းများကို ဆန်ကာနှင့် စစ်၍ ရေအေးလောင်းပါ။

ဂျုံမှုန့်၊ သကြား၊ ဆား၊ ရေအနည်းငယ်ထည့်ပြီး ဂျုံမှုန့်နပ်သည်အထိ ရောနယ်ပါ။ နယ်ထားသည် ဂျုံမှုန့်များအား ကြက်ဥ၊ နို့ဆီ၊ နွားနို့ များထည့်မွှေပြီး  ရေစစ်ထားသည့် ပဲစင်းငုံပြုတ်တို့အား ထည့်မွှေပါ။

ပူတင်းဖုတ်မည့် ကန်မီးဖိုပေါ်တင်၍ ဆီထည့်ပါ။

ဆီကျက်လျှင် ထောပတ်ထည့်ပြီး မွှေထားသော မုန့်များလောင်းထည့်ပါ။

မီးသွေးဖိုတွင် အောက်မီးအနည်းငယ်နှင့် အထက်မီးများများတင်ပြီး စတင်ဖုတ်ပါ။

ဖုတ်ထားသည့် ပူတင်းများခဲသည့် အချိန်ထိ မီးအနည်းငယ်ဖြင့်ဖုတ်ပါ။

မျက်နှာပြင်ဘေးပတ်လည် ကျက်ပါက သန့်ရှင်းလတ်ဆတ်သော၊ အာဟာရပြည့်သော အနံ့အရသာရှိသော ပဲစင်းငုံပူတင်းကို ရရှိပြီ ဖြစ်ပါတယ်။

Source – Commerce Journal

The post ပဲစင်းငုံ ပူတင်း ⁠ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.

လတ်လတ်ဆတ်ဆတ်ကြက်မောက်သီးကို စားချင်ရင် ဘယ်လိုရွေးဝယ်ရမလဲ။

$
0
0

ကြက်မောက်သီးဟာ ဘဲဥပုံသဏ္ဍန်ရှိပြီး အမွှေးရှည်များပါဝင်ကာ အသီးနုစဉ်မှာ အစိမ်းရောင်ရှိပါတယ်။

ရင်မှည့်တဲ့ အခါမှာတော့ အရောင်ပြောင်းသွားပါတယ်။

Ngo rongrian အမျိုးအစား ကြက်မောက်သီးဟာ အနီရင့်ရောင်အခွံရှိပြီး အမွှေးများမှာတော့ အစိမ်းရောင် ပျော့ပျော့ရှိပါတယ်။

Ngo srichampoo အမျိုးအစား ကြက်မောက်သီးကမူ ပန်းနုရောင် အခွံနဲ့ ပန်းနုရောင် အမွှေးများရှိပါတယ်။

လတ်လတ်ဆတ်ဆတ် ကြက်မောက်သီးစားချင်ရင်တော့ လတ်ဆတ်ပြီး အခွံအမွှေးများတဲ့ ကြက်မောက်သီးကို ရွေးပြီး ၀ယ်ရပါမယ်။ ဒါမှသာ အသားချိုပြီး အရည်ရွှမ်းတဲ့ အသီးစားရမှာ ဖြစ်ပါတယ်။

နောက်ပြီး လက်သည်းနှင့် ဆိတ်လို့ရသော အသီးကိုရွေးဝယ်ပါ။ ဒါမှ အလွယ်တကူလည်း အခွံခွာ အစေ့ထုတ်နိုင်ပါတယ်။

နောက်နေ့တွေမှာလည်း လတ်လတ်ဆတ်ဆတ် သစ်သီးဝလံတွေကို ဘယ်လိုရွေးချယ်စားသုံးမလဲဆိုတာကို ဆက်လက်တင်ဆက်ပေးပါမယ်။

Pissaya Info

The post လတ်လတ်ဆတ်ဆတ်ကြက်မောက်သီးကို စားချင်ရင် ဘယ်လိုရွေးဝယ်ရမလဲ။ appeared first on Myanmar Farmers' Portal.

သဘာဝအ⁠လေ့ကျ⁠ပေါက်သည့် “၀ဥ” နှင့် စိုက်ပျိုးသည့် “၀ဥ” ကွာ⁠ခြားပုံ

$
0
0

သဘာဝအတိုင်း အလေ့ကျပေါက်သည့် “၀ဥ” ကို (အလျင်ဦးရာလူ) တူးဖော်သည့်စနစ်နှင့် ရှာဖွေဖော်ထုတ်ကြသောကြောင့် ပြည့်ပြည့် ၀၀ရင့်သည့် “၀ဥ” ကိုကား အပင်သက်တမ်းကုန်ချိန်ရောက်မှ တူးဖော်ခြင်းဖြစ်သောကြောင့် ပြည့်ပြည့်၀၀ရင့်သည့် “၀ဥ” ကို ရရှိပါသည်။

အလေ့ကျပေါက်သည့် ၀ဥပင်များကိုေ၇ွှ့ပြောင်းစိုက်ပျိုးနည်

မိမိတွင် မျိုးမရှိသည့် အတွက် မိုးဦးကျတွင် မစိုက်ပျိုးလိုက်ရသော်လည်း မိုးတွင်းတွင် သဘာဝအလေ့ကျပေါက်သည့် “၀ဥ” ပင်များကို တူးယူပြီး ကိုယ့်အိမ်ခြံဝင်းထဲတွင် ရွှေ့ပြောင်း၍ စိုက်လျှင်လည်း အလွန်လွယ်ကူပြီး ကောင်းကောင်းရှင်သန် ကြပါသည်။

သခင်မစွန့်တဲ့ ၀ဥပင

တစ်ကြိမ်တစ်ခါ တစ်ရာသီ ကိုယ့်ခြံထဲတွင် “၀ဥ” ပင် ကို စိုက်ပျိုးလိုက်မိပြီဆိုလျှင် ဤ “၀ဥ” ပင်သည် ကိုယ့်ခြံတွင် နှစ်တိုင်းပေါက် လာ တော့မည်ဖြစ်ပါသည်။ “၀ဥ” ကို တူးဖော်ချိန်တွင် ပြောင်စင်အောင် တူးသော်လည်း အရွက်ရိုးတံပေါ်မှ အသီးလေးများသည် မြေပေါ်တွင် ကြွေကျကျန်ရစ်ခဲ့ပါသည်။ အပွင်အသီးပေါ်လာပြီးလျှင်လည်း အစေ့များသည် မြေပေါ်တွင် ကြွေကျ ကျန်ရစ်နိုင်ပါသည်။ ထို့ကြောင့် နှစ်     စဉ်နှစ်တိုင်းပင် သူ့အလိုလိုလည်း ပေါက်လာကြပြန်ပါသည်။ “၀ဥ” ကို တစ်ခါစိုက်ပြီးလျှင် နောက်နှစ်များအတွက် မျိုးအသစ်ထပ်ပြီး ရှာ ရန်လည်း လိုတော့မည်မဟုတ်ပါ။ နှစ်ကြာလာသည်နှင့် အမျှ တိုးချဲ့စိုက်နိုင်မည့်မြေကွက်ကို ရှာကြံထားရန်သာ လိုပါသည်။

ဝဥစိုက်ပျိုးပုံမြေနေရာ

“၀ဥ” ပင်သည်အလွန်စေးကပ်လွန်းသည့် စနယ်မြေမှလွဲ၍ မြေအမျိုးအစားမရွေးပေါက်နိုင်သည်ကို တွေ့ရှိရပါသည်။ နေပူကျဲကျဲအောက် ထက် တစ်ပိုင်းတစ်စ အရိပ်အောက်တွင် ပိုမိုကြီးထွားရှင်သန်ပါသည်။ အိမ်ဝိုင်းတွင် ခြံစည်းရိုးတစ်လျှောက်၊ အပင်ကြီးများအောက် ငှက် ပျောပင်၊ သဘောင်္ပင်အောက်၊ အိမ်ရှေ့အိမ် နောက်ဘက်အရိပ်ထိုးသောအပိုင်းစသည့်နေရာအားလုံးတွင် စိုက်ပျိုးနိုင်ပါသည်။ အိမ်ခြံဝင်း ထဲတွင် အလဟဿဖြစ်နေသည့် နေရာအားလုံးတွင် “၀ဥ” ပင်ကို စိုက်၍ရပါသည်။ ချင်းပြည်နည်တောင်ပိုင်းမှ ရွာများတွင် အိမ်တံစက် မြိက်မှ လွတ်သည်နှင့် “၀ဥ” ပင်များ စိုက်ထားသည်ကို တွေ့ရှိနိုင်ပါသည်။ အပင်ကြီးများအောင်နှင့် ပတ်ဝန်းကျင်ရှိ သစ်ရွက် ဆွေးနှင့် မြေဆွေးများသည်လည်း မြေသြဇာကောင်းပြီးသားဖြစ်ပါသည်။ “၀ဥ” စိုက်မည့်မြေနေရာမှ အမှိုက်များကို မီးမရှို့ရပါ။ မြေကြီး ပေါ်တွင် သဘာဝအတိုင်းပျံ့နှံ့ကျရောက်နေပြီး တဖြည်းဖြည်းဆွေးမြေ့ကာ မြေသြဇာပြန်ဖြစ်သွားမည်ဖြစ်သည်။ “၀ဥ” စိုက်မည့်မြေနေ ရာကို တူးဆွ ထွန်ယက်ရန်လည်း မလိုပါ။ မျိုးပိုင်းစိုက်မည့်နေရာလေးတွင် စိုက်ကျင်းလေးများဖော်ပြီး မြေထဲနှစ်မြှုပ်၍   စိုက်ပျိုးလိုက်ရုံသာ ဖြစ်ပါသည်။

အထူးသတိထားရမည်မှာ ရေမ၀ပ်ရန်ပင်ဖြစ်ပါသည်။ ရေ၀ပ်သည့်နေရာဖြစ်လျှင် ရေထုတ်မြောင်းလုပ်ပေးရပါလိမ့်မည်။

ဝဥစိုက်ပျိုးချိန

မျိုးစေ့မှဖြစ်စေ၊ ဥမှဖြစ်စေ၊ အသီးသဏ္ဍာန်မှဖြစ်စေ၊ ဧပြီလရောက်လျှင် အစို့အညှောင့်ကလေးများသည် ထိုအဂါင်္များမှ အလိုလိုပေါက် ထွက်လာကြပါသည်။ ဤသည်မှာ “၀ဥ” စိုက်ပျိုးချိန်ပင် ဖြစ်ပါသည်။ မြေကြီးအစိုဓါတ်ရှိလျှင် မတ်လကတည်းက မြေကြီးထဲထည့်ထား၍ ရပါသည်။ ဧပြီလမိုးဦးကျသည့် အခါ “၀ဥ” ပင်များ ပေါက်လာကြပါမည်။

အစေ့မှ စိုက်ပျိုးပံ

“၀ဥ” အစေ့လေးများသည် အလွန်သေးငယ်ပြီး ဆန်လုံးတစ်လုံးစာလောက် သာရှိပါသည်။ မြေကြီးပေါ်တွင် လေးလက်မပတ်လည် အကွက်လေးဖော်ပြီး “၀ဥ” အစေ့လေးများကို မြေကြီးထဲ ထိုးသွင်းစိုက်ပျိုးရပါသည်။ မြေကြီးထဲသို့ စပါးလုံးတစ်ထောက်စာအနက်ခန့် ထိုးထည့်လိုက်လျှင်ရပါသည်။ အချိန်တန်လျှင်ပင် ပေါက်လာပါသည်။ ပေါင်းမြက်ရှင်းပေးရန်လိုပါသည်။ လေးလက်မ ခြောက်လက်မ ခန့်မြင့်သည့် အပင်လေးများ ဖြစ်လာပါသည်။ နိုဝင်ဘာလတွင် အပင်သက်တမ်းကုန်သွားချိန် မြေကြီးထဲ၌ မြေပဲ ဆန်အရွယ်မှ ဇီးဖြူသီး အရွယ်ထိရှိသည့် “၀ဥ” လေးကို တူးဖော်ရရှိပါသည်။ အသီးသီးသည့် မျိုးဆိုလျှင် စားတော်ပဲအစေ့အရွယ် အသီးလေးလည်း သီးလာ ပါသည်။

အသီးသ႑ာန္အဂါၤကို စိုက္ပ်ိဳးပံ

အသီးအရွယ်အစားပေါ်မူတည်ပြီး ပင်ကြား၊ တန်းကြား အကွာအဝေးကို ခြောက်လက်မပတ်လည်မှ ပင်ကြားတစ်ပေ၊ ပင်ကြား -တန်း ကြား  တစ်ပေပတ်လည်စသဖြင့် ထားရှိပြီး စိုက်ပျိုးရပါသည်။ စိုက်ပျိုးပုံနှင့် ပြုစုပုံများမှ အစေ့မှ စိုက်ပျိုးပုံအတိုင်းပင်ဖြစ်ပါသည်။ နိုဝင် ဘာလရောက်လျှင် (ဥဖော်ချိန်ရောက်လျှင်) ငါးကျပ်သားမှ တစ်ဆယ်သားခန့်ရှိသည့် “၀ဥ” များရရှိနိုင်ပါသည်။

ဝဥမှ စိုက်ပျိုးပံ

မျိုးဥအဖြစ် ပြန်လည်စိုက်ပျိုးမည့် “၀ဥ” အရွယ်သည် ငါးကျပ်သားမှ ငါးဆယ်ကျပ်သားအရွယ်များ ဖြစ်ပါလိမ့်မည်။ “၀ဥ” အရွယ်ပေါ်မူ တည်ပြီး ပင်ကြားတန်းကြား အကွာအဝေးကို သတ်မှတ်စိုက်ပျိုးကြရပါသည်။  တစ်ပေပတ်လည် တစ်ပေနှစ်ပေ အကွာမှ သုံးပေပတ် လည် အထိ ထားရှိစိုက်ပျိုးကြရပါမည်။ စိုက်ပျိုးပုံနည်းစနစ်မှာ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းပင် ဖြစ်ပါသည်။ နိုဝင်ဘာလရောက်လျှင် အပင် သက်တမ်းကုန်ဆုံးချိန်တွင် “၀ဥ” များတူးဖော်ပါမည်။

ထိုအချိန်တွင် “၀ဥ” တစ်လုံး၏ အရွယ်သည် ငါးဆယ်သားမှ သုံး၊ လေး၊ ငါးပိဿာအထိလည်း ရှိနိုင်ပါသည်။

“၀ဥ” စိုက်ပျိုးရာတွင် မဖြစ်မနေလုပ်သင့်သည့် အလုပ်မှာ “၀ဥ” ပင်တစ်ပင်တိုင်းအတွက်  ၀ါးချွန်တုတ်လေးတစ်ချောင်းစီကို  အပင်လေး နားတွင် စိုက်ထားပေးရန်ဖြစ်ပါသည်။ နိုဝင်ဘာလရောက်၍ “၀ဥ” ပင်များညှိုးခြောက်သွားသည့်အခါ “၀ဥ” ပင်ပေါက်ခဲ့သည့်နေရာကို ပြန်ရှာရလျှင် အလွန်ခက်ခဲတတ်ပါသည်။ ဥရှိမည့်နေရာကို မှန်းပြီးတူးဖော်ရလျှင် အချိန်လဲကုန်သကဲ့သို့ “၀ဥ” များကိုလည်း ထိခိုက် သွားနိုင်ပါသည်။ ထို့ကြောင့် တုတ်ကလေးစိုက်ကာ မှတ်သားထားရခြင်း ဖြစ်ပါသည်။

ဤသည်မှာ  (တွက်ရေးက စက်သူဌေးဆိုသလို) ပင် ဖြစ်ပါသည်။ အမှန်တော့လည်း ဆင်းရဲသား မိသားစုများအတွက် မြေကွက် ကျဉ်းကျဉ်းနှင့် ၀င်ငွေများများရနိုင်သည်မှာ “၀ဥ” စိုက်ပျိုးခြင်းသာဖြစ်ပါသည်။

ဝဥစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူ

မိမိအိမ်ခြံထဲတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြမည့် ဆင်းရဲသားမိသားစုများအတွက်မူ ရင်းနှီးမြှုပ်နှံမှုများစွာ မရှိဘဲ အပို ၀င်ငွေရမည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နမူနာတစ်ခုအနေနှင့် တွက်ပြရလျှင် ဥပမာ ဆယ်ပေပတ်လည်ရှိသည့် မြေကွက် တွင် ၂၀ ကျပ်သားမှ ၃၀ ကျပ်သားအရွယ် “၀ဥ” ကို နှစ်ပေပတ်လည်နှင့် စိုက်ခဲ့လျှင် အပင် ၂၅ ပင်ရှိပါသည်။ “၀ဥ” ဖော်ချိန်တွင် တစ်ဥကို ပျမ်းမျှတစ်ပိဿာ အနည်းဆုံးရှိပါမည်။ စုစုပေါင်း ၂၅ ပင်မှ ၂၅ ပိဿာ ထွက်ရှိပါမည်။ တစ်ပိဿာ ၄၀၀ ကျပ်နှုန်းနှင့် ရောင်းရလျှင် ငွေကျပ် ၁၀,၀၀၀ ရရှိပါမည်။ ၁၀ပေပတ်လည်ကွက်တစ်ကွက်မှ ရနိုင်သည့် ၀င်ငွေဖြစ်ပါသည်။ ဤနှုန်းနှင့်ဆိုလျှင် တစ်ဧကကို တွက်မပြရဲစရာ ၀င်ငွေဖြစ် သည်။ သိန်းလေးဆယ်တောင် ကျော်နိုင်ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post သဘာဝအ⁠လေ့ကျ⁠ပေါက်သည့် “၀ဥ” နှင့် စိုက်ပျိုးသည့် “၀ဥ” ကွာ⁠ခြားပုံ appeared first on Myanmar Farmers' Portal.

⁠နှင်းဆီပန်းအိုး⁠ကြာ⁠ကြာခံ⁠အောင် ဘယ်လိုထိုးမလဲ။

$
0
0

ပန်းပွင့် ပန်းခက်တွေနဲ့ သဘာဝအလှကို လူတိုင်းနှစ်သက်ကြတဲ့အတွက် ပန်းအိုး နဲ့ ပန်းကို မြင်လိုက်ရင် အခန်းထဲမှာဖြစ်စေ၊ စိတ်လက်အေးချမ်းရ လာပါတယ်။

ပန်းအိုးထိုးတဲ့ ပန်းတွေမှာ အောင်သပြေ၊ ဇော်စိမ်း၊ ပြည်လုံးချမ်းသာ၊ နှစ်တစ်ရာပန်းနဲ့ ရွက်လှပန်းတွေဟာ အငုတ်ရင့်ရင် ရင့်သလို လနဲ့ချီပြီး ကြာရှည် ခံကြပါတယ်။ အမြစ်တွေ ထွက်လာပြီး အပင်သစ်ထွက်လာပါတယ်။

နှင်းဆီပန်း၊ ဒေစီပန်း၊ ကာနေရှင်းပန်းတို့ကတော့ နဂိုကတည်းက အရိုးနုပန်းတွေဖြစ်လို့ ကြာရှည်မခံကြပါဘူး။

နှင်းဆီပန်းဟာ ကြာရှည်မခံပေမယ့် ချစ်ချင်းမေတ္တာနဲ့ ကျက်သရေမင်္ဂလာရဲ့  အထိမ်းအမှတ်ဖြစ်လို့ ပန်းအိုးတွေမှာ အသုံးများကြပါတယ်။

အခုချိန်မှာ မျိုးစပ် တီထွင်မှုကြောင့် သမာရိုးကျအရောင်တွေသာမက အ၀ါ၊ ပန်းနု၊ အဖြူ၊ အရောင်စပ်ပန်းတွေ များစွာ ရှိနေပါပြီ။

လူကြိုက်များပြီး တင့်တယ်တဲ့ နှင်းဆီပန်းကို ပန်းအိုးမှာ ကြာကြာအထားခံချင်ရင်တော့ ပန်းအိုးရေထဲမှာ ဆီးချိုထိန်းချုပ်ဖို့သုံးရတဲ့ အက်စ်ပရင်ဆေးပြား ၂ပြား၊ ၃ပြား ထည့်လိုက်ရင် ၅ရက်၊ တစ်ပတ်လောက် လန်းဆန်းနေပါတယ်။

နောက်နေ့တွေမှာလည်း ငွေအကုန်အကျ သက်သာပြီး အိမ်မှာအလွယ်တကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေကို ဆက်လက်ဖော်ပြပေးပါမယ်။

Pissaya Info

The post ⁠နှင်းဆီပန်းအိုး⁠ကြာ⁠ကြာခံ⁠အောင် ဘယ်လိုထိုးမလဲ။ appeared first on Myanmar Farmers' Portal.

ချင်း (ဂျင်း) ခြောက် ပြုလုပ်နည်း

$
0
0

လိုအပ်သော ပစ္စည်းများ

– ချင်းတက် ကောင်းကောင်းနုနု (ရင့်ရင့် သုံးလျှင် အမျှင်များပြီး ပျင်းတွဲတွဲနေတတ်သည်)
– စဥ့်အိုး တစ်လုံး
– မဖောက်ထုံး
– ဓားပါးပါး တစ်ချောင်း
ပြုလုပ်ပုံ

ဦးစွာ ချင်း (ဂျင်း) တက်ကြားထဲရှိ အခွံမှ အပ ကျန်အခွံများ ကို ဓားနှင့် ပြောင်အောင် ခြစ်ပေးရပါမယ်။

အခွံများပြောင်သွားလျှင် ထို ချင်း(ဂျင်း)ကို စဥ့်အိုးထဲသို့ထည့်ပြီး မဖောက်ထုံးဖြင့် သုံးရက်စိမ်ပါ။

ထို့နောက် သုံးရက်ပြည့်လျှင် စိမ်ထားသည့် ချင်း (ဂျင်း) များကို ဆယ်ယူ၍ မဖောက်ထုံး ခပ်ပါးပါး ဖြန့်ထားသော အပေါ်တွင် အခြောက်လှန်းပါ။
ခြောက်သွာုးလျှင် ချင်း(ဂျင်း) ခြောက်အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ချင်း (ဂျင်း) ခြောက်ပြုလုပ်ပုံ နောက်တစ်နည်း

ချင်းခြောက် လုပ်နည်းမှာ သာမညနည်းနှင့် ၀ိသေသန နည်းဟူ၍ နှစ်မျိုးရှိသည်။

သာမညနည်း

ဦးစွာ အနာအဆာ အပုပ်ကင်း၍ ရင့်သော ချင်းများကို ရွေးချယ်ပြီး နေခြောက်လှန်းရ၏။ထို့နောက် ချင်း(ဂျင်း) တွင် ကပ်နေသော ရွှ့ံဆေးများ ခြောက် သွေ့သွားသောအခါ ထိုချင်းများကို ချင်းရွက်ခြောက်ဖြင့် ပွတ်တိုက်ပါ။ ထို့နောက် အခွံများကို အုပ်ခဲကျိုး အပိုင်းအစဖြင့် ပွတ်တိုက်ပါ။ တစ်ဖန် အခွံနွာပြီးသော ချင်း (ဂျင်း) များကို ရေသန့်သန့်ဖြင့် ဆေး၍ နေသုံး လေးရက်ခန့် လှန်းကာ ပွက်နယ်ပါ။ ချင်း (ဂျင်း) တက်များ မပွန်း မပဲ့စေရန် လည်း ဂရုစိုက်ပါ။ ထို့နောက် ချင်း(ဂျင်း) ကို နေ၌ သုံးနာရီခန့် ထက်စိမ်၍ နေပူ ထပ်လှန်းပါ။

ခြောက်သွေ့သွားသော အခါ အခွံများ ကွာစေရန် အတွက် အ၀တ်ကြမ်းဖြင့် ပွတ်ပါ။ ချင်းကို အခွံနွှာသည့် အခါ နည်းမှန် လမ်းမှန်ဖို့လည်း လိုပါတယ်။ အဘယ်ကြောင့်ဆိုသော် အခွံမနွှာတတ်လျှင် ချင်း၏ အကြောအမျှင်များ၌ ရှိသည့် ဂုဏ်သတ္တိများ ပျက်စီးစေနိုင်သောကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် ချင်း(ဂျင်း) ကို အခွံနွှာရာမှာ ဓားကို အသုံးမပြုသင့်ပါ။

ထို့နောက် အခွံနွှာပြီး ချင်း(ဂျင်း) တက်များကို ပိုမိုသန့်ရှင်းသွားစေရန် စီးနေသော ရေ၌ ထည့်၍ ဆေးကြောပါ။ အကယ်၍ ချင်းခြောက်ကို ပိုမိုဖြူစင်စေလိုလျှင် အချိန်အနည်းငယ်ကြာအောင် စိမ်၍ အခြောက်လှန်းပါ။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ချင်း (ဂျင်း)၏ ဂုဏ်သတ္တိကိုလည်း ကြာရှည်ထိန်းနိုင်သည်။
အချို့ က ချင်း(ဂျင်း)ကို ပြုတ်၍ အခြောက်လှန်းကြ၏။ သို့သော် ယင်းနည်းမှာ မကောင်းပေ။

ဝိသေသနည်း

ဦးစွာ လတ်ဆတ်သော ချင်းကို ဖော်ပြပါ သာမညနည်းအတိုင်း အခွံနွှာ၍ ထုံးဖျော်ထားသော ကန် သို့မဟုတ် တိုင်ကီ၌ထည့်ပြီး နှစ်နာရီခန့် စိမ်ပါ။ ထိုနှစ်နာရီအတွင်း တစ်နာရီတစ်ကြိမ်မွှေပေးပါ။ ထို့နောက် ချင်း(ဂျင်း) များကို ဆယ်ယူ၍ လေးနာရီတစ်ကြိမ် ကန့်အခိုး တိုက်ပါ။

ကန့်အခိုး တိုက်ပုံမှာ ခြောက်ပေအကျယ်၊ ခြောက်ပေခန့်ရှိသော စင်တစ်ခုလုပ်ပါ။ ထို့နောက် ချင်း(ဂျင်း) များကို ခြင်းတောင်းအသီးသီး၌ ထည့်၍ စင်ပေါ်သို့ စီတင်ပါ။ ထို့နောက် သံခွက် တစ်ခုပေါ်၌ ကန့်ထည့်၍ သံခွက် အောက်ဘက်မှ နေပြီး မီးထည့်ပါ။ လေးနာရီခန့် ကြာအောင် လုပ်ပါ။ ချင်းတက် ၁၅၀၀ တန့်ခိုး တိုက်ရန်အတွက် ကန့်ခုနှစ်ပေါင် လိုအပ်ပါသည်။

ချင်းကို ထုံးစိမ်ခြင်း၊ နေလှန်းခြင်း၊ ကန့်ခိုး တိုက်ခြင်းတို့ အထက်ပါအတိုင်း သုံးကြိမ် ပြုလုပ်ပြီးနောက် ဒုတိယ အကြိမ်တွင် ချင်းများကို နေလှန်းပါ။ ထို့နောက် ညနေပိုင်းတွင်း ချင်း (ဂျင်း) များကို ထုံးရေစိမ်၍ ကန့်ခိုးတိုက်ပါ။ ၁၂ နာရီကြာအောင်ထားပါ။ တတိယအကြိမ်တွင်မူ ကန့်ရှစ်ပေါင် အထိသုံး၍ လေးနာရီ ကြာအောင်ထားပါ။ ထို့နောက် ချင်းများကို ကြမ်းပြင်၌ ဖြန့်ကျင်း၍ နေလှန်းပါ။

ထိုနည်းမှာ သာမညနည်းထက် ပို၍ အလေးချိန် စီးပြီး အရောင်လည်း ဖြူ၏။ ပွလည်း ပွ၏။ ကန့်ဓာတ်ပါဝင်သဖြင့် ပိုးထိုးခြင်းကင်း၍ အသုံးပြုရာ၌လည်း အလွန် ထက်မြက်၏။

Pissaya Info

The post ချင်း (ဂျင်း) ခြောက် ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.

Viewing all 691 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>