Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live

စပါးမျိုးရွေးချယ်ခြင်း

$
0
0

ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ရွေးချယ်စိုက်ပျိုးပါ။

ဘာကြောင့်ရွေးချယ်ရသလဲ
• သီးနှံပင် သန်စွမ်းတယ်၊ ဖြစ်ထွန်းတယ်။
• အထွက်ကောင်းတယ်။
• ဈေးကွက်ရှိတယ်။]
ဘယ်လိုရွေးချယ်မလဲ
• ကြိတ်ခွဲရာမှာ ဆန်ထွက်ကောင်းရမယ်။
• ချက်ပြုတ်ရာမှာ အိုးတက်ရမယ်။
• စားသုံးရာမှာ ကောင်းရမယ်။
• အထွက်ကောင်းရမယ်။
• အထွက်နှုန်း တည်ငြိမ်ရမယ်။
• ပိုးမွှားဒဏ် ခံနိုင်ရမယ်။
• မိုးလို မိုးခေါင်ဒဏ် ခံနိုင်ရမယ်။
• ရေကြီး နစ်မြုပ်ဒဏ်ခံနိုင်ရမယ်။
• ပင်ပွားထွက်အားကောင်းရမယ်။ ဒါမှ ပေါင်းမြက်ကို ဖိနှိမ်နင်းနိုင်မယ်။ ပင်ပွားများပြီး အထွက်ကောင်းရမယ်။ အပင်ယိုင်လဲမှု ကင်းရမယ်။ ဓာတ်မြေသြဇာ နည်းနည်းထည့်သော်လည်း သင့်တင့်တဲ့စပါးအထွက်ရှိရမယ်။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ
• ရွေးချယ်ထားတဲ့မျိုးကို သုံးရာသီခန့်စိုက်ပျိုးပါ။ အထက်မှာ ဖော်ပြထားတဲ့ အရည်အချင်းတွေရှိရင် ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးလို့ ဆုံးဖြတ်ချက်ချနိုင်ပါပြီ။

စိုက်ပျိုးရေး သုတေသန(ရေဆင်း)က ထောက်ခံထားတဲ့ ရေ မြေ ဒေသစိုက်စနစ်အလိုက် ရွေးချယ်စိုက်ပျိုးရမည့် မျိုးများ။

ရေတော် မိုးတော် ဒေသများ
• ကျော်ဇေယျ၊ မနောသုခ၊ ရွှေဝါထွန်း၊ ရွှေသွယ်ထွန်း၊ ဆင်းသိဂီ၊ ဆင်းဧကရီ-၂၊ ဆင်းဧကရီ-၃၊ ဆင်းသီရိ၊ ဆင်းရွှေဝါ၊ ဆင်းသွယ်လတ်၊ ဆင်းနွယ်ရင်၊ မှော်ဘီ-၁၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ မှော်ဘီ-၅၊ ရွှေသွယ်ရင်၊ ရွှေမြန်မာ၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ပုလဲသွယ်၊ ရွှေသွယ်လေး၊ ရွှေသွယ်ထွန်း၊ လုံးသွယ်မွှေး။
ရေနေရေထိုင် တောင်ဆုပ်/တစ်တောင်ခန့်ရှိ လယ်ကွက်ဒေသများ
• ကျော်ဇေယျ၊ ဧရာမင်း၊ ရွှေမန်း-၁၊ အင်းမရဲဘော်၊ ငကျွဲ၊ ပေါ်ဆန်းမွှေး၊ပေါ်ဆန်းရင်၊ ရွှေတစ်ဆုပ်၊ ရေနက်-၃၊ ရေနက်-၄။
ရေနက်ကွင်းဒေသများ
• ရေနက်-၁၊ ရေနက်-၅၊ ဆစ်ပွား၊ တတောင်ပို၊ တောင်ထိ၊ ယိုးဒယား။
ဆားငန်ရေ၀င်ဒေသများ
• ဆားငန်ခံ-၂၊ ဆားငန်ခံ-၃၊ ဆားငန်ခံ-၄၊ လက်ရုံးကြီး၊ ရခိုင်သူမ။
မိုးပါးရေရှားဒေသများ
• ယာ-၂၊ ယာ-၄၊ ယာ-၅၊ ယာ-၈၊ ယာ-၉၊ ယာ-၂ ထွန်း၊ ခေါက်ဒင်။
တောင်ပေါ်ဒေသများ
• လယ်စပါးအတွက် – သီးထပ်ရင်၊ ဆင်းရွှေဝါ၊ မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ စိန်တလေး၊ ရွှေရင်အေး၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ဘာစမာတီ-၃၇၀၊ ကုန်းမြင့်-၂၊ ကုန်းမြင့်-၄။
• ယာစပါးအတွက် – ဒေသစပါးများ။
နွေစပါး(မျိုးစေ့တိုက်ရိုက်ချစနစ်)
• ရွှေသွယ်ရင်၊ သီးထပ်ရင်၊ ရတနာအောင်၊ ရွှေမြန်မာ၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ရေဆင်း-၂၊ ဆင်းနွယ်ရင်၊ ရတနာတိုး။

မျိုးစေ့ကောင်းကိုသာ စိုက်ပျိုးပါ။

မျိုးစေ့ကောင်းဆိုတာဘာလ
• မျိုးသန့်တယ်။
• အစေ့အဆံပြည့်ဖြိုးတယ်။
• အစေ့အရွယ်အစားညီညာတယ်။
• အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်း အထက်ရှိတယ်။ (အစေ့ ၁၀၀ မှာ အနည်းဆုံး ၈၀ စေ့ အပင်ပေါက်တယ်)
• ပိုးထိုးလောက်ကိုက်ကင်းတယ်။ ရောဂါကင်းတယ်။
• ပေါင်းစေ့၊ အခြားစပါးစေ့နဲ့ အဖျင်းအမှော် ဖုံ၊ခဲ၊သဲ ကင်းစင်တယ်။
မျိုးစေ့ကောင်းကို ဘာကြောင့်စိုက်ပျိုးရသလဲ
• မျိုးစေ့နှုန်းကို လျှော့ချနိုင်တယ်။
• အစေ့ ၁၀၀ မှာ ၈၀ စေ့ (၈၀ ရာခိုင်နှုန်း) အပင်ပေါက်တယ်။
• ကျင်းပျောက်ပင်ပျောက် ဖာထေးရသက်သာတယ်။
• အပင်ညီညာတယ်။
• အပင်ကြီးထွားမြန်တယ်။ ဒါကြောင့် ပေါင်းကိုစီးနိုင်တယ်။
• ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိတယ်။ သာမန်မျိုးစေ့နဲ့ စိုက်ပျိုးလို့ စပါးတင်း ၁၀၀ ထွက်တယ်ဆိုရင် မျိုးစေ့ကောင်းကို အသုံးပြုမယ်ဆိုပါက စပါး ၁၀၅ တင်းမှ ၁၂၀ တင်းအထိထွက်တယ်။ အနည်းဆုံး ၅ တင်းမှ အများဆုံး ၂၀ တင်း (၅ မှ ၂၀ ရာခိုင်နှုန်း) အထိ ပိုမိုထွက်ရှိနိုင်တယ်။
မျိုးစေ့ကောင်းကို ဘယ်လိုရနိုင်သလဲ … .. .
• မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးသုတေသနဌာန (ရေဆင်း၊ ပျဉ်းမနား နေပြည်တော်) တို့ထံမှ ၀ယ်ယူရရှိနိုင်တယ်။
• ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်မျိုးကိုယ်ထားစနစ် ကျင့်သုံးနိုင်တယ်။

ကိုယ့်အားကိုယ်ကိုး ကိုယ့်မျိုးကိုယ်ထားစနစ် ဆောင်ရွက်ပုံနည်းလမ်း။

  • မြေဆီထက်သန်တဲ့ လယ်မြေကို ရွေးချယ်ပါ။
    • သမန်းပြင်ညီညာအောင်၊ သမန်းပုတ်အောင်၊ သမန်းညက်အောင်၊ ကောက်မစိုက်မီ သမန်းအိပ်အောင် လုပ်ဆောင်ပါ။
    • တိုတုတ်သန်မာပြီး အမြစ်ဖွံ့ဖြိုးတဲ့ ပျိုးပင်တွေရရှိအောင် ဧရိယာကျဉ်း အစိုပျိုးထောင်နည်းစနစ်ကို ကျင့်သုံးပါ။
    • ပျိုးသက်(၁၅-၂၀)ရက်သားကို ၁ ကျင်း ၂ ပင်နှုန်းနဲ့ ပင်ကြား ၉ လက်မ၊ တန်းကြား ၉ လက်မ အကွာအဝေးထားပြီးစိုက်ပါ။
    • ဓာတ်မြေသြဇာကို ထောက်ခံနှုန်းထားအတိုင်း အသုံးပြုပါ။
    • ပင်ပွားအများဆုံးထွက်ချိန်၊ အနှံထွက်ချိန်နဲ့ စပါးမရိတ်သိမ်းမီအချိန်မှာ မျိုးကွဲပေါင်းမြက်နဲ့ ပိုးမွှားရောဂါကျရောက်နေတဲ့ အပင်များကို နှုတ်ပယ်ပါ။
    • မောင်းညိုချိန် (အစေ့ ၁၀၀ မှာ အစေ့ ၈၀ မှ ၈၅ စေ့ခန့် ကောက်ရိုးရောင်ပြောင်းချိန်) မှာ ရိတ်သိမ်းပါ။
    • သီးခြားချွေလှေ့ ပြာတီးသန့်စင်ပါ။ ချွေစက်နှင့် တောင်းများအတွင်း အခြားစပါးမျိုးစေ့များ လုံးဝမပါအောင်သန့်စင်ပါ။)
    • အစိုဓာတ် ၁၂ မှ ၁၄ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် အခြောက်လှန်းပါ။ (စပါးစေ့ကို ရှေ့သွားနဲ့ ဖိညှပ်ပြီးကိုက်လို့ ထောက်ခနဲအသံမည်ပါက အစိုဓာတ် ၁၂ မှ ၁၄ ရာခိုင်နှုန်း ရှိတယ်လို့သတ်မှတ်နိုင်ပါတယ်။)
    • ခြောက်သွေ့တဲ့စပါးကို စည်ပိုင်း၊ စဥ့်အိုး၊ ပလပ်စတစ်ပုံး၊ ပုတ် စသည်တို့အတွင်း အပြည့်အသိပ်ထည့်သွင်းပြီး လေလုံသိုလှောင်ထားပါ။
    • အေးပြီး ခြောက်သွေ့သန့်ရှင်းတဲ့နေရာမှာ ထားပါ။

Source by – မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း

 

The post စပါးမျိုးရွေးချယ်ခြင်း appeared first on Myanmar Farmers' Portal.


သံပုရာသီးသနပ်ပြုလုပ်နည်း

$
0
0

ပါဝင်ပစ္စည်းများ

၁။ သံပရာသီး                                                             ၅၀ လုံး

၂။ ဆား                                                                    ၁၆၀ ဂရမ်

၃။ သကြား                                                                ၁၆ ဂရမ် (၁ ကျပ်သား)

၎။ သနပ်မဆလာ                                                         ၈၀ ဂရမ် ( ၅ ကျပ်သား)

၅။ ဇီယာ                                                                   ၁၆ ဂရမ် (၁ ကျပ်သား)

၆။ မုန်ညင်းစေ့                                                            ၈၀ ဂရမ် (၅ ကျပ်သား)

၇။ ပဲနံ့သာစေ့                                                             ၁၆ ဂရမ် (၁ ကျပ်သား)

၈။ ငရုတ်သီးအစိမ်းမှုန့်                                                   ၈၀ ဂရမ် (၅ ကျပ်သား)

၉။ ကြက်သွန်ဖြူ                                                          ၂၄၀ ဂရမ် (၁၅ ကျပ်သား)

၁၀။ ဆီ                                                                    ၂၅ ကျပ်သား

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ ရေနွေးကျိုပါ။ ဆူပွက်ပါက သန့်စင်သော သံပရာသီးများကို ရေနွေးနှင့် ရော၍ (၃) မိနစ်ခန့် မွှေပါ။

၂။ ထို့နောက် သံပရာသီးများအား ရေနွေးတွင် စိမ်ပြီး ရေစင်အောင် စစ်ပါ။

၃။ ၎င်းသံပရာသီးများကို ထိပ်ပိုင်းလေးစိပ်ခွဲ၍ ဆားအနည်းငယ်သိပ်ထားပါ။

၎။ ပြီးလျှင် ဖန်ပုလင်းထဲသို့ ဖိသိပ်ထည့်၍ နေပူလှန်းပါ။

၅။ (၂) ရက်ခန့် နေလှန်းညပီးနောက် ဆားနှင့်သကြားရောကြိုထားသော ရေကျက်အေးလောင်းထည့်၍ နေပူပြန်လှန်း ပါ။

၆။ နှပ်ပြီးသော သံပရာသီးများအား သနပ်ပြုလုပ်၍လည်းကောင်း၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ဖြင့် ရောသုပ်၍ လည်းကောင်း စားသုံးနိုင်ပါသည်။

သံပရာသီး သနပ်ပြုလုပ်နည်း

၁။ ပထမဦးစွာ ဆီသန့်အားအပူပေးပြီး ငရုတ်သီးအစိမ်းမှုန့်၊ သနပ်မဆလာ၊ ထောင်းပြီးသား ဇီယာနှင့်  မုန့်ညင်းစေ့ ဆားအနည်းငယ်တို့အား ရောထည့်၍ မွှေပါ။

၂။ နပ်ပြီးသား သံပရာသီးများအား ရောမွှေပြီး မီးဖိုပေါ်မှ ချ၍ ဆီအပူချိန် လျော့လာပါက ပဲနံ့သာစေ့ အနည်းငယ်နှင့် ကြက်သွန်ဖြူထည့်ပါ။

၃။ ထို့နောက် ပလပ်စတစ်အိတ် (သို့) ဗူးတို့ဖြင့် ထည့်သွင်းပါ။

(ဆီမြှုပ်အောင်ထည့်၍ လေလုံအောင် ထားပါ၊ ကြာရှည်ခံပါသည်။)

စိုက်ပျိုးသုတပစ္စယ (Pissaya Info)

The post သံပုရာသီးသနပ်ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.

ကွမ်းသီးပိုး မ၀င်အောင်ပြုလုပ်နည်း

$
0
0
 
– ကွမ်းသီးကြာရှည်လှောင်တဲ့ နေရာမှာ ပိုးမစားအောင် ကြောင်ပန်းရွက်ထည့်ထားပါ။
– ကြောင်ပန်းရွက်ကို အခြောက်လှန်းပြီး ကွမ်းသီးမထည့်ခင် အောက်ခင်းထားပါ။
– ကွမ်းသီးထည့်ပြီးရင် အပေါ်ဆုံးကထပ်ခင်းပြီးလေလုံအောင်ပိတ်ထားရင် ကွမ်းသီးတွေကို ပိုးစားခြင်းမှ ကာကွယ်နိုင်ပါတယ်။
#Pissaya Info
#စိုက်ပျိုးသုတ ပစ္စယ

The post ကွမ်းသီးပိုး မ၀င်အောင်ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.

ချင်း (ဂျင်း) ယို ⁠ပြုလုပ်နည်း

$
0
0

ပါဝင်ပစ္စည်းများ

ချင်း

ပျားရည်

ရေ

ပြုလုပ်နည်း

ချင်းတက်ကို အခွံနွှာ၍ အချိန်အနည်းငယ်ကြာအောင် ပြုတ်ပါ။

ပြီးရင်တော့ ရေကို သွန်ပြီး ရေကုန်စင်အောင် ညှစ်ပါ။

ညှစ်ပြီးသား ချင်း (ဂျင်း) ကို ဖန်ပုလင်း တစ်ခုထဲထည့်ပြီး ချင်း (ဂျင်း) မြုပ်သည်အထိ ပျားရည်စိမ်ပါ။

ဖန်လုံးကို လေလုံအောင် ထားပြီး သုံးပတ်ခန့်ကြာလျှင် ချင်းယိုအဖြစ်စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

Pissaya Info

The post ချင်း (ဂျင်း) ယို ⁠ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.

Gliricidia အား သစ်စိမ်းေ⁠မြ⁠သြဇာအ⁠ဖြစ် သုံးစွဲနည်း ⁠နှင့် စပါးစိုက်ပျိုးရာတွင် Gliricidia အသုံး⁠ပြုနည်း

$
0
0

စပါးစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ဓာတ်မြေသြဇာများကို စနစ်တကျ သုံးစွဲရမည့် နှုန်းထားနှင့် နည်းများသာမက သဘာ ၀ မြေသြဇာအဖြစ် သတ်မှတ်နိုင်သော သစ်စိမ်းမြေသြဇာတစ်မျိုးဖြစ်သည့် Gliricidia ကို စပါးစိုက်လယ်မြေများတွင် သုံးစွဲနိုင်မည် ဖြစ်ပါသည်။

Gliricidia သည် ပဲမျိုးရင်းဝင် အပင်မျိုးဖြစ်ပြီး မခုတ်ဖြတ်ဘဲထားပါက ၃၀ ပေမှ ၃၆ ပေအထိ မြင့်တက်နိုင်ပါသည်။

မြေအမျိုးအစားများစွာ၌ အလွယ်တကူ စိုက်ပျိုးနိုင်သောကြောင့် လယ်မြေတွင်သာမက ယာမြေများ၊ ခြောက်သွေ့သော အပူပိုင်းဒေသများတွင် လေကာ တန်းပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။

Gliricidia ပင်ကို ပဲလွမ်း၊ ပိုက်ဆံလျှော်၊ သစ်စိမ်းများကဲ့သို့ သီးခြားစိုက်ပျိုးရန် မြေနေရာမလိုအပ်ဘဲ ကန်သင်းရိုးတွင်လည်း စိုက်ပျိုးနိုင်ပါသည်။
ပဲလွမ်း၊ ပိုက်ဆံလျှော် အစရှိသည့် သစ်စိမ်းတို့သည် မိုးနှောင်းရာသီတွင်သာ စိုက်ပျိုးနိုင်သဖြင့် တစ်နှစ်လျှင် သစ်စိမ်းတစ်ကြိမ်သာ ထည့်သွင်းခွင့် ရရှိသော်လည်း Gliricidia သစ်စိမ်းကို စပါးစိုက်ရာသီတိုင်း ထည့်သွင်းပေးနိုင်ပါသည်။

မိမိထည့်သွင်းလိုသည့် သစ်စိမ်းပမာဏ အတိအကျကို ထည့်သွင်းပေးနိုင်ပါသည်။

ကော်ဖီပင်များအတွက် အရိပ်ပင်အဖြစ် စိုက်ပျိုးနိုင်ပြီး အကြမ်းခံနိုင်သော အပင်ဖြစ်ပါသည်။

အကျိုးကျေးဇူး

နိုက်ထရိုဂျင် ကြွယ်ဝသော Gliricidia ကို လယ်မြေတွင် တစ်ဧကလျှင် ၂ တန်နှုန်းထည့်ပေးခြင်းဖြင့် စပါးအထွက် ၂၅ မှ ၃၀ ရာခိုင်နှုန်း တိုးလာနိုင်ပါသည်။

နှစ်ရှည်ထည့်သွင်းပေးခြင်းဖြင့် မြေဆီထက်သန်လာနိုင်ပါသည်။

သစ်စိမ်းအဖြစ်သာမက အရိုးများကို လောင်စာထင်းအဖြစ် သုံးနိုင်ပါသည်။

တောင်သူများအတွက် စိုက်ပျိုးရလွယ်ကူပြီး ကုန်ကျစရိတ် သက်သာစေပါသည်။

Gliricidia တွင် ပါဝင်သော အပင်အာဟာရဓာတ်များ

နိုက်ထရိုဂျင် ၂.၉၆%

ဖော့စ်ဖရပ် ၀.၁၈%

ပိုတက်စီယမ် ၀.၈၀%

သစ်ဆွေးဓာတ် ၅၃.၂၅%

C:N ၁၈.၂၅

စပါးစိုက်ပျိုးရာတွင် Gliricidia အသုံးပြုနည်း

(၁) Gliricidia အပင်များကို ခုတ်ပြီး လယ်မြေတွင် ပြန့်နှံ့အောင် ဖြန့်ခင်းထားပါ။

(၂) ၁၀ ရက်အကြာတွင် အရွက်များကြွေသွားပြီ ဖြစ်၍ ကိုင်းခြောက်များကောက်ယူပြီး ထင်းအဖြစ်လည်းကောင်း၊ ခြံစည်းရိုးတိုင်များအဖြစ်လည်းကောင်း သုံးနိုင်ပါသည်။

(၃) ပြန့်နှံ့နေသောအရွက်များကို စက်ဖြင့်ဖြစ်စေ၊ နွားထယ်ဖြင့် ဖြစ်စေ ထယ်ထိုး မြေမြှုပ်ရပါသည်။

Source – စိုက်ပျိုးရေး သုတေသနဦးစီးဌာန

The post Gliricidia အား သစ်စိမ်းေ⁠မြ⁠သြဇာအ⁠ဖြစ် သုံးစွဲနည်း ⁠နှင့် စပါးစိုက်ပျိုးရာတွင် Gliricidia အသုံး⁠ပြုနည်း appeared first on Myanmar Farmers' Portal.

Gliricidia အပင် စိုက်ပျိုးနည်း

$
0
0

(၁) ပင်ကြား၊ တန်းကြား ၂၀ ပေစိုက်ပါက တစ်ဧကလျှင် ၁၀၈ ပင် ၀င်ဆန့်ပြီး၊ ပင်ကြား၊ တန်းကြား ၁၀ ပေ စိုက်ပါက တစ်ဧကလျှင် ၄၃၅ ပင် ၀င်ဆန့်ပါသည်။

(၂) ၂၀ ပေ x ၂၀ ပေ တစ်ဧကစိုက်ကွက်မှ တစ်ကြိမ်ခုတ်လျှင် အရွက်စိုအလေးချိန် ၅ တန်နှင့် ထင်းကိုင်း အစိုအလေးချိန် ၂တန် ရရှိနိုင်ပါသည်။

(၃) ၁၀ ပေ x ၁၀ ပေ တစ်ဧက စိုက်ကွက်မှ တစ်ကြိမ်ခုတ်လျှင် အရွက်စိုအလေးချိန် ၁၉ တန်နှင့် ထင်းကိုင်း အစိုအလေးချိန် ၉ တန် ရရှိနိုင်ပါသည်။

(၄) တစ်ဧကအတွက် သစ်စိမ်း ၂တန် ထည့်သွင်းလိုပါက အပင် ၈၆ ပင်လိုအပ်မည်ဖြစ်ပါသည်။

(၅) ၅ နှစ်သားအရွယ် Gliricidia အပင် ၅ ပင်ကို ခုတ်ဖြတ်ပါက အရွက်အစို အလေးချိန် ၂၁၄ ကီလိုဂရမ်နှင့် ထင်းကိုင်းအစိုအလေးချိန် ၁၀၃ ကီလိုဂရမ် ရရှိမည်ဖြစ်ပါသည်။

(၆) အစေ့မှ စိုက်လျှင် ၂၄ လအကြာ၊ ကိုင်းဖြတ်စိုက်လျှင် ၁၈ လအကြာတွင် ကိုင်းစတင် ခုတ်သိမ်းနိုင်ပါသည်။

(၇) တစ်ကြိမ်ကိုင်းခုတ်ပြီးပါက ရေ၊ မြေ၊ ရာသီဥတု အပေါ်မူတည်၍ (၃)လ မှ (၅) လ အကြာတွင် နောက်တစ်ကြိမ်ပြန်လည် ခုတ်နိုင်ပါသည်။

Source –  စိုက်ပျိုးရေးသုတေသနဦးစီးဌာန

 

The post Gliricidia အပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

သစ်စိမ်းေ⁠မြ⁠သြဇာ ပင်မျိုးအလိုက် ပါဝင်⁠သော အာဟာရဓာတ်များ

စပါးစိုက်ပျိုးရာတွင် ⁠နှမ်းရိုးကို အသုံး⁠ပြုနည်း

$
0
0

စပါးစိုက်ပျိုးရာတွင်တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် ဓာတ်မြေသြဇာများ စနစ်တကျ သုံးစွဲရန် လိုအပ်သကဲ့သို့ သဘာဝမြေသြဇာများကိုလည်း မဖြစ်မနေတွဲဖက် အသုံးပြုရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိသော သဘာဝမြေသြဇာများတွင် နှမ်းပုံခါအပြီးရရှိသော နှမ်းရိုးများသည်လည်း သုံးစွဲရန် သင့်တော်သော တန်ဖိုးရှိသည့် စွန့်ပစ်ပစ္စည်းတစ်ခု ဖြစ်ပါသည်။

နှမ်းရိုးတွင် ပါဝင်သော အာဟာရဓာတ်များ

နိုက်ထရိုဂျင်              ၁.၅၀%
ဖော့စ်ဖရပ်စ်            ၀.၂၄%
ပိုတက်ရှ်                     ၂.၄၀%
သစ်ဆွေးဓာတ်            ၉၆.၀၀%
ကာဘွန်း နိုက်ထရိုဂျင်                        ၃၇း ၁

စပါးစိုက်ပျိုးရေးအတွက် လက်တွေ့အသုံးပြုနည်း

နှမ်းရိုးခါပြီး ရရှိသော နှမ်းရိုးများကို လက်ဆုပ်စီးခန့် အစည်းငယ်များအား စပါးစိုက်ပြီး တစ်လသားအရွယ်တွင် ရေရှိနေသော စပါးတန်းကြားအတွင်း နှမ်း ရိုးများကို အလျားလိုက် ခြေဖြင့် နင်းမြုပ်ပေးပါ။

စပါးပင်တန်းကြား ထည့်ထားသော နှမ်းရိုးအစည်းများသည် လယ်ကွင်းအတွင်းရှိ ရေမျက်နှာပြင်အောင်သို့မြုပ်နေရန် အရေးကြီးပါသည်။

သို့မှသာ နှမ်းရိုးတွင်ပါသော ပိုတက်စီယမ်ဓာတ်သည် တစ်ညတာ ရေစိမ်ရုံမျှဖြင့် စပါးခင်းအတွင်းသို့ရောက်ရှိကာ စပါးပင်မှ ရရှိနိုင်ပါသည်။

နှမ်းရိုးထည့်သွင်းပြီးသည့် အကွက်မှ ရေအား ၃ ရက်မှ ၅ရက် ကြာထိ ထိန်းထားပေးပါ။ ရေပြန်မထုတ်ပါနှင့်။

မှတ်ချက်။ ။ နှမ်းစိုက်ခင်း တစ်ဧကမှ နှမ်းထောင်ပြီး နှမ်းရိုး (၁ – ၁.၅) တန်ထိ ထွက်ရှိနိုင်ပြီး ထိုပမာဏသည် စပါးစိုက်ခင်းတစ်ဧကကို ထည့်ပေးရန် လုံလောက်ပါသည်။

အကျိုးကျေးဇူး

နှမ်းရိုးထည့်ပေးခြင်းဖြင့် စပါးအထွက် ၁၀% မှ ၃၀% ထိ တိုးလာနိုင်ပါသည်။

စိမ့်ဆွဲသော မြေနှင့် ဒုံပေါက်သော မြေများတွင် သီးနှံစိုက်ပျိုးရန်နှင့် မြေပြင်ရန် ခက်ခဲသော အခြေအနေရှိပါက သီးနှံတစ်ရာသီလှပ်ပြီး ယင်းအတွက် ထဲသို့ နှမ်းရိုးများ ရနိုင်သမျှ ညီညာစွာ ဖြန့်ချပေးခြင်းဖြင့် သီးနှံ (၂-၃) ရာသီဆက်တိုက်ပြုလုပ်ပေးပါက ပြန်လည် စိုက်ပျိုးရနိုင်သည့် မြေဖြစ်လာနိုင်ပါသည်။

နှမ်းရိုးတွင် ပိုတက်စီယမ်ဓာတ်ကြွယ်ဝပြီး မဆွေးမြေ့ မီကပင် ထည့်ပြီး (၃) ရက်တွင်း စပါးခင်းတွင် ရေရှိပါက ပါဝင်သော စုစုပေါင်း ပိုတက်စီယမ်ဓာတ်၏ ၄၀% ကို ထုတ်ပေးနိုင်သဖြင့် စပါးပင်မှ ရရှိနိုင်သည်။

စပါးခင်းတွင် ထည့်ပေးထားသော နှမ်းရိုး (၁) တန်ဆွေးမြေ့ သွားပါက နှမ်းရိုးမှ ယူရီးယား (၂၅)ပေါင်၊ တီစူပါ (၅) ပေါင် နှင့် ပိုတက်ရှ် (၃၅) ပေါင်ခန့်နှင့် ညီမျှသော အပင်အာဟာရဓာတ်များ မြေတွင် သစ်ဆွေးဓာတ်များ တိုးတက်လာပြီး မြေသြဇာ ပြန်လည်ထက်သန်လာနိုင်ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post စပါးစိုက်ပျိုးရာတွင် ⁠နှမ်းရိုးကို အသုံး⁠ပြုနည်း appeared first on Myanmar Farmers' Portal.


ပန်းထိမ်ငိုပန်း စိုက်ပျိုးနည်း

$
0
0

စိုက်ပျိုးသည့်ဒေသ

ပန်းထိမ်ငိုပန်းကိုအအေးပိုင်းဒေသများတွင်အများဆုံးစိုက်ပျိုးကြပါသည်။ ယခု အပူပိုင်းဒေသများတွင်လည်း စတင်စိုက်ပျိုးလာကြပါသည်။ အပူများ လွန်းသောအချို့ဒေသများတွင် အရိပ်ကျဲ ၅၀%ရအောင် ဗူးစင်များတင်ပေးခြင်းပျိုးစင်ဇကာစိမ်းအုပ်ပေးခြင်းဖြင့် စိုက်ပျိုးနိုင်ပါသည်။

မြေအမျိုးအစား

ပန်းထိမ်ငိုသည် ရေကြိုက်ပြီး ရေဝပ်တာကို လုံးဝမကြိုက်ပါ။မြေချဉ်ငံကိန်း pH 5-6ကြားတွင်ကောင်းစွာဖြစ်ထွန်းသည်။မြေနီသဲဝန်း သဲနုန်းနှင့် နုန်းမြေ များတွင်စိုက်ပျိုးကြပါသည်။

ပန်းထိမ်ငိုမျိုးတွင် တစ်ထပ်ပန်းထိမ် နှစ်ထပ်ပန်းထိမ် သုံးထပ်ခေါ်ဆင်စွယ်ဆိုပြီး သုံးမျိုးရှိပါသည်။

မျိုးယူရာတွင်လည်း အပင်ကိုcuttingထိုးခြင်း ကိုင်းထိုးခြင်းနှင့်အမြစ်မှမျိုးယူခြင်း သို့မဟုတ် ဥ မှစိုက်ခြင်း ဆိုပြီး၂နည်းရှိပါသည်။

မြေယာပြင်ဆင်ခြင်းထယ်ထွန်ကိုဖွာပြီးမွနေစေရန် ညက်ညက်လုပ်ပေးရန်လိုအပ်ပါသည်။

ပင်ခြားအနေဖြင့် ၃ပေ လူသွားလမ်း ၅ပေဖြင့်စိုက်ပါက အပင်၃၀၀၀ခန့်ဝင်ဆန့်ပြီး ဥအနေဖြင့်စိုက်ပါက ပိဿာ ၅၀မှ၁၀၀ကြားလိုအပ်ပါသည်။မြေပြင်စဉ်တွင် အပေါ်ယံ ကိုမီးရှို့ပေးရန်လိုအပ်ပါသည်။

မြေသြဇာသုံးစွဲခြင်း အခြေခံမြေသြဇာအဖြစ် နွားချေးကိုသီးသန့်သုံးစွဲသင့်ပြီး နွားချေးကို EM ဘိုကာရှီနည်းအတိုင်း သို့မဟုတ် ထရိုင်ကိုဒါး မားနှင့် မြေသြဇာလုပ်ပြီးသုံးပါကပိုမိုကောင်းမွန်ပါသည်။ ထရိုင်ကိုဒါးမားဖြင့်ဆွေးထားသောနွားချေးကို ပိုမိုအသုံးပြုချင်ပါသည်။

ထရိုင်ကိုဒါးမားမှိုသည် ပင်စည်ပုပ် အူပုပ် အမြစ်ပုပ်ရောဂါများကို ကာကွယ်နိုင်သောကြောင့်ဖြစ်ပါသည်။

စိုက်စနစ်

အပင်စိုက်ပြီး တနှစ်အကြာတွင် စတင်ခူးစွတ်နိုင်ပါသည်။ အပင်ကိုင်းဖြတ်များကို မိုးဦးကျတွင် စတင်စိုက်ပါက နောက်နှစ်နွေအကုန် မိုးဦးကျခါနီးတွင် စတင်ခူးစွတ်နိုင်သည်။ ဥများကိုတော့ ဇန်နဝါရီလနှင့်ဖေဖေါ်ဝါရီလများတွင် စတင်စိုက်ပျိုးနိုင်ပြီး မိုးလယ်တွင် ခူးဆွတ်နိုင်ပါသည်။

ပန်းထိမ်ငိုခင်းသည် ၁၀လပိုင်းလောက်တွင် ပန်းများပွင့်ခြင်းရပ်တတ်ပြီး ၁၂လပိုင်းလများသည် အပင်နားသောလဖြစ်ပါသည်။ ၃လပိုင်းနှင့် ၃လပိုင်းကျော်လျှင် အပင်အကြွင်းအကျန်များကို ဖြတ်ထုတ်ဖျက်စီးပြီး ဘောင်များပေါ်တွင်မီးရှို့ ကာနွားချေးမြေသြဇာ ထည့်ဘောင်လုံးပြီး ရေနေ့စဉ် သွင်းပေးပါက ပန်းများစောစီးစွာပွင့်စေပါသည်။ ပန်းထိမ်ငိုပန်းခင်းကို၃နှစ်အထိထားရှိပြီး၃နှစ်ပြည့်လျှင် ဥများကို ပြန်ဖော်ပြီး အသစ်ပြန်စိုက်ရန်လို အပ်ပါသည်။

ကျရောင်တတ်သော ပိုးမွှားရောဂါကာကွယ်နှမ်နင်းနည်းများ

စိုက်ခင်းတွင် အဓိကအားဖြင့် အမြစ်ပုပ်အူပုပ်ပြသာနာများဖြစ်သည်။ မြစ်စားပိုး အနည်းငယ်လည်း ကျတတ်ပါသည်။ အမြစ်ပုပ်ပင်စည်ပုပ်ရောဂါများသည် မျိုးမှပါလာတတ်ကြပြီး မြေဆောင်ရောဂါဖြစ်သွားတတ်ပါသည်။ ထိုရောဂါကိုထိန်းသိမ်းရန် မျိုးဝယ်ယူရာတွင် အထူးဂရုပြုပြီးဝယ်ယူခြင်း အချိန်ပေးပြီး ကိုယ်တိုင် ကိုင်းထိုးမျိုးခံခြင်းများပြုလုပ်သင့်ပါသည်။ ၄င်းရောဂါကျရောက်ပါက အပင်များ သေပျောက်ကာနောက်ဆုံးတခင်းလုံးကူးတတ်ပါသည်။

ကုသခြင်းထက် ကာကွယ်မှသာကောင်းမွန်သောရောဂါမျိုးဖြစ်ပါသည်။ထရိုင်ကိုဒါးမားမှိုကိုမွေးမြူထားခြင်းဖြင့် ရောဂါကျရောက်ခြင်းကို အသင့်အတင့် ကာကွယ်နိုင်ပါသည်။ ကုသဆေးအနေဖြင့် forstethyl aluminum ဖော့စ်အီသိုင်အလူမီယမ်ခေါ် ဆေးကိုမြေကြီးအတွင်းထည့်ကာ ကုသရပါမည်။ အရွက်များပျော့ကာရိကျတတ်ပါသည်။မိုးများလွန်းသောအခြေအနေနှင့် အပင်ထူသော အခြေအနေဆုံပါကအဖြစ်များပါသည် ။ မြေချဉ်ကိန်းလည်း pH5အောက်ဆင်းနိုင်သဖြင့် မိုးဦကျတကြိမ်မိုးလယ်တကြမ် ထုံးနှင့် ဂျစ်ပဆင်ကို ၄း၁ နှုန်းထည့်ထားသင့်ပါသည်။စိုထိုင်းစ လျော့ကျအောင် အထူးဆောင်ရွက်သင့်ပါသည်။

ရောဂါရအရွက်များကိုဖြတ်ထုတ်ခြင်းပင်များတူးထုတ်လွှင့်ပစ်ဖြစ်များပြုလုပ်ပေးရပါမည်။ benzimidaoe အုပ်စု propiconazole အုပ်စုတို့ကို ဖျန်းဆေးကုသဆေးအဖြစ် သုံးနိုင်ပါသည်။  mancozeb ကို ကာကွယ်ဆေး အနေဖြင့် သုံးနိုင်ပါသည်။

Source – မြန်မာစိုက်ပျိုးရေးလုပ်ငန်း

The post ပန်းထိမ်ငိုပန်း စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

သစ်ခွစိုက်ပျိုး⁠ရေးဥပ⁠ဒေသ ငါးချက်

$
0
0

သစ်ခွကို အခြားသော ပန်းပင်များကဲ့သို့ အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ အဓိကသည်အပင်၏ အထာ၊ သဘာဝနှင့် ကြိုက်နှစ်သက်မှုကို သိထားဖို့လို ပါသည်။ သစ်ခွသည် သဘာဝတွင် ပေါက်ရောက်ခဲ့သော အလေ့အထနှင့် ရာသီဥတုကို မူတည်ပြီး ပြောင်းလဲစိုက်ပျိုးရမည်ဖြစ်သည်။ သစ်ခွအားလုံးကို တစ်တန်းတစ်စားတည်းထားကာ ပြုစု စိုက်ပျိုး၍ မရပေ။ အပူ – အအေး ကြိုက်ခြင်း၊ အလင်းရောင်၊ ရေ စသဖြင့် သစ်ခွ၏ အကြိုက်ချင်းမတူသည့် သဘာဝကို အထူးအလေးထား၍ သိထားရန် လိုအပ်ပါသည်။

ဥပဒေသ (၁)

သစ်ခွသည် နေရောင်၊ သို့မဟုတ် အလင်းရောင်ကို အပင်အား မထိခိုက်စေဘဲ ရနိုင်သမျှရရန် လိုအပ်ပါသည်။

နေရောင်သည် သစ်ခွပင်အစာချက်ရန်နှင့် ကြီးထွားရန်အတွက် လိုအပ်ပါသည်။ နေရောင် အထိများလွန်းသောအခါ အရွက်များ ၀ါဖျော့ သွားခြင်း၊ နေလောင်သွားခြင်းများ ဖြစ်တတ်ပါသည်။ နေရောင်အရနည်းပါက အရွက်များပျော့လာခြင်း၊ စိမ်းညှို့နေခြင်း၊ ကြီးထွားမှုနည်းလာခြင်း၊ အပွင့် မပွင့်တော့ခြင်း စသည်ရလဒ်ကို ဖြစ်ပေါ်စေပါသည်။ နေရောင်ခြည်အလုံအလောက်ရရှိမှသာလျှင် သစ်ခွပင်သည် အရှိန်ရရနှင့် လန်းဆန်းကြီးထွား သန် မာလာမည် ဖြစ်ပါသည်။ အရွက်သည်လည်း စိမ်းညှို့ မည်းမှောင်ခြင်းမရှိဘဲ ဖက်ဖူးရောင်သန်းနေမည် ဖြစ်သည်။

သစ်ခွသည် နေရောင်ကြိုက်အပင်များ ဖြစ်သည်။ မည်သည့်သစ်ခွမဆို တိုက်ရိုက်ကျလာသော မနက်နေရောင်ကို ခံနိုင်စွမ်းရှိကြ၏။ စိုက်ပရပီဒီယမ် နှင့် ဖဲလီယာနော့ပ်ဆစ် တို့ကဲ့သို့ အလွန်နူးညံ့သော သစ်ခွများပင်လျှင် မနက်နေရောင်ကို ခံနိုင်ကြ၏။ ဗင်ဒါ၊ စတစ်၊ စပိုင်ဒါ၊ ကတ်တဲလီယာ အစရှိသော သစ်ခွများသည် နေရောင် ကြိုက်ကြသည်။ ရာသီဥတုကို လိုက်ပြီး အပူချိန်၊ ရေငွေ့ နှင့် အခြားအချက်အလက် ကို ပြောင်းလဲပြီး ပြုပြင်ဖန်တီးပေး သွားရမည် ဖြစ်ပါသည်။

ဥပဒေသ (၂)

သစ်ခွသည် ယေဘုယျအားဖြင့် နေ့အပူချိန် ၅၅ မှ ၉၀ ဒီဂရီဖာရင်ဟိုက်အတွင်း၊ ညအပူချိန် ၅၀ မှ ၇၀ ဒီဂရီဖာရင်ဟိုက်အတွင်း ထားရှိပြီး စိုက်ပျိုးရန် လိုအပ်ပါသည်။

ရာသီဥတု၊ စိုက်ပျိုးသော အမျိုးအစားနှင့် အရွယ်အစားပေါ် မူတည်၍ အပူချိန်ကို ပြောင်းလဲသတ်မှတ်ထားရန် လိုအပ်ပါသည်။

အအေးကြိုက်သစ်ခွများဖြစ်သည့် စင်ဗီဒီယမ်၊ အိုးဒွန်တို ဂလော့ဆမ်၊ အွန်စီဒီယမ်နှင့် စိုက်ပရပီဒီယမ်များသည် နွေရာသီတွင် နေ့အပူချိန် ၆၀ မှ .၇၀ ၊ ညအပူချိန် ၅၅၊ ဆောင်းရာသီတွင် နေ့အပူချိန် ၅၅ မှ ၆၀ ၊ ညအပူချိန်တွင် ၅၅ ဒီဂရမ်ဖာရင်ဟိုက်အထိ ရှိနေရန် လိုအပ်ပါသည်။

အပူကြိုက်သစ်ခွများဖြစ်သည့် ဗင်ဒါ၊ ဖဲလီယာနော့ဗဲဆစ်၊ ဒင်ဒရိုဗီယမ်အချို့ တို့နှင့် ကတ်တဲလီယာအချို့ တို့ကို နေ့အပူချိန် ၇၀ မှ ၈၅ ၊ ညအပူချိန် ၆၅ မှ ၇၀ ဒီဂရီဖာရင်ဟိုက်အထိ ရာသီမရွေးထားရှိပေးရန် လိုအပ်ပါသည်။

ပူပြင်းလွန်းသည့် အညာဒေသလို နေရာများတွင် နွေရာသီ၌ အောင်ခြေကို ရေဖျန်းပေးပြီး အပူချိန်ချပေးရန် လိုအပ်ပါသည်။ အရိပ်အကာ အရံများကို လည်း ပြုလုပ်ပေးရန် အထူးလိုအပ်ပါသည်။

ဥပဒေသ (၃)

သစ်ခွသည် အပူချိန်၊ အလင်းရောင် အမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်ပြီး ရေငွေ့ကို ၄၀ ရာခိုင်နှုန်းအထိ ထားရှိပေးရန် လိုအပ်ပါသည်။

သစ်ခွပင်သည် ယေဘုယျအားဖြင့် ရေငွေ့ကို အလင်းရောင်နှင့် အပူချိန်များသည့်အခါ အနည်းဆုံး ၅၀ ရာခိုင်နှုန်းနှင့် အထက် လိုအပ်ပါသည်။

ညတွင် လျော့နည်းထားရှိရန် လိုအပ်ပါသည်။ ရာသီဥတုပြင်းလျှင် ရေငွေ့များများလိုပြီး အေးလျှင် နည်းနည်းသာလိုအပ်၏။ ရေငွေ့များလွန်းပါက အပင်သည် ရေလွန်ရောဂါ၊ အမြစ်ပုပ် ရောဂါ၊ အရွက်/ပင်စည်ပုပ် ရောဂါကို ရလွယ်စေပါသည်။ ရေငွေ့ကို လေအ၀င်အထွက်နှင့် ထိန်းထားပေးနိုင်ပါသည်။

ဥပဒေသ (၄)

သစ်ခွသည် အပူချိန်၊ ရေငွေ့၊ နေရောင်ပေါ် မူတည်ပြီး လေအ၀င်အထွက်ကို ထိန်းသိမ်းထားရန် လိုအပ်ပါသည်။

ရာသီဥတု ပူပြင်းပြီး လေတိုက်များသော နေရာများတွင် သစ်ခွကို စိုက်ပျိုးထားပါက သစ်ခွပင်သည် အမြဲတမ်းခြောက်သွေ့နေပြီးအရွက်သည် လည်း နွမ်း နေခြင်း၊ ပျော့ဖပ်ခြင်းများလည်း ရှိတတ်ပါသည်။ လေအ၀င်အထွက်နည်းပြီး အမြဲ စွတ်စိုနေပါကလည်း အပင်သည် ထိုင်းမှိုင်းနေပြီး မှို၊ ရောဂါ ပိုးမွှားများ ကျရောက်လွယ်တတ်ပါသည်။ ပုပ်လွယ်၊ ပျက်စီးလွယ်ပါသည်။ အပင်များကို ကျပ်သိပ်နေအောင် မစိုက်ပျိုးရပေ။ လေအ၀င် အ ထွက် ကောင်း အောင် ပြုလုပ်ပေးရပါမည်။

ဥပဒေသ (၅)

သစ်ခွသည် အမြစ်ကို မထိခိုက်စေဘဲ ရေနှင့်အစားအစာကို အထောက်အပံ့ပေးနိုင်သည့် ပျိုးခံပစ္စည်းများ ရှိရန် လိုအပ်ပါသည်။

သဘာဝတွင် သစ်ခွသည် သစ်ပင်၊ ကျောက်ဆောင်၊ မြေကြီး စသည်တို့အပေါ်အမှီသဟဲပြု၍ ပေါက်ရောက်ကာ လေ၊ ရေထဲမှ အစားအစာကို ချက်ယူသော သဘာဝရှိ၏။ လူတို့ပြုပြင်ပြောင်းလဲ စိုက်ပျိုးရာတွင်လည်း မြေအိုး၊ သစ်သားခြင်း၊ တိုင် စသည်တို့နှင့် တွဲဖက် စိုက်ပျိုးသည့်အခါ မီးသွေးခဲ၊ အုန်းဆံဖတ်၊ အုတ်နီခဲ အစရှိသည်တို့ကို ထည့်၍ စိုက်ပျိုးလာခဲ့ကြ၏။ ယင်းပစ္စည်းများသည် သစ်ခွပင်အတွက် အစာရေစာများကို စုပ်ယူသိုမှီးထားပြီး ယင်းတို့မှ အမြစ်များက စုပ်ယူစားသုံးကြ၏။ အသုံးပြုသော ပျိုးခံပစ္စည်းများသည် မိမိအထိုက်အလျောက် အကျိုးရှိစွာ အကူအပံ့ပေးကြသည်သာ ဖြစ်သည်။ သို့ရာတွင် ပျိုးခံပစ္စည်းများသည် ရေဆင်းကောင်းသော၊ ခြောက်သွေ့လွယ်သောပစ္စည်းများ ဖြစ်ရန် အထူးလိုအပ်ပါသည်။

ယင်းဥပဒေသ ငါးရက်ကို နားလည်သဘောပေါက်ထားမှသာ သစ်ခွပင်များကို အသေအပျောက်နည်းနည်းနှင့်အပွင့်များများ ထုတ်ယူ စိုက်ပျိုးနိုင် မည် ဖြစ်ပါသည်။

Source – စီးပွားဖြစ်သစ်ခွ စိုက်ပျိုးရေး

 

The post သစ်ခွစိုက်ပျိုး⁠ရေးဥပ⁠ဒေသ ငါးချက် appeared first on Myanmar Farmers' Portal.

⁠ကြွက်နားရွက်မှို စိုက်ပျိုးနည်း

$
0
0

မှိုစိုက်ပျိုးနည်း

မှိုထုပ်များကို လေ၀င်လေထွက်ရရှိ၍ တိုက်ရိုက်နေမပူသော နေရာတွင်ထားပါ။ အပူချိန် (၂၅ံ – ၃၂ံ) စင်တီဂရိတ် ရှိ၍ စိုထိုင်းဆ (၈၀ – ၉၅)% ရှိရမည်။
မှိုထုပ်၏ ဘေးပတ်လည်ကို (၁ မှ ၂) လက်မအရွယ်ဓါးရာပေး၍ ဖွင့်ဖောက်စိုက်ပျိုးနိုင်ပါသည်။ ဓါးရာတွင် တစ်ထုပ်လျှင် (၈-၁၀) နေရာခန့်ရှိရပါမည်။ ထို့နောက်မှို ထုပ်၏ ထိပ်မှ ကြိုးဆွဲ၍ဖြစ်စေ၊ ၀ါးစင်၊ သစ်သား စင်ပေါ်တွင် ထောင်၍ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။

နေ့စဉ် ရေပန်းခရားငယ်ဖြင့် မှိုထုပ်များကို ညင်သာစွာ ရေလောင်းပေးရမည်။ တစ်နေ့လျှင် အနည်းဆုံးရေ (၂) ကြိမ်လောင်းပေးရပါမည်။ ရေလောင်းလျှင် အထုပ်အတွင်းရေမ၀ပ်ရန် ဂရုပြုရမည်။ ရေ၀ပ်ပါက မှိုပွင့်များ ပုပ်ရိသွားနိုင်သည်။

မှိုထုပ်များစဖွင့်ပြီး (၄-၆) ရက်တွင် မှိုပွင့်ငယ်ကလေးများထွက်ပေါ်လာသည်။ (၇ – ၁၀) ရက်တွင် ဆွတ်ခူးရန်အသင့် ဖြစ်ပါသည်။

မှိုပွင့်များအောက်ခြေမှ လက်ဖြင့်ညင်သာစွာ နှုတ်ယူရမည်။

ချိုးဖဲ့ဖြတ်တောက်၍ မယူရပါ။

ဆွတ်ခူးပြီးနောက် မှိုထုပ်များကို ( ၂-၃) ရက်ခန့် ရေမလောင်းပဲ ထားရမည်။

ထိုရက်အတွင်း မှိုထုပ်များမှ မှိုထုပ်များမှ မှိုပွင့်ငယ်များ ပြန်လည်ထွက်လာပါသည်။

ဤနည်းအတိုင်း မှိုထုပ်ကို အနည်းဆုံး ( ၂လ မှ ၂ လခွဲ) ကြာသည်အထိ ( ၃ မှ ၅) ကြိမ်ထိ ဆွတ်ခူးစိုက်ပျိုးနိုင်သည်။

မှိုထွက်အားပိုမိုကောင်းစေရန် ပုလဲဓာတ်မြေသြဇာ (၆) ကျပ်သားနှင့် တီစူပါ ဓာတ်မြေသြဇာ (၃) ကျပ်သားကို ရေ နှစ်ဂါလံခွဲတွင် ဖျော်စပ်၍ (၂) ရက်ခြားတစ်ကြိမ် ပက်ဖျန်းပေးရပါသည်။

(၆၀) ကျပ်သားရှိသော မှိုစိုက်ထုပ်တစ်ထုပ်မှ မှိုပွင့် အလေးချိန် (၂၀ – ၂၅) ကျပ်သား ရရှိနိုင်ပါသည်။
သိုလ်လှောင်သိမ်းဆည်းနည်း

အစိုအခြေအနေ

အပူချိန် (၀ံ) စင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိုလှောင်ပါက (၂ – ၃) ပတ်အထိ ထားနိုင်ပါသည်။

အပူချိန် ( ၂၀ံ – ၂၅ံ) စင်တီဂရိတ်ရှိ အအေးခန်းတွင် သိုလှောင်ပါက (၄ – ၆) နာရီအထိ ထားနိုင်ပါသည်။

အပူချိန် ( ၅ံ – ၁၀ံ) စင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိုလှောင်ပါက ( ၂ – ၃) ရက်အထိ ထားနိုင်ပါသည်။

ရေခဲခြောက်ဗူးတွင် ထားသိုပါက ( ၄ – ၆) နာရီအထိ ထားနိုင်ပါသည်။

အေး၍ စိုစွတ်သော နေရာတွင် ထားမည်ဆိုပါက ( ၂ – ၃) နာရီ အထိသာ ထားသိုနိုင်ပါသည်။

အခြောက်အခြေအနေ

နေရောင်ခြည်ဖြင့် အခြောက်ခံပါက နေပြင်းပြင်းတွင် ၂ရက် အခြောက်ခံရပါမည်။

အခြောက်ခံ ကိရိယာဖြင့် အခြောင်ခံပါက လေ၀င်လေထွက်ရရှိသော အခြောက်ခံ ကိရိယာတွင် အပူချိန် (၄၁ံ – ၄၃ံ) စင်တီဂရိတ်၌ (၁၅) နာရီကြာ အခြောက်ခံရပါမည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ⁠ကြွက်နားရွက်မှို စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

⁠နို့စိမ်းမှို စိုက်ပျိုးနည်း

$
0
0

မှိုစိုက်ထုပ်များကို လေ၀င်လေထွက် ရရှိ၍ တိုက်ရိုက်နေရောင်ခြည် မကျရောက်သော နေရာတွင် စိုက်ပျိုးရပါမည်။

စိုက်ခန်း၏ အပူချိန်သည် (၃၀ – ၃၅) ဒီဂရီ စင်တီဂရိတ်ရှိ၍ စိုထိုင်းစ (၈၀ – ၉၀)% ရှိရန် လိုအပ်ပါသည်။ အစိုဓာတ်မဆုံးရှုံးစေရန် စိုက်ခင်းပတ်လည်တွင် ဂုန်နီဖျင်ကာရံပြီး မျက်နှာကျက်ပြုလုပ်ပေးပါက ပိုကောင်းသည်။

မှိုစိုက်ထုပ်များကို စင်ပေါ်တွင် မျက်နှာပြင်ဖွင့်ထောင်၍ စိုက်ပျိုးနိုင်သလို ပလပ်စတစ်အိပ်ခွာ၍ မြေကျင်းထဲတွင် မြှုပ်၍လည်း စိုက်ပျိုးနိုင်ပါသည်။
အထူးလုပ်ဆောင်ချက်အနေဖြင့် စိုက်ထုပ်မျက်နှာပြင်တွင် သဲနှင့် မြေဆွေး (သို့) ကောက်ရိုးဆွေး နှင့်မြေဆွေး (သို့) တီမြေဆွေးကို (၁ – ၂) လက်မဖုံး၍ ရေအနည်းငယ်ပေးကာ စိုက်ပျိုးရပါမည်။

မှိုထုပ်များကို တိုက်ရိုက်ရေလောင်းပေးရန် မလိုဘဲ စိုက်ခန်း၏ စိုထိုင်းစမြှင့်မားအောင် ဖန်တီးပေးရန် လိုပါသည်။

စိုက်ခန်းအတွင်းရောက်ပြီး (၂) ပတ်ခန့်အကြာ မှိုသန္ဓေခဲ စတင်ထွက်ပြီး နောက်ထပ်(၁၀) ရက်ခန့် အကြာတွင် မှိုဆွတ်ခူးနိုင်ပါသည်။

ပထမအကြိမ်ဆွတ်ခူးပြီးလျှင် အပေါ်ယံမြေဆွေးကို အနည်းငယ်ဖွ၍ မြေဆွေးထပ်မံဖြည့်ပြီး ရေအနည်းငယ် ပေးရပါမည်။
ဤနည်းအားဖြင့် ဒုတိယ၊ တတိယအကြိမ် မှိုဆွတ်ခူးနိုင်ပါသည်။

သိုလှောင်သိမ်းဆည်းနည်း

အပူချိန် (၀) ဒီဂရီစင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိုလှောင်ပါက ( ၂ – ၃) ပတ်အထိ ထားနိုင်ပါသည်။
အေး၍ စိုစွတ်သော နေရာတွင် ထားမည်ဆိုပါက (၄) ရက်ခန့် အထိ ထားနိုင်ပါသည်။

စားသုံးနည်း

သက်သက်လွတ်ကြော်ချက်၍ လည်းကောင်း၊ အသားနှင့် ပေါင်း၍ လည်းကောင်း၊ ဟင်းသီး၊ ဟင်းရွက်တို့ဖြင့် ကြော်ချက်၍ လည်းကောင်း စားသုံးနိုင်ပါသည်။

Source -စိုက်ပျိုးနည်းပညာ

The post ⁠နို့စိမ်းမှို စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

စပါးမှိုသီး⁠ရောဂါ ⁠ကြိုတင်ကာကွယ်ရန် လိုက်နာ⁠ဆောင်ရွက်သင့်သည့်အချက်များ

$
0
0

စပါးမှိုသီးရောဂါ စတင်ဖြစ်ပေါ်လာချိန်တွင် စပါးစေ့များတွင် ပုံမှန်ထက် နှစ်ဆခန့် ကြီးမားတဲ့ အစိမ်းရောင် စိပ်းဝါရောင် မှိုအစုအခဲများ ဖုံးအုပ်ပြီးမှိုသီး များ ဖြစ်ပေါ်လာပါတယ်။ မှိုသီးများ ရင့်လွန်းချိန်မှာတော့ စိမ်းညိုညို အရောင်ပြောင်းသွားတတ်ပါတယ်။

စပါးမှိုသီးရောဂါ ကြိုတင်ကာကွယ်ရန် လိုက်နာဆောင်ရွက်သင့်သည့်အချက်များ

  • ရောဂါကျစိုက်ခင်းမှ မျိုးစေ့ကို ပြန်မသုံးပါနှင့်။
  • မျိုးစေ့ကို မှိုသတ်ဆေးတမျိုးမျိုးဖြင့် လူးနယ်ပြီးမှ စိုက်ပါ။
  • ဖုံးတုံးလုံးတုံးချိန်တွင် မန်ကိုဇက် ၈၀% WP (သို့မဟုတ်) Carbendazim ၅၀ % SL ဖျန်းခြင်း။
  • အနှံစထွက်ချိန်တွင် မန်ကိုဇက် ၈၀ % WP (သို့မဟုတ်) Carbendazim ၅၀ % SL ဖျန်းခြင်းဖြင့် ကြိုတင်ကာကွယ်နိုင် ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

The post စပါးမှိုသီး⁠ရောဂါ ⁠ကြိုတင်ကာကွယ်ရန် လိုက်နာ⁠ဆောင်ရွက်သင့်သည့်အချက်များ appeared first on Myanmar Farmers' Portal.

တောင်သူကိုတိုင် စပါးမျိုးသန့်ရွေးချယ်ခြင်း နည်းပညာ

$
0
0

က။ မျိုးသန့်စင်မှုရှိ/မရှိကို စိုက်ပျိုးပြီး အပင်ပွားစည်းချိန်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်တို့တွင် ကြည့်ရှု့ရပါမည်။

ခ။ ကြည့်ရှု့ရာတွင် စိုက်ထားသည့်အတန်းလိုက် တစ်တန်းချင်းစီကို ကြည့်ရှု့စစ်ဆေးရပါမည်။

ဂ။ အပင်ပုံသဏ္ဍန် လုံးဝမတူညီသည့် အတန်းများတွေ့ရှိပါက ထိုအတန်းလိုက်ကို နှုတ်ပယ်ရမည်ဖြစ်ပါသည်။

ဃ။ ရင့်မှည့်ချိန်တွင် မျိုးကွဲနှုတ်ပယ်ခြင်း အဓိကဆောင်ရွက်ရပါမည်။ မျိုးကွဲနှုတ်ပယ်ရာတွင် အောက်ဖော်ပြပါ အပင်လက္ခဏာများအား တွေ့ရှိပါက နှုတ်ပယ်ရန် လိုအပ်ပါသည်။
• စိုက်ခင်းအတွင်း ရင့်မှည့်မှု စောလွန်း/နောက်ကျလွန်းသည့် အပင်များ
• နှံ အတိုအရှည် သိသိသာသာ ကွဲပြားနေသည့်အပင်များ။
• စပါးလုံး အရွယ်အစားနှင့်အမျိုးအစား မတူညီသော အပင်များ။
• စပါးခွံရောင် မတူညီသောအပင်များ။
• စပါးစေ့တွင် အမြီးပါ/မပါ ၊ အမြီးပါလျှင် အတိုအရှည်မတူညီသောအပင်များ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post တောင်သူကိုတိုင် စပါးမျိုးသန့်ရွေးချယ်ခြင်း နည်းပညာ appeared first on Myanmar Farmers' Portal.

စပါးအထွက်တိုး⁠စေရန် စိုက်ပျိုးေ⁠မြအလိုက်ေ⁠မြ⁠သြဇာကို စနစ်တကျအသုံး⁠ပြု⁠ခြင်း

$
0
0

စပါးသီးနှံ အဟာရပြည့်ဝပြီး အထွက်နှုန်းတိုးစေရန်အတွက် မိမိစိုက်ပျိုးမယ့် မြေအမျိုးအစားကိုလိုက်ပြီး မြေသြဇာကို စနစ်တကျသုံးစွဲရန် လိုအပ်ပါတယ်။

ဒါ့ကြောင့် စပါးအထွက်တိုးစေရန် စိုက်ပျိုးမယ့်မြေအလိုက် မြေသြဇာကို စနစ်တကျအသုံးပြုခြင်း အကြောင်းကို Pissaya Info မှ တောင်သူဦးကြီးများအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

သစ်စိမ်းမြေသြဇာပင်များ အားအကောင်းဆုံး ထယ်ထိုးမြေမြုပ်ချိန်သည် အပင်အသက် (၄၀ မှ ၄၅) ရက်သားအချိန်ဖြစ်သည်။

အချဉ်ဓာတ်ကဲသောမြေများ ၊ ဒုံပေါက်သောမြေများ ၊ မြေဆီသြဇာ မထက်သန်သော မြေများနှင့် သဲ ဆန်သောမြေများတွင် စပါးခွံများကို မဲသွားရုံမျှသာ မီးရှို့ပေးထားသည့် စပါးခွံ ဖွဲပြာ (Charcoal Rice Husk )ကို တစ်ဧကလျှင် အနည်းဆုံး ၅ တန် နှုန်းထည့်သွင်းအသုံးပြုပေးပါ။

ကန့်ဓာတ်ချို့တဲ့သော စပါးစိုက်မြေများတွင် ဂျစ်ပဆန်မြေသြဇာကို တစ်ဧကလျှင် ဆာလ်ဖာ ၇ပေါင်နှုန်းအား မြေခံထည့်ပေးခြင်းဖြင့် စပါးအတွက် ၂၈% မှ ၃၀% ထိတိုးစေနိုင်ပါသည်။

Source – စိုက်ပျိုးဦးစီးဌာန

The post စပါးအထွက်တိုး⁠စေရန် စိုက်ပျိုးေ⁠မြအလိုက်ေ⁠မြ⁠သြဇာကို စနစ်တကျအသုံး⁠ပြု⁠ခြင်း appeared first on Myanmar Farmers' Portal.


အပူပိုင်းဒေသတွင် ဘောစကိုင်းစိုက်ပျိုးခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ

$
0
0

(၁) မိုးနည်းရေရှားဒေသဖြစ်သော အပူပိုင်းဇုံတွင် ယာခင်းများပတ်လည်၌ ကြီးထွားမှုလျှင်မြန်သော ဘောစကိုင်းပင်များကို စိုက်ပျိုးခြင်း အားဖြင့် အမြဲစိမ်းလန်းသစ်တောများ (Ever green Forest) အဖြစ် တည်ရှိနေမည်ဖြစ်ပြီး အနီးဝင်းကျင်တွင် မိုးလေ၀သရာသီဥတု (Microclimate) တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါသည်။

(၂) ယာသီးနှံခင်းများ၏ လမ်းဘေးတစ်လျှောက်နှင့် စိုက်ခင်းပတ်လည်တို့တွင် လေကာတန်းများအဖြစ် စိုက်ပျိုးပြီး နှစ်စဉ်နှစ်တိုင်း အ ကိုင်းနုနှင့် အရွက်တို့ကို ခုတ်ယူကာ သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။ တစ်ဧက ပတ်လည်တွင် ဘောစကိုင်းလေကာတန်း စိုက်ထားပါက မြေသြဇာအပြင်တစ်နှစ်လျှင် ထင်း(၃)တန်ခန့် ရရှိနိုင်ပါသည်။

(၃) တစ်ဧကလျှင် ဘောစကိုင်းမျိုးစေ့ (၈)ပြီနှုန်းကြဲပတ်ပြီး အပင်များ (၄)ပေမှ (၅)ပေခန့် မြင့်လာသောအခါ မြေထဲသို့ထယ်ဖြင့် ထိုးမြှုပ် သောနည်းဖြင့်လည်း မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။

(၄) ကြက်၊ ၀တ်၊ နွား တို့ကို အစာစိမ်းအဖြစ်ကျွေးပါက ကြီးထွားမှုလျှင်မြန်ပါသည်။

(၅) အရွက်များကို သီးနှံပင်တန်းကြားများအတွင်းသို့ ထည့်ပေးခြင်းဖြင့် ဓာတ်မြေသြဇာကဲ့သို့ သီးနှံအတွက် တိုးစေပါသည်။

(၆) ဘောစကိုင်းတွင် နိုက်ထရိုဂျင် (၂.၁% မှ ၄.၃%)၊ ဖော့စ်ဖရပ်စ် (၀.၂၀%)၊ ပိုတက်ဆီယမ် (၀.၅၆%) ပါဝင်ပါသည်။ အရွက်စိမ်း (၅၀၀) ပေါင်ထည့်ပေးလျှင် အမိုနီယမ်ဆာလ်ဖိတ် (၁၀၀)ပေါင် ထည့်ပေးခြင်းနှင့် တူညီပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post အပူပိုင်းဒေသတွင် ဘောစကိုင်းစိုက်ပျိုးခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ appeared first on Myanmar Farmers' Portal.

သ⁠င်္ကြန် ထမင်း⁠ပြုလုပ်နည်း

$
0
0

ဆန် ၄ဗူးခန့်ကို ဆေးကြောသန့်စင်ထားပါမယ်။

ပြီးလျှင်တော့ ပုံမှန်ထမင်းချက်သလို ဆန်လုံးကွဲတဲ့ အထိ ချက်ပြီး သင့်တော်တဲ့ အချိန်မှာ ဇကာထဲလောင်းထည့်ပြီး ရေသန့်အေးအေးလေးနဲ့ ထပ်ဆေးပြီး အိုးတစ်လုံးထဲ ထည့်ထားပါမယ်။

ရေသန့်ရေခဲ တစ်ထုပ်လောက်ထမင်းထဲထည့်ထားပါ။

ငါးခြောက်ထောင်းကြော်နည်း

ငါးခြောက် ၄၀သား ကိုရေ ၂လီတာခန့်ဖြင့် မီနစ်၄၀ခန့်ပြုတ်ပါ။

ပြုတ် ပြီးသားငါးခြောက်ကို အရိုးနွင်၍ရရှိလာသော အသားများကို မွှအောင်ထောင်းပါ။

ကြက်သွန်နီ ၅လုံး ကြက်သွန်ဖြူဥကြီး ၂လုံးခန့်အခွံခွာပါးပါးလှီးထားပါ။

ဒယ်အိုးထဲဆီ..၁၀သားခန့်ထည့်၍ကြက်သွန်ဖြူ  ၊ နီတို့ကိုနနွင်းမှူန့်အနည်းငယ်ထည့်ကာဆီ သတ်ပါ။

ကြက်သွန်များနွမ်းလာပါက ထောင်းထားသောငါးခြောက်များထည့်ကာ မီးဖြည်းဖြည်းဖြင့် မီနစ်၂၀ခန့် ကြော်ပေးပြီး မီးပိတ်အအေးခံထားပါမယ်။

သရက်ချဉ်သုပ် နည်း

သရက်သီးစိမ်း ၁လုံးခန့်ကိုဆေးကြောသန့်စင်ပြီ့း ခြစ်ဖြင့်ခပ်ပါးပါးခြစ်ထားပါ။ ဂေါ်ဖီ ၁၀သားခန့်ခပ်ပါးပါးလှီးထားပါ။ ပုဇွန်ခြောက် မှူန့်ထမင်းစား ဇွန်း၂ဇွန်း၊ မြေပဲမှူန့် ထမင်းစားဇွန်း၃ဇွန်း၊ ဆားအနည်းငယ်၊ ဟင်းခတ်မှူန့် အနည်းငယ်ဖြင့် သမအောင်ရောနယ်ပြီးသုပ်ထားပါ။

ပန်းကန်ထဲ ထမင်းထည့်ပြီးရေသန့်အေးအေးလေးထည့်ထားပါမယ်။ ငါးခြောက်ထောင်းကြော် ၊ သရက်ချဉ်သုပ် တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ ဖြစ်ပါတယ်။ နောက်နေ့တွေမှာလည်း အရသာရှိပြီး လွယ်လွယိကူကူ ပြုလုပ်နိုင်တဲ့ သင်္ကြန်သရေစာပြုလုပ်နည်းတွေကို ထပ်မံတင်ဆက်ပေးပါမယ်။

Pissaya Info

The post သ⁠င်္ကြန် ထမင်း⁠ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.

အုန်း⁠နို့ သာကူ⁠ပြုလုပ်နည်း

$
0
0

ပါဝင်သောပစ္စည်းများ

သာကူစေ့ – ၁၅၀ ဂရမ်

ရေ – ၅ ခွက်

ထန်းလျက် – ၁၅ ကျပ်သား

ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ကန်စွန်းဥ – အကြီး ၃ လုံး

အုန်းသီးဖတ်

အုန်းနို့ - ၂၀၀ မီလီလီတာ ml

ပြုလုပ်နည်း

ကန်စွန်းဥကို နူးအိနေအောင်ပြုတ်ပြီးအတုံးလေးတွေတုံးထားပါ။

အုန်းနို့ ကိုပွက်အောင်တည်ပြီးအအေးခံထားပါ။

သာကူကိုရေဆေးပြီးရေစစ်ထားပါ။

ရေ ၅ ခွက်၊ဆားနှင့် ထန်းလျက်တို့ ကိုအိုးကြီးကြီးတခုထဲထည့်ပြီး ထန်းလျက်များအရည်ပျော်လာသည်အထိတည်ပါ။

ထန်းလျက်အရည်ပျော်သွားလျှင် ရေစစ်ဖြင့် အမှိုက်များစစ်ပါ။

ထို့ နောက်စစ်ထားသော ထန်းလျက်ရည်ကို မီးဖိုပေါ်မှာပွက်လာအောင်တည်ပါ။
ပွက်လာလျှင် သာကူစေ့များကိုထည့်ရ်ျ အဆက်မပျက်မွှေပါ။
သာကူစေ့ရဲ့ အဖြူအစံများပျောက်လျှင် တုံးထားသော ကန်စွန်းဥများကိုထည့်ရ်ျ မီးဖိုပေါ်မှချပါ။

ကန်စွန်းဥသာကူကျိုကိုစားခါနီးလျှင် အုန်းနို့ ဆမ်း၊ အုန်းသီးဖြူးရ်ျ သုံးဆောင်နိုင်ပါပြီ ဖြစ်ပါတယ်။

နောက်နေ့တွေမှာလည်း အရသာရှိပြီး လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ သင်္ကြန်သရေစာမုန့်လုပ်နည်း တွေကို ထပ်မံတင်ဆက်ပေးပါမယ်။

Pissaya_Info

The post အုန်း⁠နို့ သာကူ⁠ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.

⁠ရွှေရင်⁠အေး ⁠ပြုလုပ်နည်း

$
0
0

ပါဝင်ပစ္စည်းများ

မုန့်လက်ဆောင်းဖတ် ၁၀၀၀ မီလီလီတာ

သာကူ ၂၅ ကျပ်သား ကျိုထားပါ

ကောက်ညှင်းပေါင်း ဆန်ချိန်ခွက် ၃ ခွက်ပေါင်းထားပါ

ပေါင်မုန့် ၁၀ ချပ်

အုန်းနို့ကျောက်ကျော ၂၅ ဂရမ် ကျိုထားပါ။

အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ)

သကြား ၂၅၀ ဂရမ် ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။

ရေခဲ လိုသလောက်

ဆား အနည်းငယ်

ပြုလုပ်နည်း

မုန့်လက်ဆောင်းဖတ်၊ အုန်းနို့ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ကောက်ညှင်းပေါင်း တို့ကို တစ်အိုးဆီ အဆင်သင့် ပြင်ထားပါမယ်။
အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ) ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ဖျော်ထားပါမယ်။

သကြား ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။

ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပီး သကြားရည်၊ အုန်းနို့ရည်လေး ဆမ်းစားနိုင်ပြီ ဖြစ်ပါတယ်။

နောက်နေ့တွေမှာလည်း အရသာရှိပြီး လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ သင်္ကြန်သရေစာမုန့်လုပ်နည်း တွေကို ထပ်မံတင်ဆက်ပေးပါမယ်။

Pissaya Info

The post ⁠ရွှေရင်⁠အေး ⁠ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.

⁠ရောင်စုံမုန့်လုံး⁠ရေ⁠ပေါ် ⁠ပြုလုပ်နည်း

$
0
0

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့် – ၁၀၀၀ဂရမ်

ဆန်မှူန့် – ၂၀၀ ဂရမ်

ရေသန့် – ၄၀၀ml

ဆား ထမင်းစားဇွန်းဝက်

ရောင်စုံ food colour

အုန်းသီးခြစ်ပြီးသား တစ်လုံးခန့်

ထန်းလျက်ခဲ.. ၁၅ကျပ်သား

ပြုလုပ်နည်း

ပထမဦးစွာ ကောက်ညှင်းမှူန့်၊ ဆန်မှူန့်၊ ဆား၊ ရေသန့်တို့ကိုဇလုံတစ်ခုတည်းထည့်၍ သမအောင်ရောနယ်ထားပါ။

ရရှိလာသောမုန့်နှစ်များ ၅ပုံ ခွဲ၍ အရောင် တစ်ရောင်ခြင်းစီစပ်ကာ နယ်ထားပါ။ထန်းလျှက်ခဲကို၎စိတ် စိတ်၍ မုန့်နှစ်နှင့်အတူအလုံး ပုံသဏ္ဍန်လေးဖြစ် အောင်ရောလုံးပါ။

တစ်ရောင်ခြင်းစီ လုံးပြီးပါက ရေသန့် ၃လီတာခန့်အိုးထဲ ဆူပွက်အောင်တည်ပြီး မုန့်လုံးလေးများထည့်ပြုတ်ပါ ။

ဆူပွက်နေသောရေပေါ်သို့ မုန့်လုံးလေးများတက်လာပါက ဆယ်ယူပြီး ရေအေး ဇလုံထဲ ၁၀မီနစ်ခန့်စိမ်ပြီးမှ ဆယ်ယူပါ။

မုန့်လုံးရေပေါ် လေးများကို အုန်းသီးခြစ်ပြီးသားလေးများဖြူကာ သုံးဆောင်နိုင်ပါဖြစ်ပါတယ်။

နောက်နေ့တွေမှာလည်း အရသာရှိပြီး လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ သင်္ကြန်သရေစာမုန့်လုပ်နည်း တွေကို ထပ်မံတင်ဆက်ပေးပါမယ်။

Pissaya Info

The post ⁠ရောင်စုံမုန့်လုံး⁠ရေ⁠ပေါ် ⁠ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.

Viewing all 691 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>