Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all 691 articles
Browse latest View live

သာကူ⁠ပြင် ⁠ပြုလုပ်နည်း

$
0
0

ပါဝင်သောပစ္စည်းများ

သာကူစေ့ ၁၀၀ ဂရမ်

သကြား – ၅၀ ဂရမ်

ဆား အနည်းငယ်

ရေ – .၁၂၀ ml

ဆီ – အနည်းငယ် (ဒါး၊ မုန့်ဖုတ်ခွက် တို့ကို သုတ်ရန်)

အုန်းသီး ခြစ် – ၁/၄ ခွက်

ပြုလုပ်နည်း

သာကူကို ၂ နာရီ ရေစိမ်ပါ။

အချိန်စေ့တဲ့အခါ ဇာကာဖြင့်ရေစစ်ထားပါ။ (တချို့သာကူ ရေစိမ်တာနဲ့ ပြဲထွက်သွားတတ်)

သာကူချက်မည့်အိုးထဲတွင် ရေ ၁၂၀ မီလီလီတာကို ကြိုပါ၊ သကြား၊ဆား တို့ ထည့်မွှေပါ။

ပွက်ပွက်ဆူလျှင် သာကူထည်ပါ.ထွေးပီးကပ်မသွားအောင်မွှေပေးပါ။

အ၇မ်းမမွှေပါနှင့် သာကူကျေပီး စီးစီး ထွေးထွေးကြီး ဖြစ်သွားတတ်သည်..။

အထက်အောက်လှန်ပေးပီး မျက်စေ့ပျောက်သည့်အခါ အောက်ခြေ ဆီသုပ်ထားသော မုန့်ဖုတ်မဲ့ ခွက်ထဲပြောင်းထည့်ပါ။ ဖြန့်တဲ့ အခါ ယောင်းမကို ဆီဆွတ်ပြီးဖြန့်ပါ၊

အေးတဲ့ အခါ ကပ်ကြေးနှင့် ညှပ်ပြီး အုန်းသီးဖြူးကာ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

နောက်နေ့တွေမှာလည်း အရသာရှိပြီး လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ သင်္ကြန်သရေစာမုန့်လုပ်နည်း တွေကို ထပ်မံတင်ဆက်ပေးပါမယ်။

Pissaya Info

The post သာကူ⁠ပြင် ⁠ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.


အပူပိုင်း⁠ဒေသတွင် ပဲစင်းငုံစိုက်⁠ခြင်း၏ အကျိုး⁠ကျေးဇူးများ

$
0
0

(၁) ပဲစင်းငုံမှ လူတို့အစားအစာ၊ တိရစ္ဆာန်အစားအစာနှင့် မီးဖိုချောင်သုံးလောင်စာထင်းတို့ကို ရရှိပါသည်။

(၂) မြေဆီလွှာ အတွင်း နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ်စ်အာဟာရဓါတ်ကို ကြွယ်ဝစေပါသည်။

(၃) ပဲစင်းငုံရွက်ကြွေများကြောင့် မြေဆီလွှာအတွင်း မြေဆွေးဓာတ် ကြွယ်ဝစေပါသည်။

(၄) ပဲစဉ်းငုံသည် မိုးခေါင်ဒဏ်ခံနိုင်၍ ပုံမှန်အထွက်နှုန်းကို ရရှိစေနိုင်ပါသည်။

(၅) သို့ဖြစ်ပါ၍ ပဲစင်းငုံကို တိုးချဲ့စိုက်ပျိုးသုံးစွဲရန် လိုအပ်လာပြီဖြစ်ပါသဖြင့် ပဲစင်းငုံ စနစ်တကျ စိုက်ပျိုးနည်းအကျဉ်းကို အောင်တွင် ဖော်ပြပေးလိုက်ပါသည်။

ပဲစင်းငုံ စိုက်ပျိုးပြုစုနည်း

() စိုက်ပျိုးနည်း။ ပဲစင်းငုံသည် မြေနီကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေတို့တွင် ကောင်းစွာပေါက်ရောက်ဖြစ်ထွန်းသည်။ နုန်းမြေစေး ၌ ပိုမို သန်စွမ်းသည်။ မြေကို အခြားယာသီးနှံများ စိုက်ပျိုးသည့်နည်းတူ ထယ်ထိုးထွန်ယက်ပြီး ပင်ပြန့်ဖြစ်လျှင် တစ်ပင်နှင့်တစ်ပင် (၄ပေမှ ၆ပေ)၊ ပင်ထောင် ဖြစ်လျှင်(၄ပေ)ပတ်လည် (သို့မဟုတ်) ကန့်လန့်ဖြတ် (၄ပေ) နှင့် (၃ပေ) ထွန်ကြောင်းများစုံရာ၌ တစ်ကျင်းလျှင် (၂စေ့ မှ ၃စေ့)ထည့်ပြီး မြေကိုဖုံးအုပ်ရမည်။ အပင်ပေါက်စုံသည့်အခါ သန်မာသည့် တစ်ပင်ကိုသာချန်၍ ကျန်အပင်များကို နှုတ်ပစ်ရသည်။ (၂) သီးညှပ်စိုက်ပျိုးခြင်း။ တစ်တန်းနှင့်တစ်တန်း (၆)ပေ သို့မဟုတ် (၄)ပေကွာ စိုက်ပျိုးထားသည့် ပဲစင်းငုံပင်ပြန့်၊ ပင်ထောင်သက်ကြီး မျိုးများ အတန်းအတွင်း၌ မိုးဦးနှမ်းလျင်၊ ပင်ထောင်မြေပဲ၊ နှံစားပြောင်း၊ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း တို့ကို စိုက်ပျိုးနိုင်ပါသည်။ ပဲစင်းငုံအတန်း ကြား၌ သီးနှံအမျိုးအစားလိုက်၍ (၃)တန်းမှ (၅)တန်းအထိ စိုက်ပျိုးနိုင်ပါသည်။

() အပင်ပြုစုခြင်း။ ပဲစင်းငုံအပင်ကလေးများ (၂၅-၃၅)ရက်သားအတွင်းပေါင်းမြက်ရှင်းပေးပါက အထွက်နှုန်းသိသာစွာ တိုးမည်ဖြစ်ပါ သည်။ အချို့ဒေသတွင် မြေတွင်းအောင်းပိုးများရှိတတ်သည်။ သီးထောင့်ထိုးပိုး၊ ဗိုင်းရပ်စ်ရောဂါနှင့် ပင်ညှိုးရောဂါများ ကျရောက်မှုများ တတ်ပါသည်။ အချိန်မီ ကြိုတင်ကာကွယ်နှိမ်နင်းရန် လိုအပ်ပါသည်။

() ရိတ်သိမ်းခြင်း။ ပဲစင်းငုံရင့်မှည့်လျှင် သီးတောင့်များ အ၀ါရင့်ရောင် (သို့မဟုတ်) အညိုရောင် ပြောင်းလာပါသည်။ တစ်ခင်းလုံးရှိ ပဲစင်းငုံအသီးများ ဤအခြေအနေရောက်လာလျှင် ဒေသ၊ ရေ။မြေ နှင့် ပဲစင်းငုံမျိုးအလိုက် အပင်ကို နှုတ်၍သော်လည်းကောင်း၊ ခုတ် ၍သော်လည်းကောင်း ရိတ်သိမ်းနိုင်ပါသည်။ ပဲစင်းငုံမျိုးနှင့် စိုက်ပျိုးပုံစနစ်အရ တစ်ဧကမှ (၁၀-၂၂)တင်း ထွက်နိုင်ပါသည်။

၇။ အပူပိုင်းဒေသ မြေဆီလွှာခန်းခြောက်သည့် နေရာများတွင် ပဲစင်းငုံနှင့် ဘောစကိုင်းများ စိုက်ပျိုးခြင်းအားဖြင့် မြေဆီလွှာအတွင်း မြေဆီ သြဇာ ထက်သန်လာခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာခြင်း၊ ထင်းလောင်စာ ပိုမိုရရှိလာခြင်း အကျိုးကျေးဇူးများကို ရရှိလာ မည်ဖြစ်ပါသည်။ မြေဆီသြဇာထက်သန်ကောင်းမွန်လာ၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုသည်လည်း မြင့်မားတိုးတက်လာမည် ဖြစ်ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post အပူပိုင်း⁠ဒေသတွင် ပဲစင်းငုံစိုက်⁠ခြင်း၏ အကျိုး⁠ကျေးဇူးများ appeared first on Myanmar Farmers' Portal.

ကုလားပဲ ရိတ်သိမ်းချိန်လွန်တွင် သတိပြုရမည့်အချက်များ

$
0
0

ကုလားပဲ ရိတ်သိမ်းချိန်လွန်တွင် သတိပြုရမယ့် အချက်အနေဖြင့် သီးနှံများကို ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင် တွယ်ထိန်းသိမ်းတတ်မှု လုပ်ငန်းများ ဖြစ်ပါတယ်။

 မြန်မာအမည် – ကုလားပဲ

အင်္ဂလိပ်အမည် – Gram Whole, Yellow Gram, Chick Pea Bengal gram, garbanzo or                                   garbanzo bean Tyson, Gram Pea

ရုက္ခဗေဒအမည် – Cicer Arietinum

မူရင်းဒေသ       – ဥရောပတောင်ပိုင်း (သို့မဟုတ်) အနောက်အာရှ

HS.Code         – 0713.20.00.00

 ရိတ်သိမ်းချိန်လွန်တွင် သတိပြုရမည့်အချက်      

ရိတ်သိမ်းချိန်လွန်တွင် သတိပြုရမည့် အချက်အနေဖြင့် သီးနှံများကို ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင် တွယ်ထိန်းသိမ်းတတ်မှုအပေါ်တွင် မူတည်နေမှာဖြစ်ပြီး ရိတ်သိမ်းချိန်လွန်တွင် ပဲမျိုးစုံသီးနှံများအား ထိန်းသိမ်းရာ၌ သိုလှောင်ရုံနှင့် ပတ်ဝန်းကျင် ရေဝပ်မှုမရှိစေရန်၊ သန့်ရှင်းမှု၊ သိုလှောင်ရုံဧရိယာ သယ် ယူပို့ဆောင်ရေးယာဉ်နှင့် ထုပ်ပိုင်းပစ္စည်း စသည်တို့ကို ဓာတုဆေးများဖြင့် ပက်ဖြန်းပေးရန် လိုအပ်မည် ဖြစ်ပါသည်။

ကြွက်အန္တာရာယ်နှင့် သန့်ရှင်းရေးထိခိုက်စေမည့် အခြားဇစ်မြစ်များကိုလည်း အထူးဂရုပြု ရမည် ဖြစ်ပါသည်။

သို့မှသာ အရည်အသွေးပြည့်မှီစွာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

အစိုဓာတ်ကို ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ဂရုပြုသိုလှောင်ပြီး မှန်ကန်စွာ စစ်ဆေးနေရမည်ဖြစ်ပါသည်။

၎င်းအပြင် ပဲသီးနှံများ သည် အဓိက ရေငွေ့ပျံခြင်း၊ စိုထိုင်းဆများမှု တို့ကြောင့် ပျက်စီးလွယ်တတ်သည်ဖြစ်၍ ပတ်ဝန်းကျင်စို ထိုင်းဆ ၄၀ ရာခိုင်နှုန်းထက် မပိုအောင် ဂရုစိုက်ရမည်ဖြစ်ပါသည်။

အထူးသဖြင့် ပိုးကျရောက်မှုမှ ကင်း ဝေးစေရန် ကျရောက်တတ်သော ပိုးများနှင့် အသုံးပြုရမည့် ဆေးများကို စနစ်တကျ အချိန်ကာလအ လိုက် ကာကွယ်နှိမ်နင်းရန်မှာလည်း များစွာအရေးကြီးမည်ဖြစ်ပါသည်။         

Source – စိုက်ပျိုးရေးဦးစီးဌာန                          

 

The post ကုလားပဲ ရိတ်သိမ်းချိန်လွန်တွင် သတိပြုရမည့်အချက်များ appeared first on Myanmar Farmers' Portal.

ပဲတီစိမ်း၊ မတ်ပဲအဝါ⁠ရောင်မို⁠ဇေ့⁠ရောဂါသက်သာ ⁠လျော့နည်း⁠စေရန် လိုက်နာ⁠ဆောင်ရွက်သင့်သည့် အချက်များ

$
0
0
  • အဝါရောင် မိုဇေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးပါ။
  • အဝါရောင် မိုဇေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပဲတီစိမ်းမျိုးများမှာရေဆင်း – ၁၀ ၊ရေဆင်း – ၁၁ ၊ရေဆင်း – ၁၃ ၊ရေဆင်း – ၁၄ ၊ မြစိမ်းရောဂါကင်းလွတ်နိုင်မည့် စိုက်ချိန်များကို အောက်ပါအ တိုင်းညှိ၍ စိုက်ပျိုးပါ။
  • ပဲတီစိမ်းကို ဇွန်လမှ စက်တင်ဘာလအတွင်း စိုက်ပျိုးပါက ရောဂါကင်းလွတ်နိုင်ပါမည်။
  • စပါးအပြီးစိုက်မည့် မတ်ပဲကို နိုဝင်ဘာလ (၁၅) ရက်မတိုင်မီ အပြီးစိုက်နိုင်မှသာ ရောဂါသက် သာစေပါမည်။
  • ရောဂါကျအပင်များကို နှုတ်ယူ၍ မီးရှို့ဖျက်ဆီးပေးပါ။
  • ရောဂါသယ်ဆောင်ကောင်ဖြစ်မည့် ယင်ဖြူအား ပင်လုံး ပျံ့အာနိသင်ရှိသော ဓာတုပိုးသတ် ဆေးကို ထိရောက်စွာ ဖျန်းပေးပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ပဲတီစိမ်း၊ မတ်ပဲအဝါ⁠ရောင်မို⁠ဇေ့⁠ရောဂါသက်သာ ⁠လျော့နည်း⁠စေရန် လိုက်နာ⁠ဆောင်ရွက်သင့်သည့် အချက်များ appeared first on Myanmar Farmers' Portal.

မှိုထုပ်ဖွင့်⁠ပြီး⁠နောက် မှိုထွက်ရန်⁠ကြာ⁠နေ⁠ခြင်းကိုေ⁠ဖြရှင်းနည်း

$
0
0

(၁) မှိုမျှင်မရင့်သေးခြင်း။(သာမာန်အားဖြင့် တစ်ထုပ်လုံးမှိုမျှင်ပြည့် ပြီးနောက် အထုပ်မဖွင့်မီ ၈ ရက်မှ ၁၂ ရက်ထားပါ။)

(၂) ပူလွန်းခြင်း ၊ အေးလွန်းခြင်း ၊(၂ ဝံစီ – မှ ၃၀ံစီကြားတွင်ရှိရမည်)

(၃) မျိုးအားနည်းခြင်း (တစ်သျှူးအသားစမှ မျိုးကူးပြီးနောက်ဆင့်ပွားကြိမ်များလွန်းခြင်း ၊ ၃-၅ ကြိမ် ထက်မပိုစေရ)

(၄) အစိုဓာတ်မလုံလောက်ခြင်း (အနည်းဆုံး အစိုဓာတ်၈၀ ရာခိုင်နှုန်း ထိန်းပေးပါ)

(၅) လေဝင်လေထွက် မလုံလောက်ခြင်း(မှိုတဲကို ပလပ်စတစ်ကာမထားရ။ညဖက်တွင်တံခါး ၊ပြတင်းပေါက်များဖွင့်ထားပါ)

မှိုထွက်သော်လည်းဆက်မကြီးခြင်း

(၁) ထွန်းခြင်း (သို့) မျိုးညံ့သွားခြင်း(ကြီးမားသောတစ်ပွင့်တည်းသော အလေးချိန်စီးသော မှိုပွင့်မှ မျိုးယူပါ)

(၂) မှိုထုပ်ဖွင့်ရာတွင် ကျယ်လွန်းခြင်း။နွေရာသီတွင် အများဆုံးဖြစ်တတ်သည်။သန္ဓေခဲများ များလွန်း ပါက၄င်းတို့အားလုံး ကြီးထွားရန် အစာမလုံလောက်ပေ။ဖော်ပြခဲ့သော ဓာတ်မြေသြဇာဖျော်ရည်ကို သုံးပါ။

(၃) အကြိမ်များစွာ ခူးဆွတ်ပြီး၍ အဟာရမရှိတော့ခြင်း။

(၄)အပူချိန်ရုတ်တရက်ပြောင်းသွားခြင်း။ဥပမာဆောင်းဝင်လာခြင်း။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post မှိုထုပ်ဖွင့်⁠ပြီး⁠နောက် မှိုထွက်ရန်⁠ကြာ⁠နေ⁠ခြင်းကိုေ⁠ဖြရှင်းနည်း appeared first on Myanmar Farmers' Portal.

သရက်ပင်ကို စနစ်တကျေ⁠မြ⁠သြဇာ⁠ကျွေး⁠ခြင်း

$
0
0

သရက်သီးနှံ ရေရှည်စိုက်ပျိုးထုတ်လုပ်မှုအတွက် မြေကြီးထဲတွင် လုံလောက်သည့် အာဟာရဓါတ်ရှိရ မည်။
• လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ် မဖြစ်စေပြီး မှတ်ပုံတင်ထားသည့် မြေသြဇာများကိုသာ အသုံးပြုရမည်။
• မြေသြဇာသုံးစွဲခြင်းနှင့် ဆက်စပ်သည့် သီးနှံစိုက်ပျိုးရေးမှတ်တမ်းများ ထားရှိရမည်။
မြေသြဇာနှုန်းထား

သရက်ပင်တွင်ထည့်သွင်းရမည့် မြေသြဇာနှုန်းထားသည်
• မြေအမျိုးအစား ၊ မြေကြီးထဲတွင်ရှိသောအာဟာရဓါတ်
• အရွက်နှင့် မြေဆီလွှာ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုရလဒ်၊
• အပင်၏ ကြီးထွားမှုဖြစ်စဉ်တို့ပေါ် မူတည်သည်။သို့မှသာ ထည့်သွင်းရမည့် မြေသြဇာနှုန်းထား ကို မှန်ကန်စွာ ဆုံးဖြတ်ပေးနိုင်မည်။
ထည့်သွင်းရမည့်အချိန်

မြေသြဇာကို (သရက်ပင်များ) စတင်စိုက်ပျိုးထားသည့်အချိန်မှစ၍ မြေသြဇာစနစ်တကျထည့်သွင်းခြင်း လုပ်ငန်းကို ဆောင်ရွက် သင့်သည်။
• အသီးမသီးသေးသည့် အပင်ဖြစ်ပါက အကြိမ်ကြိမ်အလီလီခွဲ၍ ထည့်သွင်းပါ။သို့မှသာ အာဟာ ရဓါတ်ဆုံးရှုံးမှုကို ရှောင်ရှားနိုင်မည်။
• အသီးသီးသည့် အပင်များတွင် အသီးဆွတ်ခူးပြီးချိန်၊နောက်ဆုံးရေပေးသွင်းသည့်အချိန်နှင့် မိုး နောင်းရာသီတို့တွင် မြေသြဇာထည့်သွင်းသင့်ပါသည်။
ထည့်သွင်းရမည့်မြေသြဇာအမျိုးအစား

သရက်သီးခူးဆွတ်ပြီးချိန်တွင်
-နိုက်ထရိုဂျင်နှင့် ကယ်လ်ဆီယမ်ပါဝင်သည့် မြေသြဇာကို ထည့်သွင်းပါ။
– သရက်သီးခူးဆွတ်ပြီး (၄) ပတ်မှ (၆) ပတ်အကြာတွင် ဖော့စဖရပ်စ် မြေသြဇာကို ထည့်သွင်းပါ။
ပန်းမပွင့်ခင် (၁) လအလိုတွင် ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဘိုရွန်မြေသြဇာများကို ထည့်သွင်းပါ။
အရွက်သစ်ထွက်ချိန်တွင် ကြေးနီ၊ သံဓါတ်၊ မဂ္ဂနီးစ်၊ သွပ်၊ မော်လီဘဒီနမ်တို့ကို ရွက်ဖျန်းမြေသြဇာအနေနှင့် အသုံးပြုပါ။

မြေသြဇာထည့်သွင်းရမည့်နေရာ
• သရက်ပင်များတွက် အာဟာရဓါတ် စုပ်ယူစားသုံးမှုကို အပင်၏ မြစ်မွှားများ မှ ဆောင်ရွက်သည့်အတွက် မြေသြဇာကို သရက်ပင်၏ ပင်စည်နားအလွန်ကပ်၍ မကျွေးရပါ။
• သရက်ပင်၏ ပင်စည်မှ အနည်းဆုံး (၁) ပေခွဲခန့်အကွာ (သို့မဟုတ်) အပင်ရိတ်အ၀န်းအတွင်း (၆) လက်မ အနက်တွင် ထည့်သွင်းသင့်သည်။
• ကြဲပက်ကျွေးပါက မြေသြဇာကြဲပက်ပြီး မြေဖြင့်ပြန်ဖုံးပေးရန် လိုအပ်ပါသည်။
• ဖြစ်နိုင်လျှင် မြေသြဇာတစ်ခုချင်းစီတွင် ပါရှိသော နိုက်ထရိုဂျင် အချိုးအစားကို တွက်ချက်၍ ဓါတုမြေသြဇာနေရာတွင် သဘာဝမြေသြဇာများအစားထိုး၍ အသုံးပြုပါ။
• မြေသြဇာမကျွေးခင်အပင်ခြေရှိပေါင်းမြက်များကို ရှင်းလင်းရန် လိုအပ်ပါသည်။
• မြေသြဇာကျွေးချိန် မြေကြီးထဲတွင် လုံလောက်သော အစိုဓာတ်ရှိရပါမည်။

အပင်သက်တမ်းအလိုက်လိုအပ်သော မြေသြဇာနှုန်းထားများ

အော်ဂဲနစ်မြေသြဇာများ အသုံးပြုခြင်း

ကောင်းစွာဆွေးမြေ့သော သဘာဝမြေသြဇာများကိုသာ အသုံးပြုရမည်။
• ကျွဲ ၊ နွား ၊တိရစ္ဆာန်အညစ်အကြေးများကို ကောင်းစွာဆွေးမြေ့ပြီးမှသာလျှင် မြေသြဇာအဖြစ် ထည့်သွင်းအသုံးပြုရမည်။
• ရိတ်သိမ်းချိန်နှင့်နီးကပ်လာလျှင် အော်ဂဲနစ်မြေသြဇာ ထည့်သွင်းခြင်းကို လျှော့ချသုံးစွဲရမည်။
• တိရစ္ဆာန်အညစ်အကြေးပုံများနှင့် သဘာဝမြေဆွေးပုံများကို မြစ်ချောင်းများ ၊ ရေသိုလှောင် ကန်များနှင့် ဝေးရာတွင်ထားရမည်။
ပင်ကြွင်းပင်ကျန်များ စွန့်ပစ်ခြင်း
• အသီးသီးပြီးချိန်တွင် ပန်းခိုင်ဟောင်းများ ၊ ကိုင်းသေ ၊ ကိုင်းခြောက်များကျန်ရှိမနေစေရန် ရှင်းလင်းရမည်။
• ထပ်နေသည့်အရွက်များ ၊ အသီးနှင့် ကပ်လွန်းသောအရွက်များနှင့် ပုံမမှန်မသန်စွမ်းသည့် အသီးများနှင့် အပင်ခြေတွင် ကြွေကျနေသော အသီးပုပ်အကြွေများကို စနစ်တကျ ကောက် ယူဖျက်စီးပစ်ရမည်။
• ပိုးမွှားကာကွယ်မှု ထိရောက်စေရန်နှင့် နေရောင်ခြည်လုံလောက်စွာ ရရှိနိုင်မည့် အသီးများကို ထိခိုက်စေနိုင်သော ကိုင်းများ ၊ ပန်းခိုင်နှင့် အရွက်များကို ဖယ်ရှားရပါမည်။
• အပင်ခြေမှာ ကြွေကျနေသော အသီးပုပ်အကြွေများကို စနစ်တကျကောက်ယူဖျက်စီးပစ်ရမည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post သရက်ပင်ကို စနစ်တကျေ⁠မြ⁠သြဇာ⁠ကျွေး⁠ခြင်း appeared first on Myanmar Farmers' Portal.

လီလီပန်းတွင် ကျ⁠ရောက်တတ်⁠သော သရစ်ပိုး၊ ⁠နှင်းပန်းပင်စည်ဖူးမွှား ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း

$
0
0

လီလီပန်း သရစ်ပိုး

အင်္ဂလိပ်အမည် – Lily Thrip

သိပ္ပံအမည် – Liothrips vaneeki Priesner,1920

မျိုးရင်း – Thripidae

မျိုးစဉ် – Thysanoptera

ဖျက်ဆီးပုံလက္ခဏာများ

  • အပြင်ဖက်အကြေးခွံများ၏ အခြေတွင် သံချေးရောင် နေလောင်အစက်များ ဖြစ်စေသည်။
  • အပင်များပုသွားသည်။
  • ပန်းပွင့်များတွင် ဆဲလ်များသေသွားကြပြီး ပုံသဏ္ဍာန်မမှန်ဖြစ်သွားကြသည်။

ဖျက်ပိုး၏ ၀ိသေသလက္ခဏာ

အရောင်အားဖြင့် အ၀ါရောင်မှ အနက်ရောင် ရှိသည်။

ကာကွယ်နှိမ်နင်းခြင်း

  • ပွင့်ဖူးမထွက်ခင် ရေတစ်လီတာလျှင် မာလာသီယွန် ၅၀ အီးစီ (Malathion 50EC) (၁)မီလီလီတာ (သို့မဟုတ်) ကာဘာရိုင်းလ် ၅၀ ဒဗလျူပီ (Carbaryl 50 WP) (၂)ဂရမ်နှုန်း ရောစပ်ပက်ဖျန်းပါ။
  • ဖျက်ဆီးခံထားရသော ပင်စည်ဖူးများကို မီသိုင်းလ်ဘရိုမိုဒ် (Methyl bromide) ဖြင့် အဆိပ်ငွေ့မှိုင်းတိုက်ပါ။
  • တစ်ဧကလျှင် ကာဘိုဖျူရမ် (Carbofuran) ၁.၆ – ၄ ကီလိုဂရမ်နှုန်း မြေကြီးတွင် ကျဲပက်ပါ။

နှင်းပန်းပင်စည်ဖူးမွှား

အင်္ဂလိပ်အမည် – Lily Bulb Mite

သိပ္ပံအမည် – Rhizoglyphus echinopus (Fumouze & Robin,1868)

မျိုးရင်း – Acaridae

မျိုးစဉ် – Sacroptiformes

ဖျက်ဆီးပုံလက္ခဏာများ

  • ပွင့်ဖူးများနှင့် အမြစ်များကို စားသောက်ဖျက်ဆီးသည်။
  • အကြေးဖတ်များကို ဖျက်ဆီးပြီး ပင်စည်တွင်း ၀င်ရောက်သည်။
  • ဖျက်ဆီးခံရသော အရွက်များနှင့် ပင်စည်များ အ၀ါရောင်ဖြစ်လာသည်။

ဖျက်ပိုး၏ ၀ိသေသလက္ခဏာ

  • အရွယ်အစားအရမ်းသေးငယ်ပြီး ရိုးရိုးမျက်စိဖြင့် မြင်နိုင်သည်။
  • ဖြူဝါရောင်ရှိသည်။
  • ပန်းရောင်သန်းပြီး ပုတီးလုံးနှင့်တူကာ အရောင်တောက်ပပြီး နှေးကွေးစွာရွေ့လျားသော မွှားဖြစ်သည်။

ကာကွယ်နှိမ်နင်းနည်း

  • မြေဆွေးကို အသုံးပြုပါ။
  • ပင်စည်ဖူးများကို အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ဖြင့် မိနစ် (၃၀)ကြာ (သို့မဟုတ်) အပူချိန် (၈၀၀) ဒီဂရီစင်တီဂရိတ်ဖြင့် မိနစ် (၂၀) ကြာ ရေနွေးငွေ့ဖြင့် ပိုးသန့်ပါ။
  • စပါးနှင့် သီးလှည့်စိုက်ပြီး မြေကြီးကို နေလှမ်းကာ ထယ်ထိုးပြီး အကြာကြီးရေလွှမ်းထားပါ။
  • ပင်စည်ဖူးများကို ဓာတုဆေး (သို့) ရေနွေးဖြင့် ဆေးစီရင်ပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post လီလီပန်းတွင် ကျ⁠ရောက်တတ်⁠သော သရစ်ပိုး၊ ⁠နှင်းပန်းပင်စည်ဖူးမွှား ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.

( SRI) စပါးစိုက်ပျိုးနည်းစနစ် ၏ အကျိုးဆက်များ

$
0
0

SRI စပါးစိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ

မျိုးစေ့လိုအပ်ချက်နည်းသဖြင့် မျိုးဖိုးကုန်ကျစရိတ် သက်သာခြင်း

ရေသွင်း၊ ရေခမ်း စနစ်ဖြစ်ခြင်းကြောင့် ရေလိုအပ်မှု လျော့နည်းခြင်း

ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးအသုံးစရိတ် လျှော့နည်းခြင်း

မြေဆီလွှာကို အလှည့်ကျအခြောက်ခံခြင်းကြောင့် ပိုးမွှားရောဂါ ကျရောက်မှုလျော့နည်းခြင်း

အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကြောင့် ကျန်းမာရေး အထောက်အကူ ပြုခြင်း

ပင်ပွားများခြင်း၊ အနှံစက်ပိုရှည်ခြင်းနှင့် အစေ့အလေးချိန် တိုးသည့်အတွက် တစ်ဧကအထွက်နှုန်း တိုးခြင်း။

မူလမျိုးစေ့အနည်းငယ်မှ မျိုးစေ့အရေအတွက် များပြားစွာရရှိခြင်း

ကိုယ်ပိုင်မျိုးစေ့ ထုတ်ယူနိုင်ခြင်း

စပါးမျိုးတူလျှင် အသက်ရက် (၁၀)ရက်ခန့် စောရင့်မှည့်ခြင်း

ဇီဝဖြစ်စဉ်များစွာ ဖြစ်ပေါ်သည့်အတွက် မြေဆီသြဇာ တိုးတက်ဖြစ်ပေါ်ခြင်း

စပါးစေ့ အရွယ်အစားတူလျှင် အလေးချိန် ပိုခြင်း

စိုက်ပျိုးရန် သင့်တော်သောမြေ

ဆားဆပ်ပြာမပေါက်သောမြေ၊ ရေသွင်းရေထုတ်လွယ်ကူပြီး မြေသြဇာပြည့်ဝမြေဖြစ်ရန် လိုသည်။

ပျိုးပေါင်ပြင်ဆင်ခြင်းနှင့် ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်းအကျဉ်း

နှုံးမြေနှင့် နွားချေးကို (၇း ၂ ) ရောပြီး သမအောင် နယ်ပေးပါ အခင်းကို ပလပ်စတစ် (သို့) ငှက်ပျောရွက်သုံးပါ။ ၂” x ၁” အကွက် (၁၆) ကွက် ပါဝင်သော သစ်သားပေါင်ပြုလုပ်၍ ရောစပ်ထားသော မြေကို ထည့်ပါ။

အကွက် (၁၆) ကွက်ပါ သစ်သားတစ်ပေါင်တွင် စပါးမျိုးစေ့ နို့ဆီဘူး (၁၀) ဘူး အသုံးပြုပျိုးထောင်ပါ။

တစ်ဧကအတွက် အကွက် (၁၆) ကွက်ပါ ပျိုးပေါင် (၅) ပေါင် လိုအပ်၍ စပါးမျိုးစေ့ နို့ဆီဘူး (၁၀) ဘူး အသုံးပြု ပျိုးထောင်ပါ။

အကွက်ငယ်အတွင်းရောစပ်ထားသော မြေဖြည့်ထားသည့် မျက်နှာပြင်ကို ညီညာစေပြီး အညှောင့်ဖောက်ထားသော မျိုးစေ့များအား ညီညာစွာ ကြဲပက်ပါ။

မျိုးစေ့ကြဲပက်ပြီး မြေဆွေးခပ်ပါးပါး ဖုံးပေးပါ။

အစိုဓာတ်ရရှိစေရန် ရေပန်းကရားဖြင့် နေ့စဉ်နံနက်နှင့် ညနေတိုင်း ရေလောင်းပါ။

အရွက် နှစ်ရွက် ထွက်ချိန် ( ၈ – ၁၂) ရက်ချိန်သည် ပြောင်းရွေ့ စိုက်ပျိုးရန် အသင့်တော်ဆုံး ဖြစ်သည်။ ဤနည်းသည် ပျိုးနှုတ်စရိတ်သက်သာစေပြီး လွယ်ကူစွာ ပြောင်းရွှေ့ နိုင်သည်။

ပျိုးပင်ကို လက်ညှိုးနှင့် လက်မကြားထားပြီး မြေလုံးပါအောင် ယူကာ စိုက်ပျိုးပါ။ ပင်ကြား၊ တန်းကြား (၁၀ x ၁၀)လက်မထား စိုက်ပျိုးပါ။ ၁၂ တန်း ၁တန်းလှပ် လမ်းချန်ပြီး စိုက်ပျိုးပါ။

ပေါက်လိုက်သမန်းနှိုးခြင်းကို ပြောင်းရွှေ့ စိုက်ပျိုးပြီး (၁၀) ရက်ကြာတိုင်း လိုအပ်ချက်ကို ကြည့်၍ (၁၀)ရက်ခြားအနည်းဆုံး (၁) ကြိမ်မှ (၄)ကြိမ် အထိ ပြုလုပ်ပါ။ ပေါင်းတွန်းကိရိယာ မသုံးမီ (၁) ရက် ရေကြိုတင်သွင်းထားပါ။

SRI စပါး ပျိုးပေါင်ပြင်ဆင်ခြင်းနှင့် ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်းအကျဉ်းကို ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ စိုက်ပျိုးနည်းအသေးစိတ်ကို သိရှိလိုပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ရုံးတွေမှာ မေးမြန်းဆုံစမ်းနိုင်ပါတယ်။

The post ( SRI) စပါးစိုက်ပျိုးနည်းစနစ် ၏ အကျိုးဆက်များ appeared first on Myanmar Farmers' Portal.


လီလီပန်းတွင် ကျ⁠ရောက်တတ်⁠သော မက်မွန်စိမ်းပျ၊ ကျူးလစ်ပင်စည်ဖူးပျပိုး၊ ရွက်စားခူ⁠ကောင် ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း

$
0
0

မက်မွန်စိမ်းပျ

အင်္ဂလိပ်အမည် – Green Peach Aphid

သိပ္ပံအမည် – Myzus persicae (Sulzer,1776)

မျိုးရင်း – Aphididae

မျိုးစဉ် – Hemiptera

ဖျက်ဆီးပုံလက္ခဏာ

အကောင်ငယ်များနှင့် အရွယ်ရောက်ကောင်များ နူးညံ့သော အညွန့်များနှင့် ပန်းပွင့်များနှင့် ပွင့်ဖူးများပေါ်တွင် အစုလိုက် အပြုံလိုက်တွေ့ရပြီး သစ်ရည်ကို စုပ်ယူသည်။

နူးညံ့သော အညွန့်ဖူးများ၊ ပွင့်ဖူးများ အရွယ်မတိုင်မီ ကြွေကျသွားကြပြီး ပန်းပွင့်များ အရောင်လွင့်နေသည်။

ဖျက်ပိုး၏ ၀ိသေသလက္ခဏာ

စိမ်းဝါရောင် (သို့မဟုတ်) အနီရောင် ပျပိုးများသည် သစ်ရည်ကို စုပ်ယူသည်။

ကာကွယ်နှမ်နင်းခြင်း

နီကိုတင်းဆာလ်ဖိတ် (Nicotine sulphate) စားပွဲဇွန်းတစ်ဝက်နှင့် ဆပ်ပြာမှုန့် စားပွဲဇွန်း (၂) ဇွန်း ကို ရေတစ်ဂါလံတွင် ရောစပ်ပက်ဖျန်းပါ။

ကျူးလစ်ပင်စည်ဖူးပျပိုး

အင်္ဂလိပ်အမည် – Tulip Bulb Aphid

သိပ္ပံအမည် – Dysaphis tulipae (Boyer de Fonscolombe, 1841)

မျိုးရင်း – Aphididae

မျိုးစဉ် – Hemiptera

ဖျက်ဆီးပုံလက္ခဏာများ

အပင်ငယ်များ မသန်စွမ်းဖြစ်ကြကာ အပင်များသည် ယေဘုယျအားဖြင့် ကြည့်မကောင်းဘဲ ရွဲ့ စောင်းနေသည်။

အကောင်ငယ်များနှင့် အကောင်ကြီးများသည် အရွက်များမှ သစ်ရည်ကို စုပ်ယူသည်။

အရွက်များ ၀ါဖျော့ရောင် ဖြစ်သွားကြသည်။

အရွက်များ ကောက်ကွေးသွားကြသည်။

အရွက်များစတင်ညှိုးကျသွားသည်။

ဖျက်ပိုး၏ ၀ိသေသလက္ခဏာများ

ဖယောင်းပုံပန်းရှိကာ မီးခိုးရောင်ရှိသည်။

ပင်စည်ဖူးအလွှာအောက်တွင် အစုလိုက်တွေ့ရသည်။

ကာကွယ်နှိမ်းနင်းနည်း

ရေတစ်လီတာလျှင် ဒိုင်မီသိုအိတ် ၄၀ အီးစီ (Dimethoate 40 EC) (၂) မီလီလီတာ (သို့မဟုတ်) မာလာသီယွန် ၅၀ အီးစီ (Malathion 50 EC) (၂)မီလီလီတာနှုန်း ရောစပ်ပက်ဖျန်းပါ။

ရွက်စားခူကောင်

အင်္ဂလိပ်အမည် – Tulip Bulb Aphid

သိပ္ပံအမည် – Dysaphis tulipae (Boyer de Fonscolombe, 1841)

မျိုးရင်း – Aphididae

မျိုးစဉ် – Hemiptera

ဖျက်ဆီးပုံလက္ခဏာများ

လောက်ကောင်များသည် အရွက်များကို စားသောက်ဖျက်ဆီးသည်။

ဖျက်ပိုး၏ ၀ိသေသလက္ခဏာ

အနက်ရောင်ခူကောင်ဖြစ်ကာ ဖြူနီရောင်အစက်များပါရှိသည်။

အကောင်ကြီးများသည် အညိုရောင်ရှိပြီး အ၀ါရောင်နှင့် အနီရောင် အမှတ်အသားများပါသည်။

ကာကွယ်နှိမ်နင်းခြင်း

ခူကောင်များကို လက်ဖြင့် ကောက်ယူဖျက်ဆီးပါ။

နွေထယ်ရေးထိုးပါ။

တမာစေ့ခွံ ၅% ကို ပက်ဖျန်းပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post လီလီပန်းတွင် ကျ⁠ရောက်တတ်⁠သော မက်မွန်စိမ်းပျ၊ ကျူးလစ်ပင်စည်ဖူးပျပိုး၊ ရွက်စားခူ⁠ကောင် ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.

ပဲ⁠ဖြူက⁠လေး စိုက်ပျိုးနည်း

$
0
0

 

(က) သီးနှံအမည် –    ပဲဖြူကလေး
(ခ) ဒေသအခေါ်အဝေါ် –    ပဲဖြူကလေး၊ ပဲဖြူကလေးအပြား၊ ပဲဖြူကလေးအလုံး
(ဂ) အင်္ဂလိပ်အမည် –    RNAGOON WHITEBEAN, DUFFIN BEAN
(ဃ) ရုက္ခဗေဒအမည် –    PHASEOLUS LUNATUS LINN

 

ပဲ၏ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် အရောင်အဆင်း

ပဲဖြူကလေးမှာ ပဲပြားနှင့် မျိုးတူပြီး အခွံများဖြူသည်။ ထောပတ်ပဲထက် အလျားအနံသေးသည်။ အလုံးထုမှာမူ ထောပတ်ပဲထက်ကြီးပြီး အများအားဖြင့် ဘဲဥပုံလုံးဝန်းသော သဏ္ဍာန်ရှိသည်။ အလျားအနံထုမှာ ၁ဝ x ၈ x ၆ မီလီမီတာခန့်ရှိသည်။ ထောပတ်ပဲ၏ အလျားအနံထုမှာ ၁၅ x ၁၂ x ၄ မီလီမီတာခန့်ရှိသည်။ ပဲ၏အရောင်အဆင်းမှာ အဖြူရောင်ဖြစ်၍ နို့နှစ်ရောင် ဘက်သို့သန်းပါသည်။ ပဲအရွယ်အစားတွင် လုံးကြီး၊ လုံးလတ်၊ လုံးသေးဟူ၍ရှိရာ လုံးလတ်အုပ်စုတွင် ပါဝင်ပါသည်။

အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား

ပဲဖြူကလေး၏ပုံသဏ္ဍာန်မှာ ထောပတ်ပဲ၊ ပဲကျား စသည်တို့နှင့် ဆင်တူပြီးယင်းပဲများထက် အနည်းငယ်သေးပါသည်။ ပဲသီး၏အရောင်မှာ အစိမ်းရောင်ဖြစ်ပြီး ရင့်မှည့်လာသည့်အခါ အဝါခြောက်ရောင် အဖြစ်သို့ပြောင်းလဲလာသည်။ ပဲဖြူလေးတစ်တောင့်လျှင် အစေ့နှစ်စေ့မှ သုံးစေ့ပါသည်။

ရာသီဥတု

မိုးနည်းရေရှားရပ်ဝန်းတွင် စိုက်ပျိုးရန်အထူးသင့်တော်သည်။ ရွှံ့ စေးအနည်းငယ်ရောဝပ်ပါဝင်သည့် နုံးမြေနှင့် မြေပွများတွင် ကောင်းစွာ ဖြစ်ထွန်းမှုရှိသည်။ အထူးသဖြင့် ရေကို ထိန်းထားနိုင်သော နုန်းမြေပွများတွင် စိုက်ပျိုးပါက အထွက်နှုန်းကောင်းစေသည်။ သို့သော် ပွလွန်းသောမြေတွင် စိုက်ပျိုးပါက ပဲစေ့အနားသတ် တစ်ဝိုက်တွင် အ၀ါပေါက်တတ်သည့်အပြင် အခွံလည်းတွန့်၍ ရှုံ့ တွတွ ဖြစ်နေတတ်သည်။

စိုက်ပျိုးနည်း

ပြုပြင်ထားသော စိုက်ခင်းတွင် ကြဲပက်ပြီးနောက် ထွန်တုံးဖြင့် လိုက်၍ မှုန်းခြင်းဖြင့် လည်းကောင်း၊ ထွန်ကြောင်းများထဲတွင် စီ၍ချပြီးနောက် ထွန်မှုန်းခြင်းဖြင့် လည်းကောင်း စိုက်ပျိုးနိုင်သည်။

ထူထပ်စွာ ကြဲပက်စိုက်ပျိုးပါက ပို၍ ကောင်းပါသည်။ အတန်းလိုက် စိုက်ပျိုးရာတွင် တစ်တန်းနှင့်တစ်တန်း ( ၁ – ၂ ) ပေအထိထား၍ စိုက်ပျိုးရမည်။ အပင်ပေါက်လာတဲ့အခါမှာ တစ်လအတွင်း ပေါင်းသင်ခြင်း၊ မြေဆွခြင်းများ ပြုလုပ်ပေးပါ။ ထိုရက်ထက်ကျော်သွားပါက ပဲပင်များသန်စွမ်း လာပြီ ဖြစ်သဖြင့် ပေါင်းထိုး မြေဆွပေးရန်မလိုတော့ပါ။

ပဲပင်များနွယ်တက်ရန် သစ်သား (သို့မဟုတ်) ၀ါးစင်များထားရှိပေးရမည်။ သို့မဟုတ် ဖူးစားပြောင်းများရော၍ စိုက်ပျိုးနိုင်သည်။ ဖူးစားပြောင်းများမှာ ပဲဖြူကလေး နှင့် တစ်ချိန်တည်း ကြဲပက်စိုက်ပျိုးသော်လည်း ပဲထက်စော၍ ကြီးပြင်းသည့်အပြင် ပြောင်းဖူးကို အရင်စားရသည်။ တစ်ဧက မျိုးစေ့ ( ၈ – ၁၄) ပြည်အထိ လိုအပ်ပြီး ဖူးစားပြောင်း နှင့် ရောစိုက်ပါက မျိုးစေ့အားလျော့၍ စိုက်ပျိုးရမည်။

ရိတ်သိမ်းခြင်း

ပဲဖြူကလေးကို ၀ါခေါင်လ နှင့် နတ်တော်လအတွင်း စိုက်ပျိုးပြီး ( ၅ – ၆ ) လအကြာတွင် ရင့်မှည့်သည်။ ရင့်မှည့်သော်အခါ ပဲပင်များ မလှီးမခြောက်မီ ရိတ်သိမ်းရသည်။ ထို့နောက် အစည်းများပြုလုပ်လျက် တလင်း သို့သယ်ဆောင်ပြီး နေလှန်းရမည်။ ပဲသီးများအပ်ကွဲလာသည့် အခါမှပဲစေ့များကို ရိုက်ထုတ်ယူရမည်။

ဤပဲမျိုးမှာ မှည့်၍ မရိတ်သိမ်းဘဲ ထားသော်လည်း ပဲစေ့များကို တစ်ခါတစ်ရံမှသာ ပိုးများ ဖျက်ဆီးတတ်သည်။ သို့သော် စိုက်ခင်းထဲတွင် ကြွေကျတတ်သဖြင့် အလေအလွင့်များတတ်သည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ပဲ⁠ဖြူက⁠လေး စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

စံပယ်ပန်းတွင် ကျ⁠ရောက်⁠သော စာကိုစပိုးရား ရွက်⁠ပျောက်⁠ရောဂါ နှင့် ⁠အော်လ်တာ⁠နေရီးယားရွက်ေ⁠ခြာက်⁠ရောဂါ ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း

$
0
0

စာကိုစပိုးရား ရွက်ပျောက်ရောဂါ (Cercospora leaf spot, Cercospora jasminicola)

ရောဂါလက္ခဏာ

အရွက်များကို မျက်နှာပြင်တွင် ၂-၈ မီလီမီတာအချင်းရှိသော စက်ဝိုင်း သို့မဟုတ် ပုံသဏ္ဍာန် မမှန်သော နီညိုရောင် အစက်များ ပေါ်လာကြသည်။
နောက်တွင် အစက်များသည် အရွက်များ၏ ပိုမိုကြီးထွားသော ဧရိယာကို ဖုံးလွှမ်းကာ ပုံသဏ္ဍာန် မမှန် ဖြစ်လာသည်။

ကာကွယ်နှိမ်းနင်းခြင်း

ကာဘင်ဒါဇင် (Carbendazim) ၀.၁% ဖြင့် ပက်ဖျန်းပါ။

အော်လ်တာနေရီးယားရွက်ခြောက်ရောဂါ (Alternaria leaf blight – Alternaria jasmine,A.alternate)

ရောဂါလက္ခဏာ

အရွက်များပေါ်တွင် ညိုရင့်သော အကွက်များ ပေါ်လာကြသည်။

နောက်တွင် အစက်များသည် ပိုမိုကြီးမားသော ဧရိယာများ ဖြစ်လာကြကာ အရွက်များကို ခြောက်သွေ့သွားစေသည်။

ဗဟိုတူကွင်းများကို ၏ဒဏ်ရာအဖြစ် မြင်တွေ့နိုင်သည်။ ဤရောဂါသည် ပင်စည်၊ ရိုးတံ နှင့် ပန်းများကိုလည်း ကျရောက်သည်။

ကာကွယ်နှိမ်နင်းခြင်း

ကြွေကျသော အရွက်များကို ကောက်ယူဖယ်ရှားပါ။

မန်ကိုဇက်ဘ် (Mancozeb) ၀.၂၅% ဖြင့် ပက်ဖျန်းပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post စံပယ်ပန်းတွင် ကျ⁠ရောက်⁠သော စာကိုစပိုးရား ရွက်⁠ပျောက်⁠ရောဂါ နှင့် ⁠အော်လ်တာ⁠နေရီးယားရွက်ေ⁠ခြာက်⁠ရောဂါ ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.

စံပယ်ပန်းတွင် ကျ⁠ရောက်⁠သော ⁠မြစ်⁠ဆွေးေ⁠ခြာက်⁠ရောဂါ နှင့် စံပယ်ဖို⁠ရောဂါ ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း

$
0
0

မြစ်ဆွေးခြောက်ရောဂါ (Callar rot and Root rot – Sclerotium rolfsii)

ရောဂါလက္ခဏာများ

အပင်၏ အဆင့်တိုင်းတွင် ဤရောဂါကျရောက်သည်။ ပထမဦးစွာ ရွက်အိုများက ၀ါလာကြပြီး နောက်တွင် ရွက်ငယ်များက ၀ါလာကြကာ နောက်ဆုံးတွင် အပင်သေသွားသည်။

အမြစ်တွင် အနက်ရောင် အရောင်ပျင်ခြင်းကို မြင်တွေ့နိုင်သည်။

ရောဂါကျရောက်နေသော တီရှူးများနှင့် အပင်မျက်နှာပြင်တွင် ရောဂါမှိုမျှင် အဖြူရောင်အမျှင်များနှင့် မုန်ညင်းစေ့ နှင့် တူသော မှိုများကို တွေ့ရသည်။

ကာကွယ်နှိမ်နင်းနည်း

မြေဆွေးများကို ထရိုင်ခိုခါးမားဗာဗိုဒ် (Trichoderma virvides) နှင့် အတူ အများကြီး အသုံးပြုပါ။

စံပယ်ဖိုရောဂါ (Phyllody – Phytoplasma)

ရောဂါလက္ခဏာ

အရွက်များ သေးငယ်ပြီး ပုံသဏ္ဍာန်မမှန် ဖြစ်ကာ ချုံပုတ်ပုံစံဖြစ်သွားသည်။

ပန်းများနေရာတွင် အစိမ်းအရွက်နှင့် တူသော ပုံသဏ္ဍာန်မမှန်သည့် ပန်းများ ဖြစ်ပေါ်လာကြသည်။

ကာကွယ်နှမ်နင်းနည်း

ကျန်းမာသန်စွမ်းသော အပင်များမှာ ပျိုးကိုင်းဖြတ်များကို ရွေးချယ်ပါ။

ရောဂါသယ်ဆောင်ဖြန့်ဖြူးသော အင်းဆက်များကို ကာကွယ်နှိမ်နင်းရန် အင်းဆက်သတ်ဆေး တစ်မျိုးမျိုးကို ပက်ဖျန်းပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post စံပယ်ပန်းတွင် ကျ⁠ရောက်⁠သော ⁠မြစ်⁠ဆွေးေ⁠ခြာက်⁠ရောဂါ နှင့် စံပယ်ဖို⁠ရောဂါ ကျ⁠ရောက်ပုံ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.

စပါးတွင် ကြွက်များကျရောက်ပုံ နှင့် ကာကွယ်နှိမ်နင်းနည်းများ

$
0
0

ကြွက်များ

ကျရောက်သည့်အချိန်

စပါးစစိုက်ချိန်မှ ရိတ်သိမ်းချိန်ထိ

ဖျက်ဆီးမှုလက္ခဏာ

ကြွက်များသည် စိုက်ခင်းများတွင်လည်းကောင်း၊ သိုလှောင်ရာတွင်လည်းကောင်း၊ သီးနှံများကို ပျက်ဆီးဆုံးရှုံးစေပါသည်။ စပါးခင်းထဲ၌ ကြွက်ဖျက်ဆီး ခံထားရသည့်နေရာသည် ပတ်ဝန်းကျင်ထက်အကွက်လိုက် နိမ့်နေသည်ကို တွေ့ရတတ်သည်။ စပါးခင်းအပင် ငယ်စဉ်ကာလ၌ ကြွက်ဖျက်ဆီးပါက စပါးပင်တို့မှ ပင်ပွားများထပ်မံထွက်နိုင်သဖြင့် စပါးအထွက်နှုန်းရရှိနိုင်သော်လည်း ဖုံးချိန်နောက်ပိုင်းတွင် ဖျက်ဆီးခံရပါက စပါးနှံများရနိုင်တော့မည် မဟုတ်ပေ။

ကြွက်များသည် စပါးပင်အား အချိန်မရွေး စားသောက်ဖျက်ဆီးတတ်သည်။ တိုက်ရိုက် မျိုးစေ့ချစပါးစိုက်ခင်းများတွင် စစိုက်နှင့် အနှံထွက်ချိန်တွင် ဆိုးရွားစွာ ဖျက်ဆီးတတ်သည်။ပြောင်းရွှေ့ စိုက်သည် စပါးခင်းများတွင် ဖုံးချိန်နှင့် အနှံထွက်ချိန်တွင် ဆိုးရွားစွာ ဖျက်ဆီးသည်။ မြေကြွက်အဓိကကျရောက်သော စပါးခင်းများတွင် ဖုံးချိန်နှင့် အနှံထွက်ချိန်တွင် ဆိုးရွားစွာ ဖျက်ဆီးသည်။ မြေကြွက် အဓိကကျရောက်သော စပါးပင်များတွင် ရိတ်သိမ်းချိန်တွင် ဆိုးရွားစွာ ဖျက်ဆီးရုံသာမက ၄င်းတို့၏တွင်းထဲများတွင်ပါ သိုလှောင်လေ့ရှိသဖြင့် လေလွင့်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းခြင်း

စိုက်ချိန်တစ်ညီတည်း စိုက်ပျိုးခြင်း

ကန်သင်းဘောင်နှင့် ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း။

လယ်ကသင်းများ လိုအပ်သည်ထက် ပိုမကြီး၊ ပိုမမြင့်စေခြင်း။

ကြွက်ကျင်းများ တူးဖော်၍ ဖမ်းဆီးခြင်း

ကြွက်ကျင်းများထဲသို့ မီးခိုးမှိုင်းတိုက်ခြင်း၊ ရေလောင်းထည့်ခြင်း

ကြွက်များအား လူအင်အားဖြင့် ခြောက်လှန့်ဖမ်းဆီးခြင်း

ထောင်ချောက်အမျိုးမျိုး အသုံးပြုခြင်း

ကြွက်များအား အသံဖြင့် ခြောက်လှန့်ခြင်း။

ကြွက်ကာကွယ်ပစ္စည်းများ အသုံးပြုခြင်း (Barrier)

ကြွက်များ၏ သဘာဝရန်သူများ မွေးမြူခြင်း။ ဥပမာ – ခွေး၊ လင်ကောင်ပိုး)

ကြွက်သတ်ဆေးဖြင့် နှိမ်နင်းခြင်း

ကာကွယ်နှိမ်နင်းရန်အချိန်များ

စစိုက်ချိန်၊ ပင်ပွားအများဆုံးထွက်ချိန်၊ အနှံထွက်ချိန်

သတိပြုရန်အချက်

တစ်ဦးကောင်း တစ်ယောက်ကောင်း မဆောင်ရွက်ဘဲ နီးစပ်ရာတောင်သူအများ စုပေါင်း၍ မှန်ကန်သောအချိန်တွင် ကာကွယ်နှိမ်နင်းမှ ထိရောက်သော အကျိုးသက်ရောက်မှု ရရှိပေမည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post စပါးတွင် ကြွက်များကျရောက်ပုံ နှင့် ကာကွယ်နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.

လယ်စပါးသီး⁠နှံတွင် အဓိက⁠ပေါက်⁠ရောက်⁠သော ⁠မြက်မျိုးရင်းဝင်⁠ပေါင်းပင်များ

$
0
0

မြက်မျိုးရင်းဝင်ပေါင်း

မြက်သီး (မြက်ချို၊ ခွေးမြီးပုတ်)

တစ်နှစ်ခံမြက်ဖြစ်သည်။ စွတ်စိုသောမြေကို ကြိုက်နှစ်သက်သည်။ မျိုးစေ့အားဖြင့် မျိုးပွားသည်။ မျိုးစေ့များသည် (၃-၄)လအထိ အစေ့ငုတ် နေနိုင်သည်။ အစေ့များသည် ရေအောက်၌ရှိသော်လည်း အပင်ပေါက်နိုင်သည်။ မျိုးစေ့ အမြောက်အများ ထုတ်နိုင်သည်။ အပင်တစ်ပင်မှ အစေ့ (၄၀၀၀၀) အထိ ထုတ်နိုင်သည်။ အပင်ငယ်စဉ်၌ စပါးပင်နှင့် အလွန်တူသောကြောင့် လက်ပေါင်းလိုက်ရာ၌ ကျန်ရစ်ခဲ့တတ်သည်။ ယှဉ်ပြိုင်နိုင်စွမ်းအား အလွန်ကောင်း သဖြင့် စပါးအထွက် ၁၀၀ % အထိ လျော့နဲနိုင်သည်။

စပါးပင်ပုဗိုင်းရပ်စ်ရောဂါ (Rice dwarf virus disease) နှင့် စပါးရွက်စင်းဗိုင်းရပ်စ်ရောဂါ (Rice stripe virus disease) Tungro virus၊ စပါးရွက် စင်းဗိုင်းရပ်စ်ရောဂါ (Rice stripe virus disease)၊ Tungro viru၊ စပါးဂုတ်ကျိုးရောဂါ (Rice blast) စသည့် ရောဂါဖြစ်စေနိုင်သော သက်ရှိများကို လက်ခဲလွှဲပင်အဖြစ် ဆောင်ရွက်နိုင်သည်။ 2-4,D ကဲ့သို့ Phenoxy Herbicide များကို ဆက်တိုက်သုံးစွဲခြင်းဖြင့် ၄င်းကဲ့သို့ မြက်များပို ၍ ပေါက် ရောက်စေနိုင်သည်။

ဒေါင်းမြီးပျံ

တစ်နှစ်ခံ (သို့) နှစ်ရှည်ခံမြက် ဖြစ်သည်။ အစေ့အားဖြင့် မျိုးပွားသည်။ အပင်ဆစ်ပိုင်းဖြတ်နှင့် အမြစ်ဆုံတို့မှလည်း မျိုးပွားနိုင်သည်။ ရွံ့ နွံ၌ ကောင်းစွာ ရှင်သန်နိုင်သော်လည်း ရေအဆက်မပြတ် လွှမ်းနေလျှင် မရှင်သန်နိုင်၊ ထို့ကြောင့် တိုက်ရိုက်အစေ့ချစပါးခင်းများ ၌ ပို၍ ပေါက်ရောက်သည်။ ယာသီးနှံများ၌လည်း ပေါက်နိုင်သည်။

ဆိုးရွားသောပေါင်းဖြစ်ပြီး စပါးပင်နှင့် အလင်းရောင် အာဟာရအတွက် ယှဉ်ပြိုင်ပြီး စပါးအထွက် ၄၀% ကျော်အထိ လျော့နဲနိုင်သည်။ စပါး အ၀ါရောင်ပင်ပုရောဂါ (Rice yellow dwarf virus) ဖြစ်စေသည် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterial leaf blight) ဖြစ်သည့်မှိုများနှင့် ရွက်လိပ်အိမ်ပိုး (case worm) တို့ကို လက်ခံပွားများစေသည်။

ကချေသည်မြက်

တစ်နှစ်ခံမြက်၊ မျိုးစေ့အားဖြင့်မျိုးပွားပြီး ၄င်းအစေ့များသည် အစေ့ငုပ်နေနိုင်စွမ်းရှိသည်။ စိုစွတ်သောမြေကို ကြိုက်နှစ်သက်သည်။ အစေ့များသည် အလွယ်အကူ ကြွေကျနိုင်စွမ်းရှိသည်။ မျိုးဆက် မပြတ်တော့ပါ။ အပင်ပိုင်း ကြီးထွားကာလ၌ စပါးပင်နှင့် အလွန်တူသောကြောင့် လက်ပေါင်း လိုက်ရာ၌ခက်ခဲသည်။

အလွန်ယှဉ်ပြိုင်နိုင်စွမ်းအားကောင်း၍ (၁)မီတာပတ်လည်၌ အပင် (၈၀) ရှိပါက စပါးအထွက်ကို (၈၂)% အထိ လျော့နည်းနိုင်သည်။ ရွက်လိပ်အိမ်ပိုးအတွက် လက်ခံလွှဲပင် အဖြစ် ဆောင်ရွက်သည်။

သမန်းမြက်

နှစ်ရှည် ၊ ရေကြိုက်ပေါင်းဖြစ်သည်။ မျိုးစေ့၊ ရိုင်ဇုမ်း၊ စတို လွန်တို့ဖြင့် မျိုးပွားနိုင်သည်။ ရေအမြဲဖုံးလွှမ်းနေသော နေရာများတွင် ရှင်သန်နိုင်သည်။ စပါးအထွက် (၆၀) အထိလျော့နဲနိုင်သည်။

စပါးအ၀ါရောင် ပင်ပုဗိုင်းရပ် (Rice yellow dwarf virus) ၊ Brown Spot (Cochliobolus miyabeanus) စပါးဖြုတ်ညို၊ ရွက်လိပ်အိမ်ပိုးတို့၏ လက်ခံလွှဲပင်ဖြစ်သည်။

The post လယ်စပါးသီး⁠နှံတွင် အဓိက⁠ပေါက်⁠ရောက်⁠သော ⁠မြက်မျိုးရင်းဝင်⁠ပေါင်းပင်များ appeared first on Myanmar Farmers' Portal.

လယ်စပါးသီး⁠နှံတွင် အဓိက⁠ပေါက်⁠ရောက်⁠သော ရွက်⁠ပြန့်⁠ပေါင်းပင်များ

$
0
0

ရွက်ပြန့်ပေါင်း

ကတောက်ဆက်

နှစ်ရှည်ရေကြိုက်ပေါင်းဖြစ်သည်။ စပါးခင်း၌ တစ်နှစ်ခံပင် အဖြစ် ပေါက်ရောက်သည်။ အစေ့အားဖြင့် မျိုးပွားသည်။ နိုက်ထရိုဂျင် မြေသြဇာများသောမြေ၌ ပို၍ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းသည်။ စပါးအထွက် (၈၅)% အထိ လျော့နည်းနိုင်သည်။ စပါးဖြုတ်ညို (Brown Planthopper) ၏ လက်ခံလွှဲပင် ဖြစ်သည်။

လယ်လေးညင်း

တစ်နှစ်ခံပေါင်း၊ မျိုးစေ့အားဖြင့် မျိုးပွားသည်။ စွတ်စိုသောမြေနှင့် ရေလွှမ်းနေသည့် မြေတို့၌ အချို့ မျိုးစေ့များသည် ချက်ချင်းပြန်ပေါက်နိုင်သည်။ ယှဉ်ပြိုင် နိုင် စွမ်းအားကောင်းသည့် ပေါင်းဖြစ်ပြီး စပါးအထွက် (၅၀ – ၈၀)% ထိ လျော့နည်းနိုင်သည်။

လက်ပဒူ

တစ်နှစ်ခံပေါင်း၊ မျိုးစေ့အားဖြင့် မျိုးပွားသည်။ စွတ်စိုသော မြေတွင် ပေါက်ရောက်ပြီး ရေရရှိသောနေရာများကို ပို၍နှစ်သက်သည်။ တစ်နှစ်ပတ် လုံးပေါက် ရောက်ပြီး ရေရှိသောနေရာများကို ပို၍နှစ်သက်သည်။ တစ်နှစ်ပတ်လုံး ပေါက်ရောက်ပြီး ပန်းပွင့်နိုင်သည်။ စပါးအထွက် (၄၅)% လျော့ နည်းနိုင်သည်။

မှိုနတို

ရေနေပေါင်းဖြစ်ပြီး ရိုင်ဇုမ်းနှင့် စပိုးများမှ မျိုးပွားသည်။ ရေသွင်းမြောင်းနှင့် လယ်စပါးခင်းများတွင် အမြဲရှင်သန်နိုင်ပြီး စပါးအထွက် ၇၀%ထိ လျော့ နည်းနိုင်သည်။

ဗေဒါ

နှစ်ရှည်ရေကြိုက်ပေါင်းဖြစ်သည်။ မျိုးစေ့နှင့် သားတက်မှ မျိုးပွားသည်။ မြစ်ချောင်း၊ အင်းအိုင်များမှာ ရှင်သန်ပေါက်ရောက်သည်။ ရေစီးကြောင်းနှင့် လေပြင်း တိုက်ခတ်မှုကြောင့် ရေနက်စပါးခင်းသို့ ရောက်ရှိ ပွာများသည်။ လျင်မြန်စွာ ပွားများနိုင်ပြီး စပါးပင်အားအရိပ်မိုး၍ ရေနက်စပါးခင်းအား လုံးဝပျက်ဆီးနိုင် ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post လယ်စပါးသီး⁠နှံတွင် အဓိက⁠ပေါက်⁠ရောက်⁠သော ရွက်⁠ပြန့်⁠ပေါင်းပင်များ appeared first on Myanmar Farmers' Portal.


စပါးသီး⁠နှံတွင် အဓိက⁠ပေါက်⁠ရောက်တဲ့ ⁠ပေါင်းပင်များကာကွယ်⁠နှိမ်နင်းနည်း

$
0
0

ပေါင်းစေ့များသည် မျိုးအဖြစ် အသုံးပြုမည့်စပါးမျိုးစေ့များနှင့် ရောဂါလာပါက မစိုက်မီ စကာချခြင်း၊ ရေစိမ်ခြင်း၊ ဆားရေစိမ်ခြင်းတို့ ပြုလုပ်ဖယ် ရှားခြင်း ဖြင့် ပေါင်းစေ့များ စိုက်ခင်းသို့ ပါမသွားနိုင်စေရန် ပြုလုပ်နိုင်သည်။

တိုက်ရိုက်အစေ့ချ စိုက်စပါးခင်းများ၌ ဆိုးရွားလာသော မြက်သီးပြဿနာကို ဤနည်းဖြင့် ကာကွယ်နိုင် သည်။ မြက်သီးအစေ့များသည် မျိုးစပါးများနှင့် ရောနှောပါလာသဖြင့် ဒေသအသစ်များ၌ မြက်သီး ပြဿနာပြန့်နှံ့လာသည်။

မြက်သီးအနှံများသည် စပါးပင်ထက် ပိုမြင့်သဖြင့် ထင်ရှားပေါ်လွင်နေတတ်သည်။ စိုက်ရလွယ်ကူသည့် အခြေအနေရှိလျှင် စပါးမရိတ်မီ မြက်သီးအနှံများကို ကြိုရိတ်ပေးခြင်းဖြင့် မြေပေါ်သို့ ပေါင်းစေ့များ မကျရောက်နိုင်ခြင်း၊ စပါးစေ့များနှင့် ရောနှောပါသွားခြင်း မရှိနိုင်တော့ပေ။

မြေပြုပြင်ရာ၌ မြက်ခေါင်းများ၊ ရိုင်ဇုမ်းများ၊ ကျူဘာများကို ပြောင်စင်အောင် ကောက်ပေးခြင်းဖြင့် ၀က်လာကဲသို့ နှစ်ရှည်ပေါင်းများ ပေါက်ရောက် မှု လျော့နဲစေသည်။ ပေါင်းနှိမ်နင်းသည့် အချိန် မှန်ကန်ရန်လည်း လိုအပ်သည်။

ပေါင်းနှင့် သီးနှံ ယှဉ်ပြိုင်သည့် အရေးကြီးကာလအတွင်း ပေါင်းရှင်းမှသာ ပေါင်းကြောင့် ဆုံးရှုံးမှု အနည်းဆုံး ဖြစ်မည်။

ပျိုးထောင် ကောက်စိုက်စနစ်၌ ကောက်စိုက်ပြီး ရက် (၃၀) မှ ရက် (၄၀) အတွင်း တိုက်ရိုက် အစေ့ချလယ်စပါး၌ စပါးစိုက်ပြီးရက် (၂၀) မှ ရက် (၄၀) အတွင်း ပေါင်းနှိမ်နင်းရန် လိုအပ်သည်။

ထိုအချိန်၌ ပေါင်းပင်များသည် အလွန်သေးငယ်သဖြင့် လက်ပေါင်းလိုက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လက်တွန်းကြား ပေါင်း လိုက်ကိရိယာနှင့် ပေါင်း ရှင်းခြင်း၊ ပေါင်းသတ်ခြင်း သုံးစွဲခြင်းတို့ဖြင့် နှိမ်နင်းနိုင်သည်။

ယေဘုယျအားဖြင့် ပေါင်းနှိမ်နင်းရမည့် ကာလသည် သီးနှံသက်တမ်း၏အစောပိုင်း ၁/၃ ကာလ ဖြစ်သည်။

ပေါင်းသတ်ဆေးသုံးစွဲမည်ဆိုပါက သီးနှံနှင့် ပေါက်ရောက်သည့် ပေါင်းအမျိုးအစားလိုက်၍ ပေါင်းသတ်ဆေး ရွေးချယ်မှုမှန်ကန်ရမည်။ ပေါင်းသတ်ဆေးနှုန်းထား၊ ပတ်ဖျန်းချိန်၊ ပက်ဖျန်းသည့် ပတ်ဝန်းကျင် အခြေအနေ မှန်ကန်ရမည်။

မြက်မှန်ညင်း၊ ရွက်ပြန့်ပေါင်းများ နှိမ်နင်းရန် အီသောက်စီစတဖြူရွန်၊ တူးဖိုးဒီ၊ အင်စီပီအေ-သိုင်အို အီသိုင်းစသည့် ပေါင်းသတ်ဆေးများ သုံးစွဲနိုင်သည်။
မြက်ကို နှိမ်နင်းလိုပါက ဖန်နောက်ဆာပရော့ပီအီသိုင်းကို သုံးစွဲနိုင်ပြီး မြက်၊ မြက်မုံညင်း၊ ရွက်ပြန့်ပေါင်း များကို ပရိုပနေး၊ သိုင်အိုဘန်ကပ်၊ ပရီတော် လာကလောအောက်ဆာဒိုင်ရာဇင်၊ ဘစ်ပိုင်ရီ၊ ဘတ်ဆိုဒီယမ် စသည့် ပေါင်းသတ်ဆေးများ အသုံးပြု၍ နှိမ်နင်းနိုင်သည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post စပါးသီး⁠နှံတွင် အဓိက⁠ပေါက်⁠ရောက်တဲ့ ⁠ပေါင်းပင်များကာကွယ်⁠နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.

ပဲပင်တွင် ကျ⁠ရောက်⁠သော ဖျက်ပိုးများအား ⁠နှိမ်နင်းကာကွယ်ရန် ပိုးသတ်⁠ဆေးများ

ပဲမြစ် စိုက်ပျိုးနည်း

$
0
0

မြေအမျိုးအစား

များသောအားဖြင့် ရေသွင်း၍ စိုက်ပျိုးကြသည်။ မြေကျင်းများ၌ပင် ဖြစ်မြောက်အောင် စိုက်ပျိုးနိုင်သော ပဲမျိုး ဖြစ်သည်။

မြေပြုပြင်ခြင်း

စိုက်ရန်ရွေးချယ်ထားသော စိုက်ခင်းတွင် နွားချေးများ တတ်နိုင်သလောက်ချပေးထားရမည်။ ကဆုန်၊ နယုန်လများတွင် ထယ်ထိုးပေးရသည်။

ထယ်ထိုးခြင်းကို ၀ါဆိုလကုန်ထိတိုင်အောင် ထက်ကာ ထက်ကာ အကြာခဏ ပြုလုပ်ရသည်။ ထို့နောက် အကျယ် ၂ ပေ၊ အမြင့် (၆ – ၈) လက်မထိ ရှိသော ဘောင်များပြုလုပ်ပြီး ဘောင်တန်းကြားများ၌ ရေသွင်းရန် ၁ ပေခန့် ကျယ်သည့် မြောင်းတိမ်ကလေးများကို ထယ်များ၊ ထွန်များ အသုံးပြု ၍ ပြုလုပ်ပေးထားရမည်။

စိုက်ပျိုးခြင်း

ပြုလုပ်ထားသော စိုက်ဘောင်များပေါ်တွင် မျိုးစေ့များကို ၂ လက်မခန့်မြှုပ်၍ ၄လက်မကွာသော ထွန်ကြောင်းများတွင် (၆ – ၈) လက်မအထိ ခြား၍ စိုက်ပျိုးရမည်။ စိုက်ပျိုးပြီးပါက မြောင်းတိမ်ကလေးများမှ မြေကြီး စွတ်ရုံမျှသာ ရေသွင်းပေးရမည်။ သတိပြု၇မည်မှာ ဘောင်များ မြှုပ်အောင်ရေမသွင်းသင့်ပါ။

မိုရေရှိးသည့် အပေါ်မူတည်၍ လိုအပ်သလောက်သာ မကြာခဏ ရေသွင်းပေးရမည်။ ရေများလွန်းပါက အထွက်ပါးတတ်သဖြင့် မြေ မျက်နှာပြင်ပေါ် တွင် ရေမတင်စေရန် အထူးဂရုစိုက်ရမည်။

တူးဖော်ခြင်း

ပဲမြစ်များကို ပဲသီးများ မမှည့်မီ တူးဖော်ရမည်။ တစ်ဧကလျှင် ပိဿာချိန် (၁,၀၀၀ – ၂,၀၀၀) အထိ ထွက်လေ့ရှိသည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ပဲမြစ် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

ရွက်လှတွင် ကျ⁠ရောက်⁠သော အင်းဆက်ဖျက်ပိုးများအား ကာကွယ်⁠နှမ်နင်းနည်း

$
0
0

ပိုးဆေးနှဲ

အင်္ဂလိပ်အမည် – Mealy Bug

သိပ္ပံအမည် – Planococcus lilacinus

မျိုးရင်း – Pseudococcidae

မျိုးစဉ် – Hemiptera

ဖျက်ဆီးပုံလက္ခဏာများ

အရွက်များ၏ အောက်ဖက်မျက်နှာပြင်၊ ရွက်ရိုးများ၏ အောက်ခြေနှင့် နူးညံ့သော ရွက်ဖူးများ၏ အဆစ်များကို တိုက်ခိုက်ဖျက်ဆီးသည်။

တိုက်ရိုက်ဖျက်ဆီးခံရသော အပင်များ ညှိုးနွမ်းသွားသည်။

ဖျက်ပိုး၏ ၀ိသေသလက္ခဏာ

ခန္ဓာကိုယ်ကို အစာနှင့် တူသော အဖြူရောင် ဖယောင်းဖြင့် ဖုံးလွှမ်းထားသည်။

အင်းဆက်များသည် ခန္ဓာကိုယ်သေးငယ်ပြီး နူးညံ့သည်။

အမသည် ထောင်ပံမပါဘဲ အဖြူရောင်အပ်ချည်မျှင်များဖြင့် ဖုံးထားသော ဘဲဥပုံ ခန္ဓာကိုယ်ရှိသည်။

ကာကွယ်နှိမ်နင်းခြင်း

လုံလောက်သည့် အရိပ်ရအောင် ထိန်းသိမ်းပါ။

ပုရွက်ဆိတ်နီများနှင့် ညထွက် ပုရွက်ဆိတ်များ၏ အသိုက်ကို ဖျက်ဆီးပါ။

ဖျက်ဆီးခံထားရသော အကွက်များကို ရေတစ်လီတာလျှင် ဖီနိုက်ထရိုသီယွန် ၅၀ အီးစီ (Fenitrothion 50 EC) (၁) မီလီလီတာနှုန်း ပက်ဖျန်းပါ။

လိပ်ခုံးကျိုင်းများကို ထိန်းသိမ်းပါ။

အညိုရောင် အကြေးပိုး

အင်္ဂလိပ်အမည် – Brown Scale

သိပ္ပံအမည် – Saissetia coffeae Walker

မျိုးရင်း – Coccidae

မျိုးစဉ် – Homoptera

ဖျက်ဆီးပုံလက္ခဏာများ

ရွက်လယ်ကြောတစ်လျှောက် အရွက်များ၏ အောက်ဖက်မျက်နှာပြင်မှ စားသောက်သည်။

ဖျက်ဆီးခံရသာ အပင်များ သန်စွမ်းမှုဆုံးရှုံးပြီး အရွက်များ ခြောက်သွေ့သွားကြသည်။

ဖျက်ပိုး၏ ၀ိသေသလက္ခဏာ

အကောင်ငယ် – အ၀ါရောင်၊ စိမ်းညိုရောင် (သို့မဟုတ်) ပန်းရင့်ရောင်ရှိကာ ခန္ဓာကိုယ် ပြားချပ်ပြီး ဘဲဥပုံရှိသည်။

(တစ်ဝက်တစ်ပြတ် ကြီးထွားလာသော အကြေးပိုးများတွင် ) X ပုံသဏ္ဍန် အ၀ါရောင် အမှတ်အသားပါသည်။

အရွယ်ရောက်ကောင် – အမသည် စက်ဝိုင်းပုံရှိကာ ခန္ဓာကိုယ်တွင် အညိုရောင် မာကျောသော ဒိုင်းဖြင့် ဖုံးလွှမ်းထားသည်။

ကာကွယ်နှိမ်နင်းနည်း

ပိုးစေးနှဲ့ကဲ့သို့ပင် ပုရွက်ဆိတ်များကို ကာကွယ်နှိမ်နင်းပါ။

အကြေးပိုးများအခြေချနေထိုင်နိုင်သော ပေါင်းများကို ဖယ်ရှားပါ။

ရေတစ်လီတာလျှင် ဖီနိုက်ထရိုသီယွန် ၅၀ အီးစီ (Fenitrothion 50 EC) ၁ မီလီလီတာနှုန်း ရောစပ်ပက်ဖျန်းပါ။

ရွက်လှခူစားပိုး

အင်္ဂလိပ်အမည် – Croton Caterpillar

သိပ္ပံအမည် – Achaea janata (Linnaeus,1758)

မျိုးရင်း – Noctuidae

မျိုးစဉ် – Lepidoptera

ဖျက်ဆီးပုံလက္ခဏာ

ခူကောင်များသည် အရွက်များကို စားသောက်ဖျက်ဆီးသည်။

အရွက်များကို အပြောင်စားကာ ရွက်ကြောများနှင့် ရွက်ရိုးများသာ ကျန်တော့သည်။

ကာကွယ်နှိမ်နင်းနည်း

လက်ဖြင့် ကောက်ယူဖျက်ဆီးပါ။

ခုံရှည်အမြင့်တွင် ပျိုးပင်များကို စိုက်ပျိုးပါ။

ပျိုးခင်းတွင် ပင်ကြားတန်းကြားကို စပ်စပ်စိုက်ပါ။

ရေတစ်လီတာလျှင် မာလာသီယွန် ၅၀ အီးစီ (Malathion 50 EC) ၂ မီလီလီတာနှုန်း ရောစပ်ပက်ဖျန်းပါ။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post ရွက်လှတွင် ကျ⁠ရောက်⁠သော အင်းဆက်ဖျက်ပိုးများအား ကာကွယ်⁠နှမ်နင်းနည်း appeared first on Myanmar Farmers' Portal.

သ⁠င်္ဘောမဲဇလီ စိုက်ပျိုးနည်း

$
0
0

မြန်မာအမည် – သင်္ဘောမဲဇလီ

အင်္ဂလိပ်အမည် – RINGWORM SHRUS

ရုက္ခဗေဒအမည် – CASSIA ALATA LINN

မျိုးရင်း – CAESALPINIACEAE

ပုံသဏ္ဍာန်

ပင်လတ်မျိုး ဖြစ်၍ အမြင့် (၁၀) ပေ ခန့်ထိရှိသည်။ အကိုင်း အသင့်အတင့် ရှိသည်။ အရွက်မှ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲ ထွက်သည်။

ရွက်ညှာအလယ်တွင် မြောင်းပါသည်။ ရွက်မြွာများ မျက်နှာချင်း ဆိုင်ထွက်သည်။ အရွက်အောက်ဘက်ရှိ ရွက်မြွာများမှာ သေး၍ ရှည်မျောမျောပုံရှိပြီး ထိပ်ဘက်ရှိ ရွက်မြွာများ ထိပ်ပိုင်းကျယ်၍ အရင်းသို့ ရှူးသွား၏။ ရွက်ကြောထင်ရှား၏။ အပွင့်မှာ အခိုင်လိုက်ပွင့်ပြီး လိမ္မော်ဝါရောင်ရှိသည်။ ပွင့်ဖတ်ရှိအကြောများ ထင်ရှားသည်။ အသီးမှာ အပ်ကွဲသီး ဖြစ်သည်။ သီးတောင့် ဖြစ်ပြီး ပြောင်ချောသည်။ အစေ့များစွာ ပါသည်။

စိုက်ပျိုးသည့် ဒေသ

မြန်မာနိုင်ငံ အနှံ့အပြား။

ရာသီဥတု

မိုးအနည်းငယ်မှ မိုးများစွာ ရွာသော အရပ်များအပါအ၀င် သမပိုင်းနှင့် အပူပိုင်းအရပ်များရှိ မြေအမျိုးမျိုးတွင် ပြုပြင်စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။

မြေပြုပြင်နည်း

(၂’) အနက်၊ (၂’) ပတ်လည်အကျယ်ကျင်းတူး၍ မြေ၊ မြေဆွေး နှင့် သဲ ဆတူ ရောထားသော မြေထည့်၍ ရေလောင်းပေးထားရသည်။

ပျိုးထောင်နည်း

အစေ့ကို ပျိုးသေတ္တာဖြင့် ပျိုးထောင်ပြီး အပင် (၁) လက်မမှ (၁ ၁/၂) လက်မခန့် မြင့်လာသောအခါ ၀ါးဆစ်တူး၊ သို့မဟုတ် ပလတ်စတစ်အိတ်အတွင်း အပင်စီပြောင်းရွှေ့  စိုက်ပျိုးရသည်။

စိုက်ပျိုးနည်း

ရေလောင်း၍ ပြုပြင်ထားသော စိုက်ကျင်းအတွင်း တနှစ်သားခန့်ရှိသော ပျိုးပင်ကို ရွှေ့ စိုက်ပြီး ရေလောင်းပေးရသည်။ အပင် အမြစ် မြေစွဲသည်အထိ အရိပ် ပြုလုပ်ပေးသင့်သည်။

မြေသြဇာကျွေးနည်း

သဘာဝမြေသြဇာ အသင့်အတင့် သုံးစွဲစိုက်ပျိုးခြင်းဖြင့် အပင်ဖြစ် ပိုမို လျှင်မြန် သန်မာစေသည်။

မျိုးပွားနည်း

အစေ့မှ မျိုးပွားရသည်။

တစ်ဧကအပင်နှုန်း

တစ်ဧကလျှင် အပင် (၁၀၀) ခန့် စိုက်ပျိုးနိုင်သည်။

ရေသွင်းနည်း

မိုးရေချိန် လက်မ (၄၀) ထိ ရွာသွန်းပါက ရေပေးသွင်းရန် မလိုပါ။

အပင်ပြုစုနည်း

စိုက်ကျင်းအတွင်း ရွှေ့ စိုက်ပြီး တနှစ်အတွင်း ပေါင်းသင် မြေဆွ ပြုလုပ်ပေးသင့်သည်။

ကျရောက်တတ်သော ပိုးမွှားနှင့် ကာကွယ်နည်း

ပျက်စီးလောက်အောင် ဖျက်ဆီးသော ရောဂါ ကျရောက်မှု နည်းပါးပါသည်။

ဆွတ်ခူးခြင်း

အရွက်၊ အပွင့်တို့ကို ရာသီ အလိုက်ခူးယူ သုံးစွဲနိုင်သည်။

မျိုးခံယူနည်း

အသီးမှ အစေ့ကို မျိုးအဖြစ် သုံးစွဲနိုင်သည်။ အသီးခြောက်ကို ခူးယူပြီး အစေ့ထုတ်ယူ၍ မျိုးအဖြစ် စုဆောင်း အသုံးပြုသည်။

အသုံးပြုနည်း

အရွက် – အရွက်အမှုန့်ကို ပျားရည်နှင့် လျှက်သော် သွေးသားစင်ကြယ်၍ အသားအရေ စဖြိုးပြီး အင်အား တိုးပွားစေသည်။

အရွက်ဖြင့် ပွေး၊ ၀ဲ၊ နှင်းခူ စသော အရေပြားရောဂါများကို နေ့စဉ် (၂) ကြိမ်မျှ မှန်မှန် ရက်အတန်ကြာ ပွတ်ပေးသော် ပျောက်သည်။

အရွက်ကို ကြိတ်၍ အဆိပ်ရှိသော သတ္တ၀ါများကိုက်သောနေရာသို့ အုံးပေးသော် အဆိပ်ပြေသည်။

အရွက်ကို ကြိတ်၍ အဆိပ်ရှိသော သတ္တ၀ါများ ကိုက်သော နေရာသို့ အုံးပေးသော် အဆိပ်ပြေသည်။

အရွက်ကိုကျကျပြုတ်၍ ခပ်နွေးနွေး ငုံပေးသော် ခံတွင်း၌ အနာများပေါက်ခြင်း ယောင်ရမ်းခြင်းများ ပျောက်သည်။

သဘောင်္မယ်ဇလီရွက်နှင့် မုယာကြီးရွက် ရော၍ မြုံ့ ခြင်း၊ အရည်ကို မျိုပေးခြင်းဖြင့် ချောင်းခြောက်ရောဂါ ပျောက်သည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post သ⁠င်္ဘောမဲဇလီ စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.

Viewing all 691 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>